← Chapters

အခန်း ၄၁၇

Vol. 21 Ch. 417

အခန်း ၄၁၇

Vol. 21 Ch. 417

အခန်း (၄၁၇) - လက်တွေ့အရေးယူခြင်း

​ပြီးခဲ့သော နှစ်တစ်ရာအတွင်း ဒါလော့ဘုရားကျောင်း၏ အခြေအနေမှာ အရာရာ ချောမွေ့နေခဲ့သည်။ သူတို့၏ သြဇာအာဏာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေရုံသာမက မည်သူမျှ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်း သို့မဟုတ် သူတို့၏ လုပ်ဆောင်ချက်များကို အပြစ်တင်ဝေဖန်ရဲခြင်း မရှိကြပါချေ။

​အဆင့်မြင့်နိုင်ငံကြီးများပင်လျှင် သူတို့ကို ယဉ်ကျေးပျူငှာစွာနှင့် ရိုသေသမှုဖြင့် ဆက်ဆံကြရသည်။ ဤအချက်ကပင် ဒါလော့ဘုရားကျောင်းရှိ ဘုန်းတော်ကြီးများကို မာန်မာန တက်ကြွစေခဲ့ခြင်း ဖြစ်၏။

​သူတို့သည် မည်သူ့ထံမှမျှ ဝေဖန်မှုကို လက်မခံနိုင်ကြပါ။

​ဝေဖန်မှုကို ထားလိုက်ပါဦး၊ မလေးမစား လုပ်သည်ဟု အနည်းငယ် ခံစားမိရုံမျှဖြင့်ပင် သူတို့ ဒေါသထွက်တတ်ကြသည်။

​သို့သော်လည်း ကျောင်းထိုင်ဆရာတော်ကြီးကိုယ်တိုင် ရှိနေသဖြင့် မဖိတ်ခေါ်ဘဲ ရောက်လာသော ဤဧည့်သည်အား မည်သူမျှ ဝုန်းဒိုင်းကြဲ တိုက်ခိုက်ခြင်း မပြုရဲကြသေးပေ။ ဆရာတော်ကြီးက ပြုံးလိုက်ပြီး မိန့်လိုက်၏။

"ဒကာကြီး... ငါ အကြည့်မမှားဘူးဆိုရင် ဒကာကြီး ပွေ့ချီထားတာက မြေခွေးမိစ္ဆာ တစ်ကောင်ပဲ"

​"ဆရာတော်ကြီးက အကဲခတ် တော်သားပဲ"

လင်းကျင်းက ခပ်ထေ့ထေ့ ဆိုလိုက်၏။

"ကျုပ် သိချင်တာကတော့ ဘုရားကျောင်းရဲ့ မိစ္ဆာနှိမ်နင်းရေးခန်းမကို ဘယ်သူက အုပ်ချုပ်တာလဲ ဆိုတာပါပဲ"

​လင်းကျင်း၏ မေးခွန်းက လူအများအပြားကို အံ့အားသင့်သွားစေသည်။ သို့သော်လည်း အခြေအနေကို ရိပ်မိသူများမှာမူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကြ၏။ ဤလူမှာ ပြဿနာရှာရန် လာခြင်းဖြစ်ကြောင်း သူတို့ သိလိုက်ကြပြီ ဖြစ်သည်။

​"ဆရာတော်ကြီး... ဒီလူက တပည့်တော်တို့ရဲ့ မိတ်ဆွေ မဟုတ်ပါဘူး... သူ့အပေါ်မှာ ကရုဏာ ထားနေစရာ လိုမယ် မထင်..."

