← Chapters

သစ်သားဒြပ်စင်

Vol. 008 Ch. 399

သစ်သားဒြပ်စင်

Vol. 008 Ch. 399

ဝမ်လင်း၏နဖူးပေါ်မှ အပင်သည် လျင်မြန်စွာ ကြီးထွားလာပြီး သူ့တစ်ကိုယ်လုံးအား ဖုံးအုပ်သွား၏။ သူ့လက်ဖမိုးပေါ်၌ အနက်ရောင် မျဉ်းကြောင်းအချို့ပင် ရှိနေသည်။

သည်အနက်ရောင် မျဉ်းကြောင်းများက များစွာသော တက်တူးပုံစံဖြစ်ပေါ်နေ၏။ သည်တက်တူးများသည် ဝမ်လင်း၏ အသွေးအသားများထဲတွင် အမြစ်တွယ်လာပြီး တဖြည်းဖြည်းပျံ့နှံ့လာ၏။

ဝမ်လင်းမျက်နှာပေါ်ရှိ နာကျင်မှုက ပိုတိုးလာနေခဲ့သည်။ သူက ရုတ်တရက် မျက်လုံးဖွင့်၍ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ အချိန်အတန်ကြာသည့်အခါ သူ့မျက်လုံးများက အနီရောင်တောက်နေပြီး အနည်းငယ်သာ ကြည်ကြည်လင်လင် ရှိတော့၏။

သို့ရာတွင် တက်တူးပုံရိပ်တစ်ခုက သူ့မျက်လုံးထဲ၌ ထူးဆန်းစွာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

“ဒီတက်တူးတွေက အရမ်း ကြမ်းကြုတ်လွန်းတယ်…” ဝမ်လင်း မျက်နှာက ရှုံ့တွနေ၏။ သူက သူ့လက်ခုံပေါ်ရှိ အနက်ရောင် မျဉ်းကြောင်းများကို ကြည့်နေသည်။

တက်တူးများက သူ့မူလစိတ်ဝိညာဉ်ကိုပင် ပင်ကူအိမ်တစ်ခုလို လွှမ်းခြုံထားခဲ့ပြီ ဖြစ်သည်။ သူ့အရေပြားပေါ်ရှိ တက်တူးများကတော့ မူလ စိတ်ဝိညာဉ်တွင် ဖြစ်ပေါ်နေခြင်း၏ တန်ပြန်သက်ရောက်မှု တစ်ခုမျှသာ ဖြစ်သည်။

“ဒီတက်တူးများက အသက်ရှိသလို ထင်မှတ်ရတယ်။ ငါက ဒါတွေကို ယာယီ ဖိနှိပ်ထားနိုင်ရုံပဲ…” ဝမ်လင်းက သူ့ခန္ဓာကိုယ်၏ စိတ်ဝိညာဉ်စွမ်းအင်ကို တည်ငြိမ်အောင် ပြုလုပ်နေသည်။ ထို့နောက် သူက စစ်ရထားကို ထိလိုက်သည်။ စစ်ရထားက လက်ကောက်အဖြစ်သို့ ပြန်ပြောင်းသွားပြီး သူ့လက်ကောက်ဝတ်၌ ပြန်လည် နေရာကျသွားသည်။

ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးတစ်ခုကို အသုံးပြုပြီးနောက် လက်ကောက်မှ စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူမှုက အပြီးသတ်သွား၏။ သူက သူ့နောက်ရှိ ဟင်းလင်းပြင်ကို အေးစက်စွာ ကြည့်သည်။

သူက အဘိုးအိုသည် သူ့နောက်သို့ လိုက်ပါနေဆဲဖြစ်ပြီး ပို၍ နီးကပ်လာနေသည်ဟု ခံစားမိနေသည်။

ကြယ်သံလိုက် အိမ်မြှောင်၏ အမြန်နှုန်းက အဘိုးအိုထက် သာလွန်သည်ကြောင့်သာ မဟုတ်လျှင် သူက ခုချိန်ဆို အဖမ်းခံနေရပြီ ဖြစ်၏။

ဝမ်လင်းက ကျိန်ဆဲလိုက်သည်။ “ သေစမ်း…ဒီတစ္ဆေအိုကြီးက ခုထိ လက်မလျှော့သေးဘူး…” ဝမ်လင်းက တစ်လကျော်ကျော်ထိ ဆက်လက်၍ ပြေးနေရတုန်းပင်။

သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးသည် အရာများသာ သူ့တွင်ရှိမနေခဲ့လျှင် သူက မောပန်း၍ အဘိုးအို၏ ဖမ်းဆီးခြင်းကို ခံနေရလောက်ပေပြီ။

သို့သော် သူ့တွင် ဆေးလုံးများ မည်မျှရှိနေပါစေ သည်ဆေးလုံးများသည် တဖြည်းဖြည်း ကုန်ဆုံးလာနေခဲ့သည်သာ ဖြစ်သည်။ သူက ကြယ်သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်နိုင်ဖို့ ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးသည့်အရာများ ကုန်ဆုံးသွားလျှင် သူ့အတွက် သေဆုံးရန် တစ်လမ်းသာ ရှိတော့သည်။

ပြေးရမည်။ သူက ပြေးနိုင်သလောက်ကို ပြေးရမည်။ သူ့ရတနာများက အဘိုးအိုကို ရင်ဆိုင်နိုင်ရန်အတွက် မလုံလောက်ချေ။ သူ့တွင် စာလိပ်ရှိသော်လည်း ၎င်းကို မည်သို့ အသုံးပြုရမည်မှန်း မသိချေ။

အဘိုးအိုက သူ့ကို မဖမ်းနိုင်သေးသောကြောင့် သည်အရာသည် မည်သူကြာကြာပို၍ တောင့်ခံနိုင်သနည်းဆိုသော ခံနိုင်အား စမ်းသပ်သည့် တိုက်ပွဲအသွင်သို့ ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ကို ထိန်းချုပ်၍ ဆက်လက် ပျံသန်းနေခဲ့သည်။

သူက သည်ခံနိုင်ရည်အား စစ်ပွဲကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီးနောက် သူက သူ့တွင်ရှိသော ဆေးလုံးအားလုံးကို ထုတ်၍ သေချာကြည့်လိုက်သည်။ သူက ဆေးလုံးထဲတွင် ရှိနေသော စိတ်ဝိညာဉ် စွမ်းအင်များကို လုံးဝမဖြုန်းတီးလိုချေ။

အဘိုးအိုကလည်း ဆက်လက်၍ နောက်က လိုက်နေဆဲပင်။ သူက ပို၍လိုက်လေလေ သူ့ရှေ့ရှိ ဂျူနီယာက သည်အမြန်နှုန်းဖြင့် ခုလောက်ကြာအောင် ထွက်ပြေးနိုင်နေသည့် အတွက် ပိုမို တုန်လှုပ်အံ့သြမိလေ ဖြစ်နေသည်။ ဝမ်လင်းက ရတနာတစ်မျိုးကို အသုံးပြုနေတာ ဖြစ်သော်လည်း သည်ရတနာက စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုရမည်သာ ဖြစ်၏။

သူ့ခန္ဓာကိုယ်ထဲမှာ တက်တူးမျိုးစေ့ ရှိနေတာတောင်မှ ခုလိုရတနာတစ်ခုကို ထိန်းချုပ်နိုင်သည့် ဂျူနီယာတစ်ယောက်က အလွန်ပင် ရှားလွန်းလှသည်။

“ဒီဂျူနီယာက ကလန်ကြီးတစ်ခုခုရဲ့ တပည့်တစ်ယောက် ဖြစ်ရမယ်။ ဖြစ်နိုင်တာက ဟင်္သာပြဒါးနိုင်ငံရဲ့ တပည့်တောင် ဖြစ်နေလောက်တယ်။ ငါ သူ့ကို ငါ့ရဲ့ တက်တူးရုပ်သေးရုပ် အဖြစ် သန့်စင်နိုင်ရမယ်။ အဲဒီအချိန်ကြရင် ငါက သူ့ကို ကျင့်ကြံခြင်းနိုင်ငံတွေဆီ ပြန်သွားခိုင်းလိုက်ရင် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်လိမ့်မယ်…”

စွန့်ပစ်ခံ မသေမျိုးကလန်သည် ဟင်္သာပြဒါးနိုင်ငံ၏ ချိပ်ပိတ်ထားမှုကြောင့် ပထမအလွှာကို ကျော်လွန်၍ မသွားနိုင်ချေ။ သူတို့က တက်တူးရုပ်သေးများကိုသာ အပြင်သို့ လွှတ်နိုင်ကြ၏။ ဝမ်လင်း မသေမျိုးသင်္ချိုင်းကို လာသည့်လမ်းတွင် တွေ့ခဲ့ရသော တစ်ယောက်သည် အဆင့်နိမ့် တက်တူးရုပ်သေး တစ်ယောက်သာ ဖြစ်သည်။

