အခန်း ၂၂၁၁
Vol. 137 Ch. 2211
အခန်း (၂၂၁၁) တိမ်တိုက်များ အထက် ကောင်းကင်ယံ အနက်ပိုင်းမှ တိုက်ပွဲ
"သွားစမ်း"
လေဟာနယ် တုန်ခါသွားခဲ့ပြီး လေလှိုင်းများ မြည်ဟည်းသွားကာ၊ ဝမ်ချောင်၏ အစစ်အမှန် ကိုယ်ခန္ဓာနှင့် ဧရာမ ရှန်ထိုက် ကိုယ်ပွားနှစ်ခုမှာ တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီး အမြောက်ဆန် တစ်ခုအလား အထက်ပိုင်းရှိ ထိုက်ရှီဆီသို့ လျင်မြန်စွာ တဟုန်ထိုး တက်သွားတော့သည်။
"အမှောင်ထု တရားစီရင်ခြင်း”
"မြေအောက် ငရဲဘုံ”
ဝမ်ချောင်တဟုန်ထိုး တက်သွားသည့် တစ်ချိန်တည်းမှာပင် အနောက်ဘက်မှနေ၍ ပြင်းထန်လှသော အော်ဟစ်သံ နှစ်ခု ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ကြီးမားကျယ်ပြန့်လှသော ဂန်ချီ စွမ်းအင် လှိုင်းလုံးကြီးနှစ်ခုမှာ အလွန်ပင် ခန့်ညားထည်ဝါလှပြီး၊ အောက်မှနေ၍ အထက်သို့ ကောင်းကင်ယံကို ဖြတ်ကျော်သွားသော ဥက္ကာပျံများအလား ဝမ်ချောင်၏နောက်သို့ လျင်မြန်စွာ လိုက်လံ တိုက်ခိုက်လာကြသည်။ ၎င်းတို့မှာ ထိုက်ရှီနှင့်အတူ လိုက်ပါလာခဲ့ကြသော ထိုနတ်ဘုရား သခင်အချို့ပင် ဖြစ်တော့သည်။
သို့သော် ဝမ်ချောင်၏ စိတ်စွမ်းအင်များ အားလုံးမှာ တိမ်တိုက်များ အထက် ကောင်းကင်ယံတွင် ရှိနေသော ထိုက်ရှီအပေါ်သို့သာ စုစည်းနေခဲ့ရာ သူတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပါချေ။
လေဟာနယ်၏ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်သွားခဲ့ပြီး ဂူကောင်းကင်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ရာ၊ လက်ရှိ ဝမ်ချောင်၏ ခွန်အားမှာ တွေးတော ခန့်မှန်း၍ မရနိုင်လောက်အောင် အလွန်အမင်း နက်နဲလှသော အဆင့်တစ်ခုသို့ အစောကြီးကတည်းက ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နတ်ဘုရား သခင် အဆင့်ရှိ အစွမ်းထက် သိုင်းပညာရှင်များမှာ လက်ရှိ ဝမ်ချောင်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ်သို့ ရောက်ရှိရန်မှာ အလွန်ပင် ခက်ခဲသွားခဲ့ပြီ ဖြစ်၏။
ဝမ်ချောင်မှာ ခေါင်းလှည့် မကြည့်ခဲ့ပါသော်လည်း လက်ကို ဆန့်ထုတ်လိုက်ပြီး ဧရာမ ရှန်ထိုက် နှစ်ခု၏လက်ထဲမှ ကောင်းကင်ဘုံသုံးဆယ့်သုံးဘုံကို အသုံးပြု၍ ဖန်တီးထားသော ရွှေရောင် လှံရှည် နှစ်လက်ကို ယူဆောင်လိုက်ကာ အောက်ဘက်သို့ လွယ်ကူပေါ့ပါးစွာဖြင့် ပစ်ချလိုက်တော့သည်။
"အားးး"
"သတိထား"
အံ့ဩထိတ်လန့်သော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြီး ထို နတ်ဘုရား သခင် နှစ်ဦး၏ ထိတ်လန့်ကြောက်ရွံ့နေသော အကြည့်များ အောက်တွင်၊ ဝမ်ချောင်ပစ်ချလိုက်သော ထိုရွှေရောင် လှံရှည် နှစ်လက်မှာ သူတို့ ပေါက်ကွဲထွက်ပေါ်လာစေခဲ့သော ဂန်ချီ စွမ်းအင် လှိုင်းလုံးကြီးများကို အလွယ်တကူ ထိုးဖောက်သွားခဲ့ပြီး၊ ရွှေရောင် လှံရှည်များမှာ မြန်ဆန်လှသော အရှိန်ဖြင့် သူတို့နှစ်ဦး၏မျက်နှာဆီသို့ တိုက်ရိုက်ဦးတည် ပြေးဝင်လာတော့သည်။
ဝုန်း
