← Chapters

အခန်း ၁၂၉၇

Vol. 130 Ch. 1297

အခန်း ၁၂၉၇

Vol. 130 Ch. 1297

အခန်း (၁၂၉၇) နောက်တစ်ကြိမ် ၂

သို့သော် လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်ပါက၊ ယခု မိမိ၏ရုပ်တုကို နေရာအနှံ့အပြားသို့ တက်ကြွစွာ ပေးပို့ပြီး၊ အခြား မသေမျိုးသုံးပါးဂိုဏ်း မှ တပည့်များကဲ့သို့ တူညီသောအရာကို လုပ်ဆောင်နေရခြင်းက ရှန်းယီကို အနည်းငယ်သက်တောင့်သက်သာ မဖြစ်စေခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် အနည်းဆုံးတော့ သူက မသက်မသာဖြစ်မှုကို ခံစားမိနိုင်သေးသည်။

ဤသည်မှာ ဧကရာဇ်ချီ၏အရသာကို မြည်းစမ်းပြီးနောက်တွင်ပင်၊ သူက ထိုလူများနှင့် တူညီသော အဆင့်အထိ ကျဆင်းမသွားသေးကြောင်း ညွှန်ပြနေ၏။

အကယ်၍ မပေါင်းစည်းနိုင်ပါက မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။

ဤသည်မှာ အလွန်ရိုးရှင်းသော အမှန်တရား တစ်ခု ဖြစ်သည်။

ရှန်းယီက တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်သော်လည်း၊ သူ၏ပတ်ဝန်းကျင်ရှိ လူများကို လူစုမခွဲခဲ့သလို၊သူတို့ကို နှင်ထုတ်ရန်အတွက်လည်း ခွန်အားများကိုမသုံးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ကောင်းကင်မျှော်စင်တောင်တွင် ယာယီ ဆက်နေရန် သူလိုအပ်နေသေးသောကြောင့် ဖြစ်သည်။

ဤအကြောင်းကို တွေးတောရင်း သူက ကောင်းကင်ဆီသို့ တိတ်ဆိတ်စွာ မော့ကြည့်လိုက်၏။

သူ လုပ်ဆောင်ခဲ့သော ပြင်ဆင်မှုများ အားလုံးပြီးနောက်၊ သူမအနေနှင့် ရုတ်တရက်သဘောပေါက် နားလည်မသွားရန် သူမျှော်လင့်မိသည်။

၎င်းမှာ ရှန်းယီကို တုံ့ပြန်လိုက်သည့်အလားပင် ဖြစ်သည်။

နောက်တစ်ခဏတွင်၊ ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်တစ်ခုက ရေလှိုင်းတစ်ခုအလားတိုးဝင်လာပြီး၊ လွန်ခဲ့သော အခိုက်အတန့်လေးကမှ ခိုင်ယွမ်စီရင်စု၏ အပြင်ဘက်တွင် ရှိနေခဲ့ရာမှ၊ ကောင်းကင်မျှော်စင်တောင် ဆီသို့ ဝင်ရောက်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသော တောင်တန်းများက ဤချီ ပင်လယ်ကြီး၏ ရှေ့တွင်၊ မုန်တိုင်းထဲရှိ ခြောက်သွေ့နေသော သစ်ကိုင်းများအလားအချိန်မရွေး အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားတော့မည့်ပုံ ပေါ်နေသည်။

ပြုံးရွှင်နေကြသော တပည့်များစွာ၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင်မှောင်မိုက်ပြီး လေးလံသွားကြ၏။

လူတိုင်းနီးပါးက တစ်စုံတစ်ရာကို ခန့်မှန်းမိသွားကြသည်။

မည်သို့ပင်ဆိုစေ ထိုသူက ဤကဲ့သို့သော လုပ်ရပ်မျိုးကိုလုပ်ဆောင်ခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

သို့သော် လူများ မမျှော်လင့်ထားခဲ့သောအရာမှာ၊ ပြီးခဲ့သည့်အကြိမ်က ဆရာဦးလေးလင်းရွှီ က သူမကို ပြင်းပြင်းထန်ထန်ဆူပူကြိမ်းမောင်းခဲ့ပြီးနောက်တွင်ပင်၊ သူမက မည်သည့်နောင်တရမှုမျှ မပြသခဲ့ခြင်းဖြစ်သည်။

