← Chapters

အသက်ရှင်ကျန်ရစ်သူများ

Vol. 009 Ch. 401

အသက်ရှင်ကျန်ရစ်သူများ

Vol. 009 Ch. 401

ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ပေါ်ကနေ မတ်တတ်ရပ်နေရင်း အဘိုးအိုက သည်အပင်ကြီးကို ဆင့်ခေါ်လိုက်မှန်း အာရုံခံမိ၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သို့သော် သူက အဘိုးအိုက ထပ်မံနှောင့်ယှက်ခြင်း မပြုပေ။ ထိုအစား သူက ထွက်ခွာလာခဲ့သည်။

ဝမ်လင်းက တစ်ချိန်လုံး ဂရုတစိုက်ရှိနေ၏။ သူက သူ့လုံခြုံမှုရှိရန် သေချာအောင်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

သူက အဘိုးအို၏ အပြန်လမ်းကို ဖြတ်တောက်ခဲ့စဉ်တွင် အဘိုးအိုသည် ဒေါသအမျက်ချောင်းချောင်း ထွက်ခဲ့သည်ကို သိခဲ့၏။ သည်အချိန်က အဘိုးအိုအား အနည်းဆုံးအချိန် ဖြစ်သော်လည်း ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်သည် အဘိုးအိုနှင့်ယှဉ်လျှင် အလွန်နိမ့်ကြောင်း သိနေသည်။ ကြယ်သံလိုက်အိမ်မြှောင်၏ အမြန်နှုန်းကြောင့်သာ မဟုတ်လျှင် သူက အစောကြီးကတည်းက အဘိုးအို၏ တက်တူးရုပ်သေး ဖြစ်နေခဲ့ပေပြီ။

သစ်ရွက်ခုနစ်ရွက် နတ်ဆရာက မည်မျှ အားနည်းသည်ဖြစ်စေ သူက ဝမ်လင်းကို သတ်ရန် စွမ်းရည် ရှိနေဆဲသာ။ ဝမ်လင်းက သူသည်အဘိုးအိုကို သတ်ဖြတ်နိုင်သည့်စွမ်းအား ရှိသည်လို့ သူ့ကိုယ်သူ မယုံကြည်ချေ။

သူက ထွက်သွားပြီး သိပ်မကြာခင်တွင် အဘိုးအိုက အပင်ထဲ၌ မျက်လုံး ဖွင့်လာခဲ့သည်။ သူ့မျက်လုံးထဲကနေ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းထွက်သွားရာ ဦးတည်ချက်ကို ကြည့်၏။ သူက ဝမ်လင်းက လျင်မြန်စွာ ထွက်သွားသည်ကို ခံစားမိကာ သက်ပြင်းချ၏။ "ကံမကောင်းစွာနဲ့ ဒီခွေးကောင်က သတိရှိလွန်းနေတယ်…။ သူသာ ပြန်လာမယ်ဆိုရင် ငါ သူ့ကို သတ်နိုင်ဖို့ သေချာနေပြီ…”

သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့ကလန်၏ ဘိုးဘေးစိတ်ဝိညာဉ်ကို အသုံးပြု၍ အပြင်ဘက်နှင့် ဖြည်းဖြည်းချင်း ဆက်သွယ်နေ၏။

သည်ဟင်းလင်းပြင်ထဲ၌ ကြောက်စရာ အကောင်းဆုံးအရာသည် ထွက်ပေါက်ကို ရှာမတွေ့နိုင်ခြင်းပင်။ သည်နေရာက လေဟာနယ်ကို ခွဲ၍ထွက်သွားလို့ ရသော သာမန်ဟင်းလင်းပြင် တစ်ခု မဟုတ်ချေ။ အပြင်ဘက်မှ တစ်ယောက်ယောက်၏ အကူအညီကြောင့် မဟုတ်လျှင် လူတစ်ယောက်က သည်နေရာ၌ ထာဝရ ပိတ်လှောင်နေမိမည် ဖြစ်၏။

