အခန်း ၈၉
Vol. 9 Ch. 89
အပိုင်း (၈၉)
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
လန်လင်းက ဂန္ထဝင်သီချင်းတစ်ပုဒ်ကို တီးခတ်လိုက်သည်။ လှပသည့် ဂီတသံစဉ်များက အခန်းထဲမှ ပျံ့လွင့်လာချိန်၌ အပြင်ဘက်၌ သန့်ရှင်းရေး လုပ်နေကြသော လူရိုင်းအစေခံမလေးများ အားလုံးသည်လည်း နားထောင်ရန် ရပ်တန့်သွားကြ၏။
ထိုအစေခံမလေးများက ဂီတအကြောင်း ဘာမှ နားမလည်ကြသော်လည်း သီချင်းက အံ့မခန်းဖြစ်ကြောင်းကိုတော့ သိနိုင်ကြသည်။
ဂီတဆိုသည်မှာ လူမျိုးနှင့် ယဉ်ကျေးမှုတို့ကို ကျော်လွန်သော အချိန်ကာလကို ကျော်လွန်သည့် ဘာသာစကားတစ်ခု ဖြစ်၏။ တကယ့်ကို လှပသည့် ဂီတက စကားလုံးများဖြင့် မဟုတ်ဘဲ နှလုံးသားထဲမှ တိုက်ရိုက် စကားပြောတတ်သည်။
လန်လင်း တီးခတ်နေသည့် အိပ်မက်ထဲက မင်္ဂလာဆောင်သီချင်းက ကြားရသူတိုင်း၏ နှလုံးသားကို ထိရှသွားစေ၏။ သီချင်းက ရိုးရှင်းသော်ငြား အလွန် လှပပြီး ချိုမြိန်နေသည်။
**--**--**--**--**--**--**--**
လန်လင်းက လက်များကို မြှောက်ကာ သီချင်းကို အဆုံးသတ်လိုက်၏။
နူးညံ့သည့် ဂီတသံစဉ်များက လေထုထဲနှင့် လူတို့၏ နားထဲ၌ တွယ်ကပ်နေဆဲဖြစ်ပြီး ပျောက်ကွယ်သွားရန် ငြင်းဆန်နေသကဲ့သို့ ရှိနေသည်။
မုန်ထိုလော့ကမူ မျက်လုံးများကို မှိတ်ထားဆဲပင်။ လောင်းကြေးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ရင်ထဲ၌ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။
အဘယ်ကြောင့် ရှုံးနိမ့်ရသည်ဟူ၍ ယုတ္တိကျသော အကြောင်းပြချက် မရှိဘဲ ရိုးရှင်းသည့် ခံစားချက်လေးတစ်ခုသာ ဖြစ်သည်။ လန်လင်း၏ ဂီတက သူမထက် ပိုကောင်းပြီး ပိုလှပနေ၏။
အချိန်အတော်ကြာပြီးနောက် မုန်ထိုလော့က လှပသည့် မျက်လုံးများကို ဖွင့်လိုက်ပြီး လန်လင်းကို ပထမဆုံးအကြိမ်အဖြစ် သေချာစွာ စိုက်ကြည့်လိုက်သည်။
ထိုတစ်ချက်တည်းသော အကြည့်ဖြင့်ပင် သူမက သူ၏ မျက်နှာဖုံးကို ထိုးဖောက်ကာ နှလုံးသားထဲသို့ တိုက်ရိုက် ကြည့်ရှုချင်နေသကဲ့သို့ လန်လင်း ခံစားလိုက်ရ၏။
လန်လင်းသည် အနည်းငယ် ပိန်ပါးသော်လည်း ချောမောသည့် ယောကျ်ားတစ်ယောက် ဖြစ်သည်။ တည်ငြိမ်နေသည့် မျက်လုံးများ၌ ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ရှိနေပြီး ထိုအောက်၌ ရူးသွပ်မှု အနည်းငယ်ကို ဖုံးကွယ်ထား၏။
မုန်ထိုလော့က စိတ်ထဲမှ တွေးလိုက်မိသည်။ “သူက ငါ့လိုပဲ ခံစားလွယ်တဲ့သူ ဖြစ်ရမယ်။ အမှောင်ဘက်ခြမ်းတစ်ခုကို ဖုံးကွယ်ထားတာပဲ။ မဟုတ်ရင် သူဒီကိုရောက်တဲ့ ပထမဆုံးနေ့မှာတင် ငါ့ကိုကြည့်ရုံနဲ့ ငါ့ရဲ့အဖြစ်ဆိုးကို သူ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။”
