အခန်း (၁၉၅-၁၉၆)
Vol. 19 Ch. 195-196
`
အခန်း (၁၉၅) - လက်လွတ်သွားရသော အခွင့်အရေး
စစ်ရေးကြီးကြပ်သူ ကောင်းဖူက ကျင်းမင်းသား ထိုအမိန့်မျိုးကို ပေးရခြင်းသည်တစ်စုံတစ်ယောက်က မနာလိုစိတ်ဖြင့် ချန်ဟူချန်ကို ကျင်းမင်းသားရှေ့တွင် အသရေဖျက် ပြောဆိုထားသောကြောင့် ဖြစ်လိမ့်မည်ဟုယူဆလိုက်သည်။
ထို့ကြောင့်ပင် ကျင်းမင်းသားမှာ အရေးကြီးဆုံး အချိန်အခါတွင် ထိုသို့သော အမိန့်ကို ပေးလိုက်ခြင်း ဖြစ်ပြီး ချန်ဟူချန်၏ အောင်မြင်မှု ရနိုင်မည့် အခွင့်အရေးကို ဖျက်ဆီးလိုက်ခြင်း ဖြစ်၏။
"ကျင်းမင်းသားရဲ့ စိတ်သဘောထားကို မင်းတို့ သိကြပါတယ်"
ဝမ်ကျုံးယွန်းမှာ အလွန် အေးစက်နေသဖြင့် သူ၏ ဝတ်ရုံကို ပို၍ တင်းကျပ်စွာ ထွေးပွေ့ထား၏။
"မင်းသားက မင်းတို့ နှစ်ယောက်လုံးကို အမြဲတမ်း ယုံကြည်တယ်၊ ဘယ်သူကမှ မင်းတို့ကို အသရေဖျက် ပြောဆိုတာမျိုး မရှိပါဘူး၊ တကယ်လို့ လူယုတ်မာ တစ်ယောက်ယောက်က မဟုတ်မမှန်ပြောခဲ့ရင်တောင် မင်းသားက သူ့စကားကို နားထောင်မှာ မဟုတ်ဘူး"
ဝမ်ကျုံးယွန်း၏ စကားမှာ ရှင်းလင်းလှသည် ။ဗိုလ်ချုပ်ကြီး ချန်ဟူချန်မှာ ကျင်းမင်းသား၏ လူ ဖြစ်ပြီး သူ၏ အောင်မြင်မှုများမှာ ကျင်းမင်းသားအတွက် ဂုဏ်ယူစရာ ဖြစ်သည်။ ကျင်းမင်းသားအနေဖြင့် သူတစ်ပါးစကားကို ယုံကြည်ပြီး ယခုလို အချိန်တွင် ဤသို့သော အမိန့်မျိုး ပေးရန်မှာ မဖြစ်နိုင်ပေ။
ဒါဆိုရင် ပိုပြီးတောင် မှားယွင်းနေဦးမည် ဖြစ်သည်။ကျင်းမင်းသားမှာ စစ်ရေးနှင့် စစ်ပွဲများကို နားလည်သူ ဖြစ်သည်။ သူ ဘာကြောင့် ဤမျှ ကောင်းမွန်သော ဗျူဟာမြောက် အခွင့်အရေးကို အလကား ဖျက်ဆီးရသနည်း။
" ဘာတွေ ဖြစ်နေတာလဲ"
"ကျွန်တော်လည်း မသိပါဘူး"
ဝမ်ကျုံးယွန်းမှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်ပြီးမှ ပြောရခက်နေပုံပေါက်နေသည်။
စစ်ရေးကြီးကြပ်သူ ကောင်းဖူမှာ ချက်ချင်း နားလည်သွားပြီး ဘေးနားရှိ ကိုယ်ရံတော်များကို အမိန့်ပေးလိုက်၏။
"အားလုံး ထွက်သွားကြ"
"ဟုတ်ကဲ့"
"အခု အပြင်လူ မရှိတော့ဘူး၊ ငါတို့ သုံးယောက်ပဲ ရှိတော့တယ်၊ အရေးကြီးတာ တစ်ခုခု ရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ အတွင်းဝန် ဝမ်"
အတွင်းဝန် ဝမ်မှာ အသံကို လျှော့ချကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော်လည်း ကျင်းမင်းသားရဲ့ အမိန့်က နည်းနည်း ထူးဆန်းနေတယ်လို့ ထင်ပါတယ်၊ အရင်းအမြစ်မှာတော့အိမ်ရှေ့စံမင်းသားနဲ့ ပတ်သက်နေနိုင်တယ်..."
