အခန်း ၃၉၇
Vol. 40 Ch. 397
အခန်း (၃၉၇)
" ပြီးတော့ သိုင်းပညာနှစ်ခုလည်း ရှိသးတယ်။ ဒါက တကယ်ကို ထူးခြားတာပဲ။ ထုတ်ယူမယ်။ " ကျောက်ဖုန်းက သိုင်းပညာနှစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။
သိုင်းပညာနှစ်ခု၏ အနှစ်သာရများက ကျောက်ဖုန်း၏ စိတ်အသိထဲသို့ ဝင်ရောက်လာသည်။ ကျောက်ဖုန်း၏ စိတ်ဝိညာဉ်က ငါးသောင်းကျော်မရှိခဲ့လျှင် ကောင်းကင်အဆင့် သိုင်ပညာများက သူ၏ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည်။
" ကောင်းကင်အဆင့် သိုင်းပညာတွေ ငါ ဘာမှစိုးရိမ်စရာမရှိဘဲ သုံးမယ်ဆိုရင် တစ်ချက်တည်းနဲ့ လူပေါင်းထောင်ချီကို ချက်ချင်း သတ်နိုင်လိမ့်မယ်။ ဒါက သာမန်လူသားတွေရဲ့ နယ်ပယ်ကို လုံးဝ ကျော်လွန်သွားပြီ။ ဒီကိုယ်ပွားခွဲထုတ်ခြင်းက စဦးအဆင့်ကို ကျွမ်းကျင်သွားရင် မူလခန္ဓာကိုယ်ရဲ့ စွမ်အားငါးဆယ်ရာခိုင်နှုန်းရှိတဲ့ ကိုယ်ပွားသုံးခုကို ခွဲထုတ်နိုင်ပြီး အဲ့ဒါတွေကို ဖောက်ခွဲပစ်လို့ရမယ်။ " ကျောက်ဖုန်းက သိုင်းပညာနှစ်ခုကို ကြည့်ပြီး အံ့ဩသွားသည်။
" ကောင်းကင်အဆင့် သိုင်းပညာတွေကလည်း နတ်စွမ်းရည်တွေကို ရှိနေနိုင်တယ်။ ငါ စွမ်းဆောင်မှုရမှတ်တွေကို သုံးပြီး သိုင်းပညာတွေကို တစ်ခါမှ မမြှင့်တင်ဖူးဘူး။ ဒီသိုင်းပညာတွေကို ကျွမ်းကျင်သွားရင် အပြည့်အဝ မြှင့်တင်ကြည့်ရမယ်။ "
အချိန်များကုန်လွန်သွားခဲ့သည်။ တုန်ဟူနန်းတော်တွင် ထို့ပါဟူက သူ၏ စစ်တပ်ကို ဦးဆောင်ပြီး နန်းတော်ကို ရှင်းလင်းနေဆဲ ဖြစ်သည်။
" မင်းသား နန်းတော်က ချင်လူမျိုးတွေကြောင့် ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပါတယ်။ ပြန်လည်ပြုပြင်ဖို့က မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ အခြားနေရာမှာ နန်းတော်တည်ဆောက်ဖို့ အကြံပြုချင်ပါတယ်။ " တပ်မှူးတစ်ယောက်က ထို့ပါဟူကို ပြောလိုက်သည်။
" ဒီကိစ္စကို ခမည်းတော် ပြန်လာမှပဲ ဆုံးဖြတ်မယ်။ အရင်ဆုံး ရှင်းလင်းထားလိုက်။ " ထို့ပါဟူက လေးနက်စွာ ပြောလိုက်သည်။ သူက နန်းတော်ကို မပြောင်းရွှေ့ဘဲ ရှင်းလင်းနေခြင်းမှာ ဘဏ္ဍာတိုက်ရှိနေသည်ကို သိသောကြောင့်ဖြစ်သည်။
