← Chapters

အခန်း ၄၀၈

Vol. 21 Ch. 408

အခန်း ၄၀၈

Vol. 21 Ch. 408

အခန်း (၄၀၈) - ပရမ်းပတာ အခြေအနေ

​သို့သော်လည်း နယ်စပ်ရှိ စစ်သားများမှာမူ ရှောင်တိမ်း၍ မရနိုင်ခဲ့ပါချေ။ စစ်သားငါးရာလုံးမှာ ထိုနေရာအနီးတွင် စုရုံးနေကြပြီး သူတို့၏ တပ်မှူးမှာမူ ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေများကြောင့် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ သူသည် ကျူရိပ်မြို့ မြို့စားမင်း အိမ်တော်သို့ ဆက်သွယ်ရေး ချိုးငှက်တစ်ကောင်ကို ချက်ချင်း လွှတ်လိုက်ပြီးနောက် ဖြစ်ပျက်နေသည်များကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

​ရှန်းအာသည် ယခုအခါ ခြင်္သေ့ကြီးနှင့် တိုက်ခိုက်နေသည်။ ဤခြင်္သေ့မှာ အဆင့် (၃) အထက်တွင်ရှိပြီး အဆင့် (၄) သို့ပင် နီးကပ်နေသော စွမ်းအားမျိုး ရှိ၏။

​သို့သော်လည်း မည်မျှပင် ခက်ထန်ပါစေ၊ ရှန်းအာကိုမူ ယှဉ်နိုင်စွမ်း မရှိပါချေ။

​ခဏအကြာတွင် ရှန်းအာသည် မြေပြင်မှ ဓားဆယ်လက်ကို မလိုက်ပြီး ခြင်္သေ့ကြီးအား အသားကင်သဖွယ် ဖြစ်အောင် လုပ်ဆောင်လိုက်သည်။ ထူးဆန်းသည်မှာ ထိုသားရဲသည် နေရာအနှံ့ အထိုးခံရသော်လည်း သွေးတစ်စက်မျှ ထွက်မလာခြင်းပင် ဖြစ်၏။ ခြင်္သေ့ကြီးမှာ နောက်ဆုံးတစ်ကြိမ် ဟောက်လိုက်ပြီးနောက် မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားတော့သည်။

​တစ်ချိန်တည်းမှာပင် တကျွတ်ကျွတ်အသံနှင့်အတူ ဘုန်းကြီးအို၏ လက်ထဲရှိ ပုတီးစေ့တစ်စေ့မှာ အက်ကွဲသွား၏။ အစပိုင်းတွင် တောက်ပနေသော ပုတီးစေ့မှာ ခြင်္သေ့ကြီး ပျောက်ကွယ်သွားသည်နှင့်အမျှ ၎င်း၏ အလင်းရောင်များ လုံးဝ ပျောက်ဆုံးသွားတော့သည်။

​ဤပုတီးစေ့များမှာ ရှေးဟောင်းရတနာများ ဖြစ်ကြပြီး ပြုလုပ်ရန်မှာ အလွန်ပင် မလွယ်ကူပါချေ။ ခြင်္သေ့ကြီးကို ဆုံးရှုံးလိုက်ရသဖြင့် ဘုန်းကြီးအိုမှာ အလွန်ပင် နှမြောတသ ဖြစ်သွားခဲ့ရ၏။

​"ယုတ်မာတဲ့ မိစ္ဆာ... ဒီနေ့တော့ မင်းကို ငါ အမြစ်ပြတ် သုတ်သင်ရမယ်"

​ထိုသို့ ပြောပြီးနောက် သူသည် ပုတီးကုံးကို အပေါ်သို့ မြှောက်တင်လိုက်သည်။

​"သားရဲအပေါင်းတို့ ပြောင်းလဲစေ၊ လွတ်မြောက်ခြင်း၏ အလင်းရောင်၊ အစောင့်အရှောက် နတ်ဘုရား... တောင်တန်းတွေ ငါ့အမိန့်ကို နာခံကြစမ်း"

