← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 19 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 19 Ch. 191-192

အခန်း (၁၉၁) - မျှော်လင့်ချက်ရောင်ခြည်

ထိုစကားကို ကြားလိုက်ရချိန်တွင်အိမ်‌ ရှေ့စံမင်းသား ကျူးပြန်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် အကြီးအကျယ် ပြောင်းလဲသွား၏။ သူသည် ဝူကျိရှန်း၏ ပခုံးကို ဆွဲကိုင်လိုက်ပြီး အသက်ရှူရခက်ခဲလောက်အောင် လေးလံသော လေသံဖြင့် တင်းမာစွာ မေးလိုက်သည်။

"ရောဂါဆိုးကြီးလား၊ အချိန်သိပ်မကျန်တော့ဘူးလား၊ ဒါကို ပြန်ပြောစမ်း"

ကျူးပြန်၏ ဆွဲကိုင်မှုမှာ ပြင်းထန်လွန်းသဖြင့် ဝူကျိရှန်း၏ ပခုံးမှာ နာကျင်သွားရသည်။

"မိဖုရားကြီးရဲ့ ရောဂါက ကုသမရနိုင်တော့သည့် အဆင့်သို့ ရောက်ရှိနေပါပြီ၊ ဒါကြောင့်မိဖုရားမှာ အချိန်သိပ်မကျန်တော့ပါဘူး အရှင်"

ဝူကျိရှန်း၏အတည်ပြုစကားကိုထပ်ကြားရချိန်တွင်ကျူးပြန်မှာတုန်လှုပ်စွာဖြင့်

"

ကုမရနိုင်တော့တဲ့ရောဂါဖြစ်နေရင်ရော ဘာဖြစ်သလဲ၊မင်းက ငရဲမင်းမဟုတ်လား၊ သေသူကိုတောင် ကယ်တင်နိုင်တာပဲ၊ ကုသမရနိုင်တဲ့ ရောဂါဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

"လူတွေပြောတာ ကြားဖူးတယ်၊ မင်းက လူတစ်ယောက်ရဲ့ ဦးခေါင်းခွံကို ခွဲစိတ်ပြီး အသက်ကယ်နိုင်တယ်တဲ့၊ ဒါဆိုရင် ဘာလို့ မယ်တော်ရဲ့ရောဂါကို မကုနိုင်ရတာလဲ"

"အိမ်ရှေ့စံမင်းသား၊ မိဖုရားကြီးရဲ့ရောဂါကကုသမရနိုင်တော့တဲ့ ရောဂါမျိုးဆိုတာ အမှန်ပါ၊ ခုနက သုံးလိုက်တဲ့ ဆေးကလည်း ရောဂါရဲ့အမြစ်ကို မရှင်းလင်းနိုင်ဘူး၊ ခဏသာ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်မှာပါ"

"ထိန်းထားနိုင်တယ်ဆိုရင်၊ အဲဒီဆေးကိုပဲ ဆက်သုံးပြီး အခြေအနေကို ဆက်ထိန်းထားလိုက်ပေါ့"

အိမ်ရှေ့စံမင်းသား ကျူးပြန်၏ အလိုအရဆိုလျှင် ထိန်းထားနိုင်သရွေ့ မျှော်လင့်ချက် ရှိနေသေးသည်ဟု ယူဆ၏။ မိဖုရားကြီးကို ဆေးဆက်တိုက်ပေးပြီး အခြေအနေကို ဆက်ထိန်းထားလျှင် လုံလောက်ပြီဟု သူထင်နေခြင်း ဖြစ်သည်။

"ဆက်တိုက် ထိန်းထားတဲ့နည်းလမ်းကအဆင်ပြေပေမယ့် နောက်ထပ်လုပ်‌ ဆောင်လို့မရနိုင်‌တော့လို့ပါ"

"ဘယ်လိုလုပ် မရနိုင်ရမှာလဲ၊ မင်းပဲမယ်‌တော်ရဲ့ အခြေအနေကို ထိန်းထားနိုင်ခဲ့တာ မဟုတ်ဘူးလား"

ဝူကျိရှန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

"ခုနက သုံးလိုက်တဲ့ ဆေးက အခြေအနေကို ထိန်းပေးနိုင်တာ မှန်ပါတယ်၊ ဒါပေမဲ့... အဲဒါက ကျွန်တော်မျိုးဆီမှာ ရှိတဲ့ နောက်ဆုံးဆေး ပဲ၊ ကျွန်တော်မျိုးမှာဆက်ပြီး ထိန်းထားပေးဖို့ လုံလောက်တဲ့ ဆေးဝါး မရှိတော့ပါ"

ဤစကားကို ကြားလိုက်ရသောအခါအိမ်‌ရှေ့စံမင်းသား၏ မျက်နှာမှာ ချက်ချင်း ပြေလျော့သွား၏။ သူက အရေးကြီးလှသည်ဟု ထင်ထားသော်လည်း ဆေးမရှိသည့် ပြဿနာသာဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ကျူးပြန်အတွက်၎င်း ပြဿနာမှာ ပြဿနာမဟုတ်ပေ။

