အခန်း ၁၂၉၂
Vol. 130 Ch. 1292
အခန်း (၁၂၉၂) လင်းရွှီဂူ၏ တန်ပြန်တိုက်ခိုက်မှု ၂
ထို့ကြောင့် သူတို့က အရာအားလုံးကို သေချာစွာ စီစဉ်နေချိန်တွင်၊ သတိမထားမိနိုင်သော နေရာများစွာမှ စိမ်းသက်နေသောပုံရိပ်အများအပြားက တိတ်ဆိတ်စွာ ဝင်ရောက်လာကြသည်။
ကျန့်နင်းစီရင်စု၏ နယ်နမိတ်..
မသေမျိုးများ၏အကူအညီဖြင့်၊ လအနည်းငယ်အတွင်း ကောင်းကင်မျှော်စင်တောင်ကဲ့သို့ပင် သက်ဝင်လှုပ်ရှားမှုအရိပ်အယောင်များ စတင်ပေါ်ပေါက်လာသည်။
မြို့သူမြို့သားများက အဝတ်အစားသစ်များကို ဝတ်ဆင်ကြပြီး ရေတွင်း နံဘေးတွင် စုရုံးကာ ရေကို အားရပါးရသောက်သုံးနေကြ၏။
လျှော်အင်္ကျီဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဖြည်းညှင်းစွာလျှောက်လှမ်းလာပြီး အစားအစာလည်း မယူသလို ရေလည်း မသောက်ပေ။ သူက ပတ်ဝန်းကျင်ရှိကြမ်းတမ်းသော အိမ်များကို ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။
ထိုအမျိုးသားက သစ်ပင်ကြီးတစ်ပင်၏ အောက်ခြေသို့ အေးအေးလူလူ လျှောက်သွားပြီး မှီ၍ ထိုင်လိုက်၏။
အဘိုးအိုတစ်ဦးက သူ၏ထူးဆန်းမှုကို သတိပြုမိသွားပြီး၊ တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် သူ၏လက်ထဲမှ ကိတ်မုန့်တစ်ဝက်ကို ကမ်းပေးလိုက်သည်။ "ဗိုက်ဖြည့်မလား"
အတိတ်ကာလ ဂျန်နင်းစီရင်စုတွင် ဤကဲ့သို့သောအရာမှာ လုံးဝ စိတ်ကူး၍ပင် မရနိုင်ပေ။
"ဘဝက ပိုပြီး အဆင်ပြေလာပါပြီ"
အဘိုးအိုက ပြုံးလိုက်ရာကျိုးပဲ့နေသော အဝါရောင် သွားများကို မြင်လိုက်ရ၏။
အမျိုးသားက မျက်လုံးများကိုပင့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး၊ ကိတ်မုန့်ကို လှမ်းမယူဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ဒီကောင်းမွန်တဲ့ ဘဝကြီးကသိပ်မကြာခင် ပြီးဆုံးသွားမယ်ဆိုရင်ကော"
ဤစကားကို ကြားသောအခါ အဘိုးအိုမှာ တစ်ခဏမျှမှင်တက်သွားပြီးနောက်၊ သူ၏မျက်နှာက ဒေါသကြောင့် တွန့်လိမ်သွားသည်။ သူက ကိတ်မုန့်တစ်ဝက်ကို ပြန်လုယူလိုက်ပြီး သူ၏ရှေ့ရှိ အမျိုးသားကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်၏။
ဤကဲ့သို့ နိမိတ်မကောင်းသော စကားများကို ပြောဆိုခြင်းမှာ အသုဘအိမ်တွင် ကျိန်ဆဲနေခြင်းနှင့် တူညီသည်။
