← Chapters

အခန်း ၃၇၉

Vol. 38 Ch. 379

အခန်း ၃၇၉

Vol. 38 Ch. 379

အခန်း။ ၃၇၉

"ကောင်းပြီ"

ဖြူဖွေးသောဆံပင်နှင့် အဘိုးအိုသည် ထိုစကားကို ကြားသောအခါ အနည်းငယ်ပြုံးလိုက်ပြီး "ဇီဝေတောင်ရဲ့ တောင်ထိပ်ကိုးခုထဲမှာ ပင်မတောင်ထိပ်ဆိုတာ ရှိတယ်။ အဲဒီတောင်ထိပ်ရဲ့ နောက်ဘက်မှာ ပေတစ်ထောင်ကျော်မြင့်တဲ့ မတ်စောက်တဲ့ ကျောက်ကမ်းပါးကြီးတစ်ခု ရှိတယ်" ဟု ပြောသည်။

"အဲဒီ ကျောက်ကမ်းပါးကို မင်း တက်နိုင်ပြီး ထိပ်ကို ရောက်ခဲ့မယ်ဆိုရင် ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ပြီးတော့ မင်းကို ငါ့ရဲ့ နောက်ဆုံးတပည့်အဖြစ် လက်ခံပေးမယ်"

သူ၏ စကားဆုံးသည်နှင့် ဝမ်လင် မည်သို့မျှ တုံ့ပြန်လိုက်နိုင်ခြင်း မရှိသေးခင်မှာပင် အဘိုးအိုသည် သူ၏လက်ဖဝါးဖြင့် ဝမ်လင်၏ ပခုံးကို အသာအယာ တွန်းလိုက်သည်။

တစ်ခဏချင်းမှာပင် ဝမ်လင်သည် စူးစူးဝါးဝါး အော်ဟစ်လျက် အဆုံးမရှိသော အမြင့်ကြီးမှ အောက်သို့ ပြုတ်ကျသွားတော့သည်။

"ဒီတစ်ခါတော့ ငါ သေပြီပဲ"

သူ့နားတစ်ဝိုက်တွင် တဟုန်ထိုး တိုက်ခတ်နေသော လေပြင်းများသည် ဝမ်လင်၏ မျက်နှာကို ရိုက်ခတ်နေသဖြင့် သူသည် မျက်စိကို အလိုလို မှိတ်လိုက်မိသည်။

သို့သော်လည်း သူ ထင်မှတ်ထားသည့်အတိုင်း ပြင်းထန်စွာ ရိုက်ခတ်မှုမျိုး မဖြစ်ပေါ်ခဲ့ပေ။ မြေပြင်နှင့် တိုက်မိတော့မည့်အချိန်တွင် အရှိန်အဟုန်ပြင်းစွာဖြင့် ကျဆင်းလာခဲ့သော သူ၏ကိုယ်က မြေပြင်အထက်တွင် ထူးဆန်းစွာ ရပ်တန့်သွားပြီးနောက် မြေပေါ်သို့ အသာအယာ ဆင်းသက်မိသွားသည်။

"ဟင်"

ဝမ်လင်သည် မယုံကြည်နိုင်စွာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူ့ရှေ့တွင် လပြည့်ဝန်းအောက်၌ အရိပ်ထိုးနေသော သစ်ပင်များရှိနေကာ ဖြူဖွေးသော ဆံပင်ရှိသည့် အဘိုးအိုမှာမူ ထိုနေရာတွင် မရှိတော့ပေ။

"ငါ... မသေဘူးလား"

ဝမ်လင်သည် သူ၏ကိုယ်ကို ငုံ့ကြည့်ကာ ဝေဝါးစွာ တွေးတောနေမိသည်။

သို့သော် ခဏအကြာတွင် အသက်သေဆုံးခြင်းကို ကြောက်ရွံ့သည့် ထိတ်လန့်မှုကြီးက သူ့ဆီသို့ လှိုင်းလုံးကြီးသဖွယ် ဝင်ရောက်လာပြီး မျက်နှာမှာ ဖျော့တော့သွားကာ နဖူးပေါ်တွင် ပဲစေ့ခန့် ချွေးပေါက်များ စုပြုံကျလာသည်။