အချိန်အတန်ကြာသည့်အခါ အဘိုးအို၏ မျက်လုံးထဲ၌ အလွန်အမင်း ကြောက်လန့်မှုများ ဖြစ်ပေါ်လာ၏။ သူက ဝမ်လင်းနှင့်ပတ်သက်၍ အချိန်အတန်ကြာ မေ့နေခဲ့သည်။ သူက ခုချိန်၌ အဖြစ်ချင်ဆုံးဆန္ဒက အပြင်ဘက်ရှိ သူ့ကလန်ကို သတင်းပို့လွှတ်မှု လုပ်နိုင်ရန် ဖြစ်သည်။ထိုမှသာ သူတို့က သူ့ကို လမ်းညွှန်နိုင်လိမ့်မည် ဖြစ်၏။

အချိန်အတန်ကြာ ပျံသန်းပြီးနောက် ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ပေါ်၌ ထိုင်နေ၏။ သူက သူ့နောက်ဘက်မှ အန္တရာယ် အငွေ့အသက်ကို မရရှိတော့သော်လည်း ခုထိသတိထားနေဆဲပင်။ ထို့ကြောင့် သူက ရက်ပေါင်းများစွာ မရပ်ဘဲ ဆက်၍ ပျံသန်းနေခဲ့ခြင်း ဖြစ်၏။

သူက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို တည်ငြိမ်စွာ ကြည့်၏။ သူ့မျက်လုံးထဲ၌ မည်သည့် ထိန့်လန်မှုမှ ရှိမနေခဲ့ချေ။ သူက သူ့မျက်ခုံးနှစ်ခုကြားကို လက်ဖြင့်ထိလိုက်ရာ ကောင်းကင်ဘုံပုတီးစေ့ထွက်ပေါ်လာ၏။

ထို့နောက် ဝမ်လင်းက သူ့စိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်း၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် မျဉ်းလိုင်းများက ထပ်မံပေါ်လာခဲ့သည်။ သို့ရာတွင် သည်တစ်ကြိမ်၌ အများကြီး ရှိမနေခဲ့တော့ချေ။

သည်ရှစ်လကြာ ပျံသန်းနေစဉ်အတွင်း ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို သုံး၍ တက်တူးအပင်ကို အကြိမ်များစွာ စုပ်ယူခဲ့၏။ သူက တက်တူးအပင်၏ အဓိက အစိတ်အပိုင်းများကို စုပ်ယူခဲ့ပြီးလေပြီ။

ဝမ်လင်းက မာန်သွင်း၏။ သူ့မျက်နှာပေါ်၌ နာကျင်ဟန် ပေါ်လာသည်။ သူ့လည်ပင်းပေါ်ရှိ အနက်ရောင်လိုင်းများက တဖြည်းဖြည်း ပျောက်ကွယ်လာနေ၏။ သိပ်မကြာခင်တွင် သည်အနက်ရောင် မျဉ်းလိုင်းများ အားလုံးသည် သူ့မျက်ခုံးနှစ်ခုကြား၌ လာရောက်စုဝေး၏။

သည်ထူးဆန်းသော တက်တူးအပင်သည် ထပ်မံ ပေါ်လာခဲ့ပြန်၏။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့က အစိမ်းရောင် တောက်ပသွားပြီး ၎င်းအပင်ကို စုပ်ယူ၏။

အချိန်အတန်ကြာသည့် အခါ ဝမ်လင်းက မျက်လုံးပွင့်လာခဲ့ပြီး အသက်ဝဝ ရှူသွင်းလိုက်၏။ သူက နောက်သို့ ကြည့်၍ ပြောလိုက်သည်။ “စွန့်ပစ်ခံ မသေမျိုးကလန်က မန္တာန်က အရမ်းထူးဆန်းတယ်။ ငါ သူတို့ကို ထပ်တွေ့ရင် ပိုပြီး ဂရုစိုက်ဖို့လိုလိမ့်မယ်…”

သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့ကို ဆုပ်ကိုင်၍ ကြည့်သည်။ သစ်ရွက်ကိုးခုက ၎င်းပုတီးစေ့ပေါ်တွင် အပြည့်အဝဖြစ်ပေါ်နေ၏။ ဆယ်ခုမြောက် သစ်ရွက်ကလည်း တစ်ဝက်တစ်ပျက် ဖြစ်ပေါ်နေခဲ့သည်။

ပျောက်ရွှင်မှုအရိပ်အယောင်များ ဝမ်လင်းမျက်လုံးထဲ၌ ပေါ်လာခဲ့သည်။ ပုတီစေ့ကို သူ့နဖူးဖြင့်ထိလိုက်ရာ ၎င်းက ပျောက်ကွယ်သွား၏။

“ဒီတစ်ကြိမ်ရိပ်သိမ်းနိုင်မှုက တော်တော်လေး ကောင်းမွန်တာပဲ။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ သစ်သားဒြပ်စင်လည်း အပြည့်အဝဖြစ်လုနီးပါ အဆင်ပြေခဲ့တယ်။ ခုချိန်မှာ အရေးကြီးဆုံးကတော့ ဒီနေရာက ထွက်ခွာသွားဖို့ လမ်းကြောင်းကို စဉ်းစားဖို့ပဲ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ သူက အဘိုးအို လွတ်မြောက်နိုင်သည့် လမ်းကြောင်းကို ဖြတ်တောက်ပစ်ရန် နဂိုကတည်းက အကြံ ရှိခဲ့သည်။

အပြင်ဘက်မှ အကူအညီမရဘူး ဆိုလျှင် သည်နေရာက ထွက်ခွာနိုင်ရန် အလွန်ခက်၏။ သို့ရာတွင် သူက ပိတ်လှောင်ခြင်း ခံထားရသော်လည်း သူ့မူလခန္ဓာကိုယ်ကတော့ အပြင်မှာ ရှိနေဆဲပင်။

သူက ကြယ်သံလိုက် အိမ်မြှောင်ပေါ်တွင် ထိုင်ချ၍ သူ့မူလခန္ဓာကိုယ်ကို အာရုံခံနိုင်အောင် စတင်ကြိုးစား၏။

ချူနိုင်ငံ၊ မြေအောက် မိုင်ထောင်ပေါင်းများစွာတွင် ခရမ်းရောင် အလင်းလုံးတစ်ခု ရှိနေခဲ့၏။

သည်အလင်းလုံးထဲ၌ အလွန်ကြည့်ကောင်းသော လူငယ်တစ်ယောက် ထိုင်နေ၏။ သူက အနီရောင်ဆံပင်များ၊ ကြေးနီရောင် အသားအရည်၊ အရေအပြားပေါ်၌ သေးငယ်သော အက်ကွဲရာလေးများ ရှိနေခဲ့၏။

သည့်အပြင် သည်လူငယ်၏ နဖူးထက်၌ ကြယ်နှစ်လုံးသည်လည်း ဖြည်းညင်းစွာ လှည့်ပတ်လျက် ရှိနေ၏။

ထိုအခိုက်တွင် လူငယ်က ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်လုံးထဲမှ အသတ်အဖြတ် စိတ်ဆန္ဒများ ထုတ်လွှတ်နေ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် မတ်တတ်ထရပ်၍ မြေပေါ်သို့ သွားလေသည်။

သူက သိုလှောင်အိတ်ထဲက အနက်ရောင်ဝတ်စုံကို ထုတ်ယူ ဝတ်ဆင်လိုက်၏။ ခုချိန်၌ သူက အခြားကျင့်ကြံသူများနှင့် လုံးဝ မခြားနားတော့ပေ။

သည်လူက မသေမျိုးသင်္ချိုင်း၏ တောအုပ်ထဲ၌ လမ်းလျှောက်နေခဲ့သည်။ သူက တစ်နေရာသို့ ရောက်သည့်အခါ ရပ်တန့်၍ လက်သီးဖြင့် လေထဲသို့ ထိုး၏။ သည်အခါ လေထု၌ အဟအက်ကွဲကြောင်းများပင် ဖြစ်ကုန်သည်။