နတ်ဘုရား သခင် တစ်ဦးမှာ အလွန်အမင်း ထိတ်လန့်တကြားဖြင့် ဘေးတိုက် ထောင့်စွန်း တစ်ခုသို့ ရှောင်တိမ်းသွားခဲ့သည်။ အခြား နတ်ဘုရားသခင် တစ်ဦးမှာမူ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပါချေ၊ သူသည် ပေ အနည်းငယ်ခန့်သာ ထွက်ပြေးနိုင်ခဲ့သေးသော်လည်း ဝမ်ချောင်၏ ရွှေရောင် လှံရှည်ဖြင့် မှန်ကန်သွားခဲ့ပြီး နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ကောင်းကင်ယံတွင်မူ ဝမ်ချောင်၏ ပုံရိပ်မှာ အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ဤနတ်ဘုရား သခင်များမှာ မည်မျှပင် အစွမ်းထက်နေပါစေ ဂူကောင်းကင်အဆင့် သိုင်းပညာရှင်များ၏ တိုက်ပွဲကို လေ့လာ စောင့်ကြည့်နိုင်ရန်မှာ လုံးဝ ခက်ခဲလှပေသည်။
"မဖြစ်နိုင်ဘူး"
ပိုမြင့်မားသော တိမ်တိုက်များ အထက် ကောင်းကင်ယံ အနက်ပိုင်း တစ်နေရာတွင်မူ အစစ်အမှန် စစ်မြေပြင်နှင့် အလွန်နက်ရှိုင်းလှသော ဟင်းလင်းပြင်အချိန် ကြားရှိ နေရာတစ်ခု၌၊ ထိုက်ရှီမှာ ရှေးဟောင်း ရွှေရောင် နတ်ဘုရား သံချပ်ကာကို ဆင်မြန်းထားလျက် ခေါင်း၏အနောက်ဘက်တွင် ရွှေရောင် အလင်းစက်ကွင်းတစ်ခု ပေါ်ထွက်နေခဲ့သည်။ သူ၏ပုံရိပ်မှာ အလွန်ပင် ခန့်ညားထည်ဝါပြီး မြင့်မြတ်လွန်းလှကာ၊ ခန့်ညားထည်ဝါနေပြီး ဒဏ္ဍာရီလာ နတ်ဘုရား တစ်ပါးအလား အမှန်တကယ်ပင် ဖြစ်နေတော့သည်။
သို့သော် ဤအခိုက်အတန့်၌ ထိုက်ရှီ၏ အာရုံစိုက်မှုများ အားလုံးမှာ အောက်ဘက်မှ မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် တဟုန်ထိုး တက်လာသော ဝမ်ချောင်၏ အပေါ်သို့သာ လုံးဝစုစည်းနေတော့သည်။
ခေါင်း၏အနောက်ဘက်ရှိ ထိုအလင်းစက်ကွင်းမှာ ထိုက်ရှီက နတ်ဘုရား အဖွဲ့အစည်း၏ အတွင်းပိုင်းမှ ယူဆောင်လာခဲ့သော အစွမ်းထက်လှသည့် မှော်လက်နက်တစ်ခု ဖြစ်သည်။ သို့မဟုတ် နတ်လက်နက်ဟုပင် ခေါ်ဆိုနိုင်ပေသည်။
"သန့်စင်ရေး အစီအစဉ်"မှာ အလွန်ပင် အရေးကြီးလွန်းလှရာ အနည်းငယ်မျှ မှားယွင်းခွင့် လုံးဝမရှိပါချေ၊ ဤသည်မှာလည်း "ထျန်း"က ဤနတ်လက်နက်ကို သူ့အား ပေးအပ်ခဲ့ခြင်း၏ အကြောင်းရင်းပင် ဖြစ်တော့သည်။
ခုနက တိုက်ခိုက်မှုကြီးက မည်မျှလောက် အစွမ်းထက်ကြောင်းကို ထိုက်ရှီရှင်းလင်းစွာ သိရှိထားသည်။ ပုံမှန် အခြေအနေတွင် ထိုတိုက်ခိုက်မှုကြီး အောက်မှနေ၍ မည်သူမျှ အသက်ရှင် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်းကိုလည်း သေချာသိရှိထားသည်။ သို့သော် ဝမ်ချောင်၏အခြေအနေအရ ကြည့်မည်ဆိုပါက သူသည် သေဆုံးသွားခြင်း မရှိရုံသာမက ပြင်းထန်သော ဒဏ်ရာမျိုး ရရှိသွားခြင်းပင် မရှိခဲ့ပါချေ။
ဤအခြေအနေမှာ လုံးဝ ပုံမှန် မဟုတ်ပါချေ။
"အဲဒီ သံချပ်ကာ ကြောင့်လား"
အလင်းတန်း တစ်ချက်လက်သွားခဲ့ပြီး ထိုက်ရှီက ဝမ်ချောင်၏ ကိုယ်ပေါ်ရှိ ထိုထူးခြားလှသော အနက်ရောင်နှင့် ရွှေရောင် ရောစပ်နေသည့် သံချပ်ကာကို လျင်မြန်စွာ သတိပြုမိသွားတော့သည်။
"ဒါက ဖျက်ဆီးခြင်း သားတော်ရဲ့ နည်းလမ်းလား?"
