← Chapters

အခန်း ၁၂၉၄

Vol. 130 Ch. 1294

အခန်း ၁၂၉၄

Vol. 130 Ch. 1294

အခန်း (၁၂၉၄) မင်းက လင်းရွှီဂူရဲ့ ထိပ်တန်းတပည့်ဆိုရင် ဒီရှန်းကရော ဘယ်သူလဲ

အစစ်အမှန်အရှင် ထိုက်ရွှီက ဂိုဏ်းထဲသို့ ယခုမှ ဝင်ရောက်လာပြီး ဤအခွင့်အရေးများကို မခံစားရသေးသော်လည်း၊ သူက သူ၏ စီနီယာအစ်ကိုကို မျက်နှာချင်းဆိုင် အမှန်တကယ်ဖီဆန်ခဲ့ပါက၊ သတင်းပျံ့နှံ့သွားလျှင် သူ၏ ဂုဏ်သတင်းကို အမှန်တကယ် ထိခိုက်စေပါလိမ့်မည်။

သူတို့က သက်ပြင်းချလိုက်ကြပြီး ဤကဲ့သို့သော စီနီယာအစ်ကိုမျိုးနှင့် ကြုံတွေ့ရခြင်းမှာ သေချာပေါက် ကံဆိုးခြင်းပင်။

ဤအခိုက်အတန့်တွင် ကောင်းကင် ကန့်လန့်ကာ တွင် ဝဲပျံနေသော အမြဲတစေတည်ငြိမ်သည့် ရှန်းယီက အခြားသူများ ထင်ထားသကဲ့သို့ ဒေါသထွက်ခြင်း သို့မဟုတ် နာကြည်းခြင်း အရိပ်အယောင်မျှ မပြသခဲ့ပေ။

မေးခွန်းကို ကြားသောအခါ၊ သူက သူ၏အကြည့်ကို ဖီးနစ် နတ်ဆိုးထံမှ ယွင်မြောင်ထံသို့ ပြောင်းလဲလိုက်ပြီး၊ နောက်တစ်ခဏတွင် "ဘယ် မျိုးဆက်ခွဲ က စီနီယာအစ်ကို လဲ"ဟု ညင်သာစွာ မေးလိုက်သည်။

စော်ကားသည့်လေသံလုံးဝ မပါဝင်သော ဤရှင်းလင်းသည့် အသံက လူတိုင်း၏နားထဲသို့ ကျရောက်သွားသည်။

လူတိုင်းမှာ တစ်ခဏမျှ မှင်တက်သွားကြပြီး၊ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်မှသာ ဤ ထိုက်ရွှီ စီနီယာအစ်ကို၏ အဓိပ္ပာယ်ကို သဘောပေါက်သွားကြသည်။

ယခု ဤစီရင်စုလေးခု နယ်မြေထဲသို့ ဝင်ရောက်လာပြီး သူက လင်းရွှီဂူ မျိုးဆက်ခွဲ ကိုယ်စား တိုက်ပွဲဝင်နေခြင်းဖြစ်ကာ၊ ဤမဟာ ကပ်ဘေးအတွင်း သူ၏မသေမျိုး ဂူ အတွက် ထာဝရ ယုံကြည်မှုစွမ်းအင်ရင်းမြစ်များကို ရယူနိုင်ရန်ရည်ရွယ်ခြင်း ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေများအောက်တွင်၊ လင်းရွှီဂူ၏ ထိပ်တန်းတပည့်ဖြစ်သော ယွင်မြောင်က ချင်းကွမ်းဂူ၏ အကျိုးအတွက် သူ၏ရှေ့တွင် အံ့သြဖွယ်ကောင်းလောက်အောင် ရပ်တည်နေခြင်း ဖြစ်သည်။

ယွင်မြောင်က သူ၏အပေါ် သစ္စာဖောက်မှုနှင့် သားသမီးဝတ္တရားမကျေပွန်မှု ဟူသော ဦးထုပ်ကို ဆောင်းပေးချင်ခဲ့သော်လည်း၊ စီနီယာအစ်ကို ထိုက်ရွှီ၏ ဂရုမစိုက်ဟန်ရှိသော တုံ့ပြန်မှုက လေးလံသော တူကြီးတစ်လက်အလား ထိုထိပ်တန်းတပည့်အပေါ် ရက်စက်စွာပြုတ်ကျလာခြင်းဖြစ်သည်။