မူလကရေတွင်း နံဘေးတွင် စုရုံးနေကြသော လူများကလည်း သူ့ကိုတိတ်ဆိတ်စွာ ဝိုင်းရံလာကြပြီး၊ လက်သီးများကို ဆုပ်ကာသစ်ပင်အောက်ရှိ အမျိုးသားကို အေးစက်စွာ စိုက်ကြည့်နေကြရာ နေရာတစ်ခုလုံး ပိတ်ဆို့သွားသည်အထိပင်။
အစစ်အမှန်အရှင်မ ယိုယောင် ပေးသနားထားသော ကောင်းမွန်သည့်ဘဝကြီးက ဤမျှလွယ်ကူစွာ ပျောက်ကွယ်သွားနိုင်မည် မဟုတ်ပေ။
"ထွက်သွားစမ်း" တစ်စုံတစ်ယောက်က တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး၊ အခြားသူများကလည်း လိုက်လံ အော်ဟစ်ကြ၏။
အရိုးစုများအလားပိန်ချုံးနေပြီး အသက်ရှင်နေသော အလောင်းကောင်များနှင့် တူသည့် လူတစ်စုက တစ်လှမ်းချင်း အနီးသို့ တိုးကပ်လာကြသည်။
"ကျွတ်"
အမျိုးသားက သစ်ပင်ကို အေးအေးလူလူမှီနေပြီး၊ တစ်စုံတစ်ယောက်က လက်သီးရွယ်လာချိန်မှသာ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။
ရုတ်တရက် မသေမျိုးအလင်းတန်း တစ်ခုက လင်းလက်သွားပြီး၊ သူ၏လျှော်အင်္ကျီကို မျက်တောင်တစ်ခတ်အတွင်း လင်းရွှီဂူတပည့်တစ်ဦး၏ ရိုးရှင်းသောဝတ်ရုံများအဖြစ်သို့ ပြောင်းလဲသွားစေသည်။
"မင်းတို့ကိုကျိန်ဆဲဖို့ ရည်ရွယ်ချက်မရှိပါဘူး"
သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး၊ အမည်းရောင်တိမ်တိုက်များကို နင်းထားသော ပုံရိပ်တစ်ခု၏ရုပ်တုကို သစ်ပင်အောက်တွင်ရိုသေစွာ ချထားလိုက်ကာ သစ်ပင်စည်ပေါ်တွင် လက်ချောင်းထိပ်ဖြင့်ညင်သာစွာ ထွင်းထုလိုက်၏။
"စာဖတ်တတ်လား"
ဒုက္ခသည်များက ဤအပြောင်းအလဲကြောင့် မှင်တက်သွားကြပြီး ကြက်သေသေရပ်နေကြသည်။
"ဒီနာမည်ကို မှတ်ထား၊ အကယ်၍ အပြောင်းအလဲတွေဖြစ်လာရင် ဒီနာမည်ကို ရွတ်ဆိုပါ၊ အဲဒါက မင်းတို့ရဲ့အသက်တွေကို ကာကွယ်ပေးနိုင်တယ်"
လင်းရွှီဂူ တပည့်က လူအုပ်ထဲမှ ကြော့ရှင်းစွာ လျှောက်ထွက်လာပြီး ကျန့်နင်စီရင်စု၏ဆင်ခြေဖုံးရပ်ကွက်ဆီသို့ ဦးတည်သွား၏။
ဒုက္ခသည်များက သစ်ပင်စည်ကို မှင်တက်စွာ စိုက်ကြည့်နေကြသည်။ "ထိုက်ရွှီ... အစစ်အမှန်အရှင် ထိုက်ရွှီ"
သူတို့ တုံ့ပြန်မှုမလုပ်နိုင်မီမှာပင် သူတို့၏အနောက်မှ ဒေါသတကြီးအသံများ ထွက်ပေါ်လာပါသည်။
"ရဲတင်းလှချည်လား၊မင်းတို့လို ညစ်ပတ်တဲ့ကောင်တွေက ငါ့ဆရာယိုယောင်ရဲ့ နယ်မြေထဲကို ခြေချရဲတယ်ပေါ့"