သည့်အတွက်ကြောင့် စွန့်ပစ်ခံ မသေမျိုးကလန်သည် ကျင့်ကြံသူများ၏အလောင်းများကို ယူဆောင်ကြခြင်း ဖြစ်သည်။ တခြားတစ်ဖက်၌လည်း နတ်ဆိုးပင်လယ်နှင့် အခြားအနီးအနား ပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်းနိုင်ငံများက ကျင့်ကြံသူများသည်လည်း စွန့်ပစ်ခံ မသေမျိုးကလန်၏ သတ်ဖြတ်ခြင်းကို ခံနေခဲ့ရသည်။ စွန့်ပစ်ခံ မသေမျိုးကလန်၏ အဖွဲ့ဝင်များသည် အခြားသားရဲများအတွက် တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ခြင်းလည်း မရှိကြပေ။

အဘိုးအိုက ဝမ်လင်းနောက်သို့ လိုက်ဖမ်းနေစဉ်တွင် သူ့မျက်လုံးများက ထူးဆန်းသော အလင်းများကို ထုတ်လွှတ်နေသည်။

အဘိုးအိုက နှာခေါင်းရှုံလိုက်၏။ “ဒီဂျူနီယာမှာ ဆေးလုံးတွေ အများကြီး ရှိနေတဲ့ပုံပဲ။ ဒါပေမဲ့ သူ့မှာ ဆေးလုံးဘယ်လောက်ရှိရှိ တစ်ချိန်ချိန်တော့ ကုန်သွားမှာပဲ။ သူ့ကိုသာ ငါဖမ်းမိရင် ရုပ်သေးတစ်ကောင် အဖြစ် သန့်စင်ပစ်မယ်…”

သည်ဟင်းလင်းပြင်က အလွန်တရာ ကြီးမားကျယ်ပြန့်လှ၏။ ဝမ်လင်းက တစ်လကျော် အဖြောင့်တိုင်း ပျံသန်းနေခဲ့သော်လည်း ခုထိ အဆုံးသတ်ကို မတွေ့ရသေးချေ။ သူစတင်ဝင်လာခဲ့သည့်အချိန်ကအတိုင်း ဟင်းလင်းပြင်ထဲရှိ မြင်ကွင်းအားလုံးက တူညီနေသည်။

သည်နေရာက လုံးဝနက်မှောင်နေပြီး မည်သည့် သက်ရှိသက်မဲ့များလည်း ရှိမနေကြချေ။

သည်နေ့တွင် ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ပေါ်ကနေ လွတ်မြောက်ရန် ကြည့်ရှုနေချိန်တွင် သူ့နဖူးပေါ်ရှိ အပင်က ရုတ်တရက် အရောင်တောက်ပလာပြီး သူ့ခန္ဓာကိုယ်ရှိ တက်တူး အမှတ်အသားများ အားလုံးက စတင် ရွေ့လျားလာကြသည်။

“နောက်ထပ် တိုက်ခိုက်မှု…” ဝမ်လင်းက သူ့စိတ်ကို အများကြီး အလုပ်ပေးနေရသည်။ သူ့စိတ်အာရုံတစ်ပိုင်းက ကြယ်သံလိုက် အိမ်မြှောင်ကို ဆက်လက် ထိန်းချုပ်နေပြီး အခြား စိတ်အာရုံတစ်ခုက သူ့ခန္ဓာကိုယ်ရှိ တက်တူးစွမ်းအားကို ဖိနှိပ်ထားနေရသည်။

အချိန်အတန်ကြာသည့်အခါမှ သူက မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်လုံးထဲရှိ တက်တူး အမှတ်အသားသည်လည်း ပို၍ သိသာလာသည်။ ခုနေ ကျင့်ကြံသူတစ်ယောက်က ဝမ်လင်းကို တွေ့သွားမည်ဆိုပါက သူ့ကို စွန့်ပစ်ခံ မသေမျိုးကလန်၏ အဖွဲ့ဝင်တစ်ယောက်ဟု ထင်မှတ်မိပေလိမ့်မည်။

