← Chapters

အခန်း ၄၀၇

Vol. 21 Ch. 407

အခန်း ၄၀၇

Vol. 21 Ch. 407

အခန်း (၄၀၇) - မိစ္ဆာနှိမ်နင်းရေး ခန်းမမှူး

​တောင်နဂါးလမ်းဆုံရှိ မြို့လေးမှာ အထူးပင် သက်ဝင်လှုပ်ရှားနေသည်။ ထိုမြို့ရှိ လူအများစုမှာ ကုန်သည်များ၊ ကိုယ်ခံပညာရှင်များနှင့် တာအိုကျင့်ကြံသူများ ဖြစ်ကြ၏။

​ယခုအချိန်တွင် မြို့ထဲရှိ နားနေဆောင်တစ်ခု၏ အခန်းထဲ၌ ဘုန်းကြီးအချို့မှာ တရားထိုင်နေကြသည်။ ထိုသူများထဲတွင် ထူးခြားစွာ ရှည်လျားသော နားရွက်များနှင့် တည်ကြည်သော မျက်ဝန်းများပေါ်တွင် ဖြူဖွေးသော မျက်ခုံးမွေးများ ရှိသည့် ဘုန်းကြီးအိုတစ်ပါး ပါဝင်သည်။ သူ၏ လက်ထဲတွင် ပုတီးစေ့ပေါင်း တစ်ရာ့ရှစ်စေ့ ပါဝင်သော ပုတီးတစ်ကုံးကို ကိုင်ထား၏။ ထိုပုတီးစေ့ အများစုမှာ ကြည်လင်နေပြီး မှိန်ဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်နေသည်။ ပုတီးစေ့များအတွင်း၌ တစ်စုံတစ်ခု ကူးခတ်လှုပ်ရှားနေသကဲ့သို့ ရှိပြီး သားရဲများ၏ အော်ဟစ်သံများကိုပင် သဲ့သဲ့မျှ ကြားနေရ၏။ သို့သော်လည်း ထိုအသံကို သေချာနားစွင့်လိုက်သည့်အခါတွင်မူ ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွားတော့သည်။

​ရုတ်တရက် ဘုန်းကြီးအိုမှာ မျက်လုံးကို ဖွင့်လိုက်ပြီး မေးလိုက်သည်။

"ကျိယင်း ပြန်ရောက်ပြီလား"

​ကိုရင်လေးတစ်ပါးမှာ နေရာမှထ၍ လက်အုပ်ချီကာ ဂါရဝပြုလျက် ပြန်လည် ဖြေကြားလိုက်၏။

​"ဆရာတော်... စီနီယာကျိယင်း ပြန်မရောက်သေးပါဘူး"

​"ဟွန်း..."

ဘုန်းကြီးအိုက မျက်မှောင်ကြုတ်လိုက်သည်။

"မိစ္ဆာအသေးအဖွဲလေးတစ်ကောင်ကို ဖမ်းတာ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ... သူ ပြန်ရောက်လာရင် မိစ္ဆာနှိမ်နင်းရေး ဂါထာကို ဆယ့်ငါးကြိမ် ကူးခိုင်းလိုက်မယ်"

​ကိုရင်လေးမှာ ကြောက်လန့်တကြား တုန်လှုပ်သွားတော့သည်။

​မိစ္ဆာနှိမ်နင်းရေး ဂါထာကို တစ်ကြိမ်ရွတ်ဆိုရန်ပင် အချိန်အတော်ပေးရသဖြင့် ၎င်းကို ဆယ့်ငါးကြိမ် ကူးခိုင်းခြင်းမှာ အလွန်ပင် နှိပ်စက်သော အပြစ်ဒဏ်တစ်ခု ဖြစ်ပေသည်။

​ထိုစဉ် သူတို့၏ ဘေးတွင်ရှိသော ကြည်လင်အေးချမ်းသည့် အသွင်အပြင်ရှိသည့် ဘုန်းကြီးတစ်ပါးက ဆိုသည်။

"ဆရာတော်... ကျူရိပ်မြို့မှာ မျောက်မိစ္ဆာတစ်ကောင် သောင်းကျန်းနေတယ်ဆိုပြီး တပည့်တော်တို့ကို အကူအညီတောင်းခဲ့တဲ့သူတွေမှာလည်း မကောင်းတဲ့ အရှိန်အဝါတွေ ရှိနေခဲ့ပါတယ်... သူတို့က တကယ်တော့ လူကောင်းတွေ မဟုတ်လောက်ဘူး"