"နန်းတွင်းဆေးဌာမှာ ဆေးသိုလှောင်ရုံနဲ့ ဆေးဆိုင်နှစ်ခု ရှိတယ်၊ နှစ်တစ်ရာ့ငါးဆယ်ကနေ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရေခဲကြာပန်းအထိ မင်းလိုသလောက် ယူနိုင်တယ်၊ နန်းတွင်းဆေးဌာနမှာ မရှိရင်တောင် တစ်ကမ္ဘာလုံးကို ပတ်ပြီးတော့ကို ရှာယူရမယ်"

ဝူကျိရှန်းကထိုဆေးမျိုးကိုအိမ်ရှေ့စံမင်းသားမဆိုထားနဲ့ဘုရင်မင်းမြတ်ပင် ရှာတွေ့နိုင်မည် မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ပင်နီဆလင် ဖြစ်နေသောကြောင့်ပင်။

ဂျင်ဆင်းနှင့် ရေခဲကြာပန်းတို့မှာ တန်ဖိုးကြီးသော်လည်း သဘာဝအတိုင်း ရရှိနိုင်သည်။ပင်နီဆလင်မှာသဘာဝအတိုင်းမရရှိနိုင်ပေ။

"နန်းတွင်းဆေးဌာနထဲက ဆေးဝါးတွေအားလုံးက အသုံးမဝင်ပါဘူး၊ ဒီဆေးက သဘာဝအတိုင်း ဖြစ်လာတာ မဟုတ်ပါ၊ ကျွန်တော်မျိုး ဖော်စပ်ထားပြီးကံကောင်းလို့ ရလာခဲ့တဲ့ဆေးပါ"

"မင်းက အဲဒီအံ့ဖွယ်ဆေးကို ဖော်စပ်နိုင်တာပေါ့"

"ဟုတ်ပါတယ်"

"ဒါဆိုရင် မင်းက မယ်တော်အတွက် အဲဒီဆေးကို ဆက်ဖော်စပ်ပေးပါ၊ ငွေဘယ်လောက်ကုန်ကုန်၊ လူအားနဲ့ အရင်းအမြစ်တွေ ဘယ်လောက်ပဲ သုံးရသုံးရ၊ ဘာကိုမှ မငဲ့ကွက်ဘဲ လုပ်ပေးပါ"

"ဒီဆေးကို ဖော်စပ်ရတာ ရှုပ်ထွေးလှပါတယ်၊ ကုန်ကျစရိတ်ကို မငဲ့ဘဲ ဖော်စပ်မယ်ဆိုရင် မရနိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့..."

"မင်းမှာ ဘာအခက်အခဲပဲ ရှိရှိ၊ အကုန်လုံးကို ရှင်းရှင်းပြောပြ"

"ဒီဆေးကို ဖော်စပ်ဖို့ အလွန်အရေးကြီးတဲ့ ဆေးဖက်ဝင် ပစ္စည်းတစ်မျိုး လိုအပ်နေပါသေးတယ်၊ ဒီပစ္စည်းက ကျွန်တော်တို့ရဲ့ မင်အင်ပါယာမှာ ရှိမနေလို့ပါ"

"အဲဒါက ဘာဆေးမျိုးလဲ"

"အဲဒါက ကျောက်ဖြူတစ်မျိုးဖြစ်ပြီး ဒေသခံတွေက ကျဲ့ရှိလို့ ခေါ်ကြပါတယ်"

"အဲဒီ ကျဲ့ရှိက ဘယ်မှာ ရှိတာလဲ"

"အုလုမျိုးနွယ်စုရဲ့နေရပ် အနောက်ဘက်က သဲကန္တာရထဲမှာပဲ တွေ့ရပါတယ်၊အဲဒီသဲကန္တာရက မွန်ဂိုတွေရဲ့ နယ်မြေ ဖြစ်ပါတယ်၊ ကျဲ့ရှိကို ရှာဖွေရတာ အလွန်ခက်ခဲသလို သယ်ယူရတာလည်း လွယ်ကူမှာ မဟုတ်ပါဘူး၊ ပြန်ယူလာဖို့က အလွန်ပင် ပင်ပန်းခက်ခဲပါလိမ့်မယ်"

သမိုင်းခေတ်သို့ ပြောင်းရွှေ့လာသော ဇာတ်လမ်းများတွင် သူရဲကောင်းတို့မှာ ပင်နီဆလင်ကို အလွယ်တကူ ဖော်စပ်နိုင်သည်ဟု ပြလေ့ရှိသော်လည်း တကယ်တမ်းတွင်၎င်းမှာ စိတ်ကူးယဉ် အိပ်မက်သာ ဖြစ်၏။

ပင်နီဆလင်မှာ သာမာန်ဆေးမျိုးမဟုတ်ဘဲ ရူပဗေဒ၊ ဓာတုဗေဒ၊ အဏုဇီဝဗေဒနှင့် ဆေးဝါးဗေဒ စသည့် ပညာရပ်များစွာ ပေါင်းစပ်ထုတ်လုပ်ရသောဆေးဖြစ်ပေသည်။ လိုအပ်သည့် စက်ကိရိယာနှင့် နည်းပညာများ မရှိဘဲ မည်သို့ ဖော်စပ်နိုင်မည်နည်း။

