← Chapters

အရေးပါတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခု

Vol. 172 Ch. 2443

အရေးပါတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခု

Vol. 172 Ch. 2443

နင်ချဲ့၏ ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်းက ထိပ်တန်းဖြစ်ပြီး သူမကို စမှတ်တစ်ခု ပေးလိုက်သည်နှင့် ကျန်သည်များအားလုံးကို ဆက်စပ်သွားနိုင်သည်။

“ ငါလည်း အဲ့လို တွေးမိတယ် ….”

“ ဒါဆို ငါတို့ ရှာဖွေရမယ့် အပိုင်းကိုလည်း လျှော့ချလိုက်လို့ရတာပေါ့ ….” ချိုးယွီလော့ ပြောလိုက်ပြီး “ အဲ့နှစ်တုန်းက ဘယ်သူသေသွားခဲ့လဲ စစ်ဆေးကြည့်လိုက်ရင် သဲလွန်စ တစ်ခုခုတော့ ရှာတွေ့မှာ သေချာတယ် … တကယ်လို့ တစ်ယောက်ယောက်က သေမသွားဘူးဆိုရင် ငါးယောက်လုံး ထိတ်လန့်တကြားနဲ့ ထွက်ပြေးသွားကြမှာ မဟုတ်လောက်ဘူး ….”

“ ငါလည်း ထောက်ခံတယ် …” နင်ချဲ့ ပြောလိုက်ပြီး “ တကယ်လို့ နစ်နာသူက မသေခဲ့ဘူးဆိုရင် ရဲကို ဖုန်းဆက်ပြီး အကြောင်းကြားမှာ သေချာပေါက်ပဲ … ဥပဒေရဲ့ အပြစ်ပေးမှုကို ရှောင်တိမ်းဖို့အတွက် အခုလိုမျိုး နှစ်တွေအကြာကြီး ထွက်ပြေးတိမ်းရှောင်နေစရာ အကြောင်းမှ မရှိတာ ….”

“ အဲ့လောက် မရိုးရှင်းနိုင်လောက်ဘူး …” လင်းရီ ပြောလိုက်ပြီး “ အရင် နှစ်သုံးဆယ်တုန်းက ဟွာရှက အတော်လေးကို ပရမ်းပတာနဲ့ ခေတ်လည်း နောက်ကျတယ် … ဥပဒေ စနစ်တွေကလည်း ပြီးပြည့်စုံတာ မဟုတ်ဘူး … တကယ်လို့ တစ်ယောက်ယောက် ပျောက်သွားခဲ့ရင်တောင် အကြောင်းကိစ္စကို ဖျောက်ပစ်ဖို့က အလွယ်လေးပဲ ….”

“ ဟုတ်တယ် ဟုတ်တယ် ….. နင်ပြောသွားတာ အတိအကျပဲ …” နင်ချဲ့ စိတ်လှုပ်ရှားသည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ အဲ့တုန်းက ပျောက်သွားတဲ့ လူစာရင်းကို ကြည့်လိုက်ရင် တစ်ခုခုတော့ ရှာတွေ့မှာပဲ မလား ….”

“ အိုကေ … ငါ အချိန်ရရင် တစ်ချက် ကြည့်လိုက်မယ် …” ချိုးယွီလော့ ပြောလိုက်ပြီး “ အခုတော့ ဘော့စ်လျိုဆီသွားပြီး သူတို့ဖို့ ဒီည ခွင့်ပေးလို့ ရမရ သွားမေးကြည့်လိုက်ဦးမယ် ….”

“ ခဏ ….” နင်ချဲ့ လင်းရီကို ဟန့်တားလိုက်ပြီး ချိုးယွီလော့ကို ကြည့်ကာ “ နင်လည်း လိုက်ခဲ့မလို့လား … ဘာလိုက်လုပ်မှာ ”

“ သူက အသင်းတစ်အတွက် ခွင့်သွားတောင်းမှာ မဟုတ်ဘူးလား … သွားစို့လေ … ငါတို့ မသွားရင် အသင်းနှစ်နဲ့ သုံးက ငါတို့နောက်ကွယ်မှာ စာနာစိတ်မရှိတဲ့ ခေါင်းဆောင်တွေဆိုပြီး လက်ညှိုးထိုးနေကြတော့မှာပေါ့ …..” ချိုးယွီလော့ ပြောလိုက်သည်။

“ ဟုတ်သား … နင်မပြောရင် ငါတောင် စဉ်းစားမိမှာ မဟုတ်ဘူး ….” နင်ချဲ့ ပြောလိုက်ပြီး “ တကယ်လို့ အသင်းတစ်က ခွင့်ရမယ်ဆိုရင် ငါတို့လည်း ရသင့်တာပေါ့ … သွားစို့ … တစ်ခါတည်း ထောက်ချိန်ကိုပါ ဝင်ခေါ်ကြစို့ ….”