​သူ၏ အသံမှာ ဟိန်းထွက်သွားပြီး တောက်ပနေသော ပုတီးစေ့များထဲမှ သားရဲများ၏ အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။ ထို့နောက် ကျား၊ ဥဒေါင်း၊ မြေခွေးနှင့် အခြားသော မိစ္ဆာသားရဲများစွာ ပေါ်ထွက်လာခဲ့၏။

​စုစုပေါင်း သားရဲ ဆယ်ကောင်ခန့် ရှိပေသည်။

​ထိုအလင်းတန်းများမှာ ဘုန်းကြီး၏ ဦးခေါင်းအထက်တွင် စုစည်းသွားကာ မြင့်မြတ်သော အလင်းလုံးကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။ ထို့နောက် ထိုအလင်းရောင်များမှာ အောက်သို့ ဖြာကျလာပြီး 'လက်တစ်ထောင် ဘုရားလောင်း'၏ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ မြေပြင်မှာ စတင် တုန်ခါလာပြီး မမြင်ရသော တောင်ကြီးတစ်လုံးကဲ့သို့ ပြင်းထန်သော ဖိအားမှာ အောက်သို့ ကျဆင်းလာတော့သည်။

​ရှန်းအာသည် ထိုပုတီးစေ့များထဲမှ ထွက်ပေါ်လာသော အရာများမှာ အနည်းဆုံး အဆင့် (၃) နှင့် အချို့မှာ အဆင့် (၄) ရှိသော သားရဲများ၏ ဝိညာဉ်များ ဖြစ်ကြောင်း သိလိုက်သည်။

​ယခုအခါ ထိုဝိညာဉ်များ အားလုံး စုစည်းသွားပြီး ဘုန်းကြီးအို၏ စွမ်းအင်များကို ထောက်ပံ့ပေးလိုက်ရာ သူ အသုံးပြုသော မန္တန်တိုင်းမှာ အဆပေါင်း ရာနှင့်ချီ၍ ပိုမို အစွမ်းထက်လာတော့သည်။

​ရှန်းအာသည် မိမိ၏ စွမ်းအားကို ကောင်းစွာ သိသည်။ သူမသည် မိစ္ဆာအသွင်ပြောင်းခြင်းကို ကျင့်ကြံထားပြီး သိသာသော စွမ်းအားများ ရှိသော်လည်း ဘုန်းကြီးအိုနှင့် ယှဉ်လျှင်မူ အနည်းငယ် အားနည်းနေဆဲ ဖြစ်၏။

​သို့သော်လည်း ရှန်းအာသည် နောက်ဆုတ်မည် မဟုတ်သလို ထွက်ပြေးမည်လည်း မဟုတ်ပါချေ။

​"အနန္တ မှောင်မိုက်တောင်ပံ"

ရှန်းအာသည် သူမတွင်ရှိသမျှ စွမ်းအားများကို ထုတ်သုံးလိုက်တော့သည်။ သူမ၏ မျက်ဝန်းများထဲတွင် မိစ္ဆာအလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီးနောက် မိစ္ဆာအရှိန်အဝါမှာ သိသိသာသာ မြင့်တက်လာ၏။ ယခုအချိန်တွင် သူမ၏ စွမ်းအင်များမှာ သူမ၏ ပတ်ပတ်လည်တွင် မီးတောက်များကဲ့သို့ တောက်လောင်နေခဲ့ပြီ ဖြစ်သည်။

​သူမ၏ နောက်ကျောတွင် အမြီးပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ၎င်းမှာ ဖြည်းဖြည်းချင်း အမြီးသုံးခုအဖြစ် ကွဲထွက်သွားတော့သည်။

​မှောင်မိုက်သော လေပြင်းများ တိုက်ခတ်လာပြီး ခြေထောက်အောက်ရှိ သဲများနှင့် ဖုန်မှုန့်များကို သယ်ဆောင်ကာ ဘုန်းကြီးအို၏ မန္တန်ကို တားဆီးရန် အကာအကွယ်တစ်ခုအဖြစ် တည်ဆောက်လိုက်သည်။

​နောက်တစ်စက္ကန့်တွင် စွမ်းအင်နှစ်ခုမှာ ထိပ်တိုက် တွေ့ဆုံသွားတော့သည်။

​ဘုန်း...

