အခန်း ၃၉၅
Vol. 40 Ch. 395
အခန်း (၃၉၅)
ရှန်ပင်းမြို့။
တုန်ဟူဘုရင်က သူ၏ ရှေ့မှ မြို့ကို နီရဲနေသော မျက်လုံးများနှင့် ကြည့်နေသည်။ သူ၏ နောက်မှ စစ်သည်များကလည်း ကြောက်ရွံ့မှုထက် မုန်းတီးမှုက ပိုများနေသည်။
" တုန်ဟူလူမျိုးတို့ ချင်လူမျိုးတွေက ကောက်ကျစ်ပြီး ရက်စက်ကြတာ်။ သူက ငါတို့ လူမျိုးတွေကို သတ်ဖြတ်တယ်။ ဒါကို လက်စားမချေရင် ငါတို့လူမျိုးတွေရဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းနိုင်မှာမဟုတ်ဘူး။ တိုက်ခိုက်ကြ။ ဒီမြို့ကို ထိုးဖောက်နိုင်တဲ့သူကို မျိုးနွယ်စုတစ်ခုကို အုပ်ချုပ်ခွင့်ပေးမယ်။ ချက်စစ်သေနာပတိချုပ် ကျောက်ဖုန်းကို သတ်နိုင်တဲ့ဘယ်သူမဆို ငါ့ရဲ့ သမက်အဖြစ် လက်ခံမယ်။ မြို့ကို ထိုးဖောက်ပြီးတာနဲ့ အထဲက ချင်လူမျိုးမှန်သမျှ သတ်ကြ။ " တုန်ဟူဘုရင်က သူ၏ ဓားကို ရှန်ပင်းမြို့သို့ ချိန်ရွယ်ကာ ဟိန်းဟောက်လိုက်သည်။
" လက်စားချေကြ။ ချင်လူမျိုးတွေကို သတ်ကြ။ " တုန်ဟူစစ်သည်များက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ရှန်ပင်းမြို့ဆီသို့ ချဉ်းကပ်သွားကြသည်။
" ငါ ဒီတုန်ဟူလူမျိုးတွေကို အထင်သေးမိသွားတယ်။ သူတို့မှာ မြို့သိမ်းလက်နက်တွေတောင် ရှိနေသေးတာပဲ။ ဒါပေမယ့် ကျောက်လုံးပစ်စက်တွေ မပါရင်တော့ ဒါက ဟာသတစ်ခု ဖြစ်သွားလိမ့်မယ်။ " တုဆွေက လှောင်ပြုံး ပြုံးလိုက်သည်။
မြို့ရိုးထက်တွင် ချင်လေးသည်တော်များက လေးများကို ကိုင်ပြီး မြို့ရှေ့သို့ စိုက်ကြည့်နေကြသည်။ တုန်ဟူစစ်သည်များ ချဉ်းကပ်လာသည်နှင့် သူတို့က မြားမိုးများ ရွာချလိုက်ကြသည်။ ဝူအန်းစခန်းက တိုက်ခိုက်ရာတွင် ကျွမ်းကျင်သကဲ့သို့ ခုခံရာတွင် ပို၍ ကျွမ်းကျင်ပေသည်။
အချိန်များကုန်လွန်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကြာသွားခဲ့သည်။ တုန်ဟူဘုရင်က သူ၏ တပ်များကို တိုက်ခိုက်ရန် ဆက်လက်အမိန့်ပေးနေသည်။ သို့သော် ပထမနေ့မှ အရှိန်အဟုန်မျိုး မရှိတော့ပေ။ မြို့ရိုးရှေ့တွင် မြားဒဏ်ရာများ၊ကျောက်တုန်းများဖြင့် ဖိချေခံထားရသော တုန်ဟူစစ်သည်များ၏ အလောင်းများ ပြည့်နှက်နေသည်။