အလွန်အမင်း ရှင်းလင်းမှု မရှိသေးဘူး ဆိုသော်ငြားလည်း ထိုက်ရှီအနေဖြင့် ၎င်းတို့ထဲမှ သဲလွန်စ အချို့ကို လျင်မြန်စွာ တွက်ချက် သိရှိသွားတော့သည်။
သို့သော် ဤသို့ ဖြစ်နေလင့်ကစား ထိုက်ရှီ၏ရင်ထဲရှိ သတ်ဖြတ်လိုစိတ်များမှာမူ ပိုမို၍ပြင်းထန်လာတော့သည်။
"ဒီနတ်ဘုရားက မင်းမှာ ဘယ်လောက်တောင် အရည်အချင်းတွေ ရှိနေလဲ ဆိုတာကို ကြည့်ချင်သေးတယ်"
အလင်းတန်း တစ်ချက်လက်သွားခဲ့ပြီး ထိုက်ရှီ၏ ခန္ဓာကိုယ်မှာ ရေမြှုပ်တစ်ခုအလား လျင်မြန်စွာ ဟင်းလင်းပြင် အချိန်အနက်ပိုင်းသို့ ဝင်ရောက်သွားခဲ့ပြီး ပျောက်ကွယ်သွားတော့သည်။
ဝမ်ချောင်၏ခွန်အားမှာ အလွန်ပင် အစွမ်းထက်လွန်းလှပြီး သူ တွေးတောထားခဲ့သည်ထက် ပိုမိုကြောက်မက်ဖွယ် ကောင်းနေသည်။ သို့သော် နှစ်ပေါင်း ထောင်နှင့်ချီ စုဆောင်းထားခဲ့သော သူ၏အတွေ့အကြုံများမှာ ဝမ်ချောင်အနေဖြင့် တစ်လ နှစ်လအတွင်း လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မည် မဟုတ်ပါချေ。
ထိုက်ရှီပျော က်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏ရင်ထဲ၌ တင်းကျပ်သွားခဲ့ပြီး မျက်နှာပေါ်၌ ချက်ချင်းပင် လေးနက်သော အမူအရာများ ပေါ်ထွက်လာတော့သည်။
ထိုက်ရှီ၏ ခွန်အားမှာ မိမိထက် များစွာသာလွန်နေခြင်း လုံးဝမရှိပါချေ၊ သို့သော် သူ၏ ခေါင်းနောက်ဘက်ရှိ ထိုထူးဆန်းလှသော အလင်းစက်ကွင်း ထွက်ပေါ်လာပြီးနောက်၊ ထိုက်ရှီမှာ ရုတ်တရက် ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး၊ ဟင်းလင်းပြင်အချိန်ကို ထိန်းချုပ်ရာတွင် ရေထဲရောက်သွားသော ငါးတစ်ကောင်အလား အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်သွားခဲ့ရာ၊ ခဏတာအချိန်တိုလေးအတွင်း ဝမ်ချောင်အနေဖြင့် သူ၏ခြေရာများကို ရှာဖွေနိုင်ရန် အလွန်ပင် ခက်ခဲသွားခဲ့ရသည်။
"ဒီမှာ"
ရုတ်တရက် ဝမ်ချောင်က ဧရာမ ရှန်ထိုက် ကိုယ်ပွားနှစ်ခု၏ စိတ်စွမ်းအင် များကို တစ်သားတည်း ပေါင်းစပ်လိုက်ရာ၊ ကြီးမားကျယ်ပြန့်လှသော စိတ်စွမ်းအင်များမှာ မြစ်ရေလှိုင်းလုံးကြီးများအလား ဟင်းလင်းပြင် အချိန်၏ အနက်ပိုင်းသို့ ပြင်းထန်စွာ ပျံ့နှံ့သွားတော့သည်။ ဤတစ်ကြိမ်တွင်မူ ဝမ်ချောင်က သဲလွန်စ အချို့ကို နောက်ဆုံးတွင် ရှာတွေ့သွားတော့သည်။
မိမိ၏ အနောက်ဘက်ရှိ အလွန်သိမ်မွေ့လှသော ဟင်းလင်းပြင် အချိန် ဟန်ချက်ညီသည့် နေရာတစ်ခုတွင်၊ ထိုက်ရှီ၏ ရှိနေသလိုလို မရှိသလိုလို ဖြစ်နေသော အရှိန်အဝါတစ်ခုကို ဝမ်ချောင်က အောင်မြင်စွာ ဖမ်းယူ သိရှိသွားတော့သည်။
"ဝုန်း"
အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဝမ်ချောင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှည့်သွားခဲ့ပြီး ညာဘက် လက်သီးမှ ရွှေရောင် အလင်းတန်း များ လင်းလက်လာကာ၊ အနောက်ဘက်သို့ ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
