အခန်း ၁၃၀၀
Vol. 130 Ch. 1300
အခန်း (၁၃၀၀) ဖုန်းကွယ်ထားသည့် ဗောဓိသတ္တ
ယိုယောင်၏အတွေးမှာ အစကတည်းက ရိုးရှင်းသည်။
ရှန်းယီက နတ်ဆိုးများကိုအသိစိတ်အချို့ကိုပင် ထိန်းသိမ်းထားနိုင်သော သက်ရှိရုပ်သေးရုပ်များအဖြစ် မည်သို့သောနည်းလမ်းကို အသုံးပြု၍ခိုင်းစေခဲ့သည်ကို သူမ မသိရှိပေ။
သို့သော် ထိုသမင်နတ်ဆိုး ညီအစ်ကိုနှစ်ဦးမှာ ကျင့်ကြံခြင်းတူညီပုံရသော်လည်း တကယ်တမ်းတွင် တစ်ဦးမှာမြောက်ပိုင်းတိုက်ကြီးမှ တောရိုင်း နတ်ဆိုးတစ်ကောင်သာ ဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ ငယ်စဉ်ကတည်းက ဆရာဖြစ်သူ၏သင်ကြားမှုအောက်တွင် ကျင့်ကြံခဲ့ရသဖြင့် သူတို့၏စိတ်သဘောထားနှင့် နည်းလမ်းများမှာ ကွာခြားလှပါသည်။
အခြားတစ်ဖက်တွင်မူ ပြောစရာမလိုတော့ပေ။ ယွင်မြောင်ယခင်က ပြသခဲ့သော စွမ်းအားကိုကြည့်ရုံဖြင့်ပင်၊ သာမန်နတ်ဆိုးတစ်ကောင်က သူ့ကို မယှဉ်ပြိုင်နိုင်ကြောင်း သိနိုင်သည်။
တစ်နည်းအားဖြင့် သူမ လုပ်ဆောင်ရမည့်အရာမှာ ယခင်က ကောင်းကင်မျှော်စင်တောင်တွင် လုပ်ဆောင်ခဲ့သကဲ့သို့ ဤပိုးကောင်နတ်ဆိုး တပည့်နှင့် အနည်းငယ် အချိန်ဆွဲရန်သာ ဖြစ်ပြီး၊ ထိုသို့ဆိုလျှင်အခြေအနေများမှာ မူလ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလိမ့်ပါလိမ့်မည်။
သို့သော် ယိုယောင်လုံးဝ မမျှော်လင့်ထားခဲ့သည်မှာ၊ နှစ်ဦးစလုံးမှာ တတိယအဆင့် နယ်ပယ်တွင် ရှိနေကြသော်လည်း၊ ကပ်ဘေးစွမ်းအား ပမာဏမှာ တစ်သိန်းကျော်အထိကွာခြားနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ နယ်ပယ်ကွာခြားနေသဖြင့် နတ်ဘုရား စွမ်းရည်များနှင့် မှော်ရတနာလက်နက်များအားလုံးက အဓိပ္ပာယ်မဲ့သွားသကဲ့သို့ဖြစ်နေသည်။
"..."
သူမက သူမနှင့်မျက်နှာချင်းဆိုင်ရှိ လူငယ်လေးကို နောက်တစ်ကြိမ် မော့ကြည့်လိုက်ရာ၊ သူမ၏ ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ပထမဆုံးအကြိမ် ပေါ်လာခဲ့သည်။
လူတစ်ယောက်က သူ၏ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များစွာကို မည်သို့ဖွက်ထားနိုင်သနည်း။ ထိုသူက တောင်ပိုင်းတိုက်ကြီးတွင် အဘယ်အရာများကို ကြုံတွေ့ခဲ့ရ၍ ဤမျှနက်ရှိုင်းသော အခြေခံအုတ်မြစ်များကို စုဆောင်းနိုင်ခဲ့သနည်း။
ဤကဲ့သို့အသေးစိတ်ကျသော စိတ်ထားမျိုးရှိသူ တစ်ဦးဆိုလျှင်၊ ယိုယောင်ကို သေသည်အထိရိုက်နှက်ယုံခိုင်းလျှင်ပင် သူက တောင်ပိုင်းတိုက်ကြီးမှ အတင်းအကျပ်ထွက်ခွာလာရလိမ့်မည်ဟု သူမယုံကြည်မည်မဟုတ်ပေ။
"နင်မြောက်ပိုင်းတိုက်ကြီးကို ဘာကြောင့် ရောက်လာတာလဲ"
ယိုယောင်က သူမ၏လည်ပင်းကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် အတင်းအကျပ် ထိန်းချုပ်လိုက်သည်။
သူမ၏ရင်ထဲတွင် ပြင်းထန်စွာ တိုးဝင်လာသော ကြောက်ရွံ့မှုများကြားတွင်၊ စိတ်လှုပ်ရှားဖွယ်တစ်စုံတစ်ရာက တိတ်ဆိတ်စွာပေါက်ဖွားလာ၏။