" သတ်ကြ။ တုန်ဟူလူမျိုးတွေကို သတ်ကြ။ "
ထိုအချိန်တွင် တုန်ဟူစစ်တပ်၏ အရှေ့ဘက်မှ ကုန်းစွန်းကွမ်က နယ်ခြားစောင့်စစ်သည်ခုနှစ်သောင်းကို ဦးဆောင်ပြီး တိုက်စစ်ဆင်လာသည်။
" အရှင်မင်းကြီး မကောင်းတော့ဘူး။ ချင်မြင်းတပ်ရောက်လာပြီ။ " တရှုံက အော်ဟစ်လိုက်သည်။
တုန်ဟူဘုရင်က အရှေ့ဘက်မှ ချီတက်လာသော ချင်မြင်းတပ်ကို ကြည့်ပြီး မျက်နှာပျက်သွားသည်။ သူက မြို့ကို ထိုးဖောက်ရန် မဖြစ်နိုင်သောကြောင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
" ဆုတ်ခွာကြ။ "
မြို့ကို တိုက်ခိုက်နေသော တုန်ဟူစစ်သည်များက ထိတ်လန့်တကြား ဆုတ်ခွာသွားကြသည်။
သို့သော် မြို့ရိုးအောက်တွင် တုန်ဟူစစ်သည်များ ဆုတ်ခွာသွားသည်နှင့် ကျောက်ဖုန်းက သူ၏ စစ်မြင်းပေါ်သို့ တက်ပြီး အာဏာရှင်လှံကို မြှောက်လိုက်သည်။
" ကိုယ်ရံတော်တပ်ဖွဲ့ "
" ရှိပါတယ်။ " ကိုယ်ရံတော်နှစ်ထောင်ကျော်က ကျယ်လောင်စွာ ပြန်ဖြေလိုက်ကြသည်။
" သတ်ကြ။ " ကျောက်ဖုန်းက မြို့တံခါး ပွင့်သွားသည်နှင့် သူ၏ ကိုယ်ရံတော်တပ်ဖွဲ့နှင့်အတူ တုန်ဟူစစ်သည်များကို လိုက်လံတိုက်ခိုက်တော့သည်။
တုန်ဟူလူမျိုးများက သူတို့၏ ဦးခေါင်းများ လက်ဆောင်လာပေးသည်ကို ကျောက်ဖုန်းက မငြင်းပယ်နိုင်ပေ။ ထို့အပြင် တုန်ဟူဘုရင်ကိုပါ ခေါ်ထားနိုင်လျှင် တုန်ဟူနိုင်ငံတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ကျောက်ဖုန်းက အောင်မြင်ရန် အတော်လေး စိတ်ဓာတ်ပြင်းပြနေသည်။
ရှန်ပင်းမြို့၏ အရှေ့ဘက်တွင် ကုန်းစွန်းကွမ်က သူ၏တပ်များကို ဦးဆောင်ပြီး တုန်ဟူစစ်သည်များကို တိုက်ခိုက်သတ်ဖြတ်နေသည်။
" တုန်ဟူဘုရင်နောက်ကို လိုက်ကြ။ ဒီတုန်ဟူစစ်သည်တွေကို အခြားသူတွေအတွက် ချန်ထားလိုက်။ " ကျောက်ဖုန်းက ကိုယ်ရံတော်များကို အော်ပြောလိုက်သည်။
သူ၏ ပစ်မှတ်က တုန်ဟူဘုရင်ဖြစ်သည်။ ၎င်းက တုန်ဟူနိုင်ငံကို အကြီးအကျယ် ထိခိုက်စေရုံသာမက ဘုရင်ကို သတ်နိုင်သော ဆုလာဘ်ကိုလည်း ရရှိနိုင်သည်။ ၎င်းက ကျောက်ဖုန်း လိုချင်သောအရာဖြစ်သည်။