ချင်းကွမ်းတောင်မှ တပည့်တစ်ဦးက ပုံမှန်မဟုတ်မှုများကို သတိပြုမိသွားပြီး ကောင်းကင်မှ အလျင်အမြန် ဆင်းသက်လာသည်။ ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို မြင်သောအခါ သူ၏မျက်နှာမှာ နီရဲသွား၏။ "ဘာတွေ ကြည့်နေကြတာလဲ၊ သေချင်နေတာလား၊ ငါ့အမိန့်နဲ့ အခုချက်ချင်း လူစုခွဲကြစမ်း"
ထိုသို့ပြောပြီးနောက် သူကလက်ကို မြှောက်ကာ သစ်ပင်အောက်ရှိရုပ်တုကို ဖုန်မှုန့်အဖြစ် ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ချင်းကွမ်းအလင်းတန်းတစ်ခုကို စေလွှတ်လိုက်သည်။
သို့သော် ချင်းကွမ်းအလင်းတန်းက လမ်းတစ်ဝက်တွင်ပင် တွန့်လိမ်သွားပြီး ပျောက်ကွယ်သွားပါသည်။
ဤသည်ကို မြင်သောအခါ ချင်းကွမ်းဂူ တပည့်မှာ ဒေါသထွက်လွန်း၍ရယ်ချင်သွားသည်။ သူက ဤသူနှင့် ပြဿနာမရှာရသေးသော်လည်း၊ လင်းရွှီဂူ က ဤမျှမာနထောင်လွှားစွာ ပြုမူရဲနေသည်။
ဂိုဏ်းနှစ်ခုကြားရှိ ကွာဟချက်နှင့်အတူ၊ အပြင်ထွက်သည့်အခါ လင်းရွှီဂူက ချင်းကွမ်းဂူကို အမြဲတမ်းရှောင်ရှားလေ့ရှိသော်လည်း၊ ယနေ့တွင်မူ ၎င်းက ကောင်းကင်ကို ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်သည်။
မျက်တောင်တစ်ခတ်အတွင်း သူ၏လက်ချောင်းများက ချင်းကွမ်း အလင်းတန်းဖြင့် လင်းလက်သွားပြီး၊ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်တွင် သူ၏လက်ဖဝါးများက လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ဓား တစ်လက်က သူ၏ လည်ပင်းဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"လုပ်လေ၊ ငါတို့ရဲ့ အစစ်အမှန်အရှင်ရဲ့ ရုပ်တုကို ထိကြည့်လိုက်စမ်းပါ၊ ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့"
ကောင်းကင်ဓားကို လက်တွင် ကိုင်ဆောင်ထားလျက်၊ လင်းရွှီဂူ တပည့်က ပြိုင်ဘက်၏ပါးကို ဓားပြားဖြင့် ညင်သာစွာရိုက်လိုက်ပြီး၊ ယခင်က မရှိခဲ့ဖူးသောရဲဝံ့မှုဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။
အတိတ်ကဆိုလျှင် ပြိုင်ဘက်ထက် ကျင့်ကြံခြင်း ပိုမြင့်မားနေလျှင်ပင် သူက ရန်စရဲမည်မဟုတ်ပေ။ သို့သော် ဆရာဦးလေးထိုက်ရွှီ က ကောင်းကင်မျှော်စင်တောင်ပေါ်တွင် ဗောဓိသတ္တငါးပါးကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်ခဲ့သည်ကို မျက်မြင်တွေ့ရှိပြီးကတည်းက၊အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"မင်း..."