တစ်ချိန်တည်း လိုလိုပင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ထိုက်ရှီ၏ ခန့်ညားထည်ဝါပြီး မြင့်မြတ်လှကာ ဒဏ္ဍာရီလာ နတ်ဘုရား တစ်ပါးအလား ဖြစ်နေသော ပုံရိပ်မှာ လေဟာနယ် အတွင်းမှနေ၍ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ သူ၏ ကိုယ်တွင်းရှိ တလိမ့်လိမ့် ထွက်ပေါ်နေသော ဂူကောင်းကင်အဆင့် ဂန်ချီ စွမ်းအင်များမှာ မင်ရည်များအလား နက်မှောင်နေပြီး မီတာ နှစ်ဆယ်ကျော်ခန့် ရှည်လျားသော ဧရာမ လှံရှည်ကြီး တစ်လက်အဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်ချောင်ဆီသို့ ပြင်းထန်စွာ ထိုးစိုက်လာတော့သည်။
သိုင်းအဆင့်မှာ ဂူကောင်းကင်အဆင့်သို့ ရောက်ရှိသွားသည့်အခါတွင် မည်သည့် သိုင်းကွက်များကို အသုံးပြုသည် ဆိုခြင်းမှာ အရေးမကြီးတော့ပါချေ၊ အဘယ်ကြောင့်ဆိုသော် ဂူကောင်းကင်အဆင့် သိုင်းပညာရှင်များ၏ တိုက်ခိုက်မှုတိုင်း တွင် ဟင်းလင်းပြင် အချိန်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် ခွန်အားများ ပါဝင်နေပြီး၊ ဤခွန်အားများမှာ မည်သည့် သိုင်းကွက်များ ထက်မဆို များစွာ သာလွန်နေသောကြောင့်ပင် ဖြစ်သည်။
အလွန်ကျယ်လောင်သော ပြင်းထန်လှသော မြည်ဟည်းသံကြီးတစ်ခုကိုသာ ကြားလိုက်ရပြီး လက်သီးတစ်ချက်နှင့်လှံရှည် တစ်လက်မှာ လေဟာနယ်အတွင်း၌ ပြင်းထန်စွာ ဝင်တိုက်မိကြရာ၊ အဆုံးအစမရှိသော ဖျက်ဆီးခြင်း လှိုင်းလုံးကြီးများမှာ သူတို့နှစ်ဦးကို ဗဟိုပြုကာ အရပ်မျက်နှာအားလုံးသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ခရက် ခရက်… မြည်သံများနှင့်အတူ ထိုအခိုက်အတန့်၌ ပုံသဏ္ဌာန်မဲ့သော လေဟာနယ် ထဲမှနေ၍ မှန်များ ကွဲအက်သွားသည့်အလား ကြည်လင်ပြတ်သားသော အသံများ ထွက်ပေါ်လာခဲ့သည်။ ထိုမျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် သူတို့ နှစ်ဦး၏ တိုက်ပွဲကြောင့် ဟင်းလင်းပြင် အချိန် မည်မျှလောက် အထိ သက်ရောက်မှု ခံလိုက်ရပြီး လေးပိုင်း ငါးပိုင်း ကွဲထွက်သွားသည်ကို မည်သူကမျှ မသိရှိနိုင်ပါချေ၊ အားလုံးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားကြရတော့သည်။
"ထပ်လာခဲ့စမ်း"
ဝမ်ချောင်က လက်သီး တစ်ချက်တည်းဖြင့် ထိုက်ရှီဖန်တီးထားသော ဧရာမ အနက်ရောင် လှံရှည်ကြီးကို အမှုန့်ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်ပြီးနောက်၊ သူ၏ခန္ဓာကိုယ်မှာ လေထဲသို့ ခုန်တက်သွားခဲ့ပြီး ထိုက်ရှီဆီသို့ ခြေလှမ်း တစ်လှမ်း ဦးစွာ လှမ်းကာ တက်ကြွစွာဖြင့် စတင် တိုက်ခိုက်လိုက်ပြန်တော့သည်။
ယခုအခါ ဝမ်ချောင်သည် ဧရာမ ကိုယ်ပွား နှစ်ခု နှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီ ဖြစ်ရာ စိတ်စွမ်းအင် ဖြစ်စေ ခွန်အား ဖြစ်စေ အဆများစွာ မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ ဤအရာကလည်း ထိုက်ရှီကို အပြင်းအထန် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိစေရန် ဝမ်ချောင်ကို ခံစားသိရှိသွားစေတော့သည်။
"တုံးအလိုက်တာ… ဒီလိုဆိုမှတော့ မင်းရဲ့ မျှော်လင့်ချက်တွေကို ငါက လုံးဝ ဖျက်ဆီးပစ်ရတာပေါ့"