​ပြင်းထန်လှသော စွမ်းအင်များ တိုက်ခိုက်မှုကြောင့် တောင်နဂါးလမ်းဆုံ မြို့ငယ်လေးမှာ ပြိုပျက်သွားခဲ့ရသည်။ မြို့၏ ပေတစ်ထောင် ပတ်လည်အတွင်းရှိ အရာအားလုံးမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။ ကံကောင်းသည်မှာ ကုန်သည်များနှင့် ပြည်သူများမှာ အချိန်မီ တိမ်းရှောင်သွားကြခြင်းပင် ဖြစ်၏။ မဟုတ်ပါက ထိခိုက်သေဆုံးမှုမှာ ယခုထက် များစွာ ပိုမိုနိုင်ပေသည်။

​သို့သော်လည်း ကံမကောင်းသူများလည်း ရှိပေသည်၊ ၎င်းတို့မှာ ရှန်းအာ၏ ဖမ်းဆီးခြင်းကို ခံထားရသော မိစ္ဆာအကဲဖြတ်မှူး နှစ်ဦးပင် ဖြစ်၏။ သူတို့မှာ အချိန်မီ မထွက်ပြေးနိုင်သဖြင့် အပျက်အစီးများအောက်တွင် မြုပ်နှံခံလိုက်ကြရသည်။

​"စီနီယာ... ဒါက အရမ်း ဆိုးရွားသွားပြီ"

​အဝေးတစ်နေရာတွင် ကျိနျန်သည် တိုက်ခိုက်မှု၏ အပြင်ဘက် နယ်နိမိတ်တွင် ဆင်းသက်လိုက်ပြီး အလွန် ထိတ်လန့်နေခဲ့သည်။ သူကိုယ်တိုင်မှာလည်း အစွမ်းထက်သူ ဖြစ်သော်လည်း ဤပျက်စီးမှုများကြောင့် သူ၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လွင်နေခဲ့၏။

​တစ်ဖက်တွင်မူ မိစ္ဆာနှိမ်နင်းရေး ကျောင်းထိုင်ဖြစ်သော ဘုန်းကြီးအိုမှာ ကောင်းကင်ယံတွင် မြင့်မြတ်သော အလင်းရောင်များ ခြံရံလျက် ရပ်နေခဲ့သည်။ လက်တစ်ဖက်က တောင်ဝှေးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ သတိလစ်နေသော ကိုရင်လေးတစ်ပါးကို ဆုပ်ကိုင်ထား၏။ သူသည် အောက်ဘက်ရှိ ရှန်းအာကို တည်ကြည်သော မျက်နှာထားဖြင့် ငုံ့ကြည့်နေသည်။

​သူ၏ သင်္ကန်းမှာ တစ်စုံတစ်ခုကြောင့် ပြတ်တောက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ် အထက်ပိုင်းကို မြင်တွေ့နေရသည်။ အသက်ကြီးပြီ ဖြစ်သော်လည်း ဘုန်းကြီးအို၏ ကြွက်သားများမှာ တောင့်တင်းခိုင်မာနေဆဲ ဖြစ်၏။ သူ၏ ဝမ်းဗိုက်မှ လည်ပင်းအထိ ရှည်လျားသော ဒဏ်ရာတစ်ခုကိုလည်း မြင်တွေ့နိုင်ပေသည်။ ၎င်းမှာ တိုက်ခိုက်မှုအတွင်း ထက်မြက်သော အရာတစ်ခုဖြင့် အလှီးခံလိုက်ရခြင်း ဖြစ်ရမည်။ သို့သော်လည်း စိုးရိမ်ရသော ဒဏ်ရာမျိုးတော့ မဟုတ်ပါချေ။

​သူသည် တိုက်ခိုက်မှု ဖြစ်ပွားရာ တွင်းကြီး၏ အပြင်ဘက်သို့ ဆင်းသက်လိုက်ပြီး ဆိုလိုက်သည်။

"ငါ ဒီမြေခွေးမကို အထင်သေးမိသွားတယ်"