တုန်ဟူစစ်တပ်က မြောက်ဘက်နယ်စပ်သို့ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်။ နောက်တွင် ချင်စစ်သည်များက လိုက်လံသတ်ဖြတ်နေကြသည်။ ကျောက်ဖုန်၏ အကြည့်က ရှေ့ဆုံးမှ ထွက်ပြေးနေသော တုန်ဟူဘုရင်၏ အလံပေါ်သို့ ကျရောက်နေသည်။
ထိုအချိန်တွင်။
" သတ်ကြ။ တုန်ဟူလူမျိုးတွေကို သတ်ကြ။ " မြောက်ဘက်နယ်စပ် တုန်ဟူစစ်သည်များ၏ ဆုတ်ခွာသော လမ်းကြောင်းတွင် အနက်ရောင်ချပ်ဝတ်များနှင့် မြင်းစီးစစ်သည်များက ထွက်ပြေးလာသော တုန်ဟူလူမျိုးများကို တိုက်ခိုက်လိုက်ကြသည်။
" တုန်ဟူဘုရင် မင်းအသက်က ငါ့လက်ထဲမှာပဲ။ " ကျောက်ဖုန်းက မြင်းပေါ်မှနေ၍ ရှေ့သို့ တဟုန်ထိုး ချီတက်နေသည်။
စစ်တပ်များတွင် စစ်အလံများ ရှိကြပြီး ဘုရင်များလည်း ဘုရင်အလံများ ရှိကြသည်။ ချင်စစ်တပ်တွင် စစ်အလံများကို ချိုးဖျက်နိုင်ခြင်းအတွက်လည်း အောင်မြင်မှုမှတ်တမ်းများရှိသည်။ စစ်အလံတစ်ခု ကျိုးပျက်သွားသည်နှင့် စစ်တပ်၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။
ကျောက်ဖုန်းက ကိုယ်ရံတော်များကို ဦးဆောင်၍ တိုက်ခိုက်နေပြီး ကုန်းစွန်းကွမ်ကလည်း နယ်ခြားစောင့်တပ်ကို ဦးဆောင်ပြီး တိုက်ခိုက်နေသည်။
ထိုအချိန်တွင် မြောက်ဘက်နယ်စပ်၌ ဝေချွမ်က မြင်းစီးစစ်သည်ငါးသောင်းကို ဦးဆောင်၍ ရှေ့တန်းမှ ထိုးစစ်ဆင်နေသည်။
" သတ်ကြ။ ဒီတိုင်းတစ်ပါးသားတွေကို အကုန်သတ်ကြ။ " စစ်မြေပြင်တစ်ခုလုံးက ဟိန်းဟောက်သံများနှင့် ဆူညံနေသည်။ တုန်ဟူစစ်သည်များစွာက မြားမိုးများအောက်တွင် သေဆုံးသွားကြပြီး လှံရှည်များအောက်တွင် အသက်ပျောက်သွားကြသည်။
" အရှင်မင်းကြီး မကောင်းတော့ဘူး။ ကျွန်တော်တို့ နှစ်ဖက်ညှပ်တိုက်ခံနေရပြီ။ ကျွန်တော်တို့ အရှင်မင်းကြီးကို အပြင်ဘက်ရောက်အောင် ပို့ပေးပါမယ်။ " တရှုံက ထိတ်လန့်စွာ ပြောလိုက်သည်။
" ငါ တကယ်ပဲ မှားယွင်းခဲ့တာပဲ။ မဆင်မခြင်မတိုက်ခိုက်ခဲ့သင့်ဘူး။ " တုန်ဟူဘုရင်က အန္တရာယ်ရှိသော အခြေအနေတွင် ပိတ်မိနေသောအခါ အနည်းငယ် နောင်တရမိသွားသည်။
အစပိုင်းတွင် သူက မုန်းတီးမှုနှင့် ဒေါသတို့ကြောင့် အရာအားလုံးကို ထည့်မတွက်ဘဲ ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ လူမျိုးများနှင့် နန်းတော် ဖျက်ဆီးခံလိုက်ရသည်ကို တွေးကြည့်လျှင် ဘယ်သူမဆို အသိတရားနှင့် စဉ်းစားချင့်ချိန်ရန် ခက်ခဲပေသည်။