ခဏစောင့်ကြည့်ပြီးနောက် လူငယ်က ခေါင်းယမ်း၍ ဆက်လျှောက်သွားသည်။

သူက ခြေဆယ်လှမ်း လှမ်းပြီးတိုင်း ရပ်တန့်၍ လေထဲသို့ လက်သီးဖြင့်ထိုး၏။ သူထိုးသည့် အကြိမ်တိုင်းသည်လည်း အဟအက်ကွဲကြောင်းများ ဖြစ်ပေါ်စေ၏။

သည်လူက ဆက်လက်၍ ထိုသို့ပြုလုပ်နေသည်။ သူက အဟအက်ကြောင်း တစ်သောင်းကျော် ပြုလုပ်ပြီးသည့်နောက် မသေမျိုး သင်္ချိုင်းတွင်းပေါက်သို ရောက်လာခဲ့၏။ သူက တွင်းပေါက်ကို ကြည့်၍ အခြားဦးတည်ရာ တစ်ခုသို့ ပြန်လှည့်သည်။ သည့်နောက် သူက အစောပိုင်းတုန်းက ကဲ့သို့ ခြေဆယ်လှမ်းတိုင်း လက်သီးတစ်ချက် ထိုးနေခဲ့သည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ သူက တစ်ချိန်လုံး ဤကဲ့သို့ ဆက်တိုက်လုပ်နေခဲ့ပြီး စိတ်မရှည် ဖြစ်ခြင်းလည်း မရှိပေ။

သစ်တော၏ မြောက်ဘက်အစွန်းပိုင်းသည် သစ်ရွက်သစ်ဆွေးများနှင့် ဖုံးလွှမ်းလျက် ရှိသည်။ သူက ၎င်းသစ်ရွက်ဆွေးများပေါ်သို့ ခြေလှမ်းသည့်အခါတိုင်း တရှဲရှဲ မည်နေခဲ့၏။ သူက လက်သီးတစ်ချက် ထိုးရန် ဟန်ပြင်ပြီးမှာ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်သည်။ သူ့မျက်လုံးများက ရုတ်တရက် အေးစက်သွားပြီး သူလည်း ပျောက်ကွယ်သွား၏။

မသေမျိုးသင်္ချိုင်း တောအုပ်၏ မြောက်ဘက်တွင် ရုတ်တရက် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့သည် ကောင်းကင်၌ ပျံသန်းလာနေသည်။

အမျိုးသမီးက အလွန်လှသည်။ သူမက အဖြူရောင်ဇာပဝါကို မျက်နှာ၌ တပ်ဆင်ထားသည်။ အမျိုးသားကတော့ အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုပင်။

သူတို့နှစ်ယောက် ပျံသန်းနေစဉ်မှာ အဘိုးအို၏အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အမျိုးသမီးကို လှမ်းဆွဲ၍ နောက်သို့ ဆုတ်၏။ ပေါက်ကွဲသံတစ်ခုနှင့်အတူ လေဟာနယ်ထဲ၌ အက်ကြောင်းများ ဖြစ်ပေါ်လာသည်။

သည်အက်ကွဲကြောင်းများထဲ၌ လူငယ်တစ်ယောက် မတ်တတ်ရပ်နေခဲ့သည်။ သည်လူက အလွန်ကြီးကောင်းပြီး သူ့ဆံပင်များက အနီရောင်ရှိနေသည်။ သည်ဆံပင်အနီရောင်နှင့် လူငယ်ကတော့ ဝမ်လင်း၏ မူလခန္ဓာကိုယ်ပင် ဖြစ်ချေသည်။

သူ့မူလခန္ဓာကိုယ်က ရှေ့ကနှစ်ယောက်ကို စူးရှစွာ ကြည့်နေပြီး သူ့ညာလက်ဖြင့် …

အဘိုးအိုအသွင်က ကြီးစွာပြောင်းလဲသွားပြီး သိုလှောင်အိတ်ထဲက တောင်အသွင် ရတနာတစ်ခုကို ထုတ်ယူ၍ ဒိုင်းအဖြစ် ကာရံလိုက်သည်။