ဝူကျိရှန်းကဲ့သို့ ကျွမ်းကျင်သူပင်လျှင် တစ်ကိုယ်တော်ဖြင့် သမိုင်းကို ပြောင်းလဲနိုင်သည့် ပင်နီဆလင်ကို မဖော်စပ်နိုင်ပေ။

တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံတော်၏ အာဏာကို သုံးပြီး ကုန်ကျစရိတ်ကို မငဲ့ဘဲ လူအားနှင့် အရင်းအမြစ်များကို စုပုံအသုံးပြုခြင်းသာ ဖြစ်၏။

အခက်အခဲမှာ ရှင်းနေပါသည်၊ ဇာတ်လမ်းထဲကအတိုင်း အလွယ်တကူ မဟုတ်ပေ။

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် အခက်အခဲကို နားလည်သွားသော်လည်းလက်မလျှော့ခဲ့ပါ။

"ကောင်းပြီ၊ ငါ နားလည်ပြီ၊ ငါ အခွင့်အရေးယူပြီး ခမည်းတော် ဧကရာဇ်မင်းမြတ်ကို တင်ပြလိုက်မယ်၊ တတ်နိုင်သလောက်... မဟုတ်ဘူး၊ဘယ်လောက်ပဲ ကုန်ကျပါစေ အဲဒီ ကျဲ့ရှိကို ပြန်ယူလာမယ်"

"ဒီကိစ္စကို အမြန်ဆုံး လုပ်ရပါမယ်၊ မိဖုရားကြီးအချိန်အများကြီး မစောင့်နိုင်တော့မှာ စိုးရိမ်ရပါတယ်၊ ကျွန်တော်မျိုး ခုနက သုံးလိုက်တဲ့ ဆေးက ငါးရက်ကနေ ခုနစ်ရက်အထိပဲ ထိန်းပေးနိုင်ပါလိမ့်မယ်"

ဝူကျိရှန်း၏ မျက်နှာမှာ လေးနက်နေ၏။

"ဒီခုနစ်ရက်အတွင်းမှာ မိဖုရားကြီးရဲ့ အခြေအနေက သက်သာလာမှာ ဖြစ်ပေမဲ့ အဲဒီနောက်မှာတော့ ရောဂါက ပြန်ပေါ်လာမှာပါ၊ အဲဒီအချိန်ကျရင်တော့ ကျွန်တော်မျိုးလည်း ဘာမှ မတတ်နိုင်တော့ပါဘူး"

"အဲဒီဆေး မရှိရင် မယ်တော်ဘယ်လောက်ထိ ဆက်ခံနိုင်မှာလဲ"

"အဲဒါကတော့ ပြောရခက်ပါတယ်၊ ကောင်းကင်ဘုံက ကြည့်ရှုစောင့်ရှောက်မယ်ဆိုရင် မိဖုရားကြီးက လေးလ ဒါမှမဟုတ် ငါးလလောက် ဆက်ခံနိုင်ပါလိမ့်မယ်၊ တကယ်လို့ မကောင်းတာတစ်ခုခု ဖြစ်လာခဲ့ရင်တော့... နွေဦးပေါက်ချိန်လောက်မှာ... သူမက..."

"နွေဦးပေါက်ချိန်... နွေဦးပေါက်ချိန်..."

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် နွေဦးပေါက်ချိန် ဆိုသည့် စကားကို ခဏခဏ ရေရွတ်၍အတွေးနယ်ချဲ့ပြီးနောက် သူက ဝူကျိရှန်းကို ပြောလိုက်သည် ။

"ကောင်းပြီ၊ ငါ သိပြီ၊ မင်း ပြန်နိုင်ပြီ"

"ကျွန်တော်မျိုး အမိန့်အရ ပြန်ပါတော့မယ်"

ဝူကျိရှန်း ထွက်သွားသည်နှင့်အိမ်‌ရှေ့မင်းသားသည် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ခွန်နင်းနန်းဆောင်သို့ ပြန်သွားကာ ခမည်းတော်၊မယ်‌တော်တို့နှင့် စကားလက်ဆုံကျနေ၏။ သူသည် တစ်နာရီခန့် ကြာအောင် နေပြီးနောက် ကျူးယွမ်ကျန်းနှင့်မိဖုရားတို့ကို နှုတ်ဆက်ကာ နန်းတော်မှ ထွက်ခွာသွားလေသည်။

နန်းတော်မှ ထွက်ခွာပြီးသည်နှင့် နန်းဆောင်သို့ ချက်ချင်း ပြန်သွားပြီး အမိန့်ပေးလိုက်၏။

"ဘယ်သူရှိလဲ"

"အိမ်ရှေ့မင်းသား၊ ဘာများ အလိုရှိပါလဲ"

"စစ်ရေးဝန်ကြီးဌာနက လတ်တလော တင်ပြထားတဲ့ အစီရင်ခံစာအားလုံးကို ယူခဲ့"

တောင်ပုံရာပုံ ရှိနေသော အစီရင်ခံစာများကို အိမ်ရှေ့စံမင်းသား ကျူးပြန်ရှေ့သို့ အမြန်တင်ပြလိုက်၏။

"အစီရင်ခံစာတွေကို အမြန်စစ်ဆေးပြီး ဘယ်သူ့တပ်တွေက အုလုရဲ့ အနောက်ဘက်မှာ ရှိနေသလဲဆိုတာ ကြည့်လိုက်"