အိမ်ရှေ့စံမင်းသားလား။
အိမ်ရှေ့စံမင်းသား ကျူးပြန်မှာ နိုင်ငံတော်၏ အမွေဆက်ခံသူ ဖြစ်သည်။ ကျူးယွမ်ကျန်း၏ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်မှုနှင့် ပံ့ပိုးမှုအောက်တွင်အိမ်ရှေ့စံမင်းသား၏ အင်အားစုမှာ ပိုမို ကြီးမားလာပြီးမင်မင်းဆက်၏ အုပ်ချုပ်ရေး အာဏာကို အတော်အတန် ရယူထားပြီး ဖြစ်သည်။
ဤအချက်ကို ဗိုလ်ချုပ်ကြီး ချန်ဟူချန်နှင့် စစ်ရေးကြီးကြပ်သူ ကောင်းဖူတို့ ကောင်းကောင်း သိသည်။သို့သော်အိမ်ရှေ့စံမင်းသားမှာ စစ်ရေးကို ဘယ်သောအခါမျှ ဝင်ရောက် စွက်ဖက်ခဲ့ခြင်း မရှိပေ။
စစ်ရေးမှာ နိုင်ငံတော်၏ အခြေခံအုတ်မြစ် ဖြစ်ပြီး အထူးသဖြင့် မြောက်ပိုင်း စစ်ဆင်ရေးနှင့် ပတ်သက်လာလျှင် ပို၍ အရေးကြီးသည်။
ကျူးယွမ်ကျန်းမှာ မိုက်မဲသော ဧကရာဇ် မဟုတ်ပေ၊ သူသည် ထောင်ပေါင်းများစွာ အဝေးရှိအိမ်ရှေ့စံမင်းသားကို ရှေ့တန်းတပ်များကို ထိန်းချုပ်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ပြဿနာကြီးများ တက်လာလိမ့်မည်။
အိမ်ရှေ့စံမင်းသားက မြောက်ပိုင်း စစ်ဆင်ရေး၏ စစ်ရေး နေရာချထားမှုများကို ဝင်ရောက် စွက်ဖက်ခြင်းမှာ ပို၍ပင် မှားယွင်းသော လုပ်ရပ် ဖြစ်၏။
"ဒါဆိုရင်..."
စစ်ရေးကြီးကြပ်သူ ကောင်းဖူနှင့် ဗိုလ်ချုပ်ကြီး ချန်ဟူချန်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ဘာမှ မပြောသော်လည်း သူတို့၏ အကြည့်များမှတစ်ဆင့်နားလည်မှု ရသွားကြသည်။
အိမ်ရှေ့မင်းသားနှင့်ကျင်းမင်းသားတို့ကြားတွင် ရန်ငြိုးဖွဲ့ထားမိကြတာလား။အိမ်ရှေ့မင်းသားက ဤအခွင့်အရေးကို အသုံးချပြီး ကျင်းမင်းသားကို ဖိနှိပ်ချင်တာလား။
ထီးနန်းအတွက်ဆိုလျှင် ညီအစ်ကိုချင်း ရန်ဘက်ဖြစ်နိုင်သလို ဖခင်နှင့် သားသမီးလည်း အချင်းချင်း ဒုက္ခပေးနိုင်၏။ ဤသို့သော အဖြစ်အပျက်များမှာ သမိုင်းတွင် အမြောက်အမြား ရှိခဲ့ဖူးသည်။
ကျင်းမင်းသားမှာ ယခုအခါ ထိန်းချုပ်၍ မရနိုင်လောက်အောင် အင်အားကြီးမားလာပြီ ဖြစ်သည်။အိမ် ရှေ့စံမင်းသားတွင်ကျင်းမင်းသားလောက်ဂုဏ်သတင်း မရှိသေးပေ။ ဤသည်မှာ ညီအစ်ကိုချင်း အာဏာလုပွဲ၏ အစပျိုးခြင်း ဖြစ်နိုင်ပါသလား။
မည်သို့ပင် ဖြစ်စေ စစ်သူကြီး ဟူချန်နှင့် စစ်ရေးကြီးကြပ်သူ ကောင်းဖူတို့၏ ရာထူးမှာ နိမ့်ကျလွန်းသဖြင့် အဆင့်မြင့် အာဏာလုပွဲများတွင် ပါဝင်ရန် မထိုက်တန်သေးပေ။ သို့သော် ကျင်းမင်းသား၏ အင်အားစု ဖြစ်သည့်အတွက် သူတို့မှာ ထိုသို့သာ တွေးရတော့မည် ဖြစ်သည်။
"ကျွန်တော် သိသလောက်ဆိုရင် ကျင်းမင်းသားက မကြာခင် ရှေ့တန်းကို ရောက်လာတော့မှာပါ"
ကျင်းမင်းသား ရောက်လာတော့မှာလား။ကျင်းမင်းသား ကိုယ်တိုင် ရှေ့တန်း ရောက်လာလျှင်အိမ်ရှေ့စံမင်းသား၏ အမိန့်ကိုပင် ဂရုစိုက်ရန် မလိုတော့ပေ။
သို့သော် ကျင်းမင်းသား မရောက်ရှိခင် အချိန်တွင် စစ်သူကြီး ချန်ဟူချန်နှင့် စစ်ရေးကြီးကြပ်သူ ကောင်းဖူတို့မှာ အခက်တွေ့နေရသည်။ဆက်လက်ချီတက်မည်ဆိုပါက ကျင်းမင်းသား၏ အမိန့်ကို ချိုးဖောက်ရာ ရောက်မည်။ ကျင်းမင်းသား၏ အမိန့်ကို နာခံမည်ဆိုပါက မင်းသား၏ အကျိုးစီးပွားကို ထိခိုက်ပြီး မြောက်ပိုင်း စစ်ဆင်ရေးကိုလည်း ပျက်စီးစေမည်ဖြစ်သည်။ဘာလုပ်လုပ် မှားယွင်းနေ၏။
"ဘယ်လိုလဲ..."