ထိုက်ရှီ၏ မျက်နှာအမူအရာမှာ အေးစက်နေခဲ့ပြီး လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ သူ၏ အနောက်ဘက်တွင် မိမိနှင့် ၇၀ ရာခိုင်နှုန်းခန့် တူညီသော ရှေးဟောင်း နတ်ဘုရားတစ်ပါး၏ ပုံရိပ်မှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ထိုနတ်ဘုရား၏တစ်ကိုယ်လုံးတွင် ရွှေရောင်များ ဆင်မြန်းထားပြီး အလင်းတန်းများ တောက်ပနေခဲ့ကာ၊ ၎င်း၏ ကျောဘက်တွင် အဖြူရောင်နှင့်ရွှေရောင် လှံရှည် ခုနစ်လက်မှာ ရုတ်တရက် ပေါ်ထွက်လာတော့သည်။ သေချာစွာ ကြည့်မည်ဆိုပါက အဖြူရောင်နှင့်ရွှေရောင် လှံရှည် တစ်လက်စီတိုင်း ၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင် မန္တန် စာသားများ အများအပြား ရေးထွင်းထားသည်ကို မြင်တွေ့နိုင်ပြီး၊ အလွန်အမင်း အန္တရာယ် ကြီးမားသလို မြင့်မြတ်လှသော ခံစားချက် တစ်ခုကို ပေးစွမ်းနေတော့သည်။
"တရားစီရင်ခြင်း လှံရှည် ဖျက်ဆီးပစ်လိုက်စမ်း"
ထိုက်ရှီသည် လေဟာနယ် အတွင်း၌ ရပ်တန့်နေလျက် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ သူ၏အနောက်ဘက်ရှိ အဖြူရောင်နှင့်ရွှေရောင် လှံရှည် ခုနစ်လက် မှာ အသက်ဝင်နေသည့်အလား အလိုအလျောက် လေထဲသို့ ပျံတက်သွားခဲ့ကြသည်။ လှံရှည် များ၏ အတွင်းပိုင်း၌ ပြင်းထန်လှသော ဟင်းလင်းပြင် အချိန် တုန်ခါမှုများ ပါဝင်နေပြီး ဝမ်ချောင်ကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်ကြတော့သည်။
"ဝုန်း"
လှံရှည်များမှာ လေဟာနယ်ကို ဖောက်ထွက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ဝမ်ချောင်၏မျက်နှာဆီသို့ ပြေးဝင်လာခဲ့ရာ ၎င်းတို့၏ အရှိန်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
သို့သော် နောက်တစ်ခဏတွင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ဝမ်ချောင်က လက်ဝါးကို ဆန့်ထုတ်ကာ ထို အဖြူရောင်နှင့်ရွှေရောင် လှံရှည် ခုနစ်လက် ၏ ရှေ့တွင် လျင်မြန်စွာ ကာကွယ်လိုက်တော့သည်။ ၎င်းတို့၏ အရှိန်မှာ ဝမ်ချောင်က တက်ကြွစွာဖြင့် တားဆီးလိုက်ခြင်းနှင့် လုံးဝမတူညီဘဲ ဝမ်ချောင်၏ လက်ဝါးက ထိုနေရာတွင် အစောကြီးကတည်းက ရှိနေခဲ့ပြီး ထိုက်ရှီထိန်းချုပ်ထားသော ထို အဖြူရောင်နှင့်ရွှေရောင် လှံရှည် ခုနစ်လက် မှာ သူတို့ဘာသာ ပြေးဝင်လာသည့်အလား ဖြစ်နေတော့သည်။
"ဝီ"
မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ လှံရှည် ခုနစ်လက် မှာ အလွန်အမင်း မြန်ဆန်လှသော အရှိန်မှနေ၍ ရုတ်တရက် အလွန်အမင်း ငြိမ်သက်သွားခဲ့ပြီး၊ ဝမ်ချောင်ဆန့်ထုတ်ထားသော ထိုလက်ဝါး၏ရှေ့တွင် လေဟာနယ် အတွင်း၌ မျက်တောင်တစ်ခတ်အတွင်း ရပ်တန့်သွားကြတော့သည်။
"ရေခဲကမ္ဘာ”
နောက်တစ်ခဏတွင် ထိုက်ရှီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားသည့် အချိန်မှာပင်၊ မတိုးမကျယ်သော အသံတစ်ခုမှာ မရေမတွက်နိုင်သော ဟင်းလင်းပြင် အချိန်များအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်ရှိ ဝမ်ချောင်၏နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်ထွက်လာသည်ကိုလည်း ထိုက်ရှီရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
