← Chapters

အခန်း ၄၀၅

Vol. 21 Ch. 405

အခန်း ၄၀၅

Vol. 21 Ch. 405

အခန်း (၄၀၅) - ဒါလော့ဘုရားကျောင်းမှ ဘုန်းကြီး ကျိယင်း

​လင်းကျင်း၏ အဖြေကို မျောက်ဖြူသည် အချိန်အတော်ကြာအောင် စဉ်းစားခဲ့ပြီးနောက် သူ၏ ဆရာပြောလိုသည့် အဓိပ္ပါယ်ကို နောက်ဆုံး၌ နားလည်သွားခဲ့သည်။

​သူသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော စပျစ်သီးများကို ကောက်ယူလိုက်ပြီးနောက် အိမ်ရှေ့ဝင်းထဲသို့ ထွက်လာခဲ့၏။

​အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အေးစက်တည်ငြိမ်သည့် ဘုန်းကြီးမှာ ဆံပင်မရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှ ခန့်ညားထည်ဝါသော သန့်စင်မှုအရှိန်အဝါများ ထွက်ပေါ်နေသည်။ သူ၏ လက်တစ်ဖက်က သံဖြင့်ပြုလုပ်ထားသော မိစ္ဆာနှိမ်နင်းရေး တောင်ဝှေးကို ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ ကြာပွင့်ပုံစံ လက်ဟန်ကို ပြုလုပ်ထား၏။ သူ၏ စူးရှသော မျက်လုံးများမှာ ဒေါသဖြင့် တောက်လောင်နေသည်။ သူ၏ သင်္ကန်းနှင့် ဖိနပ်များမှာ အစွန်းအထင်းမရှိ စင်ကြယ်နေပြီး ထိုသန့်ရှင်းသပ်ရပ်သော အသွင်အပြင်က သူ့အား လောကီအညစ်အကြေးများ မဖက်တွယ်ထားသူတစ်ဦးအလား ထင်မှတ်စေသည်။

​လင်းကျင်း၏ လမ်းညွှန်မှုအောက်တွင် မကြုံစဖူးသော အခြေအနေမျိုးစုံကို ရင်ဆိုင်ခဲ့ဖူးသော မျောက်ဖြူသည် ဤဘုန်းကြီးမှာ လွယ်ကူသော ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်သည်။ ထိုလူ၏ ပြင်းထန်လှသော အရှိန်အဝါက မျောက်ဖြူကို အလွန်ပင် နေရခက်စေ၏။

​ထိုဘုန်းကြီးမှာ တောင့်တင်းခိုင်မာသူ ဖြစ်နိုင်သော်လည်း မျောက်ဖြူမှာလည်း အလျှော့ပေးမည့်သူ မဟုတ်ပါချေ။ သို့သော်လည်း အခြားရွေးချယ်စရာ မရှိတော့သည့် အခြေအနေမျိုးမှလွဲ၍ သူသည် အကြမ်းဖက်မှုကို အသုံးမပြုလိုပါ။ လင်းကျင်း၏ လမ်းညွှန်မှုကို ရရှိထားသဖြင့် သူသည် ယဉ်ကျေးမှုကိုလည်း တတ်မြောက်ထားပြီ ဖြစ်သည်။ ထိုဘုန်းကြီးမှာ မကောင်းသော ရည်ရွယ်ချက်ရှိနေသည်ကို သိသော်လည်း မျောက်ဖြူက အလေးပြုလိုက်ကာ "ဂါရဝပြုပါတယ် အရှင်ဘုရား"

​သူသည် အလွန်ပင် ယဉ်ကျေးပျူငှာလှ၏။

​ဘုန်းကြီးမှာ ခဏတာ မှင်တက်သွားသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ မိစ္ဆာများကို နှိမ်နင်းပြီး သားရဲများကို ဖမ်းဆီးခဲ့သည့် အတွေ့အကြုံအရ ကောက်ကျစ်သော သတ္တဝါများစွာနှင့် ကြုံတွေ့ခဲ့ဖူးသဖြင့် ဘုန်းကြီးသည် စကားမပြောမီ ဤမျောက်မိစ္ဆာကို အရင်ဖမ်းဆီးရန် ဆုံးဖြတ်လိုက်တော့သည်။