အစီရင်ခံစာအားလုံးကို စစ်ဆေးကြည့်ရှုသော်လည်း သက်ဆိုင်သည့် သတင်းအချက်အလက်ကို မတွေ့ရပေ။

အဘယ်ကြောင့်ဆိုသော် အုလုမျိုးနွယ်စုမှာ အလွန်သေးငယ်သည့် မျိုးစုတစ်ခု ဖြစ်ပြီး အဓိက တိုက်ခိုက်သည့် လမ်းကြောင်းတွင် မရှိသောကြောင့် တပ်များ ချထားခြင်း မရှိ၍ ဖြစ်သည်။

"ဘယ်တပ်က အုလုရဲ့ အနောက်ဘက်မှာ ရှိနေတာလဲ"

"ကျင်းမင်းသားက ဗိုလ်ချုပ်ကြီး လန်ယွီရဲ့ ဗဟိုတပ်ကို ကူညီပြီး အုလုမျိုးနွယ်စု ဘက်မှာ လှုပ်ရှားနေပါတယ်၊ ဒါပေမဲ့ အနောက်ဘက်မှာ မဟုတ်ပါဘူး၊ အုလုရဲ့ အရှေ့ဘက်မှာပါ"

"အမိန့်စာ တစ်စောင် ရေးလိုက်"

အိမ်ရှေ့မင်းသား ကျူးပြန်အမိန့်ပေးနေစဉ် တစ်ယောက်ယောက်က အမြန်မှတ်သားနေ၏။

"တတိယမြောက် ညီတော်ကို အနောက်ဘက်ဆီ အမြန်ဆုံး ရွှေ့ပြောင်းဖို့ အမိန့်ပေးလိုက်"

"စစ်တပ်က တစ်ထောင်လီလောက် ဝေးတဲ့ နေရာမှာ တိုက်ပွဲဝင်နေတာ၊ မြို့တော်ကနေ ရှေ့တန်းတပ်တွေကို ရွှေ့ပြောင်းဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလားအရှင်"

အမိန့်စာကို ရေးနေသော စာရေးတော်က မနေနိုင်ဘဲ သတိပေးလိုက်၏။

ကျူးပြန်လည်း ထိုလုပ်ရပ်မှာ ထုံးစံအတိုင်း မဟုတ်မှန်း သိသော်လည်း ယခုအချိန်တွင်ဂရုမစိုက်နိုင်တော့ပေ။

"တတိယမြောက် ညီတော်က ဒီအမိန့်ကို လိုက်နာမှာ မဟုတ်ဘူး၊ ငါ ကိုယ်တိုင် သူ့ကို အခြေအနေကို ရှင်းပြထားတဲ့ စာတစ်စောင် ရေးပေးရမယ်"

ကျင်းမင်းသားထံ စာကို အမြန်ရေးလိုက်ပြီး အရေးပေါ် စစ်ရေးအမိန့်အဖြစ် ရှေ့တန်းသို့ ပို့ဆောင်ရန် အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် စစ်ရေးဝန်ကြီးဌာနက စစ်ရေးအစီရင်ခံစာ တစ်စောင် ပေးပို့လာ၏။

အစီရင်ခံစာထဲက အကြောင်းအရာကို မြင်လိုက်ရသည်နှင် ကျူးပြန်မှာ အလွန်ပင် ဝမ်းသာသွားရသည်။ ယွမ်ချွမ်း ခံတပ်မှတပ်မှူးဟူချန်သည် အုလုမျိုးနွယ်စု၏ အနောက်ဘက်သို့ ရောက်ရှိနေပြီး မွန်ဂိုတပ်မတော်၏ အဓိကတပ်ကို အနောက်ဘက်မှနေ၍ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။

"ကောင်းတယ်၊ ဒါက တကယ် ကောင်းတယ်၊ ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ"

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် သူ၏ ပုံမှန် တည်ငြိမ်သော ဟန်ပန်ကို စွန့်လွှတ်ကာ စိတ်လှုပ်ရှားစွာ လက်ဝါးချင်း ပွတ်လိုက်သည် ။

"တပ်မှူးဟူချန်ရဲ့ တပ်ကို ချက်ချင်း အမိန့်ပေးလိုက်၊ သူတို့နေရာကို မရွှေ့ဘဲ တင်းတင်းကျပ်ကျပ် စောင့်ရှောက်ထားဖို့နဲ့ သဲကန္တာရထဲ ဝင်ထွက်တဲ့ လမ်းကြောင်းကို အမှားအယွင်းမရှိ စောင့်ရှောက်ဖို့ အမိန့်ပေးလိုက်"

*********

`

အခန်း (၁၉၂) - နိုင်ငံတော်၏ အင်အား

ကျူးယွမ်ကျန်းသည် ကျူးပြန်၏ စွမ်းဆောင်ရည်ကို အမြဲတမ်း ကျေနပ်နေခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရ၏။ မဟုတ်ပါ၊ သူသည် အလွန်အမင်း ဒေါသထွက်နေခြင်း ဖြစ်သည်။