​ဘုန်းကြီးအိုမှာ ကျိနျန်ဟု ခေါ်သော ဤဘုန်းကြီးအပေါ်တွင် ထူးဆန်းစွာပင် ယဉ်ကျေးပျူငှာလှ၏။

​"ကျိနျန်... မင်း စိုးရိမ်တာကို ငါ နားလည်ပါတယ်... ဒါပေမဲ့ အပြစ်ရှိတဲ့ လူသားတွေကိုတော့ ပြုပြင်ပေးလို့ ရတယ်... မိစ္ဆာတွေကတော့ မကောင်းမှုရဲ့ ပြယုဂ်တွေ ဖြစ်တာကြောင့် သူတို့ကို နှိမ်နင်းပစ်ရမယ်... ဒါလော့ဘုရားကျောင်းကို တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်အတွင်းမှာ ငါတို့ဟာ မရေတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်ခဲ့သလို မိစ္ဆာများစွာကိုလည်း နှိမ်နင်းခဲ့ပြီးပြီ... ငါတို့ရဲ့ လုပ်ရပ်တွေကြောင့်ပဲ ဗုဒ္ဓဘာသာဝင်တွေ အများကြီး ပေါ်ပေါက်လာပြီး ငါတို့ရဲ့ လုပ်ငန်းတွေကို ဆက်ခံနေကြတာပေါ့... ဒီလောကမှာ ငါတို့ ဒါလော့ဘုရားကျောင်းနဲ့ ယှဉ်နိုင်တဲ့ ဘာသာရေး ဂိုဏ်းဝင် ဘယ်နှခု ရှိလို့လဲ... တခြား ဂိုဏ်းတွေ အများကြီးက ဆုတ်ယုတ်ကုန်ကြပြီ၊ တချို့ဆိုရင် သူတို့ရဲ့ ဒကာ၊ ဒကာမတွေ လှူဒါန်းထားတာတွေကိုတောင် ကိုယ်ကျိုးအတွက် သုံးစွဲနေကြတယ်... အကယ်၍ မိစ္ဆာနှိမ်နင်းဖို့ ရည်ရွယ်ချက်သာ မရှိရင် ဒါလော့ဘုရားကျောင်းဟာ ဒီလောက်အထိ ကြာရှည် ခံမှာ မဟုတ်ဘူး"

​ကျိနျန်ဟု ခေါ်သော ဘုန်းကြီးက ပြုံးလိုက်သည်။

"ဆရာတော် ပြောတာ မှန်ပါတယ်... ဒါပေမဲ့ အပြစ်ရှိသူက သူ့ရဲ့ ဓားကို ချရန် ငြင်းဆန်နေမယ်ဆိုရင် သူက မိစ္ဆာတစ်ကောင်နဲ့ ဘာများ ခြားနားဦးမှာလဲ... ကျုပ်တို့ရဲ့ မိစ္ဆာနှိမ်နင်းရေး ခန်းမက သူ့ကိုရော နှိမ်နင်းသင့်သလား၊ မနှိမ်နင်းသင့်ဘူးလား"

​ဘုန်းကြီးအို၏ မျက်နှာမှာ တင်းမာသွားတော့သည်။

​"ကျိနျန်... မင်းက ဗုဒ္ဓတရားတော်တွေကို အလွန် တန်ဖိုးထားတာကို ငါ သိပါတယ်... ဒါပေမဲ့ ဒါက တခြား၊ ဟိုက တခြားပါ"

​ဘုန်းကြီးအို၏ စကားများတွင် လျှို့ဝှက်သော အဓိပ္ပါယ်တစ်ခု ပါဝင်နေခဲ့သည်။

​ကျိနျန်သည် ဘုန်းကြီးအို ကိုင်ထားသော ပုတီးစေ့များကို ကြည့်လိုက်၏။ သူသည် ခေါင်းခါလိုက်သော်လည်း ကျန်ရှိသော တရားထိုင်ချိန်များတွင်မူ ဘာမှ ထပ်မပြောတော့ပါချေ။