ယနေ့ ရလဒ်မည်သို့ပင် ဖြစ်ပါစေ ယွင်မြောင်က မြောက်ပိုင်းတိုက်ကြီးတွင် နောက်တစ်ကြိမ် ခေါင်းမော့ရန် ခက်ခဲသွားပေလိမ့်မည်။

"မင်း..လူဆိုးကောင်" ခေတ္တမျှ မှင်တက်သွားပြီးနောက် အစစ်အမှန်အရှင် ယွင်မြောင်၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်သွားသည်။

သူက ဒေါသတကြီးဖြင့် သူ၏ဝိညာဉ် ရတနာ ကို ခေါ်ထုတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ၊ သူ၏မျက်နှာတစ်ခုလုံး သွေးစွန်းနေသကဲ့သို့ နီရဲသွားသည်။ "ငါက လင်းရွှီဂူရဲ့ ထိပ်တန်းတပည့်ပဲ။ ဒီကိစ္စမှာမင်းကို တားဆီးဖို့ ငါ အပြင်းအထန် တောင်းဆိုတယ်၊ မင်း ဘာလုပ်မှာလဲ။"

အစစ်အမှန်အရှင် ယွင်မြောင်က အိုးကိုခွဲပြီး သံစဉ်မညီစွာအော်ဟစ်ရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းနေသည်။ "ဒီကနေ ထွက်သွားစမ်း။"

ဤစကားကို ကြားသောအခါ ရှန်းယီက ဖြည်းညှင်းစွာရှေ့တိုးလိုက်၏။

"..."

လူငယ်လေးက တစ်လှမ်းချင်းချဉ်းကပ်လာသည်ကို ယွင်မြောင် က စိုက်ကြည့်နေပြီး သူ၏ ရင်ထဲတွင် မိုးခြိမ်းသံအလား ခုန်ပေါက်နေကာ နားများ အူနေသော်လည်း၊ မြောက်ပိုင်းတိုက်ကြီးရှိ ဂိုဏ်းတူတပည့်များ၏ အကြည့်အောက်တွင် သူက အားတင်းထားကာ ပြိုင်ဘက်ကို ဆက်လက် စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

မကြာမီ ရှန်းယီသည် ဤစီနီယာအစ်ကို၏ ရှေ့သို့ ရောက်လာခဲ့သည်။

သူက နောက်ထပ် ဘာမှမပြောတော့သလို ယွင်မြောင်ကိုပင် မကြည့်တော့ဘဲ၊ လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်ကာ သူ၏စီနီယာအစ်ကို၏ မျက်နှာအားလက်ချောင်းငါးချောင်းဖြင့် ဖိလိုက်ပြီး ဘေးသို့ တွန်းဖယ်လိုက်သည်။

သူ၏ပုံရိပ်တစ်ခုလုံး လှိုင်းထန်နေသော အမည်းရောင်တိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်ယံကို ဖောက်ထွင်းသွားသော သက်တံတစ်ခုအလား ဖီးနစ်နတ်ဆိုးကို ဟိန်းဟောက်ကာ မျိုချလိုက်တော့သည်။

အမည်းရောင်တိမ်တိုက်များ လူစုကွဲသွားသောအခါ သွယ်လျသောပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ဖီးနစ် နတ်ဆိုးက မယုံကြည်နိုင်စွာဖြင့် ၎င်း၏လည်ပင်းကို မြင့်မားစွာ မော့ထားသော်လည်း၊ ၎င်း၏ ဧရာမ နတ်ဆိုး ခန္ဓာကိုယ်ကြီးမှာ သပ်ရပ်စွာပိုင်းဖြတ်ခံလိုက်ရပြီး၊ ၎င်း၏အစိတ်အပိုင်းများက သေမျိုးလောက ထဲသို့ တစ်စစီ ကျဆင်းသွားတော့သည်။

ပြင်းထန်သော သွေးနံ့များက ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားခဲ့၏။