သူ့အသက်လုခဲ့ရသည့် အဖြစ်အပျက်များက သူ့စိတ်ထဲတွင် ပြန်ပေါ်လာပြီး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်သွားသည်။

"ခုနက... အဲဒါ သေခြင်းတရားနဲ့ နီးကပ်သွားတဲ့ ခံစားချက်လား"

ဝမ်လင်သည် သူဘာသာ ရေရွတ်လိုက်ပြီးနောက် ခေါင်းကို မော့ကာ ညဉ့်ကောင်းကင်အောက်ရှိ ဇီဝေတောင်ကို ပြတ်သားသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

ထိုအဘိုးအိုသည် မည်သူဖြစ်သည်ကို သူ မသိသော်လည်း စစ်ဆေးမှု ကျရှုံးသွားသော တပည့်လောင်းများကို ပြန်ပို့ပေးရသည့် တာဝန်ကို ထမ်းဆောင်နေရသူဖြစ်၍ ဇီဝေတောင်ပေါ်တွင် သူ့အဆင့်အတန်းမှာ အလွန်မြင့်မားမည် မဟုတ်ဘူးဟု သူ ထင်လိုက်မိသည်။ သို့သော် တပည့်အဖြစ် လက်ခံမည်ဟု ပြောခဲ့သော စကားကြောင့် သူ၏ အဆင့်အတန်းမှာ တစ်တောင်ထိပ်၏ တပည့်ရင်းအဖြစ် လက်ခံခြင်းခံရသော ဝမ်ဟောင်ထက် ပိုမိုသာလွန်သွားလိမ့်မည်ပင်။

ဝမ်လင်၏ နှလုံးသားမှာ နွေးထွေးသွားသည်။

"ဒီ နတ်ဘုရားဆရာကြီးက စိတ်သဘောထား မနူးညံ့သလိုပဲ။ စကားတွေကလည်း အေးစက်

တယ်။ ဒါပေမဲ့ စေတနာတော့ အရမ်းကောင်းတာပဲ... သူက ငါ့ကို အားပေးချင်လို့ ဒီလိုကြီးကြီးမားမား ပြောလိုက်တာနေမှာ ငါ လက်မလျှော့သွားအောင်လေ"

ဝမ်လင်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

အဆင့်အတန်း အလွန်ငယ်သေးသည့် သူ့ကို ဇီဝေတောင်ပေါ်တွင် တပည့်အဖြစ် လက်ခံမည့်သူ ရှိနေခြင်းမှာပင် ကြီးမားလှသည့် ကံကြမ္မာတစ်ခု ဖြစ်သည်။

"ဒီအဘိုးအိုက မိသားစုထဲမှာ အဆင့်အတန်း နိမ့်ကျပေမဲ့ ငါ့အတွက်နဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး တပည့်အဖြစ် လက်ခံပေးခဲ့တာ... သူ့စေတနာကို ငါ မပျက်စီးစေရဘူး"

ဤအသိစိတ်နှင့်အတူ ဝမ်လင်၏ မျက်ဝန်းထဲတွင် စိတ်ပိုင်းဖြတ်မှုများ တောက်ပလာပြီး ညဉ့်အချိန်တွင် ဇီဝေတောင်ဆီသို့ ပြတ်သားစွာ လျှောက်သွားလိုက်သည်။

မကြာမီတွင် သူသည် အဘိုးအိုပြောပြသည့် ပင်မတောင်ထိပ်၏ အောက်ခြေရှိ ကျောက်ကမ်းပါးသို့ ရောက်ရှိသွားသည်။

မော့ကြည့်လိုက်ရာ ကျောက်ကမ်းပါးမှာ ကောင်းကင်ထက်ထိ တန်းနေသယောင် ရှိသည်။ အမိုက်မှောင်ဆုံးညတွင် ထိုကျောက်ကမ်းပါးကြီးမှာ သူ၏ အသားများကို ဝါးမြိုပစ်တော့မည့် နတ်ဆိုးတစ်ကောင်နှင့် တူနေသည်။