​ရုတ်တရက် ဘုန်းကြီးအို၏ ပုတီးစေ့များထဲမှ တစ်စေ့မှာ အလင်းရောင်များ တောက်ပလာသည်။ ထို့အပြင် အခန်းထောင့်တွင် ထောင်ထားသော သူတို့၏ သံတောင်ဝှေးများပေါ်ရှိ သံကွင်းများမှာ တုန်ခါလာပြီး အသံများ ထွက်ပေါ်လာတော့သည်။

​"မိစ္ဆာအရှိန်အဝါပဲ"

​ဘုန်းကြီးအိုမှာ ချက်ချင်းပင် ထရပ်လိုက်၏။ သူသည် ပုတီးကုံးကို လည်ပင်းတွင် စွပ်လိုက်ပြီး သူ၏ တောင်ဝှေးကို ဆွဲယူလိုက်သည်။ အချိန်တစ်စက္ကန့်မျှပင် မဖြုန်းဘဲ သူသည် အပြင်သို့ ထွက်ခွာသွားတော့သည်။

​ကျိနျန်သည်လည်း အပြင်သို့ အပြေးအလွှား လိုက်ပါသွား၏။ သို့သော် သူ၏ မျက်နှာပေါ်တွင်မူ အားကိုးရာမဲ့သော အမူအရာတစ်ခု ပေါ်လွင်နေခဲ့သည်။

​ယခုအချိန်တွင် မြို့လေးအတွင်း၌ ဖရိုဖရဲ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ရှန်းအာ တွက်ဆထားသည့်အတိုင်း ချောင်အိမ်တော်မှ ထွက်ပြေးလာသော မိစ္ဆာအကဲဖြတ်မှူး သုံးဦးမှာ တောင်နဂါးလမ်းဆုံမှတစ်ဆင့် ထွက်ပြေးရန် ကြံစည်နေခဲ့ကြခြင်း ဖြစ်၏။ သူတို့မှာ ရုပ်ဖျက်ထားကြသော်လည်း သူတို့၏ သားရဲများပေါ်ရှိ သွေးနံ့များကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပါချေ။ ထို့အပြင် သူတို့မှာ အပြစ်ရှိနေကြသူများ ဖြစ်သည့်အတိုင်း ရှန်းအာက သူတို့၏ လုပ်ရပ်များကို မေးမြန်းလိုက်သောအခါ ချက်ချင်းပင် သူတို့ကိုယ်သူတို့ ဖော်ထုတ်လိုက်သလို ဖြစ်သွားကြတော့သည်။

​နူးညံ့သိမ်မွေ့ပုံရသော မိန်းကလေးတစ်ဦးက သူတို့ကို တားဆီးရဲသည်ကို ဒေါသထွက်သွားပုံရသော မိစ္ဆာအကဲဖြတ်မှူးတစ်ဦးသည် ရှန်းအာအား ဖမ်းဆီးရန် ကြံစည်လိုက်သော်လည်း ထိုမိန်းကလေးက သူ့အား လွယ်ကူစွာပင် လှုပ်ရှား၍ မရအောင် လုပ်ဆောင်လိုက်၏။

​ထိုကံဆိုးသော မိစ္ဆာအကဲဖြတ်မှူးမှာ မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်နေခဲ့ရသည်။ သူ၏ လက်တစ်ဖက်မှာ သူ၏ ကိုယ်ပိုင်ဓားဖြင့် ထိုးဖောက်ခံရပြီး မြေပြင်တွင် ကပ်နေခဲ့၏။ ထိုဓားကို ဆွဲထုတ်ရမည်လား၊ မထုတ်ရဘူးလားဆိုသည်ကိုပင် သူ မဝေခွဲနိုင်တော့ပါချေ။ သူ ဆွဲထုတ်ချင်လျှင်ပင် မရနိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျိန်စာသင့်ဓားမှာ သာမန်ဓားများထက် ပို၍ လေးလံနေသဖြင့် ထိုလက်နက်ကို သူ မမနိုင်တော့သောကြောင့် ဖြစ်၏။

​အခြားသော မိစ္ဆာအကဲဖြတ်မှူး နှစ်ဦးမှာမူ ၎င်းကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။