အနီရောင်ရင့်ရင့် မြူခိုးများက အမည်းရောင် တိမ်တိုက်များနှင့် ရောယှက်သွားသည်။

အစစ်အမှန်အရှင် ယွင်မြောင်က ရှန်းယီကို ကျောခိုင်းထားပြီး သူ၏ လက်ထဲရှိ ဝိညာဉ် ရတနာ မှာ အနည်းငယ်တုန်ယင်နေကာ သူ၏မျက်နှာသွင်ပြင်မှာ ထုံထိုင်းနေပုံရပြီး၊ ရှန်းယီ၏လက်ဝါးမှ နွေးထွေးမှုအငွေ့အသက်များက သူ၏ မျက်နှာပေါ်တွင် ကျန်ရှိနေဆဲပင်။

သူ့တစ်ကိုယ်လုံး စိတ်ပျက်အားငယ်မှုထဲ လမ်းပျောက်နေပြီး လေထဲတွင်တွဲလွဲခိုနေသည်။

တောင်ပိုင်းတိုက်ကြီးမှ ဤပိုးကောင်နတ်ဆိုး တပည့်က မည်သည့် တုံ့ဆိုင်းမှုသို့မဟုတ် စိုးရိမ်မှုမျှမရှိဘဲ သူ့ကို ဤကဲ့သို့ တွန်းဖယ်ရဲသည်ကို သူ နားမလည်နိုင်သေးပေ။

သူက အရှေ့သို့ လှမ်းကြည့်လိုက်ရာ၊ ပတ်ပတ်လည်တွင် ဂိုဏ်းတူတပည့်များ ရှိနေပြီး သူတို့၏ရင်းနှီးနေသော မျက်နှာများမှာ အံ့သြမှုများနှင့် လှောင်ပြောင်မှုများ တစ်ခုပြီးတစ်ခု ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။

အံ့သြမှုမှာ ထိုက်ရွှီဆီသို့ ဦးတည်နေခြင်းဖြစ်ပြီး၊ အစစ်အမှန်အရှင်မယိုယောင် ကို စစ်ကြေညာရာတွင် သူ၏ပြတ်သားမှုနှင့် ရဲရင့်မှုတို့ကြောင့် အံ့အားသင့်သွားကြကြောင်း ထင်ရှားပါသည်။

ထိုဖုံးကွယ်မထားသော လှောင်ပြောင်မှုများက သူကိုယ်တိုင်ဆီသို့ ဦးတည်နေခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် ယွင်မြောင်က ယိုယောင် ခံစားခဲ့ရသော နှလုံးသားသေဆုံးသွားသည့် ခံစားချက်ကို နောက်ဆုံးတွင်ကြုံတွေ့လိုက်ရပြီး၊ သူ၏ မျက်လုံးထဲရှိ အလင်းရောင်များတဖြည်းဖြည်း မှေးမှိန်သွားကာ သူ၏တစ်ကိုယ်လုံး အားနည်းသွားပြီး ထိုအပ်လိုစူးရှသောအကြည့်များကို ရှောင်ရှားချင်လာခဲ့သည်။

အဲဒီတုန်းကသာ သူ ဂျူနီယာညီမလေး စကားကို နားထောင်ခဲ့ရင်..ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

...

ချင်းကွမ်းတောင်၊ ဘေးခန်းမဆောင်

လွင့်မျောနေသော အစိမ်းရောင်မီးခိုးငွေ့များကြားတွင် လူနှစ်ဦးက ငြိမ်းချမ်းစွာမျက်နှာချင်းဆိုင် ထိုင်နေကြ၏။

အစစ်အမှန်အရှင် လီရှန်းက စားပွဲတစ်ဖက်ရှိ အမျိုးသမီးအတွက် ရေနွေးကြမ်းငှဲ့ပေးနေပြီး ဧည့်သည်တစ်ယောက်ထက် အိမ်ရှင်တစ်ယောက်နှင့် ပိုတူနေပုံရသည်။

"စီနီယာအစ်ကို၊ ဒီအကြောင်းအရာကို ဆွေးနွေးတာ လုံလောက်ပါပြီ၊တကယ်လို့ ပြောစရာရှိရင် တိုက်ရိုက်ပြောတာ ပိုမကောင်းဘူးလား။" ယိုယောင်က လက်ဖက်ရည်ခွက်ကို တစ်ချက်ကြည့်လိုက်ပြီး စိုးရိမ်ပူပန်မှုမရှိဘဲ၊ မဟာ ကပ်ဘေးတွင် မပါဝင်ရန် ဆုံးဖြတ်ပြီးနောက် သူမကများစွာ ပိုမို သက်တောင့်သက်သာ ရှိနေခဲ့သည်။