ဘဏ္ဍာတိုက်ထဲတွင် နှစ်ပေါင်းတစ်ရာကျော် စုဆောင်းထားသော လက်နက်များ၊ ချပ်ဝတ်များ၊ ဆေးဖက်ဝင်အပင်များနှင့် အရင်းအမြစ်များစွာ ရှိပြီး ၎င်းတို့ကို ထုတ်ယူနိုင်လျှင် သူတို့မျိုးနွယ်စု၏ အင်အားကို လျင်မြန်စွာ ပြန်လည်ထူထောင်နိုင်ပေလိမ့်မည်။
" မင်းသား အခုရှင်းနေလို့လည်း မထူးပါဘူး။ နန်းတော်တစ်ခုလုံးကို ချင်စစ်တပ်တွေ မီးရှို့ဖျက်ဆီးပစ်ပါပြီ။ ရှင်းရင်တောင် တစ်လလောက် ကြာပါလိမ့်မယ်။ ပြီးတော့ ဒီမှာ အလောင်းတွေက အရမ်းများတယ်။ အသက်ရှင်ကျန်ရစ်သူတွေကလည ဒဏ်ရာရထားကြတယ်။ လိုအပ်တဲ့ ဆေးဝါးတွေကလည်း မလုံလောက်ဘူး။ မင်းသား ဆုံးဖြတ်ချက်တစ်ခု ချပါဦး။ " အခြားတပ်မှူးတစ်ယောက်ကလည်း ပြောလိုက်သည်။
" ပတ်ဝန်းကျင်က မျိုးနွယ်စုတွေဆီက အစားအစာနဲ့ ဆေးဝါးတွေ စုစည်းလို့ရလား။ " ထို့ပါဟူက မေးလိုက်သည်။
" မင်းသား နန်းတော် ပတ်ဝန်းကျင်က မျိုးနွယ်စုတွေကို ချင်စစ်တပ်က သတ်ဖြတ်လိုက်ပါပြီ။ သူတို့အားလုံးက နန်းတော်ကနေ အကူအညီတောင်းနေတာပါ။ " တပ်မှူးက ခါးသီးစွာ ပြန်ပြောလိုက်သည်။
" ဒီတိုက်ပွဲမှာ ငါတို့ မျိုးနွယ်စုက ဆုံးရှုံးမှု ဘယ်လောက်ရှိလဲ။ " ထို့ပါဟူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
" နန်းတော်မှာ အစက မျိုးနွယ်စုဝင်သုံးသိန်းကျော်ရှိပါတယ်။ အခု စာရင်းတွေအရ မျိုးနွယ်စုဝင် တစ်သိန်းကျော်ကို ချင်လူမျိုးတွေက သတ်ဖြတ်လိုက်ပါတယ်။ အကုန်လုံးတွက်ကြည့်ရင် ချင်စစ်တပ်က ကျွန်တော်တို့ မျိုးနွယ်စုဝင် ငါးသိန်းကနေ ခြောက်သိန်းလောက်ထိ သတ်ဖြတ်သွားပါတယ်။ ပြီးတော့ မျိုးနွယ်စုတွေ စုဆောင်းထားတဲ့ ရိက္ခါတွေကိုလည်း ချင်စစ်တပ်က မီးရှို့သွားပါတယ်။ ဆောင်းရာသီရောက်နေပြီဆိုတော့ အစားအစာ အလုံအလောက်မရှိရင် အအေးဒဏ်ကြောင့် လူတွေ အများကြီး သေနိုင်ပါသေးတယ်။ "
" ချင် အားလုံးက ချင်ကြောင့်ပဲ။ ငါတို့မျိုးနွယ်စုရဲ့ အင်အားပြန်တောင့်တင်းလာတာနဲ့ ချင်နိုင်ငံကို လက်စားချေမယ်။ သူတို့ကို သွေးကြွေးပြန်ဆပ်ခိုင်းရမယ်။ " ထို့ပါဟူက အေးစက်စွာ ပြောလိုက်သည်။
ထိုအချိန်တွင်။
" မင်းသားကို အစီရင်ခံပါတယ်။ စစ်သူကြီးတရှုံ ပြန်ရောက်လာပါတယ်။ " တုန်ဟူစစ်သည်တစ်ယောက်က အလျင်အမြန် ပြေးလာပြီး ပြောလိုက်သည်။
"ခမည်းတော် ဘယ်မှာလဲ။ " ထို့ပါဟူက ချက်ချင်း မေးလိုက်သည်။