သူမ၏ယခင်က ခန့်မှန်းချက်မှာ နာကြည်းမှုကြောင့်ဖြစ်ပေါ်လာသော အသရေဖျက်မှု မဟုတ်ဘဲ၊ ယခုတွင်မူ သူမက မဟာဂိုဏ်းကြီးအတွက် ဆိုးယုတ်သောအကြံအစည်ရှိသူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သည့် ထက်မြက်သောထိုးထွင်းသိမြင်မှုမျိုးရှိနေသည်ဟု သူမ ထင်လိုက်သည်။
ထို့အပြင် ဤအရာအားလုံး၏အခြေခံအချက်မှာ ဤသူနှင့် ကိုက်ညီနေခြင်း ဖြစ်သည်။
ပြီးပြည့်စုံသော ကပ်ဘေးစွမ်းအား တစ်သိန်း ကွာခြားချက်မှာ မြောက်ပိုင်းတိုက်ကြီးရှိ တပည့်အများစုအတွက်ကျော်လွှားရန်မဖြစ်နိုင်သော ချောက်ကမ်းပါးကြီးဖြစ်သည်။
သို့သော် ယိုယောင်မှာ ထိုကွာဟချက်ကိုကျော်ဖြတ်နိုင်သည့် လူနည်းစုတွင်တစ်ဦး ပါဝင်ပါသည်။
သူမ၏ထူးခြားသော အရည်အချင်းကြောင့် မဟုတ်ဘဲ၊ မကြာသေးမီက သူမက ချင်းကွမ်းဂူ ၏ တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့သောကြောင့် ဖြစ်၏။ ဤအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းထားရန် သူမတွင် အခြား တပည့်များ၌မရှိသော အရာတစ်ခုခုရှိနေသည်။
ကံကောင်းထောက်မစွာဖြင့် အကြိမ်ကြိမ် မှားယွင်းမှုများ ရှိခဲ့သော်လည်း ဆရာဖြစ်သူက ဤအရာကို ပြန်လည်ရုပ်သိမ်းမသွားခဲ့ပေ။
"အခုတော့ နင့်ကိုကျော်ဖြတ်ပြီး ပြန်လည်ရပ်တည်ဖို့က ငါ့ အလှည့်ပဲ"
ယိုယောင်၏လက်ချောင်းများက တဖြည်းဖြည်း အောက်သို့ ရွေ့လျားသွားပြီးနောက် သူမ၏လည်ပင်းတွင် ဆွဲထားသော သွေးရောင် ကျောက်စိမ်းဆွဲသီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။
ကျောက်စိမ်းထဲရှိအနီရောင်များက ရေလှိုင်းများအလားလှိုင်းထန်လာပြီးနောက်၊ သူမ၏တစ်ကိုယ်လုံးသို့ ချည်မျှင်များအလားဖြည်းညှင်းစွာ တွယ်တက်လာကာ အမည်းရောင်ဂါဝန်ပေါ်တွင် ချော်ရည်ကဲ့သို့သော အနီရောင်သင်္ကေတများကို ချန်ထားခဲ့၏။
ငါးကြိမ် သွေးသန့်စင် ဝိညာဉ်ရတနာ၏ စွမ်းအားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှပါသည်။ ဂိုဏ်းအတွင်း ကျော်ကြားသော ရွှေမသေမျိုးများပင်လျှင် ၎င်းကိုတပည့်များထံ ပေါ့ပေါ့ပါးပါး ပေးအပ်မည် မဟုတ်ပေ။
ပထမဦးစွာ သူတို့ကမပေးနိုင်သောကြောင့် ဖြစ်သည်။ ဤအဆင့်ရှိ မှော်ရတနာလက်နက်များမှာ သူတို့၏အဓိက အသက်သွေးကြောများ ဖြစ်သောကြောင့်ပင်။ ဒုတိယအချက်မှာ ၎င်းက မိမိကိုပြန်အန္တရာယ်ပြုမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ထို့အတူ ရန်သူများကို သတ်ဖြတ်ခြင်းထက် ဤ နက်နဲမီးတောက်အချုပ်အနှောင်ဝတ်ရုံက ပိုမိုကာကွယ်ပေးနိုင်စွမ်း ရှိသည်။
သို့သော် ပြီးပြည့်စုံသော ကပ်ဘေးစွမ်းအား ငါးသိန်းပမာဏဖြင့် ယိုယောင်က တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်လွှတ်နိုင်လျှင်ပင်၊ ၎င်းမှာ တိုက်ပွဲ၏ရလဒ်ကို ပြောင်းလဲပစ်ရန် လုံလောက်ပါသည်။
အမည်းရောင် ဂါဝန်က လွင့်လူးနေပြီး ၎င်းပေါ်ရှိ အနီရောင်သင်္ကေတများက လင်းလိုက်မှိန်လိုက် ဖြစ်နေကာ၊ ထိုက်ရွှီနယ်ပယ် တစ်ခုလုံးကို အလွန်တရာပူပြင်းလာစေပြီးနောက် သူမဖြည်းညှင်းစွာအထက်သို့ ဝဲပျံတက်သွားသည်။
"..."