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့၏ တိုတောင်းသော တိုက်ပွဲများ၌ နည်းဗျူဟာ ၊ အနုပညာ အမြင်နှင့် ဂီတပါရမီတို့၌ သူက သူမကို အပြည့်အဝ အနိုင်ယူသွား၏။ သူမ... မုန်ထိုလော့သည် တစ်ချိန်က မြင့်မြတ်နတ်နဂါးကျောင်းတော်၏ သူတော်စင်မလေး ဖြစ်လာရန် ထိပ်ဆုံးမှ လျာထားခံရသူ တစ်ဦး ဖြစ်ခဲ့သည် မဟုတ်လော။
ထိုသို့တိုင် သိုင်းပညာမှလွဲ၍ ကျန်သည့်အရာ အားလုံး၌ သူက သူမထက် သာလွန်နေသည်။ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကြားရှိ ဤလျှို့ဝှက် ဉာဏ်ရည်စစ်ပွဲ၌ မုန်ထိုလော့ လုံးဝ အရေးနိမ့်သွားရလေပြီ။
မုန်ထိုလော့က လန်လင်းအား စိုက်ကြည့်လိုက်သည်။ “ရှင့်သီချင်းက အဖြစ်ဆိုးတစ်ခုပဲ။”
လန်လင်း ခေါင်းညိတ်လိုက်၏။ “အင်း... ဟုတ်တယ်။ သတို့သား သေသွားလို့ပဲ။”
မုန်ထိုလော့က မေးသည်။ “သူ ဘာလို့ သေသွားတာလဲ။”
“သူ့သတို့သမီးကို ကယ်ဖို့လေ။” လန်လင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
မုန်ထိုလော့က ချိုမြိန်စွာ ရယ်မောလိုက်၏။ “ဟင်းဟင်း... ဒါဆို ရှင်ရော ကျွန်မကို ကယ်မှာလား။”
လန်လင်းက ခေါင်းရမ်းလိုက်၏။ “ဟင့်အင်း... ဒီဘဝမှာ ကျုပ်ရဲ့ တာဝန်က ကျုပ်အစ်မကို ကာကွယ်ဖို့ပဲ။ ဒါပေမဲ့ ကျုပ်သာ သေရဖို့ ကံပါလာရင် ကျုပ်သေဆုံးမှုက ခင်ဗျားရဲ့ ဒဏ်ရာကိုကို ကုစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
မုန်ထိုလော့၏ လှပသည့် မျက်နှာလေးက အနည်းငယ် တုန်လှုပ်သွားသည်။ “ဘာလို့လဲ။”
လန်လင်းက လေးနက်စွာ ပြောလိုက်၏။ “ကျုပ်တို့က အတူတူပဲလေ။ နှစ်ယောက်လုံးက နတ်မင်း ဒါမှမဟုတ် မိစ္ဆာအဖြစ် ပြောင်းလဲသွားနိုင်တဲ့ လူတွေပဲ။”
ထိုစကားများက မုန်ထိုလော့၏ နှလုံးသားကို ချွန်ထက်သည့် မြားတစ်စင်းအလား ထိုးစိုက်သွားသည်။
သူမအနေဖြင့် နတ်သမီးတစ်ပါး ဖြစ်လာနိုင်သလို မိစ္ဆာတစ်ကောင်လည်း ဖြစ်လာနိုင်၏။ ထိုသည်က သူမဘဝ၏ ပြီးပြည့်စုံသော အနှစ်ချုပ်ပင်။
မုန်ထိုလော့ တုန်လှုပ်သွားရ၏။ သူမကို ဤမျှ ကောင်းစွာ နားလည်ပေးပြီး တန်ဖိုးထားကာ စရိုက်လက္ခဏာ အတိအကျ တူညီနေသူ တစ်ဦးနှင့် ရင်ဆိုင်ရချိန်၌ ဆက်လက် ဟန်ဆောင်နေရန် အကြောင်းပြချက် မရှိတော့ချေ။