​အလေ့အထအရ ဘုန်းကြီးသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်၏။ တစ်ချိန်တည်းမှာပင် လေတိုးသံများနှင့်အတူ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

​မျောက်ဖြူသည် တောင်ကြီးတစ်လုံး မိမိအပေါ်သို့ ပြိုကျလာသကဲ့သို့ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရ၏။

​ယခုအခါ သူ၏ သည်းခံမှုမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​သူသည် မိမိကိုယ်ကို ထိန်းချုပ်ခဲ့သော်လည်း ထိုဘုန်းကြီးကမူ တုံ့ပြန်မှု မရှိခဲ့ပါချေ။ မျောက်ဖြူသည် သခင်လင်း၏ သင်ကြားမှုကို လိုက်နာကာ ရန်မဖြစ်အောင် ကြိုးစားခဲ့သော်လည်း အကယ်၍ ပြိုင်ဘက်က သူ့အား ထောင့်ပိတ်ရိုက်နေပါက ဘာမှ လုပ်၍ မရတော့ပါချေ။

​"ဝေါ့..."

​မျောက်ဖြူမှာ ဒေါသတကြီး ဟောက်လိုက်ပြီး သူ၏ စွမ်းအားများ မြင့်တက်လာသည်။ သူ၏ လက်သီးကို ဝှေ့ယမ်းကာ ဘုန်းကြီးကို နောက်သို့ ဆုတ်သွားအောင် လုပ်ဆောင်လိုက်ပြီးနောက် ချောင်အိမ်တော်ပြင်ပသို့ ခုန်ထွက်သွားတော့သည်။

​အကယ်၍ သူတို့ တိုက်ခိုက်ကြမည်ဆိုလျှင် မျောက်ဖြူသည် ချောင်အိမ်တော်မှ ထွက်ခွာသွားရပေလိမ့်မည်။ မဟုတ်ပါက ချောင်မိသားစုမှာ ထိခိုက်နစ်နာသွားနိုင်သောကြောင့် ဖြစ်၏။

​"မိစ္ဆာ... မင်း လွတ်အောင် မပြေးနိုင်ပါဘူး"

ဘုန်းကြီးက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

​ဘုန်းကြီးသည် မျောက်ဖြူနောက်သို့ လိုက်လံဖမ်းဆီးရင်း အော်ဟစ်နေသည်။

"ငါက ဒါလော့ဘုရားကျောင်းက ဘုန်းကြီး ကျိယင်းပဲ... ငါ ဒီကို မိစ္ဆာကို နှိမ်နင်းဖို့ လာတာ... ဒီကိစ္စနဲ့ မသက်ဆိုင်သူတွေ လမ်းက ဖယ်ပေးကြပါ၊ မဟုတ်ရင် ထိခိုက်သွားနိုင်တယ်"

​ထိုမိုးကြိုးသံကဲ့သို့ ကျယ်လောင်လှသော သတိပေးချက်မှာ ကျူရိပ်မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့သည်။

​လူတိုင်းမှာ ထိတ်လန့်ကုန်ကြ၏။ လူကြီးပိုင်းများပင် ဤကဲ့သို့သော အခြေအနေမျိုးကို မကြုံစဖူးသဖြင့် လူတိုင်းမှာ သူတို့၏ အိမ်ထဲတွင်သာ ပုန်းအောင်းနေကြရသည်။

​ချောင်မိသားစုမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့၏။

​"ဘာတွေ ဖြစ်နေတာလဲ"

​"ကျွန်တော် မသိဘူး"

