← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း (၁၇၀) နန်းတွင်းသို့ ဝင်ရောက်ကယ်တင်ခြင်း

"ရပြီ... အောက်ကို ခေါ်သွားတော့... ဒုတိယမင်းသမီးလေးကို သေချာ ဂရုစိုက်ဖို့ နို့ထိန်းကို မှာလိုက်"

"ဟုတ်ကဲ့... ဒီအစေခံ အမိန့်တော်အတိုင်း လုပ်ဆောင်ပါ့မယ်"

နေဝင်ချိန်က လျင်မြန်စွာ ရောက်ရှိလာပြီး လိမ္မော်ရောင် ညနေဆည်းဆာက ကောင်းကင်ယံတွင် ထပ်မံ ထွန်းလင်းလာသောအခါ နန်းတော်ထဲတွင် လန်ဖေး သမီးမိန်းကလေး မွေးဖွားကြောင်း သတင်း ထွက်ပေါ်လာခဲ့လေသည်။ သို့သော် ဤသတင်းက ကလေးငယ် မွေးဖွားလာခြင်း၏ ပျော်ရွှင်ဖွယ် လေထုကို သယ်ဆောင်မလာခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် နေရာတိုင်းတွင် အလွန် သတိထားနေကြရ၏။

လန်ဖေးတွင်မူ အသက်ရှင်မည်လား သေဆုံးမည်လား မသိရသေးပေ။ ဇယ့်ဖင်ကျွန်းတွင်မူ တာဝန်ကျနေသော တော်ဝင်သမားတော် အားလုံးက လန်ဖေးကို ကုသပေးနေဆဲ ဖြစ်သော တော်ဝင်သမားတော်ချန်မှလွဲ၍ ကျန်သူများအားလုံးက မကြာမီကမှ မွေးဖွားလာသော ဒုတိယမင်းသမီးကို စစ်ဆေးကုသပေးနေကြလေသည်။ ဦးဆောင်နေကုသပေးနေသူ တော်ဝင်သမားတော်သို့ ပင် ဖြစ်၏။

တော်ဝင်သမားတော်သို့က ကလေးရောဂါ အထူးကု မဟုတ်သော်လည်း ဒုတိယမင်းသမီး၏ ပြဿနာက အတွင်းဒဏ်ရာဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် သူ့ကို လာရောက် စစ်ဆေးခိုင်းခြင်းကလည်း မမှားပေ။ သို့သော် တော်ဝင်သမားတော်သို့က အတော်ကြာ စစ်ဆေးကြည့်ပြီးနောက် အခြေအနေ မကောင်းမှန်း ခံစားလိုက်ရသည်။ သူက အခြားသော တော်ဝင်သမားတော်များနှင့် တိုင်ပင်ပြီးနောက်မှ သက်ပြင်းချကာ ပြောလိုက်လေသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ဒုတိယမင်းသမီးလေးက မိခင်ဝမ်းဗိုက်ထဲမှာ ကြန့်ကြာတဲ့ အချိန် နည်းနည်း များသွားလို့ ဒီအမတ်ကြီးအနေနဲ့လည်း မင်းသမီးလေး အန္တရာယ်ကင်းကင်းနဲ့ ကြီးပြင်းလာဖို့ ရာနှုန်းပြည့် အာမမခံရဲပါဘူး"

သူက ဤစကားကို ပြောပြီးသည်နှင့် အရှင်မင်းကြီး၏ ခန္ဒာကိုယ်က တောင့်တင်းသွားခဲ့၏။ သို့သော် တော်ဝင်သမားတော်သို့က မမြင်လိုက်သကဲ့သို့ သူက လဲနေသူကို ထပ်ဆင့် နှိပ်ကွပ်သလို ထပ်မံ ပြောလိုက်လေသည်။

"အဆိုးဆုံးက ဒီအသက်ရှူကျပ်သွားတဲ့ ဒဏ်ရာကြောင့် ဦးနှောက်ကို ထိခိုက်မှု ဖြစ်စေမလား ဆိုတာပါပဲ... ဒီအမတ်ကြီးက အရပ်ထဲမှာ မိခင်ဝမ်းဗိုက်ထဲ အသက်ရှူကျပ်ခဲ့လို့ ဉာဏ်ရည်မမီ ဖြစ်သွားတဲ့ ကလေးတွေကို မြင်ဖူးပါတယ်"