ဝမ်လင်းမျက်နှာက ရှံ့တွနေ၏။ သူက အသက်မနည်းရှူနေရသည်။ သူက တက်တူးများက သူ့မူလစိတ်ဝိညာဉ်ကို တူးဆွနေပြီး စတင် ပျံ့နှံ့နေသည်ကို ခံစားမိနေ၏။

သူ့မူလစိတ်ဝိညာဉ် တစ်ခုလုံး တက်တူးဖြင့် ဖုံးအုပ်သွားခြင်းခံရပါက သူက အဘိုးအိုပြောပြောနေသည့် တက်တူးရုပ်သေး ဖြစ်သွားပေလိမ့်မည်။

ဝမ်လင်းက မသေမျိုးသင်္ချိုင်းကို ဝင်လာပြီးနောက် တက်တူးရုပ်သေးအချို့ကို တွေ့ခဲ့ဖူးသည်။ သူတို့၏ မျက်လုံးများက လုံးဝနီရဲနေပြီး ကြမ်းကြုတ်သည့်အော်ရာများ ထွက်ပေါ်လျက်ရှိသည်။ သူတို့က လူသားများနှင့်ပင် မတူချေ။

ဝမ်လင်းက အလွန်ခါးသီးစွာ ခံစားနေရသည်။ သူက သည်လိုသာဆက်၍ ပြေးနေရမည်ဆိုလျှင် သူ့ဆေးလုံးများကို မသုံးစွဲရခင် တက်တူးများ၏ ဖုံးလွှမ်းခြင်း ခံရမည်ကို သိနေခဲ့၏။

သူက သူ့သိုလှောင်အိတ်ကို ထိလိုက်သည်။ သူ့သိုလှောင်အိတ်ထဲ၌ အလောင်းကောင်ကလန်မှ အကြီးအကဲ ခေါင်းဆောင်ပေးခဲ့သော သိုလှောင်အိတ်တစ်ခု ရှိနေသည်။ သို့သော် သူက အခုသူရှိနေသော နေရာကို သူကိုယ်တိုင်မသိချေ။ ထို့ကြောင့် သူက သည်အကြီးအကဲကို မည်သို့ ခေါ်နိုင်ပါ့မည်နည်း။

သူက အနည်းငယ် စဉ်းစားနေ၏။ သူ့မျက်လုံးများကလည်း အေးစက်နေသည်။ နှစ်ငါးရာကြာ ကျင့်ကြံပြီးနောက် ဝမ်လင်းက သေခြင်းရှင်ခြင်း အခြေအနေများစွာကို ဖြတ်သန်းသွားခဲ့ပြီး ဖြစ်သည်။ သည်အတွေ့အကြုံများက သူ့ကို ရှင်သန်နိုင်ရန် ပြတ်သားသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်အောင် သင်ပေးခဲ့ပေသည်။ အန္တရာယ်ပို၍ များလာလေလေ သူက ပို၍ တည်ငြိမ်လာလေလေ ဖြစ်သည်။

“ခုချိန်မှာ အရေးကြီးဆုံး အရာတစ်ခုက ငါ့ခန္ဓာကိုယ်က တက်တူးအမှတ်အသားကို ဖယ်ရှားနိုင်ဖို့ပဲ…” ဝမ်လင်းက သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်၍ တက်တူးကို လေ့လာနေသည်။

ဝမ်လင်းက စဉ်းစားလိုက်၏။ “ဒီတက်တူးက ငါ့မျက်ခုံးနှစ်ခုကြားမှာ ရှိနေတဲ့ အပင်က ဖြစ်တည်လာတာ။ လူရိုင်းတိုင်းမှာ သူတို့ရဲ့မျက်ခုံးနှစ်ခုကြားမှာ အပင်တစ်ပင်စီ ရှိကြတယ်။ ဒီတက်တူးအားလုံးရဲ့ အခြေခံက အပင်ဆိုရင် ဒီတက်တူးတွေရဲ့ စွမ်းအားက ဘယ်လိုအမျိုးအစားပဲ ဖြစ်ဖြစ် သူ့မှာ သစ်သားဓာတ် ရှိကိုရှိရမယ်..."

