← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း (၁၁၅) ဖရိုဖရဲဖြစ်ရပ်ကြီး

ညကြီးမင်းကြီးတွင် အေးစက်လှသော ဆောင်းလေများ တိုက်ခတ်နေသော်လည်း လူတိုင်း လက်ကလေးများကို ပိုက်လျက် စိတ်အားထက်သန်စွာဖြင့် ဝိုင်းအုံကြည့်နေကြသည်။

ချမ်းသလား...

ချမ်းတာတော့ သေချာတာပေါ့…

ဒါပေမဲ့ ဒါကို ဘယ်သူက ဂရုစိုက်မှာလဲ... အောင့်အည်းခံနိုင်တာပဲ...

သူတို့ဝင်းထဲတွင် လတ်တလော၌ မည်သည့်ကိစ္စမှ မရှိဘဲ ငြိမ်သက်နေခဲ့ရာမှ၊ ရုတ်တရက်ကြီး ယခုကဲ့သို့ အဖြစ်အပျက်တစ်ခု ပေါ်လာသဖြင့် အားလုံး ကြည့်ရသည်မှာ အလွန် စိတ်လှုပ်ရှားနေကြ၏။ လူတိုင်းသည် ကျောက်ရုံကို တဖြည်းဖြည်းနှင့် အကဲခတ်ကြည့်ရှုရင်း...

တကယ်ပါပဲ၊ လူ့မျက်နှာသာ မြင်ရပြီး စိတ်ကွယ်ရာကိုတော့ မသိနိုင်ပါလား... ကျောက်ရုံက ဘယ်လိုတောင် စွမ်းနိုင်ရတာလဲ... အပြင်မှာ တကယ်ပဲ တခြားလူရှိနေခဲ့တာလား...

လူတိုင်း၏ မျက်လုံးများသည် လျှပ်စစ်မီးသီးကြီးများကဲ့သို့ ပြူးကျယ်ဝင်းထိန်နေကြပြီး၊ တစ်ယောက်မကျန် မျက်လုံးများသည် ကျောက်ရုံထံ၌သာ ကပ်ညှိနေကြသည်။

ထို့နောက် ဆံပင်ဖြူဖြူနှင့် ရက်စက်တတ်သောအဘွားကြီး၏ ဘေးနားမှ အဘိုးကြီးကို ဆက်ကြည့်လိုက်ရာ~~~

အင်း... ဤအဘိုးကြီးမှာ အမှန်တကယ်ကို အသက်ကြီးလှပြီဖြစ်ပြီး၊ ယောက်ျားရင့်မကြီးတစ်ယောက် ဖြစ်ပါလျက်နှင့် အရပ်သည် ၁.၆ မီတာခန့်မျှသာရှိသဖြင့် အမျိုးသမီးရဲဘော်များလောက်ပင် အရပ်မမြင့်​ပေ။ ပုပုကွကွနှင့် မျက်နှာမှာလည်း ဝဖြိုးလွန်း၍ နားရွက်နောက်အထိ အဆီသားများ ထွက်နေကာ၊ မေးနှစ်ထပ်၊ နှုတ်ခမ်းထူထူ၊ နှာခေါင်းပြားပြား၊ ဆံပင်မှာလည်း ပါးလျလျဖြင့် ထိပ်ပြောင်နေ၏။ ဤမျှတင်မကသေး ဘီယာဗိုက်ကြီးလည်း ထွက်နေသေးသည်။

ဒီလူကတော့ တကယ်ပါပဲ….

တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ညစာစားထားသည်များ အန်ချင်စရာ ကောင်းလှသည်၊ လူကို ရုပ်ရည်နှင့် အကဲမဖြတ်သင့်ဟု ဆိုသော်လည်း ဤလူသည်ကား တကယ်ကို ရုပ်ဆိုးလွန်းလှ၏။ ကျောက်ရုံတစ်ယောက် အဘယ်မျက်နှာမျိုးနှင့် စားမြိုနိုင်ခဲ့သည်ကိုပင် မသိတော့ပေ။ သူနှင့် ယွမ်ဟောက်မင်ကို နှိုင်းယှဉ်လိုက်လျှင် ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှပေသည်။

ယွမ်ဟောက်မင်သည် ယဉ်ယဉ်ကျေးကျေးနှင့် သပ်သပ်ရပ်ရပ် ရှိလှပြီး၊ ရုပ်ရည်မှာလည်း မဆိုးလှပေ။ ထိုဥပဓိရုပ်ကြောင့် သူကိုယ်တိုင်သည်လည်း ဇနီးဟောင်းကိုပင် လှည့်စားကာ ကျောင်းတက်ဖို့ ပိုက်ဆံထောက်ပံ့ခိုင်းခဲ့ပြီး၊ ခေတ်သစ် ချန်ရှစ်မေ့ လုပ်ပြီးနောက်တွင်ပင် ဇနီးဟောင်းအား သူ၏မိဘများကို လုပ်ကျွေးပြုစုပြီး အသုဘအထိ ချခိုင်းနိုင်ခဲ့သည်။ ထို့ကြောင့် ယွမ်ဟောက်မင်၏ ရုပ်ရည်သည် တကယ်ကို မဆိုးမှန်း သိသာလှ၏။

သူ့အိမ်မှ ကလေးအချို့လည်း သူ့နှင့် တော်တော်လေး တူကြသည်။

ဤသို့ ပြင်းထန်လှသော ကွာခြားချက်အောက်တွင် ကျောက်ရုံတစ်ယောက် အပြင်မှာ ယခုကဲ့သို့ အကောင်မျိုးကို ရှာပြီး ရှုပ်ပွေလိမ့်မည်ဟု တကယ်ကို စိတ်ကူးရခက်လှပေသည်။

"ကျောက်ရုံရဲ့ မျက်စိက တကယ်ပဲ မကောင်းတာလား..."

"သူမက တကယ်ကို မျက်စိကန်းတာပဲ၊ ယောက်ျားကောင်းကောင်းကို မလိုချင်ဘဲ ဒီလိုအကောင်မျိုးကို သွားရှာတယ်၊ ဒါက တကယ်ကို ရွံစရာကြီး၊ သူမ ဘာတွေ တွေးနေတာလဲ မသိဘူး”

"မင်းတို့ ပြောဦး၊ ကျောက်ရုံကို အထင်လွဲတာကော မဖြစ်နိုင်ဘူးလား၊ ဒီလိုလူစားမျိုးကို... အာ…သူမ ဘယ်လိုစိတ်နဲ့ လုပ်ရက်တာလဲ... ငါသာဆိုရင်၊ ငါလို အဘွားကြီးတောင် သဘောကျမှာ မဟုတ်ဘူး…ဒါက ဘာကောင်ကြီးလဲ”

"မင်း မကြားမိဘူးလား... အိပ်ရာပေါ်မှာတင် လက်ပူးလက်ကြပ် ဖမ်းမိတာတဲ့လေ၊ ဒါက လူကောင်းလို့ ဘယ်လိုမှ မယုံနဲ့တော့… ငါတော့ ရိပ်မိလိုက်ပြီ၊ ကျောက်ရုံက ဟန်ဆောင်ရာမှာ တကယ်တော်တာ…ဘယ်လိုမှ လူကောင်းမဟုတ်ဘူး”

"မင်းတို့က အူတူတူနိုင်လွန်းတယ်၊ ကျောက်ရုံက ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်အထိ မျက်စိမရှိတဲ့အဆင့်တော့ မဟုတ်ပါဘူး၊ ငါ့အမြင်တော့ သူမမှာ တစ်ခုခု မျှော်လင့်ချက်ရှိလို့ပဲ၊ ဒီအဘိုးကြီးက သေချာပေါက် အရှိန်အဝါ တစ်ခုခု ရှိလို့နေမှာပေါ့..."

...

ဝေဖန်သံများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး၊ လူတိုင်းမှာအသံကျယ်ကျယ် မပြောရဲသဖြင့် ကျွတ်စီကျွတ်စီနှင့် ဆူညံနေလေသည်။

ရဲစခန်းမှ ရဲအရာရှိများလည်း တော်တော်လေး စိတ်ညစ်သွားကြပြီး၊ မကြားချင်ယောင်ဆောင်နေလိုက်ရ၏။ တကယ်တမ်းတွင် သူတို့သည် ဤကဲ့သို့သော ကျင့်ဝတ်ဆိုင်ရာ (အိမ်ထောင်ရေးဖောက်ပြန်မှု) ပြဿနာများကို သိပ်ပြီး မကိုင်တွယ်ချင်ကြပေ။ ယေဘုယျအားဖြင့် စာရိတ္တပြဿနာနှင့် ပတ်သက်လာလျှင် အတိုင်ခံရသူသည် ငြင်းဆိုသွားနိုင်ခြေ အလွန်များသည်။ သို့သော် ကိစ္စသည် ဤမျှအထိ ကျယ်ပြန့်သွားပြီဖြစ်၍ သူတို့ သေသေချာချာ ကိုင်တွယ်ရတော့မည်သာ…

"ခင်ဗျားတို့ သက်ဆိုင်သူတွေ အားလုံး၊ ကျွန်တော်တို့နဲ့အတူ တစ်ခေါက် လိုက်ခဲ့ကြပါ"

"ဘယ်ကိုသွားမှာလဲ... ငါမသွားဘူး၊ ဒီကိစ္စမှာ ငါက အပြစ်ကင်းတယ်၊ ငါ့မိန်းမက ဒီအတိုင်း အထင်လွဲသွားတာ သက်သက်ပဲ၊ တကယ့်ကို အထင်လွဲတာ… ငါက ဒီလောက် အသက်ကြီးနေပြီပဲ၊ ဘာလုပ်နိုင်ဦးမှာလဲ..."

လယ်ကွင်းပြင်နှယ် ထိပ်ပြောင်နေသော အဘိုးကြီးသည် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

"မယုံရင် သူတို့ကို မေးကြည့်၊ သူတို့ တကယ်ပဲ စိတ်လိုက်မာန်ပါ လုပ်မိသွားတာ"

အဘွားကြီးလျန်သည် ကောက်ကျစ်သောအကြည့်ဖြင့် ထိုအဘိုးကြီးကို စူးစိုက်ကြည့်လိုက်သော်လည်း၊ လူကို တကယ်ကြီး ထောင်ထဲ ထည့်ဖို့အထိမရည်ရွယ်ပေ၊ သူမသည် ပြန်ဖာထေးကာ

"ဒါက ကျွန်မတို့ရဲ့ မိသားစုကိစ္စပဲ၊ ခနင်တို့ သူများကိစ္စမှာ လာပြီး လျှာမရှည်ပါနဲ့"

"ကိစ္စက ဒီလောက်အထိ ကြီးသွားပြီ၊ လူကိုလည်း ခင်ဗျားတို့ ဒီလောက်အထိ ရိုက်နှက်ထားကြတာ၊ ပြီးတော့မှ သူများကိစ္စမှာ လျှာမရှည်နဲ့လို့ ပြောရသလား... ဒါက ခင်ဗျားတို့ ပြောရုံနဲ့တင် ပြီးသွားမယ့်ကိစ္စလား... မြန်မြန်လုပ်၊ အကုန်လုံး ရဲစခန်းကို လိုက်ခဲ့"

ရဲအရာရှိအချို့လည်း စိတ်ပျက်နေကြသော်လည်း ဆက်ပြောလိုက်၏။

"တစ်ခုခုရှိရင် ရဲစခန်းမှာ ရှင်းရှင်းလင်းလင်း ပြောကြ၊ ပြဿနာမရှိရင် ရှင်းပြပြီးတာနဲ့ အိမ်အသီးသီး ပြန်ကြပေါ့၊ ခင်ဗျားတို့ကို ဆွဲထားမှာ မဟုတ်ဘူး… ဒါပေမဲ့ ဒါက ယောက်ျားမိန်းမ စာရိတ္တကိစ္စကော၊ လူစုလူဝေးနဲ့ ရိုက်နှက်မှုကော ပါဝင်နေတာမို့၊ ခင်ဗျားတို့ စကားပြောရုံလေးနဲ့တင် ပြီးသွားလို့ မရဘူး"

"... တောက်၊ နင်က ဘာကောင်မို့လို့လဲ၊ အဘွားကြီး ငါက ဘယ်သူလဲဆိုတာကို သေသေချာချာ သွားမေးကြည့်လိုက်ဦး၊ ငါ့ကိုတောင် လာပြီး ကံဆိုးအောင် လုပ်ရဲသေးတယ်…နင်တို့ ရုံးအကြီးအကဲတောင် ငါ့ကိုမြင်ရင် ခေါင်းညိတ်အလေးပြုရတာ၊ နင်က ဘာအဆင့်မို့လို့လဲ... ငါ့ကို လာပြီး ဒီလိုပုံစံမျိုးနဲ့ လာလုပ်ရဲတယ်၊ ဘာလဲ... ကြည့်ရတာ နင် အလုပ်ပြုတ်ချင်နေပြီ ထင်တယ်…နင် ယုံလား၊ ငါ နင့်ကို အလုပ်ထုတ်ပစ်လို့ရတယ်၊ ဘာကောင်လဲမသိဘူး..."

အဘွားကြီးလျန်သည် လက်သီးလက်မောင်းများ တန်းကာ အလွန်ပင် မောက်မာရိုင်းစိုင်းနေလေသည်။

သူမသည် အထူးအခွင့်အရေးများကို ခံစားရသည်မှာ ကျင့်သားရနေသဖြင့် အလွန်ပင် ဝင့်ကြွားနေခြင်း ဖြစ်၍။

သူမမှာ စက်ဆုပ်ရွံရှာဖွယ် အကြည့်ဖြင့်

"နင် သိတတ်ရင် အဝေးကို မြန်မြန်ထွက်သွားစမ်း၊ မဟုတ်ရင် ငါ နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ဘာကောင်လဲမသိဘူး..."

"ခင်ဗျား..."

ဦးဆောင်လာသော ရဲအရာရှိရဲသည် မျက်မှောင်ကြုတ်သွားသည်၊ ဤကဲ့သို့သော လူစားမျိုး ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အခြားသူများလည်း ဤအဘွားကြီးကို ကြည့်ကာ တစ်ယောက်တစ်ပေါက် တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။

"ဒီရဲဘော်… ကျွန်တော်တို့က အလုပ်လုပ်နေတာဖြစ်ပြီး တရားဥပဒေအတိုင်း မျှမျှတတ ဆောင်ရွက်နေတာပါ၊ ဒါကြောင့် ခြိမ်းခြောက်တာနဲ့ ပစ်မှတ်ထားတာကို ကြောက်မနေပါဘူး… ဘယ်သူမှ ဥပဒေအထက်မှာ မရှိပါဘူး၊ အခု ချက်ချင်း ကျွန်တော်တို့နဲ့အတူ ရဲစခန်းကို လိုက်ခဲ့ပါ"

ယခုခေတ်လူများသည် ရိုးသားကြပြီး သူတို့ကဲ့သို့ရဲများနှင့် ပတ်သက်ရမည်ကို အလွန်ကြောက်ကြသော်လည်း၊ ဤမျှအထိ မောက်မာရိုင်းစိုင်းပြီး အာဏာပြသူမျိုးကို တွေ့ရခဲသဖြင့် ရဲအရာရှိအချို့လည်း ဒေါသထွက်လာကြသည်။

"ငါမသွားရင်ကော နင် ဘာလုပ်နိုင်မလဲ... နင် ငါ့ကို ဘာလုပ်ရဲလဲ ကြည့်ရသေးတာပေါ့..."

အဘွားကြီးလျန်သည် မောက်မာဝင့်ကြွားစွာဖြင့် ခါးထောက်လျက် ရိုင်းစိုင်းနေပြီး၊ သူမ၏ဘေးတွင်လည်း လူပေါင်းများစွာ ရှိနေသဖြင့် ရုတ်တရက်ကြီး ပို၍ပင် ရဲတင်းလာသည်။ လူစုကြီးသည် ဝုန်းကနဲ ရှေ့သို့ တိုးလာကြပြီး၊ ခေါင်းဆောင်ဖြစ်သူ ရဲအရာရှိကိုပင် လှမ်းတွန်းလိုက်၏။

"ဖယ်စမ်း၊ နင်က ဘာကောင်မို့လို့လဲ... ငါတို့က ဘာအဆင့်လဲဆိုတာ နင်သိလား..."

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..."

"ဘာလုပ်ရမှာလဲ... ခင်ဗျားတို့ကို သူများကိစ္စမှာ လျှာမရှည်နဲ့လို့ ပြောနေတယ်မဟုတ်လား..."

အဖြစ်အပျက်သည် ရုတ်တရက်ကြီး ဓားဆွဲလုနီးပါး တင်းမာသွားခဲ့၏။

ချန်ချင်းယွီသည် မျက်မှောင်ကြုတ်လျက် ဤမြင်ကွင်းကို ကြည့်ကာ၊ စိတ်ထဲတွင်~~~

'ဒီကျားမကြီးမိသားစုက တကယ်ကို လူကောင်းတွေ မဟုတ်ကြဘူးပဲ၊ ဒီလောက်အထိ မောက်မာရဲကြတာကိုး...'