ဂိုဏ်းချုပ်များက စစ်တုရင်ခုံကို ခင်းကျင်းကြပြီး၊ အကြီးအကဲများက နယ်ရုပ်များကို ကိုင်ဆောင်ကြကာ၊မိမိကဲ့သို့သော လူများမှာ လက်ချောင်းများကြားတွင် ညှပ်ထားသော စစ်တုရင်ရုပ်များမျှသာ ဖြစ်သည်။

မိုးမြေ၏သခင်၊ မသေမျိုး ဧကရာဇ်နေရာ..

ကြားရတာ အံ့သြစရာကောင်းပြီး ကြီးကျယ်ခမ်းနားမှုကို ဖုံးကွယ်ရန်ခက်ခဲသော်လည်း၊ အနည်းငယ် တည်ငြိမ်သွားပြီးနောက်တွင် ဤမျှ ကောင်းမွန်သောနေရာတစ်ခုက အဘယ်ကြောင့် အကြီးအကဲများကို မသေမျိုးဧကရာဇ် ဖြစ်လာရန် မသွေးဆောင်နိုင်ခဲ့ကြောင်း၊ သို့မဟုတ် ဂိုဏ်းချုပ်များက အဘယ်ကြောင့် မသေမျိုးခုံရုံးကို ကိုယ်တိုင် မထိန်းချုပ်ခဲ့ကြောင်း နားလည်နိုင်ပါသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုနေရာတွင် ထိုင်နေသူက ဂိုဏ်းနှစ်ခုအတွက် လူသားဧကရာဇ်ချီကို ခွဲဝေပေးရန် ကိရိယာတစ်ခုထက် မပိုဘဲ၊ ၎င်းကို မည်သို့ ခွဲဝေရမည်ဆိုသည်ကိုပင် သူက ဆုံးဖြတ်ခွင့် မရှိပေ။

၎င်းက ဂိုဏ်းချုပ်များ၏ သဘောဆန္ဒအပေါ်တွင် မူတည်သည်။

သူက လက်ရှိ လူသားဧကရာဇ်ထက်ပင် နိမ့်ကျနေသေးပြီး၊ သူ့ကို ဧကရာဇ်ခြောက်ပါးထဲမှ တစ်ပါးဟု ခေါ်ဆိုခြင်းက ထိုအမည်ကိုစော်ကားရာပင် ကျလိမ့်မည်။

အပေါ်ယံ နာမည်ကျော်ကြားမှု အချို့မှလွဲ၍ လွတ်လပ်မှုမရှိဘဲ သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး သာမန် တာ့လော်ရွှေမသေမျိုး တစ်ပါးဖြစ်ရခြင်း၏လွတ်လပ်မှုနှင့် အလှမ်းဝေးလှ၏။

ထို့အပြင် ရွှေမသေမျိုးများတွင် မသေမျိုးကတိသစ္စာကို ဖြည့်ဆည်းရန်နှင့် ပထမအဆင့်သို့ ရောက်ရှိရန် အခွင့်အရေး ရှိနေသေးပြီး၊ ဒေသတစ်ခု၏ဧကရာဇ် တစ်ပါး ဖြစ်လာကာ၊ စစ်မှန်သော အာဏာကို ကိုင်စွဲထားနိုင်သဖြင့် နာမည်ခံ မိုးမြေ၏သခင်ထက်များစွာ သာလွန်ပါသည်။

"ဒီဆွေးနွေးမှုက အကို့အတွက်အများကြီး အကျိုးရှိခဲ့ပါတယ်၊ပြီးတော့ ဂျူနီယာညီမလေးကလည်း ကိုယ့်ရဲ့အတွင်းစိတ်က ကပ်ဘေးတွေကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ခံစားရတဲ့အတွက် ဒါက အကို့ကိုအများကြီး စိတ်သက်သာရာရစေပါတယ်။"

အစစ်အမှန်အရှင် လီရှန်းက မှိန်ပျပျအပြုံးတစ်ခုကို ဖော်ပြလိုက်သော်လည်း ထွက်ခွာမည့် အရိပ်အယောင် မပြခဲ့ပေ။

