အခန်း ၃၈၀
Vol. 38 Ch. 380
အခန်း။ ၃၈၀
"လ... လေးစားအပ်ပါသော နတ်ဘုရားအကြီးအကဲတို့ ဝမ်လင်က ဂါရဝပြုပါတယ်"
ဒုန်း….
ဝမ်လင်၏ ဒူးတစ်ဖက်မှာ အလိုလို ကွေးညွတ်သွားပြီး ချက်ချင်းပင် ဒူးထောက်ကာ လက်အုပ်ချီ၍ ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူ၏မျက်နှာပေါ်တွင် ပြည့်နှက်နေသော ဝမ်းမြောက်ခြင်းများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။
နဖူးပေါ်တွင် ချွေးစက်များ ပြည့်နှက်လာပြီး ရင်ထဲတွင်လည်း ကြောက်ရွံ့မှုများဖြင့် တုန်လှုပ်နေသည်။
အခြေအနေ မကောင်းတော့ဘူး...ဟု သူ တွေးလိုက်မိသည်။
ညဉ့်သန်းခေါင်ယံမှာ ဇီဝေတောင်ကို တိတ်တဆိတ် တက်လာသည်ဆိုတော့ ဒီနတ်ဘုရားအကြီးအကဲတွေက ငါ့ကို သူခိုး၊ ဓားပြလို့ပဲ ထင်ကြတော့မှာ။ ဇီဝေတောင်ရဲ့ တပည့်အဖြစ် ဝင်ခွင့်ရဖို့ ဝေးရော ငါ့အသက်တောင် လွတ်ပါ့မလားမသိဘူး။
ကောင်းကင်ဘုံက သူ့ကို မျှော်လင့်ချက်လေးပေးပြီးမှ အောက်ခြေကို ပြန်ကန်ချလိုက်ပြန်ပြီဟု သူ ခါးသီးစွာ တွေးလိုက်မိသည်။
သို့သော်လည်း သူ အပြစ်ပေးခံရတော့မည်ဟု ထင်မှတ်ထားချိန်တွင်။
"သန့်ရှင်းသော သားတော်ကြီး ကျေးဇူးပြုပြီး အမြန်ထပါ"
"သန့်ရှင်းသော သားတော်ကြီးက ဘာလို့ ဒီလိုလုပ်နေတာလဲ"
"ဟားဟား သန့်ရှင်းသောသားတော်ကြီး စိတ်မပူပါနဲ့။ ကျွန်တော်တို့က ဒီမှာ သန့်ရှင်းသော သားတော်ကြီးကို စောင့်နေတာပါ"
ပုံမှန်အားဖြင့် အလွန်မြင့်မြတ်သော နတ်ဘုရားများကဲ့သို့ ထင်မှတ်ရသည့် သူတို့သည် သူ၏လက်ကို ဆွဲမကာ ကြင်နာစွာ ပြုံးပြနေကြသည်။
"အာ..."