သေချာတာပေါ့၊….အာဏာရှိရင် လူက ရဲတင်းလာတတ်တာပဲ

သူတို့ ယခုကဲ့သို့ ပြုမူနေကြသည်ကို ကြည့်လျှင် ပုံမှန်အချိန်များတွင်လည်း မည်မျှအထိ အာဏာပြ မောက်မာနေကြမည်ကို ခန့်မှန်းနိုင်သည်။

ချိုက်မင်မင်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် လက်ချောင်းများနှင့် နံရံကို ကုတ်ထားရင်း

"သူတို့က ဘယ်လိုတောင် သတ္တိရှိကြတာလဲ။ အမေရေ... သူတို့ တကယ်ကြီး သတ္တိကောင်းလွန်းတယ်"

မှန်ပါသည်၊ တကယ်ကို သတ္တိကောင်းလှ၏။

သူတို့ကတော့ တကယ်ကို လုပ်ရဲကြတာပဲ…

ချန်ချင်းယွီ: "တကယ့်ကို မောက်မာလွန်းတာ"

"ဟုတ်ပ..."

ချန်ချင်းယွီ ပြောနေစဉ်မှာပင်၊ ကွမ်ထင်းထင်းသည် တံခါးကို ခိုးဖွင့်ကာ ထွက်လာပြီး၊ ရဲအရာရှိအချို့၏ နောက်ကွယ်တွင် သွားရပ်နေသည်ကို မြင်လိုက်ရသည်။ သူမသည် မချိတင်ကဲပုံစံဖြင့်

"ဒီလူတွေက တကယ်ကို လွန်လွန်းပါတယ်၊ ရောက်လာတာနဲ့ ရိုက်နှက်ဖျက်ဆီးကြတာ၊ အရှိကိုအရှိအတိုင်း လုံးဝ ထည့်မတွက်ကြဘူး၊ ကျွန်မယောက္ခမက ရှုပ်ပွေနေပါတယ်လို့ လျှောက်ပြောနေကြတာ… ဒါပေမဲ့ ကျွန်မတို့ကတော့ မမြင်မိပါဘူး၊ ဘယ်သူသိမှာလဲ သူတို့ မတရားစွပ်စွဲနေတာလားဆိုတာ… ပြီးတော့ ဒါက ကျွန်မယောက်ျားနဲ့ကော ဘာဆိုင်လို့လဲ၊ သူက ဒါတွေအားလုံးကို သိနေလို့လား... ပြီးတော့ ကျွန်မယောက္ခထီးကြီးလည်း ပါသေးတယ်၊ သူလည်းပဲ နစ်နာသူတစ်ယောက်ပဲလေ"

"ရတယ်၊ စိတ်မပူနဲ့၊ ကျွန်တော်တို့ ရှိတယ်၊ ဘယ်သူ့ကိုမှ လာပြီး မောက်မာရိုင်းစိုင်းခွင့် မပေးဘူး၊ ဘာပဲဖြစ်ဖြစ် လူကို ရိုက်နှက်တာကတော့ မှားတာပဲ"

ရဲအရာရှိအချို့သည် ကွမ်ထင်းထင်းကို သူတို့၏နောက်ကွယ်တွင် ကာကွယ်ပေးထားလိုက်ကြသည်။

ကွမ်ထင်းထင်း ယခင်၌ သူတို့၏ ဌာနခွဲတွင် အလုပ်လုပ်ခဲ့ဖူးပြီး၊ ဤနွေရာသီမှ စက်ရုံ (စက်မှုစက်ရုံ) သို့ ပြောင်းသွားခဲ့သဖြင့် သူတို့အားလုံးနှင့် ရင်းနှီးကြ၏။ ထို့ကြောင့် သူတို့သည် သဘာဝအတိုင်း ကွမ်ထင်းထင်းဘက်မှ ကာကွယ်ပေးကြခြင်း ဖြစ်သည်၊ တစ်ဖက်မှာလည်း အာဏာပြပြီး မောက်မာရိုင်းစိုင်းနေသူများဖြစ်ပြီး၊ အခြားတစ်ဖက်မှာမူ မိမိတို့ကိုယ်တိုင် သိကျွမ်းသော လူဖြစ်နေသဖြင့်၊ မည်သူမဆို ထိုလူများကို လူကောင်းမဟုတ်ဟု ထင်ကြမည်သာ။

"ဒီကောင်မစုတ်လေး၊ နင်က တိုင်တန်းရဲသေးတယ်ပေါ့..."

အဘွားကြီးလျန် ရုတ်တရက်ကြီး ရှေ့သို့ ပြေးဝင်ကာ လူကို ကုတ်ဖဲ့ရန် ကြိုးစားတော့သည်။

သို့သော်လည်း ရဲအရာရှိများသည်လည်း အညံ့ခံမည့်သူများ မဟုတ်သဖြင့်၊ လူကို ခပ်မြန်မြန်ပင် တွန်းထုတ်လိုက်ရာ၊ အဘွားကြီးလျန်မှာ နောက်သို့ ယိုင်ထွက်သွားပြီး ဒေါသတကြီးဖြင့် ဆဲဆိုတော့၏။

"နင်တို့က ငါ့ကိုတောင် တွန်းရဲတယ်ပေါ့... ရိုက်ကြစမ်း..."

ဝိုင်းအုံကြည့်နေသော လူထု: “သောက်ကျိုးနည်း..”

"အမေရေ... ဒီမိန်းမကြီးက ရူးသွားပြီလား... ရဲအရာရှိတွေကိုတောင် ပြန်ရိုက်ခိုင်းနေတယ်တုန်း"

"သူက တကယ်ကို မောက်မာလွန်းတယ်၊ တကယ်ကို ရူးနေတာပဲ..."

"ဒီအဘွားကြီးက ဘာလုပ်တဲ့သူလဲဗျာ... ဘာလို့ ဒီလောက်တောင် အသိဉာဏ်မဲ့ စိတ်ရိုင်းဝင်နေရတာလဲ... တရားဥပဒေဆိုတာကော ရှိသေးရဲ့လား..."

လူတိုင်း ဝေဖန်ပြောဆိုနေကြစဉ်မှာပင်၊ အဘွားကြီးလျန် ထပ်မံ၍ ရှေ့သို့ ပြေးဝင်သွားရာ၊ ဖြစ်ရပ်တစ်ခုလုံး ရုတ်တရက်ကြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။

"ခင်ဗျားတို့ မြန်မြန်ရပ်ကြစမ်း၊ မဟုတ်ရင် ကျွန်တော်တို့ အားနာနေမှာ မဟုတ်ဘူး၊ အကုန်လုံးကို ဖမ်းချုပ်ပစ်မယ်"

"သွားစမ်း၊ အဘွားကြီး ငါက နင်တို့ကို ကြောက်ရမလား... ငါတို့မိသားစုက သာမန်လူတွေ မဟုတ်ဘူး"

ဤမိသားစုသည် မောက်မာလွန်းသဖြင့် ရဲကိုပင် မကြောက်ကြပေ။

မာကျန်း နောက်သို့ လှည့်ကာ မိမိအိမ်မှ မီးကို ပိတ်ပစ်လိုက်၏။

ချိုက်မင်မင်: "ဟေး၊ ရှင် ဘာလုပ်တာလဲ..."

မာကျန်း : "ဘာလို့ သူတို့အတွက် မီးလင်းပေးထားရမှာလဲ... မှောင်မှောင်မဲမဲထဲမှာပဲ ချကြတာပေါ့"

ယနေ့ညတွင် လမင်း၏ အလင်းရောင်သည် အနည်းငယ်မျှပင် မရှိပေ။ မီးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းသွားကာ ရန်သူနှင့် မိတ်ဆွေကိုပင် ခွဲခြား၍ မရတော့ပေ။ မဟုတ်လျှင် အဘွားကြီးလျန်၏ လူစုကြီးသည် ရဲအရာရှိအနည်းငယ်ကို ဝိုင်းရိုက်ကြပါက၊ ရဲများ မည်မျှပင် တော်သည်ဖြစ်စေ၊ အင်အားချင်းမမျှဘဲ အရှုံးပေးရပေလိမ့်မည်။ သူသည် တစ်ဖက်တစ်လမ်းမှ ကူညီပေးလိုက်ခြင်း ဖြစ်၏။

ချန်ချင်းယွီ ခဏမျှ စဉ်းစားပြီးနောက်၊ တံခါးဝသို့ တန်းတန်းမတ်မတ် သွားကာ လှမ်းအော်လိုက်လေသည်။

"မီးပိတ်ကြ၊ မီးပိတ်ကြ၊ သူတို့ မှောင်မှောင်မဲမဲထဲမှာ ဘာမှမမြင်ရရင် မချကြတော့ဘူး"

သူမကတော့ တကယ်ကို စေတနာကောင်းလိုက်တာ… ဟိဟိ..

လူတိုင်း ဤစကားကို ရုတ်တရက် ကြားလိုက်ရသောအခါ ယုတ္တိရှိသည်ဟု ထင်မှတ်သွားကြလေ၏။

အလယ်ဝင်းရှိ မီးလုံးများက တစ်လုံးပြီးတစ်လုံး ငြိမ်းသွားခဲ့တော့သည်။

"မချကြနဲ့တော့၊ မချကြနဲ့တော့... ခင်ဗျားတို့ မြန်မြန် ရပ်ကြပါတော့..."

"စကားကို အေးအေးဆေးဆေး ပြောကြပါဦး..."

"အားလုံးပဲ ရပ်ကြပါ၊ ကိစ္စကြီးသွားရင် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်... မြန်မြန် ရပ်ကြပါတော့..."

...

အဖြစ်အပျက်သည် တစ်ဖန်ပြန်၍ ရုန်းရင်းဆန်ခတ် ဖြစ်သွားပြန်ကာ ဆူညံပွက်လောရိုက်နေတော့သည်။

ချန်ချင်းယွီသည် တံခါးဝတွင် ရပ်နေခဲ့ပြီး ကိုယ်တိုင် ဝင်မပါပေ၊ သို့သော် အလယ်ဝင်းရှိ လူအားလုံးမီးပိတ်လိုက်ကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် အမှောင်ထုကြီး ဖုံးလွှမ်းသွား၏။ အကယ်၍ လူတိုင်း အပြင်ဘက် မှောင်မှောင်မဲမဲထဲတွင် မူလကတည်းက ရှိနေခဲ့လျှင် မျက်စိမှာ ကျင့်သားရနေမည် ဖြစ်သည်။ သို့သော် စောစောပိုင်းမှသာ အိမ်တိုင်းအိမ်တိုင်း မီးဖွင့်ထားကြသဖြင့် အလယ်ဝင်းတစ်ခုလုံး အတော်လေး လင်းထိန်နေခဲ့ရာမှ၊ မီးကို ဖျက်ကနဲ ပိတ်လိုက်သောအခါ မျက်စိသည် ချက်ချင်း ကျင့်သားမရသေးဘဲ ဖြစ်သွားရ၏။

ဘယ်သူက ဘယ်သူမှန်း တစ်ယောက်မှ သေသေချာချာ မမြင်ရတော့ပေ။

"အား... ဘယ်သူ ငါ့ဆံပင်ကို လာဆွဲတာလဲ..."

"အား... ဘယ်သူ ငါ့တင်ပါးကို လာကန်တာလဲ..."

လူစုကြီးမှာ အမှောင်ထဲတွင် ရောထွေးပြီး ရိုက်နှက်နေကြရာ၊ ဝင်းထဲမှလူများမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဒီလိုရက်ထူးနေ့မြတ်ကြီးမှာ ဘာကိစ္စရှိလို့ သူတို့ဝင်းထဲအထိ လာပြီး ရိုက်နှက်ပွဲဆင်နွှဲနေကြတာလဲ...

သူတို့ဝင်းက ဘယ်လိုကုသိုလ်ကံမျိုး ရှိလို့ တိုက်ပွဲကွင်းပြင် ဖြစ်လာရတာလဲ... ကျောက်ရုံကတော့ တကယ်ကို စွမ်းနိုင်လွန်းတယ်၊ ဒီလောက် လူအများကြီးကို ဆွဲခေါ်လာရဲတာ၊ ရူးနေတာပဲ…

ဒါပေမဲ့လည်း...

အဘွားကြီးကျောက်မှာ ကျောက်ရုံကို စိုက်ကြည့်နေခဲ့၏။ မှောင်နေသည်ဆိုသော်လည်း သူမသည် ကျောက်ရုံကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သဖြင့် သူမရှိမည့် နေရာအကြမ်းဖျင်းကို သိနေလေသည်။ အဖြစ်အပျက် တစ်ခုလုံး ရှုပ်ယှက်ခတ်နေပြီး လူတိုင်း တိုက်စစ်ဆင်သူကဆင်၊ ခုခံသူကခုခံ၊ ရှောင်ကွင်းသူကရှောင်နှင့် ပွက်ပွက်ညံကာ ရှုပ်ထွေးနေ၏။

ဆိုရလျှင် အကုန်လုံး ရှုပ်ထွေးနေစဉ်မှာပင်၊ အဘွားကြီးကျောက်သည် အခြားသူများ မမြင်ခိုက်တွင် ထိုနေရာသို့ တိုးကပ်သွားပြီး၊ ခြေထောက်ကို မြှောက်ကာ အားပြင်းပြင်းဖြင့် လှမ်းကန်လိုက်တော့သည်... ဟိန့်...

"အား..."

စူးရှလှသော အော်ဟစ်သံကြီးတစ်သံ ပေါ်ထွက်လာ၏။

မခံမရပ်နိုင်ဖြစ်ပြီး အသည်းခိုက်မတတ် အော်လိုက်သည့် အသံကြီး...

အဘွားကြီးကျောက်: "..."

သေစမ်း…သူမ လူမှားကန်မိသွားပြီ..

သူမ... သူမက ကျောက်ရုံကို ကန်ချင်ခဲ့တာလေ…

ဘယ်သူက ကျောက်ရုံရဲ့ ရှေ့မှာ လာခံပေးနေတာလဲ...

ဒါပေမဲ့ ဒီအသံက... ဒီအသံက သိပ်ပြီး ရင်းနှီးတဲ့အသံတော့ မဟုတ်ဘူး၊ သူတို့ဝင်းထဲက လူ ဟုတ်ပုံရဘူး…

အဘွားကြီးကျောက်သည် ချက်ချင်းပင် မြွေလိမ်မြွေကောက် ပုံစံဖြင့် ခပ်မြန်မြန် ဆုတ်ခွာကာ အဝေးသို့ ရှောင်ထွက်သွားသည်၊ အဖမ်းခံရမှာ စိုးရသည်မဟုတ်လော့…

အားးး...

ပေါ့ဆသွားမိပြီ...

ကျွမ်းကျင်သူလည်း တစ်ခါတလေ မှားတတ်သည်ဟူသကဲ့သို့ သူမ လူမှားကန်မိသွားလေပြီ…

မြန်မြန်ပြေးမှ...

အဘွားကြီးကျောက်သည် ခဏလေးအတွင်းမှာပင် စတုတ္ထခြံဝင်း၏ လမ်းဆီသို့ ရောက်သွားကာ နံရံထောင့်တွင် ကပ်ပုန်းနေလိုက်၏။

ဟဲဟဲ၊ သူမက ဒီမှာ ရှိနေတာဆိုတော့ အဲ့ကိစ္စနှင့် သူမနှင့် ဘာမှမဆိုင်တော့တာ သေချာပေါ့…

"အားးး... ငါ သေတော့မယ်... အားးး..."

ယခုအထိ လူတိုင်းသည် ထိုအော်သံပိုင်ရှင်မှာ ဘယ်သူလဲဆိုသည်ကို မခွဲခြားနိုင်ကြသေးပေ။

အသံသည် တကယ်ကို စိမ်းသက်လွန်းလှပြီး၊ သူတို့ဝင်းထဲရှိ လူမဟုတ်သည်မှာ အသေအချာပင် ဖြစ်သည်။

"ကယ်ကြပါဦး..."

"အဖေ၊ အဖေ၊ အဖေ ဘာဖြစ်လို့လဲ... အဖေ ဘယ်မှာလဲ... အဆင်ပြေရဲ့လား..."

"အဆင်ပြေစရာလား... နင့်အဖေက အသေးအဖွဲကိစ္စလေးကိုပဲ ရောဂါမရှိဘဲ ညည်းပြနေတာ၊ ငါ မသိဘူးမှတ်လို့လား... သူက ဟန်ဆောင်ရာမှာ အတော်ဆုံး၊ ဒါက ဟိုမြေခွေးမ (မြူဆွယ်တဲ့မိန်းမ) အတွက် တမင်တကာ သနားစရာကောင်းအောင် လုပ်ပြနေတာ… ဘာလဲ၊ နင်က နာကျင်ဟန်ဆောင်ပြရင် ငါတို့က လက်လွှတ်လိုက်မယ် ထင်နေတာလား... စိတ်ကူးယဉ်မနေနဲ့... ငါ နင့်အကြောင်း မသိဘူးမှတ်လို့လား... ဒီလိုအချိန်မျိုးမှာတောင် နင်က ဟိုမြေခွေးမဘက်က ကာကွယ်ပေးနေသေးတယ်..."

