← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) ပစ်မှတ်ဖြစ်လာခြင်း

အမတ်ချုပ်လင်မှာမူ မည်သို့ပင်ဖြစ်စေ သူက ဆယ်စုနှစ်ပေါင်းများစွာ ထင်ပေါ်ကျော်ကြားနေသူ ဖြစ်သဖြင့် ဤကဲ့သို့ နာမည်ကောင်း တစ်ခု ထပ်တိုးလာခြင်းကို ဂရုစိုက်မည် မဟုတ်ပေ။ ထို့ကြောင့် သုန်မိသားစု ကုန်သည်စာရင်းမှ ပယ်ဖျက်ခံရသည့် သတင်း ပျံ့နှံ့သွားသည်နှင့် သုန်မိသားစုက ဗုံတီးခရာမှုတ်ကာ အမတ်ချုပ်အိမ်တော်သို့ လက်ဆောင် ရထားလုံးနှစ်စီး ပို့ဆောင်လိုက်လေသည်။ ယခင်က တိတ်တဆိတ် နေတတ်သော အကျင့်ကို လုံးဝ ပြောင်းလဲပစ်လိုက်၏။ သူတို့က မည်မျှ ထင်ပေါ်အောင် ပို့နိုင်မည်ကိုပင် ယှဉ်ပြိုင်နေကြသကဲ့သို့ ဖြစ်နေသည်။ အပြင်လူများက အမတ်ချုပ်လင်နှင့် သုန်မိသားစု၏ ဆက်ဆံရေးကို မသိမည်ကိုပင် စိုးရိမ်နေကြသကဲ့သို့ သူတို့က ခြေသုံးလှမ်း တစ်ခါ အော်ဟစ် ကြေညာမတတ် ဖြစ်နေလေသည်။

အမတ်ချုပ်လင်က အိမ်တွင် မရှိသဖြင့် လက်ဆောင်များကို လက်ခံသူမှာ မင်းသမီးရုံခန့် ဖြစ်နေခဲ့၏။ သူမက အပေါ်ယံသာ လှပပြီး အသုံးမဝင်သော ထိုပစ္စည်းများကို ကြည့်ရင်း အလွန်ပင် ရွံရှာသွားမိလေသည်။ သူမက စိတ်ထဲတွင် အမတ်ချုပ်လင်က ပထမအိမ်ထောင်စုကို အမျိုးမျိုး ကာကွယ်ပေးနေမှုအပေါ် လုံးဝ မကျေမနပ် ဖြစ်နေတော့သည်။

"တကယ်ကို ရယ်စရာပဲ... ဂိုဒေါင်တာဝန်ခံအရာရှိလေး ဖြစ်တာကို သုန်မိသားစုက ဒီလောက်တောင် အကြီးအကျယ် အောင်ပွဲခံနေရလား... အပြင်လောကကို မမြင်ဖူးတဲ့ ကုန်သည်ဆိုတာ သိသာလွန်းတယ်... စာရင်းကနေ ပယ်ဖျက်ခံရရင်တောင် လူရာမဝင်သေးပါဘူး"

သူမ၏ မျက်နှာပေါ်တွင် အထင်သေးမှုများ ပြည့်နှက်နေပေသည်။ အကယ်၍ ဒုတိယသခင်မ ဝမ်ရှီသာ ရှိနေပါက သူမက သေချာပေါက် ဝင်ရောက် ဆဲဆိုလိမ့်မည် ဖြစ်၏။ သို့သော် ကံဆိုးစွာဖြင့် သူမက ယခုအချိန်ထိ အနောက်ဆောင်တွင် အနားယူနေရဆဲ ဖြစ်လေသည်။ ထို့ကြောင့် သူမ၏ အနားတွင် အဖော်ပြုနေသူမှာ ဒုတိယအိမ်ထောင်စုမှ ကောယီနျန်၏ သမီးအရင်း လင်ကျင့်ရှူ ပင် ဖြစ်သည်။

