← Chapters

အခန်း ၄၁၄

Vol. 21 Ch. 414

အခန်း ၄၁၄

Vol. 21 Ch. 414

အခန်း (၄၁၄) - မိုးကြိုးမီးတောက်အပ်နှင့် ရွှေဝါလေး၏ ဆင့်ကဲပြောင်းလဲခြင်း

​ဟယ်ချန်းကတော့ ဘာမှသိလိမ့်မည်မဟုတ်ပါ။ သူမသည် တော်ဝင်မြို့တော်တွင် ဘာတွေဖြစ်ပျက်နေသည်ကိုပင် သေချာမသိဘဲ ကျန်သည့်အရပ်ဒေသများအကြောင်းကိုမူ ဆိုဖွယ်ရာမရှိပေ။

​ကျန်းဇီချီမှာလည်း ထို့အတူပင်။ သူသည် အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး ဒီနှစ်တွေထဲတွင် တောင်ပေါ်၌ပင် အမြဲပုန်းအောင်းနေခဲ့သူဖြစ်သည်။ သူ့အတွက် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း အများဆုံး "လူမှုဆက်ဆံရေး" လုပ်ခဲ့သည်မှာ ဧည့်ခန်းမရှိ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းသာ ဖြစ်သည်။

​ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့မှာမူ အမြဲတမ်းလိုလို ခရီးသွားနေကြသူများဖြစ်သဖြင့် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြီးအချို့ကို အဖွဲ့အား ပြောပြခဲ့သော်လည်း ပြတိုက်မှူးနှင့် သက်ဆိုင်ပုံရသည့် အရာတစ်ခုမျှ မပါဝင်ခဲ့ပေ။

​အဘိုးအိုထျန်းကလည်း ခေါင်းခါပြလိုက်သည်။ သူသည် အပြင်လောကတွင် ဘာတွေဖြစ်ပျက်နေသည်ကို စိတ်မဝင်စားပါ။ ယခုအခါ သူ့တွင် အဆင့် (၄) သားရဲတစ်ကောင် ရှိနေပြီဖြစ်သော်လည်း အဘိုးအိုထျန်းမှာ ကျေးလက်ဆန်ဆန် ဘဝမျိုးကိုသာ ပိုနှစ်သက်သည်။ အရိုးရှင်းဆုံးပြောရလျှင် တောင်တစ်တောင်ကို အပိုင်စားယူပြီး ကိုယ့်ဘာသာကိုယ် ဘုရင်လုပ်နေရသည်မှာ ပို၍ စိတ်အေးချမ်းစရာ ကောင်းလှသည်။

​ဖုန်းဇီချန်းနှင့် ကျောက်ကျင့်ယန်တို့မှာလည်း ဝေမျှစရာ သိပ်မရှိကြပေ။

​သူတို့ စကားပြောဆိုပြီးနောက် အချိန်အတော်ကြာသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ ပုံမှန်အခြေအနေအရဆိုလျှင် ယခုအချိန်တွင် သူတို့ ဧည့်ခန်းမမှ ထွက်ခွာသွားကြရမည် ဖြစ်သည်။

​ဧည့်သည် ရှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

​"ပြတိုက်မှူး ရောက်မလာဘူးပဲ"

​"ဟုတ်ပုံရတယ်၊ ဒါက ထူးဆန်းတယ်နော်"

​"ကျုပ်တမြင်ပြောရရင်တော့ အံ့သြနေစရာ မရှိဘူး... ပြတိုက်မှူးက သူ အချိန်တိုင်းလာပါ့မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးလေ"

အဘိုးအိုထျန်းက ရုတ်တရက် ဆိုလိုက်သည်။

​၎င်းမှာ သူ၏စိတ်ထဲတွင် ပေါ်လာသမျှကို ပြောလိုက်ခြင်းဖြစ်သော်လည်း ပြောပြီးနောက် လူတိုင်းက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူ မျက်နှာနီသွားတော့သည်။

​"ဘာ... ဘာလို့ အားလုံးက ကျွန်တော့်ကို အဲဒီလိုကြည့်နေကြတာလဲ... ကျုပ်ပြောတာ မမှားပါဘူး.. ပြ... ပြတိုက်မှူးက သူ အမြဲတမ်း လာပါ့မယ်လို့ အာမခံချက် မပေးထားဘူးလေ"

သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုလိုက်၏။

​အဖွဲ့သားများ ပြန်စဉ်းစားကြည့်လိုက်သောအခါ အဘိုးအိုထျန်း ပြောသည်မှာ အမှန်ပင်ဖြစ်နေသည်။