ခေတ္တမျှမြှောက်ပင့်ပြောဆိုပြီးနောက် သူ၏အမူအရာက အနည်းငယ် ပို၍ လေးနက်လာသည်။ "ဒါပေမယ့် အကိုဂျူနီယာညီမလေးကို အကြံပေးချင်သေးတယ်၊ မင်းက လက်လွှတ်လိုက်ပြီဆိုရင်တောင် မဟာကပ်ဘေးက ဆက်လက် ဖြစ်ပွားနေပြီး၊ ဂိုဏ်းချုပ်ရဲ့မြေးတပည့်တွေ အနေနဲ့ ငါတို့က ရေစီးကြောင်းကို မဆန့်ကျင်သင့်ဘူး။"

"စီနီယာအစ်ကို၊ အဲဒါကို ပိုပြီးတိုက်ရိုက် ပြောလိုက်တာ ကောင်းလိမ့်မယ်၊ ကျွန်မ သိပ်နားမလည်ဘူး။" အစစ်အမှန်အရှင်မ ယိုယောင် က သူမ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ သိမ်မွေ့စွာ တစ်ငုံသောက်လိုက်သည်။

သူမ၏အမူအရာကို မြင်သောအခါ လီရှန်း၏ မျက်လုံးများတွင် အကူအညီမဲ့မှုအရိပ်အယောင်လေးဖြတ်ပြေးသွားပြီး သူက မတ်တပ်ရပ်လိုက်သည်။ "ငါက လင်းရွှီဂူက အဲဒီ ထိုက်ရွှီ ဂျူနီယာကို ရည်ညွှန်းနေတာပါ။ သူ့အပေါ် မင်းရဲ့ ရင်ထဲမှာ နာကြည်းမှုတွေ ရှိနေတယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် မင်းနားလည်ထားရမှာက၊ ကပ်ဘေးဆိုတာ ကပ်ဘေးပဲ။ ပြိုင်ပွဲတွေမှာ အမြဲတမ်း အနိုင်အရှုံးဆိုတာ ရှိတယ်။ တစ်နေ့မှာ ဒီမဟာကပ်ဘေးကြီးထဲကနေ ငါတို့ ထွက်လာနိုင်သရွေ့ မင်းနဲ့ငါက မောင်နှမတွေလိုရင်းနှီးနေဦးမှာပါပဲ၊ ပြီးတော့ အဲဒီထဲမှာ သူလည်း ပါဝင်ပါတယ်။"

"အကယ်၍ မင်း မကျေနပ်ဘူးဆိုရင် ပြန်လည်ရယူဖို့ အမြဲတမ်းကြိုးစားနိုင်ပါတယ်။"

"ဒါပေမယ့် မင်းက ကပ်ဘေးထဲမှာ မပါဝင်ဖို့ ရွေးချယ်လိုက်ပြီဆိုတော့ မင်းရဲ့မကျေနပ်ချက်တွေကို ကပ်ဘေးအပြင်ဘက်ကို ဘယ်တော့မှ ယူမလာရဘူး။ ငါ ပြောတာ ရှင်းလင်းမယ်ထင်ပါတယ်။"

လီရှန်းက လူကောင်းတစ်ယောက် မဟုတ်ပေ။ သူက မကြာမီဖြစ်ပေါ်လာတော့မည့် ပရမ်းပတာ အခြေအနေ၏လက္ခဏာများကို ခံစားသိရှိခဲ့ခြင်းသာ ဖြစ်သည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ယနေ့ ရှုံးနိမ့်ပြီး ဒေါသထွက်နေပါက ပုန်ကန်မှုတစ်ခုကို စတင်နိုင်သော်လည်း၊ သင်တစ်ယောက်တည်း ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း မဟုတ်ပေ။ အခြားသူများလည်း လိုက်လုပ်နိုင်ကြ၏။