အဘိုးအိုပြောသည့်အတိုင်းပင် ထိုကျောက်ကမ်းပါးတွင် လမ်းကြောင်းဟူ၍ မရှိဘဲ ကျောက်တုံးအစွန်းများသာ အပေါ်သို့ အနည်းငယ် ထွက်နေသည်။

သာမန်လူတစ်ယောက်အတွက်မူ ဤသည်မှာ မဖြစ်နိုင်သော အလုပ်တစ်ခုပင်။

"လာခဲ့"

ဝမ်လင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။

သူ၏ မျက်ဝန်းများမှာ ငြိမ်းချမ်းသော ပင်လယ်ပြင်ကဲ့သို့ တည်ငြိမ်သွားသည်။

သူ သိနေသည့်အရာတစ်ခုမှာ ထိုအရာက စမ်းသပ်မှုတစ်ခုမျှသာ မဟုတ်ဘဲ ခြေလှမ်းတစ်လှမ်း မှားသည်နှင့် တစ်စစီ ကြေမွသွားမည့် အသက်ရှင်ခြင်းနှင့် သေခြင်း၏ နယ်နိမိတ် ဖြစ်သည်။

ဒါပေမဲ့...

"ဒါဆို ဘာဖြစ်လဲ"

ဝမ်လင်၏ အကြည့်တို့ ပို၍ စူးရှလာသည်။

သူသည် ကျောက်ကမ်းပါးရှိ အက်ကြောင်းတစ်ခုကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ အပေါ်သို့ တက်လှမ်းတော့သည်။

ခွပ်…

ပေနှစ်ဆယ်ခန့် တက်လှမ်းပြီးချိန်တွင် သူ၏ ညာခြေထောက်အောက်ရှိ ကျောက်သားမှ ထွက်နေသော လက်သန်းခန့်ရှိသည့် သစ်ကိုင်းခြောက်မှာ ကျိုးကျသွားသည်။

ဝမ်လင်၏ ခြေထောက်မှာ ချော်သွားပြီး ပြုတ်ကျတော့မည့်အချိန်တွင် လက်ချောင်းနှစ်ချောင်းဖြင့် ကျောက်အက်ကြောင်းတစ်ခုကို လျင်မြန်စွာ ချိတ်ဆွဲလိုက်နိုင်သဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျမသွားတော့ပေ။

ဝူး... ဝူး... ဝူး

ကျောက်ကမ်းပါးပေါ်တွင် လက်ချောင်းနှစ်ချောင်းဖြင့်သာ ချိတ်ဆွဲထားရချိန်၌ လေပြင်းများက သူ့ကို ရိုက်ခတ်နေသည်။

အောက်သို့ ငုံ့ကြည့်လိုက်ရာ ဧရာမကျောက်တုံးများမှာ လက်သီးဆုပ်အရွယ်သာ ရှိတော့သည်။ ကျောက်အက်ကြောင်းအတွင်းသို့ ထိုးသွင်းထားသည့် သူ၏လက်ချောင်းများမှာ ပွန်းပဲ့ပြီး အရိုးများပင် မြင်နေရပြီဖြစ်သည်။

"လာခဲ့"

ဝမ်လင်သည် အံတင်းတင်းကြိတ်ထားလိုက်သည်။

မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် ခွန်အားကို အသုံးပြု၍ လက်ချောင်းနှစ်ချောင်းဖြင့်ပင် သူ၏ ခန္ဓာကိုယ်ကို တွန်းတင်လိုက်ပြီး လမ်းကြောင်းမရှိသည့် ထိုမတ်စောက်သော ကျောက်ကမ်းပါးကြီးပေါ်သို့ နောက်တစ်လှမ်း ထပ်မံ လှမ်းတက်လိုက်သည်။

...

