← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) ဆိုးသွမ်းသော မင်းသမီးလေး

ထိုနေ့မွန်းလွဲပိုင်းတွင် မင်းသမီးမင်ရော့က အပြင်ထွက်ကစားမည်ဟု ပူဆူနေသော်လည်း တံခါးဝတွင် အကျယ်ချုပ်စောင့်ကြပ်နေသည့် သက်တော်စောင့်များက တားဆီးထားကြသည်။

"ဒီအစေခံက မင်းသမီးကို အပြင်ပေးမထွက်နိုင်တာ ခွင့်လွှတ်ပေးပါ... အရှင်မင်းကြီးရဲ့ အမိန့်အရ ယောင်ထိုင်စံအိမ်က အားလုံး အမိန့်မပါဘဲ အပြင်ထွက်ခွင့်မရှိပါဘူး..."

"နင့်စကားတွေ လျှောက်ပြောမနေနဲ့... ခမည်းတော်က ငါတို့ သားအမိကို ဒီလိုဆက်ဆံမယ်ဆိုတာ ငါ မယုံဘူး... နင်တို့တွေ လိမ်ပြောနေတာ အသေအချာပဲ... ငါ့ကို မြန်မြန် လွှတ်ပေး... ငါ ခမည်းတော်ဆီ သွားတွေ့မယ်..."

မင်းသမီးမင်ရော့မှာ ယခုဆိုလျှင် လေးနှစ်အရွယ်ခန့် ရှိနေပြီဖြစ်၏။

လူနှင့် နာမည် လိုက်ဖက်လှစွာပင် အလွန်လှပပြီး သွက်လက်တက်ကြွစွာ ကြီးပြင်းလာခဲ့ပေသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်က အလိုလိုက်ခံထားရလွန်းသဖြင့် သူမ၏ စိတ်နေစိတ်ထားက မင်းသမီးတစ်ပါး၏ မောက်မာမှုမျိုး အပြည့်အဝ ရှိနေခြင်းပင်။

အကြောင်းမရှိဘဲ အစေခံတွေကို ရိုက်နှက်တတ်သည့် အဆင့်ထိ မဆိုးရွားသော်ငြား သူမကို ပြုစုရသည့် အစေခံတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်နေကြရပြီး ဘောင်ကျော်ကာ မဆုံးမရဲကြချေ။

ထို့ကြောင့် မူလက သုံးပုံခန့်သာ ရှိသော ကလေးဆန်ဆန် စိတ်ကောက်တတ်မှုမှာ အလိုလိုက်လွန်းသဖြင့် ဆယ်ပုံတိတိ ဆိုးသွမ်းသွားရတော့သည်။

သူမ၏ ရုပ်ဆင်းသွင်ပြင်က အရှင်မင်းကြီးနှင့်လည်း မတူသလို လင်ကွေ့ဖေးနှင့်လည်း မတူဘဲ မင်းသမီးရုံခန့်နှင့် ပို၍ ဆင်တူနေပေ၏။

ထို့ကြောင့် မင်းသမီးရုံခန့် ရောက်လာတိုင်း ဤမြစ်လေးကို အလွန် ဂရုတစိုက် ရှိလှသည်။

သူမသာ မင်းသမီးဟူသော ဂုဏ်ပုဒ် မရှိခဲ့လျှင် အိမ်တော်သို့ ခေါ်ဆောင်သွားပြီး ကိုယ်တိုင်ကိုယ်ကျ သွန်သင်ဆုံးမနေမည်မှာ အသေအချာပင်။

မင်းသမီးလေးမှာ အသက်မကြီးသေးသဖြင့် အရပ်ကလည်း သိပ်မရှည်သေးချေ။

သို့သော် သူမ ဒေါသထွက်ချိန်တွင်တော့ အခန်းတစ်ခုလုံးရှိ အစေခံများမှာ ဒူးထောက်ကြရသဖြင့် သူမကပဲ အားလုံး၏ အထက်တွေ ရှိနေသည်။

အားလုံးက ခေါင်းငုံ့ကာ ကြောက်ရွံ့နေကြသည်ကို ငုံ့ကြည့်ရင်း သူမ၏ စိတ်ထဲတွင် လုံးဝ အထင်သေးသွားလေသည်။

"ငါ နောက်တစ်ခေါက် ထပ်ပြောမယ်... ဖယ်စမ်း... မဖယ်ရင် ငါ မညှာဘူးနော်..."