အစကတည်းက လူတိုင်းသည် လူမှုရေး ပြဿနာ ရှိနေခြင်းကိုလည်း မဝန်ခံကြသလို၊ လူစုလူဝေးဖြင့် ရိုက်နှက်မှုကိုလည်း မဝန်ခံဘဲ ဤအတိုင်း အပေါ်ယံ ဖုံးဖိကျော်ဖြတ်ချင်ကြခြင်း ဖြစ်သည်။ သို့သော် ကိစ္စသည် ဤမျှအထိ ကြီးကျယ်သွားပြီဖြစ်ရာ၊ ရဲစခန်းသို့ သွားပြီး ထွက်ဆိုချက်ပေးရမည်မှာလည်း သဘာဝကျပေသည်။ သို့သော် အဘွားကြီးလျန်မှာ မောက်မာလွန်းလှသဖြင့် ယင်းကို လုံးဝ မလိုလားပေ၊ ယခုမူ ပြဿနာများ ပိုကြီးကျယ်ကာ အပြန်အလှန် ငြင်းခုံရင်းနှင့် ကိစ္စသည် လုံးဝကို အကြီးအကျယ် ဖြစ်သွားခဲ့ရ၏။

သို့သော်လည်း အဘွားကြီးလျန်သည် မိမိတို့မိသားစုတွင် အရှိန်အဝါရှိသည်ဟု ထင်မှတ်ထားသဖြင့် သူတို့ကို နည်းနည်းမှ မကြောက်ပေ။

သူမက ဘယ်တုန်းက ဒီလို အရှုံးပေးဖူးလို့လဲ...

ထို့ကြောင့် ငြိမ်ငြိမ်နေလိမ့်မည် မဟုတ်ပေ။

"ရိုက်ကြစမ်း... ရဲဆိုရင်ကော ဘာဖြစ်လဲ၊ ငါ မကြောက်ဘူး..."

ဒီမိန်းမကြီးကတော့ တကယ်ကို ရူးနေပြီ…

ချန်ချင်းယွီတို့ အားလုံးသည် ရဲအရာရှိရဲဘော်အချို့ကို အလွန်ပင် သနားမိကြသည်၊ သေလောက်အောင် အေးစိမ့်လှသော ဆောင်းတွင်းကြီး၏ သန်းခေါင်ယံအချိန်တွင် ယခုလို အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းဆိုးကို လာရောက်ကိုင်တွယ်ရရုံမက၊ ရူးသွပ်နေသော မိန်းမကြီးနှင့်တွေ့၍ အရိုက်ပါ ခံနေရသေးသည်။ သူတို့ တကယ်ကို သနားစရာ ကောင်းလှ၏။

အကယ်၍ သူမသာ မာအိမ်တွင် ရှိမနေခဲ့လျှင် အပြင်ထွက်၍ ကူညီပေးမိမှာ သေချာသည်။

ယခုမူ ချိုက်မင်မင်သည် သူမကို ဆွဲထားပြီး မာကျန်းလည်း ရှိနေသဖြင့် သူမ လှုပ်ရှားဖို့ မလွယ်ကူတော့ပေ။

တကယ်ပါပဲ၊ သူမကတော့ တရားမျှတမှုအတွက် သတ္တိရှိရှိ ကူညီပေးချင်ပါတယ်… ဒါပေမဲ့…

ဟူးးး...

ချန်ချင်းယွီသည် မိမိကိုယ်တိုင် ချက်ချင်းပင် ရှေ့သို့ ပြေးထွက်ကာ အလင်းပြခွင့် (စွမ်းဆောင်ခွင့်) မရသည့်အတွက် အလွန်ပင် နှမြောမိပြီး၊ မှောင်မှောင်မဲမဲထဲတွင် သူတို့ မျက်စိကန်းကာ မိမိတို့အချင်းချင်း ပြန်ရိုက်မိကြပါစေဟုသာ စိတ်ထဲမှ ဆုတောင်းနေမိ၏။

သို့သော်လည်း မီးပိတ်ခါစ ယခုအချိန်သည် အကောင်းဆုံးဖြစ်ပြီး၊ ခဏလောက် စောင့်လိုက်၍ မျက်စိသည် အမှောင်ထဲတွင် ကျင့်သားရသွားလျှင် ရန်သူနှင့် မိတ်ဆွေကို ခွဲခြားနိုင်လိမ့်မည်ဖြစ်ကြောင်း သူမ သိသည်။

ချန်ချင်းယွီ ခဏမျှ စဉ်းစားပြီးနောက် လှမ်းအော်လိုက်ကာ

"ရဲတွေကို သွားခေါ်ကြဦးလေ... ပြဿနာအကြီးအကျယ် တက်တော့မယ်၊ မြန်မြန် လူသွားခေါ်ကြဦး... ~"

"အား... သူတို့ကိုယ်တိုင်က ရဲတွေလေ"

ချန်ချင်းယွီ : "ပိုပြီး အများကြီး သွားခေါ်ခိုင်းတာလေ၊ မဟုတ်ရင် လူသေမှု ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ"

"ဟုတ်တယ်၊ ဟုတ်ပ၊ ဟုတ်တယ်..."

ဤလူများသည် ရူးသွပ်လွန်းသဖြင့် ရဲကိုပင် ပြန်ရိုက်နေကြရာ၊ အကယ်၍ သူတို့ဝင်းထဲတွင် ပြဿနာတစ်ခုခု တက်သွားပါက သူတို့အားလုံးပါ အမှုပတ်ကုန်ကြမည် ဖြစ်၏။ မာကျန့်ယီ အရင်ဆုံး သဘောပေါက်သွားကာ လှမ်းအော်၍

"သားကြီး၊ သားကြီး၊ မင်း ရဲတွေကို ထပ်သွားခေါ်ချေ၊ မြန်မြန်သွား..."

မာကျန်း : "ဟုတ်ကဲ့..."

သူသည် ဂွမ်းကပ်အင်္ကျီကို ခပ်မြန်မြန် ပြန်ဝတ်လိုက်ရင်း မှာကြားကာ

"အပြင်မှာ ရှုပ်နေပြီ၊ မင်းတို့ အပြင်မထွက်နဲ့၊ အင်း... ရှောင်ချန်၊ ငါ့မိန်းမကို ကူညီပြီး ဂရုစိုက်ပေးပါဦး… ကျေးဇူးတင်ပါတယ်ဗျာ..."

ချိုက်မင်မင်မှာ စိတ်ဆိုးသလိုပုံစံဖြင့်

"ရှင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျွန်မကို ဘယ်သူက ဂရုစိုက်ပေးဖို့ လိုလို့လဲ။ ရှင်သာ လမ်းမှာ သတိထားပါ၊ သေသေချာချာ သတိထားနော်"

မာကျန်း ခေါင်းငြိမ့်ပြကာ ထပ်မပြောတော့ဘဲ အိမ်ပြင်သို့ ခပ်မြန်မြန် ထွက်သွားခဲ့သည်၊ ဖခင်ဖြစ်သူသူ့ကို သွားခိုင်းသည့် အဓိပ္ပာယ်ကို သူ သိ၏။ အခြားသူကို သွားခိုင်းလျှင် စကားအဖြစ်အပျက်ကို သေသေချာချာ ရှင်းပြနိုင်လိမ့်မည် မထင်သောကြောင့်ပင်၊ ထိုသို့မဟုတ်ပါက ဟူလုညီအစ်မများ အဘိုးကို ကယ်တင်သကဲ့သို့ (တစ်ယောက်ပြီးတစ်ယောက် လာပြီး ထောင်ချောက်ထဲ သက်ဆင်းသကဲ့သို့) ဖြစ်သွားပေလိမ့်မည်။ သူ ကိုယ်တိုင်သွားမှသာ အခြေအနေကို သေသေချာချာ ရှင်းပြနိုင်မည် ဖြစ်၏။

မာကျန်း ပြေးထွက်သွားစဉ်မှာပင် ရွှီကောင်းမင်၏ အိမ်မှ တတိယမြောက်သားလေးနှင့် ကွက်တိ တိုးမိသွားသဖြင့် သူ့ကို လှမ်းဆွဲကာ

"မင်း ငါနဲ့အတူ လိုက်ခဲ့၊ ငါတို့ နှစ်ယောက် အဖော်ရတာပေါ့၊ ပိုပြီး စိတ်ချရတယ်"

"ရတာပေါ့..."

ဤကဲ့သို့သော အချိန်မျိုးတွင်၊ သာမန်လူတစ်ယောက် ဖြစ်နေသရွေ့ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

ဒါက သူတို့ဝင်းတစ်ခုလုံးရဲ့ ကိစ္စကြီးလေ၊ သူတို့ကတော့... တကယ်ကို အပြစ်ကင်းတဲ့သူတွေပါ…

မာကျန်း ထွက်သွားပြီးနောက်၊ ချိုက်မင်မင် တိုးတိုးရေရွတ်ကာ

"ဒီမာကျန်းကတော့၊ ငါက ဘယ်မှာ သူများ ဂရုစိုက်တာကို ခံဖို့ လိုလို့လဲ၊ ရှောင်ချန်... နင် သူ့စကားကို နားမထောင်နဲ့၊ ငါကပဲ နင့်ကို ဂရုစိုက်ပေးမယ်"

ချန်ချင်းယွီသည် ယခုလိုအချိန်မျိုးတွင် ပြုံးလိုက်မိပြီး

"အစ်မတို့ ဇနီးမောင်နှံက သံယောဇဉ် တကယ်ကြီးတာပဲ"

ဝင်းထဲရှိလူမှားသည် ချိုကမမင်မင်၏ အပြစ်အနာအဆာများကို အမြဲ လျှောက်ပြောတတ်ကြသော်လည်း၊ မာကျန်း၏ စိတ်ထဲတွင်မူ ချိုက်မင်မင်သည် အကောင်းဆုံး ဖြစ်နေသည်သာ…

ချိုက်မင်မင် မျက်နှာလေး အနည်းငယ် နီမြန်းသွားဆလသည်။ သူမသည် ပွင့်လင်းရိုးရှင်းသော စရိုက်ရှိသူဖြစ်သော်လည်း၊ မာကျန်းနှင့် ပတ်သက်လာလျှင်မူ ရှက်သွေးဖြန်းသွားရမြဲ ဖြစ်၏။

ယောက်ျားရင့်မကြီး မျက်ရည်ကျလောက်တဲ့အထိ ရှက်သွေးဖြန်းတာမျိုးပေါ့…

ချန်ချင်းယွီ: "..."

သို့သော်လည်း သူမက ချက်ချင်းပင် ခပ်ဖွဖွလေး ပြန်ပြုံးလိုက်မိသည်၊ တကယ်တမ်း မထူးဆန်းပေ…

သူမ ကိုယ်တိုင်လည်း ချိုက်မင်မင်နှင့် ပေါင်းသင်းရသည်မှာ အလွန် စိတ်သက်သာရာရသည်မဟုတ်လော။ အကယ်၍ သူမသာ အမျိုးသားရဲဘော်တစ်ဦး ဖြစ်ခဲ့လျှင်လည်း ယခုလို စရိုက်မျိုးရှိသူကို သဘောကျမိမှာ အသေအချာပင်။

ချန်ချင်းယွီ ရယ်မောပြီးနောက်

"ဟေး၊ ဒါနဲ့ ကျွန်မယောက္ခမကော..."

"အာ... နင့် ယောက္ခမလား..."

ချန်ချင်းယွီ: "ဟုတ်တယ်လေ။"

မာကျန်း မရှိတော့သော်လည်း ချန်ချင်းယွီသည် ချိုက်မင်မင်ကို စိုးရိမ်မနေပေ၊ ချိုက်မင်မင်သည် ထူးထူးခြားခြား လှည့်ကွက်များ သုံးတတ်သူ မဟုတ်၍ စိုးရိမ်စရာ မရှိပေ။

ချန်ချင်းယွီ: "ကျွန်မယောက္ခမ ပျောက်နေတယ်၊ မဖြစ်ဘူး၊ အပြင်ထွက်ပြီး သွားရှာလိုက်ဦးမယ်၊ ရိုက်ပွဲက ရှုပ်နေတော့ သူပါ အမှုပတ်သွားမှာ စိုးလို့"

"အာ၊ သူတို့က ဒီလောက် ကြမ်းနေတာ၊ နင် ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ..."

"ဘာမှမဖြစ်ပါဘူး..."

ချန်ချင်းယွီက ချိုက်မင်မင်ကို လှမ်းဖိထားရင်း

"အစ်မ အပြင်မထွက်နဲ့၊ ကျွန်မ သွားကြည့်လိုက်မယ်"

စကားပြောရင်းနှင့် အပြင်သို့ ပြေးထွက်သွားတော့သည်။

"အမေ... အမေ... ~"

ပါးစပ်ကလည်း လှမ်းအော်ရင်းပေါ့လေ…

စိုးရိမ်တကြီးဖြင့် တကြော်ကြော်အော်ကာ

"အမေ ဘာမှမဖြစ်ဘူးမဟုတ်လား..."

အဘွားကြီးကျောက်: "ငါ ဘာမှမဖြစ်ဘူး..."

သူမ ပြန်လှမ်းအော်ကာ

"ဘုရားရေ... ဒီလူတွေ ရိုက်နေကြတာ ရူးနေပြီ၊ ညည်း ဒီဘက်ကို လာမနေနဲ့၊ ငြိမ်ငြိမ်လေးပဲ ပုန်းနေစမ်း"

ချန်ချင်းယွီ: "ဟုတ်ကဲ့ပါ... အမေလည်း သတိထားဦးနော်..."

ချန်ချင်းယွီသည် ယခုအခါ အပြင်သို့ ရောက်နေပြီဖြစ်ပြီး၊ အဘွားကြီးလျန်တစ်ယောက် ယင်ကိုးပါးအရိုးဖောက် လက်သည်းကို ဝှေ့ယမ်းလျက် ဟိုပြေးဒီပြေး လုပ်နေသည်ကို မြင်လိုက်ရသဖြင့် ခြေထောက်ကို မြှောက်ကာ တမင်တကာ လှမ်းခံလိုက်၍ မိမိကိုယ်တိုင်မူ လူအုပ်ကို ရှောင်ကွင်းလိုက်ရာ...

ဖျတ်...

"အား..."

အဘွားကြီးလျန်သည် ကျောက်ရုံ၏ ရှေ့တည့်တည့်သို့ မှောက်လျက်လဲကျသွားခဲ့ပြီး၊ ကျောက်ရုံသည်လည်း နည်းနည်းမှ တွေဝေမနေဘဲ လက်ကို မြှောက်ကာ ပါးစပ်ပိတ်လောက်မည့် ပါးရိုက်ချက်ကြီးတစ်ချက် ကျွေးလိုက်တော့သည်...

ကျောက်ရုံလည်း သိ၏။ ဤအဘွားကြီးသည် ဘယ်လိုနည်းနဲ့မှ မိမိကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ၊ သူသည်ပင် ဤမျှအထိ လက်ပါလာပြီဖြစ်ရာ၊ မိမိမှာ အဘယ်ကြောင့် အောင့်အည်းသည်းခံနေရမည်နည်း...

ဖြန်း ဖြန်း ဖြန်း...

ဆက်တိုက်ပင် ပါးပိတ်ရိုက်ချက် သုံးချက်ဆင့် လွှဲရိုက်လိုက်၏။

"အား... ငါ့ရဲ့ သွားတု (အံကပ်) တွေ ထွက်ကုန်ပြီ... ညည်းလို ဖာသည်မစုတ်..."

ကျောက်ရုံသည် ထိုအဘွားကြီးကို ဆံပင်ကောက်ဆွဲကာ ဦးအောင် လက်ဦးမှုယူပြီး ရူးသွပ်မတတ် ကုတ်ဖဲ့တော့သည်။

သူမသည်လည်း ရက်စက်တတ်သူဖြစ်ရာ၊ လူကို ရိုက်နှက်သော်လည်း အသံတစ်ချက်မှ မထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နှင့် အသေသတ်ခြင်း ဖြစ်သည်...

ကျောက်ရုံသည် လူကို ကုတ်ဖဲ့ရုံတင်မကသေးဘဲ၊ အဘွားကြီးလျန်၏ အဝတ်အစားများကိုပါ တိတ်တဆိတ် ဆွဲဖြဲပစ်ကာ တစ်ချက်ပြီးတစ်ချက် အားရပါးရ ကုတ်ဖဲ့နေသည်မှာ အလွန်ပင် ရက်စက်ကောက်ကျစ်လှပေ၏။

ချန်ချင်းယွီသည် မနီးမဝေးမှ ဤမြင်ကွင်းကို ကြည့်ကာ မျက်နှာပျက်သွားရသည်~~

ဘုရားရေ... ကျောက်ရုံကတော့ တကယ့် မျက်နှာဖုံးအစစ် ပေါ်လာပြီပဲ..

သို့သော်လည်း ချန်ချင်းယွီသည် အဘွားကြီးလျန်ကိုလည်း သနားမနေပေ။

ခွေးအချင်းချင်း ကိုက်ကြတာပဲလေ...