ဝမ်ကျုံးယွန်းက အဖြေတစ်ခု ပေးလိုက်သည်။
"ဒီလို အရေးကြီးတဲ့ ကိစ္စအတွက် အရှေ့နန်းဆောင်ကပဲ ဖြစ်ဖြစ်၊ ကျင်းမင်းသားဆီကပဲ ဖြစ်ဖြစ် နောက်ထပ် အမိန့်တွေ ထပ်လာမှာပါ၊ ငါတို့ ဒီနေရာမှာပဲ စောင့်နေကြရအောင်"
ဒီနေရာမှာပဲ စောင့်နေရမှာလား။လုံးဝ မဖြစ်နိုင်ပေ။မဟာသဲကန္တာရကို ဖြတ်ကျော်ခြင်းမှာ အန္တရာယ်များသော အလုပ်တစ်ခု ဖြစ်သည်။ အောင်ပွဲ၏ သော့ချက်မှာ ရန်သူတို့ မတုံ့ပြန်နိုင်ခင် အမြန်ဆုံးနှင့် အဝေးဆုံးအထိ ထိုးဖောက်ဝင်ရောက်ရန် ဖြစ်၏။ဒီနေရာမှာပဲ စောင့်နေလျှင် အခွင့်အရေး ကောင်းကို လက်လွတ်ရုံသာမက အန္တရာယ် ပိုများလာနိုင်စရာ ရှိသည်။
စစ်သည်အင်အားမှာ ရိက္ခာလည်း မရှိ၊ အကူအညီလည်း မရှိပေ။ နေရာတွင် စောင့်နေခြင်းမှာ သေခြင်းကို စောင့်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။ မွန်ဂိုတပ်မတော်က သူတို့၏ စစ်ဗျူဟာကို ပြန်လည် ပြင်ဆင်လိုက်သည်နှင့် သူတို့မှာ အသက်ရှင်ရန်အခွင့်အရေးမရှိနိုင်တော့ပေ။
ထို့ကြောင့် စစ်ရေးရှုထောင့်မှ ကြည့်ပါက စစ်သူကြီး ချန်ဟူချန်က ရှေ့ဆက်တိုးသင့်သည်၊ သို့မဟုတ် ကျင်းမင်းသား၏ အမိန့်အတိုင်း ချက်ချင်း ပြန်လှည့်သင့်သည်ဟု ယုံကြည်သည်။
ဤတစ်ကြိမ်တွင်မူ ဗိုလ်ချုပ်ကြီး ချန်ဟူချန်နှင့် အမြဲတမ်း စိတ်သဘောချင်းတူသည့် စစ်ရေးကြီးကြပ်သူ ကောင်းဖူမှာဝမ်ကျုံးယွန်း၏ အကြံပေးချက်ကိုသာ ထောက်ခံလိုက်သည် ။
"ဒီနေရာမှာပဲ စောင့်စို့"
"ဒီနေရာမှာပဲ စောင့်နေလို့ လုံးဝ မဖြစ်ဘူး၊ ဒါက သတ်သေတာပဲ၊ စစ်ရေးကြီးကြပ်သူ ကောင်း၊ မင်းလည်း စစ်ရေး အတွေ့အကြုံ ရှိတဲ့သူပဲ၊ ဘာလို့..."
ဗိုလ်ချုပ်ကြီး ချန်ဟူချန်မှာ စိတ်ပူလာသည်။
"ငါလည်း ဒီနေရာမှာ စောင့်နေရင် ဘာဖြစ်မလဲဆိုတာ သိတာပေါ့"
စစ်ရေးကြီးကြပ်သူ ကောင်းဖူက ရိုးရှင်းစွာ ပြောလိုက်သည်။
"ငါ ဒါကို မင်းအတွက် လုပ်ပေးနေတာပါ၊ သေချာ စဉ်းစားကြည့်ပါဦး..."
ဆက်တိုးမည်ဆိုပါက ကျင်းသား၏ အမိန့်ကို ချိုးဖောက်ရာ ရောက်မည်၊ နောက်ဆုတ်မည်ဆိုပါက ကျင်းမင်းသား၏ အကျိုးစီးပွားကို ထိခိုက်မည်။ အကယ်၍သာ ကျင်းမင်းသားက အိမ်ရှေ့စံမင်းသားနှင့် အမှန်တကယ် ယှဉ်ပြိုင်နေပါက နောက်ဆုံး ရလဒ် ဘာပဲ ဖြစ်လာပါစေ၊ စစ်သူကြီး ချန်ဟူချန်မှာ နိုင်ငံရေး တိုက်ပွဲ၏ အနစ်နာခံရသူ ဖြစ်လာမည်မှာ အသေအချာပင်။
တစ်ခုတည်းသော နည်းလမ်းမှာ ထိုနေရာတွင် စောင့်နေပြီး နောက်ထပ် အမိန့်များကို စောင့်ဆိုင်းခြင်းသာ ဖြစ်သည်။
အခြေအနေများရှင်းလင်းသွားခြင်း မရှိသေးခင် ဘာမျှ မလုပ်ဘဲ နေခြင်းမှာ ဗိုလ်ချုပ်ကြီး ချန်ဟူချန်ကို ကာကွယ်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။ယခုအခြေအနေမှာစစ်ရေးတင်မဟုတ်နိုင်ငံရေးပါ ပါလာပြီဖြစ်သည်။စစ်ရေး အတွေ့အကြုံသာ ရှိပြီး နိုင်ငံရေး အတွေ့အကြုံ နည်းပါးသော ဗိုလ်ချုပ်ကြီး ချန်ဟူချန်မှာ စစ်ရေးကြီးကြပ်သူ ကောင်းဖူလောက် အမြင် မကျယ်ပေ။
စစ်ရေးမှာ နိုင်ငံရေး၏ အစိတ်အပိုင်းသာ ဖြစ်ပြီး နိုင်ငံရေးမှာ စစ်ရေး၏ အဓိက အနှစ်သာရ ဖြစ်သည်။
အခွင့်အရေးရပါလျက်နိုင်ငံရေး အာဏာလုပွဲကြောင့် အလကား ဖြစ်သွားရသည့်အတွက် စစ်သူကြီး ချန်ဟူချန်မှာ သက်ပြင်းနေမိတော့သည်။
"အာ..."