မည်သို့ပင်ဆိုစေရှုံးနိမ့်ပါက ပုန်ကန်မည်ဖြစ်ပြီး လူတိုင်းသာ ၎င်းကိုလုပ်ဆောင်ပါက အရာအားလုံး ကမောက်ကမ ဖြစ်သွားပေမည်။ မြစ်များသွေးရောင်လွှမ်းသွားသည်အထိ မည်သူမှရပ်တန့်တော့မည်မဟုတ်ရာ မသေမျိုးဧကရာဇ်ကို ရွေးချယ်ဖို့ အဘယ်ကြောင့် ဒုက္ခခံနေရမည်နည်း။

ဤစကားကို ကြားသောအခါ ယိုယောင်က ရယ်မောကာ တိတ်တဆိတ်ခေါင်းမော့လိုက်၏။ "ကျွန်မမှာ အဲဒီလို အတွေးတွေရှိနေတယ်လို့ ရှင် ဘယ်က ကြားလာတာလဲ၊ ရှင်က ဂျူနီယာညီမလေးရဲ့ ယသဘောထားကြီးမှုကို လျှော့တွက်နေတာ မဟုတ်ဘူးလား။"

သူမ စိတ်ပိုင်းဖြတ်ပြီးသွားပါက စကားတစ်ခွန်းနှစ်ခွန်းက မည်သို့လုပ်ပြီးပြောင်းလဲပစ်နိုင်မည်နည်း။

အဲ့ဒီပိုးကောင်နတ်ဆိုး တပည့်အသက်ရှင်နေသရွေ့၊ ငါကဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး နေနိုင်မှာလဲ။

ဒါပေမဲ့ လောလောဆယ်အလျင်စလို လုပ်စရာ မလိုသေးဘူး။ တကယ်လို့ ငါအခုသွားပြီး သူ့ကို သတ်ဖို့ကြိုးစာမယ်ဆိုရင် လင်းရွှီကျစ်က ကြိုသိသွားခဲ့ရင်၊ငါ ကျရှုံးရုံသာမက သူတို့ကိုသတိပေးသလိုလည်း ဖြစ်သွားလိမ့်မယ်။

ငါ့ရဲ့ရွှေမသေမျိုးလမ်းကြောင်းကို အတည်ပြုပြီးတဲ့အထိစောင့်တာ ပိုကောင်းမယ်၊ သေချာပေါက် သေစေနိုင်တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်အောင် သေချာလုပ်ရမယ်။ ဘယ်လိုဘဲဖြစ်စေ ရွှေမသေမျိုးတွေက မသေဆုံးနိုင်၊မပျက်စီးနိုင်ဘူးလေ အဆိုးဆုံးအနေဖြင့်အမှားလုပ်မိပြီး ခေတ္တဖိနှိပ်ခံရရင်တောင် ထာဝရသက်တမ်းနှင့် နှိုင်းယှဉ်လိုက်ရင် ဘာဖြစ်မလဲ။

ပုန်ကန်ခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေအတွက်ကတော့... ငါက မဟာကပ်ဘေးထဲကနေ ထွက်လာခဲ့ပြီပဲ၊အဲဒါတွေ အားလုံးကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။

"ဒါဆို ကောင်းတာပေါ့။"

လီရှန်းက ယိုယောင်၏စကားများကို သဘာဝကျကျ မယုံကြည်သော်လည်း ထပ်မံ၍များစွာ မပြောနိုင်ခဲ့ပေ။

သူက စားပွဲတွင် ပြန်ထိုင်လိုက်ပြီး၊ လောလောဆယ်တစ်ခုတည်းသော ရွေးချယ်မှုမှာ သူမ၏အနီးတွင်နေကာ စောင့်ကြည့်ပြီး အချိန်နှင့်အမျှ သူမကိုဖြည်းဖြည်းချင်း ဖျောင်းဖျရန်သာ ဖြစ်သည်။

"အကို့မှာ သံသယတချို့ရှိနေပါသေးတယ်၊ ဂျူနီယာညီမလေးရဲ့ လမ်းညွှန်မှုကို တောင်းခံလို့ ရမလား။"

"..."