​ထို့နောက် သူ၏ တည်ငြိမ်သော မျက်နှာထားမှာ ပျက်ယွင်းသွားပြီး ပါးစပ်ထောင့်မှ သွေးအချို့ စီးကျလာတော့သည်။

​"ဆရာတော်... အဆင်ပြေရဲ့လား"

ကျိနျန်က အပြေးအလွှား ရောက်လာပြီး မေးလိုက်၏။

​"ငါ အဆင်ပြေပါတယ်... ငါ့မှာ သားရဲအပေါင်းတို့ရဲ့ မြင့်မြတ်တဲ့အလင်းရှိနေလို့ တော်သေးတာပေါ့... မဟုတ်ရင်တော့ အဲဒီမြေခွေးမရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် ငါ့ခန္ဓာကိုယ် နှစ်ခြမ်းကွဲသွားလောက်ပြီ"

​ဘုန်းကြီးအိုမှာ ကြောက်ရွံ့သွားပုံရသည်။

​နောက်ဆုံး အရေးကြီးသော အချိန်တွင် ရှည်လျားသော ဓားတစ်လက်မှာ ဘယ်ကမှန်းမသိ ပေါ်ထွက်လာပြီး ပူနွေးသော ဓားတစ်လက်က ထောပတ်ကို လှီးဖြတ်လိုက်သကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို လှီးဖြတ်သွားခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ အလွန်ပင် လျင်မြန်ပြီး လျှို့ဝှက်လွန်းလှသည်။ အကယ်၍ ဘုန်းကြီးအိုသည် မြင့်မြတ်သောအလင်းကို အသုံးမပြုဘဲ သူ၏ ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ မမာကျောစေခဲ့ပါက သူသည် ထိုနေရာ၌ပင် သေဆုံးသွားနိုင်ပေသည်။

​"ငါ့ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက်တော့ အဲဒီမြေခွေးမိစ္ဆာ သေသွားလောက်ပါပြီ... ဒါပေမဲ့ သေချာအောင်တော့ သူမရဲ့ အလောင်းကို ရှာရမယ်"

ထိုသို့ပြောပြီးနောက် ဘုန်းကြီးအိုသည် တွင်းကြီးထဲသို့ ခုန်ဆင်းရန် ပြင်လိုက်သည်။ သို့သော်လည်း သူ၏ ဒဏ်ရာမှ သွေးများ အလွန်အမင်း ထွက်နေသည်ကို မြင်လိုက်ရသဖြင့် ကျိနျန်က ချက်ချင်းပင် တားဆီးလိုက်၏။

​"အရှင်ဘုရား... အရှင်ဘုရားရဲ့ တရားလက်ဟန် တိုက်ခိုက်မှုကို ဘယ်မိစ္ဆာမှ မခုခံနိုင်ပါဘူး၊ ဒါကြောင့် မြေခွေးမိစ္ဆာ သေသွားတာ သေချာပါတယ်... အခု အရှင်ဘုရားက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသလို အာချာလာ ပုတီးစေ့တွေကလည်း အတော်လေး ပျက်စီးသွားပြီဆိုတော့ အမြန်ဆုံး ဒါလော့ဘုရားကျောင်းကို ပြန်ပြီး ပြင်ဆင်ရပါမယ်... မဟုတ်ရင် ဒီအတိုင်းပဲ ပျက်စီးသွားပါလိမ့်မယ်... အကယ်၍ ဒီနှစ်တစ်ထောင် ရတနာကြီးက ကျွန်တော်တို့ လက်ထဲမှာ ပျက်စီးသွားရင် ဒါက ဘုရားကျောင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားပါလိမ့်မယ်"

​ကျိနျန်၏ အကြံပြုချက်ကို ကြားသောအခါ ဘုန်းကြီးအို၏ မျက်နှာထားမှာ ပျော့ပြောင်းသွားတော့သည်။

​အမှန်တကယ်ပင် ဤတိုက်ပွဲ၏ ပြင်းထန်မှုမှာ သူ ထင်ထားသည်ထက် ပိုမိုသွားခဲ့၏။ ပို၍ အရေးကြီးသည်မှာ သူ၏ အာချာလာ ပုတီးစေ့အများစုမှာ အက်ကွဲသွားသဖြင့် ချက်ချင်း မပြုပြင်ပါက ပြန်လည် ကောင်းမွန်ရန် မဖြစ်နိုင်တော့ပါချေ။