မကြာမီ လေးယောက်သား လျိုဟုန်၏ ရုံးခန်းထဲသို့ ရောက်လာခဲ့ကြပြီး အသင်းလေးသင်းကို ခေတ္တ နားခွင့်ပေးမည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးကြတော့သည်။

သို့သော် အကျိုးသင့်အကြောင်းသင့်သာ ပြောပြခဲ့ပြီး လွန်ကျူးသည့် တောင်းဆိုမှုများတော့ မပြုလုပ်ခဲ့ကြချေ။

မည်သို့ပင်ဆိုစေ အသင်းတစ်ခုစီတိုင်းတွင် စည်းမျဉ်းစည်းကမ်းများ ရှိပြီး ကျုံးဝေ့တပ်ဖွဲ့ဝင်တစ်ယောက်အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဖို့လိုသည်။

အသင်းခေါင်းဆောင် လေးဦးလုံးက စုပေါင်းပြီး တောင်းဆိုလာကြသဖြင့် လျိုဟုန်လည်း ငြင်းရအခက်ဖြစ်နေသည်။

သူ ကျန်းကျိန်းနန်ထံသို့ ဖုန်းခေါ်ပြီး အခြေအနေကို တစ်ချက်ရှင်းပြလိုက်သည်။ ထို့နောက် များများစားစား ပြောမနေတော့ဘဲ ချက်ချင်း ခွင့်ပေးလိုက်တော့၏။

လေ့ကျင့်ရေး စောစောနားခွင့်ရကြောင်း ကြားသိလိုက်ရတော့ အသင်းလေးသင်းလုံးမှာ ပျော်ရွှင်လွန်း၍ အော်ဟစ် အားပေးသံများ ပေါက်ကွဲထွက်လာသည်။

ညခင်းပိုင်းကို မည်သို့ စီစဉ်ဆောင်ရွက်မလဲဆိုတာကတော့ အသင်းခေါင်းဆောင် လေးဦး အပေါ်တွင်သာ မူတည်သည်။

လင်းရီကတော့ အသင်းတစ် အဖွဲ့ဝင်များကို စားသောက်ဆိုင် တစ်ခုသို့ ခေါ်သွား၍ ၎င်းတို့ကို ဧရာမ စားသောက်ပွဲကြီး တစ်ခု ကျင်းပပေးလိုက်ပေးပြီး အားပါးတရ စားသောက်ခိုင်းလိုက်သည်။ တစ်ပတ်တိတိ ဝဝလင်လင် မစားရသေးသဖြင့် ဗိုက်ဝအောင် စားခိုင်းလိုက်သည်ဟု သတ်မှတ်၍ ရလေသည်။

စားသောက်ပြီးနောက် ရေချိုးစင်တာသို့ ခေါ်ဆောင်သွားပြီး ထိပ်တန်းအဆင့် သပေါင်ကျန့် ဆက်ရှင်ယူကာ အကုန်လုံးကို အထွတ်အထိပ်သို့ ရောက်သည်အထိ အနားယူခိုင်းလိုက်သည်။

ညနေခင်းပိုင်း ခဏတာ နားခွင့်ရပြီး … နောက်တစ်နေ့ နံနက်ခင်းရောက်တော့ ပုံမှန်အတိုင်း ငရဲတမျှ လေ့ကျင့်ရေးက စောင့်ကြိုလို့နေလေသည်။

ထိုစဉ် လင်းရီကတော့ ရှန်းရန်ရွာအမှုကို စုံစမ်းရင်း အလုပ်များနေလျက် ရှိသည်။

ချိုးယွီလော့က ကျုံးဝေ့တပ်ဖွဲ့နှင့် စစ်တပ်၏ အခွင့်အာဏာကို ယူသုံး၍ သင့်လျော်မည့် သံသယ တရားခံများကို တစ်‌ယောက်ပြီး တစ်ယောက် စစ်ထုတ်နေပေတော့သည်။

ကံဆိုးစွာဖြင့် တစ်နေ့ခင်းလုံး အချိန်ပေးပြီးသည့်တိုင် မည်သည့် သံသယဖြစ်ဖွယ်လူကိုမျှ ရှာမတွေ့နိုင်ခဲ့ချေ။ ဘာကြောင့်ဆိုတော့ ထိုလူများထဲ မည်သူကမျှ ကျင်းသုန်ရွာတွင် အိမ်ထောင်စု မှတ်ပုံမတင်ထားသောကြောင့်ပင်။

“ အခြေအနေ ဘယ်လိုရှိလဲ ….”

