ချန်ဘော့ပြည်ကိုအင်အားလျှော့ပါ (အပိုင်းတစ်)
Vol. 72 Ch. 1056
ဖေး ကိုပပိုစိတ်လှုပ်ရှားစေသည်က သူ့ ခန့်မှန်းချက်က အမှန်တကယ်ဖြစ်လာခြင်း ဖြစ်သည်။ အာရတ်တောင်၌ ကယ်တင်းခြင်း ကို ပြီးမြောက်ပြီးနောက် သာမန်ပုံစံနှင့် အိပ်မက်ဆိုးပုံစံ၌ ကဲ့သို့ပင် သူဆင့်ခေါ်ခွှင့်ရခဲ့သည်။ နေအဆင့်လူရိုင်း၁၅ဦးကို ဆင့်ခေါ်နိုင်ခြင်းဖြစ်သည်။
ထိုဖြစ်ရပ်က ဖေး ကမ္ဘာပေါ်၌ ကစားခဲ့သည်ြ ကွန်ပျူတာဂိမ်းတွင် မရှိခဲ့သည့်အရာဖြစ်သည်။
ယခုဆိုပါကဖေး နေအဆင့်လူရိုင်း ၁၅ ယောက်ကို နေ့စဉ်ဆင့်ခေါ်နိုင်ပြီး ဆင့်ခေါ်မှုတစ်ခုစီက ၁၅ မိနစ်ကြာနိုင်သည်။
ထိုသို့ဆင့်ခေါ်နိုင်ခြင်းက ရူးသွပ်ဖွယ်ဆုလာဘ်ဖြစ်သည်။ ဖေး သာ ဆန္ဒရှိပါက သူ့အတွက် တိုက်ခိုက်ရန် နေအဆင့်အရှင်သခင်များကို ခေါ်နိုင်ပြီး အဇာရို့သ် တိုက်ကြီးတွင် နေအဆင့်အရှင်သခင်များက ရှားပါးနေဆဲဖြစ်ရာ ထိုသို့အုပ်စုလိုက်ထွက်ပေါ်လာခြင်းက ပြိုင်ဘက်အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်ခြင်းပင်ဖြစ်သည်။
အနည်းဆုံးတော့ ယခုချိန်၌ တောက်ပခြင်းနေအဆင့်အောက်က မည်သူမျှ သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ချေ။
ထိုတာဝန်ပြီးဆုံးပြီးနောက် ဖေး၏ နေ့စဉ်ကစားချိန်ပြည့်သွားပြီဖြစ်ရာ ဒိုင်ယာဘလိုကမ္ဘာမှ ထွက်လာလိုက်သည်။
အစစ်အမှန်လောကသို့ ပြန်ရောက်သော်လည်း ဖေး စိတ်လျှော့မသေးဘဲ လျှို့ဝှက်ဆန်းကြယ်သည့် ခရမ်းရောင်စာလိပ်အရ သူ့ဝိညာဉ်စွမ်းအင်ကို ဆက်လက်အားကောင်းအောင် လုပ်နေလိုက်သည်။
ဖေးတွင် ရွှေလက်ချောင်း ဒိုင်ယာဘလိုကမ္ဘာ ရှိေသာ်လည်း သူ့ကိုယ်သူ တင်းကျပ်သည့်စံနှုန်း များသတ်မှတမထားသည်။ အချိန်ရတိုင်း ဖေး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်သည့်အလား ပိုမိုအားကောင်းအောင်လေ့ကျင့်သည်။ တကယ်တော့ ဖေး အဇာ့ရိုသ့် တိုက်ကြီးသို့ ရောက်လာချိန်မှ ပျမ်းမျှ တစ်နေ့ငါးနာရီမျှသာအိပ်သည်။ ချမ်းဘော့အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်ချိန် အင်အားကြီးရန်သူများနှင့် တိုက်ခိုက်ချိန်မှလွဲ၍ အချိန်တိုင်းလိုလိုခေ့ကျင့်နေခဲ့သည်။
ဒိုင်ယာဘလိုကမ္ဘာမှာ ဖေး၏ ခွန်အားနှင့် လက်ရှိအောင်မြင်မှုအတွက် အဓိကအချက်ဖြစ်သော်လည်း သူ့ကြိုးစားအားထုတ်မှုကိုလည်း လျစ်လျူရှုလို့မရပါချေ။ သိုင်းသူတော်စင် တောင်၏ ကျောက်ဆောင်စွန်း၌ ရပ်နေရင်း ဖေး၏ ခန္တာကိုယ်က ခပ်တောင့်တောင့်ဖြစ်သွားပြီး မလှုပ်ရှားတော့ချေ။