မိသားစု တစ်ခုလုံးရှိ မိန်းကလေးများမှာ ဝမ် ဟူသော စာလုံးကို အသုံးပြုရသော်လည်း ဒုတိယသခင်မက သဘောမတူသဖြင့် ကျင့် ဟူသော စာလုံးကို ပြောင်းလဲ အသုံးပြုခဲ့ရလေသည်။ ကောယီနျန်တွင် အားကိုးစရာ မရှိသဖြင့် သမီးဖြစ်သူ မည်သည့် စာလုံးကို အသုံးပြုရမည်ကို သူမက ဝင်ရောက် စွက်ဖက်ခွင့် မရှိခဲ့ချေ။ သို့သော် ဤလင်ကျင့်ရှူက တကယ့်ကို နာမည်နှင့် လိုက်ဖက်စွာပင် အေးချမ်းပြီး လိမ္မာရေးခြားရှိကာ ရုပ်ရည်ကလည်း အလွန် လှပပေသည်။ သူမက အရွယ်ငယ်သေးသော်လည်း ကြည့်လိုက်ရုံနှင့်ပင် ကြီးလာလျှင် အလှလေး တစ်ဦး ဖြစ်လာမည်မှန်း သိသာလှ၏။

သူမက အမတ်ချုပ်အိမ်တော်မှ ဆင်းသက်လာသူ ဖြစ်သဖြင့် နောင်တစ်ချိန်တွင် သူမ၏ အိမ်ထောင်ရေးကလည်း ကောင်းမွန်မည် ဖြစ်ပေသည်။ ထို့ကြောင့် မင်းသမီးရုံခန့်က သူမကို ခေါ်ယူကာ ကိုယ်တိုင် ဆုံးမသွန်သင်ပေးခဲ့လေသည်။ ရည်ရွယ်ချက်မှာ တစ်နေ့နေ့ တစ်ချိန်ချိန် အမတ်ချုပ်အိမ်တော် လိုအပ်လာချိန်တွင် သူမကို ရှေ့ထွက် ခိုင်းရန်သာ ဖြစ်၏။

လင်ကျင့်ရှူက ဘေးတွင် ရပ်နေပြီး မည်သည့် စကားမျှ ဝင်မပြောခဲ့ပေ။ မည်သို့ပင်ဆိုစေ သခင်မသုန်က အသက်ကြီးသူ ဖြစ်သဖြင့် ဤကဲ့သို့သော ဆက်ဆံရေးတွင် သူမက ဝင်ပြောခွင့် မရှိချေ။ ထို့ပြင် သခင်မသုန် အိမ်တွင် ရှိစဉ်ကလည်း သူမကို တစ်ခါမျှ မနှိပ်စက်ခဲ့သလို အထင်မသေးခဲ့ပေ။ ထို့ကြောင့် သူမက ပို၍ပင် လဲနေသူကို ထပ်ဆင့် မနှိပ်ကွပ်ရဲချေ။

မင်းသမီးရုံခန့်က သူမ မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ စိတ်လွင့်နေပြန်ပြီလားဟု ထင်လိုက်မိလေသည်။ ထို့ကြောင့် မူလကတည်းက မကြည်သော စိတ်များက ယခုအခါ ဒေါသများ ပိုမို ထွက်လာခဲ့၏။

"ဒီလို အဆင့်အတန်း မရှိတဲ့ လူတွေအကြောင်း ပြောရရင် အမတ်ချုပ်အိမ်တော်မှာ အများကြီးပဲ... သခင်မသုန် အပြင် မင်းရဲ့ မိထွေးလည်း ပါသေးတယ်... မင်းက နောင်တစ်ချိန်မှာ အနာဂတ် ကောင်းချင်ရင် သူ့အနားကို သိပ်မကပ်နဲ့... ပြည့်တန်ဆာ တစ်ယောက်က ဘာတွေများ ကောင်းကောင်း သင်ပေးနိုင်မှာလဲ... နားလည်လား"