​သူသည် ယခုအခါ လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သော တောင်နဂါးလမ်းဆုံ မြို့လေးဖြစ်သည့် တွင်းကြီးကို တစ်ချက် ကြည့်လိုက်သည်။ ဘုန်းကြီးအိုသည် ယခုတစ်ကြိမ်တွင်မူ ကျိနျန်၏ အစကားကို နားထောင်ကာ ဒါလော့ဘုရားကျောင်းသို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။

​ကျိနျန် မထွက်ခွာမီ သူသည် ပျက်စီးနေသော တွင်းကြီးကို တိတ်တဆိတ် ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။ သူ ဘာကြောင့် သက်ပြင်းချလိုက်သည်ကိုမူ မည်သူမျှ မသိနိုင်ပါချေ။

​ဘုန်းကြီးသုံးပါး ထွက်ခွာသွားသောအခါ အံ့အားသင့်နေကြသော စစ်သားငါးရာထဲမှ တစ်ဦးမျှ တားဆီးခြင်း မပြုခဲ့ကြပါချေ။

​ပထမ အကြောင်းရင်းမှာ ဒါလော့ဘုရားကျောင်းမှာ တိုက်ကြီးတိုင်းတွင် ကျော်ကြားလှသဖြင့် ကျောက်စိမ်းနဂါးနိုင်ငံမှ လူများမှာလည်း သူတို့၏ လွှမ်းမိုးမှုကို သိရှိထားကြခြင်းပင် ဖြစ်သည်။ ထို့အပြင် ခန်းမမှူးမှာ နိုင်ငံကို ကျူးကျော်ရန် မဟုတ်ဘဲ မိစ္ဆာကို နှိမ်နင်းရန်သာ ကြိုးစားနေခြင်း ဖြစ်သဖြင့် စစ်သားများအနေဖြင့် သူတို့ကို တားဆီး၍ မရနိုင်ကြောင်း သိထားကြသည်။ သို့သော်လည်း သူတို့၏ မြို့လေး ပျက်စီးသွားမှုအတွက်မူ အခြေအနေကို အသေးစိတ် အစီရင်ခံရမည် ဖြစ်သည်။

​ပေတစ်ရာခန့် နက်သော တွင်းကြီးထဲသို့မူ မည်သူမျှ ခြေမချရဲကြပါချေ။

​နောက်တစ်နေ့တွင် ကျူရိပ်မြို့ မြို့စားမင်းကိုယ်တိုင် အခြေအနေကို စုံစမ်းရန် ရောက်ရှိလာခဲ့သည်။ မနက်ဖြန်မှာ ကျောက်စိမ်းနဂါး ပွဲတော်ဖြစ်သည့်အတိုင်း ကျူရိပ်မြို့ မြို့စားသည် အချိန်အတော်ကြာ စဉ်းစားပြီးမှ အခြေအနေကို အစီရင်ခံရန် စာတစ်စောင် ရေးသားရန် ဆုံးဖြတ်လိုက်၏။ လမ်းဆုံမှာ ပျက်စီးသွားသော်လည်း ၎င်းမှာ တိုင်းတစ်ပါးသားများ၏ ကျူးကျော်မှုကြောင့် မဟုတ်ပါချေ။ သူတို့အနေဖြင့် လမ်းဆုံကို ပြန်လည် မတည်ဆောက်နိုင်သေးသဖြင့် မြို့စားမင်းက ပြန်လည် တည်ဆောက်ရေး ရန်ပုံငွေကိုသာ တောင်းခံလိုက်တော့သည်။

​တွင်းအောက်ခြေရှိ မိစ္ဆာနှင့် ပတ်သက်၍မူ မြို့စားမင်းသည်လည်း အခြားသူများကဲ့သို့ပင် နိဂုံးချုပ်လိုက်၏။

​တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူမှာ ဒါလော့ဘုရားကျောင်းမှ မိစ္ဆာနှိမ်နင်းရေး ခန်းမမှူး ဖြစ်သည်။ ထိုလူမှာ ကျော်ကြားလှသော အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အလတ်စား နိုင်ငံများပင်လျှင် ရန်မစရဲသော ပုဂ္ဂိုလ် ဖြစ်၏။ ထို့အပြင် တွင်းကြီး၏ အနက်ကို ကြည့်ခြင်းအားဖြင့် ခန်းမမှူး၏ တိုက်ခိုက်မှုမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သဖြင့် မည်သည့် မိစ္ဆာမျှ အသက်ရှင်နိုင်မည် မဟုတ်ပါချေ။

​ထို့ကြောင့် သူတို့သည် ထိုတွင်းကြီးကို ဒီအတိုင်းသာ ထားလိုက်ကြတော့သည်။

​နောက်ထပ် တစ်နေ့ ကုန်ဆုံးသွားပြီး ကျောက်စိမ်းနဂါး ပွဲတော်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ နိုင်ငံအတွင်းရှိ မြို့တိုင်းတွင် ပွဲတော်ကို ကျင်းပကြပြီး ကျူရိပ်မြို့မှာလည်း ချွင်းချက် မဟုတ်ပါချေ။ ကျူရိပ်မြို့ မြို့စားမှာလည်း မနက်ဖြန် နေ့လယ်ပိုင်းတွင် နိုင်ငံ၏ အစောင့်အရှောက် တစ်ဦး ရောက်ရှိလာပြီး အခြေအနေကို စုံစမ်းမည်ဖြစ်ကြောင်း သတင်းရရှိထားသဖြင့် ပို၍ စိတ်အေးသွားခဲ့ရသည်။

​နိုင်ငံတစ်ခုလုံး ပွဲတော်ကျင်းပကာ ပျော်ရွှင်နေကြစဉ်မှာပင် တောင်နဂါးလမ်းဆုံရှိ တွင်းနက်ကြီး၏ ဘေးတွင် လူရိပ်နှစ်ခု ပေါ်လာခဲ့သည်။

​တစ်ယောက်က ခေါင်းတလားကို ထမ်းထားပြီး အခြားတစ်ယောက်မှာမူ ကျောကုန်းကုန်း ဖြစ်၏။

​"ငါတို့ စုံစမ်းကြည့်သလောက်တော့ မိန်းကလေးရှန်းအာက မနေ့တစ်နေ့က ဒီနေရာမှာ ဒါလော့ဘုရားကျောင်းက ခန်းမမှူးနဲ့ တိုက်ခိုက်ခဲ့တာ သေချာတယ်... သူမက အဲဒီဘုန်းကြီးအိုရဲ့ ရိုက်နှက်မှုကို ခံလိုက်ရပုံပဲ"

ခေါင်းတလားလူသားက အံကြိတ်ကာ ပြောလိုက်သည်။

​လိပ်အိုကြီးမှာလည်း ထပ်တူပင် လူသတ်ချင်စိတ်များ ပေါက်နေခဲ့၏။

"မိန်းကလေးရှန်းအာအတွက် လက်စားချေဖို့ ငါ့ရဲ့ ကျန်ရှိတဲ့ ဘဝသက်တမ်းကို အသုံးချမယ်လို့ ကျိန်ဆိုတယ်... အဲဒီ ကတုံးကြီးကတော့ လွတ်မှာ မဟုတ်ဘူး"

​ဤသို့ ပြောနေကြသော်လည်း ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့မှာ ဒါလော့ဘုရားကျောင်းမှ ဘုန်းကြီးများမှာ လွယ်ကူသော ပြိုင်ဘက်များ မဟုတ်ကြောင်း သိထားကြသည်။ သူတို့နှစ်ဦးမှာ ယခုအချိန်တွင် အဆင့်မြင့် လူဆိုး ကျွမ်းကျင်သူများ ဖြစ်သလို လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်က 'လင်နန် နတ်ဘုရားများ'လည်း ဖြစ်ကြ၏။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဒါလော့ဘုရားကျောင်းမှာ နှစ်ပေါင်း တစ်ထောင်ကျော် သက်တမ်းရှိသော ဗုဒ္ဓဘာသာ၏ မြင့်မြတ်သော နေရာတစ်ခု ဖြစ်ကြောင်း သူတို့ သိထားကြသည်။ ထိုဂိုဏ်းမှာ အတိတ်တွင် 'မသေမျိုး ဘုန်းကြီးများ' ပင် ပေါ်ထွက်ခဲ့ဖူးပြီး ၎င်း၏ ဂုဏ်သိက္ခာမှာ ဘယ်သောအခါမှ အညစ်အကြေး မစွန်းထမ်းခဲ့ဖူးပါချေ။