တံခါးစောင့် သက်တော်စောင့်မှာ ကြံရာမရဖြစ်နေသဖြင့် မျက်နှာများပင် နီရဲလာတော့သည်။ သူက သာမန် အစောင့်ငယ်လေးသာ ဖြစ်ရာ ဤတာဝန်ကို မယူရဲချေ။

အပြင်ပေးထွက်လိုက်လျှင် အမိန့်တော်ကို ဆန့်ကျင်ရာရောက်ပြီး ခေါင်းဖြတ်ခံရမည် ဖြစ်ကာ အပြင်ပေးမထွက်လျှင်လည်း မင်းသမီးနှင့် ရန်ငြိုးဖွဲ့သလို ဖြစ်သွားမည်မို့ နောင်တွင် အေးချမ်းစွာ နေရတော့မည် မဟုတ်ပေ။

သူ၏ အကျပ်ရိုက်နေသော မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး မင်းသမီးရှေ့ ဒူးထောက်ချင်စိတ်ပင် ပေါက်နေလေပြီ။

"မင်းသမီးလေးရယ်... ဒီအစေခံကို ဒုက္ခမပေးပါနဲ့... ဒီနန်းဆောင်တံခါးကနေ အပြင်ပေးထွက်လို့ တကယ်ကို မရလို့ပါ... ဒါမှမဟုတ် မင်းသမီးလေး ဘယ်က ပန်းကို ကြည့်ချင်လို့လဲ... ဒီအစေခံ သွားခူးလာပေးပါ့မယ်..."

"ဟွန့်... ဘယ်သူက အဲဒီ ပန်းစုတ်တွေကို ကြည့်ချင်လို့လဲ... ငါ ဒီနေ့ ဒီတံခါးကနေ အပြင်ကို ထွက်ကို ထွက်မယ်... နင် ထပ်တားရဲရင် ငါ..."

မင်းသမီးမင်ရော့က ဘေးဘီဝဲယာကို ကြည့်လိုက်ရာ တံခါးဝနှင့် မလှမ်းမကမ်းရှိ ကျောက်ဆောင်တုကို မြင်သွားသဖြင့် ခြိမ်းခြောက်ကာ ပြောလိုက်လေသည်။

"ငါ ဒီကျောက်ဆောင်တုကို ဝင်တိုက်ပြီး သေပစ်လိုက်မယ်... ခမည်းတော်က နင့်ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်လုံးကို သတ်မသတ် စောင့်ကြည့်လိုက်..."

ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် မင်းသမီးမင်ရော့မှာ အခြားသူတွေကို မည်သို့ ခြိမ်းခြောက်ရမည်ကို အသေအချာ သိနေသည်ဟု ဆိုရပေမည်။ ပါးစပ်ဟလိုက်သည်နှင့် ဆွေမျိုးတွေကို သတ်ပစ်မည်ဟုချည်း ပြောနေတော့၏။

သက်တော်စောင့်မှာ ထိုစကားကို ကြားသောအခါ မည်မျှပင် သတ္တိရှိစေကာမူ ဆက်၍ မတားရဲတော့ချေ။

မင်းသမီးမင်ရော့က သူ၏ ကြောက်ရွံ့ကာ အကျပ်ရိုက်နေသော ပုံစံကို ကြည့်ရင်း လှောင်ပြုံးပြုံးကာ အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။

မထွက်သွားခင် အနောက်တွင် တုန်လှုပ်နေကြသော အစေခံတွေကို လှည့်ပြောလိုက်သေး၏။

"ဒီနေ့ကိစ္စကို မယ်မယ့်ကို တိုင်ပြောလို့ကတော့.. နင်တို့အသက်ကို သတိသာထား..."

သူမ၏ စကားထဲတွင် ခြိမ်းခြောက်မှုများ အပြည့်ပါဝင်နေကြောင်း သိသာလှသည်။

ထို့ကြောင့် မြေပြင်ပေါ်တွင် ဝပ်တွားကာ အသံတိုးတိုးဖြင့်သာ ပြန်ဖြေလိုက်ကြသည်။

"ဟုတ်ကဲ့ပါ..."

သူမအနားတွင် ပြုစုရသည့် နန်းတွင်းသူများလည်း အံကိုကြိတ်ကာ ခြေဆောင့်ရင်း အနောက်မှ လိုက်သွားရတော့သည်။ အမိန့်တော်ကို ဆန့်ကျင်ရသည်ထက် မင်းသမီးမင်ရော့ တစ်ခုခု ဖြစ်သွားမည်ကို သူတို့ ပို၍ ကြောက်ရွံ့ကြလေ၏။ အကယ်၍ မင်းသမီး တစ်ခုခု ဖြစ်သွားပါက သူတို့ အသက်သာမက သူတို့ ဘိုးဘေးများ၏ အုတ်ဂူကိုပါ လင်ကွေ့ဖေးက တူးဖော်ပြီး အလောင်းကို ကြာပွတ်ဖြင့် ရိုက်လိမ့်မည်ဟု တွေးကြောက်နေမိကြသည်။