မူလခန္ဓာကိုယ်၏မျက်လုံးများက တည်ငြိမ်စွာ ရှိနေသည်။ သူ့လက်သီးက အရှိန်လျော့သွားခြင်း မရှိဘဲ တောင်အသွင်ရတနာပေါ်သို့ ကျရောက်သွားသည်။

ဘုန်း…။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောင်ရတနာက တောက်ပသွား၏။ သို့သော် ထိုသို့တောက်ပပြီးနောက် အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားသည်။ လက်သီးအားက သည်တောင်ရတနာကို အပိုင်းပိုင်းဖြစ်စေခဲ့၏။

အဘိုးအို၏မျက်နှာက ရှံ့မဲ့သွားသည်။ သူက အဖြူရောင်ဇာပဝါနှင့် အမျိုးသမီးကို ဆွဲ၍ နောက်သို့ ဆက်တိုက်ဆုတ်သည်။

မူလခန္ဓာကိုယ်က ရှေ့သို့ ခြေတစ်လှမ်းတိုး၏။ သူ့ခြေထောက်အောက်ရှိ ထေထုသည် အက်ကွဲကုန်သည်။ သူက နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်၏။

အဘိုးအိုက ဓားပျံတစ်ချောင်း ပစ်လွှတ်လိုက်၏။ သည်ဓားက အန္တရာယ်အော်ရာကို ပေးစွမ်းနေသည်။ ၎င်းဓားပေါ်တွင်လည်း ခရမ်းရောင် သန်းနေခဲ့သည်။ အကြောင်းမှာ သည်ဓားသည် ရှားပါးလွန်းသော ခရမ်းနှလုံးသားကြေးဝါဖြင့် ပြုလုပ်ထားခြင်းကြောင့်ပင်။ ထို့ကြောင့် သည်ဓားသည်အလွန်မာကြောလှ၏။

ဓားပျံက မူလခန္ဓာကိုယ်၏ လက်သီးဖြင့် ထိပ်တိုက်တွေ့သည်။ မူလခန္ဓာကိုယ်၏ မျက်လုံးများက တည်ငြိမ်လျက်ရှိနေသည်။ သူက နှာခေါင်းရှုံ့လိုက်၏။ သူ့လက်သီးနှင့် ဓားပျံတို့သည် ထိပ်တိုက်တွေ့ဆုံကြသည်။

ဓားက ချက်ချင်းအက်ကွဲသွားပြီး အောက်သို့ ပြုတ်ကျကာ လုံးဝပျက်စီးသွားလေ၏။ တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်၏ နယ်ပယ်သည် ဓားထံမှ ထွက်ပေါ်လာပြီး မူလခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။

မူလခန္ဓာကိုယ်၏ မျက်လုံးက တလက်လက်ဖြစ်နေသည်။ ရှေးဟောင်း နတ်ဘုရားတစ်ပါးအနေဖြင့် သူ့တွင် နယ်ပယ်မရှိချေ။ သို့သော် သူ့တွင် အားကောင်းသော အသတ်အဖြတ် စိတ်ဆန္ဒရှိ၏။ သူ့အနီရောင် ဆံပင်များက ယိမ်းနွဲ့သွားပြီး ခန္ဓာကိုယ်ပေါ်၌ သွေးနီရောင်အလင်းတစ်ခု တောက်ပလာခဲ့သည်။အဘိုးအို၏ နယ်ပယ်က တောင့်ခံနိုင်ခြင်း မရှိတော့ပဲ ချက်ချင်းပြိုပျက်သွားသည်။

မူလခန္ဓာကိုယ်၏ လက်သီးက ထပ်မံ ရောက်ရှိလာပြန်သည်။

အဘိုးအိုမျက်လုံးထဲ၌ အလွန်အမင်း ကြောက်လန့်မှုများ ဖြစ်ပေါ်သွားပြီး သူက အမျိုးသမီးကို ဆွဲခေါ်၍ နောက်သို့ ထပ်မံဆုတ်သည်။