တာ့ဝေ့ပြည်၏ မင်းသမီးက ဉာဏ်ရည်မမီ ဖြစ်သွားမည် ဟုတ်လား။ ဤကဲ့သို့သော ရလဒ်ကို မည်သူမျှ လက်ခံနိုင်မည် မဟုတ်ချေ။ အရှင်မင်းကြီးက အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အခန်းတစ်ခန်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ လူတိုင်းက မည်သည့် အသံမျှ မထွက်ရဲကြချေ။ နို့ထိန်း၏ ရင်ခွင်ထဲရှိ ဒုတိယမင်းသမီးကမူ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်ပျော်နေဆဲ ဖြစ်လေသည်။ မျက်နှာအရောင် အနည်းငယ် မကောင်းသည်မှလွဲ၍ သာမန် ကလေးငယ်များနှင့် များစွာ ကွာခြားမှု မရှိပေ။ အရှင်မင်းကြီးက သူမကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် အလွန် သနားနေမိ၏။ ထို့နောက်မှ သူက တော်ဝင်သမားတော်များကို ပြောလိုက်လေသည်။

"အစွမ်းကုန် ကြိုးစားပေးပါ... အကယ်၍ မင်းသမီးလေး နာကျင်ခံစားနေရမယ် ဆိုရင်လည်း... သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်ပါတော့"

ဤစကားကို ပြောသောအခါ အရှင်မင်းကြီး၏ မျက်လုံးများကလည်း အနည်းငယ် နီရဲလာခဲ့လေသည်။ တစ်ချိန်က သူက ဤကလေးအတွက် အထူး မျှော်လင့်ခဲ့ဖူးပေသည်။ မင်းသား တစ်ပါး ဖြစ်ရမည်ဟု အတင်းအကျပ် မတောင်းဆိုဘဲ ကျန်းမာသော မင်းသမီးလေး ဖြစ်လျှင်တောင် ကောင်းပေသည်။ သို့သော် ယခုအခါ ကျန်းမာရေးကို မဆိုထားနှင့် စောစီးစွာ မသေဆုံးလျှင်ပင် ကောင်းလှပြီ ဖြစ်၏။

တော်ဝင်သမားတော်သို့က အရှင်မင်းကြီး၏ ဝမ်းနည်းနေသော ကျောပြင်ကို ကြည့်ရင်း သူက နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသော်လည်း မည်သို့ စကားစရမည်ကို မသိဖြစ်နေ၏။ လူတိုင်း ထွက်သွားကြပြီးနောက် သူက အကြောင်းပြချက် တစ်ခု ရှာကာ ကျန်ရစ်ခဲ့လေသည်။ သူက စကားတစ်ခွန်းမျှ မပြောသော အရှင်မင်းကြီးကို တိုးတိုးလေး ပြောလိုက်သည်။

"အရှင်မင်းကြီး... ဒုတိယမင်းသမီးလေးကို ကယ်လို့ရနိုင်သေးတယ် ထင်ပါတယ်"

"ဘာ"

အရှင်မင်းကြီးက ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးများထဲတွင် ချက်ချင်း အလင်းရောင်များ တောက်ပလာခဲ့၏။ အကယ်၍ အခွင့်အရေး အနည်းငယ် ရှိနေသေးပါက သူက မိမိ၏ သမီးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။

"မင်း ဘာလိုချင်လဲဆိုတာ ပြောပြပါ... ကိုယ်တော် သေချာပေါက် နည်းလမ်းရှာပြီး ယူလာခဲ့ပေးမယ်"

"အရှင်မင်းကြီး မလောပါနဲ့... ဒီအမတ်ကြီး ပြောတာက ဆေးဝါး မဟုတ်ပါဘူး... လူပါ"

"လူ ဟုတ်လား"

အရှင်မင်းကြီးက မျက်မှောင်ကြုတ်ကာ တော်ဝင်သမားတော်သို့ကို နားမလည်‌သော အမူအယာဖြင့် ကြည့်လိုက်လေသည်။ တော်ဝင်သမားတော်သို့ကလည်း ဖုံးကွယ်မထားတော့ဘဲ ချက်ချင်း ပြန်ဖြေလိုက်လေသည်။

"အရှင်မင်းကြီးက ဒီအမတ်ကြီးကို တိတ်တဆိတ် သုန်မိသားစုဆီ သွားပြီး တတိယသခင်လေးကို ဆေးကုပေးဖို့ မှာကြားခဲ့တာ မှတ်မိပါသေးလား"

