အခန်း ၁၅၀၈
Vol. 102 Ch. 1508
အခန်း ၁၅၀၈ တစ်ပတ်ရစ် လေယာဉ်များကို လက်ကားဝယ်ယူခြင်း (၆/၁၀)
"ဘာ ဒီဟာ တစ်စင်းကို အမေရိကန်ဒေါ်လာ သန်းဆယ်ကျော် ပေးရမယ် ဟုတ်လား။ ဒါက တစ်ပတ်ရစ်လေ" ဖုန်းယွီ၏အသံမှာ အနည်းငယ် စူးရှသွားကာ တစ်ပတ်ရစ်ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ဤမျှ ဈေးကြီးနေရသနည်း။
ပြီးတော့ ဒါက မော်ဒယ်ဟောင်း Tu-204 လို့ သတ်မှတ်ရမှာလေ ဘာကို အားကိုးပြီး ဒီလောက် ဈေးကြီးနေရတာလဲ။ ထိုစဉ်က အသစ်စက်စက် Il-76 ကို ဝယ်တုန်းကတောင် ဒီလောက် ဈေးမကြီးခဲ့ဘူးလေ။
"ဖုန်း ဘာပဲဖြစ်ဖြစ် ဒါက အသုံးပြုသက်တမ်း ၇ နှစ်ပဲ ရှိသေးတာလေ။ ပြီးတော့ ဒီဒီဇိုင်းက အနှစ် ၂၀ အသုံးပြုနိုင်အောင် ဖန်တီးထားတာမို့ မင်း အနည်းဆုံး နောက်ထပ် ၁၃ နှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး သုံးလို့ရပါသေးတယ်။ ပြီးတော့ ငါ မင်းအတွက် ရွေးပေးမှာက သေချာပေါက် ဘာချို့ယွင်းချက်မှ မရှိတဲ့ဟာတွေချည်းပဲမို့ ဒီဈေးနှုန်းက အနိမ့်ဆုံး ဈေးနှုန်းပါပဲ"
ယခင် ဆိုဗီယက် ၏ လေယာဉ်များသည် သတ်မှတ် အသုံးပြုသက်တမ်းထက် ပိုမိုအသုံးပြုနိုင်သည်မှာ တကယ်ကို လေလုံးထွားနေခြင်း မဟုတ်ပေ မြောက်ကိုရီးယားမှ San Pangတို့ဘက်တွင် လေယာဉ် အများအပြားမှာ သတ်မှတ် အသုံးပြုသက်တမ်းထက် ၅၀ ရာခိုင်နှုန်းကျော်အထိ ပိုမိုအသုံးပြုနေကြခြင်းကပင် အကောင်းဆုံး သက်သေ ဖြစ်ပေသည်။
"အစတုန်းက ဒီလေယာဉ်ရဲ့ ရောင်းဈေးက မနိမ့်ပါဘူး။ အခု မော်ဒယ်သစ်တွေရဲ့ ရောင်းဈေးက ပိုတောင် မြင့်နေသေးတယ်။ ပြီးတော့ အသင့်ရှိတဲ့ ပစ္စည်းလည်း မရှိဘူး" ဤဈေးနှုန်းဖြင့် ကီရီလန်ကိုအနေဖြင့် တစ်ပြားတစ်ချပ်မှ မမြတ်သည့်အပြင် ငွေအနည်းငယ်ပင် ထပ်စိုက်ရနိုင်ချေ ရှိပေသည်။
"ဒါမှမဟုတ် လွန်ခဲ့တဲ့ ဆယ်နှစ်က ကုန်တင် Tu-204ကို ငါ ရှာပေးရမလား ဈေးလည်း ပိုသက်သာမယ်။ အရည်အသွေးလည်း မညံ့ဘူးလို့ အာမခံတယ်။ ဘာပဲဖြစ်ဖြစ် မင်းက ကုန်တင်ဖို့ သုံးမှာပဲ မဟုတ်လား"