ဒါတွေက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတွေလဲ။

မင်းတို့ ချင်းကွမ်းဂူက စီရင်စုလေးခုကို ကြင်နာတဲ့ စကားလေးတွေနဲ့ပဲ တကယ် ပြန်ရယူနိုင်ခဲ့တာလား။ မင်းက တခြားသူတွေကို လုယူနိုင်ပြီး တခြားသူတွေက မင်းကိုပြန်မလုယူနိုင်ရဘူးဆိုတာ ဘယ်လို‌အဓိပ္ပာယ်မရှိတာမျိုးလဲ။

ထို့အပြင် စီနီယာအစ်ကိုထိုက်ရွှီက တာအိုနယ်မြေကို တကယ်တမ်းသိမ်းပိုက်ခဲ့ခြင်းပင်မရှိပေ။ သူက ပြီးခဲ့သည့် ခိုင်ယွမ်စီရင်စု အငြင်းပွားမှုအတွက် တန်ပြန်တိုက်ခိုက်မှုအနေဖြင့် ဧကရာဇ်ချီ အနည်းငယ်ကိုသာ ယူဆောင်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ ၎င်းက မည်သည့်အချိန်တွင်မဆို တိုက်ခိုက်သတ်ဖြတ်ရန် အသင့်ဖြစ်နေသည့် ဤကဲ့သို့သော ဟန်ပန်မျိုးပြသနေမည်ဆိုပါက၊ ကပ်ဘေးကိုတုံ့ပြန်နေခြင်းကို ရပ်တန့်လိုက်ပြီး၊ မသေမျိုးဧကရာဇ်နေရာအတွက် ၎င်းကိုယ်၎င်း တိုက်ရိုက်ခန့်အပ်လိုက်တာ ပိုကောင်းပါလိမ့်မည်။

လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်..

ကောင်းကင်ကန့်လန့်ကာတွင် ပုံရိပ်သုံးခုက ဖြည်းညှင်းစွာ စုစည်းလာသည်။

အမည်းရောင်ဂါဝန်က လွင့်လူးနေပြီး၊ အမျိုးသမီးက ရတနာသရဖူကို ဆောင်းထားကာ၊ သူမ၏လက်များကို အောက်သို့ချလျက် ထိုနေရာတွင် ရပ်နေရုံဖြင့် မိုးမြေကိုလှိုင်းထန်စေပြီး၊ သူမ၏ အရှိန်အဟုန်မှာ ယခင်က စီရင်စုလေးခုကို လွှမ်းခြုံထားခဲ့သော အမည်းရောင် တိမ်တိုက်များထက် လျော့နည်းခြင်း မရှိပေ။

အခြားသူများက သူမ၏ အနောက်ရှိ လူနှစ်ဦး၊ အထူးသဖြင့် ခရမ်းရောင်တိမ်တိုက် ဝတ်ရုံကို ဝတ်ဆင်ထားသော တာအိုကျင့်ကြံသူကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ၊ တပည့်တစ်ဦးက တံတေံးမထွေးထုတ်ဘဲ မနေနိုင်ခဲ့ပေ။ "တကယ်ပဲ၊ ယွင်မြောင် က ကိုယ့်ရဲ့ဂျူနီယာညီလေးကို အတင်းအကျပ် ဖိအားပေးဖို့ အပြင်လူတွေနဲ့အတူ လာခဲ့တာလား"

ဒီလို တပည့်မျိုးကို ရွေးချယ်ခဲ့တဲ့ ဆရာဦးလေး လင်းရွှီက သေချာပေါက် မျက်စိကန်းနေခဲ့တာပဲ။

"စီနီယာအစ်မ၊ အရမ်း အလွန်အကျွံ မလုပ်ပါနဲ့..." ယခင်က ဗောဓိဂိုဏ်းလာရောက်တိုက်ခိုက်စဉ်က၊ တပည့်များစွာက လူစုကွဲပြီး ထွက်ပြေးခဲ့ကြသော်လည်း၊ ဤတစ်ကြိမ်တွင်မူ သူတို့၌ယုံကြည်မှု အနည်းငယ်ချို့တဲ့နေသော်လည်း သူတို့၏စွပ်စွဲချက်ကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

"တာအိုနယ်မြေယှဉ်ပြိုင်မှုက ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာလဲ၊ ခင်ဗျားက သာမန်ပြည်သူတွေရဲ့ ရှေ့မှာ ဒီလိုပဋိပက္ခမျိုးကို ဘယ်လိုလုပ် ဖန်တီးနိုင်ရတာလဲ၊ ဒါက မသေမျိုးတွေရဲ့မျက်နှာကို အရှက်ရစေတာ မဟုတ်ဘူးလား"