​ရှန်းအာမှာ အလွန် အစွမ်းထက်သော ပြိုင်ဘက်ဖြစ်ကြောင်း သူတို့ သိလိုက်ကြပြီ ဖြစ်သည်။

​မိမိတို့၏ စွမ်းရည်ကို သိရှိကြသဖြင့် သူတို့သည် မြေပြင်တွင် အော်ဟစ်နေသော သူတို့၏ အပေါင်းအပါကို ထားရစ်ခဲ့ကာ လမ်းကြောင်း အသီးသီးသို့ ထွက်ပြေးကြတော့သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ သားရဲများမှာ မျက်လုံးများ နီရဲကာ ဟောက်လိုက်ကြပြီး ရှေ့သို့ ခုန်အုပ်လိုက်ကြ၏။

​ရှန်းအာက မျက်မှောင်ကြုတ်လိုက်သည်။

​သူမသည် 'ခြောက်လှန့်​ခြင်း'ကို အသုံးပြုထားသဖြင့် သာမန် သားရဲများမှာ သူမ၏ စွမ်းအားအောက်တွင် လှုပ်ရှားနိုင်စွမ်း မရှိသင့်ပါချေ။ သူမ၏ ခြောက်လှန့်ခြင်းစွမ်းအားမှာ မိစ္ဆာအရှိန်အဝါကို အသုံးပြုထားခြင်းဖြစ်ရာ အဆင့် (၂) အထိ သားရဲများမှာ ၎င်းကို မခုခံနိုင်သင့်ပါ။ ထိုစွမ်းအားမှာ အဆင့် (၃) သားရဲများကိုလည်း ထိခိုက်စေနိုင်သော်လည်း ယခု သားရဲများမှာမူ ဘာမှမဖြစ်သကဲ့သို့ ရှိနေကြသည်။

​"သူတို့တွေ မန္တန်တွေ သုံးထားတာ ဖြစ်ရမယ်"

သူမ မိမိကိုယ်ကို ပြောလိုက်မိသည်။

​လင်းကျင်း၏ လမ်းညွှန်မှုအောက်တွင် ရှန်းအာသည် သားရဲများကို ရူးသွပ်သွားစေနိုင်သော မန္တန်များစွာ ရှိကြောင်းကို သိရှိနားလည်ထားပြီး ဖြစ်၏။

​သို့သော်လည်း သူမ၏ ပြိုင်ဘက်များမှာ သားရဲနှစ်ကောင်မျှသာ ဖြစ်သည်။ သူမ၏ လက်ညှိုးကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အနီးအနားရှိ ကုန်သည်အချို့၏ ခါးတွင် ချိတ်ထားသော ဓားရှည်နှစ်လက်မှာ ပျံထွက်သွားပြီး ထိုသားရဲနှစ်ကောင်ကို သုတ်သင်လိုက်တော့သည်။

​ထိုသားရဲနှစ်ကောင် အသတ်ခံရပြီးနောက် မြို့ငယ်လေးမှာ ပရမ်းပတာ ဖြစ်သွားတော့သည်။

​ရှန်းအာသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ထွက်ပြေးသွားသော မိစ္ဆာအကဲဖြတ်မှူးတစ်ဦးမှာ လေထဲသို့ မြောက်တက်လာခဲ့၏။ သူသည် လေထဲတွင် မြောက်နေစဉ် အဆုတ်ကွဲမတတ် အော်ဟစ်နေခဲ့သည်။ ရှန်းအာက အခြားတစ်ဦးကိုပါ ဖမ်းဆီးရန် ပြင်ဆင်နေစဉ်မှာပင် သူမအား အော်ဟစ်လိုက်သံတစ်ခုကို ကြားလိုက်ရ၏။

​"မိစ္ဆာ... နေ့ခင်းကြောင်တောင်မှာ လူသားတွေကို ဘယ်လိုတောင် ဒုက္ခပေးရဲတာလဲ... ဒါကို ခံစားလိုက်စမ်း... မိုးကြိုးနှိမ်နင်းခြင်း... မာမီ ဒိုရို ချီ "

​ထိုမန္တန် ရွတ်ဆိုသံနှင့်အတူ ကောင်းကင်မှ သံကွင်းကိုးကွင်းပါသော တောင်ဝှေးတစ်ချောင်း ကျဆင်းလာပြီး ရှန်းအာအား ပစ်မှတ်ထားသော မိုးကြိုးတိုင်တစ်ခုကို ခေါ်ယူလိုက်တော့သည်။