"ဝုန်း"
မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ ရှေးဟောင်း ရေခဲခေတ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလား၊ ပေ ထောင်နှင့်ချီသော ပတ်လည် အတွင်း၌ ထိုက်ရှီရှိနေသော နေရာအပါအဝင် အပူချိန်များမှာ မျက်တောင်တစ်ခတ်အတွင်း ရူးသွပ်စွာ ကျဆင်းသွားခဲ့ပြီး အရာရာတိုင်းမှာ အေးခဲသွားတော့သည်။ ဟင်းလင်းပြင် အချိန်ပင်လျှင် အေးခဲသွားတော့သည်။
ရေခဲပြင် ကမ္ဘာ မှာ မူလက တတိယ ရှန်ထိုက် ၏ သဘာဝလွန် စွမ်းရည် တစ်ခု ဖြစ်သည်။ သို့သော် ဝမ်ချောင်မှာ ယခုအခါ သုံးဦး တစ်သားတည်း ဖြစ်သွားပြီဖြစ်ရာ ရှန်ထိုက်များ၏ စွမ်းရည် အာလုံးကို အလားတူ အသုံးပြုနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သို့သော် ၎င်း၏စွမ်းအားမှာ တတိယ ရှန်ထိုက်ထက်ပင် အဆများစွာ ပိုမိုကြီးမားနေတော့သည်။
"ဒါက ဘာလဲ?"
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထိုက်ရှီအလွန်အမင်း အံ့ဩသွားတော့သည်။ ဝမ်ချောင်၏ ဤတိုက်ခိုက်မှု မှာ ရိုးရှင်းသော သိုင်းကွက်တစ်ခု လုံးဝ မဟုတ်ပါချေ၊ ထိုက်ရှီသည် ထိုအထဲမှနေ၍ အလွန်အမင်း ဖြူစင်လှသော ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်း တုန်ခါမှုများကို ခံစားသိရှိသွားတော့သည်။
"ဘုန်း"
မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ထိုက်ရှီက ခြေတစ်ချက် ဆောင့်လိုက်ရာ အဖြူရောင်နှင့်ရွှေရောင် အလင်းစက်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ဟင်းလင်းပြင် အချိန် ၏ အနက်ပိုင်းသို့ ချက်ချင်း ဝင်ရောက်သွားကာ ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်တော့သည်။ သို့သော် ဤအဖြူရောင်နှင့်ရွှေရောင် ဟင်းလင်းပြင် အချိန်စက်ဝန်းလေးမှာ ယခုလေးတင် ပေါ်ထွက်လာရုံသာ ရှိသေးသော်လည်း၊ ချက်ချင်းပင် လေဟာနယ် အတွင်း၌ အနည်းငယ်မျှ မလှုပ်မယှက် နိုင်အောင် အေးခဲခံလိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော ရေခဲလှိုင်းလုံးကြီး တစ်ခုမှာ လျင်မြန်စွာ တဟုန်ထိုး ပြေးဝင်လာခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်း ထိုက်ရှီ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ သူ့အား လေဟာနယ် အတွင်း၌ အေးခဲသွားစေတော့သည်။
ကက်စပီယံ ပင်လယ် တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ ၌ ဝမ်ချောင်သည် ဂူကောင်းကင်အဆင့်သို့ မရောက်ရှိသေးဘူးဆိုလျှင်တောင်မှ ရေခဲကမ္ဘာ သိုင်းပညာ ဖြင့် ထိုက်ချန် ကို အေးခဲသွားအောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ခွန်အားများ အလွန်အမင်း တိုးတက်လာခဲ့ပြီဖြစ်ရာ ယခင်ကနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ဖြစ်သွားပြီ ဖြစ်၏။
"သတ်ဖြတ်ခြင်း လှံရှည်”