​ပြတိုက်မှူးကို ထားလိုက်ပါဦး၊ သူတို့ကိုယ်တိုင်လည်း ထို့အတူပင်။ ပထမဆုံးအကြိမ်တွင် ဤနေရာသို့ အတင်းအကျပ် ဆွဲခေါ်ခံခဲ့ရခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင်မူ သူတို့၏ဆန္ဒအလျောက်သာ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

​တစ်နည်းအားဖြင့် ပြောရလျှင် သူတို့တွင် အရေးကြီးကိစ္စရှိပါက ဤနေရာသို့ မလာဘဲနေပိုင်ခွင့် ရှိသည်။

​အမှန်တကယ်တော့ သူတို့ အမြဲတမ်း ရောက်လာရခြင်းမှာ အကျင့်ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် ၎င်းမှာ ပြတိုက်မှူးနှင့် ထိတွေ့ခွင့်ရမည့် အခွင့်အရေးလည်း ဖြစ်သည်။ ပြတိုက်မှူးထံမှ သူတို့ ရရှိခဲ့သည့် အကျိုးကျေးဇူးများကို ထောက်ရှုလျှင် ဧည့်ခန်းမသို့ မလာခြင်းမှာ မိုက်မဲရာကျပေလိမ့်မည်။

​သို့သော် ပြတိုက်မှူးမှာမူ မတူညီပေ။ အကယ်၍ သူ့တွင် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များရှိပါက ဤအစည်းအဝေးသို့ မတက်ရောက်ရန် ခိုင်လုံသောအကြောင်းပြချက် ရှိပြီးသားဖြစ်သည်။ အမှန်စင်စစ် သူသည် သူ၏တက်ရောက်မှုကို တစ်ခါမျှ အာမမခံခဲ့ဖူးချေ။

​"အဘိုးကြီးထျန်း ပြောတာ မှန်တယ်"

​ရဲ့ယွီကျိုးမှာ အံ့သြသွားသော်လည်း အဘိုးအိုထျန်း၏ စကားမှာ အတော်လေး ယုတ္တိရှိကြောင်း နားလည်သွားသည်။

​"ဟုတ်တယ်၊ အကယ်၍ ပြတိုက်မှူးမှာ တစ်ခုခု ကိုင်တွယ်နေရတာရှိရင် သူ မလာတာက အံ့သြစရာ မဟုတ်တော့ဘူး... တကယ်တော့ အဘိုးအိုထျန်းသာ မပြောရင် ငါ ဒီလိုဖြစ်နိုင်ခြေမျိုးကို ထည့်တောင် မစဉ်းစားမိဘူး"

ကျီးကန်းနက်က ရယ်မောရင်း ဆိုသည်။

​အခြားသူများကလည်း အဘိုးအိုထျန်းကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကြရာ သူ ပို၍ပင် ရှက်သွားတော့သည်။

​"ဒါဆိုရင်တော့ နောက်တစ်ကြိမ် ဧည့်ခန်းမ ပွင့်တဲ့အခါမှပဲ ပြတိုက်မှူးကို မေးကြည့်ရတော့မှာပေါ့"

​"ဟုတ်တယ်၊ ဒါပေမဲ့ အချိန်အနည်းငယ် ကျန်သေးတော့ ကျုပ်တို့ စကားဆက်ပြောကြတာပေါ့"

​အဖွဲ့သားများ စိတ်ပျက်သွားကြသော်လည်း ပြတိုက်မှူး ရောက်မလာသည်ကို ဘာမှမတတ်နိုင်ကြပေ။

​အထူးသဖြင့် ဖုန်းဇီချန်းနှင့် ကျောက်ကျင့်ယန်တို့အတွက် ပို၍ ဆိုးရွားသည်။ ၎င်းမှာ သူတို့၏ ဒုတိယအကြိမ်မြောက် ဧည့်ခန်းမသို့ ရောက်ရှိလာခြင်းဖြစ်သဖြင့် ပြတိုက်မှူးအား မေးမြန်းစရာ မေးခွန်းပေါင်းများစွာ ရှိနေသည်။ သို့သော် ယခုမူ နောက်တစ်ကြိမ်အထိသာ စောင့်ရတော့မည် ဖြစ်၏။

​အမှန်တကယ်တော့ ပြတိုက်မှူး (လင်းကျင်း) မှာ အကြီးအကျယ် ပြဿနာတက်နေသည်ကို သူတို့ လုံးဝ မသိရှိကြပါချေ။