"ဒီကိစ္စမှာ မကြာခင် အဖြေတစ်ခု ထွက်လာပါစေလို့ မျှော်လင့်တယ်။ နှစ်ရက် ၊ သုံးရက်အတွင်း နောက်ထပ် အမိန့်စာ ရလာမယ်ဆိုရင် အဆင်ပြေနိုင်သေးတယ်"
စစ်မြေပြင်၏ အခြေအနေမှာ အချိန်နှင့်အမျှ ပြောင်းလဲတတ်ပြီး အခွင့်အရေးမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားတတ်သည်။ နှစ်ရက် သုံးရက် အလကား ဖြစ်သွားရခြင်းမှာစစ်သူကြီးချန်ဟူချန်လက်ခံနိုင်သည့် အမြင့်ဆုံး အတိုင်းအတာပင် ဖြစ်သည်။
ကံကောင်းသည်မှာ သူတို့မှာ ထိုမျှကြာအောင် စောင့်စရာ မလိုခဲ့ပေ။ ထိုနေ့ မွန်းလွဲပိုင်းတွင် အိမ်ရှေ့စံမင်းသား၏ အမိန့်စာ ရောက်ရှိလာ၏။
အိမ်ရှေ့စံမင်းသား၏ အမိန့်မှာလည်းဆုန်းနယ်စား ဖုန်းရှန်း၊ကျင်းမင်းသားတို့၏ အမိန့်နှင့် အတူတူပင် ဖြစ်သည် ။
"ဗိုလ်ချုပ်ကြီး ဟူချန်၏ တပ်ဖွဲ့ကို မဟာသဲကန္တာရ၏ အနောက်ဘက်သို့ ပြန်လှည့်စေပြီး ဝင်ထွက်နိုင်သည့် လမ်းကြောင်းကို ပိတ်ဆို့ထားရန်၊ အမှားအယွင်း မရှိစေရ"
အိမ်ရှေ့စံမင်းသား၏ အမိန့်ကြောင့် မည်သူမျှ အံ့အားမသင့်ခဲ့ကြသလိုမည်သူမျှလည်း မလိုက်နာခဲ့ကြပေ။
မြောက်ပိုင်း စစ်ဆင်ရေးမှာအိမ်ရှေ့စံမင်းသားနှင့် မသက်ဆိုင်သလို ဧကရာဇ်မင်းမြတ်၏ခွင့်ပြုချက်လည်း မရှိပေ။ အိမ်ရှေ့စံသည် မြောက်ပိုင်း စစ်ဆင်ရေးနှင့် ပတ်သက်သည့် ရာထူး တစ်ခုမျှပင် မရရှိထားသူ ဖြစ်ရာ ရှေ့တန်းတပ်များကို စည်းရုံးခွင့် မရှိပေ။
စစ်သည်အင်အား ငါးထောင်ခန့်မှာထိုနေရာတွင်ပင် ဆက်လက် စောင့်ဆိုင်းနေကြသည်။ စစ်သူကြီး ချန်ဟူချန်တို့လူစုမှာ နောက်ထပ် အမိန့်များကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ပို၍ တိကျအောင် ပြောရလျှင် သူတို့သည် ကျင်းမင်းသား ကိုစောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ကျင်းမင်းသားသာ ရောက်လာပါက ရှေ့တိုးမည်လား၊ နောက်ဆုတ်မည်လားဆိုသည့် အမိန့်ကို သူတို့ငြင်းဆန်ခြင်း မရှိ လိုက်နာမည် ဖြစ်သည်။
ထိုအချိန်အထိ သူတို့ တစ်လက်မမျှပင် ရွေ့လျားမည် မဟုတ်ပေ။
သို့သော် ရောက်ရှိလာမှာသူတို့မျှော်လင့်နေသောသူမဟုတ်ဘဲအခြားတစ်ယောက်ဖြစ်နေခဲ့သည်။
ဗိုလ်ချုပ်ကြီး ရွှီဟွေ့ကျူ။
*********
အခန်း (၁၉၆) သဲကန္တာရထဲမှ ရတနာ
ထိုဗိုလ်ချုပ်ကြီး ရွှီဟွေ့ကျူသည် ကျုံးရှမ်းမင်းသား စစ်သူကြီး ရွှီတား၏ သားဖြစ်ပြီး ပထမအဆင့် ဝေနယ်စားမင်းလည်း ဖြစ်၏။
သို့သော် ဗိုလ်ချုပ်ကြီး ရွှီဟွေ့ကျူ၏ နယ်စားမင်းဘွဲ့သည် မျိုးရိုးကြောင့် ရရှိခြင်းသာ ဖြစ်ပြီးစစ်မြေပြင်တွင် တကယ့်တိုက်ပွဲများဖြင့် ရယူခဲ့သော ဆုန်းနယ်စားမင်း ဖုန်းရှန်းနှင့် ဖူယူတယ်တို့ကဲ့သို့ နယ်စားမင်းများနှင့် လုံးဝ မတူပေ။ ထို့ကြောင့် သူသည် ဆုန်းနယ်စားမင်းနှင့် ဖုန်းစိန့်တို့၏ လက်အောက်တွင်သာ တာဝန်ထမ်းဆောင်ရ၏။
လွန်ခဲ့သော နှစ်အနည်းငယ်က ဗိုလ်ချုပ်ကြီး ရွှီဟွေ့ကျူကဲ့သို့ မျိုးရိုးမြင့် သားသမီးများကို လေ့ကျင့်ပေးရန်အတွက် နန်းတော်က သူတို့ကို နိုင်ငံအနှံ့ရှိ စစ်စခန်းများသို့ စေလွှတ်ခဲ့၏။ စစ်သူကြီး ရွှီဟွေ့ကျူသည် ဆန်းရှီးသို့ ရောက်ရှိခဲ့ပြီး တပ်မှူးဟူချန်၏ အထက်လူကြီး ဖြစ်ခဲ့သဖြင့် သူတို့ချင်း အနည်းငယ် ရင်းနှီးကြ သည်။
"လက်အောက်ငယ်သားက နှုတ်ဆက်ပါတယ်..."