တစ်ကြိမ်တည်းသော တိုက်ခိုက်မှုဖြင့် ထိုက်ရှီကို အေးခဲသွားစေပြီးနောက် ဝမ်ချောင်၏စိတ်ဆန္ဒ လှုပ်ရှားသွားခဲ့ရာ၊ အစစ်အမှန် ကိုယ်ခန္ဓာ၊ ပထမ ရှန်ထိုက် နှင့် တတိယ ရှန်ထိုက် တို့၏ အနောက်ဘက်တွင် ခန့်ညားထည်ဝါလှသော ကောင်းကင်ဘုံသုံးဆယ့်သုံးဘုံကြီးများ အသီးသီး ပေါ်ထွက်လာတော့သည်။ လူတိုင်းကို အံ့ဩ တုန်လှုပ်သွားစေသည်မှာ ဘုံသုံးဆယ့်သုံးထပ် ကြီးများ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ဆွဲဆောင်မှု တစ်ခုခုကို ခံလိုက်ရသည့်အလား ရေနှင့်နို့ ပေါင်းစပ်သွားသကဲ့သို့ တစ်သားတည်း ပေါင်းစပ်သွားကြတော့သည်။
ဝမ်ချောင်က လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ဤဧရာမ ဘုံသုံးဆယ့်သုံးထပ် အသစ်ကြီးမှာ ချက်ချင်းပင် လက်ကောက်ဝတ် အရွယ်အစားခန့် ရှိပြီး၊ ရှေးဟောင်း ပုံစံ ရှိကာ ယခင်က တစ်ခါမျှ မမြင်တွေ့ဖူးသော ရွှေရောင် လှံရှည် တစ်လက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သို့သော် ဤအရာများမှာ လုံးဝပြီးဆုံးသွားခြင်း မရှိသေးပါချေ၊ ရွှီးခနဲ လေထဲတွင် အဖြူရောင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ထိုက်ချန် ၏ ကိုယ်ပေါ်မှ လုယူခဲ့သော ထို ရွှေရောင် လှံတို မှာ ချက်ချင်းပင် လှံရိုး ၏ အတွင်းသို့ ဝင်ရောက် ပေါင်းစပ်သွားခဲ့ပြီး လှံထိပ်၏ နေရာကို အစားထိုး ယူလိုက်တော့သည်။
"သတ်ဖြတ်ခြင်း လှံရှည်"
နာမည်မှာ ယခင် နာမည်သာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာမူ ယခင်ကနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ပါချေ。
"ဘုန်း"
အေးစက်လှသော အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး လှံရှည်ကြီး အသက်ဝင်လာသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်ချောင်က ကိုယ်ဖော့ကျင့်စဉ်ကို အသုံးပြုလိုက်ရာ လူနှင့်လှံ တစ်သားတည်း ဖြစ်သွားခဲ့ပြီး မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် ထိုက်ရှီဆီသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။
ဤတစ်ကြိမ် တိုက်ခိုက်မှု တွင် ထိုက်ရှီမှာ ရှောင်တိမ်းရန် အခွင့်အရေး ပင်လျှင် မရှိခဲ့ပါချေ၊ အဘယ်ကြောင့်ဆိုသော် ရေခဲ ကမ္ဘာ သိုင်းပညာ ၏ နယ်ပယ် အတွင်း၌ အချိန်များ ပင်လျှင် အေးခဲသွားပြီ ဖြစ်သောကြောင့်ပင်။
သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ စိတ်ဆန္ဒကို အသုံးပြု၍ သတ္တု မျက်နှာဖုံးတစ်ခုကို ခေါ်ယူကာ မိမိ၏ မျက်နှာကို ဖုံးကွယ်လိုက်ခြင်း သာ ဖြစ်ပေသည်။
"ဝုန်း"
ထိုက်ရှီက ဤအရာများ အားလုံးကို ပြုလုပ်ပြီးစီးသွားသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်ချောင်၏တိုက်ခိုက်မှုမှာ လျင်မြန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထို ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း လှံရှည်ကြီးမှာ ကောင်းကင်မှ ကျလာသော ကျောက်ပျံကြီး တစ်ခုအလား မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသောအရှိန်ဖြင့် ထိုက်ရှီ၏ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။
"အားးး"