​"ခုနက ဘုန်းကြီးတစ်ပါး ဝင်လာပြီး ငါတို့ အိမ်ထဲမှာ မိစ္ဆာအရှိန်အဝါတွေ ရှိနေတယ်လို့ ပြောသွားတယ်... သူက အရမ်းလည်း ခက်ထန်သလို အရမ်းလည်း မြန်တော့ ကျုပ်တို့ မတားနိုင်လိုက်ဘူး"

​"သခင်ကြီးချောင်ကို မြန်မြန်သွားခေါ်လိုက်ကြ"

​ချောင်ဖေးဂုန်း ရောက်ရှိလာချိန်တွင် မျောက်ဖြူနှင့် ဘုန်းကြီးတို့မှာ မရှိတော့ပါချေ။ သူတို့၏ သွားနှုန်းကို ကြည့်ခြင်းအားဖြင့် ယခုအချိန်တွင် မြို့ပြင်သို့ပင် ရောက်နေလောက်ပြီ ဖြစ်သည်။ မကြာသေးမီက ထူးဆန်းသော အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသဖြင့် ချောင်ဖေးဂုန်းမှာ ရက်အနည်းငယ်တိုင်အောင် ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပါချေ။

​သို့သော်လည်း ယခုအချိန်တွင် သူ ဘာမှ မတတ်နိုင်သဖြင့် အိမ်တွင် စောင့်ဆိုင်းရင်း တစ်စုံတစ်ဦးကို စုံစမ်းရန် လွှတ်လိုက်ရုံသာ ရှိတော့သည်။

​ချောင်ဖေးဂုန်းမှာ ထူးဆန်းနေမိ၏။ သူသည် မြက်ခင်းပြင်တိုက်ကြီးမှ ဒါလော့ဘုရားကျောင်းအကြောင်း ကြားဖူးသည်။ ၎င်းမှာ ဤနေရာနှင့် အလွန်ဝေးကွာလှပေသည်။ သို့ဆိုလျှင် ထိုနေရာမှ ဘုန်းကြီးတစ်ပါးက အဘယ်ကြောင့် ဤနေရာသို့ ရောက်လာရသနည်း။

​ထိုစဉ်မှာပင် မြူခိုးများက သူ၏ အမြင်အာရုံကို ဖုံးလွှမ်းသွားခဲ့ပြီး ဆိုးရွားသော အရာတစ်ခု ဖြစ်တော့မည်ကို ချောင်ဖေးဂုန်း သိလိုက်သည်။ သူ စကားမပြောနိုင်မီမှာပင် သူ၏ ဘေးပတ်ဝန်းကျင်ရှိ သားရဲများနှင့် အစေခံများ အားလုံးမှာ မြေပြင်ပေါ်သို့ လဲကျကုန်ကြ၏။

​အနီးကပ် ကြည့်လိုက်သောအခါ သူတို့အားလုံးမှာ မြှားတိုများဖြင့် ပစ်ခတ်ခံထားရခြင်း ဖြစ်သည်။

​'ဒါက မကောင်းတော့ဘူး'

ချောင်ဖေးဂုန်း တွေးလိုက်မိသည်။ ထို့နောက် တံတိုင်းပေါ်မှ ကြမ်းတမ်းသော သားရဲအချို့ ခုန်ဆင်းလာပြီး ကျန်ရှိနေသော အစောင့်များကို ကိုက်ဖြတ်ကာ ချောင်ဖေးဂုန်းနှင့် သူ၏ မိသားစုဝင်များကို ဝိုင်းရံလိုက်တော့သည်။

​"ချောင်ဖေးဂုန်း... မင်းက ကိုယ့်အတွက်ကိုယ် ကောင်းတာကို သိတယ်ဆိုရင် မင်းရဲ့ မိသားစု အမွေအနှစ်ကို အခုချက်ချင်း ထုတ်ပေးလိုက်... မဟုတ်ရင်တော့ ချောင်မိသားစုဝင် တစ်ယောက်မှ မနက်ဖြန် မနက်ခင်းရဲ့ အလင်းရောင်ကို မြင်ရမှာ မဟုတ်ဘူး... အသက်ရှင်မလား၊ သေမလားဆိုတာ မင်းဘာသာ ရွေးချယ်ပါ"