ချင်းကွမ်းဂူ တပည့်က ဓားအတွင်းရှိ ကပ်ဘေးစွမ်းအားကို ခံစားလိုက်ရပြီး၊ ဒေါသထွက်နေပုံရသော်လည်း မလှုပ်ရဲပေ။
မြောက်ပိုင်းတိုက်ကြီးတွင် အစစ်အမှန်အရှင်မ ယိုယောင်အတွက် အခြေအနေများ ပြောင်းလဲနေပြီဖြစ်ကြောင်းကို ယခုမှသာ သူသဘောပေါက်သွားသည်။
အမြဲတစေ အလျှော့ပေးလေ့ရှိသော လင်းရွှီဂူ ပင်လျှင် ယခုအခါ သူတို့၏နယ်မြေပေါ်တွင် ပြဿနာလာရှာရဲနေပြီ ဖြစ်သည်။
သူ မသိခဲ့သည်မှာ ဤမြင်ကွင်းက တစ်ခုတည်းသော ဖြစ်ရပ်မဟုတ်ကြောင်းပင်။ အလားတူ အခြေအနေများက ကျယ်ပြန့်သော စီရင်စုလေးခု အနှံ့အပြားတွင် ဖြစ်ပေါ်နေသည်။
အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ကြောင်း စီနီယာအစ်ကို ယွင်မြောင် အား အသိပေးလိုသော်လည်း၊ အေးစက်နေသော ဓားသွားအောက်တွင် သူက ကျောက်စိမ်းပြား ကို မလိုလားစွာဖြင့်သာ ပြန်သိမ်းလိုက်ရသည်။
အချိန်အနည်းငယ် အကြာတွင်..
ဟိန်းဟောက်နေသော နတ်ဆိုး အသံတစ်ခုက အဝေးမှ ထွက်ပေါ်လာသော်လည်း ရှင်းလင်းစွာ ကြားနိုင်ပြီး၊ ၎င်း၏ပဲ့တင်ထပ်နေသော အသံက လျင်မြန်စွာ ပြန့်နှံ့သွားသည်။
ဝေါင်း...
တွေဝေနေခဲ့သော ဒုက္ခသည်များက မွေးရာပါ အကြောက်တရားကြောင့် ရုတ်တရက်နိုးကြားလာပြီး အလိုအလျောက် ထွက်ပြေးချင်သွားကြ၏။
ထိုအခိုက်အတန့်တွင် ထိုညင်သာသော အသံက သူတို့၏နားထဲသို့ ထပ်မံ ဝင်ရောက်လာပါသည်။
"စောစောက ငါ မင်းတို့ကို ပြောခဲ့တာကို မမေ့နဲ့"
လင်းရွှီဂူတပည့်က ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး၊ သစ်ပင်အောက်ရှိ ရုပ်တုကိုလှည့်ကြည့်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
ဒုက္ခသည်များက တစ်ခဏမျှရပ်တန့်သွားကြသည်။ မရေမတွက်နိုင်သော နတ်ဆိုး ကပ်ဘေးများကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ဖူးရာ၊ ဤကဲ့သို့ ကမ္ဘာမြေကိုတုန်လှုပ်စေသော ကသောင်းကနင်း ဖြစ်မှုအတွင်း အသက်ကင်းမဲ့နေသော ရုပ်တုတစ်ခုထံသို့ သူတို့၏အသက်များကို ဘယ်လိုလုပ်ပြီး အပ်နှင်းနိုင်မည်နည်း။
နတ်ဆိုး၏ဟိန်းဟောက်သံက ပိုမို ဆူညံလာပြီး ထိတွေ့နိုင်သော လေလှိုင်းများအဖြစ်ပင် ဖြစ်ပေါ်လာလုမတတ် ဖြစ်သည်။
ထိတ်လန့်တကြားဖြင့် သူတို့က အော်ဟစ်ကာ နောက်တစ်ကြိမ်ရူးသွပ်စွာ ပြေးလွှားကြတော့သည်။
တစ်ချိန်တည်းမှာပင် ဧရာမ အရိပ်ကြီးတစ်ခုက ကမ္ဘာမြေကို ရုတ်တရက်လွှမ်းခြုံသွားပြီး၊ နေနှင့် လတို့ အလင်းရောင်ဆုံးရှုံးသွားကာ ထာဝရ ညအမိုက်အမှောင်ထဲသို့ ကျဆင်းသွားသကဲ့သို့ဖြစ်သွားသည်။