ထိုနေရာ၌ တိတ်ဆိတ်နေပြီး အချိန်များသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းရင်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်က မှောင်မဲနေရာမှ ဖြူဖျော့ဖျော့အရောင်အဖြစ် ပြောင်းလဲသွား၏။
မကြာခင်မှာပင် အရှေ့ကောင်းကင်မှ အဖြူရောင်အစက်အပြောက်လေးတစ်ခု ပေါ်လာပြီး တစ်ညလုံး အိပ်ပျော်နေတဲ့ စိန့်ပီတာဘတ်မြို့မီာ တဖြည်းဖြည်း နိုးထလာခဲ့သည်။ ဖေးလည်း ထိုအချိန်မှာပင် သူ့မျက်လုံးဖွင့်ကိုလိုက်၏။
သူက ပါးစပ်ဟပြီး မသန့်ရှင်းသည့်လေများကို ပါးစပ်ထဲမှ မှုတ်ထုတ်လိုက်ပြီး အနည်းငယ်မောပန်းနေဟန်ရှိသည်။
ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ခြင်းသည် သံတုံးတစ်တုံးကို ပုံသွင်းခြင်းနှင့်တူသည်။ ပန်းပဲဆရာတစ်ဦးသည် ရတနာဓားတစ်ချောင်းကို ပုံသွင်းလိုပါက ဤသံတုံးကို အကြိမ်ပေါင်းများစွာ ထုလုပ်ရမည်ဖြစ်သည်။
ဖေး က သူ့ စိတ်ဝိညာဉ်စွမ်းအင်ကို ရှေ့ဆက်တိုးချင်သည်ဆိုပါက ကြိုးကြိုးစားစားလေ့ကျင့်ရမည်ဖြစ်သည်။
တစ်နည်းအားဖြင့် ဖေး နှင့် ဒရက်စလာ နှစ်ဦးစလုံးသည် ဝိညာဉ်စွမ်းအင်ကို ပြုစုပျိုးထောင်ရာတွင် ထူးချွန်ကြသည်။ ဒရက်ဆလာ တွင်သူရဲကောင်း၏သွေးမျိုးဆက်ရှိပြီး အခက်အခဲများစွာကို ဖြတ်သန်းခဲ့ရသော်လည်း သူ၏ ဖြူစင်သောစိတ်ကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ အခြားတစ်ဖက်တွင် ဖေး၏ဝိညာဉ်သည် အချိန်နှင့် အာကာသကိုဖြတ်၍ ခရီးသွားလာခဲ့ပြီး အလက်ဇန္ဒား ၏ဝိညာဉ်နှင့် ပေါင်းစည်းခဲ့သည်။ ထို့ကြောင့် သူ၏ဝိညာဉ်သည် အခြားသူများထက် ပိုမိုအားကောင်းပြီး သူ့အား ဝိညာဉ်စွမ်းအင်တိုးတက်မှုတွင် ပိုမိုမြန်ဆန်စွာ တိုးတက်စေသည်။
သစ်သားအိမ်ဆီ သွားပြီး နှစ်နာရီလောက် အနားယူလိုက်သည့်အခါ ကောင်းကင်က လင်းလက်လာပြီဖြစ်သည်။
ဤအချိန်တွင် တော်ဝင်မိသားစုမှ အမိန့်ကို သယ်ဆောင်လာသော သံတမန်တစ်ဦးသည် တောင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဧကရာဇ်ရက်ဆင်သည် သိုင်းသူတော်စင်ကို ဆင့်ခေါ်ခဲ့သည်။
ခဏမျှစဉ်းစားပြီးနောက်၊ ဖေးသည် သူ၏ရိုးရှင်းသောအဖြူရောင်ဝတ်ရုံဖြင့် သိုင်းသူတောိစင် တောင်မှဆင်းလာခဲ့ပြီး တောင်မှ နောက်လိုက်ရှစ်ဦးသည်လည်း သူ့နောက်သို့ လိုက်လာခဲ့ကြသည်။
ဖေးသည် အတိုင်းအတာတစ်ခုအထိ ခြေလှမ်းကျဲကျဲဖြင့် မြို့တွင်း၌ လျှောက်သွားပြီး တော်ဝင်နန်းတော်ဆီသို့ ဦးတည်သွားသည်။