မုန်ထိုလော့ သက်ပြင်းချလိုက်သည်။ “ဟူး... ကောင်းပြီလေ... ရှင် ထပ်နိုင်သွားပြန်ပြီ။ ရှင့်စိတ် ၊ ရှင့်ပန်းချီ ၊ ရှင့်ဂီတ... အရာအားလုံးမှာ ရှင် ကျွန်မကို အနိုင်ယူသွားပြီ။ လောင်းကြေးက လောင်းကြေးပဲ။ ကတိတည်ပါ့မယ်။ မင်္ဂလာဆောင်ပြီးရင် ကျွန်မရဲ့ အပျိုစင်ဘဝကို ရှင့်ကို ပေးမယ်။”
ထိုသို့ပြောပြီးနောက် သူမ ထွက်ခွာသွား၏။
မင်္ဂလာဆောင် အခမ်းအနား မတိုင်မီအထိ သူမ သူ့ထံ တစ်ဖန် ပြန်လာမည် မဟုတ်ကြောင်း လန်လင်း သိလိုက်သည်။
သူ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ပြီးပြီ ဖြစ်၏။ လက်ရှိအချိန်၌ မင်္ဂလာဆောင်ကို စောင့်ဆိုင်းကာ သူ၏ အနာဂတ်ကို ကံကြမ္မာ၏ အဆုံးအဖြတ်အပေါ် ပုံအပ်ထားရန်သာ ရှိတော့သည်။
သူ အသက်ရှင်မည်လား... သို့မဟုတ် သေဆုံးရမည်လား။
**--**--**--**--**--**--**--**
လပြည့်နေ့၌ ကံကောင်းသည့် နေ့ရက် ရောက်ရှိလာပြီး မင်္ဂလာဆောင် စတင်လေပြီ။
မြွေပွေးမျိုးနွယ်စု တစ်ခုလုံးကို အသစ်တစ်ဖန် အလှဆင်ထားပြီး လူတိုင်းက တောက်ပသော အနီရောင် ပွဲတက်အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။
သူတို့၏ အမျိုးသမီးခေါင်းဆောင်က ထပ်မံ၍ လက်ထပ်တော့မည် ဖြစ်သော်လည်း ဤမင်္ဂလာဆောင်က ယခင်ပွဲများ အားလုံးထက် များစွာ ပို၍ ခမ်းနားကြီးကျယ်နေသည်။
ခေါင်းဆောင်၏ ခန်းမဆောင်အတွင်း၌ အနီရောင် ဖယောင်းတိုင်များ ၊ အနီရောင် ဆိုင်းဘုတ်များနှင့် ပန်းများကို နေရာအနှံ့အပြား၌ တွေ့နေရ၏။
မျိုးနွယ်စုထဲရှိ ချစ်စရာအကောင်းဆုံး ကလေးငယ်များကို ခေါ်ဆောင်လာပြီး ပန်းပွင့်ဖတ်များနှင့် သကြားလုံးများကို ကြဲပက်စေကာ တကယ့် မင်္ဂလာဆောင် တစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
လန်လင်းက အဖြူရောင် မင်္ဂလာဂါဝန်ကို ဒီဇိုင်းဆွဲခဲ့ပြီး မုန်ထိုလော့က အမှန်တကယ်ပင် ချုပ်လုပ်ခဲ့၏။ သို့သော် သူတို့ ထိုအရာကို မဝတ်ဆင်ကြပေ။ ဤသည်က တကယ့် မင်္ဂလာဆောင် မဟုတ်ဘဲ သတ်ဖြတ်မှုတစ်ခု မတိုင်မီ ကျင်းပသော ဓလေ့ထုံးစံတစ်ခုသာ ဖြစ်သည်။
သူမက ကိုယ်ကျပ် သွေးနီရောင် ဂါဝန်ကိုသာ ရွေးချယ်ဝတ်ဆင်၏။ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်မည်ဆိုပါက သူမက နတ်သမီးတစ်ပါးနှင့် တူနေပေလိမ့်မည်။ သို့သော် နီရဲနေသော ဂါဝန်ဖြင့်ဆိုလျှင်မူ မိစ္ဆာတစ်ကောင်နှင့် တူနေသည်။ လက်ရှိအချိန်၌လည်း သူမက မိစ္ဆာတစ်ကောင် ဖြစ်ရန်သာ ရွေးချယ်ဆဲပင်။
ပျော်ရွှင်ဖွယ် ဂီတသံများလည်း မရှိပေ။ အကြောင်းမှာ တူရိယာ တီးခတ်သူ နှစ်ဦးက လက်ထပ်မည့်သူများ ဖြစ်နေသောကြောင့်ပင်။