တပ်မှူးဟူချန် ဂါရဝပြု၍ မဆုံးမီမှာပင် ဗိုလ်ချုပ်ကြီး ရွှီဟွေ့ကျူက သူ့ကို တားဆီးလိုက်၏။ ထို့နောက် ဘေးရှိ မိန်းမစိုးအိုကြီးကို လက်ညှိုးထိုးပြကာ ပြောသည်။
"တပ်မှူးဟူချန်၊ ဒီ လုကုန်းကုန်းက ဧကရာဇ်ရဲ့ အမိန့်တော် ပြန်တမ်းကို ဆောင်ယူလာတာ။ မင်း အမိန့်တော်ကို အရင်ဦးစွာ နာခံသင့်တယ်"
အမိန့်တော် ပြန်တမ်းကို နာခံရမည် ဟုတ်လား။
တပ်မှူးဟူချန်ကဲ့သို့ အဆင့်ရှိသောသူတစ်ဦးသည် ဧကရာဇ်၏ အမိန့်တော် ပြန်တမ်းကို မြင်တွေ့ရခဲ၏။ ပုံမှန် အခြေအနေဆိုလျှင် တကယ့် အရေးကြီးကိစ္စ ရှိလျှင်ပင် အမိန့်တော်ကို နာခံရန် သူ့အလှည့် ရောက်လာမည် မဟုတ်ပေ။
ထို့ကြောင့် တပ်မှူးဟူချန်သည် အလွန် ဂုဏ်ယူစွာဖြင့်အမွှေးတိုင် စတင်ထွန်းညှိကာ ဂုဏ်ပြုတပ်ဖွဲ့ကို ချက်ချင်း ပြင်ဆင်စေ၏။ထို့ နောက်အမိန့်တော်ကို နာခံရန် အသင့်ပြင်လိုက်သည်။
"ယွမ်ချွမ်းတပ်စခန်းက ချန်ဟူချန်၊ အမိန့်တော်ကို နာခံစေ..."
လုဝူပင်းက အော်ပြောလိုက်သောအခါ တပ်မှူး ဟူချန်နှင့် အခြားသူများက ဒူးထောက်ကာ အမိန့်တော်ကို နာခံကြ၏။
"အစေခံ ဟူချန်က အရှင်မင်းကြီး ဘေးရန်ကင်းကွာ ကျန်းမာပါစေကြောင်း ရှိခိုးဦးခိုက်ပါတယ်"
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
ထုံးစံအတိုင်း အခမ်းအနားများ ပြီးနောက် လုဝူပင်းသည် ရင်ဘတ်ထဲမှ စာရွက်အသေးတစ်ရွက်ကို ထုတ်ယူကာဖတ်ကြားလိုက်၏။
"တပ်မှူး ဟူချန်၊ ငါမင်းကို ကြီးမားတဲ့ တာဝန်တစ်ခု ပေးမယ်။ မင်း ဘယ်လိုနည်းလမ်းပဲ သုံးသုံး သဲကန္တာရကြီးရဲ့ အနောက်ဘက် အဝင်ဝကို အသေအလဲ စောင့်ကြပ်ရမယ်။ တကယ်လို့ မွန်ဂိုတွေ ချဉ်းကပ်လာရင် သူတို့ကို ချက်ချင်း မောင်းထုတ်ပစ်။ ဒါက ဧကရာဇ်ရဲ့ အမိန့်ပဲ"
လူအများစု၏ စိတ်ထဲတွင် ဧကရာဇ်၏ အမိန့်တော် ပြန်တမ်းသည် တောက်ပသော အဝါရောင် ပိုးထည်လိပ် ဖြစ်ပြီး "ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်းမြတ် မိန့်ကြားသည်" ဟူသော စကားလုံးများဖြင့် စတင်ကာ လှပသော စာပေအသုံးအနှုန်းများ ပါရှိသည်ဟု ထင်မှတ်ကြ၏။
လက်တွေ့တွင်မူ ထိုကဲ့သို့သော အမိန့်တော် ပြန်တမ်းများကို ဧကရာဇ်ကိုယ်တိုင် ရေးသားလေ့မရှိဘဲ အထူးစာရေးတော်များက မူကြမ်းရေးသားပြီးမှ တံဆိပ်ခတ်နှိပ်ခြင်း ဖြစ်သည်။
လူတိုင်းသိကြသည့်အတိုင်း ကျူးယွမ်ကျန်းသည် ဆင်းရဲသားဘဝမှ လာသူဖြစ်ရာ သူ၏ စာပေအဆင့်အတန်းသည် အစကတည်းက သိပ်မမြင့်မားခဲ့ပေ။ ကျူးယွမ်ကျန်း ကိုယ်တိုင်ရေးသားသော အမိန့်တော် ပြန်တမ်းများတွင် လှပသော စာပေအမွမ်းအမံများ မပါရှိဘဲ ရိုးရှင်းကာ နားလည်လွယ်သော စကားလုံးများသာ အများဆုံး ဖြစ်၏။
မှန်ပေသည်၊ လူပုဂ္ဂိုလ်တစ်ဦးတည်းအတွက် ကျူးယွမ်ကျန်း ကိုယ်တိုင် သီးသန့်ရေးသားသော ယခုကဲ့သို့ အမိန့်တော် ပြန်တမ်းမျိုးကို သာမန်အရာရှိများ မြင်တွေ့ရခဲသည်။