​ဘုန်းတော်ကြီးတစ်ပါးက ဒေါသတကြီး ဆိုလိုက်သည်။ သို့သော်လည်း ဆရာတော်ကြီးက သူ့ကို တိတ်ဆိတ်သွားစေရန် လက်မြှောက်၍ တားလိုက်၏။

​"မိစ္ဆာနှိမ်နင်းရေးခန်းမကို အုပ်ချုပ်တာက ငါ့ရဲ့ ညီတော် 'ကျွယ်ကျန်း' ပါ... သူက မနေ့ကတင် ပြန်ရောက်လာပြီး အခု နားနေတယ်... ဒကာကြီးက အရည်အချင်းရှိတဲ့ လူတစ်ယောက်ဆိုတာ ငါ နားလည်ပါတယ်... ဒါကြောင့် လာရင်းကိစ္စကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါ... စကားတွေ အလှည့်အပတ် လုပ်မနေပါနဲ့"

ဆရာတော်ကြီးသည်လည်း သူ၏ အချိန်ကို အလဟဿ အကုန်မခံလိုကြောင်း ထင်ရှားလှသည်။

​လင်းကျင်းက တိတ်ဆိတ်နေခဲ့၏။

​သို့သော် သူ၏ ကိုယ်မှ ထွက်ပေါ်နေသော မမြင်ရသည့် ဖိအားများက သူ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပိုမို တိုးပွားစေသည်။

​အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ လင်းကျင်းက စတင် စကားပြောလိုက်တော့သည်။

​"ပေါင်းစည်းတိုက်ကြီးရဲ့ ကျောက်စိမ်းနဂါးနိုင်ငံ၊ ကျူရိပ်မြို့မှာ ချောင်' ဆိုတဲ့ မိသားစုတစ်ခု ရှိပါတယ်... သူတို့မှာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အဖိုးတန် အမွေအနှစ်တစ်ခု ရှိတယ်လို့ နာမည်ကြီးတယ်... ဒါပေမဲ့ ဒီဥပဒေလိုက်နာတဲ့ လူတွေက သူခိုးဂိုဏ်းတစ်ခုရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတယ်..."

​လင်းကျင်းက ဖြစ်ပျက်ခဲ့သမျှကို ဖော်ပြခဲ့သည်။

​သူသည် အဓိက အချက်အလက် အနည်းငယ်ဖြင့် အခြေအနေတစ်ခုလုံးကို ခြုံငုံမိအောင် ပြောဆိုနိုင်ခဲ့၏။

​"ကျုပ်တို 'ပြတိုက်မှူး' လို့ ခေါ်နိုင်ပါတယ်... ဒီလက်ထဲက မြေခွေးမိစ္ဆာဟာ ကျုပ်ရဲ့ မြေးတပည့်ဖြစ်သလို မျောက်ဖြူကြီးကလည်းအတူတူပဲ... သူတို့က မိစ္ဆာတွေ ဖြစ်နိုင်ပေမဲ့ တရားမျှတတဲ့ လမ်းစဉ်ကို လိုက်နာကြပြီး အပြစ်မဲ့တဲ့ လူသားတွေကို ဘယ်တုန်းကမှ မထိခိုက်စေခဲ့ဘူးလို့ ကျုပ် အာမခံနိုင်တယ်... သူတို့က ကျောက်အိမ်တော်မှာ ရှိနေခဲ့တာက ကျုပ်ပြောခဲ့တဲ့ သူခိုးတွေရန်ကနေ ကာကွယ်ပေးဖို့ပဲ... ဒါပေမဲ့ စိတ်မကောင်းစရာ ကောင်းတာကတော့ ကျုပ် ပြန်ရောက်လာတဲ့အခါ သူတို့ဟာ ခင်ဗျားတို့ ဘုရားကျောင်းက ဂုဏ်သရေရှိ ဘုန်းတော်ကြီးတွေရဲ့ ထိခိုက်နစ်နာအောင် လုပ်ခြင်းကို ခံလိုက်ရတာ တွေ့လိုက်ရတယ်... အကယ်၍ ကျုပ်သာ အချိန်မီ အပြေးအလွှား ရောက်မလာခဲ့ရင် ဒီမြေးတပည့်လေးဟာ မိုးကြိုးတံဆိပ် ကျိန်စာကြောင့် သေဆုံးသွားလောက်ပြီ... အခု မြင်တွေ့နေရတဲ့အတိုင်း ကျုပ်တပည့်ဟာလည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားတယ်... အခု အားလုံးကို ပြောပြပြီးပြီဆိုတော့... ဆရာတော်ကြီး... ကျုပ် ဘာအတွက် ဒီကို ရောက်လာတယ်လို့ ထင်ပါသလဲ"