ညနေ ငါးနာရီလောက် ရောက်တော့ နင်ချဲ့က ကန်တင်းသို့သွားပြီး ထမင်းသုံးပွဲ ယူလာခဲ့ကာ ချိုးယွီလော့၏ ရုံးခန်းထဲသို့ ရောက်ရှိလာသည်။

“ သူတို့ရဲ့ မှတ်တမ်းတွေ အကုန်လုံးကို ငါ စစ်ကြည့်တယ် … ဒါပေမယ့် တစ်ယောက်မှ လိုအပ်ချက်နဲ့ ကိုက်ညီတာ မရှိဘူး … သူတို့ငါးယောက် ရွာက ထွက်သွားတဲ့ အချိန်ဝန်းကျင်လောက်မှာ ယွမ်ပေါ်မြို့က ဘယ်သူမှ အိမ်ထောင်စုစာရင်းကို လျှော့ချတာမျိုး မတွေ့ရဘူး … ပြီးတော့ လူပျောက်စာရင်းလည်း တစ်ခုမှ မရှိဘူး … သဲလွန်စ တစ်ခုလေးကို မရှိတာ ….”

“ အဲ့တာဆိုရင်တော့ ထူးဆန်းသွားပြီ ….” နင်ချဲ့ ပြောလျက် မျက်မှောင်ကြုတ်သွားခဲ့ပြီး “ တကယ်လို့ တစ်ယောက်ယောက် သေသွားလို့မှ မဟုတ်ရင် သူတို့တွေ အဲ့လောက်ထိ ကမန်းကတမ်း ထွက်ပြေးစရာ အကြောင်းမှ မရှိတာ … ဟုတ်တယ်မလား …”

နင်ချဲ့ မေးလိုက်သည်က လင်းရီနှင့် ချိုးယွီလော့တို့ မေးခွန်းထုတ်နေသည့်အရာပင်။

သေမှုသေခင်း တစ်ခုကသာလျှင် ဤအကြောင်းအရင်းကို ပြီးပြည့်စုံစွာ သက်သေပြနိုင်လိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်ကို ထိခိုက်ဒဏ်ရာ ရစေခြင်း ၊ ဒါမှမဟုတ် ဒုက္ခိတ ဖြစ်စေခြင်းဆိုပါက နောက်ပိုင်းတွင် ရဲစခန်းသို့ နစ်နာသူ၏ တိုင်ကြားချက် ရောက်ရှိလာမည်မှာ ကျိန်းသေသည်။ သူတို့တွေ ထွက်ပြေးလွတ်မြောက်သွားစရာ အကြောင်း မရှိပေ။

ယခု … ထိုနှစ်၌ ယွမ်ပေါင်မြို့တွင် ထိုအချိန်ဝန်းကျင်လာက၌ မည်သူမျှ မသေဆုံးခဲ့သလို မည်သူကမျှလည်း ပျောက်ကွယ်သွားခဲ့ခြင်း မရှိသည်က အင်မတန် ထူးဆန်းနေသည်။

“ ဟမ် ….”

နှစ်ယောက် အတွေးနက်နေစဉ်မှာပဲ ရုတ်တရက်ဆိုသလို ချိုးယွီလော့၏ မေးခွန်း အာမေဋိတ်အသံကို ကြားလိုက်ကြရသည်။

“ ဘာမှားလို့လဲ …..”

“ ဒီမှာ အတော်လေး ထူးဆန်းတဲ့ အမှု တစ်ခု ရှိတယ် ….”

“ ယွမ်ပေါင်မြို့မှာလား ….”

ချိုးယွီလော့ ခေါင်းညိတ်လိုက်ပြီး ကွန်ပျူတာကို ကြည့်၍ “ အဲ့တုန်းက မြို့ထဲမှာ အိမ်ရောင်းတဲ့ ဝန်ထမ်းတစ်ယောက်ရှိတယ် … နောက်ပိုင်းကျတော့မှ ဝယ်သွားတဲ့ တစ်ယောက်က သူ့ကို တိုင်လိုက်တာ ဘာလို့ဆို အိမ်က သူ့အပိုင် မဟုတ်လို့တဲ့ ….”