မူလခန္ဓာကိုယ်က ဆက်၍လိုက်၏။

“ရောင်းရင်းကျင့်ကြံသူ… ငါတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး။ ဘာကြောင့် ခုလိုတိုက်ခိုက်ရတာလဲ…” အဘိုးအိုအသံက အားတင်း၍ ပြောလိုက်၏။ သူက သည်လူ၏လက်သီးချက်ကို ထိတ်လန့် ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။

စွန့်ပစ်ခံ မသေမျိုးကလန်၏ စစ်သည်တော် တစ်ယောက်ဖြစ်သည့် သူ့အနေဖြင့်ပင် သူက ခုလိုကျင့်ကြံသူများကို မမြင်တွေ့ခဲ့ဖူးချေ။ သည်လူက လက်သီးတစ်ချက်ဖြင့် ရတနာများအားလုံးကို ဖျက်ဆီးပစ်နိုင်နေသည်။ သည်လူက ခြေလှမ်းတစ်လှမ်းဖြင့် လေထုကို အက်ကြောင်းများ ဖြစ်စေခဲ့သည်။ သည်အရာများအားလုံးက အဘိုးအိုကို ကြောက်လန့်စေခဲ့သည်။

မူလခန္ဓာကိုယ်က နှာခေါင်းရှုံ၏။ သူက ပို၍ ကြမ်းကြုတ်လာခဲ့သည်။ လက်သီးတစ်ချက်ဖြင့် အဘိုးအိုနှင့် အမျိုးသမီးတို့ပတ်လည်၌ မန္တန်များနှင့်ဆင်တူသော အတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တစ်ချက်ဖြင့် အဘိုးအိုပတ်လည် ပိုကြောက်လန့်စေချင်လျက် …

မူလခန္ဓာကိုယ်က ဟစ်ကြွေး၏။ “မင်းသေခြင်းကိုလက်ခံစမ်း…”

အဘိုးအိုက စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။ သူက အမျိုးသမီးမျက်လုံးထဲရှိ မျှော်လင့်ချက်မဲ့မှုကို မြင်နေရသည်။ သူက ပြောလိုက်၏။ “အရှင်မ… ငါ ရတနာဆေဘာဓားကို ငှားရမ်းချင်ပါတယ်…”

အဖြူရောင်ဇာပဝါဖုံးအုပ်ထားသည့် အမျိုးသမီးက သိုလှောင်အိတ်ထဲက ကျိုးပဲ့နေသော ဆေဘာဓားကို ထုတ်ပေးလိုက်သည်။

အဘိုးအိုက ဆေဘားဓားကို ဆုတ်ကိုင်ရင်း အမျိုးသမီးကို ဆွဲခေါ်၍ သူ့လျှာကို အနည်းငယ်ကိုက်၍ သွေးများကို သည်အကျိုးအပဲ့ ဆေဘာဓားပေါ်သို့ ထွေးထုတ်လိုက်သည်။

ထိုအခိုက်တွင် မူလခန္ဓာကိုယ်၏ လက်သီးချက် ရောက်ရှိလာ၏။ သည်လက်သီး၏ ဦးတည်ရာသည် အဘိုးအို၏ ဦးခေါင်းပင် ဖြစ်ချေသည်။ အဘိုးအိုက မာန်သွင်း၍ ဆေဘာဓားဖြင့် သည်တိုက်ခိုက်မှုကို ပိတ်ဆို့သည်။

ဘန်း…။

မရေမတွက်နိုင်သော် အက်ကွဲကြောင်းများက ဆေဘာဓားပေါ်၌ ဖြစ်ပေါ်လာခဲ့သည်။ ဓားအပိုင်းအစလေး တစ်ခုပင် ပဲ့ကြွေသွားလေ၏။

အဘိုးအိုက အံကြိတ်လိုက်သည်။ သူ့အသားအရေများက နက်မှောင်နေပြီး ကြောက်ရွံ့လို့နေ၏။ သူက အမျိုးသမီးကို ဆွဲ၍ နောက်သို့ပို့၏။။ သူက အလွန်မြန်ဆန်၏။ ထို့ကြောင့် သူက သူမကို သူတို့ပတ်လည်တွင် ဝန်းရံနေသော အတားအဆီးထဲကနေ ဆွဲခေါ်သွားနိုင်ခဲ့သည်။