ဝမ်လင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မည်သို့မှ မတွေးတက်တော့ပေ။
"သန့်ရှင်းသော သားတော် ဘယ်က သားတော်လဲ"
ဝမ်လင်သည် နောက်ဘက်ရှိ တိတ်ဆိတ်နေသော ကျောက်ကမ်းပါးကို ကြည့်လိုက်ပြီး ဘေးသို့ ရွေ့ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"နတ်ဘုရားအကြီးအကဲတို့... ကျွန်တော့်ကို မှားနေကြတာလား။ ကျွန်တော်က လင်အန်းမြို့အပြင်က သာမန်လယ်သမားလေးပါ။ ဘယ်လိုလုပ်ပြီး သားတော် ဖြစ်နိုင်မှာလဲ"
ထိုစကားကြောင့် အကြီးအကဲများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြသည်။
အကြီးအကဲ ဇောင်ကွမ်းက ရယ်မော၍ ပြောသည်။
"မင်းက ငါတို့ ဇီဝေချန်မိသားစုရဲ့ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ခန့်အပ်လိုက်တဲ့ တပည့်ရင်းပဲ။ မင်းက သားတော် မဟုတ်ရင် ဘယ်သူက ဖြစ်မှာလဲ"
အကြီးအကဲ ဂွေချန်ကလည်း ပြုံး၍ ခေါင်းညိတ်သည်။
"မင်းရဲ့ မူလအစက သာမန်ဖြစ်ပေမဲ့ မင်းက ဇီဝေကြယ်တာရာရဲ့ ဆရာသခင်ရဲ့ တပည့်ရင်းပဲ။ အရှေ့နက်မဲသောနယ်မြေ တစ်ခုလုံးမှာ မင်းလို အဆင့်အတန်းမျိုး ဘယ်သူက ရှိလို့လဲ"
ဝမ်လင်မှာ လုံးဝ နားမလည်နိုင်တော့ဘဲ အာရုံများ ရှုပ်ထွေးသွားသည်။
သူ သာမန်လူတစ်ယောက်အတွက် ဤမျှကြီးမားသော ဂုဏ်ပုဒ်များ ရလာခြင်းကြောင့် ဝမ်းသာရမည့်အစား ကြောက်ရွံ့မှုများက ပိုကြီးထွားလာသည်။
"အကြီးအကဲတို့ ကျွန်တော်က ပုရွက်ဆိတ်တစ်ကောင်လို သာမန်လူပါ။ ဇီဝေကြယ်တာရာရဲ့ ဆရာသခင် ဆိုတာမျိုးကို ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ။ အကြီးအကဲတို့ မှားနေပြီ အမှန်အတိုင်း ပြောရရင် ကျွန်တော် သိတာက ဇီဝေချန်မိသားစုက ဆံပင်ဖြူနဲ့ နတ်ဘုရားအကြီးအကဲတစ်ယောက်ကိုပဲ။ သူက ဒီတောင်ကို တက်နိုင်ရင် တပည့်အဖြစ် လက်ခံမယ်လို့ ပြောခဲ့တာပါ။ ဂိုဏ်းချုပ်ကြီးတော့ မဟုတ်ပါဘူး..."
ထိုစကားကို ကြားသောအခါ အကြီးအကဲများမှာ သူ့ကို ပို၍ပင် လေးစားသွားကြသည်။
ဝမ်လင် စိုးရိမ်တကြီး ရှင်းပြနေစဉ်မှာပင်။
"ဘာလဲ ဝမ်လင်... ငါ့တပည့် ဖြစ်ရတာ မင်းအတွက် ရှက်စရာ ဖြစ်နေလို့လား"
အသံတစ်သံ ပေါ်လာသည်။
"ဆံပင်ဖြူနဲ့ နတ်ဘုရားအကြီးအကဲ"
ထိုအသံကို ကြားလိုက်ရသဖြင့် ဝမ်လင်မှာ ဝမ်းသာအားရ ဖြစ်သွားသည်။ ရသူသည် အကြီးအကဲများကြားမှ တိုးထွက်ကာ ရှာဖွေလိုက်သည်။
"နတ်ဘုရားအကြီးအကဲ ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီ။ ကျွန်တော်က သားတော် မဟုတ်..."