ဤကဲ့သို့ ပြင်းပြင်းထန်ထန် သတိပေးခံရသောအခါ သူမသာ အကယ်၍ ဒေါသကြီးသူ တစ်ယောက်သာ ဆိုပါက ပြန်လည် ချေပမိမည်မှာ သေချာပေသည်။ သို့သော် သူမက အရေးမစိုက်သကဲ့သို့ ခေါင်းငုံ့ကာ ဟုတ်ကဲ့ဟုသာ ပြန်ဖြေလိုက်၏။ သူမ၏ ပုံစံကို မြင်သောအခါ မင်းသမီးရုံခန့်၏ ဒေါသများ အတော်လေး လျော့ကျသွားလေသည်။

အကယ်၍ အသက်အရွယ်သာ ကန့်သတ်မထားပါက သူမသည် အစကတည်းက လင်ကျင့်ရှူကို နန်းတွင်းသို့ ပို့သင့်ခဲ့သည်ဟု တွေးမိလေသည်။ သူမက လင်ဝမ်ယိကို ပို့လိုက်မိသဖြင့် လင်ဝမ်ယိ အနောက်ဆောင်တွင် မျက်နှာသာရနေပြီး ပထမအိမ်ထောင်စုကလည်း အမတ်ချုပ်ကြီး ရှေ့တွင် မျက်နှာပွင့်နေသည်ကို မြင်သောအခါ အလွန် နောင်တရမိလေသည်။

သို့သော်လည်း အချည်းနှီးသာ ဖြစ်ပြီး ယခုအခါ သူမက ကျန်းမင်းသားအိမ်တော်ဘက်မှ သတင်း အမြန်ရလာရန်သာ မျှော်လင့်နေတော့သည်။ မြေးဖြစ်သူ လင်ကွေ့ဖေးလည်း နန်းတော်ထဲတွင် အခြေအနေ ပြန်ကောင်းလာပါက လင်ဝမ်ယိနှင့် ပထမအိမ်ထောင်စုတို့ သေချာပေါက် ဒုက္ခရောက်ရမည် ဖြစ်၏။ ယခုအချိန်တွင် သူမက မင်းသမီးမင်ရော့အား မယ်တော်ကြီးထံ ပို့ကာ ဆုံးမသွန်သင်ခိုင်းမည့် သတင်းကို မရရှိသေးချေ။ အကယ်၍ သိသွားပါက သူမ အသက်ရှူပင် ရပ်သွားနိုင်ပေသည်။

နန်းတော်အပြင်ဘက်တွင် ဆူညံပွက်လောရိုက်နေပြီး လူတိုင်းက ကိုယ့်အကြံနှင့်ကိုယ် ရှိနေကြလေသည်။ နန်းတော်ထဲတွင်မူ ပိုင်ဖင် ရာထူးချခံရပြီး နန်းဆောင်သို့ ပြန်ပို့ခံရသည့် သတင်း ပျံ့နှံ့သွားပြီးနောက် လူတိုင်းက မင်ချန်ကျိုက်အပေါ် စိုးရိမ်ရွံ့ကြောက်နေကြ၏။ ယခုအခါ သူမက လူတိုင်း၏ ပစ်မှတ်တစ်ခု ဖြစ်နေလေပြီ။

အကြောင်းမှာ သာမန် ချန်ကျိုက် တစ်ယောက်က အရှင်မင်းကြီးကို မြှူဆွယ်ကာ ဖင် အဆင့်ရှိ ကိုယ်လုပ်တော် တစ်ဦးကို ရာထူးချပစ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။ ဤအရာက မည်သူမဆို လုပ်နိုင်သည့် ကိစ္စမဟုတ်ပေ။ ထို့ကြောင့် မင်ချန်ကျိုက်က အပေါ်ယံတွင် ဂုဏ်ယူစရာ ကောင်းသော်လည်း တကယ်တမ်းတွင်မူ အလွန် သနားစရာ ကောင်းသော နေ့ရက်များကို ဖြတ်သန်းနေရလေသည်။ နွေရာသီအပန်းဖြေနန်းတော် အတွင်းရှိ အစေခံများက သူမကို မြင်သောအခါ မျက်နှာချိုသွေးမှုများ ပိုမို ပါဝင်လာကြ၏။