​မြူခိုးများထဲမှ ထွက်ပေါ်လာသော အသံကြောင့် ချောင်မိသားစုဝင်များမှာ မျက်နှာများ ဖြူဖျော့ကုန်ကြ၏။

​ချောင်ဖေးဂုန်းသည် သူ ဘာကြောင့် တစ်နေ့လုံး စိတ်မအေး ဖြစ်နေရသနည်းဆိုသည်ကို ယခုမှ သိလိုက်ရတော့သည်။ အကဲဖြတ်မှူးလင်း ထားခဲ့သော မျောက်ဖြူမှာ ဘုန်းကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံလိုက်ရသဖြင့် ချောင်မိသားစုမှာ ပြန်လည် ခုခံနိုင်စွမ်း မရှိတော့ပါချေ။

​မိမိ၏ မိသားစု ရတနာကို ထပ်မံ မကာကွယ်နိုင်တော့မှန်း သိလိုက်ရသဖြင့် ချောင်ဖေးဂုန်းမှာ သက်ပြင်းချလိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။

"ငါ့မိသားစုကို လွှတ်ပေးလိုက်... ငါတစ်ယောက်တည်း ကျန်ခဲ့ရင် မင်းတို့အတွက် အဲဒါကို သွားယူပေးမယ်"

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် မြူခိုးထဲမှ လူက သဘောတူလိုက်၏။

​ချောင်ဖေးဂုန်းမှလွဲ၍ ကျန်ရှိသော မိသားစုဝင်များကို လွှတ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် မြူခိုးထဲမှ မျက်နှာဖုံးစွပ်ထားသော ခက်ထန်သည့် မျက်လုံးများရှိသည့် လူသုံးဦး ထွက်လာခဲ့သည်။

​"သခင်ကြီးချောင်... ခင်ဗျားရဲ့ ကတိကို တည်ဖို့ အကြံပေးပါရစေ... အကယ်၍ ခင်ဗျားက ငါတို့ကို လှည့်စားမယ်ဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာ ခင်ဗျား သိမှာပါ"

လူတစ်ယောက်က ခြိမ်းခြောက်လိုက်သည်။ သို့သော် သူ စကားပြောနေစဉ်မှာပင် ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်ရှုနေခဲ့၏။

​ချောင်ဖေးဂုန်းက ထိုလူမှာ မျောက်ဖြူ ပြန်လာမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်ရမည်ဟု တွေးမိလိုက်သည်။

​၎င်းက ထိုထူးဆန်းသော ဘုန်းကြီးမှာ မျောက်ဖြူကို ဖယ်ရှားရန် ဤလူသုံးဦးမှ မျှားခေါ်လာခြင်း ဖြစ်ကြောင်း ပို၍ သေချာသွားစေသည်။

​သို့သော်လည်း သူတို့၏ မိသားစုမှာ ယခုအခါ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါချေ။ ချောင်ဖေးဂုန်းသည် သူတို့၏ ရတနာဖြစ်သော သစ်သားတိုကင်ကို သွားယူရန် ထိုလူသုံးဦးအား သူတို့၏ ဘိုးဘေးအိမ်ဆောင်သို့ ခေါ်ဆောင်သွားခဲ့ရုံသာ ရှိတော့သည်။