​လင်းကျင်းသည် ဖြည်းဖြည်းချင်း စကားပြောခဲ့သည်။ နောက်ဆုံးစကားသို့ ရောက်သောအခါ သူ၏ မေးခွန်းကို ပို၍ လေးနက်စေရန် အသံကို မြှင့်လိုက်၏။

​ဤနေရာတွင် လင်းကျင်းနှင့် ဘုန်းတော်ကြီးများသာ ရှိနေသည်မဟုတ်ဘဲ ဘေးမှ စောင့်ကြည့်နေကြသော ဘုရားဖူးများစွာလည်း ရှိနေသည်။ လင်းကျင်း၏ အသံမှာ ကျယ်လောင်ပြီး စိတ်ခံစားမှု ပြည့်ဝနေသဖြင့် ဒါလော့ဘုရားကျောင်းရှိ ဘုန်းတော်ကြီး အများအပြားကို တုန်လှုပ်သွားစေသည်။

​အကယ်၍ အမှန်တရားမှာ ဤ 'ပြတိုက်မှူး' ပြောသကဲ့သို့သာ ဖြစ်နေပါက သူတို့၏ ဒါလော့ဘုရားကျောင်းမှာ မကောင်းမှုပြုသူများဘက်က ရပ်တည်ပေးခဲ့မိပြီ ဖြစ်သည်။

​ပို၍ အရေးကြီးသည်မှာ သူတို့သည် 'မိုးကြိုးတံဆိပ် ကျိန်စာ' ဟူသော စကားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်းပင်။ ဤ 'ပြတိုက်မှူး' သည် ၎င်းကို မည်သို့ ဖယ်ရှားခဲ့သည်ကို မရှင်းပြခဲ့သော်လည်း သူ ဖယ်ရှားနိုင်ခဲ့သည်ဟူသော အချက်ကပင် သူ၏ စွမ်းအားကို မီးမောင်းထိုးပြနေသည်။ ဒါလော့ဘုရားကျောင်းမှာပင် ထိုကျိန်စာမှာ မည်သည့်အခါမျှ မဖျက်ဆီးနိုင်သော ရှားပါး အတတ်ပညာတစ်ခု ဖြစ်၏။

​ဆရာတော်ကြီး၏ မျက်မှောင်များမှာ တွန့်ချိုးသွားသည်။ ဤမျှ သက်တမ်းရှည်ကြာစွာ နေထိုင်လာခဲ့သူပီပီ သူ၏ တပည့်များ နားမလည်နိုင်သော ပြတိုက်မှူး၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို သူ နားလည်လိုက်သည်။