အဖြူရောင်ဇာပဝါနှင့်အမျိုးသမီးက အလွန်အမင်း ထိတ်လန့်နေသည်။ သူမက ခပ်မြန်မြန် ပြောလိုက်သည်။ “စီနီယာ…ကျေးဇူးပြု၍ ရပ်ပါ။ စီနီယာက ငါတို့နှစ်ယောက်ကို သတ်ချင်ရင် အနည်းဆုံးတော့ အကြောင်းပြချက်တစ်ခု ပေးဖို့ ကောင်းတယ်…”

မူလခန္ဓာကိုယ်က သူ့လက်သီးချက်ကို ပြန်သိမ်း၍ သည်နှစ်ယောက်ကို အေးစက်စွာ ကြည့်သည်။

ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ် တည်ငြိမ်သွား၏။ လေတိုက်၍ တဖျပ်ဖျပ်လွင့်နေသော အင်္ကျီစများကနေ ထွက်ပေါ်လာသည့် အသံကလွဲ၍ အခြားအသံများ ရှိမနေခဲ့ချေ။

အဘိုးအိုက သူ့ရှေ့ရှိ အနီရောင်ဆံပင်နှင့် လူငယ်ကို ကြည့်၍ သူ့နဖူးက‌ ချွေးများဖြင့် စိုရွှဲနေခဲ့သည်။ သူက မည်မျှစဉ်းစားပါစေ သူ့ရှေ့က လူကိုစော်ကားဖူးသည်လား မမှတ်မိနိုင် ဖြစ်နေခဲ့သည်။

မူလခန္ဓာကိုယ်က အေးစက်စွာ မေးလိုက်၏။ “မင်းတို့ နှစ်ယောက် ဘယ်ကနေလာခဲ့တာလဲ…”

အမျိုးသမီးက မှက်တက်သွား၏။ သူက တွေးတောနေရန် အချိန်မရှိသဖြင့် ပြန်ဖြေလိုက်ရသည်။ “ဂျူနီယာက ကျောက်နိုင်ငံကနေ လာပြီး ချူနိုင်ငံကို သွားမလို့ပါ…”

“အရေးမပါလိုက်တာ…မင်းက သေလမ်းရှာနေတာပဲ…” မူလခန္ဓာကိုယ်၏ မျက်လုံးများက အေးစက်နေခဲ့သည်။ သူက သူ့ရှေ့ရှိ နှစ်ယောက်ကို သေလူကဲ့သို့ ကြည့်၏။ သူက ရှေ့သို့ ဆက်တိုးခြင်း မပြုပေ။သို့သော် သူ့ညာခြေထောက်ကို စောင့်နင်းချလိုက်၏။

ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်သွားသည်။ အဘိုးအိုက ရှောင်ချင်သော်လည်း နောက်ကျနေခဲ့ပြီ ဖြစ်သည်။ သူက ဆေဘာဓားကို ထိန်းချုပ်၍ ဟန့်တားသည်။

ဘုန်း…။

ဆေဘာဓားကျိုးက ပျက်စီးသွားခဲ့သည်။

အဘိုးအိုသည်လည်း ကောင်းကင်ထက်မှ တစ်ဟုန်ထိုး ပြုတ်ကျသွား၏။

“စီနီယာ…ငါတို့ကြားမှာ ဘာအမုန်းမှမရှိဘူး။ ဘာကြောင့် ငါတို့ကို သတ်ချင်နေရတာလဲ…” အမျိုးသမီး၏သံက အက်ကွဲနေပြီး သူ့မျက်လုံးထောင့်၌ မျက်ရည်များ ကျဆင်းလာခဲ့သည်။

မူလခန္ဓာကိုယ်က အဖြူရောင်ဇာပဝါဖုံးအုပ်ထားသည့် အမျိုးသမီးကို အေးစက်စွာ ကြည့်သည်။

***

All Chapters