ထို့အတွက်ကြောင့် လူရိုင်းများ အားလုံး စောင့်ကြည့်နေစဉ်အတွင်း သူတို့နှစ်ဦးက မင်္ဂလာဆောင် အခမ်းအနားကို ဟန်ဆောင် ပြုလုပ်ကြ၏။
ပထမဆုံးအနေဖြင့် ကောင်းကင်နှင့် မြေကြီးကို အရိုအသေပေးကြသည်။ ဒုတိယအနေဖြင့် မိဘများကို ကန်တော့ကြ၏။ နောက်ဆုံး၌ လင်နှင့်မယား အချင်းချင်း အရိုအသေပေးကြသည်။
အခမ်းအနား တစ်ခုလုံးက တိတ်ဆိတ်နေသော ပြဇာတ်တစ်ခုနှင့် တူနေ၏။
အရိုအသေပေးခြင်း ပြီးဆုံးသွားပြီးနောက် ထွက်ပေါ်လာသည့် တစ်ခုတည်းသော အသံမှာ ကြီးမားသော လူရိုင်းစစ်သည်တော် တစ်ဦးထံမှ ဖြစ်သည်။ ထိုသူမှာ ယခင်က လန်လင်းကို လိုက်လံဖမ်းဆီးခဲ့သော တပ်မှူးပင် ဖြစ်၏။ သူက ဗလုံးဗထွေး စကားလုံးများဖြင့် အော်ဟစ်လိုက်သည်။ “အခမ်းအနား ပြီးပြီ။ သူတို့ကို မင်္ဂလာဦးအခန်းထဲ ပို့လိုက်ကြ။”
**--**--**--**--**--**--**--**
“အခမ်းအနား ပြီးပြီ။ သူတို့ကို မင်္ဂလာဦးအခန်းထဲ ပို့လိုက်ကြ။”
ထိုအသံကို ကြားလိုက်ရချိန်၌ လူရိုင်းယောကျ်ားများက လန်လင်း ဒုက္ခရောက်မည်ကို မြင်တွေ့ရမည့်အတွက် ပျော်ရွှင်ကာ လှောင်ပြောင်သော အပြုံးများဖြင့် လန်လင်းကို ကြည့်လိုက်ကြ၏။
သို့သော် လူရိုင်းအမျိုးသမီးများကမူ သူ့ကို သနားကြင်နာစွာ ကြည့်နေကြသည်။ ချောမောသော ယောကျ်ားများကို ဤနေရာ အပါအဝင် နေရာတိုင်း၌ ချစ်ခင်နှစ်သက်ကြ၏။ ထို့အပြင် လန်လင်း သူ၏ အိပ်မက်ထဲက မင်္ဂလာဆောင်သီချင်းက သူတို့ကို စိတ်လှုပ်ရှားစေခဲ့သည်။
အနီရောင် ဖဲကြိုးတစ်ချောင်း၏ ဆန့်ကျင်ဘက် အစွန်းများကို ကိုင်ဆောင်လျက် လန်လင်းနှင့် မုန်ထိုလော့တို့က မင်္ဂလာဦးအခန်းထဲသို့ လျှောက်သွားကြ၏။
**--**--**--**--**--**--**--**
မင်္ဂလာဦးအခန်းထဲ၌ အနီရောင် ဖယောင်းတိုင်များက တောက်ပစွာ လောင်ကျွမ်းနေပြီး အခန်းကို နွေဦးရာသီကဲ့သို့ နွေးထွေးနေစေသည်။
သတို့သမီး မုန်ထိုလော့က ကုတင်စွန်း၌ ကျက်သရေရှိစွာ ထိုင်နေ၏။ ခေါင်းကို အနီရောင် သတို့သမီး မျက်နှာဖုံးပုဝါဖြင့် ဖုံးအုပ်ထားသည်။
လန်လင်းကမူ အခန်းအလယ်၌ တိတ်ဆိတ်စွာ ရပ်နေလျက် ရှိ၏။
သူတို့နှစ်ဦးထဲမှ မည်သူကမှ စကားမပြောကြချေ။ မုန်ထိုလော့က မျက်နှာဖုံးပုဝါကို ဖယ်ရှားရန်ပင် သူ့ကို မတောင်းဆိုပေ။
မျက်နှာဖုံးပုဝါကို ဖယ်ရှားလိုက်ခြင်းက သေရေးရှင်ရေး လောင်းကစားတစ်ခု၌ အံစာတုံး ပစ်ချလိုက်ရသကဲ့သို့ ခံစားရသည်။
အသက်ပြင်းပြင်း တစ်ချက်ရှူကာ လန်လင်းက အနီးသို့ လျှောက်သွားလိုက်၏။ သူ လက်လှမ်းလိုက်ပြီး အနီရောင် မျက်နှာဖုံးပုဝါ၏ အစွန်းကို ဆုပ်ကိုင်ကာ ဖြည်းညင်းစွာ ဆွဲတင်လိုက်သည်။