အရှင်မင်းကြီးက ခေါင်းညိတ်လိုက်သော်လည်း သူက ဤကိစ္စက သုန်မိသားစုနှင့် မည်သို့ ပတ်သက်နေသနည်းဟု တွေးမိလေသည်။

"သုန်မိသားစုရဲ့ ဒုတိယသခင်မက တကယ့်ကို တော်တဲ့သူပါ... သူရဲ့ ရွှေအပ်စိုက်ပညာက ထိပ်တန်းအဆင့်ကို ရောက်နေပြီး ဒီအမတ်ကြီးတောင် သူကို မယှဉ်နိုင်ပါဘူး... သူသာ မရှိရင် တတိယသခင်လေးလည်း သေရာကနေ ပြန်ရှင်လာပြီး သတိရလာနိုင်မှာ မဟုတ်ပါဘူး... ဒီအမတ်ကြီး အခုနောက်ပိုင်း သွေးခုန်နှုန်း သွားစမ်းကြည့်တဲ့ အချိန်မှာ တတိယသခင်လေးက အရမ်း အားနည်းနေလို့ အနားယူဖို့ လိုတာကလွဲရင် ဦးနှောက်မှာ နည်းနည်းလေးတောင် ထိခိုက်မှု မရှိတာကို တွေ့ခဲ့ရပါတယ်... အကယ်၍ သူသာ နန်းတွင်းကို ဝင်လာပြီး ဒုတိယမင်းသမီးလေးကို အပ်စိုက်ပေးနိုင်မယ် ဆိုရင် မင်းသမီးလေးအတွက် အခွင့်အရေး ရှိနိုင်ပါတယ်"

ဤစကားများကို ပြောပြီးသွားသောအခါ အရှင်မင်းကြီး၏ ရင်ထဲတွင် မျှော်လင့်ချက်များ ရှင်သန်လာခဲ့လေသည်။ ထိုစဉ်က လင်မုကျစ်သည် နောက်စေ့ကို အပြင်းအထန် အရိုက်ခံခဲ့ရခြင်း ဖြစ်၏။ ထိုကဲ့သို့သော အခြေအနေမျိုးကိုပင် အန္တရာယ်ကင်းကင်းဖြင့် ကယ်တင်နိုင်ခဲ့မှတော့ ဒုတိယမင်းသမီး၏ မိခင်ဝမ်းတွင်း ထိခိုက်မှုကလည်း အခွင့်အရေး ရှိနိုင်ပေသည်။ ထို့ကြောင့် သူက ချက်ချင်း အမိန့်ပေးလိုက်လေသည်။

"သွား... အဲဒီ သုန်မိသားစုရဲ့ ဒုတိယသခင်မကို ကိုယ်တော့်ဆီ ချက်ချင်း ခေါ်လာခဲ့... သူက တကယ်ပဲ ဒုတိယမင်းသမီးလေးကို ကယ်တင်နိုင်ခဲ့မယ် ဆိုရင် ကိုယ်တော် ဆုကြေး အကြီးအကျယ် ချီးမြှင့်မယ်"

"ဟုတ်ကဲ့ပါ... ဒီအမတ်ကြီး အမိန့်တော်အတိုင်း လုပ်ဆောင်ပါ့မယ်"

ဤတစ်ကြိမ်တွင် တော်ဝင်သမားတော်သို့ ကိုယ်တိုင် ဒုတိယသခင်မ ယွင်ရှီကို သွားရောက် ပင့်ဖိတ်ခဲ့လေသည်။ သူမက ဒုတိယမင်းသမီး၏ အခြေအနေကို သိရှိသွားပြီးနောက် မူလကတည်းက အေးစက်နေသော သူမ၏ မျက်နှာထားက ပို၍ အေးစက်သွားခဲ့၏။

"တော်ဝင်သမားတော်သို့က အရှင်မင်းကြီး ရှေ့မှာ အရမ်း ချီးကျူးလွန်းသွားပါပြီ... မုကျစ်ကို ကယ်နိုင်ခဲ့တာက သူကို့ အသက်ဆက်ဆေးမှုန့်ကို တိုက်ထားလို့ ဖြစ်ပြီး သူ့အသက်အရွယ်ကြောင့်ပါ... ဒါပေမဲ့ ဒုတိယမင်းသမီးလေးက အခုမှ မွေးခါစ ရှိသေးပြီး ဒီလို အခက်အခဲမျိုးနဲ့ ကြုံနေရတာဆိုတော့ ဒီသခင်မလည်း ကယ်နိုင်မယ်လို့ မထင်ပါဘူး"