ထိုနေရာကို စောင့်ကြပ်ရသည့် သက်တော်စောင့်မှာ အလွန်အမင်း စိုးရိမ်နေသော်ငြား မင်းသမီးမင်ရော့မှာမူ ယောင်ထိုင်စံအိမ်မှ လွတ်လွတ်လပ်လပ် ထွက်သွား‌လေသည်။ ထိုကြောင့် အံကိုကြိတ်ပြီး ယီဖေးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားတော့၏။

ခွင့်ပြုချက်မရှိဘဲ ယောင်ထိုင်စံအိမ်မှ ထွက်သွားခြင်းက အမိန့်တော်ကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ ယခု မောင်းမဆောင်ကို ယီဖေးက အုပ်ချုပ်နေပြီဖြစ်ရာ သူမကိုသာ တရားမျှတမှု ရှာပေးရန် တောင်းဆိုရတော့မည်။

လင်ကွေ့ဖေးမှာ ထိုအချိန်ထိ နေ့လယ်စာစားပြီး အိပ်စက်နေဆဲဖြစ်ရာ အပြင်တွင် ဘာတွေဖြစ်နေမှန်း လုံးဝ မသိရှာပေ။ သူမ သတင်းကြားသွားချိန်တွင်တော့ အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်၏။

မင်းသမီးမင်ရော့မှာ ယောင်ထိုင်စံအိမ်မှ ထွက်လာသော်လည်း သွားစရာ နေရာမရှိချေ။ ထို့ကြောင့် ဟိုဟိုသည်သည် လျှောက်သွားနေလိုက်သည်။ သူမ ခုနက အရှင်မင်းကြီးဆီ သွားမည်ဟု ပြောခဲ့သည်မှာ အစေခံတွေကို လှည့်စားလိုက်ခြင်းသာ။

နွေရာသီအပန်းဖြေနန်းတော် အတွင်းရှိ တောင်များ၊ ရေကန်များ၊ သစ်ပင်များနှင့် ပန်းခင်းလမ်းလေးများမှာ အလွန် သေသပ်လှပစွာ ဖန်တီးထားခြင်း ဖြစ်သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြင်ကွင်းတစ်ခု ပြောင်းသွားသည်ဟု ဆိုရလောက်အောင် တာ့ဝေ့ပြည် တစ်ခုလုံးရှိ တန်ဖိုးကြီး ရှားပါးမျိုးစိတ်တွေကို ဤနေရာတွင် ရွှေ့ပြောင်းစိုက်ပျိုးထားခြင်းပင်။

ထို့ကြောင့် အားလပ်ချိန်တွင် တစ်ခုချင်းစီ လေ့လာကြည့်ရှုမည်ဆိုလျှင် အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ သို့သော် မင်းသမီးမင်ရော့ အတွက်တော့ ထိုအရာများက လုံးဝ စိတ်မဝင်စားစရာ ဖြစ်နေ၏။

"မင်းသမီးလေး... ဒီအစေခံတို့ ပြန်သွားရအောင်ပါ... တခြားလူတွေ တွေ့သွားရင် ဒုက္ခရောက်မှာ စိုးလို့ပါ..."

"ဘာကို ကြောက်နေရတာလဲ... ဘယ်သူက ခမည်းတော်ဆီ သွားတိုင်ရဲမှာမလို့လဲ..."

"အခု အပြင်ထွက်လာတာလည်း ကြာနေပြီဆိုတော့ ကွေ့ဖေးမယ်မယ် သိသွားရင် မကောင်းပါဘူး..."

"ဟွန့်... ချီမားမား နင်က မယ်မယ့်နာမည်ကို သုံးပြီး ငါ့ကို ဖိနှိပ်ချင်နေတာလား... နင့်အလုပ်ကို နင်လုပ်စမ်းပါ... ငါ့ရှေ့မှာ လာဆရာမလုပ်နဲ့... မယ်မယ်ကသာ နင့်စကားကို နားထောင်ရင် နားထောင်မယ်... ငါကတော့ နားမထောင်ဘူး..."

သူမမှာ ကလေးလေး တစ်ယောက်သာ ဖြစ်သော်လည်း ထွက်ပေါ်လာသော အရှိန်အဝါက လူတွေကို တည့်တည့်မကြည့်ရဲအောင် ဖိနှိပ်ထားနိုင်လေသည်။ ချီမားမားမှာမူ မင်းသမီးမင်ရော့၏ အဆူခံလိုက်ရသည်နှင့် ချက်ချင်း အသံတိတ်ကာ ဘေးတွင် ရပ်နေရတော့သည်။

မင်းသမီးမင်ရော့သည် ဤကဲ့သို့ မိမိကိုယ်ကို အထွတ်အထိပ်ထားကာ ဆက်ဆံရသည်ကို သဘောကျပြီး မည်သူ့ကိုမျှ သူမရှေ့တွင် ဝင်ရောက် မစွက်ဖက်စေချင်ပေ။ သို့သော် တစ်ချိန်တည်းမှာပင် ဟန်ဆောင်လည်း အလွန်ကောင်းလှ၏။ လင်ကွေ့ဖေးနှင့် အရှင်မင်းကြီး ရှေ့ရောက်တိုင်း ချစ်စရာကောင်းသော ကလေးလေး တစ်ယောက်လို ဟန်ဆောင်နေတတ်သည်။