ထိုအောက်၌ အသက်ရှူမှားလောက်အောင် လှပသော မျက်နှာလေး ရှိနေ၏။ မျက်လုံးများက တောက်ပနေပြီး မီးတောက်ကဲ့သို့ နီရဲနေသည့် နှုတ်ခမ်းများက မယုံနိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေသည်။
ထို့နောက် သူမက လန်လင်းကို ပြုံးပြကာ နူးညံ့စွာ ပြောလာ၏။ “သခင်လေး... အချိန်နှောင်းပြီ။ နားကြရအောင်။”
လန်လင်း ခေါင်းညိတ်လိုက်သည်။ “အင်း... ကောင်းပြီလေ။”
မုန်ထိုလော့က အက်ရှရှအသံဖြင့် ပြော၏။ “ကတိတည်မယ်လို့ ကျွန်မ ပြောခဲ့တယ်လေ။ ဒါကြောင့် လာပါ။ ကျွန်မက ဆယ်ကြိမ်ထက်မက လက်ထပ်ဖူးပေမဲ့ ဘယ်ယောကျ်ားကမှ ကျွန်မကို မထိဖူးသေးဘူး။ ကျွန်မက ဖြူစင်ပါသေးတယ်။”
လန်လင်း၏ အသက်ရှူသံများက ပြင်းထန်လာသည်။ သူက လက်လှမ်းကာ သူမ၏ အဝတ်အစားများ အားလုံးကို ချွတ်ပေးပြီးနောက် သူ၏ ကိုယ်ပိုင်အဝတ်အစားများကိုလည်း ချွတ်လိုက်၏။
အသားချင်း ထိတွေ့သွားပြီး အခန်းတွင်းရှိ အပူချိန်က လျင်မြန်စွာ မြင့်တက်လာသည်။
မုန်ထိုလော့၏ လှပသည့် မျက်လုံးများ၌ အထိတ်တလန့်ဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး အသက်ရှူသံများက မမှန်တော့ချေ။
သူမက အမှန်တကယ်ပင် အပြစ်ကင်းစင်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ နှလုံးသားနှင့် စိတ်ဝိညာဉ်က မှောင်မိုက်နေသော်ငြား ခန္ဓာကိုယ်ကမူ လုံးဝ ဖြူစင်နေဆဲ ဖြစ်၏။
လန်လင်းက သူမကို အမှန်တကယ် နားလည်ပေးသောကြောင့် သူမကိုယ်သူမ လန်လင်းထံ ပေးအပ်ရန် လိုလားနေခြင်း ဖြစ်သည်။
သို့သော် ပို၍ ကြီးမားသော အကြောင်းပြချက်တစ်ခု ရှိသေး၏။ သူမ ကလဲ့စားချေချင်နေသည်။ သူမကို သစ္စာဖောက်ခဲ့သည့် ၊ သူမ အလွန် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ဖူးသော ယောကျ်ားကို ကလဲ့စားချေလိုခြင်းပင်။
သို့သော် လက်ရှိအခိုက်အတန့်၌မူ သူမ အမှန်တကယ် ကြောက်ရွံ့မှုကို ခံစားနေရ၏။ အားလုံးကို လွှတ်ချလိုက်ပြီး ယောကျ်ားတစ်ယောက်ထံ သူမကိုယ်သူမ အပြည့်အဝ ပေးအပ်ရခြင်းက ထင်ထားသည်ထက် များစွာ ပို၍ ခက်ခဲနေသည်။
ယခင်က သူမ၏ ခန္ဓာကိုယ်ကို အပြင်းအထန် ကာကွယ်ခဲ့ဖူး၏။ သူမ ချစ်ရသော ယောကျ်ားအတွက် သူမကိုယ်သူမ သိမ်းဆည်းထားချင်ခဲ့သည်။
သို့သော် ထိုယောကျ်ားက သူမကို အမှိုက်တစ်စကဲ့သို့ လွှင့်ပစ်ခဲ့ပြီး ယုံကြည်မှုကို လုံးဝ သစ္စာဖောက်ခဲ့၏။
အပိုင်း ၈၉ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team