“ အာ … သူ့ကိုယ်ပိုင်အိမ် မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် သူများကို သွားရောင်းလို့ ရမှာလဲ ….”

“ အဲ့ခေတ်တုန်းက နင်လည်း သိတဲ့အတိုင်း စည်းမျဉ်းစည်းကမ်းတွေက မပြည့်စုံသေးဘူးလေ … သူ့အဆက်အသွယ်တွေ သုံးပြီး အိမ်ကို သူ့အပိုင် လုပ်လိုက်တာ နေမှာပေါ့ ….”

“ အိမ်ရဲ့ မူလ ပိုင်ရှင်ကျတော့ရော …..”

ချိုးယွီလော့ ပခုံးတွန့်ပြလိုက်၏။ “ မသိဘူးလေ ….”

“ ပျောက်သွားတာ …” နင်ချဲ့ ကျယ်လောင်စွာ ထအော်လိုက်သည်။

သုံးယောက်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ အဆိုပါ အကြောင်းအရင်းက လက်ရှိ ဖြစ်နေသည့်နှင့် လုံးဝ ယုတ္တိရှိနေသည်။

တစ်စုံတစ်ယောက်၏ အိမ်ကို ပေါ်တင်ကြီး မိမိအပိုင် လုပ်ပစ်သည်ကတော့ ပိန်းလွန်းလှသည်။ အကယ်၍ တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ ပျောက်ဆုံးသွားခြင်း ၊ သို့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်သွားခြင်း၊ ထိုသူတွင် ဆွေမျိုးသားချင်းလည်း မရှိဘူးဆိုလျှင်တော့ တစ်မျိုးတစ်ပါဒ ဖြစ်သွားခဲ့ပြီ ဖြစ်၏။

“ အဲ့ ရောင်းတဲ့လူကို ရှာလို့ ရသေးလား ….”

“ ခဏ … တစ်ချက်ကြည့်လိုက်ဦးမယ် ….”

ချိုးယွီလော့၏ လက်ချောင်းများက ကီးဘုတ်ပေါ် ယှက်သန်းသွားပြီး နာရီဝက်နီးပါးခန့်ရှာပြီးနောက် ဝမ်းသာအားရ အော်ဟစ်လိုက်၏။

“ တွေ့ပြီ … သူ့နာမည်က ဝမ်ရှန်းရှီ … အစိုးရ ဝန်ထမ်းပဲ … အဲ့ကိစ္စ ဖြစ်ပြီးတဲ့နောက်မှာ ထောင်သုံးနှစ် ကျသွားခဲ့တယ် … အဲ့နောက် အလုပ်ဖြုတ်ခံလိုက်ရတယ် … ကံကောင်းချင်တော့ အခုထိ အသက်ရှင်နေသေးတုန်းပဲ … အသက်ခြောက်ဆယ်လောက်တော့ ရှိရောပေါ့ …..”

“ သူ့ လိပ်စာကို ရှာလိုက် … ငါ ခုချက်ချင်း သွားရှာကြည့်မယ် ….”

“ မလောနဲ့ ….”

ချိုးယွီလော့သည် ရဲဒေတာဘေ့စ်ထဲရှိ အိမ်ထောင်စု မှတ်ပုံတင် စာရင်းထဲ ဝင်၍ ဝမ်ရှန်းရှီးကို လိုက်လံရှာဖွေသည်။

“ သူ့ လက်ရှိ အိမ်ထောင်စုကတော့ ကျင်းလင်မြို့ ၊ ယွင်လုအိမ်ယာ၊ အဆောက်အဦး ၃ ၊ ယူနစ် ၂ ၊ တိုက်ခန်း ၇၀၁ ….”

“ အိုကေ … အခုချက်ချင်း သွားလိုက်မယ် … တစ်ခြား အသေးစိတ် အချက်အလက်တွေ ဆက်ပြီး ရှာဖွေထားဦး … အကြောင်းထူးတယ်ဆို ငါ့ဆီ ဖုန်းခေါ်လိုက် …”

“ ဘာလို့ လောနေတာလဲ … လူက ရှေ့တည့်တည့်မှာ ရှိနေပြီကို ဘယ်မှ ထွက်မပြေးပါဘူး ….” နင်ချဲ့ ကြားဖြတ်ပြောဆိုလိုက်သည်။

“ နင့်လက်မောင်း ဒဏ်ရာက ပျောက်သေးတာ မဟုတ်ဘူး … တစ်နေ ထပ်နေလိုက် … သွားချင်ရင် မနက် ဆေးထည့်ပြီးမှသွား ….”