တစ်စုံတစ်ယောက်က ကြောက်ရွံ့စွာဖြင့် အထက်သို့ မော့ကြည့်လိုက်ရာ၊ ၎င်းမှာ မဟာနတ်ဆိုးကြီး၏ တိုက်ခိုက်မှု မဟုတ်ကြောင်း သဘောပေါက်သွားသည်။
ကြည်လင်သောရေထဲသို့ မင်ရည်ချလိုက်သကဲ့သို့ ၎င်းက မျက်စိရှေ့တွင်ပြန့်နှံ့သွားပြီး လှိုင်းထန်နေသော အမည်းရောင်တိမ်တိုက်များအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းကို သိမ်းပိုက်သွားခဲ့၏။
အမည်းရောင် တိမ်တိုက်များက ကောင်းကင်ယံကို လွှမ်းခြုံထားသော်လည်း မကောင်းဆိုးဝါးဆန်သည့် ပုံမပေါ်ဘဲလွှမ်းမိုးနိုင်စွမ်းရှိသော ကြီးမားကျယ်ပြန့်မှုကိုသာ ပေးစွမ်းသည်။
သေမျိုးများ၏မျက်စိဖြင့်ဆိုလျှင် ကောင်းကင်ကန့်လန့်ကာ ကြီးကိုသာ မြင်တွေ့နိုင်ပြီး၊ အတွင်းရှိ စစ်မှန်သောအနှစ်သာရကို မသိမြင်နိုင်ပေ။
သို့သော် ကျန့်နင်စီရင်စုဆီသို့ ပြေးဝင်လာသော မဟာနတ်ဆိုးကြီးမှာ ဤအပြောင်းအလဲကြောင့် ရပ်တန့်သွားပြီး၊ ခြေအောက်တွင် သက်ရှိသတ္တဝါများရှိနေသော်လည်း မလှုပ်ရှားရဲပေ။
၎င်းက နောက်ဆုတ်ရန်လည်း မရဲသလို ရှေ့ဆက်ရန်လည်းမရဲဘဲ တွေဝေစွာ ရပ်နေရုံသာ တတ်နိုင်တော့သည်။
ယိုယောင်၏နယ်မြေကို စောင့်ကြည့်နေခဲ့သော မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များက ရုတ်တရက် ဖြစ်ရပ်များကြားတွင် အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြ၏။
"ဒါက..."
တကယ်တမ်းတွင် မည်သည့်စကားမှ မလိုအပ်ပေ။ အမည်းရောင် တိမ်တိုက်များ၏ဗဟိုချက်တွင် လွင့်မျှောနေသော အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်ကို သူတို့အားလုံး မြင်တွေ့လိုက်ကြသည်။
ထိုနေရာရှိ ချောမောသောလူငယ်လေးက စီရင်စုလေးခုကို လွှမ်းခြုံကာ အောက်ဘက်သို့ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ သိပ်သည်းသော တိမ်တိုက်များမှ ကျဆင်းလာသော အရိပ်ကြီးက ဧရာမ လက်သည်းကြီးတစ်ခုအလား ကမ္ဘာမြေကို ၎င်း၏ဆုပ်ကိုင်မှုအတွင်း တဖြည်းဖြည်း လွှမ်းခြုံလာသည်။
ဘာမှမလုပ်သော်လည်း အဝေးတစ်နေရာရှိ တပည့်များအား ပြင်းထန်သောဖိနှိပ်မှုခံစားချက်ကို သူက ရိုက်သွင်းပေးခဲ့သည်။
ဤသည်မှာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည်ဟူသော ယုံကြည်မှုပင်။