စစ်ရေးဝန်ကြီးဌာန၏ တရားဝင် စာရွက်စာတမ်းများအရ တပ်မှူး ဟူချန်ဆိုသူသည် သူ၏တပ်များကို မဟာသဲကန္တာရကို ဖြတ်ကျော်စေပြီး တပ်များကို အောင်မြင်စွာ ထိုးဖောက် နေရာယူနိုင်ခဲ့သည်မှာ စစ်ရေးသမိုင်းတွင် အံ့မခန်းစရာ ကောင်းသော စွမ်းဆောင်ချက် ဖြစ်၏။

ကျူးယွမ်ကျန်းသည်လည်း တပ်များကို ဦးစီးခဲ့ဖူးသော စစ်သည်တစ်ယောက် ဖြစ်ပြီး စစ်ပွဲများတွင် အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ရာ ဤစစ်ဗျူဟာ၏ အစွမ်းကို သူ မမြင်ဘဲ မနေနိုင်ပေ။

မွန်ဂိုတပ်မတော်၏ အဓိကတပ်ဖွဲ့မှာ လက်ရှိတွင် အနောက်ဘက်၌ ဆုန်းနယ်စား ဖုန်းရှန်း၏ တပ်များနှင့် တိုက်ခိုက်နေဆဲ ဖြစ်ရာ၊ အချိန်ကိုက်တွင် မင်အင်ပါယာ၏ တပ်တစ်ခုက ဘေးတစ်ဖက်မှ ရုတ်တရက် ပေါ်လာခြင်းမှာ စစ်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်သော အဓိက အချက်ပင် ဖြစ်သည်။

တစ်ထောင်လီကျော် အကွာအဝေးကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ပြီး ဝန်းရံတိုက်ခိုက်ရန် ကြိုးပမ်းခြင်း၊ မဖြစ်နိုင်ဟု ထင်ရသော သဲကန္တာရကို ဖြတ်ကျော်ခြင်းတို့မှာ အလွန်ပင် အရေးပါလှသော ဗျူဟာမြောက် လုပ်ရပ် ဖြစ်၏။

သို့သော်အရေးကြီးဆုံး အချိန်အခါတွင် အိမ်ရှေ့စံမင်းသားက တပ်မှူးဟူချန်ကို သူရှိသည့်နေရာတွင်သာ စောင့်ဆိုင်းနေရန် အမိန့်ပေးခဲ့သည်။၎င်းမှာ လုံးဝ မဖြစ်သင့်သော ကိစ္စ ဖြစ်သည်။

အကယ်၍ အခြားသူသာ ထိုအမိန့်မျိုးကို ပေးခဲ့ပါက စစ်ရေးကို နှောင့်နှေးစေမှုဖြင့် ခေါင်းဖြတ်သတ်ခြင်း ခံရလောက်သည်အထိ ပြစ်ဒဏ်ကြီးလေးပေသည်။သို့သော် အမိန့်ကို ပေးသူမှာ အိမ်ရှေ့စံမင်းသား ဖြစ်နေသည်။

ထိုအချက်က ကိစ္စကို လုံးဝ ကွဲပြားသွားစေသည်။

အိမ်ရှေ့စံမင်းသား ကျူးပြန်၏ လတ်တလော စွမ်းဆောင်ရည်မှာ အရာရာတွင် ကောင်းမွန်နေပြီး အုပ်ချုပ်ရေးပိုင်းတွင်လည်း စနစ်တကျရှိ၏။သူသည် စစ်ပွဲကို ကိုယ်တိုင် မဆင်နွှဲဖူးသေးသဖြင့်စစ်ရေးဗျူဟာမှာ ကျူးပြန်၏ အားနည်းချက် ဖြစ်နေ၏။

ထို့ကြောင့်သာသူသည်တပ်မှူးဟူချန်ကို စောင့်ဆိုင်းရန် အမိန့်ပေးခြင်းဖြစ်သည်။

တပ်မှူး ဟူချန်သည် သဲကန္တာရကို ဖြတ်ကျော်ရန်အတွက် လိုအပ်သည့် ပစ္စည်းများသာ သယ်ဆောင်လာခဲ့မည် ဖြစ်ရာ အချိန်ကို အမိအရ အသုံးချပြီး မွန်ဂိုတပ်မတော်၏ နောက်ကျောကို တိုက်ခိုက်မှသာ အကျိုးရှိမည် ဖြစ်သည်။ သူတို့ တိုက်ခိုက်ခြင်း မပြုဘဲ စောင့်နေရုံနှင့်ပင် မွန်ဂိုတို့ အေးစက်စက် ချွေးပြန်သွားလောက်သည်။ထို အခြေအနေမျိုးတွင် စောင့်ဆိုင်းရန် ပြောခြင်းမှာ အဖိုးတန်ဆုံး စစ်ရေး အခွင့်အရေးကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

စစ်မြေပြင်၏ အခြေအနေမှာ လျင်မြန်စွာ ပြောင်းလဲတတ်သည်။ မွန်ဂိုတို့ ပြန်လည် နိုးထလာသည်နှင့် တပ်မှူးဟူချန်၏ အင်အားနည်းသော တပ်ဖွဲ့မှာ အလွယ်တကူ အဝါးခံရမည်မှာ အသေအချာပင်။