" အရှင်မင်းကြီး အခုက စဉ်းစားရမယ့်အချိန်မဟုတ်တော့ဘူး။ ကျွန်တော်တို့ကို ထိုးဖောက်ဖို့ အမိန့်ပေးပါတော့။ မြောက်ဘက်နယ်စပ်က ကျယ်ပြောတယ်။ ချင်တပ်တွေက ကျွန်တော်တို့ကို ဝိုင်းပတ်ထားနိုင်မှာမဟုတ်ဘူး။ " တရှုံက အလောတကြီး ပြောလိုက်သည်။
တုန်ဟူဘုရင်က အံကျိတ်ပြီး ရင်ဘတ်မှ တံဆိပ်တစ်ခုကို ထုတ်လိုက်သည်။
" တရှုံ ငါသာ အပြင်ကို မထွက်နိုင်ခဲ့ရင် ဒီတံဆိပ်ကို ဟူအာကို ပေးလိုက်ပါ။ သူ့ကို ဘုရင်အဖြစ် ဆက်ခံခိုင်းပြီး ငါတို့ လူမျိုးရဲ့ ခေါင်းဆောင်ဖြစ်လာရမယ်။ ပြီးတော့ ဒီတံဆိပ်နဲ့ ငါတို့ ဘဏ္ဍာတိုက်ကို ဖွင့်နိုင်တယ်။ အဲ့ဒီမှာ ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားတာတွေနဲ့ ဟူအာက ငါတို့ လူမျိုးကို အင်အားကြီးအောင် လုပ်နိုင်လိမ့်မယ်။ "
" ငါ့အတွက် လက်စားချေဖို့ အလျင်မလိုနဲ့လို့ ဟူအာကို ပြောလိုက်ပါ။ ငါတို့ လူမျိုးကို အင်အားကြီးအောင်လုပ်ဖို့ ချင်နဲ့ ခဏတာ ပဋိပက္ခမဖြစ်ဖို့ သတိပေးပါ။ " တုန်ဟူဘုရင်က တံဆိပ်ကို တရှုံအား ပစ်ပေးပြီး ရှေ့သို့ ဝင်ရောက်သွားသည်။
တရှုံ၏ မျက်နှာက ဖြူဖျော့သွားပြီး ၎င်းကို လက်ခံလိုက်သည်။
" အရှင်မင်းကြီးကို ကျွန်တော်တို့ အပြင်ရောက်အောင် ပို့ပေးပါမယ်။ "
" ငါ့စကားကို မှတ်ထားပါ။ " တုန်ဟူဘုရင်က ပြောလိုက်ပြီး သူ၏ ဓားကို မြှောက်လိုက်သည်။ "ငါက တုန်ဟူလူမျိုးတွေရဲ့ အပြစ်သားပဲ။ ငါ့လူမျိုးတွေအတွက် လက်စားမချေပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် တုန်ဟူဘကရင်တစ်ယောက်အနေနဲ့ ငါ ဘယ်လိုလုပ်ထွက်ပြေးရမှာလဲ။ တုန်ဟူစစ်သည်တို့ ငါ့အမိန့်ကို နားထောင်ကြ။ ငါ့နောက်လိုက်ပြီး ချင်လူမျိုးတွေကို သတ်ကြ။ "
တုန်ဟူဘုရင်က စစ်မြင်းကို လှည့်လိုက်ပြီး နောက်မှ လိုက်လာသော ချင်စစ်တပ်ကို ကြည့်လိုက်သည်။
" အရှင်မင်းကြီးနောက်ကို သေတဲ့အထိ လိုက်ပါမယ်။ ချင်လူမျိုးတွေကို သတ်ကြ။ " တုန်ဟူစစ်သည်များက ဟိန်းဟောက်ပြီး တုန်ဟူဘုရင်နောက်သို့ လိုက်ပါသွားကြသည်။