​ချောင်ဖေးဂုန်းအတွက်မူ ဤရတနာမှာ သူ၏ ဘိုးဘေးများ ထားရစ်ခဲ့သော အရာဖြစ်လင့်ကစား အသုံးမဝင်သော အရာတစ်ခုသာ ဖြစ်သည်။ ၎င်းက တန်ဖိုးမရှိရုံသာမက သူ၏ မိသားစုကို သူခိုးများ၏ ပစ်မှတ်ဖြစ်အောင်လည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။ အကဲဖြတ်မှူးလင်းက သူတို့ကို ကူညီပေးနိုင်သော်လည်း ချောင်ဖေးဂုန်းမှာ မိမိဘာသာ အစီအစဉ် ရှိပြီးသား ဖြစ်၏။ အကဲဖြတ်မှူးလင်းက သူတို့ကို တစ်ကြိမ်၊ နှစ်ကြိမ် ကူညီနိုင်သော်လည်း တစ်သက်လုံး စောင့်ရှောက်ပေးနိုင်မည် မဟုတ်ပါချေ။ ထို့ကြောင့် ဤရတနာကို ပေးအပ်လိုက်ပြီး အေးချမ်းသော နေ့ရက်များကို ပြန်လည် ရယူလိုက်ခြင်းက ပို၍ မကောင်းဘူးလား။

​သို့သော်လည်း ထိုလူယုတ်မာများက သူတို့ အလိုရှိရာကို ရရှိပြီးနောက် လူသတ်မည်ကို စိုးရိမ်သဖြင့် ချောင်ဖေးဂုန်းက ပြောလိုက်သည်။

"နားထောင်စမ်း... အကဲဖြတ်မှူးလင်းက မကြာခင် ပြန်လာတော့မှာ... ဒါကြောင့် မင်းတို့ ဒါကို ရပြီးတာနဲ့ အခုချက်ချင်း ထွက်သွားကြ... အကယ်၍ မင်းတို့က ငါ့မိသားစုကို ထိခိုက်အောင် လုပ်မယ်ဆိုရင် အကဲဖြတ်မှူးလင်းက မင်းတို့ကို လက်စားချေဖို့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး"

​ချောင်ဖေးဂုန်းသည် ထိုလူသုံးဦးမှာ ယခင်က သူခိုးများ၏ အပေါင်းအပါများ ဖြစ်ကြောင်း သေချာနေခဲ့သည်။

​သူတို့သည် အကဲဖြတ်မှူးလင်း ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းကာ မျောက်ဖြူကို မျှားခေါ်ရန်အတွက် ကျူရိပ်မြို့အနီးတွင် ပုန်းအောင်းနေကြခြင်း ဖြစ်ရမည်။ အတားအဆီးများ မရှိတော့သောအခါ သူတို့သည် အခြေအနေကို အခွင့်ကောင်းယူကာ ဝင်ရောက်လာခြင်း ဖြစ်၏။

​တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဤလူများသည် အကဲဖြတ်မှူးလင်းကို အလွန်အမင်း ကြောက်ရွံ့နေကြသူများ ဖြစ်ရပေမည်။ ထို့ကြောင့် ချောင်မိသားစုဝင်များ အသက်ရှင်နိုင်မလားဆိုသည်မှာ ဤလူများက အကဲဖြတ်မှူးလင်းကို မည်မျှအထိ ကြောက်ရွံ့သနည်းဆိုသည့် အချက်ပေါ်တွင် မူတည်နေပေသည်။

​ဤစကားကို ကြားသောအခါ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့၏။

​သူတို့သည် ကျူရိပ်မြို့အတွင်းတွင် တစ်ချိန်လုံး ပုန်းအောင်းနေခဲ့သော မိစ္ဆာအကဲဖြတ်မှူးများ အမှန်တကယ်ပင် ဖြစ်ကြပြီး လင်းကျင်း၏ ဖမ်းဆီးခြင်းကို မခံရသေးသူများ ဖြစ်သည်။ သူတို့သည် ကိုးလွှာလခြမ်းရေကန်ရှိ လိပ်ကျွန်းသို့ နောက်ပိုင်းတွင် ပြန်သွားခဲ့ကြပြီး ထိုနေရာတွင် မြင်တွေ့ခဲ့ရသည့် အရာများကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ကြရသည်။

​ကြီးမားသော လိပ်ကျွန်းမှာ နှစ်ခြမ်းကွဲနေပြီး အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိပါချေ။ သူတို့အတွက်မူ အကဲဖြတ်မှူးလင်းမှာ သူတို့ မယှဉ်နိုင်သော ပြိုင်ဘက်တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။