ဤနေ့တွင် သူမက ယဲ့ကွေ့ရန်၏ နန်းဆောင်တွင် ထိုင်ကာ လက်ဖက်ရည် သောက်နေစဉ် မကြာသေးမီမှာပင် တုချန်ကျိုက် ရောက်လာခဲ့လေသည်။ သူမက ခြေလှမ်းသွက်သွက်ဖြင့် စိုးရိမ်တကြီး ဝင်လာ၏။ တံခါးဝသို့ ရောက်သည်နှင့် သူမက ယဲ့ကွေ့ရန်ကို လှမ်းခေါ်လိုက်သည်။

"မမယဲ့"

သို့သော် သူမက မင်ချန်ကျိုက်ကို မြင်သောအခါ မျက်နှာထား သိပ်မကောင်းလှချေ။ သူမက ယခင်က မင်ချန်ကျိုက်ကို လှောင်ပြောင်ပြောဆိုခဲ့ဖူးသဖြင့် အနေခက်နေမိသည်။ သို့သော် မင်ချန်ကျိုက်က ဤအနေခက်မှုကို ကိုယ်တိုင် ဖြေရှင်းပေးလိုက်ပြီး သူမက တုချန်ကျိုက်ကို ရိုသေစွာ ဂါရဝပြုကာ ပြောလိုက်လေသည်။

"မမတု မင်္ဂလာပါ"

တုချန်ကျိုက်က ချက်ချင်း မျက်နှာမပြရဲသော်လည်း နောက်ဆုံးတွင် သူမက မကျေမချမ်းဖြင့် ပြန်ပြောလိုက်၏။

"ညီမလေးမင် မင်္ဂလာပါ"

ထို့နောက် သူမက စောစောက ကြုံတွေ့ခဲ့ရသော ကိစ္စများကို တစ်ခုချင်းစီ ပြောပြလိုက်လေသည်။

"လာတဲ့ လမ်းမှာ လန်ဖေးမယ်မယ့် ခြံဝင်းထဲက လူတွေနဲ့ အရှင်မင်းကြီးနဲ့ တော်ဝင်သမားတော်ကို သွားပင့်တာ တွေ့လိုက်တယ်... မယ်မယ် ရုတ်တရက် ဗိုက်နာလာလို့ မွေးတော့မယ် ထင်တယ်တဲ့"

"အခုလား"

"အင်း"

မိန်းမသားများ ကလေးမွေးဖွားခြင်းမှာ မထူးဆန်းသော်လည်း ယနေ့ရက်က သိပ်မကောင်းလှချေ။ ကျုံးယွမ်ပွဲတော် နေ့တွင် လန်ဖေးက ဗိုက်နာလာသည်လား။ မွေးလာမည့် ကလေးက မင်းသားပဲဖြစ်စေ မင်းသမီးပဲဖြစ်စေ ဤနေ့ရက်ကြောင့် လူများ၏ ဝေဖန်မှုကို ခံရမည်မှာ သေချာပေသည်။ သို့သော် မွေးခါနီးဖြစ်နေပြီ ဖြစ်သဖြင့် ရက်မကောင်း၍ ဆက်အောင့်ထားရန်လည်း မဖြစ်နိုင်ပေ။

တုချန်ကျိုက်က ပြီးခဲ့သည့် ကိစ္စဖြစ်ပြီးကတည်းက သူမက မည်သည့်ကိစ္စမဆို ဝင်မပါရဲတော့ချေ။ ထို့ကြောင့် သူမက အရာရာကို ယဲ့ကွေ့ရန်နှင့် တိုင်ပင်ပြီးမှသာ ဆုံးဖြတ်ချက် ချရဲတော့သည်။ ယဲ့ကွေ့ရန်က ထိုစကားကို ကြားသောအခါ သူမက အတော်ကြာ တိတ်ဆိတ်နေခဲ့၏။ ထို့နောက်မှ သူမက ပြောလိုက်လေသည်။