ဖုန်းယွီက သူ၏ခေါင်းကို တစ်ချက် ရိုက်လိုက်ကာ ဟုတ်သားပဲ… ဘာဖြစ်လို့ ခရီးသည်တင် လေယာဉ်ကို ဝယ်ပြီးမှ ပြန်လည် ပြုပြင်မွမ်းမံနေရမှာလဲ။ Tu-204 ရဲ့ အစောဆုံး ထွက်ခဲ့တာက ကုန်တင်လေယာဉ်တွေဖြစ်ပြီး နောက်ပိုင်းမှသာ ခရီးသည်တင် လေယာဉ်ကို မိတ်ဆက်ခဲ့တာပဲလေ။ ကုန်တင်လေယာဉ်ဆိုရင် လူအင်အားနဲ့ ကုန်ပစ္စည်း အတင်အချ လုပ်တဲ့ စနစ် ဒါမှမဟုတ် အလိုအလျောက် ကုန်ပစ္စည်း အတင်အချ လုပ်တဲ့ စနစ်တွေတောင် ပါဝင်သေးတယ်။
ထို့အပြင် ဤအရာမှာ လီရှိချန် ရည်ရွယ်ထားသော မော်ဒယ်ထက် အတော်လေး ကြီးမားနေပုံရကြောင်းကို ဖုန်းယွီသတိပြုမိလိုက်သည်။ မူလက Fengyu Logistics လုပ်ငန်းက ဝယ်ယူရန် ရည်ရွယ်ထားသည်မှာ ခရီးတို လေယာဉ်များကို ပြုပြင်မွမ်းမံထားသော လေယာဉ်များ ဖြစ်သည်။
ဤအရာက တွက်ခြေကိုက်သည် ဆိုသော်လည်း ရည်ရွယ်ထားသည်ထက် အတော်လေး ကြီးမားနေပုံ ရပေသည်။
"ညီလေးကီ စီးပွားရေးအရ ပျံသန်းနိုင်တဲ့ အကွာအဝေး ကီလိုမီတာ နှစ်ထောင်အတွင်း ဝန်တင်နိုင်စွမ်း ဆယ်တန် အောက်ရှိတဲ့ နည်းနည်း ပိုသေးတဲ့ ခရီးတို လေယာဉ်မျိုးရော မရှိဘူးလား"
"ဖုန်း မင်းက အဲဒီလောက် သေးတဲ့ဟာကို လိုချင်တာလား။ အဲဒီလို သေးသေးလေးတွေ ဆိုရင်တော့ ကန့်သတ်ချက် သိပ်မရှိပါဘူး" ကီရီလန်ကိုမှာ သက်ပြင်းချနိုင်သွားပုံ ရပေသည်။
"ကန့်သတ်ချက် ဟုတ်လား… ဘာကန့်သတ်ချက်လဲ" ဖုန်းယွီက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဖုန်း မင်းလည်း သိပါတယ်။ ဒီနှစ်ဆန်းပိုင်းတုန်းက တရုတ်က ပျံသန်းနိုင်တဲ့ အကွာအဝေး ကီလိုမီတာ ငါးထောင်ကျော်ရှိပြီး ငါတို့ရဲ့ Tu-204ထက် မညံ့တဲ့အပြင် နေရာတော်တော်များများမှာ ငါတို့ထက်တောင် ပိုကောင်းတဲ့ လေယာဉ်ကြီး တစ်စင်းကို ကိုယ်ပိုင် သုတေသနပြုပြီး အောင်မြင်သွားပြီဆိုတာကို ကြေညာခဲ့တယ်လေ"
"အဲဒါကို လေယာဉ်ကြီးလို့ မသတ်မှတ်နိုင်ပါဘူး။ လေယာဉ်ကြီးလို့ ဆိုရင်တောင် အဲဒီအထဲက အသေးဆုံး အဆင့်မှာပဲ ရှိတာပါ" ဖုန်းယွီက နှိမ့်ချစွာဖြင့် ပြောလေသည်။