ဒီလို အာဏာအနည်းငယ် ရှိတာကို အမှီပြုပြီး မောက်မာရိုင်းစိုင်းပြနေတဲ့သူတွေက၊ ပုံမှန်အားဖြင့် သာမန်အရပ်သားပြည်သူတွေကိုပဲ ဖိနှိပ်တတ်ကြတာ…

ချန်ချင်းယွီ ကိုယ်တိုင်လည်း သာမန်အရပ်သားတစ်ဦးဖြစ်ရာ၊ အလိုလို စောက်မြင်ကပ်နေ၏။

အရိုက်ခံရတာ ထိုက်တန်ပါဘိ…

ချန်ချင်းယွီသည် ကိုယ်ကိုတစ်ပတ်လှည့်ကြည့်လိုက်ရာ အဘွားကြီးလျန်ဘက်မှ အသန်မာဆုံးလူကြီးတစ်ဦးမှာ အခြားလူအချို့ကို ဦးဆောင်ပြီး ရဲအရာရှိကို ဝိုင်းရိုက်နေသည်ကို မြင်လိုက်ရသည်။ ချန်ချင်းယွီသည် ခြေချော်လဲသလိုမျိုး ဟန်ဆောင်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် လူအုပ်ကြား နင်းမိမှာစိုးသဖြင့် အမြန်ပင် ပြန်လည်လူးလဲထဟန်ပြုလိုက်၏။

ထိုသို့ထလိုက်စဉ် အခွင့်ကောင်းယူကာ ကျောက်ခဲသေးသေးလေးများကို တစ်ဆုပ်စာမျှ လှမ်းကောက်လိုက်လေသည်။

ထို့နောက် လူအုပ်ထူထပ်ပြီး ရှုပ်ယှက်ခတ်နေသော ထောင့်တစ်နေရာကို ရှာကာ ကျောက်ခဲမိုးရွာသွန်းခြင်း အစီအစဉ်ကို စတင်

လိုက်တော့၏...

ကျောက်ခဲမိုးရွာချလိုက်စို့...

ဗုန်း ဗုန်း ဗုန်း...

မောက်မာရိုင်းစိုင်းနေသော ထိုလူအချို့သည် သူတို့၏ ဒူးခေါင်းနောက်များဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ဝုန်းကနဲ မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။

"အား..."

"ဘယ်ကောင် ငါ့ကို လာထုတာလဲ..."

မြင်ကွင်းမှာ ပရမ်းပတာ ဖြစ်သွားတော့သည်။ ရဲအရာရှိအချို့လည်း ဝင်ပါလာပြီး သူတို့၏ လက်နက်များဖြင့် အချက် အနည်းငယ် လှမ်းရိုက်နှက်ကြ၏။

ထိုလူမိုက်ခေါင်းဆောင်၏ အော်ဟစ်သံကြီး သိပ်မပြင်းထန်သေးခင်မှာပင်၊ အဘွားကြီးလျန်သည် ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ

“ကျောက်ရုံ၊ နင်လို ဖာသည်မစုတ်၊ နင်က ငါ့ကိုတောင် ရိုက်ရဲတယ်ပေါ့..."

အဘွားကြီးလျန်နှင့် အခြားမိန်းမအချို့သည် အတင်းပြေးဝင်လာပြီး ကျောက်ရုံကို ဝိုင်းဝန်းရိုက်နှက်ကြလေ၏။

ချန်ချင်းယွီ: "..."

သူမ လက်တစ်ချောင်းမှပင် မလှုပ်လိုက်ရဘဲ ကျောက်ရုံမှာ ယခုလို အခြေအနေမျိုး ဖြစ်သွားရသည်။

မဆိုးပါဘူး…

တကယ်ကို ရှုပ်ယှက်ခတ်နေတာပဲ…

ဝင်းထဲသို့ လာရောက်ကြည့်ရှုနေကြသော လူထုလည်း အနည်းနှင့်အများ ရိုက်ပွဲထဲ ပါဝင်ပတ်သက်ကုန်ကြသည်။ ကိစ္စအားလုံးသည် လုံးဝကို ပရမ်းပတာ ဖြစ်နေပြီဖြစ်ရာ ရှေ့မှလူ ဘယ်သူလဲဆိုသည်ကို မည်သူမျှ ဂရုမစိုက်နိုင်ကြတော့ပေ။ ချန်ချင်းယွီသည် သူမ၏ ယောက္ခမရှိရာဘက်သို့ သွားရန် လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်ခဲ့၏။

ဘာပဲဖြစ်ဖြစ် သူမက ယောက္ခမကို လာရှာတာလေ…

သူမ ယောက္ခမထံ မရောက်ခင်မှာပင် ကျန်းရှင်းဖှသည် သူမကို လာတိုက်လေသည်။ ချန်ချင်းယွီသည် ထိုလူ၏ အကြံအစည်ကို ချက်ချင်းရိပ်မိသွားသဖြင့်၊ ဘာမှမသိသလို ဟန်ဆောင်ကာ ခပ်မြန်မြန် ရှောင်လိုက်ပြီး အဘွားကြီးကျောက်၏ အနားသို့ တိုးကပ်သွားလိုက်၏။

ကျန်းရှင်းဖှသည် အရှိန်မထိန်းနိုင်ဘဲ နံရံကို ဝုန်းကနဲ ဝင်တိုက်မိသွားရှာသည်။

"အား..."

နောက်ထပ် အော်ဟစ်သံတစ်သံ ပေါ်ထွက်လာသော်လည်း ချန်ချင်းယွီ သူ့ကို လက်ဖျားနှင့်မျှ မထိလိုက်ရပေ…

သူမ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိသည်။

ဒီလူက လွန်ခဲ့တဲ့ လအနည်းငယ်က အဖြစ်အပျက်ပြီးကတည်းက တော်တော်လေး ငြိမ်ကုပ်သွားပြီး ပြဿနာမရှာရဲတော့ဘူး ထင်ရပေမဲ့၊ ခွေးမြီးကောက် ကျည်ထောက်စွပ် ဆိုသလိုပါပဲ… အခွင့်အရေးရရင်တော့ တစ်ခုခု ကြံစည်ဖို့ ကြိုးစားနေတုန်းပဲ…

ဒါက သေချာပေါက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ကိုယ်ထိလက်ရောက် စော်ကားဖို့ ကြိုးစားတာပဲ…

ဟဲဟဲ...

အိမ်မက်မက်နေလိုက်…

ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ အနားသို့ သွားကာ ဘေးသို့ ဆွဲခေါ်လိုက်ရင်း

"အမေ၊ အဆင်ပြေရဲ့လား..."

အဘွားကြီးကျောက် : "ငါ အဆင်ပြေတယ်..."

သူမ အစောပိုင်းတွင် လူတစ်ယောက်ကို ကန်ခဲ့သဖြင့် စိတ်ထဲတွင် မတင်မကျ ဖြစ်နေရ၏။ ထိုလူကို မည်မျှအထိ ထိခိုက်အောင် လုပ်မိသွားမှန်း သူမမသိပေ။ သူမသည် မူလက ကျောက်ရုံ၏ တင်ပါးကို ကန်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်၊ ထိုနေရာသည် အသားထူသဖြင့် အားပြင်းပြင်းကန်လျှင်ပင် ပြဿနာမရှိနိုင်ပေ။

ဒါပေမဲ့... ဒါပေမဲ့... ဘာဖြစ်လို့ ယောက်ျားကြီးတစ်ယောက်ကို သွားကန်မိမှန်း မသိတော့ဘူး…

အဲ့ဒီသနားစရာကောင်းသော အော်သံကြီးကတော့ဖြင့်...

ကြည့်ရတာ... ကြည့်ရတာ... ရှေ့ဘက်က အရေးကြီးတဲ့ နေရာကို ကန်မိသွားပုံရတယ်...

အကယ်၍ ဒါသာ အမှန်ဆိုရင်တော့... သူမ အဲ့ဒီကန်ချက်ကို အား တော်တော်ထည့်လိုက်မိတာပဲ...

ဘုရားရေ... သူမ ဆက်ပြီး မတွေးချင်တော့ဘူး...

အဲ့ဒီလူ မျိုးပွားလို့မရအောင် (အင်္ဂါချို့ယွင်းအောင်) ဖြစ်သွားမလား...

အာ... ဒါ သူမအပြစ်မဟုတ်ဘူး...

သူ့ဘာသာသူ သူမခြေထောက်အောက်ကို အတင်းတိုးဝင်လာလို့ပဲ...

ဟုတ်တယ်၊ ဒါ အဲ့ဒီလူ့အပြစ်ပဲ…

အဘွားကြီးကျောက်သည် မိမိကိုယ်ကိုယ် ဘယ်တော့မှ စိတ်ဆင်းရဲခံမည့်သူ မဟုတ်သဖြင့် ချက်ချင်းပင် စိတ်အေးသွားကာ

"ချွေးမ၊ ညည်းစောစောက ဘယ်ရောက်နေတာလဲ... ဘာလို့ ဒီလောက် ရှုပ်နေတဲ့ အပြင်ကို ထွက်လာရတာလဲ..."

ချန်ချင်းယွီက အဘွားကြီးကျောက်၏ လက်ကို ဆုပ်ကိုင်

လိုက်ရင်း

"အမေရယ်... ကျွန်မ အမေ့အတွက် စိုးရိမ်လို့ပါ"

အဘွားကြီးကျောက်: "..."

သူမ၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားကာ စိတ်ထဲမှ

"ညည်းက အခုပြဿနာကြီး ပိုပြီးမရှုပ်သေးဘူး ထင်လို့ ထွက်လာတာမလား... အမယ်လေး… ညည်းအကြောင်း ငါမသိရင်ခက်မယ်…"

အဘွားကြီးကျောက် ခပ်ဖွဖွရယ်မောလိုက်ပြီးနောက်၊ ကျန်းရှင်းဖှကို သတိရသွားကာ အသံတိုးတိုးဖြင့်

"ဟိုကောင်စုတ်က နင့်ကို ထပ်ပြီး အခွင့်ကောင်းယူဖို့ ကြိုးစားပြန်ပြီလား..."

ချန်ချင်းယွီ နှုတ်ခမ်းလေးစူကာ တိုးတိုးလေး ကပ်ပြော၍

"အမေ စောင့်ကြည့်နေ၊ ကျွန်မ သူ့ကို ပညာပေးလိုက်မယ်"

ချန်ချင်းယွီ တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက်

"ယောက္ခမ... ကျွန်မတို့ ဦးလေးမာတို့ အိမ်ထဲကို သွားရအောင်… အထဲမှာက ပိုပြီး စိတ်ချရတယ်၊ အပြင်မှာ လုံးဝကို ပရမ်းပတာ ဖြစ်နေပြီ..."

အပြင်ဘက်တွင် တကယ့်ကို ပရမ်းပတာ ဖြစ်နေခြင်းဖြစ်ပြီး ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ချန်ချင်းယွီ၏ မျက်စိသည် အမှောင်ထဲတွင် ကျင့်သားရသွားပြီဖြစ်ရာ အရာအားလုံးကို သေသေချာချာ မြင်နေရ၍ပင်။ တကယ်ကို ဖရိုဖရဲနေပြီး၊ အဘွားကြီးလျန် ခေါ်လာသော လူစုကြီးထဲတွင် အချင်းချင်း ပြန်ချနေကြသူများပင် ရှိနေသည်။ အင်း... တမင်တကာ လုပ်ကြခြင်း ဟုတ်ပုံမပေါ်ပေ။ မှောင်နေသဖြင့် သေသေချာချာ မမြင်ရဘဲ တစ်ဖက်လူသည် မိမိကို လာထိလျှင် သဘာဝအတိုင်း ပြန်လည်တုံ့ပြန်ရင်းနှင့် ရောထွေးကုန်ကြခြင်း ဖြစ်၏။

ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို ဦးဆောင်လျက် ဦးလေးမာတို့ အိမ်ဘက်သို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။ မိမိ နဖူးကို ကိုင်ကာ ညည်းတွားနေသော ကျန်းရှင်းဖှနှင့် အနည်းငယ် ဝေးကွာသွားသည်ကို မြင်သောအခါ၊ ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို ခပ်ဖွဖွလေး တွန်းလိုက်ပြီး၊ အဘွားကြီးကျောက်မှတစ်ဆင့် ကျန်းရှင်းဖှကို ဝင်တိုက်ပစ်လိုက်၏။

ကျန်းရှင်းဖှသည် ခြေလှမ်းများ တိုင်ပတ်ကာ ရှေ့သို့ ယိုင်ထိုးပြီး လဲကျသွားသည်။

ချန်ချင်းယွီ အဘွားကြီးကျောက်ကို ဆွဲလိုက်ရင်း

"ဘုရားရေ... သွားစို့ သွားစို့..."

ဤသည်မှာ သေးငယ်သော မတော်တဆမှုလေးတစ်ခုသာ ဖြစ်သော်လည်း၊ ကျန်းရှင်းဖှ၏ ယိုင်ထိုးလဲကျမှုသည် အဘွားကြီးလျန်ဘက်မှ ဗလကောင်းကောင်း ယောက်ျားကြီးကို သွားတိုက်မိလေ၏။

ဗုန်း...

ထိုလူကြီး ခမျာ မတ်တတ်ရပ်ရုံတင်ရှိသေး ကျန်းရှင်းဖှ ဝင်တိုက်လိုက်သဖြင့်၊ တစ်ယောက်ပြီးတစ်ယောက် ကွင်းဆက်လိုက်ကာ လူအချို့နှင့်အတူ မြေပြင်ပေါ်သို့ လဲကျကုန်ကြတော့သည်။

"အား..."

"အမေ-ိုးပဲ..."

"ဒါ ဘယ်ကောင်စုတ်လဲ..."

"မင်းလို ခွေးမသား... သူ့ကို ရိုက်ကြစမ်း..."

"ငါ မင်းကို အလွတ်မပေးဘူး..."

ဖြန်း ဖြန်း ဖြန်း... ဗုန်း ဗုန်း…

လက်သီးထိုးသံ၊ ပါးရိုက်သံများက လေထုထဲတွင် ဆူညံသွား၏။

"အား... ကယ်ကြပါဦး..."

"အားးး... ငါ တမင်တကာ တိုက်မိတာ မဟုတ်ပါဘူး၊ သူများက ငါ့ကို တွန်းလိုက်လို့..."

"တစ်ယောက်ယောက်က ငါ့ကိုတွန်းလို့ ကျုပ် ခင်ဗျားကို တိုက်မိတာပါ... ကျုပ် တမင်လုပ်တာ မဟုတ်ပါဘူး၊ ခွင့်လွှတ်ပါဦး... ကယ်ကြပါဦး... လူသတ်နေကြပြီဗျို့..."

"ငါ့သားလေး... ငါ့သားလေးကို ပြန်ပေးကြစမ်း၊ နင်တို့လို အသည်းမရှိတဲ့ လူယုတ်မာတွေ..."

အဘွားကြီးဟွမ် ရှေ့သို့ ပြေးဝင်လာသည်။ ပုံမှန်အချိန်တွင် ပါးစပ်ကသာ အငြင်းပွားတတ်သော သူမ၏ စရိုက်ကို ကြည့်ကာ အထင်မသေးပါက မှားမည်သာ… မိမိသားနှင့် ပတ်သက်လာလျှင်မူ အခြေအနေမှာ လုံးဝကွဲပြားသွားတတ်၏။

သူမသည် ရှေ့သို့ လှမ်းခုန်ကာ သူတို့ကို ကုတ်ဖဲ့သော်လည်း၊ အဘွားကြီးဟွမ် ထိုယောက်ျားကြီးများကို ဘယ်လိုမှ မယှဉ်နိုင်ပေ။ သူမသည် လွယ်လွယ်ကူကူပင် ဘေးသို့ တွန်းထုတ်ခံလိုက်ရပြီး ခြေထောက်နှင့်ပင် အကန်ခံလိုက်ရသေးသည်။

အဘွားကြီးဟွမ်သည် ဒေါသတကြီး တုန်ရင်နေရင်း

"ဒါက လွန်လွန်းတယ်... ဒါ တကယ်ကို လွန်လွန်းတယ်... ငါ နင်တို့နဲ့ အသေအလဲ ချမယ်..."

အဘွားကြီးဟွမ်သည် ရန်သူ၏ အားနည်းချက်နေရာကို ပစ်မှတ်ထားကာ လှမ်းကန်လိုက်သည်။ သူမ၏ အသက်အရွယ်အရ ရိုက်ပွဲတွင် ဘယ်နေရာကို ကန်လျှင် အထိရောက်ဆုံးဖြစ်မည်ကို အသေအချာ သိနေ၏~~~

သူမရဲ့ ကွက်တိကန်ချက်ကို ကြည့်လိုက်စမ်း...

အဘွားကြီးဟွမ်၏ ကန်ချက်သည် ဝုန်းကနဲ မြည်ဟည်းသွားပြီး အားနည်းချက် နေရာတည့်တည့်သို့ ထိမှန်သွားတော့သည်...

"အား..."

အဘွားကြီးဟွမ်သည် နောက်ထပ် ပစ်မှတ်တစ်ခုဆီသို့ ကူးပြောင်းကာ၊ ရန်သူ၏ မျိုးပွါးပစ္စည်းကို သနားညှာတာမှုမရှိဘဲ လှမ်းကန်လိုက်ပြန်၏။

ခွပ်...

"အားးး..."

ပြီးတော့ နောက်တစ်ယောက်...

ခွပ် ခွပ် ခွပ်…

"အား..."

"ဒီမိန်းမ ရူးနေပြီ၊ အားလုံး သတိထားကြ..."

