အခန်း ၅၈၃
Vol. 39 Ch. 583
အခန်း ၅၈၃ အကြီးအကဲရွှယ်၏ လောင်းကြေး
အကြီးအကဲရွှယ်က ပိုင်ကျီဟန်တစ်ယောက် တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသည်။
သူ့ရင်ထဲ ချက်ချင်းပင် တင်းကျပ်သွားပြီး ပိုင်ကျီဟန်က ငြင်းပယ်တော့မည်ဟု တွေးမိလိုက်သည်။
ပိုင်မျိုးနွယ်စု၏ ဆုံးဖြတ်ချက်သည် လာမည့်မုန်တိုင်းဒဏ်မှ ကြားနေမဟာမိတ်အဖွဲ့ အမှန်တကယ် လွတ်မြောက်နိုင်မလား ဆိုသည်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
အကြီးအကဲရွှယ်က လျင်မြန်စွာပင် ဆက်ပြောလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင် ပိုင်..."
သူ့လေသံက ပို၍ပင် သတိကြီးစွာ ထားလာဟန် ပေါ်သည်။
"ဘာကို စိုးရိမ်နေလဲဆိုတာ ကျွန်တော် သိပါတယ်"
အကြီးအကဲရွှယ်က မချိပြုံးလေး တစ်ချက် ပြုံးလိုက်ရင်း
"နီမျိုးနွယ်စု မလား”
အကြီးအကဲရွှယ်က သတိကြီးစွာဖြင့် ဆက်ပြောသည်။
"မျိုးနွယ်စု နှစ်ခုကြားက ပတ်သက်မှုတွေကိုလည်း ကျွန်တော် သိပါတယ်"
သူ့အသံက အနည်းငယ် နှေးကွေးသွားသည်။
"ဒါပေမဲ့ အဲဒီကိစ္စတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ... တကယ်လို့ ပိုင်မျိုးနွယ်စုဘက်က စိတ်ထဲမထားဘူးဆိုရင် နီမျိုးနွယ်စုဘက်ကလည်း စိတ်ထဲထားမှာ မဟုတ်ပါဘူး..."
စကားအဆုံးနားသို့ ရောက်သောအခါ သူ၏ ယုံကြည်ချက်က အနည်းငယ် အားနည်းသွားသည်။
ဤကိစ္စအပေါ် နီမျိုးနွယ်စု၏ သဘောထား မည်သို့ရှိမည်ကို သူကိုယ်တိုင်လည်း ရာနှုန်းပြည့် မသေချာပေ။
ထို့အပြင် မာနကြီးလှသော နီဖန်းကျိုးကို တွေးမိသောအခါ မိမိအား တစ်ကြိမ်က အရှက်ခွဲခဲ့ဖူးသူထံမှ အကူအညီတောင်းရန် ထိုလူငယ်အတွက် မလွယ်ကူလှကြောင်း ခံစားလိုက်ရသည်။
သို့သော်လည်း အကြီးအကဲရွှယ၏ စိတ်ထဲတွင်မူ နီမျိုးနွယ်စုအနေဖြင့် အခြေအနေမှန်ကို အမှန်တကယ် နားလည်ပါက သူတို့ သဘောတူသင့်သည်ဟု ထင်သည်။
ဤအရာသည် တစ်ဦးချင်းစီ၏ ရန်ငြိုးရန်စ ကိစ္စမျှသာ မဟုတ်တော့ပေ။
ဤသည်က သူတို့၏ ရှင်သန်ရေးနှင့် သက်ဆိုင်သည်။ ပို၍ အရေးကြီးသည်မှာ မဟာမိတ်အဖွဲ့တစ်ခုလုံး၏ ရေရှည်ရှင်သန်ရေး ဖြစ်သည်။
တကယ်လို့ နီမျိုးနွယ်စုက အတိတ်က ပဋိပက္ခတွေကြောင့်တင် ဒီကိစ္စကို ငြင်းပယ်ခဲ့မည်ဆိုပါက သူတို့ဟာ မဟာမိတ်အဖွဲ့အပေါ် ဘယ်တုန်းကမှ တကယ် စိတ်မပါခဲ့တာ ဖြစ်လိမ့်မည်။
မည်သို့ပင်ဆိုစေ အထူးသဖြင့် ယခုလို ပရမ်းပတာခေတ်မျိုးတွင် အလျှော့အတင်းလုပ်ခြင်းက သဘာဝပင် ဖြစ်သည်။
အငြိုးအတေးတစ်ခုကို လက်လွှတ်လိုက်ရုံဖြင့် ဤကဲ့သို့သော ဒုက္ခမျိုးကို ရှောင်လွှဲနိုင်မည်ဆိုလျှင် ထိုအရာက အကောင်းဆုံးပင် မဟုတ်ပါလော။
ပိုင်ကျီဟန်ကို ကြည့်ရင်း အကြီးအကဲရွှယ်က က ပိုင်မျိုးနွယ်စုဘက်မှ အမုန်းတရား သို့မဟုတ် ရန်လိုမှု အစစ်အမှန် မရှိကြောင်း ခံစားမိသည်။
မပြောင်းလဲပါက ပိုင်ကျီဟန်သည် သူ့စကားကို နားထောင်နေမည်ပင် မဟုတ်ဘဲ မဟာမိတ်အဖွဲ့အကြောင်း စတင်ပြောကတည်းက သူ့ကို အပြင်သို့ မောင်းထုတ်ပြီးလောက်ပြီ
ဖြစ်သည်။
အကြီးအကဲရွှယ်၏ စိတ်ထဲတွင်မူ ပိုင်မျိုးနွယ်စုနှင့် နီမျိုးနွယ်စုကြားက ကိစ္စသည် ပြေလည်အောင် မဖြေရှင်းနိုင်သည့် အမုန်းတရားအဆင့်သို့ မည်သည့်အခါမျှ မရောက်ခဲ့ဟု ယုံကြည်ထားသည်။
အနည်းဆုံးတော့ မျိုးနွယ်စုအချင်းချင်းကြားတွင် ထိုသို့မဟုတ်ပေ။
အကြောင်းမူကား သူ့အမြင်အရ ပိုင်ရွှယ်ချင်း သည် လက်မထပ်ချင်သောကြောင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် ရိုးရှင်းစွာ ရွေးချယ်ခဲ့ခြင်းသာ ဖြစ်သည်။
ထိုအရာက ဘာမှားနေလို့လဲ။
သူမသည် အနာဂတ်လမ်းကြောင်းက ယခင် နီဖန်းကျိုးနှင့် လုံးဝ ကွာခြားလွန်းလှသည့် ကောင်းကင်ဘုံ ဖီးနစ်ငှက် တစ်ကောင် ဖြစ်သည်။
သူမသည် မုချဧကန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိမည်ဖြစ်ပြီး အတိတ်က နီဖန်းကျိုး၏ ကန့်သတ်ချက်မှာမူ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မျှသာ ဖြစ်ပုံရသည်။
အကယ်၍ ထိုအတိုင်းသာ ဆက်သွားခဲ့လျှင် ပိုင်ရွှယ်ချင်းသည် နှစ်ပေါင်းအနည်းငယ်အတွင်း မုဆိုးမဖြစ်သွားနိုင်ပြီး ကျန်ရှိသော နှစ်ပေါင်းထောင်ချီကို အထီးကျန်စွာ ဖြတ်သန်းရပေလိမ့်မည်။
ထိုအရာက ရက်စက်လွန်းသည် မဟုတ်ပါလား။
ထိုစေ့စပ်ပွဲသည် ၎င်းတို့၏ အထက်လူကြီးများက စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဖျက်သိမ်းခြင်းက အမှန်တကယ်ပင် မသင့်တော်သော်လည်း ပိုင်ရွှယ်ချင်းသည် အကြောင်းပြချက်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။
သူမသည် ထိုစဉ်က လျော်ကြေးကိုပင် ပြင်ဆင်ပေးခဲ့သေးသည်။
နီမျိုးနွယ်စုဘက်ကသာ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အရာအားလုံး ဖြစ်ပျက်ခဲ့သော်လည်း ပိုင်မျိုးနွယ်စုသည် နောက်ပိုင်းတွင် နီမျိုးနွယ်စုကို မည်သည့်အခါမျှ နှိပ်ကွပ်ခြင်း မရှိခဲ့ပေ။
မဟုတ်လျှင် ပိုင်မျိုးနွယ်စု၏ အင်အားနှင့်ဆိုပါက နီမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုငယ်လေးကို အစအနမကျန် ချေမှုန်းပစ်ရန်မှာ အလွန်လွယ်ကူလှသည်။
ထိုအချက်တစ်ခုတည်းနှင့်တင် လုံလောက်နေပြီ ဖြစ်သည်။
အနည်းဆုံးတော့ အကြီးအကဲရွှယ်က သူ၏ မျက်စိထဲတွင် ပိုင်မျိုးနွယ်စုသည် နီမျိုးနွယ်စုကို ရန်သူအဖြစ် တကယ် သဘောမထားကြောင်း သက်သေပြနေသည်။
အစစ်အမှန် ပြဿနာက မျိုးနွယ်စုများကြားတွင် မဟုတ်ဘဲ လူငယ်နှစ်ဦးကြားတွင်သာ ဖြစ်သည်။
နီဖန်းကျိုး နှင့် ပိုင်ရွှယ်ချင်း။
ဒါပါပဲ
ပိုင်ကျီဟန်က နက်နက်နဲနဲ တွေးတောနေဆဲ ဖြစ်သည်ကို မြင်သောအခါ အကြီးအကဲရွှယ်က သူသည် နီမျိုးနွယ်စုကြောင့် တွေဝေနေဆဲဟု ယူဆလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင် ပိုင်..."
သူ့မျက်နှာအမူအရာက ပိုမို ပြတ်သားလာသည်။
"တကယ်လို့ စိုးရိမ်တာက မဟာမိတ်အဖွဲ့ထဲက တခြားသူတွေ ကန့်ကွက်မှာကို ဆိုရင်..."
သူက အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်ရင်း—
"ကျွန်တော်ကိုယ်တိုင် သူတို့ဆီ သွားရောက်ပြီး သူတို့ရဲ့ သဘောထားကို မေးမြန်းပါ့မယ်။ ဒါပေမဲ့ ဒီလို ကောင်းချီးပေးမယ့် ကိစ္စမျိုးကို ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်"
အမှန်တရားမှာ နီမျိုးနွယ်စုမှလွဲ၍ အခြားမည်သူမျှ ပိုင်မျိုးနွယ်စု၏ ပါဝင်လာမှုကို ငြင်းပယ်မည်မဟုတ်ပေ။
ထို့ကြောင့် သူသည် နီမျိုးနွယ်စုထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ထိုကိစ္စကို ဆွေးနွေးရန်—သို့မဟုတ် ပိုင်မျိုးနွယ်စုက ကြားနေမဟာမိတ်အဖွဲ့သို့ ပါဝင်လာနိုင်ကြောင်း အကြောင်းကြားရန်သာ ရည်ရွယ်ထားသည်။
အခြားသူများအတွက်မူ သူက အကြောင်းကြားစာများသာ ပေးပို့လိမ့်မည်။
တကယ်လို့ တစ်ယောက်ယောက်က ရဲရဲတင်းတင်း ကန့်ကွက်ရဲမည်ဆိုပါက သူတို့ကို မဟာမိတ်အဖွဲ့ကနေ မောင်းထုတ်ပစ်လိုက်ရုံသာ ဖြစ်သည်။
ပြီးတော့... တကယ်လို့...
တကယ်လို့ နီမျိုးနွယ်စုကသာ ပြင်းပြင်းထန်ထန် ကန့်ကွက်လာခဲ့ပါက အကြီးအကဲရွှယ်၏ မျက်လုံးများက အနည်းငယ် မာထန်သွားသည်။
ထိုသို့ဆိုလျှင် သူသည် နီမျိုးနွယ်စုကိုလည်း ကြားနေမဟာမိတ်အဖွဲ့မှ ထွက်ခွာသွားရန် တောင်းဆိုရုံသာ ရှိတော့သည်။
အဘယ်ကြောင့်ဆိုသော် မဟာမိတ်အဖွဲ့၏ ရှင်သန်ရေးနှင့် နှိုင်းယှဉ်ပါက မည်သည့် မျိုးနွယ်စုတစ်ခုမျှ အစားထိုးမရလောက်အောင် အရေးမကြီးသောကြောင့် ဖြစ်သည်။
ယခင်က နီဖန်းကျိုး လုပ်ဆောင်ပေးခဲ့သည်များအတွက် သူ ကျေးဇူးတင်ရှိသော်လည်း...
လက်တွေ့က လက်တွေ့ပင် ဖြစ်သည်။
ဤမဟာမိတ်အဖွဲ့ကို လူတစ်ဦးတစ်ယောက်တည်းအတွက် တည်ဆောက်ခဲ့ခြင်း မဟုတ်ပေ။
၎င်းကို ထီးနန်းလုပွဲအတွင်း ဆွဲသွင်းခံရခြင်းမှ ရှောင်လွှဲလိုကြသည့် သူအားလုံးအတွက် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။
တကယ်လို့ နီမျိုးနွယ်စုကသာ အတ္တဆန်ဆန် ပြုမူချင်ပါက... သူ့ ကိုယ်ပိုင်မျိုးနွယ်စုနှင့် တခြားသူအားလုံး၏ အကျိုးအတွက် သူတို့တွေကို မဟာမိတ်အဖွဲ့ကနေ မောင်းထုတ်ပစ်ဖို့ပဲ ရှိတော့သည်။
ပိုင်ကျီဟန်က သူ့နေရာတွင် ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ မျက်နှာအမူအရာကိုမူ မည်သူမျှ ခန့်မှန်း၍မရပေ။
အကြီးအကဲရွှယ်၏ ရင်ထဲတွင် အနည်းငယ် တင်းကျပ်သွားသည်။
ငါ စကားတွေ များသွားပြီလား။
ဒါမှမဟုတ်...
ပြောတာ နည်းသွားလို့လား။
သူ့စိတ်ထဲတွင် စိုးရိမ်မအေး ဖြစ်လာသည့် အချိန်မှာတင် ပိုင်ကျီဟန်က ရုတ်တရက် စကားစပြောလာခဲ့သည်။
"အကြီးအကဲရွှယ်”
သူ၏ တည်ငြိမ်လှသော လေသံက အခန်းတွင်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"တကယ်လို့ အခြေအနေက အဲဒီလိုဆိုရင်တော့..."
ပိုင်ကျီဟန်က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ရင်း
"ကျွန်တော်လည်း မင်းနဲ့အတူ လိုက်ခဲ့ပါ့မယ်"
အကြီးအကဲရွှယ်က မျက်တောင်တဖျတ်ဖျတ် ခတ်သွားမိသည်။
ခဏမျှတော့ သူ ကြားတာ မှားသွားသည်ဟုပင် ထင်မှတ်လိုက်မိ၏။
"လိုက်ခဲ့မယ်...?"
သူ့ဦးနှောက်က ခဏတာ ဗလာဖြစ်သွားသည်။
"ဘယ်ခရီးကိုလဲ..."
ထိုမေးခွန်းက ဗီဇအရ အလိုအလျောက် ထွက်ကျသွားခြင်း ဖြစ်သည်။
ပိုင်ကျီဟန်က သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ရင်း
"နီမျိုးနွယ်စုဆီကိုပေါ့”
ထိုရိုးရှင်းလှသော စကားလုံးအချို့က
အကြီးအကဲရွှယ်ကို ရပ်တန့် တောင့်တင်းသွားစေသည်။
"နီမျိုးနွယ်စု?”
သူ့မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ဝိုင်းစက်သွားသည်။
သူ နားလည်မှုလွဲသွားသည်ဟု ထင်ခဲ့သော်လည်း... လက်တွေ့တွင်မူ သူ နားမလွဲခဲ့ပေ။
ပိုင်ကျီဟန်က နီမျိုးနွယ်စုဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ချင်နေတာလား။
ဘာအတွက်ကြောင့်လဲ။
ပိုင်မျိုးနွယ်စုက မဟာမိတ်အဖွဲ့ထဲ ပါဝင်ချင်
သည်ကို နီမျိုးနွယ်စု ယုံကြည်အောင် သွားရောက်ဖျောင်းဖျဖို့လား။
ပိုင်မျိုးနွယ်စု လက်ရှိ ဂုဏ်သရေ အဆင့်အတန်းနဲ့ဆိုပါက ထိုအချက်က လုံးဝ ဖြစ်နိုင်ခြေ မရှိသလောက်ပင်။
ခဏမျှတော့ အကြီးအကဲရွှယ်တစ်ယောက် လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။
မည်သို့ပင်ဆိုစေ ပိုင်ကျီဟန်၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်အရ နီမျိုးနွယ်စုထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်ခြင်းသည် သေးငယ်သော ကိစ္စရပ်တစ်ခု မဟုတ်
ပေ။
ထို့အပြင် နှစ်ဖက်စလုံးကြားက ဆက်ဆံရေးကလည်း... အလွန် ရှုပ်ထွေးလှသည် မဟုတ်ပါလား။
သို့သော်လည်း ပိုင်ကျီဟန်၏ အတွေးကမူ ထိုထက်မက ပို၍ ရိုးရှင်းပါသည်။
သူက နီမျိုးနွယ်စု၏ အခြေအနေ မည်သို့ရှိသည်ကို ကိုယ်တိုင် သွားကြည့်ချင်ရုံသာ ဖြစ်သည်။
အတိတ်က အရာအားလုံး ဖြစ်ပျက်ခဲ့ပြီးသည့်တိုင်အောင် ပိုင်ကျီဟန်သည် နီမျိုးနွယ်စုထံသို့ ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှ မသွားရောက်ခဲ့ဖူးချေ။
ပိုင်ရွှယ်ချင်း စေ့စပ်ပွဲ ဖျက်သိမ်းစဉ်ကလည်း သူက ထိုနေရာသို့ သွားရောက်ခြင်းကို တမင်တကာ ရှောင်လွှဲခဲ့သည်။
ထိုစဉ်က... ကံတရား၏ မျက်နှာသာပေးမှုကို ခံထားရသော ကောင်းကင်ရွေးချယ်ခံရသူ၏ ပဋိပက္ခကြားထဲ မတော်တဆ ပိတ်မိပြီး အသက်ဆုံးရှုံးရမှာကို သူ စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မိမိကိုယ်မိမိ လုံလောက်အောင် မသန်မာသေးမီအချိန်အထိ ကောင်းကင်
ရွေးချယ်ခံရသူများ၏ နယ်မြေထဲသို့ ခြေမချရန် သူ ဆုံးဖြတ်ခဲ့သည်။
နီမျိုးနွယ်စုနှင့် ပတ်သက်ပြီး သူသိသမျှ အရာအားလုံးသည် သတင်းပို့ချက်များမှတစ်ဆင့်သာ ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူသည် လုံလောက်သော အင်အားကို ပိုင်ဆိုင်နေပြီ ဖြစ်ရာ နီမျိုးနွယ်စုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးချင်နေခြင်း ဖြစ်သည်။
ပြီးတော့... တစ်ခါတည်းဖြင့် နီဖန်းကျိုးအတွက် စောင့်ကြိုနေမည့် ကွယ်ဝှက်ထားသော အခွင့်အလမ်း၊အခွင့်အရေးများကို သူ ရှာဖွေတွေ့ရှိနိုင်သလို...
ထိုအရာက မဖြစ်နိုင်သလောက် နီးပါးဆိုရင်တောင် နီဖန်းကျိုး၏ အားနည်းချက်များကို ပိုပြီး အသေးစိတ် သိရှိလာနိုင်မည် ဖြစ်သည်။
ပိုင်ရွှယ်ချင်းလက်ထဲတွင် ရှုံးနိမ့်ပြီးနောက်ပိုင်း နီဖန်းကျိုးသည် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်တော့သော်လည်း ပိုင်ကျီဟန်ကမူ သတိလက်လွတ် နေရန် စိတ်ကူးမရှိပေ။
နီဖန်းကျိုး၏ အားနည်းချက်များကို သိရှိထားခြင်းက အနာဂတ်အတွက် အပိုဆောင်း အာမခံချက်တစ်ခုဖြစ်လာပေလိမ့်မည်။
ပိုင်ကျီဟန်၏ မျက်ဝန်းများက မှိန်ဖျော့စွာ လင်းလက်သွားသည်။
တစ်ဖက်တွင်မူ အကြီးအကဲရွှယ်၏ အတွေးများက လုံးဝ ဗရပွ ဖြစ်နေချေပြီ။
(မျိုးနွယ်စုခေါင်းဆောင် ပိုင်က... ကိုယ်တိုင် သွားမလို့လား...?)
သူ့ဦးရေပြားပင် အနည်းငယ် စိမ့်တက်သွားရသည်။
ဤကိစ္စသည် သူ မျှော်လင့်ထားသည်ထက် ပို၍ ကြီးမားကျယ်ပြန့်သော အခြေအနေသို့ ရုတ်တရက် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တကယ်လို့ ပိုင်ကျီဟန်က နီမျိုးနွယ်စုဆီ ကိုယ်တိုင် ပေါ်လာပြီး... နီမျိုးနွယ်စုဘက်က သူ့မျက်နှာချင်းဆိုင်မှာတင် ငြင်းပယ်လိုက်
ပါက
အကြီးအကဲရွှယ် ကြိုးစားထားသမျှ အရာအားလုံးက ချက်ချင်းပဲ အလဟဿ ဖြစ်သွားရတော့မည် မဟုတ်ပါလား။
အကြီးအကဲရွှယ်က တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက် သတိကြီးစွာဖြင့် စကားဆိုလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင် ပိုင်... အမှန်ပဲ စိတ်ကူးရှိလို့လားခင်ဗျာ။ ကျွန်တော်တစ်ယောက်တည်း သွားရင်တင် လုံလောက်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ မျိုးနွယ်စုခေါင်းဆောင် ပိုင်ဘက်က လိုအပ်တာ တစ်ခုခုရှိရင် ဒီအောက်ခြေလူသားက ပြီးမြောက်အောင် အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ်"
ပိုင်ကျီဟန်က အနည်းငယ် မျှသာ ပြုံးလိုက်၏
"ငါတို့က ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြတာပဲ... လူတိုင်းနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံတာက သဘာဝကျပါတယ် မဟုတ်ဘူးလား"
ခဏမျှ နားပြီးနောက် သူက ဆက်ပြောသည်။
"ဒါတင်မကသေးဘူး... နီမျိုးနွယ်စုနဲ့ ပိုင်မျိုးနွယ်စုကြားမှာက တော်တော်လေး ထူးခြားတဲ့ ဆက်ဆံရေး ရှိနေတာလေ။ ငါက အကြီးအကဲရွှယ်နဲ့အတူ သူတို့ဆီ သွားရောက်လည်ပတ်တာက မသင့်တော်စရာ အကြောင်းမရှိပါဘူး... ဟုတ်တယ်မလား"
သူ့လေသံက ပေါ့ပါးလှသည်။
"မ... မဟုတ်တာပဲဗျာ”
အကြီးအကဲရွှယ်က ပျာပျာသလဲပင် ပြန်လည် ဖြေကြားလိုက်ရသည်။
"တကယ်လို့ မျိုးနွယ်စုခေါင်းဆောင် ပိုင်ကိုယ်တိုင် သွားရောက်လည်ပတ်မယ်ဆိုရင် ဒါဟာ နီမျိုးနွယ်စုအတွက် သေချာပေါက် ဂုဏ်ယူစရာ ကိစ္စတစ်ခုပါပဲ”