"ဖုန်း ဒီလေယာဉ် ဘယ်ကနေ ရလာလဲဆိုတာ ငါ အများကြီး ပြောစရာ မလိုတော့ပါဘူးနော်။ ဒါကြောင့် အခု မင်းတို့က Tuစီးရီးနဲ့ Il စီးရီး လေယာဉ်ကြီးတွေကို ဝယ်ဖို့ဆိုတာ နည်းနည်း ခက်ခဲပါတယ်။ အစက ငါက မင်းအတွက် နည်းပညာ ပိုကောင်းပြီး ဝန်တင်နိုင်စွမ်း ပိုကြီးတဲ့ Il-96 ကို ဝယ်ပေးမလို့ စဉ်းစားထားတာ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လောလောဆယ် တရုတ်ကို ရောင်းချခွင့် မပြုထားဘူး"
"ပြောစမှတ်တွေအရတော့ မင်းတို့တရုတ်ဘက်က လေယာဉ်တွေကို ဖြုတ်ပစ်ပြီး ငါတို့ရဲ့ ကာကွယ်ရေး စနစ်တွေကို ဖောက်ထွင်း၊ ငါတို့ရဲ့ အဓိက နည်းပညာတွေကို ရယူနိုင်တဲ့ စွမ်းရည် ရှိနေပြီဆိုတော့ သူတို့က မင်းတို့ အဲဒီလေယာဉ် နည်းပညာတွေကိုပါ ဖောက်ထွင်းပြီး ကမ္ဘာပေါ်မှာ ခရီးသည်တင် လေယာဉ်ကြီးတွေကို တကယ်တည်ဆောက်နိုင်တဲ့ စတုတ္ထမြောက် နိုင်ငံ ဖြစ်သွားမှာကို စိုးရိမ်နေကြလို့တဲ့"
ညီလေးကီ၏ လေသံကို နားထောင်ရသည်မှာ သိပ်မကောင်းလှရာ ဖုန်းယွီမှာ ရှက်ပြုံး ပြုံးလိုက်ပြီး "ညီလေးကီ ဒီအကြောင်း မပြောတော့ပါဘူး။ ကန့်သတ်ထားတယ်ဆိုရင်လည်း ဒုက္ခမခံပါနဲ့တော့။ ဝယ်လို့ရရင် ငါ လေး၊ငါးစင်းလောက် ဝယ်မယ် အဆင်မပြေဘူးဆိုရင်လည်း ထားလိုက်ပါတော့။ အသေးစားလေးတွေက ကန့်သတ်ချက် မရှိဘူး မဟုတ်လား။ မင်းက တွက်ခြေကိုက်မယ်လို့ ထင်ရင် ငါ့ကို တချို့လောက် အကြံပြုပေးပါဦး"
အကယ်၍ အသုံးပြုသက်တမ်း ၇ နှစ်သာ ရှိသေးသော Tu-204ကို သန်းဆယ်ဂဏန်းဖြင့် ဝယ်ယူလိုက်ပါက နိုင်ငံတော် လေကြောင်းလိုင်းများထံ ပြန်လည်ရောင်းချရန် လုံးဝပြဿနာ မရှိနိုင်ကြောင်း ယုံကြည်ပေသည်။
သို့သော် ယခုအချိန်တွင် ဖုန်းယွီအနေဖြင့် ဤအရာကို အားကိုး၍ ငွေရှာရန် မလိုအပ်တော့ချေ။ နိုင်ငံတော် လေကြောင်းလိုင်းကလည်း သူ့ထံ လာရောက် မရှာဖွေခဲ့ရာ လိုချင်သလားဟု သူက ကိုယ်တိုင် သွားရောက် မေးမြန်းနေမည် မဟုတ်ပေ။ ဤသို့ဆိုလျှင်လည်း ညီလေးကီ၏ လူမှုရေးအကြွေးကို တင်သွားစေမည် မဟုတ်ပါလော။