​ရွှေဝါလေး၏ ပေါက်ကွဲထွက်လာသော စွမ်းအားကြောင့် မိုးတိမ်များမှာ အတင်းအကျပ် လူစုကွဲသွားခဲ့ပြီး သည်းထန်စွာရွာသွန်းနေသော မိုးမှာလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ မိုးရွာပြီးနောက် လေထုမှာ စင်ကြယ်သွားကာ ပတ်ဝန်းကျင် ရှုခင်းမှာလည်း စိတ်ကြည်နူးဖွယ် ကောင်းလှ၏။

​သို့သော် လင်းကျင်းမှာမူ ထိုအရာများကို ခံစားနိုင်သည့် စိတ်အခြေအနေတွင် မရှိပါချေ။

​နတ်ဘုရားမိုးကြိုးကြောင့် သူ၏ ခန္ဓာကိုယ်တွင် ရရှိခဲ့သော ပျက်စီးမှုများကို သူ အလွန်အမင်း လျှော့တွက်မိခဲ့ကြောင်း သိလိုက်ရသည်။ သူ၏ မူလအစီအစဉ်မှာ ရှန်းအာကို ကုသပေးခဲ့သည့် လျှို့ဝှက်အတတ်ပညာကို မိမိကိုယ်ကိုယ် ပြန်လည်အသုံးပြုရန် ဖြစ်သည်။

​မမျှော်လင့်ဘဲ ၎င်းမှာ အလုပ်မဖြစ်ခဲ့ပါချေ။

​သူသည် မိစ္ဆာတစ်ကောင် မဟုတ်သလို သူတို့ကဲ့သို့ သန်မာသော ခန္ဓာကိုယ်မျိုးလည်း မရှိပေ။ ထို့အပြင် မိစ္ဆာများနှင့် သားရဲများတွင် အဆင့်များ ရှိသော်လည်း လင်းကျင်းတွင် မရှိပါ။ နတ်ဘုရားမိုးကြိုး၏ စွမ်းအင်များကို သူ၏ အတွင်းအင်္ဂါများထဲတွင် ဝှက်ထားပြီး နောက်ဆုံး၌ မိမိ၏ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲရန် ကြိုးစားခြင်းမှာ မဖြစ်နိုင်သော အလုပ်ပင်။

​ကံကောင်းထောက်မစွာဖြင့် လင်းကျင်းမှာ မည်သည့်အချိန်တွင် ရပ်ရမည်ကို သိထားသဖြင့် အတင်းအကျပ် မလုပ်ဆောင်ခဲ့ပါ။ သူသည် ဒုတိယအကောင်းဆုံး နည်းလမ်းကိုသာ ရွေးချယ်လိုက်ရတော့သည်၊ ၎င်းမှာ နတ်ဘုရားမိုးကြိုးကို အပ်တစ်ချောင်းအတွင်းသို့ ဆွဲသွင်းလိုက်ခြင်းပင် ဖြစ်၏။

​သူသည် နတ်ဘုရားမိုးကြိုးနှင့် နဂါးမီးကို အသုံးပြုကာ ဤအပ်ကို သန့်စင်မည် ဖြစ်သည်။

​လက်ရှိတွင် လင်းကျင်းသည် သူ၏ အတွေ့အကြုံကို အခြေခံ၍ စမ်းသပ်လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ အကယ်၍ သူ၏ အစီအစဉ် အောင်မြင်ခဲ့ပါက သူသည် အစွမ်းထက်သော လက်နက်တစ်ခုကို ရရှိလိမ့်မည် ဖြစ်သော်လည်း ကျရှုံးခဲ့ပါကလည်း ဘာမှ ဆုံးရှုံးစရာ မရှိပေ။

​လင်းကျင်းသည် အစွမ်းကုန် အာရုံစူးစိုက်ထားသည်။ နဂါးမီးမှာ မလုံလောက်ကြောင်း သိလိုက်ရသောအခါ သူသည် ချက်ချင်းပင် သဘာဝမီးသို့ ပြောင်းလဲလိုက်သည်။ သဘာဝမီးမှာလည်း ကျရှုံးသွားသောအခါ သူသည် သူ သိပ်မကျွမ်းကျင်သေးသော 'ဖီးနစ်မီး'ဖြင့် အရာအားလုံးကို ရင်းနှီးရန် ဆုံးဖြတ်လိုက်တော့သည်။

​သူသည် လွန်ခဲ့သော အချိန်အနည်းငယ်က ဖီးနစ်ဥကို ဖန်တီးခဲ့စဉ်က ဤ 'ဖီးနစ်မီး' ကို ရရှိခဲ့ခြင်း ဖြစ်သည်။ အချို့သော ကျင့်ကြံမှုများ ပြုလုပ်ပြီးနောက် ၎င်းကို သူ စတင်အသုံးပြုနိုင်ခဲ့သော်လည်း နဂါးမီးနှင့် နှိုင်းယှဉ်လျှင်မူ ကျွမ်းကျင်မှုမှာ အတော်လေး လိုပါသေးသည်။ ၎င်းမှာ သူ၏ နောက်ဆုံးလက်နက်ပင် ဖြစ်၏။