" ချင်စစ်တပ်၊ ကျောက်ဖုန်း ငါတို့လူမျိုးရဲ့ သွေးကြွေးက မပြီးဆုံးသေးဘူး။ တစ်နေ့မှာ ငါတို့လူမျိုးက ချင်နိုင်ငံကို သွေးနဲ့ ဆေးကြောပစ်မယ်။ " တရှုံက စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။
တုန်ဟူဘုရင်က ချင်လူမျိုးများနှင့်အတူ သေရန် ပြင်ဆင်နေသော်လည်း သူ့ကို ပေးခဲ့သော အမိန့်ကို မနာခံဘဲ မနေရဲပေ။ သူက တုန်ဟူထီးနန်းကို သူတို့၏ မင်းသားအား လွှဲပြောင်းပေးရမည်ဖြစ်သည်။
" စစ်သည်အားလုံး ငါ့အမိန့်ကို နားခံကြ။ ငါ့နောက်လိုက်ပြီး အပြင်ကို ထိုးဖောက်ကြ။ " တရှုံက ဟိန်းဟောက်လိုက်သည်။ သူက မြင်းစီးစစ်သည်ထောင်ချီကို ဦးဆောင်ပြီး မြောက်ဘက်သို့ ထိုးစစ်ဆင်သွားသည်။
တုန်ဟူတပ်များက ပြန့်ကျဲနေပြီး နယ်စပ်တစ်ခုလုံးက ဖရိုဖရဲ ဖြစ်နေသည်။ နေရာတိုင်းတွင် တိုက်ခိုက်သတ်ဖြတ်သံများ ထွက်ပေါ်နေသည်။
ကျောက်ဖုန်းက သူ၏ လှံကို မြှောက်ပြီး ဝှေ့ရမ်းလိုက်သည်။ သူ၏ ရှေ့မှ တုန်ဟူစစ်သည်ဆယ်ယောက်ကျော်က လှအလင်းတန်းအောက်တွင် ချက်ချင်း သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ကိုယ်ရံတော်တပ်ဖွဲ့က နောက်မှ လိုက်ပါလာပြီး တုန်ဟူစစ်သည်များကို သတ်ဖြတ်နေသည်။
" ဟိုမှာပဲ။ " ကျောက်ဖုန်းက အဝေးမှ တုန်ဟူဘုရင်၏ အလံကို မြင်လိုက်ရသည်။ အလံအောက်တွင် တုန်ဟူဘုရင်က တိုက်ခိုက်နေပြီး တုန်ဟူစစ်သည်များက ဝန်းရံထားသည်။ နှစ်ဖက်လုံးက ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း တုန်ဟူစစ်သည်များက အားအင်ကုန်ခမ်းနေပြီဖြစ်သည်။
" သတ်ကြ။ " ကျောက်ဖုန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး တုန်ဟူဘုရင်ဆီသို့ စီးနင်းသွားသည်။ သူ၏ ကိုယ်ရံတော်များကလည်း နောက်မှ လိုက်ပါလာကြသည်။
အာဏာရှင်လှံက လှုပ်ရှားသွားပြီး လမ်းတွင် ပိတ်နေသော တုန်ဟူစစ်သည်များကို အလွယ်တကူ သတ်ဖြတ်သွားသည်။ အားလုံးက ကျောက်ဖုန်းအတွက် စွမ်းရည်များအဖြစ် ပြောင်းလဲသွားကြသည်။ မကြာမီ ကျောက်ဖုန်းက တုန်ဟူဘုရင်၏ အနီးသို့ ရောက်သွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့