ထို့အပြင် ဤလေယာဉ်သာ အမေရိကသို့ ပျံသန်းမည်ဆိုပါက ပျံသန်းနိုင်သော အကွာအဝေး မပြည့်မီသဖြင့် လမ်းခုလတ်တွင် တစ်ကြိမ် ရပ်နားရမည် ဖြစ်သည်။ ကီရီလန်ကိုက ဖုန်းယွီကို လက်ဆောင်ပေးထားသော ထိုသီးသန့် လေယာဉ်မှာ ဝန်အပြည့်ဖြင့် ပျံသန်းမည်ဆိုလျှင်တောင် ကီလိုမီတာ တစ်သောင်းနှစ်ထောင်ကျော်အထိ ရောက်ရှိနိုင်သည် မဟုတ်ပါလော။
သေချာပေါက် အရွယ်အစား ကြီးမားသဖြင့် စွမ်းအင် သုံးစွဲမှုလည်း များပြားကာ တစ်ကြိမ် ပျံသန်းတိုင်း ကုန်ကျစရိတ်မှာလည်း သဘာဝကျကျ ပိုမိုများပြားပေသည်။
နာရီဝက်ခန့် ကြာပြီးနောက် ကီရီလန်ကိုထံမှ ဖုန်း ထပ်မံ ဝင်လာခဲ့ပြီး "ဖုန်း ခရီးတို လေယာဉ်ဆိုရင်တော့ မော်ဒယ်သုံးမျိုး မဆိုးဘူး။ ဈေးနှုန်းလည်း အတော်လေး သင့်တင့်တယ်"
" Il-114 က ဝန်အပြည့် ၆ တန် တင်ဆောင်နိုင်ပြီး ကီလိုမီတာ တစ်ထောင် ပျံသန်းနိုင်တယ်။ မော်ဒယ်ကတော့ အနည်းငယ် ဟောင်းနေပြီ အသုံးပြုနိုင်မယ့် အချိန်က ဆယ်နှစ်ဝန်းကျင်လောက် ရှိဦးမယ်။ အမေရိကန်ဒေါ်လာ နှစ်သန်းလောက်ဆိုရင် ဝယ်လို့ရနိုင်ပြီ"
"Tu-134 က ဝန်အပြည့် ၈ တန် တင်ဆောင်နိုင်ပြီး ကီလိုမီတာ တစ်ထောင့်ရှစ်ရာ ပျံသန်းနိုင်တယ်။ ဒါလည်း ဆယ်နှစ်ဝန်းကျင်လောက် သုံးလို့ ရဦးမယ်။ တစ်စင်းကို အမေရိကန်ဒေါ်လာ သုံးသန်းလောက် ကျသင့်မယ်"
"Yak-42M က ဝန်အပြည့် ၁၃ တန် တင်ဆောင်နိုင်ပြီး ကီလိုမီတာ တစ်ထောင့်သုံးရာ ပျံသန်းနိုင်တယ်။ ဒါကတော့ ၁၅ နှစ်ဝန်းကျင်လောက် ဆက်သုံးလို့ ရဦးမယ်။ အမေရိကန်ဒေါ်လာ ငါးသန်းလောက် ကျလိမ့်မယ်"
"ပြီးတော့ ရှစ်ဆယ်ရာခိုင်နှုန်း အသစ်နီးပါး ရှိတဲ့ Tu-334 တစ်စင်း ရှိသေးတယ်။ ဝန်အပြည့် ၁၀ တန် တင်ဆောင်နိုင်ပြီး ကီလိုမီတာ သုံးထောင်ကျော် ပျံသန်းနိုင်တယ်။ ဒါပေမဲ့ ဒါကတော့ နည်းနည်း ဈေးကြီးတယ်။ အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းလောက် ပေးရမယ်။ ပြီးတော့ တစ်စင်းတည်းပဲ ရှိတာ။ ငွေနည်းနည်း ထပ်စိုက်ပြီး အသစ်မှာလိုက်တာကမှ ပိုကောင်းဦးမယ်"
ဤသို့ဆိုလျှင် နောက်ဆုံးတစ်ခုမှလွဲ၍ ကျန်ရှိသော အရာများအားလုံးကို ရွေးချယ်၍ ရနိုင်ပြီး အတော်လေးလည်း တွက်ခြေကိုက်ပေသည်။ တိတိကျကျ မည်သို့ ရွေးချယ်ရမည် ဆိုသည်ကိုတော့ ယောက်ဖဖြစ်သူနှင့် လောင်ဟောက်တို့ကိုသာ စဉ်းစားခိုင်းလိုက်တော့မည်။