"သမားတော် တစ်ယောက်ရဲ့ စိတ်ထားက မိဘတစ်ယောက်ရဲ့ စိတ်ထားမျိုးပါပဲ... ကယ်နိုင်မလား မကယ်နိုင်ဘူးလား ဆိုတာ ဒုတိယသခင်မ အရင်သွားကြည့်လိုက်ပါဦး... မဟုတ်ရင် ဒုတိယမင်းသမီးလေးက အသက်အန္တရာယ် ရှိနေပြီး ဒီညကိုတောင် ကျော်ဖြတ်နိုင်ပါ့မလား မသိပါဘူး"

အပြင်ဘက်ရှိ ကောင်းကင်က လူတိုင်း၏ စိတ်ခံစားချက်ကဲ့သို့ပင် မှောင်မိုက်နေခဲ့လေပြီ။ ဒုတိယသခင်မ ယွင်ရှီကလည်း လက်ပိုက်ကြည့်နေမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သို့သော် ဒုတိယမင်းသမီးကို ကယ်တင်ရမည့် ကိစ္စက တကယ်ကို ကြီးမားလှပြီး အကယ်၍ မတော်တဆ ဖြစ်သွားပါက ကိုယ်တိုင် သေဆုံးရခြင်းက ကိစ္စမရှိသော်လည်း မိသားစုကိုပါ ဆွဲသွင်းမိသွားလျှင် ပြဿနာ မဟုတ်လား။ သုန်မိသားစုက ယခုအဆင့်ထိ ရောက်လာရန် မလွယ်ကူခဲ့ရာ အရာအားလုံးကို သူမ၏ လက်ထဲတွင် မဖျက်ဆီးပစ်ချင်ပေ။ ထို့ကြောင့် သူမက အနည်းငယ် တွေဝေနေခဲ့၏။

သို့သော် သုန်သခင်ကြီးက ချက်ချင်း ဆုံးဖြတ်ချက်ချကာ ဒုတိယချွေးမ ယွင်ရှီကို ပြောလိုက်လေသည်။

"သွားလိုက်ပါ... မင်း စိတ်အေးအေးထားပြီး မင်းသမီးကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားလိုက်ပါ... ဝန်ထုပ်ဝန်ပိုး ထားစရာ မလိုပါဘူး... ဒါက ကောင်းကျိုးလား ဆိုးကျိုးလား ဆိုတာ စောင့်ကြည့်ရဦးမှာပဲ"

သုန်သခင်ကြီးက ဤသို့ ပြောလိုက်သဖြင့် အခြားသူများကလည်း မျက်လုံးများ တည်ကြည်သွားကြ၏။ ဤသည်က သုန်မိသားစုအတွက် စွန့်စားရမည့် အခွင့်အရေး တစ်ခုဟု ဆိုနိုင်ပေသည်။ အကယ်၍ မင်းသမီးကို ကယ်တင်နိုင်ခဲ့ပါက ထိုအချိန်မှစ၍ သုန်မိသားစုက ဘဝပြောင်းသွားလိမ့်မည် ဖြစ်၏။ သို့သော် မင်းသမီးကို မကယ်တင်နိုင်ခဲ့ပါက အနည်းနှင့်အများ ခံရမည်မှာ သေချာပေသည်။ သို့သော် လူ့အသက်တစ်ချောင်း၏ ရှေ့တွင် ကိုယ်ကျိုးအတွက်နှင့် ကယ်တင်ရမည့် အချိန်ကို မနှောင့်နှေးစေသင့်ပေ။