"စီနီယာအစ်ကို ထိုက်ရွှီ က တန်ပြန်တိုက်ခိုက်ဖို့ စီစဉ်နေတာပဲ"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က တုံ့ပြန်လိုက်ပြီး၊အံ့သြနေသော်လည်း မည်သည့်အရာမျှ မှားယွင်းနေသည်ဟု မခံစားရဘဲ၊ ယင်းအစား ၎င်းမှာ ပုံမှန်ဖြစ်သည်ဟုပင် ထင်ရသည်။
မည်သို့ပင်ဆိုစေ စီနီယာအစ်မ ယိုယောင် က ခိုင်ယွမ်စီရင်စုအပေါ် အရင်စတင် တိုက်ခိုက်ခဲ့သော်လည်း ကျရှုံးခဲ့ရာ၊ လက်တုံ့ပြန်မှု အချို့မှာ မလွဲမသွေဖြစ်လာမှာအသေမချာပင်။
စီနီယာအစ်မ ယိုယောင် က ဧကရာဇ်ချီကို သိမ်းပိုက်ရန် ကြိုးပမ်းနေစဉ်အတွင်း၊ စီရင်စု လေးခုလုံးကို တစ်ပြိုင်နက်တည်း သိမ်းယူရန်ရည်ရွယ်ထားသော စီနီယာအစ်ကို ထိုက်ရွှီ၏ တန်ပြန်တိုက်ခိုက်မှုက ဤမျှလျင်မြန်ပြီး ရက်စက်လိမ့်မည်ဟုသာ မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
ဤမျှကျယ်ပြန့်သော တာအိုနယ်မြေ ယှဉ်ပြိုင်မှုမျိုးက မြောက်ပိုင်းတိုက်ကြီး တစ်ခုလုံးတွင် တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
မြင်ကွင်းကို ကြည့်ရှုခံစားနေကြသော ဂိုဏ်းတူတပည့် အများအပြားနှင့် နှိုင်းယှဉ်ပါက။
ကျန့်နင်စီရင်စု မြို့တော်တွင်..
အစစ်အမှန်အရှင် ယွင်မြောင်ကလည်း အမည်းရောင်တိမ်တိုက်များကို မြင်တွေ့ခဲ့ရပြီး၊ အတွင်းရှိ ပုံရိပ်ကို စူးစိုက်ကြည့်ကာ မည်သည့်အရာဖြစ်လာတော့မည်ကို နားလည်သွားသည်နှင့် တစ်ပြိုင်နက်၊ သူ၏မျက်လုံးများတွင် ဒေါသတကြီးနာကြည်းမှုများ ပြည့်နှက်သွားသည်။
ဘာဖြစ်လို့လဲ၊ ငါ့ကိုဘာလို့ အကြိမ်ကြိမ် ဒုက္ခပေးနေရတာလဲ။
အနီးအနားရှိ တာအိုနယ်မြေနှင့် ခေါင်းပေါ်တွင် ဝဲပျံနေသော မသေမျိုးဧကရာဇ်နေရာတို့က ရုတ်တရက် အလှမ်းဝေးသွားသကဲ့သို့ပင်။
တောင်အောက်သို့ ဆင်းလာကတည်းက၊ ယွင်မြောင်က မည်သူနှင့်မျှ ဆက်ဆံရေးပျက်ပြားအောင် မလုပ်ခဲ့ပေ။ ရှန်းယီကြောင့် ဒေါသထွက်ခဲ့ရချိန်တွင်ပင် သူ့ကိုလူကိုယ်တိုင် မကျိန်ဆဲခဲ့ဖူးရာ အကြမ်းဖက်ရန်ဆိုသည်မှာ ပို၍ပင်ဝေးကွာလှသည်။
သို့သော် ယနေ့တွင် သူကဆက်လက် သည်းခံနေမည်ဆိုပါက သူ၏နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ခြင်းအားလုံးမှာ အလဟဿဖြစ်သွားပေလိမ့်မည်။
ယွင်မြောင်က ထိုပုံရိပ်က အမည်းရောင်တိမ်တိုက်များအတွင်း တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အရှေ့ဘက်သို့ ဦးတည်သွားသည်ကိုကြည့်နေ၏။ သူကမျက်နှာများတွန့်လိမ်ရင်း အထက်သို့ ပျံတက်သွားပြီး တိုက်ရိုက်လိုက်လံဖမ်းဆီးတော့သည်။