တစ်နည်းအားဖြင့် "ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်းမြတ် မိန့်ကြားသည်" ဟူသော စကားလုံးများ မပါရှိသည့် ယခုအမိန့်တော်သည် ပို၍ပင် လေးနက်လှ၏။ ထိုအရာသည် ကျူးယွမ်ကျန်း ကိုယ်တိုင် တိုက်ရိုက်ပေးသော အမိန့် ဖြစ်သည်။
ကျူးယွမ်ကျန်း၏ အမိန့်သည် တရားဝင် လမ်းကြောင်းများထက် ပို၍ ထိရောက်လှ၏။
"အစေခံ အမိန့်တော်ကို နာခံပါတယ်"
တပ်မှူး ဟူချန်သည် အမိန့် ပြန်တမ်းကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကိုင်မြှောက်ပြီး သေချာစွာ ထပ်မံဖတ်ရှု၏။ ထို့နောက် ရင်ဘတ်ထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်သည်။
အမှန်တော့အမိန့်တော် ပြန်တမ်းကို စိစစ်ရန် မလိုပေ။ အကြောင်းမူကား အမိန့်တော်ကို ဆောင်ယူလာသော လုကုန်းကုန်းကို ဝေနယ်စားမင်း ကိုယ်တိုင် ခေါ်ဆောင်လာခြင်း ဖြစ်ပြီး ဝေနယ်စားမင်းသည် အနောက်ဘက်တပ်မတော်၏ အမြင့်ဆုံး စစ်သေနာပတိ ဆုန်းနယ်စားမင်း ဖုန်းရှန်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သောကြောင့် ဆုန်းနယ်စားမင်းသည် လုကုန်းကုန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိပြီး ဖြစ်၏။
ထိုသူများထဲမှ မည်သူမဆို တပ်မှူးဟူချန်ထက် ရာထူးနှင့် အာဏာ ပိုမိုမြင့်မားသဖြင့် ဤအမိန့်တော် ပြန်တမ်းသည် မှားယွင်းရန် အကြောင်း လုံးဝမရှိပေ။
"တပ်မှူး ဟူချန်၊ အရှင်မင်းကြီးရဲ့ အလိုတော်က ရှင်းလင်းမှု ရှိရဲ့လား"
လုကုန်းကုန်း လုဝူပင်းက မေးမြန်းလိုက်သောအခါ တပ်မှူးဟူချန်က အလျင်အမြန် ပြန်လည်ဖြေကြား၏။
"ဧကရာဇ်ရဲ့ အလိုတော်က အလွန် တောက်ပပါတယ်။ အစေခံ အပြည့်အဝ နားလည်ပါတယ်"
"ကောင်းတယ်၊ အလွန်ကောင်းတယ်"
လုဝူပင်းက အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ လက်ထဲမှ ထက်မြက်သော ဓားကို ရုတ်ချည်း ဆွဲထုတ်လိုက်၏။
"ဒါက အရှင်မင်းကြီး ကိုယ်တိုင် ပေးသနားထားတဲ့ ဧကရာဇ်ရဲ့ ဓားပဲ။ မင်းသားတွေနဲ့ မှူးကြီးမတ်ကြီးတွေကိုပါ ကွပ်မျက်နိုင်တယ်။ တကယ်လို့ မွန်ဂိုစစ်သား တစ်ယောက်ပဲဖြစ်ဖြစ် အနောက်ဘက် အဝင်ဝကနေ သဲကန္တာရကြီးထဲ ဝင်လာတာနဲ့ ငါက ဒီဓားနဲ့ မင်းခေါင်းကို အရင်ဆုံး ဖြတ်မယ်။ ပြီးမှ ငါ့အပြစ်အတွက် ငါကိုယ်တိုင် အဆုံးစီရင်မယ်။ နားလည်လား"
"လက်အောက်ငယ်သား နားလည်ပါတယ်"
လုဝူပင်းသည် ဧကရာဇ်၏ ဓားကို မြှောက်ကိုင်လိုက်ပြီး မိန်းမဆန်သော စူးရှသည့် အသံဖြင့် အော်ဟစ် မိန့်ကြား၏။
"အထက်အောက် အားလုံး သိစေရမယ်။ စစ်တပ်တစ်ခုလုံးက ဘယ်လိုနည်းနဲ့မဆို၊ ဘယ်လို ပေးဆပ်မှုမျိုးနဲ့မဆို သဲကန္တာရရဲ့ အနောက်ဘက်ကို အသေခံ စောင့်ကြပ်ရမယ်။ အမိန့်မနာခံတဲ့သူကို ခေါင်းဖြတ်မယ်"