​ဤလူသည် သူတို့ကို တရားခံအဖြစ် တံဆိပ်ကပ်ရန် ကြိုးစားနေခြင်းပင်။

​"ပြတိုက်မှူး... မင်းပြောပုံအရဆိုရင် မိစ္ဆာနဲ့ နတ်ဆိုးတွေကို ခွဲခြားမှုမရှိဘဲ နှိမ်နင်းနေတဲ့ကြားက ဒါလော့ဘုရားကျောင်းက ကျင့်ကြံသူတွေဟာ မကောင်းမှုပြုသူတွေကို ကူညီပေးခဲ့မိတယ်ပေါ့... ဒါဟာ အမှန်ဆိုရင်တော့ ငါတို့ ဒါလော့ဘုရားကျောင်းက တကယ်ပဲ အမှားလုပ်ခဲ့တာပါ... ဒါပေမဲ့ ဒါက မင်းဘက်က ပြောစကားသက်သက်ပဲ ရှိပါသေးတယ်... မင်းကိုယ်တိုင် ဒီကို ရောက်လာတယ်ဆိုတော့ မင်းရဲ့ ပြောဆိုချက်တွေအတွက် ခိုင်လုံတဲ့ အထောက်အထား ရှိရမယ်... ဒါလော့ဘုရားကျောင်းက ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုကို သည်းခံမှာ မဟုတ်ဘူးဆိုတာ နားလည်ထားပါ... ပြတိုက်မှူး... မင်းက ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေရင်တောင် အမှန်တရားကို ဖော်ထုတ်ရမယ်၊ မဟုတ်ရင် ဒီစွပ်စွဲချက်တွေကို ငါတို့ လက်ခံမှာ မဟုတ်ဘူး"

​ဆရာတော်ကြီး၏ အရှိန်အဝါမှာ ပိုမို လေးလံလာသည်။

​သူ့နောက်ကွယ်ရှိ ဘုန်းတော်ကြီးများမှာလည်း လုံလောက်အောင် စိတ်တိုနေကြပြီ ဖြစ်သည်။ ပြတိုက်မှူး၏ စကားများအတွင်းရှိ ရန်လိုမှုနှင့် နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ဘုရားကျောင်းကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်မှုကို သတိပြုမိလိုက်သောအခါ သူတို့ နောက်ထပ် မအောင့်နိုင်ကြတော့ပါချေ။

​"နတ်ဆိုးကောင်... ဆရာတော်ကြီးက သဘောကောင်းလို့ မင်းကို သည်းခံနေတာ ငါတို့ သိတယ်... သူက မင်းလို အောက်တန်းစားနဲ့ အဆင့်တူ မယှဉ်ချင်လို့ပဲ... ငါကတော့ အဲဒီလို မဟုတ်ဘူး၊ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဒီမှာ သည်းခံမှာ မဟုတ်ဘူး... မင်းက မြေခွေးမိစ္ဆာကို ပွေ့ချီလာတယ်ဆိုကတည်းက မင်းက လူကောင်းမဟုတ်တာ သေချာနေပြီ... ငါ မင်းကို အရင်ဆုံး ဖမ်းဆီးပြီးမှ အဲဒီမိစ္ဆာကို သတ်ဖြတ်ပြီး ငါတို့ ဒါလော့ဘုရားကျောင်းရဲ့ အေးချမ်းမှုကို ပြန်လည် ဖော်ဆောင်မယ်"

​ထိုသို့ ပြောပြီးနောက်တွင် စိတ်တိုတတ်သော ဘုန်းတော်ကြီးမှာ တိုက်ပွဲထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့တော့သည်။ သူ၏ ဗလာကျင်းနေသော လက်မောင်း၊ ပုခုံးနှင့် ရင်ဘတ်တို့တွင် 'ခြင်္သေ့ကျား'ပုံ တက်တူးတစ်ခု ရှိနေ၏။

​သူ လင်းကျင်းဆီသို့ ပြေးဝင်လာစဉ် ထိုခြင်္သေ့ကျားမှာ တိုးညင်းသော ဟိန်းဟောက်သံတစ်ခုကို ထွက်ပေါ်စေခဲ့သည်။

​"ကျီကျန်း... မလုပ်နဲ့"

​ဆရာတော်ကြီးက သူ့ကို စကားဖြင့် တားဆီးခဲ့သော်လည်း ဟန်ပြသက်သက်သာ ဖြစ်သည်။ သူ့ကို တားရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုမျှ မလုပ်ခဲ့ပါချေ။ သူသည် သိသိသာသာပင် အခြေအနေကို စောင့်ကြည့်ကာ ဟန်ဆောင်နေခြင်း ဖြစ်၏။