" ဒါ ဒါက...." တုန်ဟူစစ်သည်က ပြောရန် တွန့်ဆုတ်နေသည်။
" မင်းသား အရှင်မင်းကြီး သူ..." နောက်တွင် တရှုံက ဒဏ်ရာရနေသော စစ်သည်များနှင့်အတူ ရောက်လာသည်။
" ခမည်းတော် ဘာဖြစ်သွားတာလဲ။ " ထို့ပါဟူက တစ်ခုခုမှားယွင်းနေသည်ကို သိလိုက်သည်။
တရှုံက တုန်ယင်စွာဖြင့် ဒူးထောက်လိုက်သည်။ " အရှင်မင်းကြီးက တုန်ဟူဘုရင်တစ်ယောက်အနေနဲ့ ချင်စစ်တပ်က ကျွန်တော်တို့ မျိုးနွယ်စုတွေကို သတ်ဖြတ်တာကို မတားဆီးနိုင်ခဲ့လို့ အပြစ်ကြီးတစ်ခု ကျူးလွန်ခဲ့မိတယ်လို့ ပြောပါတယ်။ ချင်စစ်တပ်ရဲ့ ဝန်းရံခြင်းခံရပြီးတဲ့နောက် အရှင်မင်းကြီးက သေတဲ့အထိ တိုက်ခိုက်မယ်လို့ ကျိန်ဆိုခဲ့ပါတယ်။ အရှင်မင်းကြီးက ချင်စစ်သေနာပတိချုပ် ကျောက်ဖုန်းလက်ချက်နဲ့ ရဲရင့်စွာ ကျဆုံးသွားပါပြီ။ "
" ဒါက အရှင်မင်းကြီး ပေးလိုက်တဲ့ တံဆိပ်ပါ။ ဒီတံဆိပ်က မျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်ို ဖွင့်ဖို့ သော့ဖြစ်ပြီး ဘဏ္ဍာတိုက်ကို ဖွင့်ပြီးရင် ကျွန်တော်တို့ မျိုးနွယ်စုက အမြန်ဆုံးပြန်အားကောင်းလာလိမ့်မယ်လို့ ပြောပါတယ်။ " တရှုံက သူ၏ ရင်ဘတ်ထဲမှ သွေးစွန်းနေသော တံဆိပ်ကို ထုတ်ပြီး ထို့ပါဟူကို ပေးလိုက်သည်။
" ခမည်းတော် တကယ်ပဲ ကျဆုံးသွားတာလား။ " ထို့ပါဟူက မျက်လုံးများပြူးပြီး မယုံကြည်နိုင်ဖြစ်နေသည်။
" မင်းသား ကျွန်တော် လိမ်မပြောရဲပါဘူး။ " တရှုံက တုန်ယင်စွာ ပြောလိုက်သည်။
" ခမည်းတော် ဘာလို့ ဒီလိုလုပ်ရတာလဲ။ ခမည်းတော်မရှိရင် သားတော်တစ်ယောက်တည်း မျိုးနွယ်စုကို ဘယ်လိုကာကွယ်ရမှာလဲ။ " ထို့ပါဟူက ဝမ်းနည်းစွာ ပြောလိုက်သည်။
ပတ်ဝန်းကျင်မှ တပ်မှူးအားလုံးကလည်း ဝမ်းနည်း ပူဆွေးသွားကြသည်။
" မင်းသား အရှင်မင်းကြီးက စစ်မြေပြင်မှာ ကျဆုံးသွားရင် မင်းသားကို တော်ဝင်တံဆိပ်နဲ့ ဘုရင်အဖြစ် ဆက်ခံရမယ်လို့ ပြောပါတယ်။ မျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်က ပလ္လင်အောက်မှာ ရှိပါတယ်။ ကျွန်တော် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " တရှုံးက ဒူးထောက်ရင်း ပြောလိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " တပ်မှူးများကလည်း ဒူးထောက်ပြီး တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။ တုန်ဟူစစ်သည်များနှင့် တုန်ဟူလူမျိုးများကလည်း ဒူးထောက်လိုက်ကြသည်။