လုဝူပင်း၏ နှုတ်မှ ထွက်လာသော "ခေါင်းဖြတ်မယ်" ဟူသော စကားလုံးသည် စူးရှပြီး အေးစက်လှ၏။ ထိုစကားသည် အိတ်မှ ဆွဲထုတ်လိုက်သော သံမဏိဓားကဲ့သို့ ပြတ်သား လှသဖြင့် တပ်မှူးဟူချန်၏ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားသည်။
သူသည် မိန်းမစိုးအိုကြီးကို မသိစိတ်ဖြင့် မော့ကြည့်လိုက်ပြီး ထိုသူသည် သာမန်လူ လုံးဝမဟုတ်ကြောင်း ချက်ချင်း သိလိုက်၏။
ပုံမှန် စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ယခုကဲ့သို့ စစ်အင်အား ဖြန့်ကျက်မှုကို စစ်ဝန်ကြီးဌာနက အရင်ဆုံး ထုတ်ပြန်ရမည် ဖြစ်သည်။ ထို့နောက် အလယ်ပိုင်းတပ်မတော်၏ အမြင့်ဆုံး စစ်အရာရှိကြီးဖြစ်သော စစ်သေနာပတိချုပ် လန်ယွီထံသို့ လွှဲပြောင်းပေးရမည် ဖြစ်ပြီး နောက်ဆုံးတွင် စစ်သေနာပတိချုပ် လန်ယွီက တပ်မှူးဟူချန်ကိုအမိန့်ပေးရမည် ဖြစ်၏။
သို့သော် ယခုအကြိမ်တွင် ကျူးယွမ်ကျန်းသည် ပုံမှန်လုပ်ထုံးလုပ်နည်း အားလုံးကို ကျော်ဖြတ်ကာ တပ်မှူးဟူချန်ထံသို့ ကိုယ်တိုင် အမိန့်ပေးခဲ့သည်။ ထို့အပြင် စစ်တပ်ကို ကြီးကြပ်ရန် လုဝူပင်းကိုလည်း စေလွှတ်ခဲ့၏။ ထိုအရာသည် ပုံမှန် အခြေအနေနှင့် ဆန့်ကျင်နေသော်လည်း ပိုမိုလေးနက်သော အဓိပ္ပာယ် ရှိနေသည်။
ဧကရာဇ်၏ အမိန့်တော် ရောက်ရှိလာပြီ ဖြစ်ရာကျင်းမင်းသား၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းရန် မလိုတော့ပေ။
ထောင်ပေါင်းများစွာသော စစ်သားများသည် ချက်ချင်းပင် ခရီးစတင်ခဲ့ကြပြီး ကျယ်ပြောလှသော နှင်းဖုံးလွင်ပြင်ကြီးကို ဖြတ်ကျော်ကာ အရှေ့ဘက်သို့ အင်တိုက်အားတိုက် ချီတက်ကြတော့၏။
"တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ"
ယခုအချိန်ထိ တပ်မှူးဟူချန်သည် လုံးဝ ဝေခွဲမရ ဖြစ်နေဆဲပင်ဖြစ်သည်။
ကျူးယွမ်ကျန်းသည် ကိုယ်တိုင် တိုက်ပွဲဝင်ခဲ့သော ဧကရာဇ်ဖြစ်သဖြင့် စစ်ပွဲအတွေ့အကြုံ အလွန် ကြွယ်ဝသူ ဖြစ်၏။ သူသည် ဤစစ်တပ်၏ စစ်ဗျူဟာမြောက် အရေးပါမှုကို မသိဘဲ မနေနိုင်ပေ။ သို့သော်လည်း သူသည် စစ်တပ်ကို ပြန်လှည့်ရန် အမိန့်ပေးခဲ့သည်။ ဤအရာ၏ နောက်ကွယ်တွင် အလွန် အရေးကြီးသော ကိစ္စတစ်ခု ရှိနေရမည် ဖြစ်၏။
ကျူးယွမ်ကျန်း ကိုယ်တိုင် အမိန့်တော် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ရာ အိမ်ရှေ့စံမင်းသားနှင့် ကျင်းမင်းသားတို့ကြား အာဏာလုပွဲကြောင့် ဖြစ်ရန် အကြောင်းမရှိပေ။
နိုင်ငံရေး အကြောင်းရင်းများ မရှိဘဲ စစ်ဘက်ဆိုင်ရာ ထုံးစံများနှင့်လည်း မကိုက်ညီသဖြင့် တပ်မှူးဟူချန်သည် အဖြေရှာမရ ဖြစ်နေတော့သည်။
"ဆုန်းနယ်စားမင်း ဖုန်းစိန့်၊ ကျင်းမင်းသား၊ အိမ်ရှေ့စံမင်းသားနဲ့ အရှင်မင်းကြီး... တစ်ရက်နဲ့ တစ်ညအတွင်းမှာတင် ဆက်တိုက် ထွက်လာတဲ့ အမိန့်က လေးခု ရှိပြီ"