​လင်းကျင်း၏ ရှေ့တွင် ငွေရောင်အပ်တစ်ချောင်းမှာ လေထဲ၌ လွင့်မျောနေသည်။ ၎င်း၏ ကိုယ်ထည်ပေါ်တွင် ရံဖန်ရံခါ လျှပ်စစ်စများ ပေါ်ထွက်နေခြင်းက ၎င်း၏ မတည်ငြိမ်သော အခြေအနေကို ပြသနေ၏။ လင်းကျင်းသည် ပါးစပ်ကို ဖွင့်လိုက်ပြီး နီရဲသော မီးတောက်များကို ညင်သာစွာ မှုတ်ထုတ်လိုက်ကာ အပ်ကို ဝန်းရံစေလိုက်သည်။

​ထိုသွေးရောင်နီနေသော မီးတောက်များမှာ လင်းကျင်း အကြာကြီး မွေးမြူခဲ့သော ဖီးနစ်မီးပင် ဖြစ်သည်။ ဤမီးတောက်များသည် အပ်ကို ပတ်ပတ်လည် ဝန်းရံထားသောအခါ အရည်တစ်ခုကဲ့သို့ပင် ထင်မှတ်ရသည်။

​ခဏအကြာတွင် အပ်ပေါ်မှ လျှပ်စစ်စများကို မြင်တွေ့နေရဆဲပင်။ လင်းကျင်းသည် လျင်မြန်စွာပင် သူ၏ လက်မောင်းကို မြှောက်လိုက်ပြီး ပထမအပ်နှင့်အတူ နောက်ထပ် အပ်လေးချောင်းကို ပေါင်းထည့်လိုက်သည်။

​"ငါ အရင်က လက်နက်တွေ မဖန်တီးဖူးပေမဲ့ သူတို့ကို ဆေးလုံးတွေလို သဘောထားလိုက်ရင် ဆေးလုံးဖော်စပ်တဲ့ နည်းစနစ်တွေက အလုပ်ဖြစ်ကောင်း ဖြစ်နိုင်မှာပါ"

လင်းကျင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ လင်းကျင်း၏ ဆေးလုံးဖော်စပ်ခြင်း အတတ်မှာ အလွန်ပင် ထူးကဲလှပြီး ရှီမိသားစု ပျက်စီးတော့မည့် ဘေးမှ လွတ်မြောက်ခဲ့ရခြင်းမှာလည်း သူနှင့် သူရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်း ဆေးနည်းများကြောင့်ပင် ဖြစ်သည်။

​လင်းကျင်းသည် ဆေးလုံးဖော်စပ်သည့် နည်းလမ်းကို အသုံးပြုကာ ဖီးနစ်မီးကို အလုံးလေးတစ်ခုအဖြစ် ပုံဖော်လိုက်ပြီး အပ်ငါးချောင်းစလုံးကို ပို၍ကြီးမားသော အပ်တစ်ချောင်းတည်းအဖြစ် အရည်ပျော် ပေါင်းစပ်လိုက်သည်။

​ဤအပ်မှာ သုံးလက်မခန့် ရှည်လျားသည်။ ဝန်းရံထားသော ဖီးနစ်မီးအပြင် မိုးကြိုးစွမ်းအင်များမှာလည်း အလယ်တွင် ညှပ်လျက်သား ရှိနေ၏။

​နတ်ဘုရားမိုးကြိုး၏ ကျန်ရှိနေသော အစိတ်အပိုင်းများကို နောက်ဆုံးတွင် ထိုအပ်ကြီးအတွင်းသို့ လုံးဝ ပိတ်လှောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ထိုအပ်တွင် မိုးကြိုးနှင့် မီးဓာတ်စွမ်းအင်များ ပေါင်းစပ် ပါဝင်နေတော့သည်။

​"ဒီနေ့ကစပြီး ဒီအပ်ကို 'မိုးကြိုးမီးတောက်အပ်'လို့ ခေါ်မယ်"

​အလုပ်ပြီးသွားသောအခါ လင်းကျင်းမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး နေမင်းမှာလည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