"ညီလေးကီ အရှေ့က မော်ဒယ်သုံးမျိုးက ဘယ်နှစ်စင်းလောက် ဝယ်လို့ ရနိုင်မလဲ" ဖုန်းယွီက အသေးစိတ် မေးမြန်းလိုက်သည်။
"တစ်မျိုးကို အနည်းဆုံး သုံးစင်းကနေ ငါးစင်းအထိ ငါ ရှာပေးလို့ ရနိုင်တယ်။ အဲဒီထက် ပိုရင်တော့ နည်းနည်း ခက်ခဲသွားလိမ့်မယ်"
"ကောင်းပြီ ဒါဆို ငါ့ ယောက်ဖကို မေးကြည့်လိုက်ဦးမယ်။ ခဏနေရင် မင်းဆီ ဖုန်းပြန်ဆက်လိုက်ပါ့မယ်"
ဖုန်းယွီက လီရှိချန်ထံ ဖုန်းဆက်ကာ ဟောက်ဟိုင်ထောင်းနှင့် အမြန်ဆုံး ဆွေးနွေးတိုင်ပင်ခိုင်းလိုက်သည်။ တကယ်တမ်းတွင် ဤအရာများ အားလုံးမှာ အတော်လေး တွက်ခြေကိုက်သည်ဟု ဖုန်းယွီထင်မြင်မိပြီး အကယ်၍ ရန်ပုံငွေ လုံလောက်မည်ဆိုပါက နောက်ထပ် တစ်စင်း နှစ်စင်းခန့် ပိုဝယ်လိုက်သင့်ပေသည်။
ရည်ရွယ်ထားသည်ထက် အနည်းငယ် ပိုများသွားသည် ဆိုသော်လည်း နောက်နှစ်နှစ်ခန့် ကြာပါက ထောက်ပံ့ပို့ဆောင်ရေး အမှာစာများ သေချာပေါက် ထပ်မံတိုးလာဦးမည်ဖြစ်ရာ ထိုအချိန်သို့ ရောက်လျှင် ဤမျှလောက် ဈေးသက်သာသော အရာမျိုးကို ရနိုင်မည်ဟု မသေချာတော့ချေ။
ပိုလျှံနေသော အရာများကိုမူ ဖုန်းယွီက မိမိ ကုမ္ပဏီအတွက် ချန်ထားကာ အသုံးပြုရန် ရည်ရွယ်ထားသည်။ သေချာပေါက် ပထမဆုံးအနေဖြင့် ဟောက်ဟိုင်ထောင်းက စာရွက်စာတမ်း ကိစ္စများကို လုပ်ဆောင်ရ ခက်ခဲခြင်း မရှိကြောင်း ပြောဆိုလာရန် လိုအပ်ပြီး လေယာဉ်များကို ပြုပြင်မွမ်းမံပေးမည့် လေယာဉ် စက်ရုံကိုလည်း ရှာဖွေနိုင်ရမည် ဖြစ်သည်။
ပင်းဖေး စက်ရုံက ဤနှစ်များအတွင်း ရဟတ်ယာဉ်များနှင့် လေယာဉ်ငယ်များကိုသာ တည်ဆောက်နေခဲ့ရာ နည်းပညာပိုင်းတွင် အဆင်ပြေသေးရဲ့လား ဆိုတာကိုတော့ မသိပေ။
အတန်ကြာပြီးနောက် ယောက်ဖဖြစ်သူထံမှ ဖုန်း ဝင်လာခဲ့ပြီး ပြောလေသည်။ "ရှောင်ယွီ လောင်ဟောက်ကို မင်းနဲ့ ပြောခိုင်းလိုက်မယ်"