​ရှန်းအာသည် အန္တရာယ် ရောက်လာတော့မည်ကို ချက်ချင်း ခံစားလိုက်ရ၏။ ထိုတောင်ဝှေးပေါ်တွင် မန္တန်တစ်ခု အသုံးပြုထားသဖြင့် သူမသည် အရာဝတ္ထုထိန်းချုပ်ခြင်းအတတ်ဖြင့် ၎င်းကို မထိန်းချုပ်နိုင်ပါချေ။ ထို့ကြောင့် ရှန်းအာသည် လက်ကို မြှောက်လိုက်ပြီး ပေအနည်းငယ် အကွာရှိ ကျောက်ကြိတ်ဆုံတစ်ခုကို သူမ၏ ဒိုင်းအဖြစ် အသုံးပြုလိုက်သည်။

​ဘုန်း...

​မိုးကြိုးသံမှာ ဟိန်းထွက်သွားပြီး ထူထဲလှသော ကျောက်ကြိတ်ဆုံမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။ ရှန်းအာသည် ရှောင်တိမ်းရန် ခုန်ထွက်လိုက်သော်လည်း တောင်ဝှေးမှ ထွက်ပေါ်လာသော မိုးကြိုးအရှိန်ကြောင့် အနည်းငယ် ထိခိုက်သွားကာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရသည်။

​ဘုန်းကြီးအိုမှာ ကောင်းကင်မှ ဆင်းသက်လာပြီး တောင်ဝှေးကို လက်တစ်ဖက်ဖြင့် ဖမ်းယူလိုက်ကာ အခြားလက်တစ်ဖက်ဖြင့်မူ မိစ္ဆာနှိမ်နင်းရေး လက်ဟန်ကို ပြုလုပ်လိုက်၏။ သူ၏ ဖြူဖွေးသော မျက်ခုံးမွေးရှည်ကြီးများမှာ လေပြည်တွင် လွင့်နေသလို သူ၏ သင်္ကန်းမှာလည်း တဖျပ်ဖျပ် လွင့်နေခဲ့သည်။ သူ၏ ထည်ဝါလှသော အရှိန်အဝါမှာ နတ်ဘုရားတစ်ပါးနှင့်ပင် တူနေတော့သည်။

​"သူက ဒါလော့ဘုရားကျောင်းက ဘုန်းကြီးပဲ"

​"ဘုန်းကြီးက အဲဒီမိန်းကလေးကို မိစ္ဆာလို့ ခေါ်လိုက်တာပဲ... ဒါကြောင့်မို့လို့ သူက အဝေးကနေ ပစ္စည်းတွေကို ထိန်းချုပ်နိုင်နေတာကိုး"

​"ဘုန်းကြီးပြောတာ အမှန်ဖြစ်ရမယ်... အရှင်ဘုရား... ဒီမိစ္ဆာကို နှိမ်နင်းပေးတော်မူပါ"

​ဘေးပတ်ဝန်းကျင်ရှိ ကုန်သည်များက အကူအညီတောင်းခံရန် တောင်းပန်တိုးလျှိုးနေကြတော့သည်။ သူတို့မှာ စောစောက အလွန် ထိတ်လန့်သွားခဲ့ကြသော်လည်း သူတို့ထဲမှ တစ်ဦးမျှ ထိခိုက်ဒဏ်ရာ မရခဲ့သည်ကိုမူ မည်သူမျှ သတိမထားမိကြပါချေ။

​ရှန်းအာသည် အံကြိတ်ကာ ပြန်လည် ထရပ်လိုက်သည်။ ထိုမိုးကြိုးအရှိန်မှာ ပြင်းထန်လှသဖြင့် သူမ၏ ခန္ဓာကိုယ်တစ်ခြမ်းမှာ ထုံကျဉ်သွားခဲ့ရ၏။ ဝေးလံသော နေရာသို့ ထွက်ပြေးသွားသော မိစ္ဆာအကဲဖြတ်မှူးကို ကြည့်လိုက်ရင်း သူမသည် ဆက်လက် လိုက်လံဖမ်းဆီးရန် ကြံစည်လိုက်သည်။

​"ယုတ်မာတဲ့ သတ္တဝါ... တခြားသူတွေကို ဒုက္ခပေးဖို့ ကြံနေတုန်းလား... ဒါကို ယူလိုက်စမ်း... နတ်ဘုရားတို့၏ လျှပ်စီး... ဝှက်ထားသော မိုးကြိုးတံဆိပ်"