သူ၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။
သူ့မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဖြူဖွေးသော ဆံပင်များနှင့်အတူ မယုံနိုင်စရာကောင်းလောက်အောင် ချောမောသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
လပြည့်ဝန်းအောက်တွင် ရှိနေသည့် ထိုလူငယ်မှာ လူသားတစ်ယောက် မဟုတ်ဘဲ နတ်ဘုရားတစ်ပါးနှင့် တူနေသည်။
သူ၏ မျက်နှာသွင်ပြင်မှာ ပြတ်သားပြီး ခန့်ညားလွန်းလှသည်။
အထူးသဖြင့် သူ၏ ရှည်လျားပြီး ကျဉ်းမြောင်းသော မျက်ဝန်းများမှာ နတ်ဘုရားများကဲ့သို့ တောက်ပနေသဖြင့် တည့်တည့်ကြည့်ရန်ပင် ခက်ခဲလှသည်။
ဒုန်း
"ဝမ်လင်က ဇီဝေကြယ်တာရာရဲ့ ဆရာသခင်ကို ဂါရဝပြုပါတယ်"
ဝမ်လင်မှာ ကျယ်လောင်စွာ ဒူးထောက်လိုက်ပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူသည် ချန်ကျီရှင်းကို ခိုးကြည့်လိုက်ရာ ဆံပင်ဖြူနှင့် အဘိုးအို၏ ပုံရိပ်နှင့် ယခုလူငယ်၏ ပုံရိပ်မှာ တစ်ထပ်တည်း ကျသွားသည်ကို သတိပြုမိလိုက်သည်။
"ကောင်လေး ဆရာလို့ မခေါ်တော့ဘူးလား"
ချန်ထျန်းချန်းက သူ့ခေါင်းကို အသာခေါက်ကာ ပြောသည်။
ဝမ်လင်မှာ ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ရွှင်လန်းစွာ အော်ဟစ်လိုက်သည်။
"တပည့် ဝမ်လင်... ဆရာ့ကို ဂါရဝပြုပါတယ်"
"ကောင်းပြီ"
ချန်ကျီရှင်းမှာ အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင်
[တိန့် သင်သည် ကောင်းကင်ဘုံက ရွေးချယ်ထားသော ဇာတ်လိုက်တစ်ဦးကို တပည့်အဖြစ် လက်ခံလိုက်သဖြင့် သူ၏ ကံကြမ္မာနှင့် အရည်အချင်းစွမ်းအား အချို့ကို ရရှိလိုက်ပါပြီ]
[သင်၏ ကနဦး ကံကြမ္မာတန်ဖိုး မှာ 2500% ဖြစ်ပြီး 500% တိုးမြှင့်လိုက်သဖြင့် စုစုပေါင်း 3000% ဖြစ်သွားပါပြီ]
[သင်၏ ဘွဲ့နာမ: အနန္တဖန်ဆင်းရှင်]
[သင်၏ စင်ကြယ်သောမြေ ဒိုဂျိုအဆင့်: အဆင့် ၂ ]
[သင်သည် အကြောင်းနှင့်အကျိုး တာအိုမျိုးစေ့ကို ရရှိလိုက်ပါပြီ။ ၎င်းကို အသက်သွင်းလိုပါသလား]
စနစ်၏ အသိပေးချက်များမှာ ချန်ကျီရှင်း၏ စိတ်ထဲတွင် ဆက်တိုက် ပေါ်လာသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ သူက ဇာတ်လိုက်တစ်ယောက်ပဲ။ ပြီးတော့ တပည့်တစ်ယောက် လက်ခံလိုက်ရုံနဲ့ ကံကြမ္မာတန်ဖိုး 500 တိုးလာတာ။ ဝမ်လင်ရဲ့ ကံကြမ္မာက ကလေးငယ်လေးထက် မလျော့ဘူးပဲ"
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် အရောင်လက်သွားသည်။
ဒါထက် ပိုထူးဆန်းတာက ဝမ်လင်က ကျင့်ကြံခြင်းကိုတောင် မစရသေးဘဲနဲ့ အကြောင်းနဲ့အကျိုး တာအိုမျိုးစေ့ကို ဘာဖြစ်လို့ ရသွားရတာလဲ...
ဇာတ်လိုက်အတော်များများကို ရင်ဆိုင်ပြီးတဲ့နောက်မှာတော့ာငါ စနစ်ရဲ့ ဆုလာဘ်တွေပေးတဲ့ပုံစံကို အကြမ်းဖျင်း သဘောပေါက်ထားပြီးသားပါ။ ပုံမှန်ဆိုရင်တော့ ဆုလာဘ်တွေဆိုတာ အဲဒီဇာတ်လိုက် ပိုင်ဆိုင်ထားတဲ့အရာတွေထဲကနေ ကျပန်းထုတ်ယူပေးတာမျိုးပဲ ဖြစ်ရမယ်။
ဒါပေမဲ့... ဝမ်လင်က ကျင့်ကြံခြင်းအဆင့်တောင် မရှိသေးဘဲနဲ့ ဒီလို အကြောင်းနဲ့အကျိုး တာအိုမျိုးစေ့ကို ဘယ်လိုလုပ်ပြီး ရသွားရတာလဲ...