ထို့ကြောင့် ဒုတိယသခင်မ ယွင်ရှီက စဉ်းစားပြီးနောက် သူမက အသက်ကယ် ဆေးလုံးအချို့ကို ယူဆောင်ကာ ဆေးသေတ္တာကို ဆွဲပြီး တော်ဝင်သမားတော်သို့နှင့်အတူ နန်းတွင်းသို့ ဝင်သွားခဲ့လေသည်။ မြင်းခွာသံများက တဖြည်းဖြည်း ဝေးကွာသွားသည်ကို ဒုတိယသခင်ကြီးသုန်နှင့် သုန်ချိုးယွဲ့တို့က တံခါးဝတွင် ရပ်ကာ လမ်းတစ်လျှောက်လုံး လိုက်ကြည့်နေကြ၏။ သူတို့၏ စိတ်ထဲတွင် စိုးရိမ်နေကြသော်လည်း စိုးရိမ်နေ၍လည်း အသုံးမဝင်ပေ။ သူတို့က အရာအားလုံး အဆင်ပြေချောမွေ့စေရန်သာ မျှော်လင့်နေကြတော့သည်။

မြင်းလှည်းက မြန်ဆန်စွာ မောင်းနှင်လာသော်လည်း မည်မျှပင် မြန်စေကာမူ နန်းတွင်းသို့ ရောက်ချိန်တွင် သန်းခေါင်ယံ အချိန်သို့ ရောက်နေပြီ ဖြစ်၏။ နန်းတော်တံခါးဝတွင် သုန်ယွီကျုံးက အမြဲတမ်း စောင့်နေခဲ့သည်။ သူက သူတို့ လာသည်ကို မြင်သောအခါ ချက်ချင်း ဝင်ခွင့်ပြုလိုက်လေသည်။ နွေရာသီအပန်းဖြေနန်းတော် အတွင်းတွင် မြင်းလှည်းမောင်းနှင်ခွင့် မရှိသော စည်းကမ်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဟွေ့ဖန်းယာခြံဝင်း အနီးသို့ ရောက်သည်အထိ တဟုန်ထိုး မောင်းနှင်လာပြီးမှ ရပ်တန့်သွားခဲ့၏။

သုန်ယွီကျုံးက တော်ဝင်သမားတော်သို့နှင့် ဒုတိယသခင်မ ယွင်ရှီတို့ကို ခေါ်ဆောင်ကာ ဇယ့်ဖင်ကျွန်းသို့ မတက်တော့ဘဲ ဟွေ့ဖန်းယာခြံဝင်းသို့ တန်းသွားလိုက်ကြလေသည်။ တော်ဝင်သမားတော်သို့၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ရှိနေပြီး ယွင်ရှီကမူ ရှေ့ခရီးကို လုံးဝ မသိရှိချေ။ သူမက အနောက်မှ လိုက်သွားရုံသာ တတ်နိုင်ပေသည်။

သန်းခေါင်ယံ အချိန် ဖြစ်နေပြီ ဖြစ်သော်လည်း ဟွေ့ဖန်းယာခြံဝင်း တစ်ခုလုံးက မီးရောင်များဖြင့် လင်းထိန်နေဆဲ ဖြစ်၏။ အနားယူနေသင့်သော ဒုတိယမင်းသားနှင့် လင်ဝမ်ယိတို့ပင် ယခုအချိန်ထိ အခန်းထဲတွင် စောင့်နေကြလေသည်။ အရှင်မင်းကြီးက ပို၍ပင် အိပ်ချင်စိတ် မရှိချေ။ သူက နို့ထိန်း၏ ရင်ခွင်ထဲရှိ ဒုတိယမင်းသမီးကို တစ်ချက်တစ်ချက် ကြည့်ကာ တစ်ခုခုကို တွေးတောနေမိ၏။

ယွင်ရှီနှင့် တော်ဝင်သမားတော်သို့တို့ အခန်းထဲသို့ ဝင်လာသောအခါ ချွမ်ချီနှင့် ရှောင်လုကျစ်တို့ ကြိုဆိုရန် လျှောက်လာသည်။

"ဒီအစေခံက တော်ဝင်သမားတော်သို့နဲ့ ဒုတိယဦးလေးကတော်ကို ဂါရဝပြုပါတယ်ရှင်"

"ဒီအစေခံက တော်ဝင်သမားတော်သို့နဲ့ ဒုတိယသခင်မယွင်ကို ဂါရဝပြုပါတယ်"

"ချွမ်ချီ... နင်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"ဒုတိယဦးလေးကတော်ကို လျှောက်တင်ပါတယ်... ဒီနေရာက သခင်မလေးရဲ့ ခြံဝင်းပါ... အရှင်မင်းကြီးက ဒုတိယမင်းသမီးလေးကို ခေါ်လာပြီး အထဲမှာ စောင့်နေပါတယ်... အမြန် သွားကြည့်လိုက်ပါဦး"

All Chapters