ကံကောင်းသည်မှာ ဗိုလ်ချုပ်ကြီး လန်ယွီ၊ ဆုန်းနယ်စား ဖုန်းရှန်းတို့မှာ စစ်ပွဲအတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသည်။ သူတို့သည် စစ်သူကြီးတစ်ဦးအနေဖြင့် ဧကရာဇ်၏ အမိန့်ကို လိုအပ်သလို ပြင်ဆင်နိုင်သည်ဆိုသည့် နိယာမကို သိကြသဖြင့် သရဖူမင်းသား၏ အမိန့်ကို အပြည့်အဝ လိုက်နာမည် မဟုတ်သဖြင့် ဆုံးရှုံးမှု နည်းပါးမည် ဖြစ်သည်။

သရဖူမင်းသား ကျူးပြန်စစ်ရေးကို နားမလည်သည်မှာ ပြဿနာ မဟုတ်သော်လည်း ရှေ့တန်းတပ်များကို ဝင်ရောက် စွက်ဖက်ခြင်းမှာမူ မှားယွင်းသော လုပ်ရပ် ဖြစ်၏။

စစ်မြေပြင်မှာ ထောင်ပေါင်းများစွာ ဝေးကွာနေပြီး မြို့တော်မှနေ၍ အဝေးကန် ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမှာ စစ်ဗျူဟာတွင် အကြီးမားဆုံး တားမြစ်ချက် ဖြစ်သည်။

မင်မင်းဆက်၏ နောင်တော် ဧကရာဇ်တစ်ပါးအနေဖြင့် ထူးချွန်သော စစ်သူကြီး ဖြစ်ရန် မလိုသော်လည်း မြို့တော်မှနေ၍ အမိန့်ပေးခြင်းမှာ ပြဿနာကြီးများစွာကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် ကျူးယွမ်ကျန်းသည်အိမ်‌ ရှေ့စံမင်းသားကို ညတွင်းချင်း နန်းတော်သို့ ခေါ်ယူလိုက်သည်။ ကျူးယွမ်ကျန်း အလွန် ဒေါသထွက် နေသော်လည်း သူ၏ ဒေါသကို ထိန်းချုပ်ကာ

"ပြန်အာ၊ ငါ မင်းကို ညတွင်းချင်း ခေါ်ရတဲ့ အကြောင်းရင်းကို သိလား"

"သားတော် သိပါတယ်"

အိမ်ရှေ့စံမင်းသား ကျူးပြန်က တည်ငြိမ်စွာ ပြန်လျှောက်တင်လိုက်သည်။

"ခမည်းတော်က သားတော်ကို ခေါ်တာ ရှေ့တန်းတပ်တွေကို ဝေးကွာရာကနေ အမိန့်ပေးခဲ့တဲ့ ကိစ္စကြောင့် ဖြစ်မှာပါ"

"သားတော်က မြို့တော်ကနေတစ်ဆင့် ထောင်ပေါင်းများစွာ ဝေးတဲ့ မြောက်ပိုင်း စစ်ဆင်ရေးတပ်တွေကို အဝေးကနေ အမိန့်ပေးခဲ့ပါတယ်၊ ခမည်းတော် သိသွားရင်တော့ သားတော်ကို မေးမြန်းမှာပဲလေ"

ကျူးပြန်၏အဖြေကို ကြားသောအခါ ကျူးယွမ်ကျန်းမှာ အံ့အားသင့်သွား၏။အိမ်‌ရှေ့စံမင်းသားမှာ အဝေးမှနေ၍ အမိန့်ပေးခြင်း၏ ဆိုးကျိုးကို သိလျက်နှင့်ပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ရေးနှင့် နိုင်ငံတော် ကိစ္စများမှာ ကလေးကစားစရာ မဟုတ်ပေ။အိမ်‌ ရှေ့စံမင်းသားမှာ သူ့လုပ်ရပ်မှားကြောင်းနှင့် ခမည်းတော် သဘောတူမည် မဟုတ်ကြောင်း သိလျက်နှင့်ပင် ဆက်လုပ်ခဲ့ရာအကြောင်းရင်း တစ်ခုခု ရှိရမည် ဖြစ်သည်။

"အို"

သူ၏ ဒေါသမှာ သံသယအဖြစ် ပြောင်းလဲသွား၏။ ကျူးယွမ်ကျန်းသည် အံကြိတ်၍မေးခွန်းထုတ်သံ ပြုလိုက်သည်။

"ပြောစမ်း၊ ဘာတွေ ဖြစ်နေတာလဲ"

"သားတော် ထင်တာကတော့..."

ကျူးပြန်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခါးကို ဆန့်လိုက်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"မယ်တော့်ရဲ့ အသက်က မြောက်ပိုင်း စစ်ဆင်ရေးထက် ပိုအရေးကြီးပါတယ်"

"ဒါကို ဘာကို ဆိုလိုတာလဲ"

သရဖူမင်းသား ကျူးပြန်က အကြောင်းရင်းကို ရှင်းပြလိုက်သည်။

"ဝူကျိရှန်းသားတော်ကို လျှို့ဝှက် ပြောပြထားတာက မယ်တော်ရဲ့ ရောဂါက ကုသမရနိုင်တော့တဲ့ အဆင့်ကို ရောက်နေပြီတဲ့၊ သူ သုံးနေတဲ့ ဆေးက တစ်ခုတည်းသော နည်းလမ်း ဖြစ်ပြီး ဆက်လက် ဖော်စပ်ဖို့အတွက် မဟာသဲကန္တာရက 'ကျဲ့ရှိ' ကျောက်တုံးက မရှိမဖြစ် လိုအပ်နေပါတယ်..."