အတိတ်တုန်းက သူ အခြေခံ တည်ဆောက်ခြင်း အဆင့်၌ သည်လိုအန္တရာယ်မျိုး တွေ့ကြုံခဲ့ဖူးလေသည်။ ထိုအချိန်တုန်းက သူက ဟိုဖန်နိုင်ငံမှာ မီးစိတ်ဝိညာဉ် သားရဲတစ်ကောင်နှင့် တွေ့ဆုံခဲ့ဖူးသည်။

သည်မီးစိတ်ဝိညာဉ်က သူ့ကြီးထွားမှုကို အကူအညီဖြစ်စေရန် ကျင့်ကြံသူများကို ဝါးမျိုခဲ့ပေသည်။ အဆုံးသပ်၌ ဝမ်လင်းထံမှ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ ထွက်ပေါ်လာပြီး မီးစိတ်ဝိညာဉ်ကို စုပ်ယူ၍ သည်ပုတီးစေ့၏ မီးဒြပ်စင်လိုအပ်ချက်ကို အပြည့်အဝ ဖြည့်တင်းခဲ့သည်။

သူက သည်အရာကို တွေးမိပြီး ထိုသို့ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက အသက်ဝဝရှူသွင်းပြီး သူ့မျက်ခုံးနှစ်ခုကြားကို ထိ၍ ပြောလိုက်သည်။ “ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့…”

မီးခိုးရောင်ပုတီးစေ့ တစ်ခုက သူ့နဖူးထက်ကနေ ထွက်ပေါ်လာ၏။ သည်ပုတီးစေ့ပေါ်၌ သစ်ရွက်ပုံရိပ် အနည်းငယ် ရှိနေ၏။ ထိုအခြင်းအရာကလွဲ၍ သည်ပုတီးစေ့သည် သာမန်အတိုင်းသာ ရှိနေသည်။

ပုတီးစေ့ပေါ်ရှိ သစ်ရွက်များကိုက ြည့်ပြီးနောက် ဝမ်လင်းက မာန်သွင်းအော်ဟစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များက တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ကြယ်သံလိုက် အိမ်မြှောင်ကို ပို၍မြန်ဆန်စွာ သွားစေ၏။

ဝမ်လင်းက သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက အချိန်သည် အဓိကဖြစ်ကြောင်း သိနေခဲ့သည်။ ကြယ်သံလိုက်အိမ်မြှောင်သည် သူ့စိတ်ဝိညာဉ်စွမ်းအင် မရှိဘဲဖြင့် အချိန်ခဏသာ ဆက်၍ ရွေ့လျားနိုင်စွမ်း ရှိပေသည်။

အချိန်က အလွန်တိုတောင်းသော်လည်း သည်တစ်ခုသာ ဝမ်လင်းအတွက် ရွေးချယ်ခွင့် ရှိလေသည်။

သူ့စိတ်ဝိညာဉ် စွမ်းအင်များကို ပြန်ရုပ်သိမ်းပြီးနောက် ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ် အပေါ်ကို အာရုံစိုက်၍ တက်တူးအမှတ်အသားကို သူ့မျက်ခုံးနှစ်ခုကြားသို့ အတင်းနေရာရွေ့သည်။

သိပ်မကြာခင် သည်အပင်က သူ့မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာခဲ့သည်။ ၎င်း၏ အရွက်များက တဖြည်းဖြည်း ကြီးထွားနေကြသည်။

အဘိုးအိုက ဝမ်လင်းသည် ချက်ချင်း အရှိန်လျော့သွားသည်ကို သတိပြုမိ၏။ သူက နှာခေါင်းရှုံ့၍ ဝမ်လင်းနောက်သို့ ဆက်လိုက်သည်။

အနက်ရောင် မျဉ်းကြောင်းလိုင်းများက ဝမ်လင်းခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းစွာ ရွေ့လျားနေကြသည်။ တက်တူးများ ရွေ့လျားသည်အချိန်တိုင်း ဝမ်လင်းခန္ဓာကိုယ်က မချိမဆန့် နာကျင်ရ၏။ သူ့မျက်နှာပေါ်၌လည်း အလွန်နာကျင်သည့်ဟန် ဖြစ်ပေါ်နေ၏။

သူ့မျက်ခုံးနှစ်ခုကြားရှိ အပင်က ပို၍ရှင်းလင်းစွာ ဖြစ်တည်လာသည်။

အပင်ပေါ်၌ ပထမသစ်ရွက်တစ်ခု ပွင့်လာပြီးနောက် ဒုတိယသစ်ရွက်ကလည်း တစ်ဝက်တစ်ပျက် ပွင့်လာခဲ့သည်။

ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးထဲရှိ ကြည်လင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်လာနေ၏။ သူက မာန်တစ်ချက်သွင်း၍ ကောင်းကင်ဘုံ ပုတီးစေ့ကို စူးစိုက်ကြည့်သည်။

သူ့မျက်လုံးထဲရှိ ရှင်းလင်းမှုက ပိုမိုပျောက်ကွယ်လာနေခဲ့သည်။ ဝမ်လင်းတစ်ကိုယ်လုံး သည်လည်း ချွေးများဖြင့် နစ်မြုပ်နေ၏။

သူက အပင်သည် တက်တူး စွမ်းအားများကို ဖန်တီးနေသော်လည်း သူက သစ်သားဒြပ်စင် ပါဝင်နေရမည်ဟု လောင်းကြေးထပ်ထားရခြင်း ဖြစ်သည်။ သစ်သားဒြပ်စင်ရှိနေပါက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့က ၎င်းကို ကောင်းစွာ စုပ်ယူနိုင်မည် ဖြစ်သည်။

အဘိုးအိုက တစ်ခုခုကို သတိထားမိသွားပြီး နှာခေါင်းရှုံ့၍ ဆက်လိုက်သည်။ သူက အနည်းဆုံး သူ့ကျင့်ကြံမှုအဆင့်ထက် နယ်ပယ်တစ်ခုမမြင့်ဘဲ သည်တက်တူးအစေ့ကို ဖယ်ရှားနိုင်စွမ်းရှိလိမ့်မည် မဟုတ်ဟု ယုံကြည်မှု ရှိသည်။

ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့ကို စူးစိုက်ကြည့်နေ၏။ သူ့မျက်နှာပေါ်၌ ရုန်းကန် တိုက်ခိုက် နေရသည့်ဟန်သည် ပို၍ ကြမ်းတမ်းလာခဲ့သည်။ ထို့နောက် ကောင်းကင်ဘုံ ပုတီးစေ့က ရုတ်တရက် အစိမ်းရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်လာ၏။ ၎င်းအလင်းတန်းက ပထမ၌ အားနည်း နေသေးသော်လည်း တဖြည်းဖြည်းပို၍ တောက်ပလာခဲ့သည်။

သိပ်မကြာခင်တွင် ဝမ်လင်းမျက်ခုံးနှစ်ခုကြားရှိ အပင်မှ ပွင့်လာရုံရှိသေးသည် သစ်ရွက်ကို ဝမ်လင်းကို ဆွဲယူ၍သည်။ ထို့နောက် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က ၎င်းသစ်ရွက်ကို စုပ်ယူသွား၏။

သစ်ရွက် ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်းမျက်လုံးက ပြန်လည် ကြည်လင်လာသည်။ ဝမ်လင်းက စိတ်လှုပ်ရှားနေ၏။ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို လက်ညွှန်လိုက်ရာ ၎င်းက ပြန်ပျောက်ကွယ်သွား၏။ ထို့နောက် ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ကို အာရုံအပြည့်အဝစိုက်၍ ထိန်းချုပ်မောင်းနှင်သည်။

သူက သူ့တွင် အချိန်က လက်မတင်စာလေးသာ ရှိကြောင်းသိ၏။ ထို့ကြောင့် သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ ပို၍ စုပ်ယူနိုင်ရန်အတွက် အချိန်မရချေ။ အခုချိန်တွင် သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် တက်တူးကို စုပ်ယူနိုင်ကြောင်း သိလိုက်၏။ သူက ထပ်မံပြီး အလျင်လိုစရာ မလိုပေ။ ထို့ကြောင့် လွတ်မြောက်ရန် အတွက်သာ အာရုံစိုက်ထားလိုက်၏။

အဘိုးအိုက ဝမ်လင်း ပျောက်ကွယ်သွားသည်နှင့် ထိုနေရာသို့ ရောက်လာခဲ့သည်။ သူ့မျက်နှာက ရှုံ့တွနေပြီး အကွာအဝေး တစ်ခုစီသို့ ကြည့်နေ၏။

“ဒီဂျူနီယာမှာ ဘာလို့ မတူညီတဲ့ ရတနာတွေအများကြီး ရှိနေရတာလဲ။ သူ့မှာ တက်တူးမျိုးစေ့ကို ဖယ်ရှားနိုင်တဲ့ တစ်ခုခု ရှိနေတာလား…”