​ယခုတစ်ကြိမ်တွင် သူတို့သည် အန္တရာယ်ကြားမှ အတင်းတိုးဝင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့သည် ရတနာကို ရရှိသွားပြီဆိုလျှင် မည်သူ့ကိုမျှ သတ်ရန် မလိုအပ်တော့ပါချေ။

​ဤနိဂုံးကို ရရှိပြီးနောက် လူသုံးဦးလုံးမှာ ခေါင်းညိတ်ပြကာ ချောင်ဖေးဂုန်း၏ စကားကို သဘောတူလိုက်ကြသည်။

​ထို့ကြောင့် ချောင်ဖေးကုန်းသည် သစ်သားတိုကင်ကို သူတို့ထံသို့ ဝန်လေးစွာဖြင့် ပေးအပ်လိုက်တော့သည်။

​သူတို့ ရတနာကို ရရှိသည်နှင့် ထိုသူခိုးများမှာ သွေးမြေကျမှု မရှိဘဲ ချက်ချင်းပင် ထွက်ခွာသွားကြ၏။ သူတို့ မျက်ခြေပြတ်သွားသောအခါမှ ချောင်ဖေးဂုန်းသည် စိတ်ဓာတ်ကျသလို ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရသွားကာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားတော့သည်။

​ကျန်ရှိသော ချောင်မိသားစုဝင်များမှာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြန်လည် ရောက်ရှိလာကြသောအခါ ချောင်ဖေးဂုန်းမှာ မိမိ၏ မိသားစုဝင်များ ဘေးကင်းသည်ကို မြင်တွေ့ရသဖြင့် မျက်ရည်များပင် ကျလာခဲ့ရသည်။

​ရတနာကို ပေးအပ်လိုက်ခြင်းဖြင့် ချောင်ဖေးဂုန်းသည် သူ၏ ဘိုးဘေးများကို မျက်နှာပျက်စေခဲ့သည်ဟု ခံစားနေရသည်။ သူ၏ မိသားစုဝင်များက မည်မျှပင် ဖျောင်းဖျကြပါစေ၊ သူသည် ငိုယိုပြီးနောက်တွင်မူ သူ၏ ဘိုးဘေးများကို တောင်းပန်ရန်အတွက် ဘိုးဘေးအိမ်ဆောင်ရှေ့တွင် ဒူးထောက်နေခဲ့တော့သည်။

​၎င်းကို မြင်သောအခါ သူ၏ သားဖြစ်သူ ချောင်ရှင်းသည်လည်း သူ၏ နောက်ကွယ်တွင် နာကျည်းမှုနှင့် ဒေါသများဖြင့် ဒူးထောက်လိုက်၏။

​သူ့ကဲ့သို့သော လူငယ်တစ်ဦးအတွက်မူ သူခိုးများ၏ ခြိမ်းခြောက်မှုကြောင့် မိသားစု အမွေအနှစ်ကို ပေးလိုက်ရခြင်းမှာ ကြီးမားသော အရှက်ရမှုတစ်ခုပင် ဖြစ်သည်။

​သူတို့ မိသားစု၏ ဒုတိယဦးလေးမှာလည်း ဒူးထောက်လိုက်၏။ နောက်ဆုံးတွင်မူ သူတို့ တစ်မိသားစုလုံးမှာ သူတို့၏ ဘိုးဘေးများအား ခွင့်လွှတ်ရန် တောင်းပန်နေကြရတော့သည်။

​"သခင်ကြီး... အပြင်မှာ မိန်းကလေးတစ်ယောက် ရောက်နေပါတယ်... သူက အကဲဖြတ်မှူးလင်းရဲ့ တပည့်ပါလို့ ပြောနေတယ် သူက..."

အစေအပါးတစ်ဦးက အပြေးအလွှား ဝင်ရောက် သတင်းပို့လိုက်တော့သည်။

All Chapters