အကြောင်းနှင့်အကျိုး တာအိုဆိုသည်မှာ တာအိုသုံးထောင်ထဲတွင် ထိပ်တန်းဝင်ဖြစ်ပြီး ချန်ကျီရှင်း ကျင့်ကြံနေသည့် အသက်နှင့်သေခြင်း တာအိုနှင့်ပင် သိပ်မကွာလှပေ။
"အင်း ဇာတ်လိုက်တစ်ယောက်က ဘာလို့ ဒီလောက် သာမန်ဖြစ်နေတာလဲ..."
ချန်ကျီရှင်းက သံသယဖြင့် မျက်မှောင်ကြုတ်လိုက်စဉ်မှာပင် ရုတ်တရက် သူ၏ အသိဉာဏ်ပင်လယ်အတွင်းရှိ သက်တမ်းစာအုပ်မှ စာမျက်နှာသည် မကြုံစဖူး တိတ်တဆိတ် လှန်သွားသည်။
ထိုစာမျက်နှာပေါ်တွင် အနက်ရောင်အဝတ်အစား၊ အနက်ရောင်ဆံပင်နှင့် ပုဂ္ဂိုလ်တစ်ဦးက အချိန်၏မြစ်ကမ်းပါးတွင် ပလ္လင်ခွေထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူ၏ အနောက်ဘက်တွင် မွေးရာပါ ရှေးဦးပရမ်းပတာ နတ်ဆိုးကြီးများ၏ ရုပ်အလောင်းများမှာ အေးစက်စွာ ပျံ့လွင့်နေပြီး သွေးစက်များမှာ လေဟာနယ်ထဲသို့ ကျဆင်းနေသည်။
ခရမ်းရောင် ပရမ်းပတာ စွမ်းအင်များက သူ့ကို လွှမ်းခြုံထားပြီး အထက်ဘုံ နတ်မင်းကြီးတစ်ပါးကဲ့သို့ ခံ့ညားနေသည်။
အချိန်၏အဆုံးသတ်တွင် ထိုင်နေသော ထိုအနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်မှာ တစ်စုံတစ်ခုကို ရိပ်မိသွားသကဲ့သို့ ခေါင်းကိုဖြည်းညှင်းစွာ မော့ကာ ချန်ကျီရှင်းကို ကြည့်လိုက်သည်။
ဘုန်း…..
ထိုအခိုက်အတန့်တွင် ထိုပုဂ္ဂိုလ်၏ အကြည့်မှာ လောကီအချိန်ဇယားမှ လွတ်ကင်းနေသကဲ့သို့ ထာဝရအေးစက်ပြီး တည်ငြိမ်နေသည်။
"ငါက တိတ်ဆိတ်ခြင်းပဲ။ ဘယ်သူက... ငါ့ရဲ့ အကြောင်းအကျိုးဆက်ကြောင်းကို ဝင်နှောင့်ယှက်ရဲတာလဲ"
ခဏအကြာတွင် သက်တမ်းစာအုပ်ပေါ်ရှိ ပုံရိပ်မှာ ပေါက်ကွဲထွက်သွားသည်။
သက်တမ်းစာအုပ်ကိုယ်တိုင်ကလည်း အက်ကွဲသွားပြီး အလင်းရောင်တန်းကြီးတစ်ခု ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ကြောက်လန့်စွာ ကျုံ့ဝင်သွားပြီး သူ၏ စိတ်အာရုံများမှာ ရုတ်တရက် တုန်လှုပ်သွားတော့သည်။