နင်ချဲ့က လင်းရီကို ညှိနှိုင်းခွင့် မပေးချေ။

“ ဒီအမှုက တစ်ခြားအမှုတွေနဲ့ မတူဘူး … ငါ မရောက်ခင် ရာဇဝတ်သားက သူ့ကို သတ်သွားမှာ စိုးရိမ်ရတယ် ….”

ထို့ကြောင့်လည်း လင်းရီ စိတ်လောနေရခြင်းပင်။ လီဟုန်ကျူးတုန်းက သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့သည့်အတွက် သေဆုံးသွားခဲ့ရခြင်း ဖြစ်၏။

ထိုအဖြစ်မျိုး ထပ်ဖြစ်မှာကို လင်းရီ မလိုလားပေ။

“ သူ ငါတို့ထက်အရင် ရောက်နေဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ …” နင်ချဲ့က လင်းရီကို အကြည့်တစ်ချက် ပေးလိုက်ပြီး “ ငါတို့တောင် ဒီအကြောင်း အခုမှ ရှာတွေ့တာကို … ပြီးတော့ ဒါ ကျုံးဝေ့တပ်ဖွဲ့ … ဘယ်သူက ဒီထဲ ခိုးကြည့်ရဲမှာ ….”

“ အင်း … မင်းပြောတာလည်း ဟုတ်သားပဲ …..”

“ တစ်ည ထပ်နေလိုက် … မနက်ဖြန်မှ ပြောကြမယ် … ငါနင့်ဖို့ မနက်လေယာဉ် စီစဉ်ထားပေးမယ် ….”

“ အိုကေလေ ….”

“ ငါ့အကူအညီရော လိုသေးလား ….” နင်ချဲ့ မေးလိုက်သည်။

“ အသေးမွှား ကိစ္စလေးကို မလိုပါဘူး … ကိုယ့်ဘာကိုယ် ကိုင်တွယ်နိုင်တယ် …”

“ နင့်လက်မောင်းက ဒဏ်ရာရထားတာ … အလုပ်လုပ်ရင် ဂရုစိုက်ဦး ….”

“ အင်းပါ … ငါ သိပါတယ် …”

“ ဟဲ့ … နင်တို့နှစ်ယောက် … အဲ့လိုလုပ်ချင်ချင်ရင် တစ်ခြားနေရာ သွားကြ … ငါ့ရှေ့မှာ လာမလုပ်စမ်းနဲ့ ….”

“ နင် စိတ်အနှောင့်အယှက်ဖြစ်အောင်လို့လေ …” နင်ချဲ့က လင်းရီ၏ လက်မောင်းကို ဖက်ထားလိုက်ပြီး “ သွားမယ် … လမ်းထွက်လျှောက်ကြမယ် … ဒီ Fa မကြီးကို ဒီမှာပဲ အလုပ်ဆက်လုပ် ခိုင်းထားလိုက် ….”

ထိုသို့ ပြောဆိုပြီးနောက် နင်ချဲ့က လင်းရီကို အပြင်သို့ ဆွဲခေါ်သွားခဲ့တော့သည်။

ကျုံးဝေ့တပ်ဖွဲ့မှ မထွက်ခွာမီ လင်းရီသည် အနားရနေသည့် ကျုံးဝေ့တပ်ဖွဲ့ဝင်များကို စုစည်း၍ လေးနက်တည်ကြည်သည့် အသံဖြင့် “ ဒီ လေ့ကျင့်ရေးက ရက်စက်ပြီး ခက်ခဲကြမ်းတမ်းမယ်ဆိုတာ ငါ နားလည်တယ် … ဒါပေမယ့် မင်းတို့ရဲ့ လက်ရှိ အဆင့်နဲ့ တိလိရာ့ကျွန်းကို သွားရင် သေဖို့ သွားမှာနဲ့ မခြားဘူး … ဒီတော့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ တောင်ခံထားကြ … လုံးဝ လက်မလျှော့လိုက်ကြနဲ့ ….”

All Chapters