လူအုပ်ကြီး၏မကျေနပ်သော အကြည့်များကို ခံစားနိုင်ပါသည်။

သို့သော် ယိုယောင်က လှောင်ပြောင်သည့်အနေဖြင့် သူမ၏နှုတ်ခမ်းများကို ကွေးလိုက်သည်။ ဤလူအုပ်စုက သူမကိုဘယ်အချိန်ကစပြီး တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရဲသွားတာလဲဟု တွေးလိုက်၏။

ဤကြီးမားသောခြားနားမှုက သူမ၏ပါးစပ်ထဲတွင် အေးစက်သော စကားတစ်ခွန်းအဖြစ် ပြောင်းလဲသွားသည်။

"ထွက်သွားစမ်း"

ထိုအထင်သေးဟန်ရှိသော စကားလုံးက အားကောင်းစွာပြန့်နှံ့သွားပြီး၊ တပည့်များအားလုံးကို သူတို့၏ လက်သီးများကို ဆုပ်သွားစေခဲ့၏။

သူတို့က ကောင်းကင်ယံရှိ အမည်းရောင်ဂါဝန်ကို စူးစိုက်ကြည့်နေကြပြီး၊ သူတို့၏မျက်လုံးများထဲရှိ နောက်ဆုံးကျန်ရှိနေသော လေးစားမှုအနည်းငယ်ပင် ဆုံးရှုံးသွားကာ၊ တူညီသော လှောင်ပြောင်မှုများသာ ကျန်ရစ်တော့၏။

ဤအခိုက်အတန့်တွင် သွယ်လျသောပုံရိပ်တစ်ခုက နောက်ဆုံးတွင်ဖြည်းညှင်းစွာ ထွက်လာပြီး၊ လူအုပ်ကြီး၏ အရှေ့ဆုံးတွင် ရပ်လိုက်၏။

"အားလုံးပဲ၊ အရင် ပြန်ကြပါ"

ရှန်းယီက သူ၏အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး၊ အထက်သို့ကြည့်ရန် သူ၏မျက်လုံးများကိုပင့်ကာ ညင်သာစွာ ပြောလိုက်သည်။ "တကယ်လို့ မင်းအခုရပ်လိုက်မယ်ဆိုရင်၊ဘာမှမဖြစ်ခဲ့သလိုပဲ ငါ ဟန်ဆောင်ပေးမယ်"

ဤစကားကို ကြားသောအခါ ယိုယောင်က တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။ "ဘာဖြစ်လို့ရုတ်တရက် ယဉ်ကျေးနေရတာလဲ၊ နင်သေရမယ့်ကံကြမ္မာကို လက်ခံလိုက်ပြီလား"

"အကယ်၍ ငါ မရပ်ဘူးဆိုရင်ကော"

အမျိုးသမီးက သူမ၏အမူအရာကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး၊ ခြိမ်းခြောက်မှုများ အပြည့်ဖြင့် သူမ၏လက်ဖဝါးကို ဖိချလိုက်ရာ၊ တစ်ချိန်က ခိုင်ယွမ်စီရင်စုကို လွှမ်းမိုးထားခဲ့သော ချင်းကွမ်း စစ်တုရင်ခုံက ထပ်မံ ပေါ်ထွက်လာခဲ့သည်။

ထက်မြက်သော အလင်းတန်းသောင်းချီက ကောင်းကင် ပိုက်ကွန် တစ်ခုအလား ကျဆင်းလာခဲ့၏။

"အဲဒါဆိုရင် နင် ဘာလုပ်မှာလဲ"

"..."

ရှန်းယီ၏လက်ချောင်းငါးချောင်းက သိမ်မွေ့စွာ ဖြန့်သွားပြီး၊ အဖြူရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကန့်လန့်ကာကို တိတ်ဆိတ်စွာဖြတ်တောက်သွားကာ၊ ချင်းကွမ်းအလင်းတန်းများ အားလုံးကို ပြတ်တောက်သွားစေခဲ့သည်။

အဖြူရောင်အလင်းတန်းက သူ၏လက်ဖဝါးထဲသို့ ကျဆင်းလာပြီး၊ ရှေးကျကာရိုးရှင်းသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွား၏။

သူ၏အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ သူက သူ၏ လက်ထဲရှိဓားကို စူးစိုက်ကြည့်နေ၏။

ခဏအကြာတွင် ရှန်းယီက ဓားအားပေါ့ပေါ့ပါးပါး ယမ်းလိုက်ရင်း ကောင်းကင်ကန့်လန့်ကာ ဆီသို့ နောက်တစ်ကြိမ်မော့ကြည့်ကာ ပြောလိုက်သည်။

"လာခဲ့လေ"

All Chapters