"အားးး၊ တောက်... အားးး..."

ရုန်းရင်းဆန်ခတ်မှုသည် ပြန်လည်ပေါက်ကွဲသွားပြန်၏။

တကယ်တမ်း အမှန်အတိုင်းပြောရလျှင် ထိုနေရာတွင် ရိုက်နှက်နေသူများထက် ဝိုင်းအုံကြည့်နေသော လူဦးရေသည် ပို၍ များပြားလှသည်၊ သို့သော် မည်သူမျှ ကြားဝင်မစွက်ဖက်ရဲကြပေ။ ပထမဦးစွာဆိုရလျှင် သူတို့နှင့် မဆိုင်သော ကိစ္စဖြစ်ပြီး၊ အကယ်၍ သူတို့သာ ကြားဝင်ပါဝင်ပတ်သက်မိပါက နောက်ပိုင်းတွင် အကျိုးဆက်များကို ရင်ဆိုင်ရလျှင် မည်သို့လုပ်မည်နည်း။

ဤကိစ္စသည် သူတို့နှင့် ဘာမှမပတ်သက်သည့်အပြင်၊ ဝင်ပါ၍ အမှုပတ်ခံရလျှင်လည်း အကြီးအကျယ် နစ်နာပေလိမ့်မည်။

အမှုမပတ်ရင်လည်း အကြောင်းပြချက်မရှိ အရိုက်ခံရနိုင်သည်သာ…

မတန်ပါဘူး…

ဆေးရုံမှာ အလကား သွားတက်ရတာကောင်းတဲ့ကိစ္စလား… အရိုက်ခံရတာက ကောင်းတဲ့ကိစ္စလား...

ထိုကြောင့် မည်သူမှ ကြားဝင်မဖြေရှင်းရဲကြခြင်းပင်။

အကယ်၍ ဤကိစ္စသည် အမှန်တကယ် အနိုင်ကျင့်စော်ကားမှု သက်သက်သာ ဖြစ်နေပါက၊ သူတို့သည် နာမည်ကောင်းရရန်အတွက် သေချာပေါက် ကြားဝင်ကူညီကြပေလိမ့်မည်။

ဒါပေမဲ့ အခုဖြစ်နေတာက ဘာလဲ... ကျောက်ရုံက သူများနဲ့ အိပ်ရာပေါ်မှာတင် အဖမ်းခံရပြီး၊ အိမ်အထိ လိုက်ပြီး အရှင်းလင်းခံနေရတာလေ…

အကယ်၍ သူတို့သာ ဝင်ပါလိုက်လျှင်၊ လူအများမှာ သူတို့နှင့် ကျောက်ရုံကြားတွင် တစ်ခုခု ရှိနေသည်ဟု ထင်မှတ်သွားကြလိမ့်မည်၊ သူတို့အနေဖြင့် ထိုကဲ့သို့သော အရှက်ခွဲမှုကို မခံယူနိုင်ကြပေ။

ထို့ကြောင့် အကြောင်းအမျိုးမျိုးဖြင့် မည်သူမျှ ရှေ့သို့တက်ကာ ကူညီပေးခြင်း မပြုကြပေ။

ချန်ချင်းယွီတို့ သမီးယောက္ခမသည် လူအုပ်ကြားထဲတွင် မြွေလိမ်မြွေကောက်ပုံစံဖြင့် လှုပ်ရှားရင်း အကွက်လေးအချို့ ဆင်ခဲ့ကြပြီးနောက်၊ ခပ်မြန်မြန်ပင် မာအိမ်ထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြသည်။

ချိုက်မင်မင်: "နင်တို့ ဘာမှမဖြစ်ကြဘူးမလား..."

ချန်ချင်းယွီ: "ဘာမှမဖြစ်ပါဘူး၊ အပြင်မှာ ရိုက်နေကြတာ အရမ်းပရမ်းပတာပဲ၊ လန့်စရာကြီး"

အဘွားကြီးကျောက်: "ဟုတ်ပ၊ ငါလိုအဘွားကြီးတောင် ဒီလောက်အထိ ပရမ်းပတာဖြစ်နေတဲ့ ကိစ္စမျိုး တစ်ခါမှမမြင်ဖူးဘူး"

သူမ ထပ်မံ၍ မေးလိုက်ကာ

"ညည်းယောက္ခမကြီးက ဝင်မရှင်းဘူးလား..."

ချိုက်မင်မင် တိုးတိုးရေရွတ်ကာ

"ဒါကို ဘယ်လိုလုပ် ဝင်ရှင်းလို့ရမှာလဲ... ရဲတွေတောင် အရိုက်ခံနေရတာကို"

မာကျန့်ယီ... အိုး…မာကျန့်ယီကတော့ ဟိုးအစကတည်းက နံရံထောင့်မှာ ကုပ်ကုပ်လေးထိုင်နေပြီး အပြင်ထွက်မလာရဲရှာဘူး…

ရွှေရတာလည်းမဟုတ်၊ ငွေရတာလည်းမဟုတ်ဘဲ အလကားလုပ်ပေးရတဲ့ ဝင်းတာဝန်ခံသက်သက်ပဲလေ… ပြီးတော့ အပြင်မှာ ရိုက်နေကြတဲ့သူတွေကလည်း ကိုယ့်တို့ဝင်းကလူတွေမှ မဟုတ်တာ…အော်... အချို့က ဟုတ်ပေမဲ့၊ အများစုက ကိုယ့်ဝင်းနဲ့ ဘာမှမဆိုင်တဲ့သူတွေပဲ၊ သူက ဘာဖြစ်လို့ ဝင်ပါရမှာလဲ…

ဒီကြားထဲ လူအုပ်နဲ့အရိုက်ခံလိုက်ရရင် တိုင်တောစရာ နေရာတောင် ရှိမှာမဟုတ်ဘူး…

ဘာပဲဖြစ်ဖြစ် ကျုပ် မာကျန့်ယီကတော့ ဝင်မပါတော့ဘူး…

သူတို့ဝင်းထဲရှိ ကိစ္စဆိုလျှင်မူ သူလည်း တတ်နိုင်သလောက် အဆင်ပြေအောင် ဝင်ဖျန်ဖြေပေးရမည်ဖြစ်သော်လည်း…

အပြင်လူတွေကျတော့... လစ်ကြ…

ဂရုမစိုက်ဘူး...

ယခုအခါ ထပ်မံ၍ ခဏမျှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီးနောက်၊ မာကျန်းနှင့် ရွှီရှောင်စန်းတို့သည် လူစုကြီးကို ဦးဆောင်ကာ ပြန်ရောက်လာကြသည်။ ယခုတစ်ခေါက်တွင်မူ သူတို့နှစ်ယောက်တည်း မဟုတ်ဘဲ ရဲအရာရှိပေါင်း လေးငါးဆယ်ယောက်ခန့် ပါလာခဲ့၏။

လူအင်အား များပြားရုံတင်မကဘဲ လက်နက်များပါ ကိုင်ဆောင်လာကြသည်။

အဖြစ်အပျက် တစ်ခုလုံးကို ခပ်မြန်မြန်ပင် ထိန်းချုပ်လိုက်နိုင်၏။

"လက်နက်ချကြ၊ အကုန်လုံး ရပ်ကြစမ်း..."

ပညာ ဘယ်လောက်ပဲတော်တော် ဟင်းချက်ဓားကိုတော့ ကြောက်ရတာပါပဲလေ…

စောစောပိုင်း၌ အဘွားကြီးလျန်တို့ လူစုကြီး မည်မျှပင် မောက်မာနေခဲ့ပါစေ… ယခုအခါ လူအင်အား အဆမတန် များပြားလာပြီး ကိစ္စသည် တကယ်ကြီး ကြီးကျယ်သွားကြောင်း မြင်လိုက်ရသောအခါ တစ်ယောက်ချင်းစီ တန်းစီ၍ ငြိမ်ကုပ်သွားကြတော့သည်။

အဘွားကြီးလျန်သည် အတင်းအကြပ် ပြုံးလိုက်ရင်း

"ရဲဘော်တို့က ဘယ်ဘက်ကလဲဟင်... ကျွန်မအဖေက မူလက... ကျွန်မလည်း အခု အငြိမ်းစားယူထားတာပါ၊ အငြိမ်းစားမယူခင်တုန်းက တော်လှန်ရေးကော်မတီမှာ အလုပ်လုပ်ခဲ့တာ။ ကျွန်မလည်း အရာရှိ ရာထူးကနေ အနားယူခဲ့တာပါ၊ ရဲဘော်တို့ရဲ့ အထက်လူကြီးက ဘယ်သူလဲရှင်... ကျွန်မ သိကောင်းသိပါလိမ့်မယ်၊ တို့တွေအားလုံးက မိသားစုဝင်တွေပဲဥစ္စာ၊ ရေကြီးလို့ နဂါးမင်းနန်းတော်ကို ပြန်တိုက်သလိုမျိုး (အချင်းချင်း ပြန်အမှုပတ်သလိုမျိုး) တစ်အိမ်တည်းသားချင်း မသိသလို ဖြစ်မနေကြပါနဲ့ရှင်"

"ခင်ဗျား ငြိမ်ငြိမ်လေး နေစမ်း..."

ယခုအချိန်တွင်မူ မည်သူမျှ သူမကို မျက်နှာသာ ပေးမနေတော့ပေ။

ဦးဆောင်လာသော ရဲအရာရှိသည် အရင်ဆုံးရောက်လာသည့် ရဲဘော်များကို လှမ်းကြည့်လိုက်ရာ၊ သူတို့အားလုံးမှာ အရိုက်ခံထားရသဖြင့် ဒဏ်ရာဗရပွ ဖြစ်နေကြ၏။ ယင်းမှာ သူတို့ မတော်၍ မဟုတ်ဘဲ တစ်ဖက်လူသည် အင်အားချင်း မမျှအောင် များလွန်းသောကြောင့် ဖြစ်သည်။

"ခင်ဗျားတို့ အခြေအနေ ဘယ်လိုလဲ... မသက်သာရင် ဆေးရုံကို အရင်ဆုံး မြန်မြန်သွားကြ"

"ရပါတယ်၊ ကိစ္စကို အရင်ဆုံး ကိုင်တွယ်တာ ပိုကောင်းပါတယ်"

"ဒါဆိုလည်း ပြီးရော၊ ဒါနဲ့ ဘာလို့ ဒီလောက်တောင် မှောင်မဲနေရတာလဲ၊ အိမ်တိုင်းအိမ်တိုင်း မီးပြန်ဖွင့်ကြစမ်း"

သူတို့မှာ အပြင်မှ လာကြခြင်းဖြစ်သဖြင့် အမှောင်ထဲတွင် မျက်စိကျင့်သားရနေပြီ ဖြစ်သော်လည်း၊ မီးဖွင့်ရန် ညွှန်ကြားလိုက်ဆဲပင်။

အလယ်ဝင်းရှိ အိမ်တိုင်းအိမ်တိုင်း မီးပြန်ဖွင့်လိုက်ကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် လင်းထိန်သွားတော့သည်။

ဟူး...

လူတိုင်း တပြိုင်နက်တည်း အသက်ရှူမှားမတတ် အံ့ဩတုန်လှုပ်စွာ ငြိမ်သက်သွားကြသည်၊ အနေအထား၏ အခြေအနေသည်တကယ်ကို ကြောက်စရာ ကောင်းလှ၏။

အရိုက်ခံထားရသူများ တကယ်ကို မနည်းလှကာ၊ မျက်နှာ ညိုမည်းစုတ်ပြတ်နေသူများလည်း မနည်းပေ။

ကြည့်လိုက်ရုံနှင့်တင် ဤသည်မှာ အကြီးအကျယ် လူစုလူဝေးဖြင့် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်မှန်း သိသာလှသည်။

"အားလုံးကို စခန်းကို ခေါ်သွားကြ"

"ဟာ... ကျွန်တော်တို့က ကူညီပေးရုံသက်သက်ပါ..."

"ဟုတ်ပဗျာ၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး..."

"ဘာလို့ မဆိုင်ရမှာလဲ... လူကို ရိုက်တုန်းကတော့ တစ်ယောက်ချင်းစီ မောက်မာရိုင်းစိုင်းနေကြတာပဲ မဟုတ်လား"

"ဟုတ်တယ်၊ ဟုတ်တယ်..."

အချို့လူများသည် အပြစ်ကို လွှဲချချင်ကြသော်လည်း၊ အပြစ်ဆိုသည်မှာ ဇွတ်လွှဲချရုံနှင့် လွတ်သွားနိုင်သည် မဟုတ်ပေ။

သူတို့ ယခုလို မောက်မာရိုင်းစိုင်းစွာ ပြဿနာရှာနေကြသည်ကို မည်သူက မျက်စိမှိတ် ကြည့်နိုင်မည်နည်း... သူတို့ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အခြားသူများ ချက်ချင်း ပြန်လည်ချေပကြတော့သည်။

"ရဲဘော်ကြီး... ကျွန်တော့်ကိုတော့ တရားမျှတအောင် လုပ်ပေးရမယ်နော်၊ ကျွန်တော့်အိမ်ကို ကြည့်ဦး၊ ကျွန်တော့်အိမ်က ပြတင်းပေါက်မှန်တွေ အကုန်ရိုက်ခွဲခံလိုက်ရပြီ၊ ဒါက ကျွန်တော်တို့အိမ်နဲ့ ဘာဆိုင်လို့လဲဗျာ"

အဟမ်း… ဒါကတော့ ကံဆိုးရှာသော လမ်းသွားလမ်းလာ ဘေးလူတစ်ယောက်ပေါ့…

သူ့အိမ်က မှန်တွေပါ ရိုက်ခွဲခံလိုက်ရတာလေ…

"နင့်အိမ်က မှန်ပဲ ခွဲခံရတာပါ၊ ငါ့သားကို ကြည့်ဦး၊ ငါ့သားက ဘယ်လောက်တောင် ကံဆိုးလဲ၊ အကြောင်းမဲ့ အရိုက်ခံလိုက်ရတာ၊ ငါတို့မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး... ငါတို့က ကြားကနေ အမှုပတ်ခံရတာပါ..."

အဘွားကြီးဟွမ်လည်း အော်ဟစ်ငိုယိုနေတော့သည်၊ သူမတို့မိသားစုလည်း တကယ်ကို ကံဆိုးလှ၏။

"ကျွန်မလည်း တူတူပါပဲ၊ ကျွန်မကို ကြည့်ဦး..."

လူတိုင်း တစ်ယောက်တစ်ပေါက် မကျေမနပ် ညည်းတွားနေကြသည်။

တကယ့်ကို ကံဆိုးလိုက်တာ…

သူတို့က လာရောက်ကြည့်ရှုတဲ့ လူထုသက်သက်ပဲဥစ္စာ...

"ကဲ တိတ်ကြစမ်း၊ အားလုံးပဲ တိတ်တိတ်နေကြ... အခင်းဖြစ်ပွါးတာမှာ ပါဝင်ပတ်သက်သူတွေ၊ ဒဏ်ရာရတဲ့သူတွေ၊ ကိစ္စနဲ့ သက်ဆိုင်သူတွေအားလုံး ကျွန်တော်တို့နဲ့အတူ တစ်ခေါက် လိုက်ခဲ့ကြပါ၊ ကျန်တဲ့သူတွေကတော့ အိမ်အသီးသီး ပြန်ကြပါ၊ ခဏနေရင် လူတစ်ယောက်က ခင်ဗျားတို့ကို ထွက်ဆိုချက် လာယူပါလိမ့်မယ်"

လူတိုင်း တစ်ယောက်မှ ပျာယာခတ်မနေကြပေ။

အင်း... ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက လောကကြီးကို မြင်ဖူးထားတဲ့သူတွေ ဖြစ်နေပြီလေ…

သူတို့ဝင်းအတွက် ဤကဲ့သို့ ထွက်ဆိုချက်ပေးရသည့် ကိစ္စသည် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

သေသေချာချာ ရေတွက်ကြည့်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်... မကတော့တာတော့ အသေအချာပဲ…

မကြာသေးမီက ဖြစ်ပွါးခဲ့တဲ့ အစာအဆိပ်သင့်မှုကော၊ အိမ်ထောင်ရေးလိမ်လည်မှုကော ပြဿနာပေါင်းစုံ ရှိခဲ့ဖူးတာလေ...

သာမန်လူဆိုလျှင် ထွက်ဆိုချက်ပေးရမည်ကို အနည်းနှင့်အများ စိုးရိမ်

စိတ်လှုပ်ရှားကြမည်ဖြစ်သော်လည်း၊ သူတို့ဝင်းထဲရှိလူများအတွက်မူ ထမင်းစားရေသောက်သကဲ့သို့ ရိုးအီနေပြီဖြစ်သည်။

ကိစ္စအသေးအဖွဲလေးပါ၊ ရေဖျန်းရုံလောက်ပဲရှိတာ...

ချိုက်မင်မင်သည် နောက်တစ်ကြိမ် တုန်လှုပ်ခြောက်ခြားသွားရပြန်ကာ ရေရွတ်လိုက်မိ၏။

"မြို့ပြလူတွေက တကယ်ကို တော်ကြတာပဲ၊ ဒီလောက်အထိ တည်ငြိမ်နိုင်ကြတာ၊ ဒါမျိုးသာ တို့ရွာမှာဆိုရင်တော့ လူတွေအားလုံး ရူးမတတ် လန့်ကုန်ကြမှာ သေချာတယ်"

ချန်ချင်းယွီ: "..."