​ဤ 'ပြတိုက်မှူး' သည် ပြဿနာရှာရန် ရောက်လာခြင်းဖြစ်သဖြင့် သူ၏ အရည်အချင်းကို အရင်ဆုံး အကဲမစမ်းကြည့်သင့်ဘူးလား။ စောစောက ခြိမ်းခြောက်နိုင်စွမ်းမှာ အစွမ်းထက်သော်လည်း ၎င်းမှာ လက်နက်တစ်ခု၏ စွမ်းအားကြောင့်လည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

​ဆရာတော်ကြီးက 'ကျီကျန်း' ဟု ခေါ်ဆိုလိုက်သော ဘုန်းတော်ကြီးမှာ တောင့်တင်းသန်မာသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံ ရှိသည်။ သူသည် ဗုဒ္ဓဘာသာ ပန်းချီကားများထဲရှိ ဒေါသထွက်နေသော စောင့်ရှောက်သူ နတ်မင်း 'ဂူဟျာပါဒ' နှင့်ပင် တူနေတော့သည်။ သူသည် နေနှင့်လ အဆောင်အယောင်ပါသော တုတ်ရှည်ကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးဝင်လာခဲ့၏။

​လင်းကျင်းသည် ရန်သူက သူ၏ အရည်အချင်းကို စမ်းသပ်လိမ့်မည်ဟု ကြိုတင် မျှော်လင့်ထားပြီး ဖြစ်ရာ သူတို့ အမှန်ပင် လုပ်ဆောင်လာခဲ့ကြသည်။

​ခဏချင်းမှာပင် လင်းကျင်းသည် သူ၏ ကိုယ်ပေါ်ရှိ ခြင်္သေ့ကျားတက်တူးကို အကဲဖြတ်လိုက်ပြီး သူ၏ သားရဲမှာ အမှန်ပင် ခြင်္သေ့ကျား ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။ ခြင်္သေ့ကျားများကို တောင်ပိုင်းတိုက်ကြီးတွင် တွေ့ရလေ့ရှိပြီး ကြီးမားကာ ကြမ်းတမ်းသော သတ္တဝါများ ဖြစ်ကြသည်။ ဤဘုန်းတော်ကြီးသည် သားရဲသခင်ဒုတိယကျမ်းကို ကျင့်ကြံထားသဖြင့် ထိုကဲ့သို့သော ပေါက်ကွဲထွက်မည့် စွမ်းအင်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

​လင်းကျင်းသည် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း မည်သို့ အနိုင်ယူမည်ဆိုသည်မှာမူ အခြားသော ဗဟုသုတ နယ်ပယ်တစ်ခု၏ ကျွမ်းကျင်မှု လိုအပ်ပေသည်။

​သူ၏ မာန်မာနနှင့် တိုက်ခိုက်လိုစိတ်ကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်လိုက်ခြင်းမှာ အကောင်းဆုံးပင် ဖြစ်၏။ ၎င်းမှာ ကျန်ရှိနေသူများအတွက် စံနမူနာဖြစ်စေပြီး သူတို့ကို ဆင်ခြင်တုံတရားမဲ့သော ဆုံးဖြတ်ချက်များ မချနိုင်အောင် တားဆီးပေးလိမ့်မည်။

​၎င်းမှာ လင်းကျင်း အလိုရှိနေသော တစ်ဦးချင်း တိုက်ပွဲပင် ဖြစ်သည်။ အကယ်၍ သူတို့ အားလုံးက သူ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာပါက ၎င်းမှာ အတော်လေး ဒုက္ခများပေလိမ့်မည်။

​လင်းကျင်းသည် သားရဲသခင်ကျမ်းနှင့် ပတ်သက်၍ များစွာ သိထားသည်။ မည်သို့ပင်ဖြစ်စေ သူ လေ့ကျင့်နေသည်မှာ သူတို့ထဲတွင် အကောင်းဆုံးဖြစ်သော စတုတ္ထကျမ်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဒုတိယကျမ်းကို သေချာစွာ နားလည်ထားပြီး ပြိုင်ဘက်၏ သားရဲအုပ်ချုပ်သူကျမ်းကို ခဏချင်းမှာပင် ပယ်ဖျက်နိုင်ပေသည်။