ရှန်းယီက ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို ခံစားမိလိုက်ပြီး ခေတ္တမျှစဉ်းစားကာ သူ၏လက်ထဲရှိ အသက်မဲ့ဓားကို သိမ်းဆည်းလိုက်၏။
သူ၏ညာဘက်လက်ပြန်လည်မြင့်တက်လာသောအခါ သူ၏လက်ဖဝါးထဲတွင် နက်ရွှေရောင် ဇင်တောင်ဝှေးတစ်ခု ထပ်မံထွက်ပေါ်လာခဲ့၏။
သူ ဤသို့လုပ်ဆောင်သည်ကို မြင်သောအခါ ယိုယောင်က ငါးကြိမ်သွေးသန့်စင်ဝိညာဉ် ရတနာကို ခေါ်ယူပြီးနောက်တွင်ပင်၊ သူမ၏လှုပ်ရှားနေသော နှလုံးသားမှာ ရုတ်တရက်တည်ငြိမ်သွားပါသည်။
သူမက အမှန်တကယ်ပင် အနည်းငယ် ကြောက်လန့်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤကောင်လေးက အံ့အားသင့်စရာတစ်ခုခုကို အမြဲတစေပေးစွမ်းလေ့ရှိသောကြောင့်ပင်။
သို့သော် ယခုမူ... ပြိုင်ဘက်က ဗုဒ္ဓရတနာတစ်ခုကို အမှန်တကယ်ထုတ်ယူလာခဲ့ရာ၊ ၎င်းမှာ မိမိ၏စွမ်းရည်များကို ကုန်ဆုံးသွားအောင်လုပ်ဆောင်ခြင်းနှင့် အလွန် တူညီနေခဲ့၏။
ယိုယောင်ကလည်း ထိုအချိန်တွင် ကောင်းကင်မျှော်စင်တောင်၌ရှိနေခဲ့သဖြင့်၊ ရှန်းယီထံတွင် ငါးကြိမ် သွေးသန့်စင်ခြင်းဗုဒ္ဓရတနာ ရှိနေကြောင်းကို သဘာဝကျကျပင်သိရှိထား၏။ယ
ဤဇင်တောင်ဝှေး အတွင်းရှိ ကပ်ဘေးစွမ်းအားကို မသေမျိုးသုံးပါးဂိုဏ်း၏ နည်းလမ်းများဖြင့် အသုံးပြုနိုင်သည်ဟု မည်သူမျှမထင်းထားကြပေ။
"ဒီအနှောင့်အယှက်ပေးတဲ့အရိပ်တွေကို ဖယ်ရှားပစ်ပြီးရင် နင်က ဘာကောင်လဲဆိုတာ ငါကြည့်ဦးမယ်"
ပလ္လင်အတွက် တစ်ဖန်ပြန်လည်ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးနှင့်အတူ ယိုယောင်က စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူမက သူမ၏အင်္ကျီလက်စများကို ပြင်းထန်စွာဝှေ့ယမ်းလိုက်ရာ၊ ထိုက်ရွှီနယ်ပယ်အတွင်း ပျံ့နှံ့နေသော အပူဓာတ်များက မီးတောက်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး၊ သူမ၏ရှေ့တွင်ရှိသမျှ အရာအားလုံးကို အရည်ပျော်စေရန် ရည်ရွယ်ကာ မီးလေမုန်တိုင်းအလားပြင်းထန်စွာ လောင်ကျွမ်းသွားသည်။
မီးခိုးရောင်မြူခိုးများမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပြီး၊ ရှန်းယီ၏နောက်ကွယ်ရှိ ဧရာမအမည်းရောင် အရိပ်ကြီးပင် အပိုင်းပိုင်းပြိုကွဲသွားခဲ့ပါသည်။
ယိုယောင်က ရှန်းယီကို လွှမ်းခြုံထားသော အရိပ်ကြီးကို နောက်ဆုံးတွင်ဖယ်ရှားနိုင်ခဲ့သည်။