ယိုယောင်၏မျက်လုံးများတွင် ဂနာမငြိမ်သော အရိပ်အယောင်လေး ဖြတ်ပြေးသွားသော်လည်း၊ သူမက လီရှန်းကိုအရှက်ခွဲရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

သို့သော် သူမ စကားမပြောနိုင်မီမှာပင် တံခါးအပြင်ဘက်မှ အလျင်စလိုခြေသံတစ်ခု ပဲ့တင်ထပ်လာပြီး တပည့်တစ်ဦး၏အော်ဟစ်သံနှင့်အတူ ထွက်ပေါ်လာသည်။

"အစစ်အမှန်အရှင်မ ယိုယောင်။ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုဖြစ်သွားပြီ။"

ယိုယောင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူမ၏အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

သစ်သားတံခါး ပွင့်သွားသည်နှင့်အမျှ ပုံရိပ်တစ်ခုက ယိုင်နဲ့နဲ့ဝင်လာပြီး၊ မတည်ငြိမ်နိုင်မီမှာပင် ထိတ်လန့်တကြားဖြင့်ပြောလိုက်သည်။ "စီနီယာအစ်ကိုယွင်မြောင် တစ်ခုခု ဖြစ်သွားပြီ။ ဆရာ့အတွက် ဧကရာဇ်ချီတွေကို စုဆောင်းနေတုန်းမှာ၊ စီရင်စုလေးခုရဲ့ တာအိုနယ်မြေက အစစ်အမှန်အရှင် ထိုက်ရွှီရဲ့ သစ္စာဖောက်မှုဒဏ်ကို ခံလိုက်ရတယ်။"

စကားမဆုံးမီမှာပင် အခန်းတွင်းရှိ လူနှစ်ဦးစလုံး၏မျက်နှာများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"ဆရာသွားကြည့်တာ ပိုကောင်းမယ်... ဆရာ့ရဲ့ဧကရာဇ်ချီ တွေ အဲဒီလူရဲ့လုံးဝ စားသုံးတာကို ခံရတော့မယ်။" တပည့်ဖြစ်သူက ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော စကားသံဖြင့် ပြောလိုက်၏။

ယိုယောင်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး၊ လီရှန်းကလည်း တစ်ပြိုင်နက်တည်းမှာပင် သူမ၏အင်္ကျီလက်ကို ဆွဲကိုင်ရန် လက်လှမ်းလိုက်သည်။

သို့သော် သူ ဖျောင်းဖျစကား တစ်ခွန်းမျှမဆိုနိုင်မီမှာပင်၊ ထိုအမျိုးသမီးက အေးစက်စွာနောက်သို့ လှည့်ကြည့်ပြီး စိမ်းသက်နေသောလေသံဖြင့် ပြောလိုက်သည်။ "စီနီယာအစ်ကို၊ကျွန်မ မယှဉ်ပြိုင်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။"

"..."

လီရှန်းက တစ်ခဏမျှတိတ်ဆိတ်သွားပြီး၊ သူ၏အမူအကျင့်ဖြင့်ပင် ဤအခိုက်အတန့်တွင် စိတ်ထဲ၌ကျိန်ဆဲခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

မျက်စိရှိသူတိုင်း ဤအမျိုးသမီးက ရူးသွပ်လုနီးပါး ဖြစ်နေကြောင်း မြင်နိုင်သော်လည်း၊ ၎င်း၏အလယ်တွင်ရှိသော ဂျူနီယာထိုက်ရွှီကမူ ဘာမှ မသိဘဲဖြစ်နေသည်။

သူ့ဦးနှောက်က ဝက်ဦးနှောက်နဲ့လုပ်ထားတာလား၊ ဒီလို အကဲဆတ်တဲ့အချိန်မျိုးမှာ လှုပ်ရှားဖို့ ရွေးချယ်ရတယ်လို့။

ယခုအခါ သူ့အနေဖြင့် သူမကိုဆက်လက်တားဆီးရန် အကြောင်းပြချက်မရှိတော့ပေ။

ဤအကြောင်းကို တွေးမိသောအခါ လီရှန်းက ညင်သာစွာ သက်ပြင်းချလိုက်ပြီး၊ ယိုယောင်၏အင်္ကျီလက်ကို ဆွဲကိုင်ထားမှုကို အကူအညီမဲ့စွာဖြင့် ဖြေလျှော့ပေးလိုက်ကာ၊ သူမက သတ်ဖြတ်လိုသောရည်ရွယ်ချက်များ ပြည့်နှက်ကာဖြင့် ကောင်းကင်သို့ပျံတက်သွားသည်ကို ကြည့်နေလိုက်တော့သည်။

All Chapters