"ညီမလေး နှစ်ယောက် ခဏ ထိုင်ကြပါဦး... အခုချိန် ငါတို့ သွားလည်း ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး... နန်းတော်ထဲမှာ ယီဖေးမယ်မယ် ရှိနေတော့ အရှင်မင်းကြီးနဲ့ တော်ဝင်သမားတော်လည်း အမြန်ဆုံး ရောက်လာကြမှာပါ"

တုချန်ကျိုက်နှင့် မင်ချန်ကျိုက်တို့က ခေါင်းညိတ်လိုက်ကြသည်။ ဤကိစ္စအတွက် သူမတို့ စိတ်အေးအေးထားပြီး စောင့်နေခြင်းက ပိုကောင်းပေလိမ့်မည်။

လန်ဖေး၏ ခြံဝင်းအတွင်းမှ နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့လေသည်။ ဤသည်က သူမ၏ ပထမဆုံး ကိုယ်ဝန် ဖြစ်သဖြင့် မွေးဖွားရန် ပိုမို ခက်ခဲပေမည်။ လက်သည်များကို ခြံဝင်းထဲတွင် ကြိုတင် ပြင်ဆင်ထားသော်လည်း သူမတို့က လန်ဖေး၏ ကိုယ်ဝန်က ဤမျှ မြန်ဆန်စွာ ဗိုက်နာလာမည်ဟု မထင်ထားခဲ့ကြချေ။

ဤသည်က သတင်းကောင်း မဟုတ်ပေ။ မိန်းမသားများ ကလေးမွေးဖွားရာတွင် နှေးလွန်းလျှင်လည်း ကလေးကို အသက်ရှူကျပ်စေနိုင်သလို မြန်လွန်းလျှင်လည်း မိခင် အန္တရာယ်ရှိစေနိုင်ပေသည်။ သူမတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လန်ဖေး ကလေးထွက်လာသည်မှာ မြန်ဆန်လွန်းနေသည် တွေးလိုက်သည်။ သာမန် အမျိုးသမီးများဆိုလျှင် အနည်းဆုံး သုံးလေးနာရီခန့် ဗိုက်နာပြီးမှသာ ကလေးက ထွက်လာလေ့ရှိသည်။ သို့သော် လန်ဖေးမယ်မယ့်၏ ဗိုက်က နာရီဝက်ပင် မပြည့်သေးဘဲ ကလေး၏ ဆံပင်များကိုပင် မြင်နေရပြီ ဖြစ်၏။

လန်ဖေးကမူ ယခုအချိန်ထိ အော်ဟစ်နေဆဲ ဖြစ်လေသည်။

"မမွေးဘူး... မမွေးဘူး... ဒီလို နေ့ရက်မျိုးမှာ ငါ့ကလေးက ဘယ်လိုလုပ် မွေးဖွားလာလို့ ရမှာလဲ"

သို့သော် သူမက အောင့်ထား၍ မရတော့ပေ။ ကလေးက အချိန်တန်လျှင် ထွက်လာမည် ဖြစ်၏။ အကယ်၍ သူမကို ဤအတိုင်း ဆက်အောင့်ထားခိုင်းပါက အနှေးနှင့်အမြန် ကလေးကို သေဆုံးစေမည်မှာ အသေအချာပင်။ ချွေးစက်များက သူမ၏ ဆံပင်များ အားလုံးကို စိုရွှဲသွားစေပြီး ရေစိုထားသကဲ့သို့ ဖြစ်နေလေသည်။ သူမ၏ အနားတွင် ခစားနေသော ကျွေ့ယွင်နှင့် ကျွေ့ယွဲ့တို့ကလည်း စိုးရိမ်လွန်း၍ ဘာလုပ်ရမှန်း မသိဖြစ်နေကြ၏။

"ဒီကျွေ့ယာက ဒီနေ့မှ မရှိနေရတယ်လို့... သူသာ ရှိရင် မယ်မယ်လည်း ဒီလောက်ထိ ဖြစ်မှာ မဟုတ်ဘူး"

သူမတို့ နှစ်ယောက်စလုံး ယခုအချိန်တွင် အလွန် နောင်တရနေကြလေသည်။

All Chapters