" ကောင်းကင်နဲ့ ဝံပုလွေနတ်ဘုရားကို သက်သေပြုပြီး ဒီနေ့ ငါ ထို့ပါဟူက ဘုရင်အဖြစ် ဆက်ခံမယ်။ ဒီနေ့ကစပြီး ငါ့လူမျိုးတွေ အင်အားကြီးလာအောင် အစွမ်းကုန် ကြိုးစားမယ်လို့ ကတိပြုပါတယ်။ ငါ့ရဲ့ မျိုးနွယ်စု အင်အားကြီးလာတဲ့ နေ့ကျရင် ချင်နိုင်ငံကို သွေးနဲ့ ဆေးကြောပစ်မယ်လို့ ကျိန်ဆိုပါတယ်။ " ထို့ပါဟူက တံဆိပ်ကို မြှောက်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ တုန်ဟူနိုင်ငံ အဓွန့်ရှည်တည်တံ့ပါစေ။ "
ထို့ပါဟူက တရှုံနှင့် တပ်မှူးများကို ခေါ်ပြီး တုန်ဟူနန်းတော်၏ ပင်မစခန်းဆီသို့ သွားလိုက်သည်။ မကြာမီ သူတို့က တုန်ဟူဘုရင်၏ ပလ္လင်ရှေ့သို့ ရောက်သွားသည်။ သို့သော် ယခုအချိန်တွင် ပလ္လင်က ကွဲအက်နေခဲ့သည်။ သို့သော် မျက်နှာပြင်က ကြမ်းခင်းတစ်ခုနှင့် ဖုံးထားခဲ့သည်။
" ဖွင့်လိုက်။ " ထို့ပါဟူက လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။
စစ်သည်အချို့က ပလ္လင်ပေါ်မှ အရာများကို ဖယ်လိုက်သည်နှင့် လမ်းကြောင်းတစ်ခု ပေါ်လာသည်။
" အရှင်မင်းကြီး ဒါက မျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်ပါ။ ကျွန်တော်တို့ လူမျိုးတွေ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အရင်းအမြစ်တွေ ဒီထဲမှာ ရှိပါတယ်။ " တရှုံက စိတ်လှုပ်ရှားသော အရိပ်အယောင်များနှင့် ပြောလိုက်သည်။
" အင်း သွားကြမယ်။ " ထို့ပါဟူက စိတ်လှုပ်ရှားစွာဖြင့် လမ်းကြောင်းအတိုင်း ဝင်ရောက်သွားသည်။
သို့သော် ဘဏ္ဍာတိုက်၏ တံခါးရှေ့သို့ ရောက်သောအခါ အားလုံးက အံ့အားသင့်သွားကြသည်။
" ဘဏ္ဍာတိုက်ရဲ့ တံခါးက ဘာလို့ကွဲအက်နေတာလဲ။ " ထို့ပါဟူက တုန်လှုပ်သွားသည်။
ဘဏ္ဍာတိုက်၏ ကြေးတံခါးကြီးက နှစ်ပိုင်းပြတ်နေပြီး ကြည့်ရသည်မှာ ဘဏ္ဍာတိုက်က ဖောက်ထွင်းခံလိုက်ရပုံပေါ်နေသည်။
" ချင်လူမျိုးတွေက ဘဏ္ဍာတိုက်ကို ဖွင့်သွားတာလား။ " တပ်မှူးတစ်ယောက်က ခန့်မှန်းလိုက်သည်။
ထို့ပါဟူက ထိတ်လန့်သွားပြီး ချက်ချင်း ဘဏ္ဍာတိုက်ထဲသို့ ပြေးဝင်သွားသည်။ အတွင်းသို့ ရောက်သောအခါ သူက ပတ်ဝန်းကျင်ကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်သည်။