အမည်းရောင်တိမ်တိုက်များထဲတွင် ပုန်းကွယ်နေသည်မှာ တည်ငြိမ်စွာရပ်နေသော ဧရာမ ရွှေရောင်ခန္ဓာကိုယ်တစ်ခုဖြစ်ပြီး၊ သူ၏နောက်ကျောမှ လက်မောင်းလေးဖက် ထွက်ပေါ်လာကာ တစ်ခုစီတိုင်းတွင် မှော်ရတနာလက်နက်များ ကိုင်ဆောင်ထားပါသည်။
သူ၏အနောက်တွင် ဧရာမ အလင်းစက်ဝန်းကြီး တစ်ခုက တွဲလွဲခိုနေသေး၏။
ပျောက်ကွယ်သွားသော အမည်းရောင်တိမ်တိုက်က ပြန်လည်စုစည်းသွားကာ လှိုင်းထန်နေသော အနက်ရောင်မီးတောက်များအလား သူ၏ပတ်လည်တွင် လည်ပတ်နေပြီး သူ၏အမူအရာအား နက်မှောင် သွားစေသည်။
မူလက ခမ်းနားလှသော ဗောဓိသတ္တဓမ္မကိုယ်ထည် မှာ ယခုအခါ အာဏာရှင်၏ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်ကို ထပ်ဆောင်းပိုင်ဆိုင်ထားခဲ့သည်။
အနက်ရောင်မီးတောက်များက မြင့်တက်လာပြီး အလင်းစက်ဝန်းကို နက်ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှန်းယီက ဇင်တောင်ဝှေးကို ပစ်လိုက်ရာ ၎င်းက သူ၏လက်မှ လွတ်သွားပြီးနောက် ရွှေရောင်ခန္ဓာကိုယ် နှင့် တူညီသော အရွယ်အစားအမြင့်သို့ လျင်မြန်စွာကြီးထွားလာကာ၊ ၎င်း၏လွတ်နေသော လက်နှစ်ဖက်တွင် တည်ငြိမ်စွာကျရောက်သွားခဲ့သည်။
ချွင်...
ဇင်တောင်ဝှေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်တွင်၊ ရွှေရောင် ခန္ဓာကိုယ်ဓမ္မကိုယ်ထည်က ယိုယောင်ကို လျစ်လျူရှုဟန်ဖြင့် ကြည့်လိုက်၏။
ရွှေရောင်အရည်များစီးဆင်းနေသော သူ၏မျက်လုံးများထဲတွင် ရုတ်တရက်သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်စုံတစ်ရာ ပေါ်ထွက်လာခဲ့၏။
"..."
ယိုယောင်၏မျက်လုံးအိမ်များမှာ ပြင်းထန်စွာ ကျဉ်းမြောင်းသွား၏။ သူမက ဗောဓိသတ္တ တစ်ပါးကို မျက်မြင်တွေ့ရှိရလိမ့်မည်ဟု ဘယ်သောအခါမျှ မထင်မှတ်ခဲ့ပေ။
သူမက အလိုအလျောက်နောက်သို့ တစ်ဝက်လောက်ဆုတ်လိုက်သော်လည်း၊ ဤ ထိုက်ရွှီ နယ်ပယ်အတွင်းတွင် ဤကဲ့သို့သော ဓမ္မကိုယ်ထည် ကိုရင်ဆိုင်နေရချိန်၌ သူမတွင် လှုပ်ရှားရန်နေရာမရှိတော့ကြောင်း စိတ်ပျက်စွာဖြင့် သဘောပေါက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်း ဇင်တောင်ဝှေး မှာ ဧရာမတိုင်လုံးကြီး တစ်ခုအလား ကျဆင်းလာခဲ့ပြီး၊ သူမ၏တစ်ကိုယ်လုံးမှာ တောင်ဝှေးအရိပ်အောက်တွင် လွှမ်းခြုံခံလိုက်ရကာ၊ ဇင်တောင်ဝှေးပေါ်ရှိကွင်းများက မြည်ဟည်းသွားပြီး မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းသည့်ဗုဒ္ဓအသံကို ထုတ်လွှတ်လိုက်တော့သည်။