​ယခုနေနေသာသာ၊ သူတို့ ထိပ်တန်းရောက်နေချိန်ဖြစ်သော လင်နန် နတ်ဘုရားများ ဘဝမှာပင်လျှင် သူတို့သည် ဒါလော့ဘုရားကျောင်းကို ဆန့်ကျင်နိုင်စွမ်း မရှိပါချေ။

​"ငါတို့ရဲ့ လှုပ်ရှားမှုတွေကို သေချာ စီစဉ်ရမယ်... အကဲဖြတ်မှူးလင်းရဲ့ နောက်ထပ်တပည့်တစ်ယောက်ဖြစ်တဲ့ မျောက်ဖြူကလည်း ဒါလော့ဘုရားကျောင်းက ဘုန်းကြီးတစ်ပါးနဲ့ တိုက်ခိုက်ခဲ့ပြီး သူတို့နောက်ကို မိုင်ငါးရာလောက် လိုက်ကြည့်ခဲ့တာ တောင်တွေပြို၊ မြစ်တွေကျိုးနေတာပဲ မြင်ခဲ့ရတယ်... ဒါပေမဲ့ မျောက်ဖြူနဲ့ အဲဒီဘုန်းကြီးရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး... ငါတို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ် ထင်တယ်"

ခေါင်းတလားလူသားသည် သူ၏ လက်သီးဖြင့် မြေပြင်ကို ထိုးချလိုက်ရာ ကျောက်ကြမ်းပြင်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။

​"အခု ဖြစ်ပျက်နေတာတွေကို အကဲဖြတ်မှူးလင်းကို ချက်ချင်း အသိပေးရမယ်... မေပယ်မြို့ကို မြန်မြန် ပြန်ကြရအောင်... အကဲဖြတ်မှူးလင်းက ပြန်ရောက်နေလောက်ပြီ... မျောက်ဖြူကို ရှာဖို့ပဲဖြစ်ဖြစ်၊ အဲဒီကတုံးကြီးကို လက်စားချေဖို့ပဲဖြစ်ဖြစ် အကဲဖြတ်မှူးလင်း တစ်ယောက်ပဲ လုပ်နိုင်လိမ့်မယ်... အကယ်၍ အကဲဖြတ်မှူးလင်း မလုပ်နိုင်ရင်တောင် ကူညီပေးဖို့ ပြတိုက်မှူး ရှိသေးတာပဲ"

ထို့နောက်သူကဆက်ပြောလိုက်၏။

"ဒါလော့ဘုရားကျောင်း... မင်းတို့မှာ နှစ်ပေါင်း တစ်ထောင် သမိုင်းကြောင်း ရှိချင်ရှိမယ်၊ ဒါပေမဲ့ ဒီနေ့ မင်းတို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဘေးဒုက္ခမျိုး ခေါ်ယူလိုက်မိပြီလဲဆိုတာ မင်းတို့ သိမှာ မဟုတ်ဘူး"

​"သွားကြစို့"

​ချက်ချင်းပင် ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့မှာ မေပယ်မြို့သို့ အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။ လင်းယုန်များ သို့မဟုတ် မြင်းများ မရှိသဖြင့် သူတို့သည် သူတို့၏ ခြေထောက်များကိုသာ အားကိုးရသဖြင့် ခရီးစဉ်မှာ အတော်လေး ကြာမြင့်ပေလိမ့်မည်။ တစ်ညလုံး ခရီးနှင်လျှင်ပင် နောက်တစ်နေ့ မနက်ခင်းမှသာ သူတို့၏ ပန်းတိုင်သို့ ရောက်ရှိပေလိမ့်မည်။

All Chapters