ကျဲ့ရှိ ကျောက်တုံး အမြောက်အမြားကို သယ်ယူရန် တပ်အင်အား အများအပြား ချထားရမည် ဖြစ်ရာ ၎င်းမှာ မြောက်ပိုင်း စစ်ဆင်ရေးကို နှောင့်နှေးစေမည် ဖြစ်သည်။

မြောက်ပိုင်း စစ်ဆင်ရေး ပိုအရေးကြီးသလား၊ မိဖုရားကြီး ပိုအရေးကြီးသလားဟူသော မေးခွန်းတွင်အိမ်‌ ရှေ့မင်းသား ကျူးပြန်သည် ဖိဖုရားကြီးကိုသာ ရွေးချယ်ခဲ့သည်။

ယခင်က အိမ်ရှေ့စံမင်းသားသည် အာဏာရှိသော ကျူးယွမ်ကျန်းရှေ့တွင် အမြဲတမ်း နူးညံ့သိမ်မွေ့စွာ နေတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချကာ ပြတ်သားမှုကို ပြသလိုက်ခြင်း ဖြစ်၏။

အိမ်ရှေ့စံမင်းသား၏ ရှင်းပြမှုကြောင့် ကျူးယွမ်ကျန်းမှာ သူ့သားကို တစ်မျိုးတစ်ဖုံ ပြန်လည် မြင်လာပြီး သူ့သားကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး စကားမပြောဘဲ နေလိုက်၏။

"မြောက်ပိုင်း စစ်ဆင်ရေးက နိုင်ငံတော်အတွက် အလွန် အရေးကြီးတယ်ဆိုတာ သားတော် သိပါတယ်၊ ဒါပေမဲ့ မယ်တော်ရဲ့ ရောဂါကနောက်ထပ် ဆိုင်းငံ့ထားလို့ မရတော့ပါဘူး"

ကျူးပြန်၏ အသံတွင် တောင်းပန်သည့် လေသံများ ပါလာ၏။

"ဒီစစ်ဆင်ရေး ရှုံးနိမ့်သွားရင် နောက်တစ်ကြိမ် ပြန်လုပ်လို့ ရပါသေးတယ်၊ ဒါပေမဲ့ မယ်တော်ရဲ့ ရောဂါကို မကုသနိုင်ရင်တော့ တစ်သက်လုံး နောင်တရနေရမှာပါ၊ ဒါကြောင့် သားတော်က ဒီကိစ္စကို စွန့်စားပြီး ဆုံးဖြတ်ခဲ့တာပါ..."

သမိုင်းတစ်လျှောက်တွင် နိုင်ငံတော်ကို သားသမီးကျင့်ဝတ်ဖြင့် အုပ်ချုပ်သည်ဟု ကြွေးကြော်ခဲ့ကြရာ မင်မင်းဆက်မှာလည်း ခြွင်းချက် မဟုတ်ပေ။ အိမ်ရှေ့စံမင်းသား၏ လုပ်ရပ်မှာ သားကောင်းတစ်ယောက်၏ တာဝန်ကျေပွန်မှု ဖြစ်ပြီး မည်သည့်ဘက်မှ ကြည့်ကြည့် အပြစ်ပြောစရာ မရှိပေ။

ကျူးယွမ်ကျန်း မည်မျှပင် ထူးချွန်ပါစေ မိဖုရားကြီး၏ အရေးပါမှုမှာ မည်သည့်အရာနှင့်မျှ မလဲလှယ်နိုင်ပေ။ လက်ရှိ အခြေအနေတွင် မြောက်ပိုင်း စစ်ဆင်ရေး၏ ရလဒ်ထက်မိဖုရားကြီးကို ကယ်တင်ရန်သာ ပို၍ အရေးကြီးနေသည်။

မိဖုရားကြီး၏ အသက်မှာ မြောက်ပိုင်း စစ်ဆင်ရေးထက် ဦးစားပေး ဖြစ်သည်။၎င်းမှာစိတ်ခံစားချက်ကြောင့်မဟုတ်ဘဲ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ခင်ပွန်းနှင့် ဇနီးကြားက နက်ရှိုင်းသော မေတ္တာတရား‌ ကြောင့်ပင် ဖြစ်၏။

ကျူးယွမ်ကျန်းမှာ အမှန်တရားကို နားလည်သွားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ရ၏။

ထိုသက်ပြင်းမှာ မြောက်ပိုင်း စစ်ဆင်ရေးအတွက် မဟုတ်ဘဲ ကျူးပြန်၏ မစဉ်းစားမဆင်ခြင်မှုအတွက် ဖြစ်သည်။သူသည် ကျူးပြန်ကို မကြည့်ဘဲ ချက်ချင်း ထရပ်လိုက်သည်။

"ဘယ်သူရှိလဲ၊ အမိန့်စာ ရေးလိုက်"

"ဗဟိုတပ်က ဗိုလ်ချုပ်ကြီး လန်ယွီကို အနောက်ဘက်ဆီ အမြန် ရွှေ့ပြောင်းပြီး အုလုသဲကန္တာရရဲ့ အရှေ့မြောက်ဘက်ကို စောင့်ရှောက်ဖို့ အမိန့်ပေးလိုက်၊ မနှောင့်နှေးစေနဲ့"