​ထိုအတွေးများမှာ လင်းကျင်း၏ စိတ်ထဲတွင် လျှပ်တပြက် ပေါ်လာခဲ့ပြီး ထိုအချိန်တွင် ပြိုင်ဘက်၏ တုတ်ရှည်မှာ သူ၏ အပေါ်သို့ ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

​လင်းကျင်းသည် လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်၏။

​သူသည် ငွေရောင်အပ်တစ်ချောင်းကို ပစ်လွှတ်လိုက်ရာ ၎င်းမှာ ဘုန်းတော်ကြီး၏ ပုခုံးအတွင်းသို့ လျင်မြန်စွာ စူးဝင်သွားခဲ့သည်။

​"ပျက်စီးစမ်း"

​သူက တိုးတိုးလေး ရေရွတ်လိုက်၏။ ၎င်းမှာ သူ၏ လက်ချောင်းများဖြင့် ညင်သာစွာ ခါလိုက်ခြင်းမျှသာ ဖြစ်သော်လည်း ကျီကျန်းမှာမူ ကြီးမားလှသော အင်အားတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ကျယ်လောင်သော "ဘုန်း" ဟူသည့် အသံနှင့်အတူ ကျီကျန်း၏ သားရဲအုပ်ချုပ်သူ ဒုတိယကျမ်းမှာ ပျက်စီးသွားခဲ့တော့သည်။

​၎င်းမှာ စင်ပေါ်တွင် အဝတ်အစားများ အချွတ်ခံလိုက်ရသကဲ့သို့ပင်။

​တစ်ပြိုင်နက်တည်းမှာပင် ကြီးမားသော ခြင်္သေ့ကျားကြီးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး ကျီကျန်းမှာမူ သူ၏ အင်အား ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ လေးလံလှသော နေနှင့်လ တုတ်ရှည်ကို ဆက်လက် မကိုင်ထားနိုင်တော့သဖြင့် ၎င်းမှာ သူ၏ လက်ထဲမှ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် ကျီကျန်း၏ ခန္ဓာကိုယ်ကို ထုံကျင်သွားစေသော ငွေရောင်အပ်မှာလည်း မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး ကျသွားခဲ့၏။

​ထွက်ပြေးလာသော ခြင်္သေ့ကျားမှာ လင်းကျင်း၏ ရှေ့တွင် အရှုံးပေးသည့်အနေဖြင့် ဝပ်စင်းသွားခဲ့သည်။

​၎င်းမှာ ရိုးရှင်းလှသော တိုက်ခိုက်မှုတစ်ခုဖြစ်ပြီး အားစိုက်ထုတ်စရာပင် မလိုခဲ့ပါချေ။ ကျီကျန်းမှာ သူ၏ စွမ်းအားကို မပြသရသေးမီမှာပင် တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့သည်။ ပို၍ ဆိုးသည်မှာ ထိုရှုံးနိမ့်မှုမှာ လုံးဝဥဿုံ ဖြစ်ပြီး အရှက်ရစရာ ကောင်းလှခြင်းပင်။

​ဒါလော့ဘုရားကျောင်းမှ ဘုန်းတော်ကြီးများမှာ ဤမြင်ကွင်းကို ကြည့်ကာ အသက်ရှူမှားသွားကြ၏။

​အခြားသော ဘုန်းတော်ကြီးများက သူ့ကို တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသောအခါ လင်းကျင်းသည် ရွှေဝါလေးကို ခေါ်လိုက်သည်။ ကြက်ဖကြီးမှာ ချက်ချင်းပင် အပြေးအလွှား ရောက်လာခဲ့ပြီး သူ၏ တောင်ပံများကို ခတ်လိုက်ကာ ဘုန်းတော်ကြီးများကို တားဆီးရန်အတွက် ကြီးမားသော မီးငှက်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters