← Chapters

အခန်း ၁၄၉၉

Vol. 102 Ch. 1499

အခန်း ၁၄၉၉

Vol. 102 Ch. 1499

အခန်း ၁၄၉၉ အဓိက စီးပွားရေး မဏ္ဍိုင် (၇/၁၀)

ဖုန်းယွီစကားပြောနေချိန်တွင် ညွှန်ကြားရေးမှူးယွီက အစဉ်တစိုက် မှတ်တမ်းတင်နေခဲ့သည်။

ဖုန်းယွီ၏ ဤအံ့မခန်း ပြောဆိုချက်များကို ယခင်က သူ ကြားဖူးခဲ့သော်လည်း သိပ်ပြီးမယုံကြည်ခဲ့ပေ။ သို့သော် ဤစကားများက ဖုန်းယွီ၏နှုတ်မှ ထွက်ပေါ်လာသောအခါ အဘယ်ကြောင့်မှန်း မသိဘဲ သူက ယုံကြည်သွားခဲ့လေသည်။

ဖုန်းယွီ၏ အဆင့်အတန်းနှင့် ရပ်တည်ချက် ကွာခြားနေသောကြောင့် ဖြစ်နိုင်သလို ဖုန်းယွီက ဤအထဲမှ မည်သည့်အကျိုးအမြတ်ကိုမျှ ရယူလိုခြင်းမရှိဘဲ ပိုမို၍ ရိုးသားပွင့်လင်းနေသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

"မန်နေဂျာဖုန်း မင်းက ဒီလောက် အများကြီး ပြောပြပေးခဲ့ပြီဆိုတော့ ဆက်ပြီး ဆွေးနွေးကြတာပေါ့။ အကယ်၍ အိမ်ခြံမြေ လုပ်ငန်းက အဓိက စီးပွားရေး မဏ္ဍိုင် မဖြစ်နိုင်ဘူးဆိုရင် ငါတို့ နိုင်ငံက ဘယ်လိုအရာကို အဓိက စီးပွားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်လို့ ရနိုင်မလဲ"

ရှအကြီးအကဲက ဖုန်းယွီကို ကြည့်ကာ နှိမ့်ချစွာဖြင့် အကြံဉာဏ်တောင်းခံနေသည့် ဟန်ပန်မျိုး ပြသနေခြင်းက ဖုန်းယွီကို အတော်လေး ကျေနပ်သွားစေခဲ့သည်။

"အိမ်ခြံမြေ လုပ်ငန်းက အဓိက စီးပွားရေး မဏ္ဍိုင် မဖြစ်နိုင်ပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းကတော့ အဓိက စီးပွားရေး မဏ္ဍိုင် ဖြစ်လာနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့ နိုင်ငံက လမ်းတွေကို အင်တိုက်အားတိုက် ဖောက်လုပ်သင့်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးကို မြှင့်တင်ရပါမယ်။ အခုနိုင်ငံတစ်ဝန်းလုံးမှာ လမ်းပန်းဆက်သွယ်ရေး အကောင်းဆုံး ပြည်နယ်တွေကတော့ လုတုန်းနဲ့လုံကျန်းတို့ပဲဖြစ်ပြီး တခြားပြည်နယ်တွေကလည်း ဒီဒေသနှစ်ခုကို စံနမူနာ ထားသင့်ပါတယ်"

"ကျွန်တော်တို့ နိုင်ငံက မော်တော်ယာဉ် စက်မှုလုပ်ငန်းကို အမြဲတမ်း အားပေးကူညီခဲ့ပြီး ဒီအထဲမှာ ကျွန်တော်လည်း အကျိုးအမြတ် ရရှိခဲ့သူ တစ်ဦးပါ။ ဒီနှစ်ပိုင်းတွေမှာ ကျွန်တော်တို့ နိုင်ငံရဲ့ မော်တော်ယာဉ် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတဲ့ အရှိန်အဟုန်က အရမ်းကို မြန်ဆန်လွန်းလို့ ကမ္ဘာတစ်ဝန်းလုံးကတောင် မျက်လုံးပြူးပြီး ကြည့်ရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ အစတုန်းက ကျွန်တော် မော်တော်ယာဉ် စက်မှုလုပ်ငန်းကို စတင်လုပ်ကိုင်ချိန်မှာ ကျွန်တော်တို့ နိုင်ငံဟာ ဂျပန်နိုင်ငံက မော်တော်ယာဉ် ကုမ္ပဏီတွေနဲ့ အနည်းဆုံး အနှစ်သုံးဆယ်လောက် ကွာဟချက် ရှိနေခဲ့တာပါ"

"ဒါပေမဲ့ အခုရော ကျွန်တော်တို့နဲ့ ဂျပန်နိုင်ငံက မော်တော်ယာဉ် ကုမ္ပဏီတွေရဲ့ ကွာဟချက်က ဆယ်နှစ်တောင် မပြည့်တော့ပါဘူး။ ပြီးတော့ ကျွန်တော်တို့က နည်းပညာ တော်တော်များများမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပြီး တချို့ဆိုရင် ကမ္ဘာ့အဆင့်မီ နည်းပညာတွေတောင် ဖြစ်နေပါပြီ။ တစ်ချိန်တုန်းက ကျွန်တော်တို့ရဲ့ ကားတွေကို ပြည်ပကနေပဲ တင်သွင်းခဲ့ရပေမယ့် အခုတော့ ကျွန်တော်တို့က ပြည်ပကို တင်ပို့နိုင်နေပါပြီ။ တစ်ချိန်တုန်းက အိမ်စီးကားလေးတွေ ဆိုတာကို သူဌေးကြီးတွေမှ ဝယ်စီးနိုင်တယ်လို့ ထင်ခဲ့ကြပေမယ့် အခုတော့ ရုံးဝန်ထမ်း တော်တော်များများလည်း ဝယ်စီးနိုင်နေကြပါပြီ"

"မော်တော်ယာဉ် စက်မှုလုပ်ငန်း ဆိုတာက ကားတစ်စီးလုံး ရောင်းချတာတင် မဟုတ်ဘဲ အပိုပစ္စည်းတွေ ရောင်းချတာကလည်း အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်တို့က အားသာချက်ရှိတဲ့ သယံဇာတ အရင်းအမြစ်တွေကို ပေါင်းစပ်ပြီး ကြီးမားတဲ့ အရွယ်အစားတစ်ခု ဖန်တီးကာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရပါမယ်။ ဥပမာ ပင်းချန်စက်မှုထုတ်လုပ်ရေး အုပ်စုဆိုရင် ပိုင်ဆိုင်မှုတွေကို ပြန်လည် ဖွဲ့စည်းပြီးတဲ့နောက် အဲဒီ အပိုပစ္စည်း စက်ရုံတွေကို အားသာချက်တွေ ပေါင်းစပ်လိုက်တာမို့ အင်အားတွေ မြင့်တက်လာပြီး ဝန်ထုပ်ဝန်ပိုးတွေကို ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်"

"သေချာပေါက်ပါပဲ အမှတ်တံဆိပ်ရဲ့ အရေးပါမှုကို ကျွန်တော်တို့ လုံးဝ လျစ်လျူရှုထားလို့ မရပါဘူး။ ပြည်တွင်းက ဖက်စပ် မော်တော်ယာဉ် ကုမ္ပဏီ အမျိုးမျိုးမှာ ကျွန်တော်တို့ ကိုယ်ပိုင် အမှတ်တံဆိပ်တွေကို သေချာပေါက် ဖန်တီးတည်ဆောက်ရပါမယ်"

"ဒီနှစ်ခုအပြင် IT စက်မှုလုပ်ငန်းကလည်း အဓိက စီးပွားရေး မဏ္ဍိုင် ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကွန်ပျူတာ အီလက်ထရောနစ် ပစ္စည်း အစိတ်အပိုင်းတွေ အီလက်ထရောနစ် ကိရိယာတွေ သတင်းအချက်အလက် ဆက်သွယ်ရေးနဲ့ ကွန်ရက်နည်းပညာ စတာတွေ အားလုံး ပါဝင်ပါတယ်"

"ကျွန်တော်တို့ နိုင်ငံက အီလက်ထရောနစ် ကိရိယာတွေဘက်မှာ အနည်းငယ် အားနည်းနေပြီး သတင်းအချက်အလက် ဆက်သွယ်ရေးဘက်မှာလည်း နည်းနည်း အားနည်းနေသေးပေမယ့် ကွန်ပျူတာနဲ့ ကွန်ရက်နည်းပညာ စတဲ့ အပိုင်းတွေမှာတော့ ကျွန်တော်တို့က ကမ္ဘာ့ထိပ်တန်း အဆင့်မှာ ရှိနေတာပါ"

"အနာဂတ် ကမ္ဘာကြီးမှာ အီလက်ထရောနစ် သတင်းအချက်အလက်တွေနဲ့ ကင်းကွာလို့ မရပါဘူး။ ကျွန်တော်တို့မှာ ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံ ဖြစ်လာဖို့ အခြေအနေတွေ ရှိနေပြီဆိုမှတော့ ဘာဖြစ်လို့ အင်တိုက်အားတိုက် မဖွံ့ဖြိုးအောင် မလုပ်နိုင်ရမှာလဲ။ ဒီအရာက ယူဆောင်လာပေးနိုင်တဲ့ အမြတ်အစွန်းက သေချာပေါက် မနည်းပါဘူး။ ဒီအပိုင်းနဲ့ ပတ်သက်ရင်တော့ ကျွန်တော့်မှာ ပြောရေးဆိုခွင့် အပြည့်အဝ ရှိပါတယ်"

ဖုန်းယွီသည်လည်း ကမ္ဘာပေါ်တွင် အထူးချွန်ဆုံးသော IT အီလက်ထရောနစ် ထိပ်သီးသူဌေးကြီးဖြစ်ရာ သူက ဖြစ်နိုင်သည်ဟု ထင်မြင်ပါက တကယ်ပင် ဖြစ်နိုင်လိမ့်မည်ဟု ရှအကြီးအကဲတို့က ထိုသို့ပင် တွေးဆထားကြသည်။

"ဆောက်လုပ်ရေးပဲဖြစ်ဖြစ် မော်တော်ယာဉ်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ထုတ်လုပ်ရေး စတဲ့ လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် သံမဏိ စက်မှုလုပ်ငန်းနဲ့ ကင်းကွာလို့ မရပါဘူး။ ကျွန်တော်တို့ နိုင်ငံကလည်း ဒီအပိုင်းမှာ သိုက်တိုက် ပမာဏ အလွန်တရာ ကြွယ်ဝတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သံမဏိ စက်မှုလုပ်ငန်းနဲ့ သံမဏိမဟုတ်သော သတ္တု စက်မှုလုပ်ငန်းတွေဟာ ကျွန်တော်တို့ရဲ့ အဓိက စီးပွားရေး မဏ္ဍိုင်တွေ ဖြစ်လာနိုင်ပြီး သူတို့ အားလုံးက စက်မှုလုပ်ငန်း ကွင်းဆက်တစ်ခုလုံးကို ဆွဲတင်ပေးနိုင်ကာ စီးပွားရေးကို တိုးတက်စေနိုင်ပါတယ်"

"အရင်စကားအတိုင်းပါပဲ။ ကြီးမားတဲ့ အရွယ်အစားတစ်ခု ဖြစ်လာအောင် လုပ်ရမယ်။ ကုန်ကျစရိတ်ကို လျှော့ချရမယ်။ နည်းပညာကို မြှင့်တင်ရမယ်။ ဒီသုံးချက်စလုံးကို လုပ်နိုင်ပြီဆိုရင် ရောင်းပန်းနဲ့ ဝင်ငွေဆိုတာ ပြဿနာ မဟုတ်တော့ပါဘူး"

"နောက်တစ်ခုကတော့ အထည်အလိပ် လုပ်ငန်းပါ။ ကျွန်တော်တို့က အထည်အလိပ် လိုအပ်ချက် အလွန်မြင့်မားတဲ့ အရှေ့ဥရောပ ဒေသကို ကျောထောက်နောက်ခံ ပြုထားတာဆိုတော့ ဘာဖြစ်လို့ သေသေချာချာ ဖွံ့ဖြိုးအောင် မလုပ်နိုင်ရမှာလဲ။ ဒါ့အပြင် ကျွန်တော်တို့က ထုတ်ကုန်တွေကို ဥရောပနဲ့ အမေရိကဘက်ကိုတောင် ရောင်းချနိုင်သေးတယ်။ ဒါက မဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။ အသေးစား စက်မှုလုပ်ငန်းတွေကလည်း အတူတူပါပဲ ကျွန်တော်တို့ရဲ့ မြောက်ဘက်က အိမ်နီးချင်းတွေရဲ့ အသေးစား စက်မှုလုပ်ငန်းက အရမ်းကို အားနည်းလွန်းပါတယ်။ ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့ အသေးစား စက်မှုထုတ်ကုန်တွေ ရှိနေရင် ရောင်းဖို့အတွက် ဘယ်တော့မှ ပူပန်နေစရာ မလိုပါဘူး"

အရှေ့ဥရောပမှ ဤအိမ်နီးချင်းများ ရှိနေခြင်းကြောင့် တရုတ်၏ ဈေးကွက်ကို အကြီးအကျယ် ချဲ့ထွင်ပေးနိုင်ခဲ့သည်။ ယခုအခါ တရုတ်နှင့် အရှေ့ဥရောပတို့၏ ဆက်ဆံရေးမှာလည်း မဆိုးလှချေ။ အနည်းဆုံးတော့ အမေရိက ဟူသော အင်အားကြီးမားသည့် ပြိုင်ဘက်ကြီး ရှိနေချိန်တွင် ၎င်းတို့က ပူးပေါင်းထားကြပေသည်။

"စားသောက်ကုန် ဒါကလည်း အဓိက စီးပွားရေး မဏ္ဍိုင်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက စိုက်ပျိုးရေး နိုင်ငံကြီး တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ လယ်သမား အရေအတွက် အများဆုံး ပိုင်ဆိုင်ထားတာပါ။ သေချာပေါက် အဲဒီအထဲက လူတော်တော်များများကတော့ လယ်သမားလို့ မဆိုနိုင်တော့ပါဘူး။ သူတို့မှာ ကျေးလက် အိမ်ထောင်စု စာရင်းပဲ ရှိတော့ပြီး လယ်ယာစိုက်ပျိုးရေး အလုပ်ကို မလုပ်ကိုင်ကြတော့ပါဘူး"

"ကျွန်တော်တို့က စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်တွေ ဖော်ထုတ်တဲ့ အပိုင်းမှာ လုပ်ဆောင်နိုင်တာက အများကြီး မလုံလောက်သေးပါဘူး။ ပေတချန်းအပြင် နိုင်ငံတော်ကလည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန် အုပ်စုကုမ္ပဏီ တစ်ခုကို တည်ထောင်ထားတယ် မဟုတ်ဘူးလား။ ဒီကုမ္ပဏီ နှစ်ခုကို အဓိက ကျောရိုးအဖြစ်ထားပြီး အပြင်ဘက်ကို ချဲ့ထွင်ကာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ကမ္ဘာပေါ်က ဘယ်နိုင်ငံကိုမဆို ရောင်းချနိုင်အောင် လုပ်ဆောင်ရပါမယ်"

"စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်တွေကို လုံးဝ အထင်မသေးလိုက်ပါနဲ့ ကျွန်တော်တို့ ပေတချန်းရဲ့ သဘာဝ မြေသြဇာသုံး ဟင်းသီးဟင်းရွက်တွေက ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားတို့မှာ မိုးထိအောင် ဈေးကြီးပေးပြီး ရောင်းရတာပါ။ ဒီအထဲက အမြတ်အစွန်းတွေက အဆင့်မြင့် နည်းပညာ ထုတ်ကုန်တွေထက် နည်းနည်းလေးတောင် မလျှော့ပါဘူး။ ပြီးတော့ ကျွန်တော်တို့က စက်မှုလယ်ယာစနစ်နဲ့ ကြီးမားတဲ့ အရွယ်အစား စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကိုလည်း နောက်တစ်ကြိမ် ထပ်မံအားပေးလှုံ့ဆော်ရပါမယ်။ ဒီလိုဆိုရင် ပိုပြီးယှဉ်ပြိုင်နိုင်စွမ်း ရှိလာမှာပါ"

"ကျွန်တော်တို့နိုင်ငံက အခုပင်လယ်သမုဒ္ဒရာ ဖော်ထုတ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေပြီး ရေယာဉ်တွေဘက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပိုပြီး များပြားလာပါတယ်။ တစ်ဖက်မှာက ကျွန်တော်တို့ရဲ့ ရေတပ် အင်အားကို ခိုင်မာအားကောင်းစေဖို့ဖြစ်ပြီး နောက်တစ်ဖက်မှာကလည်း ကျွန်တော်တို့ရဲ့ ပင်လယ်သမုဒ္ဒရာ စီးပွားရေး အင်အားကို မြှင့်တင်ပေးဖို့ပါပဲ"

"ကျွန်တော်တို့က ရေယာဉ်တွေကို အင်တိုက်အားတိုက် ဖော်ထုတ်နေပြီဆိုမှတော့ ဘာဖြစ်လို့ ရေယာဉ်လုပ်ငန်းကို ကျွန်တော်တို့ရဲ့ အဓိက စီးပွားရေး မဏ္ဍိုင် ဖြစ်လာအောင် မလုပ်နိုင်ရမှာလဲ။ ဥရောပနဲ့ အမေရိကက အဲဒီ ရေယာဉ်ကုမ္ပဏီတွေကို ကြည့်လိုက်ပါဦး နှစ်စဉ် သင်္ဘောရောင်းရတဲ့ အမြတ်ငွေက ဘယ်လောက်တောင် များနေလဲ။ အပျော်စီး သင်္ဘောကြီးတွေ တံငါလှေတွေလောက်တင် မကဘူး အဲဒီရွက်လှေတွေကပဲ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ ဘီလီယံနဲ့ချီတဲ့ အမြတ်အစွန်းတွေကို ဖန်တီးပေးနိုင်တာပါ"

ကမ္ဘာပေါ်ရှိ ဇိမ်ခံ ရွက်လှေ အမှတ်တံဆိပ်များ အားလုံးမှာ ဥရောပနှင့် အမေရိကဘက်တွင်သာ စုဝေးနေကြပြီး အာရှမှာမူ စာရင်းထဲပင် မဝင်နိုင်ချေ။ သို့သော် အာရှ၏ ရောင်းအားမှာမူ နည်းနည်းလေးမျှ မဆိုးရွားပေ။ ဟောင်ကောင်ဘက် တစ်ခုတည်းကိုပင် ကြည့်မည်ဆိုပါက သူဌေးတိုင်းလိုလို၏ အိမ်တွင် ရွက်လှေတစ်စီးစီရှိကြပြီး အချို့ဆိုလျှင် တစ်စီးထက်မကပင် ရှိကြသေးသည်။

ဖုန်းယွီ၏ အမြင်တွင် ဤနည်းပညာမှာ ဘာမျှ မခက်ခဲချေ။ မော်တော်ဆိုင်ကယ် တည်ဆောက်တတ်ပါက ဘီးလေးဘီးပါသော ကားငယ်လေးကို တည်ဆောက်နိုင်မည်ဖြစ်ရာ တံငါလှေ တည်ဆောက်တတ်ပါက အဘယ်ကြောင့် ရွက်လှေ မတည်ဆောက်နိုင်ရမည်နည်း။

တကယ်တမ်း မရပါက နည်းပညာကို သွားရောက် ဝယ်ယူလို့ ရသေးသည် မဟုတ်ပါလော။ တရုတ်ဘက်ရှိ ဈေးကွက် တစ်ခုတည်းကပင် မသေးငယ်လှပေရာ အရှေ့တောင်အာရှ တစ်ခုလုံးကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ဤဈေးကွက်ကိုသာ ဖော်ထုတ်နိုင်မည်ဆိုပါက သေချာပေါက် မနည်းလှသော အမြတ်အစွန်းများ ရှိလာမည် ဖြစ်သည်။

"အခု ကျွန်တော်တို့ရဲ့ ကားတွေ သင်္ဘောတွေ ပိုပိုပြီး များပြားလာပြီဆိုတော့ ကျွန်တော်တို့ရဲ့ ရေနံ ဓာတုဗေဒ လုပ်ငန်းကလည်း အဓိက စီးပွားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်သင့်ပါတယ်။ စွမ်းအင်ပိုင်းကနေ စဉ်းစားသည်ဖြစ်စေ ဓာတုဗေဒ ထုတ်ကုန်ပိုင်းကနေ စဉ်းစားသည်ဖြစ်စေ ဒါက ကျွန်တော်တို့ အင်တိုက်အားတိုက် ဖော်ထုတ်သင့်တဲ့ အရာပါပဲ"

"အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ပြည်ပကို သွားပြီး ရေနံမြေတွေ ဝယ်ယူဖို့တောင် ကျွန်တော် ထင်ပါတယ်။ နောက်နှစ်နှစ်လောက်ကြာရင် ပြန်ရောင်းလိုက်ရင်လည်း ငွေအများကြီး မြတ်နိုင်ပါတယ်"

ရှအကြီးအကဲမှာ အစပိုင်းတွင် ဖုန်းယွီပြောသည်ကို နားထောင်ရသည်မှာ အတော်လေး ကောင်းမွန်နေသေးသော်လည်း ဤရေနံမြေကို ဝယ်ယူပြီး နောက်နှစ်နှစ်ကြာလျှင် ပြန်ရောင်းပစ်မည် ဆိုသည်မှာ ဘာကိစ္စနည်း။

"မန်နေဂျာဖုန်း နှစ်နှစ် သုံးနှစ် အချိန်ဆိုတာ ရေနံမြေကို အခုမှ ဖော်ထုတ်လို့ ပြီးခါစ ငွေစရှာရမယ့် အချိန်လေးပဲ ရှိသေးတာကို ဘာဖြစ်လို့ ပြန်ရောင်းပစ်ရမှာလဲ"

"နောက်နှစ်နှစ်လောက်နေရင် နိုင်ငံတကာမှာ ရေနံ ထုတ်လုပ်မှု လျှော့ချဖို့ သေချာပေါက် တောင်းဆိုလာကြမှာပါ။ အဲဒီအခါကျရင် ရေနံ ဈေးနှုန်းတွေက သေချာပေါက် အကြီးအကျယ် မြင့်တက်လာမှာမို့ ကျွန်တော်တို့က ဈေးကောင်းရနေတဲ့ အချိန်ကို အသုံးချပြီး ပြန်ရောင်းပစ်လိုက်တာက အတန်ဆုံးပါပဲ"

"ရေနံဈေးနှုန်းတွေက အတုအယောင် မြင့်မားနေမယ်ဆိုရင် သေချာပေါက် ထုတ်လုပ်မှုကို ပြန်တိုးမြှင့်ပြီး ရေနံဈေးကို ပြန်လည် ဖိချကြမှာပါ။ ကျွန်တော်တို့ နိုင်ငံက ရေနံ လိုအပ်ချက် ပိုပိုပြီး ကြီးမားလာတာတင် မဟုတ်ဘဲ အမေရိကကလည်း အတူတူပါပဲ ရေနံဈေး အရမ်းမြင့်လွန်းရင် သူတို့လည်း တောင့်ခံနိုင်မှာ မဟုတ်ပါဘူး"

"သေချာပေါက် သိုလှောင်ထားရင်လည်း ရပါတယ်။ နောက်နှစ်နှစ်လောက်နေရင် ဈေးမြင့်နေတဲ့အချိန်မှာ အမှာစာ တချို့ကို တိုက်ရိုက် ရောင်းပစ်လိုက်ရင်လည်း အမြတ်အစွန်း အများကြီး ရနိုင်ပါတယ်"

"ခုနက ပြောခဲ့တဲ့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ လေယာဉ်တင် သင်္ဘော ဖွံ့ဖြိုးတိုးတက်မှုကလည်း မဆိုးတော့ဘူး မဟုတ်လား။ ကျွန်တော်တို့က စစ်ရေး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဘက်မှာ ရန်ပုံငွေတွေ ဒီလောက် အများကြီး ရင်းနှီးမြှုပ်နှံထားတာကို ပိုက်ဆံနည်းနည်းလောက် ပြန်မရှာသင့်ဘူးလား"

ရှအကြီးအကဲက ဖုန်းယွီကို အံ့သြတကြီး ကြည့်လိုက်ကာ ဒါက ဘာအဓိပ္ပာယ်နည်း။ ဖုန်းယွီက လက်နက် ခဲယမ်းတွေကို မှောင်ခို ရောင်းစားချင်နေတာလား။

******

All Chapters