"အနောက်တပ်က ဆုန်းနယ်စား ဖုန်းရှန်းရဲ့ တပ်ကို အရှေ့တောင်ဘက်ဆီ ရွှေ့ပြီး မဟာသဲကန္တာရရဲ့ အနောက်ဘက်ကို တင်းတင်းကျပ်ကျပ် ကာကွယ်ဖို့ အမိန့်ပေးလိုက်၊ မနှောင့်နှေးစေနဲ့"

"အရှေ့တပ်က ဖူယိုတဲနဲ့ ယန့်မင်းသားရဲ့ တပ်ကို အရှေ့ဘက်ကနေ အပြင်းအထန် တိုက်ခိုက်ပြီး ရန်သူတပ်တစ်ချို့ကို ချုပ်ထားဖို့ အမိန့်ပေးလိုက်၊ မနှောင့်နှေးစေနဲ့"

ဤသို့ဖြင့် မင်အင်ပါ၏၏ တပ်နှစ်ခုမှာ နှစ်ဘက်မှနေ၍ မဟာသဲကန္တာရသို့ ဝင်ထွက်နိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့လိုက်သည်။

ထိုအချိန်မှစ၍ မြောက်ပိုင်း စစ်ဆင်ရေး၏ ဗျူဟာမြောက် နေရာချထားမှုမှာ အစမှ ပြန်စလိုက်ရပြီး မူလ ရည်ရွယ်ချက်မှာလည်း လုံးဝ ပြောင်းလဲသွား၏။

"ကျင်းမင်းသား ကိုယ်တိုင် လက်မှုပညာရှင်တွေကို ခေါ်ပြီး ကျဲ့ရှိကို တူးဖော်ခိုင်းလိုက်၊ ပြီးရင် အမြန်ဆုံး အနောက်ဘက်ကို ဆက်သွားဖို့ အမိန့်ပေးလိုက်၊ နွေဦးပေါက်ချိန် မတိုင်ခင် ကျဲ့ရှိမြို့တော်မရောက်ရင် သူ ပြန်မလာနဲ့တော့"

"လုဝူပင်း"

ကျူးယွမ်ကျန်းဘေးတွင် ရိုသေစွာ ရပ်နေသော အိုမင်းသောမိန်းမစိုးကြီး အမြန် ခေါင်းညိတ်လိုက်၏။

"ကျွန်တော်မျိုး ရှိပါတယ်"

ကျူးယွမ်ကျန်းသည် သူ၏ ခါးမှ ဓားကို ဖြုတ်ပေးလိုက်သည်။

"မင်း ဒီကောင်းကင်ဘုံရှင်ရဲ့ ဓားကို ကိုင်ပြီး တပ်မှူးဟူချန်ဆီ ချက်ချင်း သွား၊ ဘာလုပ်ရမလဲဆိုတာ မင်း သိတယ်"

မိန်းမစိုးအိုကြီး လုဝူပင်းမှာ ကောင်းကင်ဘုံရှင်၏ ဓားကို လက်နှစ်ဘက်ဖြင့် ကိုင်လိုက်သည်။

"ကျွန်တော်မျိုး နားလည်ပါပြီ"

၎င်းမှာ စနစ်တကျ ပြည့်စုံသော အစီအစဉ် ဖြစ်ပြီး အိမ်ရှေ့မင်းသား ကျူးပြန်၏အမိန့်ထက် အဆပေါင်းများစွာ ပိုမို တိကျ သေချာလှသည်။

"ပြန်အာ၊ မင်း ပြောတာ မှန်တယ်၊ တချို့အရာတွေကို ပြန်လုပ်လို့ ရပေမဲ့ တချို့အရာတွေကိုတော့ ပြန်လုပ်လို့ မရဘူး"

ကျူးယွမ်ကျန်း၏ အကြည့်မှာ ယခင်ကထက် ပို၍ နူးညံ့သွားပြီး အရွယ်ရောက်လာသော သားဖြစ်သူကို ကြည့်နေသည့် ဖခင်တစ်ယောက်ကဲ့သို့ ကျူးပြန်၏ ပခုံးကို အသာပုတ်လိုက်ကာ

"မင်းရဲ့ သားကောင်း စိတ်ဓာတ်ကို ငါ သိပြီးပါပြီ"

ကျူးပြန်မှာ ပထမဆုံးအကြိမ်အဖြစ် ကျူးယွမ်ကျန်းကိုခန့်ညားသော ဧကရာဇ်မင်းမြတ်မဟုတ်ဘဲ ကြင်နာတတ်သော ဖခင်တစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ရပြီး စိတ်ထဲတွင် ခံစားချက်များ ရောထွေးနေ၏။

"ကျဲ့ရှိက နွေဦးမတိုင်ခင် မြို့တော်ကို မုချ ရောက်လာရမယ်၊ ဝူကျိရှန်းကို ဆေးဖော်စပ်ဖို့ အမြန် ပြင်ဆင်ခိုင်းထားလိုက်၊ မနှောင့်နှေးစေနဲ့"

"သားတော် အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်"

*********

All Chapters