​ဒီလိုနဲ့ တစ်ညတာ ကုန်ဆုံးသွားခဲ့ရ၏။

​မြေခွေးလေး ရှန်းအာမှာမူ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။ ထို့အတူ ရှောင်ဟော့မှာလည်း ထောင့်တစ်ခုတွင် ကွေးနေပြီး နတ်ဘုရားမိုးကြိုးကြောင့် ရရှိခဲ့သော ဒဏ်ရာများကို တဖြည်းဖြည်း ကုသနေသည်။ တစ်ဖက်တွင်မူ ရွှေဝါလေးမှာ ပြီးခဲ့သည့်ညက ဘာတွေပဲ ဖြစ်ပျက်ခဲ့ပါစေ၊ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ဂုဏ်ယူစွာ နားနေရင်း ထွက်ပေါ်လာသော နေမင်းကြီးကို ကြည့်ကာ တွန်ကျူးနေခဲ့သည်။

​လင်းကျင်း လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်မိ၏။

​ရွှေဝါလေး ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်သည်။

​၎င်းမှာ အံ့သြစရာ မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် လင်းကျင်းသည် ၎င်း၏ ဆင့်ကဲပြောင်းလဲမှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့်ပင်။ ဥပမာအားဖြင့် သူသည် ၎င်း၏ကိုယ်ပေါ်တွင် ရွှေကျီးကန်း၏ အမွေးကို စိုက်ပေးခဲ့ပြီး ရာစုနှစ်ချီ သက်တမ်းရှိသော နှင်းတောင်ပိုးနွယ်ပင်များကို ကျွေးခဲ့သည်။

​ရွှေဝါလေးမှာ ဆင့်ကဲပြောင်းလဲတော့မည့် လက္ခဏာများ ပြသနေခဲ့သော်လည်း လင်းကျင်းမှာ မကြာသေးမီက အလွန်အလုပ်ရှုပ်နေသဖြင့် သူ့ကို ဂရုမစိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားမိုးကြိုး ပစ်ချခံရပြီးနောက် ရွှေဝါလေးသည် ၎င်းကို တိုက်ရိုက်ရင်ဆိုင်ရင်း မိမိဘာသာ ဆင့်ကဲပြောင်းလဲသွားလိမ့်မည်ဟု မည်သူက သိနိုင်ပါ့မည်နည်း။

​ရွှေဝါလေးမှာ ယခုအခါ အဆင့် (၄) သားရဲတစ်ကောင် ဖြစ်သွားပြီ ဖြစ်သည်။ ထို့ထက် ပို၍ထူးခြားသည်မှာ သူသည် အလွန်ပင် စင်ကြယ်သော အဆင့် (၄) ဖြစ်ပြီး ရှောင်ဟော့၏ ဓမ္မခန္ဓာ (Dharma body) ကိုပင် ကျော်လွန်သွားခဲ့သည်။ မိုးကြိုးကြောင့် လောင်ကျွမ်းသွားခဲ့သော အမွေးများ၏ နေရာတွင် အသစ်ထွက်လာသော အမွေးအတောင်များမှာ ရွှေကျီးကန်းနှင့် အတိအကျပင် တူညီနေတော့သည်။

​တကယ့်ကို အံ့သြစရာပါပဲ။

​တကယ့်ကို အံ့သြစရာ ကောင်းလှပေသည်။

​မည်သို့ပင်ဖြစ်စေ နတ်ဘုရားမိုးကြိုးသည် သတ္တဝါတစ်ကောင်၏ အရိုးတွင်းခြင်ဆီများကို သန့်စင်ပေးနိုင်သော မှော်ဆန်သည့် အာနိသင် ရှိနေသည် မဟုတ်ပါလား။ ယခုအခါ ရွှေဝါလေးသည် ၎င်းကို အသုံးပြု၍ ဆင့်ကဲပြောင်းလဲခဲ့သဖြင့် ရလဒ်များမှာ ပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းထက်ပင် ပို၍ ကောင်းမွန်လှသည်။ ယခုအချိန်တွင်မူ ရွှေဝါလေး၏ အနာဂတ်စွမ်းဆောင်ရည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှပေလိမ့်မည်။

​ဖြစ်နိုင်သည်မှာ ရွှေဝါလေးသည် အဆင့် (၅) သို့ ရောက်ရှိသွားသောအခါ တစ်ကိုယ်လုံးရှိ အမွေးအတောင်များမှာ ရွှေကျီးကန်း၏ အမွေးအတောင်များ ဖြစ်သွားပေလိမ့်မည်။

​ထိုအချိန်တွင် သူသည် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ခံယူပြီး ရွှေကျီးကန်း၏ ခန္ဓာကိုယ်ကို ရရှိသွားနိုင်ပေသည်။

All Chapters