ထိုက်ရှီကဲ့သို့ အစွမ်းထက်လှသော သူပင်လျှင် ဤကဲ့သို့ ပြင်းထန်လှသော တိုက်ခိုက်မှုကို ခံလိုက်ရသည့်အခါ တစ်ကိုယ်လုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်။ ထို ရှေးဟောင်း နတ်ဘုရား သံချပ်ကာကြီးက ဝမ်ချောင်၏ ဤကြောက်မက်ဖွယ်ကောင်းသော လှံတစ်ချက်ကို တားဆီးနိုင်ခဲ့သည် ဆိုသော်ငြားလည်း၊ ထိုလုံဝဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် ခွန်အားများမှာ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများနှင့် ရောနှောလျက် လှံထိပ်မှတစ်ဆင့် သူ၏ကိုယ်တွင်းသို့ မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်စွာ ဝင်ရောက်လာတော့သည်။
ဇွက်…
ထိုက်ရှီ၏ တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး အားခနဲ အော်ဟစ်လျက် သွေးများ အများအပြား ပန်းထွက်လာတော့သည်။ မူလက နတ်ဘုရားများအလား ခန့်ညားထည်ဝါနေသော မျက်နှာမှာလည်း လျင်မြန်စွာပင် အလွန်အမင်း ဖြူရော်သွားတော့သည်။ လှံထိပ်မှ တဟုန်ထိုး ပြေးဝင်လာသော ပြင်းထန်လှသည့် ခွန်အားများက ထိုက်ရှီကို မြင့်မားလှသော ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဝဋ်ဆိုသည်မှာ လည်စမြဲပင်။ ဝမ်ချောင်၏ ဤတိုက်ခိုက်မှုမှာ ထိုက်ရှီက ယခင်က မိမိကို တိုက်ခိုက်ခဲ့သော နည်းလမ်းကို အသုံးပြု၍ သူ့ထံသို့ "ပြန်လည် ပေးဆပ်" လိုက်ခြင်းပင် ဖြစ်တော့သည်။
"ဝုန်း"
ထိုက်ရှီ၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ရိုက်ကျသွားခဲ့ပြီး လွင့်စင်လာသော ဖုန်မှုန့်များမှာ ပေ တစ်ရာ နီးပါး အမြင့်သို့ ရောက်ရှိသွားတော့သည်။ သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ထိုက်ရှီ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး လေဟာနယ်အတွင်းသို့ ထပ်မံ ဝင်ရောက်သွားပြန်တော့သည်။
"ခုနက အလင်းစက်ကွင်း ကြောင့်ပဲလား?"
ဝမ်ချောင်သည် လေဟာနယ် အတွင်း၌ မတ်မတ်ရပ်နေလျက် မြေပြင်ကို အပေါ်စီးမှ ငုံ့ကြည့်ရင်း အရာတစ်ခုခုကို ချက်ချင်း သတိပြုမိသွားတော့သည်။
ထိုက်ရှီ၏ ကိုယ်ပေါ်ရှိ ရှေးဟောင်း သံချပ်ကာမှာ မိမိ၏ သံသရာ သံချပ်ကာထက် လုံးဝပိုအစွမ်းထက်နိုင်မည် မဟုတ်သလို ခံစစ်စွမ်းရည်ကလည်း သံသရာ သံချပ်ကာလောက် အစွမ်းထက်နိုင်မည် မဟုတ်ပါချေ။ သို့သော် သူ၏ ခေါင်းနောက်ဘက်ရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော အလင်းစက်ကွင်းတွင်မူ သဘာဝလွန် စွမ်းရည် မျိုးစုံ ရှိနေပုံ ရပြီး အလွန်အမင်း ခြိမ်းခြောက်မှု များကို ပေးစွမ်းနိုင်ပုံ ရပေသည်။
"ဧရာမ စွမ်းအင် အလယ်ဗဟို အနှစ်သာရနဲ့ မဟာစစ်အစီအရင်ရဲ့ အကူအညီမပါဘဲနဲ့ 'ထိုက်' မျိုးဆက် အစွမ်းထက် ပညာရှင်တစ်ဦးကို မျက်နှာချင်းဆိုင် သတ်ဖြတ်ဖို့ ဆိုတာ တကယ်ပဲ မလွယ်ကူဘူးပဲ"
ဝမ်ချောင်က ရင်ထဲ၌ တိတ်ဆိတ်စွာ တွေးတောလိုက်တော့သည်။
ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဝမ်ချောင်အနိုင်ရရှိသွားခဲ့သည် ဆိုသော်ငြားလည်း ဝမ်ချောင်၏ရင်ထဲတွင် အနည်းငယ်မျှ ပေါ့ဆမှု လုံးဝ မရှိခဲ့ပါချေ။
******