" မဖြစ်နိုင်ဘူး။ ချင်လူမျိုးတွေက ငါတို့ ဘဏ္ဍာတိုက်ကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရှင်းထုတ်သွားနိုင်မှာလဲ။ နှစ်ပေါင်းများစွာ စုဆောင်းထားတာတွေက ဘယ်လိုလုပ် အားလုံး ပျောက်ကွယ်သွားနိုင်မှာလဲ။ " ထို့ပါဟူက ထိတ်လန့်စွာဖြင့် ပြောလ်ုက်သည်။
ဘဏ္ဍာတိုက် ဗလာဖြစ်နေသည်ကို မြင်ရခြင်းက သူ၏ ဖခင် သေဆုံးသွားသည်ကထက်ပင် ပို၍ ဝမ်းနည်းကြေကွဲစရာ ကောင်းနေသည်။ တပ်မှူးများကလည်း ထိတ်လန့်သွားကြသည်။ ချင်လူမျိုးများက ဘဏ္ဍာတိုက်ကို လုံးဝ ရှင်းလင်းသွားခြင်းဖြစ်ပြီး တစ်ခုမှ မကျန်ခဲ့ပေ။
" ချင် ကျောက်ဖုန်း မင်းတို့ကို ငါ သတ်မယ်။ " ထို့ပါဟူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
" ဝေါ့..." ဒေါသကို မထိန်းချုပ်နိုင်ဘဲ သူ၏ ပါးစပ်မှ သွေးများ အန်ကျလာသည်။
ရှချူးခရိုင်။
" ရင်အာ မင်းအမေကို ဒီလိုသွားတွေ့တာ ကောင်းပါ့မလား။ သူမဆီမသွားခင် မြို့တော်ကို အရင်သွားပြီး လက်ဆောင်တွေ သွားဝယ်လိုက်ရမလား။ အခု အများကြီး ဝယ်လာပေမယ့် မလုံလောက်သိလိုပဲ။ " လီယောင်က ရထားလုံးဘေးတွင် မြင်းစီးရင်း ကျောက်ရင်ကို စကားပြောနေသည်။
ရထားလုံးအတွင်းမှ ကျောက်ရင်က လီယောင်၏ စကားကို ကြားပြီး ရှက်ရွံ့သွားသည်။ ယခင် လီယောင်က သူမ၏ အကိုရှိသောကြောင့် စကားပြောရန် တုန့်ဆိုင်းနေခဲ့သည်။ သို့သော် သူမ၏ အကိုက သူ့ကို မတားသောအခါ လီယောင်က ပို၍ ရဲတင်းလာခဲ့သည်။
ရထားလုံးအတွင်း ကျောက်ဖုန်းက ကျောက်ရင်ကို ကြည့်ပြီး ရယ်လိုက်သည်။ လီယောင်က သူ၏ ညီမကို နှစ်နှစ်နီးပါး ပိုးပန်းနေခဲ့သည်ကို သူလည်း သိထားသည်။ ယခင်ကတည်းက ကျောက်ရင်ကို လာရောက်ကမ်းလှမ်းသူများကို ကျောက်ဖုန်းက သူ၏ ညီမကိုယ်တိုင်သာ ဆုံးဖြတ်မည်ဟု ရှင်းရှင်းလင်းလင်းပြောထားခဲ့သည်။
ထို့အပြင် လီယောင်က ကျောက်ရင်ကို ပွင့်လင်းစွာ ပိုးပန်းနေပြီး ကျောက်ဖုန်းကလည်း ကန့်ကွက်ရန် မလိုအပ်ပေ။ သူ၏ ညီမကလည်း လီယောင်ကို မုန်းတီးနေပုံမရပေ။ လီယောင်က အိမ်ထောင်မရှိသကဲ့သို့ သူ၏ စရိုက်ကလည်း အတော်လေး ကောင်းမွန်ပေသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့