ခဏမျှအတွင်းမှာပင် သူမ ဘယ်လိုပြန်ဖြေရမည်ကိုပင် မသိတော့ပေ။

အဘွားကြီးကျောက်မှာ လက်ကို ဝှေ့ယမ်းပြကာ ပြောလိုက်လေသည်။

"ကိစ္စအသေးအဖွဲလေးပါအေ၊ အတွေ့အကြုံတွေ ရှိနေပြီပဲ၊ ဘယ်နှစ်ခါရှိပြီလဲ၊ ကျင့်သားရနေပါပြီ… ညည်းလည်း စိုးရိမ်မနေပါနဲ့၊ နောက်ပိုင်း အကြိမ်ရေများလာရင် ညည်းလည်း ကျင့်သားရသွားလိမ့်မယ်။ တို့ဝင်းထဲမှာ ဒီလိုကိစ္စမျိုးက ဘယ်တော့မှ မနည်းဘူး"

ချိုက်မင်မင်: "... အယ်"

ရှင့်ရဲ့ ဒီလို ဂုဏ်ယူဝင့်ကြွားနေတဲ့ လေသံကြီးကတော့ဖြင့်…

နေ့တိုင်း ထွက်ဆိုချက် ပေးနေရတာက ကောင်းတဲ့အချက်လား… ဒါက ဂုဏ်ယူစရာလား…

ပြီးတော့၊ ဘာဖြစ်လို့ ဒီလိုကိစ္စမျိုးကို ကျင့်သားရအောင် လုပ်နေရမှာလဲ...

ဘုရားရေ...

နားမလည်တော့ဘူး...

ချန်ချင်းယွီသည် ချိုက်မင်မင်၏ ပုခုံးကို ပုတ်ပေးရင်း

"စိတ်အေးအေးထားပါ၊ ဘာမှမဖြစ်ပါဘူး"

ချိုက်မင်မင် : "လူတိုင်းက ဘာဖြစ်လို့ မြို့ပေါ်တက်ချင်ကြလဲဆိုတာ အံ့ဩစရာမရှိတော့ပါဘူး၊ ဒီမြို့ပေါ်မှာက ဝင်ငွေကောင်းရုံတင်မကဘူး အခြေအနေတွေလည်း ကောင်းတယ်၊ ပြီးတော့ နေ့စဉ်ဘဝကလည်း ပိုပြီး စည်ကားတယ်၊ တကယ့်ကို ပြဿနာစုံ၊ ကိစ္စစုံ ရှိတာပဲ"

အခြားလူများ: "..."

ညည်းရဲ့ ဒီစကားကတော့ တို့တွေကို ပြန်ပြောစရာ စကားလုံး မရှိအောင် လုပ်လိုက်တာပဲ…

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် လူတိုင်း ယခုအချိန်တွင် ဤအကြောင်းကို ဆွေးနွေးနေရန် အချိန် မရှိပေ။

အဘွားကြီးလျန် မည်မျှပင် ရင်းနှီးအောင် လာရောက်ကပ်ဖားသည်ဖြစ်စေ၊ ယခုအခါ မည်သူမျှ သူမကို မျက်နှာသာ ပေးမနေတော့ပေ။အကယ်၍ အစောကတည်းက စကားကို အေးအေးဆေးဆေး ပြောပြီး ရဲစခန်းသို့ သွားရောက်ထွက်ဆိုချက် ပေးခဲ့လျှင် ကိစ္စသည် ဤမျှ ကြီးလိမ့်မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက်လုံးက ကိစ္စကို အေးအေးဆေးဆေး ပြီးငြိမ်းချင်ကြတာပဲလေ…

ဒါပေမဲ့ သူတို့က ရဲတွေကိုပါ ပြန်ရိုက်ကြတာလေ၊ ဒါက... ဒါက တရားဥပဒေကို စိန်ခေါ်တာနဲ့ ဘာကွာလို့လဲ… ဒီရဲအရာရှိရဲဘော်တွေက အချင်းချင်း မသိကြရင်တောင်မှ မျက်စိမှိတ် ကြည့်နေနိုင်မှာ မဟုတ်ဘူး….

ဒီလိုကိစ္စမျိုးကို ဘယ်သူက ဖြစ်ခွင့်ပေးမှာလဲ…

"မြန်မြန်လုပ်၊ တစ်ယောက်ချင်းစီ တန်းစီ၊ လမ်းမလျှောက်နိုင်တဲ့သူတွေ အချင်းချင်း တွဲကြ… ကျုပ်တို့တွေကို အတင်းဆွဲခေါ်ခိုင်းအောင် မလုပ်ကြနဲ့ဦး၊ ဒီအချိန်မှာ အရှိန်အဝါတွေ၊ ရာထူးအဆင့်အတန်းတွေကို သုံးပြီး ဖိနှိပ်ဖို့ မကြိုးစားနဲ့တော့၊ လူတိုင်းက ဥပဒေရှေ့မှောက်မှာ တန်းတူပဲ"

အဘွားကြီးလျန် မကျေနပ်သဖြင့် ပြန်လည်ချေပချင်သော်လည်း၊ သူမ၏သားမှာ ယခုအခါ သူမကို လှမ်းဆွဲထားလိုက်သည်၊ ဤကိစ္စသည် ကိုင်တွယ်ရ မလွယ်ကူတော့မှန်း သူ သိနေသောကြောင့် တားမြစ်လိုက်၏။ သူမကို ဆက်ပြီး ပြဿနာရှာခိုင်း၍ မဖြစ်ပေ။ သူတို့မိသားစုတွင် အရှိန်အဝါ အနည်းငယ်ရှိသည်ဆိုသော်လည်း သူ့အဘိုးသည် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့ ပတ်သက်မှုမျိုးသည် အသုံးပြုလေလေ အကျိုုးမရှိလေဖြစ်ပြီး၊ အဘိုးဖြစ်သူ ကွယ်လွန်သွားခဲ့သည်မှာလည်း နှစ်အနည်းငယ် ရှိပြီဖြစ်ရာ၊ ယခုအခါ မည်မျှပင် အော်ဟစ်ဆူညံနေပါစေ…လွန်ခဲ့သော နှစ်အနည်းငယ်လောက် မျက်နှာပွင့် (အရှိန်အဝါရှိ) တော့သည် မဟုတ်ပေ။

"အမေ၊ အရင်ဆုံး ပြဿနာမရှာပါနဲ့ဦး"

"ငါက မကြောက်ပါဘူး..."

"အမေ..."

"ရပြီ၊ ရပြီ၊ ငါ သိပါတယ်"

အဘွားကြီးလျန်မှာမူ ဂရုမစိုက်ကာ မိမိကိုယ်ကိုယ် တတ်နိုင်သည်ဟု ထင်နေဆဲဖြစ်သည်။ သို့သော် သူမ၏သားမှာ အခြေအနေ မဟန်တော့ဟု ခံစားနေရ၏။ ကိစ္စသည် ဤမျှအထိ ကြီးကျယ်သွားပြီဖြစ်ရာ အဆုံးသတ်တွင် တစ်ယောက်ယောက်ထွက်ပြီး တာဝန်ယူရမည်သာ ဖြစ်သည်။ ယခုအခါ ပရမ်းပတာဖြစ်နေသည်ဆိုသော်လည်း ဤအမှောင်ထုထဲတွင်လည်း စည်းစနစ် ရှိသေးသည်သာ…

သူသည် မျက်မှောင်ကြုတ်လျက် မိခင်ဖြစ်သူကို တွဲထားလိုက်၏။

အဘွားကြီးလျန်လည်း အတော်လေး အရိုက်ခံလိုက်ရသဖြင့် အထိနာနေရှာသည်၊ ကျောက်ရုံတစ်ယောက်တည်း လက်ပါခဲ့ခြင်း မဟုတ်ပေ။ သူမသည် ကြားညှပ်ပြီး မှားယွင်း ရိုက်ခံရမှုကိုလည်း အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရကာ၊ သူမတို့ဘက်မှ လူများကိုယ်တိုင်ပင် သူမကို စိတ်ပျက်နေကြသဖြင့် ဤအခွင့်အရေးကို အသုံးချ၍ တိတ်တဆိတ် ကွက်ကျော်ရိုက် ဒေါသဖြေခဲ့ကြခြင်းလည်း ဖြစ်နိုင်သည်။

"ကယ်ကြပါဦး၊ အားးး ကယ်ကြပါဦး... ငါ မခံနိုင်တော့ဘူး..."

အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းဆိုး၏ အဓိကမင်းသားကြီး~~ အဘွားကြီးလျန်၏ လင်ယောက်ျားဖြစ်သူ ပုပုကွကွ အဘိုးကြီးသည် မိမိ၏ အရေးကြီးသော နေရာကို ဆုပ်ကိုင်လျက်၊ တစ်ကိုယ်လုံး လိပ်ကွေးကွေးကာ တုန်တုန်ရင်ရင်ဖြင့် ညည်းတွားနေရှာ၏။

"မြန်မြန် ကူညီကြပါဦး၊ ငါ... ငါ့ဟာကြီး ကွဲကြေကုန်ပြီ..."

သူ ငိုချလိုက်ကာ

"ငါ့ဟာကြီး ကွဲကြေသွားပြီ ထင်တယ်... နာလိုက်တာ..."

"သောက်ကျိုးနည်း…"

"အမေရေ... ကွဲကြေသွားတယ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲဟင်"

"သွားစမ်း… ဒါကိုတောင် ညည်းက စပ်စုချင်သေးတယ်၊ ဘာမဆို စပ်စုလွန်းရင် ညည်းအတွက် ဘေးဖြစ်လိမ့်မယ်”

"မဟုတ်ဘူးလေ၊ သူတို့မိသားစုက တကယ့်ကိုပဲ..."

"သူတို့ကို ကြည့်ဦး၊ တစ်ယောက်ချင်းစီ အောက်ပိုင်းကို ဆုပ်ကိုင်ထားကြတာ၊ ဒါ ဘာရောဂါလဲမသိဘူး"

"ဟားဟားဟားဟား..."

အောက်ပိုင်းကို ဆုပ်ကိုင်ထားကြသူများ မနည်းလှပေ၊ ထိုအရာများသည် အဘွားကြီးဟွမ်၏ လက်ရာများတည်း။

အဘွားကြီးဟွမ်သည် အလွန်ဖြောင့်မတ်မှန်ကန်သော လေသံဖြင့်

"ငါ ကန်တာတော့ ကန်ခဲ့တာပေါ့၊ ဒါပေမဲ့ ငါကန်တာက ဒီလူငယ် အနည်းငယ်ကိုပဲ၊ ဟိုအဘိုးကြီးကိုတော့ ငါမကန်ပါဘူး၊ ဒီလောက် အသက်ကြီးပြီး ရွံစရာကောင်းတာကို၊ ငါကန်လိုက်ရင် ငါ့ခြေထောက်တောင် ညစ်ပတ်တယ်လို့ ယူဆမိမှာ”

"အာ... အဘွားကြီးဟွမ် ရယ်... ညည်းက လူရိုက်တာတောင် ရွေးချယ်တတ်သေးတယ်ပေါ့..."

အဘွားကြီးဟွမ်: "မရွေးလို့ ဖြစ်မလား... ငါ့ခြေထောက် ညစ်ပတ်သွားမှာ စိုးလို့ပါအေ..."

"နင်လို မိန်းမယုတ်..."

အဘွားကြီးဟွမ်: "နင်ကမှ ရွံစရာကောင်းတာ..."

ဟားဟား…

မည်သူ မအောင့်နိုင်ဘဲ ရယ်ချလိုက်သည် မသိပေ…

အာ... ကျုပ် တမင်ရယ်တာ မဟုတ်ပါဘူး၊ တကယ်ကို မအောင့်နိုင်လွန်းလို့ပါ…

ဖြစ်ရပ်ရှိ လူတိုင်း ရုတ်တရက်ကြီး တဟားဟား ရယ်မောကြတော့သည်။

"ကဲ တော်ကြတော့၊ အချိန်မဆွဲနဲ့တော့၊ မြန်မြန်သွားကြစို့၊ ခင်ဗျားလည်း မြန်မြန်လုပ်၊ အဘိုးကြီး... ခင်ဗျား လမ်းလျှောက်နိုင်သေးရဲ့လား..."

"ငါ... ငါမရတော့ဘူး..."

"မရတော့ရင်လည်း ဆေးရုံကို အရင်ဆုံး ပို့လိုက်ကြတာပေါ့"

"ကောင်းပြီ..."

အဘွားကြီးကျောက်၏ မျက်လုံးများ အလျင်အမြန်ပင် ဝေ့ဝဲသွားခဲ့သည်။

အင်း... ထိုအဘိုးကြီးကို ဘယ်သူကန်ခဲ့မှန်း အခြားသူများ မသိကြသော်လည်း၊ ကာယကံရှင်ဖြစ်သူ သူမအနေဖြင့်မူ မသိမရှိပေ။

သေချာပေါက် သူမ ကန်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ကန်မိသွားသူမှာ ဤမြေခွေးအိုကြီးဖြစ်မှန်း မြင်လိုက်ရသောအခါ သူမ စိတ်သက်သာရာရသွားခဲ့သည်၊ လူငယ်လေးများကိုသာ ကန်မိ၍ ပျက်စီးသွားပါက မကောင်းပေ၊ သို့သော် ဤအဘိုးကြီးသည် ဤမျှအထိ အသက်ကြီးနေပြီဖြစ်ရာ နောင်တွင်လည်း သုံးရတော့မည် မဟုတ်၍~~~

ပျက်စီးသွားရင်လည်း ပျက်စီးပါစေပေါ့… အကောင်းဆုံးပဲ…

သူ နောက်နောင်လည်း လျှောက်ပြီး ရှုပ်ပွေလို့ မရတော့ဘူး…

ပြောရလျှင်၊ သူ့အိမ်မှ အဘွားကြီးလျန်ပင် သူမ၏ "ကူညီမှု" အတွက် ကျေးဇူးတင်ရပေဦးမည်။

"ဘယ်တော့မှ စိတ်မဆင်းရဲတတ်သော" အဘွားကြီးကျောက်သည် ယခုအခါ မိမိကိုယ်တိုင် ဤအမှုကို ဆောင်ရွက်ခဲ့သည့်အတွက် အတော်လေး ဂုဏ်ယူနေမိသည်၊ သို့သော် သူမတွင် အသိဉာဏ် ရှိသေးသဖြင့် ဤအကြောင်းကို ထုတ်မပြောဘဲ စိတ်ထဲ၌သာ အောင့်အည်းမျိုသိပ်ရ၏။

ကိစ္စတွင် ပါဝင်ပတ်သက်သူ အားလုံးကို တစ်ယောက်မကျန် ခေါ်ဆောင်သွားကြပြီ ဖြစ်သည်။ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ကဲ့သို့ လာရောက်ကြည့်ရှုသော လူထုမှာ လိုက်သွားရန် မလိုပေ။ သို့သော် မာကျန့်ယီသည် ဝင်မပါခဲ့သော်လည်း ဝင်းတာဝန်ခံ ဖြစ်သည့်အတွက် သေချာပေါက် လိုက်သွားရမည် ဖြစ်၏။

သူသည်လည်း ခပ်မြန်မြန်ပင် လူအုပ်နောက်သို့ လိုက်ပါသွားခဲ့သည်။

ဤမျှအထိ ရဲအရာရှိ အများအပြား ရောက်လာပြီး ဖြစ်ရပ်ကြီး ကြီးကျယ်လှသဖြင့်၊ ဘေးပတ်ဝန်းကျင်ရှိ လမ်းမအချို့မှ လူများပါ ဝုန်းကနဲ ပြေးလာကြရာ၊ တကယ့်ကို လူပင်လယ်ကြီးသဖွယ် ဆူညံပွက်လောရိုက်နေတော့၏။

အဘွားကြီးကျောက်တို့ သမီးယောက္ခမသည်လည်း လူအုပ်နောက်သို့ လိုက်ပါရင်း အပြင်ဘက်သို့ ထွက်၍ အခြေအနေကို ကြည့်ကြရာ၊ လမ်းကြားလေးတစ်ခုလုံး လူများဖြင့် ပိတ်ဆို့နေသည်ကို မြင်တွေ့ရသည်။

ယခုအချိန်တွင်မူ လူတိုင်း အအေးဒဏ်ကို မမှုကြကာ တစ်ယောက်ချင်းစီ အပြင်တွင် ရပ်နေကြလျက် စိတ်အားထက်သန်စွာဖြင့် အပြန်အလှန် ဆွေးနွေးနေကြ၏။

ဤမျှ ကြီးကျယ်သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြသဖြင့် တကယ့်ကို အထူးအဆန်း ဖြစ်နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ် သူလျှိုကို ဖမ်းမိစဉ်၌ပင် ဤမျှအထိ မြင်ကွင်း မကြီးကျယ်ခဲ့ပေ။

အော်... သူလျှိုကတော့ သူ့ဘာသာသူ အိမ်အရောက် လာအပ်နှံတာ (ကိုယ်ဘာသာ အဖမ်းခံရတာ) ဆိုတော့လည်း….