ဤအတောအတွင်းတွင် ဇီဝေတောင်သို့ ပြန်လည်ရောက်ရှိချိန်တွင် အဘိုးအို၏ အိုမင်းရင့်ရော်နေသော ရုပ်သွင်မှာ လူငယ်တစ်ယောက်၏ ရုပ်ရည်သို့ သိသိသာသာ ပြောင်းလဲသွားသည်။

မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ ပျောက်ကွယ်သွားပြီး အားအင်ကုန်ခမ်းနေဟန်ရှိသော မျက်ဝန်းတို့မှာ တောက်ပ၍ နက်နဲသွားသည်။

"ဂိုဏ်းချုပ်ကြီး"

"ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်"

တောင်တံခါးဝ၌ လေးစားသမှုဖြင့် စောင့်ဆိုင်းနေကြသော တောင်ထိပ်ကိုးခု၏ ဂိုဏ်းချုပ်များနှင့် အကြီးအကဲကြီးများမှာ ချန်ကျီရှင်းရောက်လာသည်နှင့် ချက်ချင်းပင် ရှေ့သို့တိုး၍ နှုတ်ဆက်ကြသည်။

ချန်ကျီရှင်းမှာ ခေါင်းကို အနည်းငယ်သာ ငြိမ့်ပြကာ ပင်မတောင်ထိပ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

အကြီးအကဲများမှာလည်း အလျင်အမြန်ပင် နောက်မှလိုက်ပါသွားကြသည်။

"ကျီရှင်း အဲဒီကျောက်ကမ်းပါးက ဘယ်လို အထောက်အကူမှမရှိဘဲ ပေတစ်ထောင်ကျော် မြင့်နေတာ။ ရတနာကိုယ်ခန္ဓာအဆင့် ကျင့်ကြံသူတွေတောင် တက်ဖို့ မဖြစ်နိုင်ဘူး။ ကျင့်ကြံခြင်း မရှိသေးတဲ့ ခန္ဓာကိုယ် အားနည်းတဲ့ သာမန်လူတစ်ယောက်က လူ့စွမ်းအားနဲ့တင် ဒီလို မတ်စောက်တဲ့ ကမ်းပါးကို ဘယ်လိုလုပ်ပြီး တက်နိုင်မှာလဲ"

ချန်ထျန်းချန်းက ခါးသီးစွာ ပြုံးလျက် ခေါင်းခါကာ မေးလိုက်သည်။

ချန်ကျီရှင်း ဘာကိုတွေးနေမှန်း သူ လုံးဝ နားမလည်နိုင်ပေ။

အခြားသော အကြီးအကဲများမှာလည်း မပြောရဲသော်လည်း စိတ်ထဲတွင် အလားတူပင် တွေးတောနေကြသည်။

ဂိုဏ်းချုပ်ကြီးအနေနဲ့ ဒီဝမ်လင်ကို သဘောကျနေရင် ဘာလို့ အတင်းအကျပ် သေလမ်းကို ပို့လိုက်ရတာလဲ။ သဘောမကျဘူးဆိုရင်လည်း ဘာလို့ စည်းကမ်းတွေကို ချိုးဖောက်ပြီး ကိုယ်တိုင် သွားပို့ပေးရတာလဲ။ ဒီကနေ့ခေတ်မှာ ဂိုဏ်းချုပ်ကြီးက ဒီလောက်အထိ အပင်ပန်းခံရလောက်အောင် ဘယ်သူက တန်ဖိုးရှိနေလို့လဲ။

သူတို့ လုံးဝ နားမလည်နိုင်ကြပေ။

"အို သူ တက်နိုင်မယ်လို့ တကယ်ပဲ မထင်ကြဘူးလား"

ချန်ကျီရှင်းက ရုတ်တရက် အနည်းငယ် ပြုံးကာ မေးလိုက်သည်။

"အဲ... ဒါကတော့ သဘာဝပါပဲ"

"မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး"

"သာမန်လူတစ်ယောက်က ဒီလောက် မတ်စောက်တဲ့ ကမ်းပါးကို ဘယ်လိုတက်မှာလဲ"