"မန်နေဂျာဖုန်း ငါတို့ ဆွေးနွေးကြည့်ပြီးတော့ Tu-134 နဲ့ Yak-42M ကို ပိုပြီး သဘောကျမိတယ်။ အကယ်၍ ရနိုင်မယ်ဆိုရင် ငါတို့က Tu-134 ငါးစင်းနဲ့ Yak-42M သုံးစင်း ဝယ်ဖို့ ရည်ရွယ်ထားတယ်။ အဲဒီထက်ပိုရင် ငါတို့ အသုံးမလိုဘူး။ အနာဂတ်မှာ လေယာဉ်အုပ်စုကို တိုးချဲ့ချင်ရင်တောင် ပြည်တွင်းက လေကြောင်းကုမ္ပဏီတွေ ဖယ်ရှားလိုက်တဲ့ Boeing 737 လိုမျိုး ထုတ်ကုန်တွေကို ဝယ်ယူဖို့ ရည်ရွယ်ထားပါတယ်"
Boeing 737 ဆိုသည်မှာ Yak-42Mနှင့် အတော်လေး ဆင်တူကာ အနည်းငယ် ပိုကောင်းကောင်း ကောင်းမည် သို့မဟုတ် အနည်းငယ် ပိုညံ့ကောင်း ညံ့နိုင်ပေသည်။ သို့သော် ဟောက်ဟိုင်ထောင်း ပြောသကဲ့သို့ပင် ပိုများသွားပါကလည်း လောလောဆယ်တွင် အသုံးပြုစရာ မရှိသဖြင့် အလဟဿ ဖြစ်သွားမည် ဖြစ်သည်။
"ခဏလေး ရှောင်ယွီ အဲဒီ Il-114 က ပင်းချန်ကနေ ဟောင်ကောင်ကို ပျံသန်းလို့ ရမလား" လီရှိချန်က ဖုန်းကို လွှဲယူကာ မေးမြန်းလိုက်သည်။
"ရပါတယ် ဒါပေမဲ့ လူအများကြီးတော့ တင်လို့ မရဘူး။ လူများမယ် ဆိုရင်တော့ လမ်းခုလတ်မှာ တစ်ထောက်နားရလိမ့်မယ်"
"ဒါဆို ဒါကိုလည်း တစ်စင်းလောက် ယူမယ်ကွာ.. တကယ်တော့ မင်းအစ်မက မင်းရဲ့ ကိုယ်ပိုင်လေယာဉ်ကို အရမ်းအားကျနေတာ။ အခု အရမ်းအသစ်ကြီးတွေကိုတော့ ငါ မဝယ်နိုင်သေးဘူး။ အရင်ဆုံး တစ်ပတ်ရစ် တစ်စင်းကို ဝယ်ပြီး ပြုပြင်မွမ်းမံလိုက်တာပေါ့"
ကဲ… ယောက်ဖဖြစ်သူ၏ အိမ်သည်လည်း သူ့ထံမှ ကူးစက်သွားပြီး ယခုအခါတွင် ကိုယ်ပိုင်လေယာဉ် ဝယ်ယူလိုနေကြပြီ ဖြစ်သည်။ တစ်ပတ်ရစ် ဖြစ်သည်ဆိုသော်လည်း ပြုပြင်မွမ်းမံပြီးနောက်တွင် လုံးဝညံ့ဖျင်းသွားမည် မဟုတ်ချေ။ အိမ်ဟောင်းကို အသစ်ပြန်လည် ပြင်ဆင်လိုက်သည်နှင့် အတူတူပင်ဖြစ်ပြီး နေထိုင်ရသည်မှာ သက်သောင့်သက်သာ ရှိနေမည်သာ ဖြစ်သည်။
"ညီလေးကီ Il-114၊ Tu-134၊ Yak-42M ငါ အကုန်လုံး ငါးစင်းစီ ယူမယ်။ ကျသင့်ငွေ အားလုံးကို အပြည့်အဝ ယူပါ။ မင်းဘက်က ငွေထပ်မစိုက်ပါနဲ့"
"ဟားဟားဟား အကုန်လုံး ရုရှားဘက်ကနေပဲ ရှာရတာ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေကနေ ရှာတာတွေလည်း ပါပါတယ်။ တစ်မျိုးကို ငါးစင်းစီ မဟုတ်လား။ သုံးလအတွင်း မင်းတို့ ပင်းချန်ရဲ့ လေဆိပ်မှာ အကုန်လုံး ရပ်ထားနိုင်စေရမယ်လို့ အာမခံတယ်"
******