သို့သော်လည်း လူတိုင်း အံ့ဩတုန်လှုပ်နေကြဆဲပင်။

"ဒါက တကယ်ပဲ ဘာဖြစ်တာလဲဟင်... ခင်ဗျားတို့ ဝင်းထဲမှာ သူလျှိုကို ထပ်ဖမ်းမိပြန်တာလား..."

"လျှောက်မပြောပါနဲ့အေ၊ တို့ဝင်းထဲမှာ အဲ့ဒါမျိုး ဘယ်လိုလုပ် ရှိမှာလဲ"

"ဟေး... ငါကြားတာတော့ စာရိတ္တပြဿနာလို့ ပြောကြတယ်၊ ဘယ်သူလဲဟင်..."

ဤကဲ့သို့သော အချိန်မျိုးတွင်မူ ပုံရိပ်ကောင်းတစ်ခုကို တည်ဆောက်ထားခြင်း၏ အကျိုးကျေးဇူးကို တွေ့မြင်နိုင်သည်။ ကြည့်လိုက်စမ်း… စာရိတ္တပြဿနာ အိမ်ထောင်ရေးဖောက်ပြန်မှု ဟု ကြားရသော်လည်း မည်သူမျှ ချန်ချင်းယွီ ဖြစ်လိမ့်မည်ဟု ထင်ကြေးမပေးကြပေ။ ပုံမှန်အားဖြင့် ဤကဲ့သို့သော ကိစ္စမျိုး ပေါ်ပေါက်လာလျှင် လူထုသည် မုဆိုးမလေးများ သို့မဟုတ် အထီးကျန်အမျိုးသမီးများ၏ အပေါ်သို့ ပုံချပြီး ထင်ကြေးပေးရန် အလွန် ဝါသနာပါကြသည် မဟုတ်လော့~~

လူ့သဘာဝသည် ဤအတိုင်းပင် ဖြစ်သည်၊ ဤရပ်ကွက်တစ်ခုလုံးတွင် ချန်ချင်းယွီ တစ်ယောက်တည်းသာ လင်သေဆုံးခဲ့ရသည် မဟုတ်ပေ။ အခြားမုဆိုးမ အချို့၏ နာမည်ဂုဏ်သတင်းများမှာမူ သိပ်ပြီး ကောင်းမွန်ကြသည် မဟုတ်ပေ။

ဤကဲ့သို့သော အတင်းအဖျင်း စကားများသည် လူကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စေတတ်သည်။

ချန်ချင်းယွီ အနေဖြင့်မူ ယင်းကို အလွန်ပင် ရွံရှာစက်ဆုပ်မိ၏။

အကျင့်စာရိတ္တဆိုင်ရာ ကောလာဟလများ လွှင့်ခြင်းသည် ကမ္ဘာပေါ်တွင် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး ကိစ္စပင် ဖြစ်၏။ အထူးသဖြင့် အသက်ကြီးပိုင်း အဘွားကြီးအချို့သည် ကောလာဟလ လွှင့်ရာတွင် အမျိုးသားများထက်ပင် ပို၍ ရက်စက်တတ်ကြပြီး၊ မိန်းမချင်း နှိပ်စက်သော ချန်ကွေ့ထက်ပင် ပိုဆိုးလှပေသည်။

သို့သော်လည်း မည်သူမျှ ချန်ချင်းယွီ၏ နောက်ကွယ်တွင် ယခုလို စကားမျိုး အတင်းမပြောကြပေ။ ပြောလျှင်ပင် "အချစ်ရူးမလေး" ဟူသော စကားလုံးသည်သာ သူမနောက်သို့ အရိပ်ပမာ လိုက်ပါနေခြင်း ဖြစ်၏။ ချန်ချင်းယွီ၏ မူလအစကတည်းက ချမှတ်ခဲ့သော အစီအစဉ်သည် လုံးဝမမှားခဲ့ချေ၊ ယခုကဲ့သို့ လူတိုင်း ဘာဖြစ်မှန်း သေသေချာချာ မသိကြသည့် အချိန်မျိုးတွင်ပင် သူမအပေါ်သို့ လုံးဝ မတွေးမိကြသဖြင့် တကယ်ကို အလုပ်ရှုပ် သက်သာစေခဲ့သည်။

"ညည်းတို့ ဘယ်လိုမှ ထင်မှတ်ထားမှာ မဟုတ်ဘူး၊ အဲ့ဒါ ကျောက်ရုံလေ၊ ကျောက်ရုံက အပြင်မှာ လူရှိနေတာ၊ ဟိုအဘိုးကြီးရဲ့ မိသားစုတစ်ခုလုံး အိမ်အထိ လိုက်ပြီး ပြဿနာလာရှာကြတာ။ အမေရေ... အဲ့ဒီ ရုန်းရင်းဆန်ခတ် ဖြစ်သွားပုံကတော့လေ… သူတို့အိမ်က လူတွေကို ရိုက်နှက်ရုံတင်မကဘူး၊ ကြားကနေ ဝင်ရှင်းပေးတဲ့ ရဲတွေကိုပါ ပြန်ရိုက်ကြတာ၊ တကယ့်ကို မောက်မာရိုင်းစိုင်းလွန်းတယ်"

"မောက်မာတာပေါ့အေ၊ သူတို့က တော်လှန်ရေးကော်မတီကနေ အငြိမ်းစားယူထားတဲ့ အရာရှိတွေတဲ့လေ၊ ပြီးတော့ သူတို့အိမ်က အဘိုးကြီးကလည်း..."

"ဟိုး... ဒါကြောင့် သူတို့က ဒီလောက်အထိ ရဲတင်းနေကြတာကိုး"

"ဟုတ်ပဗျာ၊ တို့ဝင်းထဲက လူအတော်များများပါ ကြားကနေ အမှုပတ်ကုန်ကြတယ်၊ အားလုံးက လာပြီး အုံကြည့်ကြတာ၊ သူတို့ ရိုက်ကြတော့ အကြောင်းမဲ့ သက်သက် အရိုက်ခံလိုက်ရတာပဲ... ငါ့အမြင်တော့ ဒီလိုရိုက်ပွဲတွေကို လာကြည့်ရင် ရှေ့ဆုံးကနေ သွားမရပ်သင့်ဘူး၊ အန္တရာယ် အရမ်းများတယ်"

"ဟာ... ဒီလောက်တောင် ကံဆိုးကြတာလား..."

"ဟုတ်တယ်လေ၊ အဘိုးကြီးထျန်တို့အိမ်က ပြတင်းပေါက်မှန်တွေပါ ရိုက်ခွဲခံလိုက်ရတာ၊ ညည်းပြောကြည့်ဦး ကံမဆိုးဘူးလားလို့"

"ဘာပဲဖြစ်ဖြစ် တစ်ဝင်းလုံး အကုန်လုံး ပရမ်းပတာဖြစ်သွားတာပဲ"

လူတိုင်း တစ်ယောက်တစ်ပေါက် အပြိုင်အဆိုင် ဝေဖန်ပြောဆိုနေကြတော့သည်။

ဤအချိန်တွင် ဝမ်မေ့လန် ရုတ်တရက် လက်ခုပ်တစ်ချက် တီးလိုက်ပြီး

"အား... ကျွန်မမှတ်မိပြီ... ဟိုအဘိုးကြီးကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့၊ ကျွန်မမှတ်မိပြီ၊ သူဘယ်သူလဲဆိုတာ ကျွန်မမှတ်မိပြီ၊ အဲ့ဒီအဘိုးကြီးက ပလတ်စတစ်စက်ရုံက ဒုတိယစက်ရုံမှူးပဲ"

"ဘာလဲ... ပလတ်စတစ်စက်ရုံကလား... တကယ်ပဲလားအေ..."

ဝမ်မေ့လန်: "တကယ်ပေါ့… ဒါကြောင့်ပဲ သူ့ကို မြင်ဖူးသလိုလို ဖြစ်နေတာ၊ သူလွန်ခဲ့တဲ့ ရက်ပိုင်းတင် ကျွန်မတို့အထည်ချုပ်စက်ရုံကို လာသေးတယ်၊ ဒါကြောင့် စိတ်ထဲ မှတ်မိနေတာ… သူပဲ၊ သေချာပေါက် သူပဲ..."

"ဟာ... ကျောက်ရုံက တော်တော်စွမ်းတာပဲ၊ ဒီလိုလူနဲ့တောင် အဆက်အသွယ် ရအောင်လုပ်နိုင်တယ်ပေါ့..."

"အဲ့လိုမို့လို့ပဲ သူ့သမီး ယွမ်ဟောက်ရွှယ်က ဒီလောက်အထိ မြန်မြန်ဆန်ဆန် အမြဲတမ်းဝန်ထမ်း ဖြစ်သွားတာပေါ့၊ ကြားထဲမှာ ဘာတွေရှိနေလဲ ဘယ်သူသိမှာလဲ"

"ဟဲဟဲ..."

"အော်... ဒါနဲ့၊ သူတို့အိမ်က သမီးတွေကို မမြင်မိပါလားဟင်... ဟောက်ရွှယ်ကော ဟောက်ယွဲ့ကိုကော တစ်ယောက်မှ မတွေ့ပါလား..."

ဤနေရာသို့ ရောက်လာသောအခါ ရွှီစန်းရှောင်မှာ ဝင်ပြောစရာ စကားရှိလာသဖြင့် အသံကျယ်ကြီးဖြင့် လှမ်းအော်ကာ

"ကျွန်တော်သိတယ်၊ ကျွန်တော်သိတယ်..."

သူသည် အလျင်အမြန် ပြောလိုက်ကာ

"ခုနက ကျွန်တော် အစ်ကိုမာကျန်းနဲ့အတူ ရဲစခန်းကို သွားတုန်းက၊ အဲ့ဒီညီအစ်မနှစ်ယောက် စခန်းမှာ ရောက်နေတာကို မြင်ခဲ့တယ်၊ ပထမဦးဆုံးအကြိမ် သွားတိုင်တာက သူတို့နှစ်ယောက်ပဲလေ… ကျွန်တော်က သူတို့ကို အတူ ပြန်ရအောင်လို့ ခေါ်ပေမဲ့၊ ဟောက်ရွှယ်က မပြန်ဘူးတဲ့၊ ရဲစခန်းမှာပဲ စောင့်နေမယ်လို့ ပြောတယ်"

"ဒါကတော့ တကယ့်ကို ပါးနပ်လွန်းတယ်"

အဘွားကြီးကျောက် တိုးတိုးရေရွတ်လိုက်သည်။

အခြားသူများလည်း အနည်းနှင့်အများ တစ်စုံတစ်ခုကို စဉ်းစားမိသွားကြ၏။

"ဒီကိစ္စကို သူတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ မသိဘူး၊ ရဲတွေကိုတောင် ရိုက်ရဲတဲ့သူတွေကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

"မောက်မာတာ ကျင့်သားရနေလို့ပေါ့၊ မကြားလိုက်ဘူးလား... သူတို့က အစက ဟိုနေရာ (တော်လှန်ရေးကော်မတီ) ကလေ"

"ဟဲဟဲ… သူမက အငြိမ်းစားယူပြီးသားကြီးကို ဘယ်သူက မျက်နှာသာ ပေးနေဦးမှာလဲ၊ ညည်းတို့ မေ့မနေနဲ့ဦး၊ ယွမ်ဟောက်ဖုန်းရဲ့ မိန်းမ၊ သူတို့အိမ်က ကွမ်ထင်းထင်းလေ၊ သူမရဲ့ ခဲအိုက အခု ဒုတိယ ဥက္ကဌဖြစ်နေတာ"

"အာ... ဟုတ်သားပဲ..."

"ဒါဆိုရင်တော့ ဘယ်သူက ဘယ်သူ့ကို နှိပ်ကွပ်နိုင်မလဲဆိုတာ မသိရတော့ဘူးပေါ့"

လူတိုင်း အဆက်မပြတ် အတင်းအဖျင်း ပြောနေကြစဉ်၊ ရဲအရာရှိရဲဘော်များမှာ ထွက်ဆိုချက်များ စတင်ယူနေကြပြီ ဖြစ်သည်။

အစဦးဆုံး အလယ်ဝင်းမှ စတင်ပြီး၊ ထို့နောက်မှ ဒုတိယဝင်း၊ စတုတ္ထဝင်း၊ နောက်ဆုံးမှ ရှေ့ဝင်းနှင့် နောက်ဝင်းတို့သို့ သွားရောက်ကြ၏။

အလယ်ဝင်းတွင် မေးမြန်း၍ ပြီးဆုံးလုနီးပါးဖြစ်ရာ၊ ရဲများသည် ဒုတိယဝင်းသို့ ရောက်လာကြသဖြင့် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည်လည်း ထွက်ဆိုချက်ပေးရန် အိမ်သို့ ပြန်လာကြသည်။ ရဲအရာရှိနှစ်ဦးစလုံး၏ မျက်နှာများမှာ သိပ်ပြီး မကောင်းလှပေ၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များ ဒဏ်ရာရထားသဖြင့် မည်သူ စိတ်မဆိုးဘဲ နေမည်နည်း...

ကိုယ်ချင်းစာစိတ်ဖြင့် ကြည့်လျှင်လည်း၊ ထိုသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် သူတို့ မျှော်လင့်နေကြမည်သာ…

အဘွားကြီးကျောက် ရဲများကို အိမ်ထဲသို့ ဦးဆောင်ခေါ်လာရင်း

"ရဲဘော်တို့ အသံနည်းနည်းတိုးပေးပါဦး၊ ကျွန်မတို့အိမ်မှာ ကလေးလေးနှစ်ယောက် ရှိတယ်၊ သူတို့ အိပ်ပျော်နေကြလို့ပါ"

ရဲအရာရှိသည် အထဲသို့ ခေါင်းပြူ၍ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ

"ဒါဆိုရင် ကျုပ်တို့တွေ အပြင်မှာပဲ စကားပြောကြတာပေါ့"

"ရပါတယ်..."

"ခင်ဗျားတို့အိမ်က ဘယ်အချိန်လောက်မှာ အသံတွေ စကြားရတာလဲ..."

အဘွားကြီးကျောက် : "ကျွန်မက ပထမဆုံးလှိုင်းမှာတင် သတိပြုမိတာပါ၊ အဲ့ဒီအချိန်တုန်းက ကျွန်မတို့အိမ်က မအိပ်ရသေးဘူး… ဒါကနောက်ထပ် တစ်လကျော်ရင် နှစ်သစ်ကူးတော့မှာ မဟုတ်လား... အိမ်အတွက်လည်း ဖြည်းဖြည်းချင်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရတော့မယ်၊ တိုက်တိုက်ဆိုင်ဆိုင် ညဘက် နည်းနည်း အိပ်မပျော်တာနဲ့၊ ကျွန်မတို့ ယောက္ခမနဲ့ချွေးမ နှစ်ယောက်သား လက်ဖက်ရည်ကြမ်းလေး သောက်ရင်း၊ စကားစမြည်ပြောပြီး ဘာတွေပြင်ဆင်ရမလဲဆိုတာ တိုင်ပင်နေကြတာလေ"

"ဒါက နည်းနည်း စောလွန်းတာ မဟုတ်ဘူးလား..."

"ဒါက ဘာစောလို့လဲရှင်၊ ရဲဘော်တို့က အိမ်ထောင်မထိန်းဖူးတော့ မသိဘူး၊ ဒီလိုပဲ စောစောစီးစီး တွက်ချက်ထားရတာ၊ မဟုတ်ရင် နှစ်ကူးခါနီးကျမှ ဇွတ်ပြေးဝယ်ရင် ခွေးချေးတုံးတောင် ဝယ်လို့ရမှာ မဟုတ်ဘူး… ကျွန်မတို့ တိုင်ပင်နေတုန်းမှာပဲ အပြင်ဘက်မှာ လူတစ်ယောက်က တံခါးကို ဝုန်းဒိုင်းကြဲ ရိုက်ချိုးသံ ကြားလိုက်ရတယ်၊ အဲ့ဒါဆိုရင်တော့ သေချာပေါက် အပြင်ထွက်ကြည့်ရမှာပေါ့၊ ကျွန်မ အပြင်ထွက်လိုက်ရော ရှီကျန့်ရှန်းတို့၊ အဘွားကြီးမေ့တို့လည်း အကုန်ထွက်လာကြတာ တွေ့ရတယ်။ ရှေ့ဝင်းက လူတွေလည်း ရှိနေကြတယ်၊ ဝမ်ကျန့်ကော်တို့၊ လင်စန်းရှင်းတို့လည်း ရှိနေကြပေမဲ့ ဘယ်သူမှ တံခါးမဖွင့်ရဲကြဘူး…နောက်ဆုံး ကျွန်မကပဲ ဖွင့်ခိုင်းလိုက်တာ"

အဘွားကြီးကျောက်သည် ရဲများ ထပ်ပြီး မေးမြန်းသည်ကိုပင် မစောင့်တော့ဘဲ တစ်ရစပ် ဆက်ပြောတော့၏။

"ရဲဘော်တို့ မသိဘူး၊ သူတို့က အရမ်းရိုင်းတာ၊ အပြင်တံခါးကြီးကိုတောင် တုန်ခါသွားအောင် ရိုက်နေကြတာ၊ ဒါကို အမြန်မဖွင့်ပေးလို့ ဖြစ်မလား... ဘာပဲဖြစ်ဖြစ် ခေတ်ဟောင်းလူ့အဖွဲ့အစည်းလည်း မဟုတ်တော့တာပဲ၊ လူသတ်တာ၊ မီးရှို့တာမျိုးတော့ မလုပ်လောက်ပါဘူးလို့ တွေးမိလို့… ကျွန်မကပဲ တံခါးကို မြန်မြန်ဖွင့်ပေးလိုက်ဖို့ ပြောလိုက်တာ၊ တကယ်လို့ တံခါးကြီးသာ ပျက်စီးသွားရင် အားလုံးက ပိုက်ဆံစိုက်ပြီး ပြန်ပြင်ရဦးမယ်၊ တစ်အိမ်ကို တစ်ပဲနှစ်ပဲ (တစ်ပြားနှစ်ပြား) စိုက်ရရင်တောင် လောက်ပါ့မလား မသိဘူး… ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အဲ့ဒီပိုက်ဆံ အကုန်မခံချင်ဘူး"

ရဲအရာရှိ၏ နှုတ်ခမ်းများ မဲ့သွားကာ

"..."