အကြီးအကဲများမှာ လက်မခံနိုင်သည့်ဟန်ဖြင့် ခေါင်းခါကြသည်။

"ဟားဟား ဒါဆိုရင် လောင်းကြေးထပ်ကြမလား"

ချန်ကျီရှင်းက ရယ်မော၍ ပြောသည်။

"ငါ့တပည့်လေးက မနက်ဖြန် နံနက်ခင်းအချိန်မှာ ပင်မတောင်ထိပ်ရဲ့ ထိပ်ကို တကယ်တမ်း တက်နိုင်ခဲ့မယ်ဆိုရင် မင်းတို့ တစ်ယောက်ချင်းစီက သူ့အတွက် ကြိုဆိုခြင်းလက်ဆောင်တွေ ပေးကြမလား"

"ဘာလို့ မပေးရမှာလဲ"

အကြီးအကဲများမှာ အံ့အားသင့်သွားပြီး ဝမ်လင်ကို မယုံကြည်သဖြင့် ပြုံးလျက် သဘောတူလိုက်ကြသည်။

"ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့"

ချန်ကျီရှင်းက အနည်းငယ် ပြုံး၍သာ တုံ့ပြန်သည်။

... ...

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

နောက်တစ်နေ့ နံနက်ခင်းအချိန်တွင် ပင်မတောင်ထိပ်၏ ကျောက်ကမ်းပါးထိပ်၌ ချန်ကျီရှင်းမှာ ပလ္လင်ခွေထိုင်နေပြီး နောက်တွင်တော့ အကြီးအကဲများမှာ ရိုသေစွာ ရပ်နေကြသည်။

"ဂိုဏ်းချုပ်ကြီး နံနက်ခင်းချိန်ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်နော်"

ပဉ္စမမြောက် တောင်ထိပ်ဂိုဏ်းချုပ် ချင်းရွှမ်က ပြုံး၍ သတိပေးသည်။

"ဟားဟား ဂိုဏ်းချုပ်ကြီး တစ်ခါလောက် ရှုံးတာကို မြင်ရဖို့က ရှားပါးတာပဲ"

အခြားသူများလည်း နောက်ပြောင်နေကြသည်။

ချန်ကျီရှင်းကမူ တည်ငြိမ်နေဆဲပင်။

အကြီးအကဲများမှာမူ ထူးဆန်းစွာ မျက်ခုံးပင့်မိကြသည်။

အံ့ဩစရာပဲ သူ တကယ် တက်နိုင်ပါ့မလား။

ထိုအချိန်တွင်ပင် လပြည့်ဝန်း၏ အလင်းရောင်အောက်တွင် လေးလံသော အသက်ရှူသံများနှင့်အတူ ချွေးရွှဲနေပြီး အဝတ်အစားများ ကပ်နေသည့် ပိန်သွယ်သော အရိပ်တစ်ခုမှာ ကျောက်ကမ်းပါးပေါ်သို့ အားပါးတရ ခုန်တက်လာသည်။

"အာ"

အကြီးအကဲများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။

ချန်ကျီရှင်း၏ ချောမောသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ဝမ်လင် လက်မလျှော့သရွေ့ သူ အောင်မြင်မှာ အသေအချာပင်။

တောင်ထိပ်ပေါ်သို့ ရောက်ရှိလာပြီးနောက် ဝမ်လင်မှာ ဝမ်းသာအားရ ဖြစ်သွားရန် ပြင်ဆင်လိုက်စဉ် ရှေ့တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေသော လူတစ်ဒါဇင်ခန့်ကို မြင်လိုက်ရသည်။

သူတို့၏ အရှိန်အဝါများမှာ နတ်ဘုရားများကဲ့သို့ပင်။

အထူးသဖြင့် င်္အကျီလက်စတွင် ချုပ်လုပ်ထားသော ဇီဝေပန်းတံဆိပ်ကို မြင်လိုက်သည့်အခါ ဝမ်လင်မှာ ထိတ်လန့်သွားပြီး မျက်နှာပေါ်က အပြုံးမှာ ရပ်တန့်သွားတော့သည်။

All Chapters