သစ်ရွက်က ကောင်းကင်ဘုံပုတီးစေ့၏ စုပ်ယူခြင်းကို ခံလိုက်ရသည့်အခါ အဘိုးအိုက ၎င်းအခြင်းအရာကို ထောက်လှမ်းမိသွားပြီး တုန်လှုပ်လို့သွား၏။

“ငါက ဒီဂျူနီယာကို ငါ့ရုပ်သေးရုပ် မဖြစ်ဖြစ်အောင် လုပ်ရမယ်…” အဘိုးအိုမျက်လုံးများက ပို၍အေးစက်လာခဲ့ပြီး သူက ဝမ်လင်းနောက်သို့ ဆက်လက်လိုက်ပြန်သည်။

ဝမ်လင်းက အလွန်ပျော်နေ၏။ သူက ကြယ်သံလိုက် အိမ်မြှောင်ပေါ်တွင် ထိုင်၍ နဖူးကို ထိလိုက်ပြီး ခပ်တိုးတိုးပြော၏။ “ငါက ဒီလိုကံဆိုးလွန်းတဲ့ အခြေအနေမှာ ကံကောင်းမှုတစ်ခု ရှိနေမယ်လို့ လုံးဝမမျှော်လင့်ခဲ့မိဘူး။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရဲ့ ရေ၊မီးနှင့် မြေကြီး ဒြပ်စင်များသည် ပြည့်စုံသွားခဲ့ပြီ ဖြစ်တယ်။ ခု သတ္တုဒြပ်စင်ကလွဲလို့ သစ်သားဒြပ်စင်လည်း တစ်ဝက်ရှိနေခဲ့ပီ။ သစ်သားဒြပ်စင်က ငါ့ခန္ဓာကိုယ်က တက်တူးကို စုပ်ယူပြီးနောက် ပြည့်စုံသွားမလား ဆိုတာ ငါတကယ် သိချင်နေမိတယ်။

အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးနေ၏။ ဝမ်လင်း အချိန်ကိုလည်း သိရှိခံစားနိုင်စွမ်း မရှိတော့ချေ။ သူက ကြယ်သံလိုက် အိမ်မြှောင်ကိုသာ အာရုံစိုက်ထိန်းချုပ်၍ လွတ်မြောက်ရန်အတွက် ကြိုးစားနေသည်။

သူက သိုလှောင်အိတ်ထဲက ဆေးလုံး တစ်ဝက်ကျော်ကိုလည်း သုံးစွဲပြီးခဲ့ပြီ။ သူ့၌ ဆေးလုံးအချို့သာ ကျန်တော့လေ၏။ သို့သော် သူ့နောက်ရှိ အန္တရာယ် အငွေ့အသက်ကတော့ ခုထိပျောက်ကွယ်သွားခြင်း မရှိသေးပေ။

သို့ရာတွင် ဝမ်လင်းက သူ့နောက်မှ လိုက်လာသော အဘိုးအို၏ အရှိန်သည် တဖြည်းဖြည်းချင်း‌ နှေးလာနေသည်ဟု ခံစားမိနေ၏။ သူသာ ဆက်လက် ပျံသန်းနိုင်မည် ဆိုပါက ဝမ်လင်းက အဘိုအိုသည် သူ့နောက်သို့ ဆက်လိုက်လာ နိုင်တော့မည် မဟုတ်ချေ။

“ငါ့မှာ ဆေးလုံးတွေ ကုန်သွားရင်လည်း ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးတွေ ရှိသေးတယ်။ ဒါဆိုရင် ဒီလူအိုကြီးရဲ့ အရိုးတွေ မောပန်းသွားတဲ့အထိ ငါတောင်ခံနိုင်လိမ့်မယ်…” ထိုသို့တွေးပြီးနောက် ဝမ်လင်းက တစ်ပြန်ကြီး နှာခေါင်းရှုံ့၏။

“ငါက ဒီလူအိုကြီးကို ကျေးဇူးတင်ရမယ်။ သူ့ကြောင့်သာမဟုတ်ရင် ငါက ဒီကြယ်သံလိုက်အိမ်မြှောင်က ဒီနေရာမှာ သွားလာလို့ရတာကို သိနိုင့်မှာ မဟုတ်ဘူး…”

ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ကို ထိလိုက်၏။ သူက သည်ရတနာကို အမှန်ပင် မြတ်နိုးနေမိ၏။

***

All Chapters