သို့သော်လည်း၊ သူမ ပြောသည်မှာ အမှားတော့ မဟုတ်ပေ။

"နောက်ပိုင်း အထဲကို လူတွေဝင်လာတော့ ယွမ်ဟောက်မင်ကို ရှာတယ်၊ ပြီးတော့ ချက်ချင်း ချကြတော့တာပဲ၊ ဟို နှုတ်သီးကောင်းလျှာပါးနဲ့ အဘွားကြီးက ပြောတာတော့၊ သူမက ကျောက်ရုံနဲ့ သူမအိမ်က အဘိုးကြီး ခိုးစားနေတာကို ကွက်တိမိတာတဲ့~~ပြီးတော့ ယွမ်ဟောက်မင်နဲ့ သူ့သားကိုပါ ရိုက်နှက်ကြတယ်၊ သူ့ချွေးမကတော့ အဲ့ဒီအချိန်မှာ အိမ်ထဲ ဝင်ပုန်းနေတာ၊ အဲ့လူစုက ပြတင်းပေါက်မှန်တွေကို ရိုက်ခွဲပစ်လိုက်ကြရော… နောက်ပိုင်း ရဲတွေ ရောက်လာတော့မှ သူတို့ချွေးမက ထွက်လာတာ… ဒါပေမဲ့ အဲ့ဒီအဘွားကြီးက တော်တော်စွမ်းတာပဲ၊ ရဲတွေကိုလည်း လုံးဝ ဂရုမစိုက်ဘူး၊ စကားတစ်ခွန်း မတည့်တာနဲ့ ပြန်ချကြပြန်ရော… ကျွန်မလည်း ကြည့်လိုက်ရော...ဟော ... ဒီလောက် ပရမ်းပတာ ဖြစ်နေတာ မြန်မြန် ရှောင်တာ ပိုကောင်းပါတယ်ဆိုပြီး ကျွန်မက အစမှာ စတုတ္ထဝင်းရဲ့ ထောင့်တစ်နေရာမှာ ပုန်းနေတာ၊ နောက်ပိုင်း ကျွန်မချွေးမက ကျွန်မအတွက် စိုးရိမ်လို့ လိုက်ရှာရင်း တွေ့သွားပြီး၊ အဘိုးကြီးမာတို့ အိမ်ထဲကို အတူတူ ဝင်ပုန်းနေခဲ့ကြတာ~~ ရိုက်ပွဲထဲမှာတော့ ကျွန်မ လုံးဝ ဝင်မပါပါဘူး၊ ဒါကို ဘယ်သူက ဝင်ရဲမှာလဲ... အကုန်လုံး ပရမ်းပတာ ဖြစ်နေတာကို၊ အရိုက်ခံရရင် ဆေးရုံသွားဖို့ ပိုက်ဆံအကုန်ခံရဦးမှာ မဟုတ်လား... ကျွန်မကတော့ ဝေးဝေးကနေပဲ ရှောင်နေလိုက်တယ်”

ရဲအရာရှိများလည်း အံ့ဩခြင်း မရှိကြပေ၊ သာမန်လူ အများစုသည်လည်း ဤအတိုင်းပင် ပြုမူကြမည်သာ…

ချန်ချင်းယွီ : "ကျွန်မကတော့ အစကတည်းက မာအိမ်မှာပဲ ပုန်းနေတာပါ၊ အစ်မမင်မင်နဲ့ အတူတူပေါ့…နောက်ပိုင်း ရိုက်ပွဲတွေ အရမ်းပြင်းထန်လာတော့ ကျွန်မကပဲ လူတွေကို မီးပိတ်ခိုင်းလိုက်တာ"

ရဲအရာရှိ : "ဘာဖြစ်လို့လဲ........."

ချန်ချင်းယွီ : "ကျွန်မ တွေးမိတာက မီးပိတ်လိုက်ရင် အမှောင်ထဲမှာ မမြင်ရတော့ဘဲ ဆက်မရိုက်ကြတော့ဘူး ထင်လို့ပါ၊ ဒါပေမဲ့ ဘယ်သူသိမှာလဲ သူတို့က ဒါတွေကို လုံးဝ ဂရုမစိုက်ကြဘူးလေ~~ ကျွန်မလည်း လန့်လန့်နဲ့ ယောက္ခမကို အမြန်သွားရှာပြီး၊ ယောက္ခမကိုပါ မာအိမ်ထဲ ခေါ်လာခဲ့တာ… ကျွန်မတို့တွေအားလုံး အဲ့ဒီဘက်မှာပဲ စုပြီး ပုန်းနေကြတာ၊ လူတွေ ထပ်ရောက်လာတဲ့အထိပါပဲ"

ရဲအရာရှိ ခေါင်းညိတ်လိုက်သည်၊ ဤသူများ ရိုက်ပွဲတွင် ပါဝင်ခြင်း ရှိမရှိဆိုသည်မှာ စကားပြောစရာပင် မလိုဘဲ တစ်ချက်ကြည့်လိုက်ရုံနှင့် သိနိုင်သည်။

သူတို့ ယောက္ခမနှင့် ချွေးမနှစ်ယောက်စလုံးမှာ အဝတ်အစားများ သေသပ် စင်ကြယ်နေပြီး ဒဏ်ရာဗရပွလည်း ဖြစ်မနေသဖြင့်၊ တောက်လျှောက် ပုန်းနေခဲ့ကြမှန်း ထင်ရှားလှ၏။

"ဒါနဲ့ ကျောက်ရုံက ပုံမှန်အချိန်တွေမှာ ဝင်းထဲမှာ ဘယ်လိုလဲဗျ..."

"ဒီလိုပါပဲ၊ ကျွန်မတို့က သူတို့အိမ်နဲ့ သိပ်မရင်းနှီးပါဘူး… ကျောက်ရုံတို့အိမ်က အခြေအနေ တော်တော်ကောင်းပါတယ်၊ တစ်အိမ်လုံး ခြောက်ယောက်ရှိတာမှာ ငါးယောက်က အလုပ်ရှိတဲ့သူတွေချည်းပဲ၊ ပုံမှန်ဆို အလုပ်သွားနေကြတာဆိုတော့ ကျွန်မတို့တွေ ထိတွေ့မှု သိပ်မရှိပါဘူး"

"ဒါဆို ဒီညကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ တခြား သိတာမျိုး ရှိသေးလား..."

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည် ခေါင်းခါပြလိုက်ကြရင်း၊ မျက်နှာတွင် ဘာမှမသိနားမလည်သည့်ပုံစံ ဖမ်းထားကြသည်။

အဘွားကြီးကျောက် : "အော်... ကျွန်မသိတာတစ်ခုကတော့၊ ဒီညက ဟိုအဘိုးကြီးက ပလပ်စတစ်စက်ရုံက ဒုတိယစက်ရုံမှူး ဆိုတာပါပဲ"

"ဒါကတော့ ကျွန်တော်တို့ ကြားသိရပြီးပါပြီ"

အဘွားကြီးကျောက် : "ဒါဆိုရင်တော့ ကျွန်မတို့လည်း တခြား ဘာမှမသိတော့ပါဘူး၊ အဲ့ဒီအဘွားကြီးက လူပေါင်း လေးငါးဆယ်ယောက် ခေါ်လာတာ၊ ဘယ်သူက အနားကပ်ရဲမှာလဲ၊ ကျွန်မက ငတုံးမှ မဟုတ်တာ..."

ချန်ချင်းယွီ ခေါင်းညိတ်ထောက်ခံလိုက်၏။

ရဲအရာရှိများလည်း သဘောပေါက်ကြလေသည်။ ဤကဲ့သို့သော ကိစ္စမျိုးကို ပါဝင်

မပတ်သက်နိုင်လေလေ ပိုကောင်းလေလေ ဖြစ်သည်။ သူမတို့ ယောက္ခမနှင့် ချွေးမနှစ်ယောက်ကဲ့သို့ အမျိုးသမီးရဲဘော်များသည် ကျောက်ရုံတို့မိသားစုနှင့်လည်း ဘာမှမဆိုင်သလို၊ ပြဿနာလာရှာသည့်အဖွဲ့နှင့်လည်း မပတ်သက်သဖြင့်၊ အနားသို့ တိုးကပ်သွားရန် တကယ်ပင် မလိုအပ်ပေ။ တစ်ချိန်လုံးလည်း ပုန်းနေခဲ့ကြသဖြင့် သိရှိသည်မှာလည်း မများလှပေ။ ဝင်းထဲရှိ လူအများစုမှာလည်း ယခုကဲ့သို့ပင် ဖြစ်ကြသဖြင့် မထူးဆန်းလှပေ။

"ဒါဆိုလည်း ပြီးရောဗျာ၊ ခင်ဗျားတို့ တခြားတစ်ခုခု သတိရတာမျိုး ရှိရင် ကျုပ်တို့တွေကို လာပြောလို့ ရပါတယ်"

"ကောင်းပါပြီ..."

ရဲအရာရှိနှစ်ဦးသည် နောက်တစ်အိမ်သို့ ဆက်လက်မေးမြန်းရန် ထွက်ခွာသွားကြသော်လည်း၊ အဘွားကြီးကျောက်မှာ မအိပ်နိုင်သေးကာ အပြင်သို့ ပြေးထွက်၍ အခြေအနေကို ဆက်ကြည့်နေပြန်သည်၊ ချန်ချင်းယွီလည်း ထို့အတူပင်…

ဝင်းထဲရှိ လူများအနက် ကလေးငယ်များမှလွဲ၍ မည်သူ အိပ်ပျော်နိုင်မည်နည်း။

ဤမျှအထိ ကြီးကျယ်သော ကိစ္စမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။

အဟမ်း… ပြီးခဲ့တဲ့အကြိမ်၊ ပြီးခဲ့တဲ့အကြိမ်ကတော့ ပြီးခဲ့တဲ့အကြိမ်တုန်းကပေါ့…

ဆိုရလျှင် ဤကဲ့သို့သော မြင်ကွင်းမျိုး မမြင်ရသည်မှာ အတော်လေး ကြာပြီဖြစ်သည်။

ချန်ချင်းယွီသည် မိမိအိမ်တံခါးဝတွင် ရပ်နေစဉ်၊ အဒေါ်ကြီးမေ့ ပြောနေသည့် စကားကို ကြားလိုက်ရ၏။

"ကျွန်မလည်း တံခါးဖွင့်ပေးဖို့ ပြောတာပဲအေ၊ မဖွင့်ပေးရင် သူတို့က တံခါးကို တကယ်ကြီး ရိုက်ခွဲတော့မှာလေ... ရှင်တို့ ကြည့်ဦး၊ ကြည့်ဦး၊ သူတို့က မောက်မာလွန်းလို့ ရဲတွေကိုတောင် မကြောက်ကြဘူး၊ ကျွန်မတို့ရဲ့ အပြင်တံခါးကြီးက ပိုက်ဆံအကုန်ခံပြီး လုပ်ထားရတာလေ"

"ကျွန်မကတော့ ကျွန်မအိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်တာ၊ အိမ်နောက်ပြတင်းပေါက်က အလယ်ဝင်းကို လှမ်းမြင်ရတယ်၊ အနားကိုတော့ မကပ်ရဲဘူး အရိုက်ခံရရင် ဘယ်လိုလုပ်မလဲ... သူတို့က အရမ်းရိုင်းတာ… ဒီလူတွေက မိသားစုအချင်းချင်းတောင် ပြန်ရိုက်နေကြတာ၊ ဘာပဲဖြစ်ဖြစ် လုံးဝကို ကစဉ့်ကလျား ဖြစ်နေတာပဲ"

အဒေါ်ကြီးမေ့၏ အသံကြီးမှာ တကယ့်ကို ကျယ်လောင်လှပေသည်။

ချန်ချင်းယွီ စပ်စုချင်စိတ်ဖြင့် အနားသို့ တိုးကပ်သွားသော်လည်း၊ စိတ်ထဲတွင်မူ ကိစ္စသည် ထပ်မံ၍ ကြီးကျယ်သွားရပြန်ပြီဟု တွေးတောနေမိ၏။

သို့သော်လည်း အမှန်အတိုင်းပြောရလျှင်၊ ကိစ္စကြီးကျယ်သွားခြင်းမှာ မကောင်းသောအချက် မဟုတ်ပေ၊ သူမသည် မူလက ကိစ္စကို အသေးအဖွဲလေးဖြစ်အောင် လုပ်ပြီး ပြီးငြိမ်းသွားကြလိမ့်မည်ဟု ထင်နေခဲ့သည်။

သို့ဆိုလျှင် ကျောက်ရုံ၏ သရုပ်မှန်ကို ဖော်ထုတ်ရုံလောက်သာ ရှိပေလိမ့်မည်။

သို့သော် ယခုမူ အခြေအနေသည် မတူတော့ပေ။

ယခု ကိစ္စသည် အကြီးအကျယ် ဖြစ်သွားလေပြီ။

ချန်ချင်းယွီ ခံစားရသည်မှာ ဤသို့ဖြစ်သွားခြင်းသည် ပို၍ကောင်း၏။ အရှိန်အဝါဖြင့် လူကို အနိုင်ကျင့်တတ်သူဖြစ်စေ၊ ပြည့်တန်ဆာပွဲစား လုပ်ပေးသူဖြစ်စေ၊ အားလုံးကို ပါဝင်ပတ်သက်စေကာ၊ သူတို့အားလုံး အနည်းနှင့်အများ သင်ခန်းစာရသွားအောင် လုပ်ဆောင်သင့်ပြီး၊ အကယ်၍ သူတို့၏ ရာထူးနေရာများကိုပါ ဖြုတ်ချနိုင်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

ဤကဲ့သို့သော လူစားမျိုးများသည် အခွင့်ထူးခံများကိုသာ ခံစားတတ်ကြပြီး၊ ကောင်းမွန်သော လူစားမျိုး မဟုတ်ကြပေ။

ချန်ချင်းယွီသည် စိတ်ထဲတွင် အများကြီး တွေးတောနေမိသော်လည်း၊ မျက်နှာပြင်တွင်မူ မည်သည့်အရိပ်အယောင်မျှ မပြဘဲ လုပ်စရာရှိသည်ကို ဆက်လုပ်လျက်၊ စိတ်အားထက်သန်စွာ စပ်စုနေသော ပုံစံကိုသာ ဆက်လက် ဖမ်းထားလိုက်သည်။

"ဒီမှာကြည့်ဦး၊ နောက်ထပ် တစ်လလောက်ဆိုရင် နှစ်သစ်ကူးတော့မှာကို၊ ယွမ်အိမ်က ဒီလိုကိစ္စမျိုး ဖြစ်သွားရတာ၊ တကယ့်ကိုပဲ..."

"ညည်းက သူများအတွက် စိုးရိမ်မနေပါနဲ့အေ၊ တို့တွေကို မထိခိုက်ရင် ရပါပြီ… ကျောက်ရုံ လုပ်ခဲ့တဲ့ ကိစ္စကတော့ တကယ့်ကို လူမဆန်တာပဲ..."

"သူက ဒီလိုလူစားမျိုး ဖြစ်နေလိမ့်မယ်လို့ တကယ်ကို ထင်မထားမိဘူး"

"ဟုတ်ပဟယ်... ဘယ်သူက ထင်မှာလဲ..."

ချန်ချင်းယွီ : ‘ဟူး၊ ငါကတော့ သူမက ဒီလိုလူစားမျိုးမှန်း အစကတည်းက သိနေတာပေါ့...’

အော်... ယွမ်ရှောင်ချွေလည်း သိနေတာပဲ…

အကယ်၍ ယွမ်ရှောင်ချွေသာ ကျောက်ရုံ၏ ယခုကဲ့သို့ ခွေးရုပ်ပေါ်သွားသည့် အခြေအနေကို သိသွားပါက၊ ထမင်းဖြူ အနည်းဆုံး လေးငါးပန်းကန်လောက် မြိန်မြိန်ယှက်ယှက် စားနိုင်လောက်ပေသည်။

All Chapters