​ဘုန်းကြီးအိုက နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်၏။

​သူ၏ လက်ထဲမှ လျှပ်စစ်စွမ်းအင်များ ထွက်ပေါ်လာပြီး ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာသည်။ ရှန်းအာသည် လောလောဆယ်တွင် ဤတိုက်ခိုက်မှုကိုသာ ပြန်လည် ခုခံရန် ရွေးချယ်စရာ ရှိတော့သည်။ သူမ ပြန်လည် တိုက်ခိုက်နေစဉ်မှာပင် မိစ္ဆာအကဲဖြတ်မှူးမှာ လမ်းဆုံ၏ အခြားတစ်ဖက်သို့ ပျောက်ကွယ်သွားတော့သည်။

​ရှန်းအာမှာ ချိုသာသော စရိုက်ရှိပြီး တခြားသူများအပေါ် ကြင်နာတတ်သူ ဖြစ်သော်လည်း သူမတွင် ဒေါသ မရှိသည်တော့ မဟုတ်ပါချေ။ ဤဘုန်းကြီးအိုမှာ ဘယ်ကနေ ရောက်လာမှန်း မသိဘဲ သူမအား စတင် တိုက်ခိုက်ခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ထိုမိစ္ဆာအကဲဖြတ်မှူးများ လွတ်မြောက်သွားရခြင်းမှာ ဤဘုန်းကြီးကြောင့်ပင် ဖြစ်သည်။ ရှန်းအာသည် သူမ၏ ဒေါသကို ထပ်မံ ထိန်းချုပ်မထားနိုင်တော့ပါချေ။

​လက်ညှိုးတစ်ချောင်းကို မြှောက်ကာ ရှေ့သို့ ညွှန်ပြလိုက်ရာ အနီးအနားရှိ သစ်ပင်ပေါင်း တစ်ဆယ်ကျော်မှာ မြေကြီးထဲမှ ကျွတ်ထွက်လာပြီး ဘုန်းကြီးအိုထံသို့ အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။ ၎င်းကို မြင်သောအခါ ဘုန်းကြီးအိုမှာ ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည်။

"အာချာလာ၏ အစောင့်အရှောက်၊ မြရောင်ခြင်္သေ့၊ တောင်ကုန်းမျောက်... ချေဖျက်စမ်း"

​ဘုန်းကြီးအိုသည် သူ၏ လည်ပင်းမှ ပုတီးကုံးကို ဖြုတ်လိုက်ရာ ပုတီးစေ့ နှစ်စေ့မှာ ချက်ချင်းပင် ကွဲထွက်သွားတော့သည်။ တစ်စေ့မှာ ကြီးမားလှသော ခြင်္သေ့ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး အခြားတစ်စေ့မှာမူ ပေငါးဆယ်ခန့် မြင့်သော မျောက်နက်ကြီးတစ်ကောင် ဖြစ်လာခဲ့သည်။ မျောက်နက်ကြီးမှာ သူ၏ လက်သီးများကို ဝှေ့ယမ်းကာ သူတို့ထံသို့ ရောက်လာသော သစ်ပင်များအားလုံးကို ရိုက်ချိုးပစ်လိုက်ပြီး ခြင်္သေ့ကြီးမှာမူ ရှန်းအာထံသို့ ဟောက်လိုက်ကာ ခုန်အုပ်လိုက်တော့သည်။

​ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဘေးမှ ကြည့်နေကြသော သူများမှာ ချက်ချင်းပင် လူစုခွဲကာ ထွက်ပြေးကုန်ကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ဆက်လက် ရပ်နေခြင်းမှာ သူတို့အတွက် အလွန် အန္တရာယ်များသောကြောင့် ဖြစ်၏။ သတ္တိရှိသူများပင်လျှင် ဆက်လက် စပ်စုမနေရဲကြတော့ပါချေ။ တိုက်ခိုက်မှုကြားတွင် ညပ်သွားပါက လွယ်လွယ်ကူကူပင် အသက်ဆုံးရှုံးသွားနိုင်သောကြောင့် ဖြစ်သည်။

​ထို့ကြောင့် လူအုပ်ကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

All Chapters