စစ်ပွဲကြီးကြပ်ရေးမှူး ကောင်းက သူ၏ ချောမွေ့သော မေးစေ့ကို ပွတ်သပ်ရင်း မရေမရာ ပြောလိုက်၏။
"နန်းတော်ထဲမှာ တစ်ခုခု ဖြစ်နေတာ သေချာတယ်"
နန်းတော်ထဲတွင် ဘာများ ဖြစ်နိုင်သနည်း။မည်သို့ပင်ဆိုစေ ကျူးယွမ်ကျန်း ကိုယ်တိုင် မြို့တော်ကို ထိန်းချုပ်ထားသဖြင့် ကြီးမားသော ကိစ္စရပ်များ ဖြစ်ပွားရန် အကြောင်းမရှိပေ။
"မြို့တော်မှာ ဘာဖြစ်လဲဆိုတာ ငါတို့ အဖြေရှာမရပေမဲ့ အခြေအနေက အလွန် အရေးကြီးနေတာတော့ သေချာတယ်။ မဟုတ်ရင် အမိန့်တွေက တစ်ခုပြီးတစ်ခု ရောက်လာမှာ မဟုတ်ဘူး"
တပ်မှူးဟူချန်က မျက်မှောင်ကုပ်လိုက်၏။
"
အမိန့်လေးခုလုံးက ငါတို့ကို သဲကန္တာရကြီးကို အသေခံ စောင့်ကြပ်ဖို့ ပြောနေတာ။ ငါတို့ ဘယ်လို စောင့်ကြပ်ရမှာလဲ"
ထိုသဲကန္တာရကြီးသည် အရှေ့မှ အနောက်သို့ သွယ်တန်းနေပြီး တောင်နှင့်မြောက်ကို ပိုင်းခြားထားသည်။ သူတို့သည် အသက်အန္တရာယ်ကို စွန့်စားကာ ကန္တာရကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်၏။ သူတို့၏ စွမ်းဆောင်ရည်ကို ပြသခါနီးမှ ပြန်လှည့်သွားရမည့်အပြင် သဲကန္တာရကြီးကိုလူအနည်းငယ်မျှဖြင့် အသေခံ စောင့်ကြပ်ရအုံးမည်။
ထို့အပြင် ထိုသဲကန္တာရထဲတွင်စစ်ဗျူဟာမြောက် အရေးပါမှုများ မရှိပေ။ ၎င်းသည် ငှက်ပင် ချေးမစွန့်သော ခြောက်သွေ့သွေ့ လွင်တီးခေါင်ကြီးသာ ဖြစ်၏။ ထိုနေရာကို စောင့်ကြပ်ရခြင်း၏ အဓိပ္ပာယ်က ဘာလဲ။
မွန်ဂိုစစ်တပ်က သူတို့ကို ဝိုင်းရံလိုက်သည်နှင့် သဲကန္တာရကြီးကို အသေခံ စောင့်ကြပ်ခြင်းသည် သေမည့်ရက်ကို စောင့်ဆိုင်းနေခြင်းနှင့် တူပေလိမ့်မည်။
ထိုကိစ္စကို ဆုန်းနယ်စားမင်း ဖုန်းစိန့် မသိဘဲ မနေနိုင်သလို၊ ကျင်းမင်းသားလည်း မသိဘဲ မနေနိုင်ပေ။ အိမ်ရှေ့စံမင်းသားနှင့် အရှင်မင်းကြီးတို့သည်လည်း သိရှိရမည် ဖြစ်၏။
သို့ဆိုလျှင် သူတို့က ဘာလို့ အသေခံ စောင့်ကြပ်ရန်အမိန့်ပေးနေကြသလဲ။သူတို့အားလုံး ရူးသွပ်သွားကြခြင်းလော။
"သဲကန္တာရကြီးရဲ့ အနောက်ဘက် အဝင်ဝကို အသေခံ စောင့်ကြပ်ခိုင်းတာက ပိုပြီး လေးနက်တဲ့ အဓိပ္ပာယ် ရှိရမယ်"
စစ်ပွဲကြီးကြပ်ရေးမှူး ကောင်းသည် သဲလွန်စတစ်ခုကို သတိပြုမိသွားပုံ ရ၏။
"ဧကရာဇ်ရဲ့ အမိန့်တော်မှာ မွန်ဂိုတွေကို သဲကန္တာရနား မချဉ်းကပ်စေနဲ့လို့ ပြောထားတယ်။ ပြီးတော့ အနောက်ဘက်ကနေ သဲကန္တာရထဲ ဝင်တဲ့ လမ်းကြောင်းကို မြဲမြဲစောင့်ဖို့ ပြောထားတယ်။ ဒီစာသားကို သေချာ စဉ်းစားသင့်တယ်။ သဲကန္တာရကြီးထဲမှာ တန်ဖိုးရှိတဲ့ အရာတစ်ခုခု ရှိနေလို့လား"
သဲကန္တာရကြီးသည် ရေပင် ရှာရခက်သော အလွန် ခြောက်သွေ့လှသည့် နေရာဖြစ်၏။ ထိုနေရာတွင် ဤမျှ ကြီးမားသော အားထုတ်မှုမျိုး ပြုလုပ်ရလောက်အောင် အဘယ်အရာက တန်ဖိုးရှိနေနိုင်ပါသနည်း။
*********