ထို့ကြောင့် အရှင်မင်းကြီး၏ တစ်ဦးတည်းသော သမီးတော် ဖြစ်သည့်အလျောက် အချစ်တော်တော်များများ ရရှိထားလေသည်။

နွေရာသီအပန်းဖြေနန်းတော် အတွင်း လှည့်ပတ်ကြည့်ရှုပြီး မင်းသမီးမင်ရော့မှာ စိတ်ဝင်စားစရာ ဘာတစ်ခုမျှ မတွေ့ရချေ။ အမှန်တကယ်တော့ ယနေ့ သူမ အပြင်ကို မဖြစ်မနေ ထွက်လာချင်နေသည်တော့ မဟုတ်ပေ။ သူမကို ချုပ်ချယ်ထားသည်ကို လက်မခံနိုင်သဖြင့် သက်တော်စောင့်တွေကို အတင်း ခြိမ်းခြောက်ခဲ့ခြင်းသာ။ ယခုတော့ ဘာမှ စိတ်ဝင်စားစရာ မရှိသည်ကို မြင်လိုက်ရသဖြင့် ပြန်ဖို့သာ စဉ်းစားလိုက်တော့သည်။

အပြန်လမ်းတွင် ယီဖေးနှင့် သက်တော်စောင့် အများအပြား သူမဆီ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ သက်တော်စောင့် ဆယ်ယောက်ကျော်က သူမနှင့် အစေခံတွေကို ဝိုင်းရံထားလိုက်ကြသည်။

ထိုမြင်ကွင်းကြောင့် မင်းသမီးမင်ရော့ အနည်းငယ် လန့်သွားရသည်။ သို့သော် သူမ အကြောက်အလန့်မရှိ ယီဖေးကို မော့ကြည့်လိုက်လေသည်။

"အို... ဒီအရှင်မက သက်တော်စောင့်တွေ လျှောက်ပြောနေတယ် ထင်နေတာ... မင်းသမီးမင်ရော့က တကယ်ကို ရဲတင်းလွန်းနေတာပဲ... အရှင်မင်းကြီးရဲ့ အမိန့်တော်ကိုတောင် ဂရုမစိုက်ဘဲ ခြိမ်းခြောက်ပြီး ထွက်လာရဲတယ်ပေါ့... ဘယ်လို အပြစ်ပေးရမလဲ..."

"ယီဖေးမယ်မယ် စကားပြောတာ ဆင်ခြင်ပါ... ငါက ခြောက်တိုင်း ကြောက်တတ်တဲ့သူ မဟုတ်ဘူး..."

ထိုစကားကို ကြားသောအခါ ယီဖေးက အေးစက်စွာ ရယ်မောလိုက်လေ၏။ လင်ကွေ့ဖေးက တကယ်ကို မိုက်မဲလှသည်။ မင်းသမီး တစ်ပါးတည်း ရှိသည်ကိုပင် ဤမျှ မောက်မာဆိုးသွမ်းအောင် သွန်သင်ထားခဲ့သည်။ အရှင်မင်းကြီး၏ အချစ်ကို ရနိုင်မရနိုင် မပြောနှင့် နောင်တစ်ချိန် နိုင်ငံရေးအရ လက်ထပ်ပေးရမည် ဆိုလျှင်တောင် ပြဿနာကောင်မလေးကို ပို့ပေးလိုက်ရသလို ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် သူမက အပေါ်ယံသာ ပြုံးရင်း ပြောလိုက်သည်။

"တိုက်ဆိုင်လိုက်တာ... ဒီအရှင်မလည်း ခြောက်တိုင်း ကြောက်တတ်တဲ့သူ မဟုတ်ဘူး... မင်းသမီးလေးက နန်းတော်ထဲမှာ ကြီးပြင်းလာတာဆိုတော့ သွေးထွက်သံယိုတွေကို မမြင်ဖူးလောက်သေးဘူး... ဒီအရှင်မက ရှီးပေမှာတုန်းက စစ်မြေပြင်ကိုတောင် ရောက်ဖူးတဲ့သူနော်..."

ဒေါသမပါဘဲ ဖိနှိပ်သော အရှိန်အဝါကြောင့် မင်းသမီးမင်ရော့မှာ ငြိမ်ကျသွားတော့သည်။ သူမ မည်မျှပင် အလိုလိုက်ခံထားရပါစေ လေးနှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်၏။ ယီဖေး ရှေ့တွင် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

---

All Chapters