သူသည် တော်ဝင်နန်းတော်မှ မီတာ ၅၀၀ ခန့်အကွာသို့ ရောက်ရှိသောအခါ ခမ်းနားသောအဝတ်အစားများဝတ်ဆင်ထားသော လူတစ်စုသည် အပြေးအလွှားထွက်လာပြီး သူ့ကိုဝိုင်းရံကြသည်။ သူတို့အားလုံး၏မျက်နှာများတွင် ဒေါသအရိပ်အယောင်များ ရှိနေ၏။
ထိုလူများသည် အသက်အရွယ်အမျိုးမျိုးရှိပြီး အချို့က ဆံပင်ဖြူသော အသက်ကြီးသူများဖြစ်ပြီး အချို့မှာ လူငယ်များဖြစ်သည်။
"မင်းက ဘယ်သူလဲ မစ္စတာ
သိုင်း သူတော်စင်ရဲ့ လမ်းကို ဘယ်လိုပိတ်ဆို့ရဲတာလဲ" ဖေး၏ နောက်လိုက်တစ်ယောက်က ချက်ချင်း လျှောက်လာပြီး အော်ဟစ်လိုက်၏။
" ဆရာသခင် ကျွန်တော်တို့ကို အထင်မလွဲပါနဲ့။ ကျွန်တော်တို့က နိုင်ငံသားတွေရဲ့ ဆန္ဒကို ကိုယ်စားပြုပါတယ် ကျွန်တော်တို့အားလုံးဟာ ဇင်းနစ်ရဲ့ နိုင်ငံသားတွေပါ..." ဟု အသက် ၃၀ ခန့်ရှိ မင်းမျိုးမင်းနွယ်တစ်ဦးက အလျှင်အမြန်ရှင်းပြသည်။
အခန်း ၁၀၅၆: ချန်ဘော့နိုင်ငံတော်ကို ဖြိုခွင်းပါ (အပိုင်းနှစ်)
ထိုလူက အဖိုးကြီး ဒီဇိုင်းဆန်း ဝတ်စုံကိုဝတ်ဆင်ထားပြီး အသားအရေကလည်း ဖြူဖွေးနေသဖြင့် သူ့ အသွင်အပြင်ကို ထိန်းသိမ်းသူဆိုသည်ကို ပြသနေသည်။ မေးအောက်က မုတ်ဆိတ်မွှေးကို သေချာစွာ ပုံဖော်ထားသဖြင့် သူ့ကို နူးညံ့သိမ်မွေ့ပြီး ပညာရှိပုံပေါက်စေသည်။ အခြားလူများက သူ့ကို ယုံကြည်ပြီး သူ့စကားအလွယ်တကူလိုက်နာစေနိုင်သော ပုံပန်းမျိုးရှိသူဖြစ်သည်။
သို့သော်လည်း သူ့မျက်လုံးများထဲမှ မှိုင်းညို့သောကောင်းမွန်ပုံမရသည့် အရိပ်အယောင်ကို သူ ကောင်းစွာ ဖုံးကွယ်ထားသောကြောင့် မြင်ရန် ခက်ခဲသည်။
သူနှင့်အတူပါလာသည့် လူအားလုံးက ခမ်းနားသည့်အဝတ်အစားမျညး ဝတ်ဆင်ထားကြပြီး အားလုံးက မင်းမျိုးမင်းနွယ်များဟု ထင်ရသည်။ တချို့က စိုးရိမ်နေကြပြီး တချို့က ကြောက်ရွံ့နေကြကာ တချို့က စိတ်လှုပ်ရှားနေကြသည်။ ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့် အသက်လတ်ပိုင်းအရွယ်လူ၏နောက်တွင် ရပ်နေသည်က သူတို့ဟာ တစ်ခုခုကို ကြံစည်နေပြီး ဖေး၏လမ်းကို တန်းစီပိတ်ဆို့ထားသည်က ထင်ရှားသည်။
" ဇင်းနစ်သားတွေလား " ဖေးသည် သူတို့၏မျက်နှာကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ " ဘာလို့ ငါ့လမ်းကို ပိတ်ဆို့နေတာလဲ "
" ဆရာသခင် ခင်ဗျားရဲ့လမ်းကို ပိတ်ဆို့မိတဲ့အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ကျွန်တော်တို့လည်း စိုးရိမ်ပူပန်နေပါတယ် ဒါပေမယ့် အင်ပါယာရဲ့အနာဂတ်နဲ့ မစ္စတာ သိုင်းသူတော်စင်အတွက်အတွက် ကျွန်တော်တို့ ဒါကိုလုပ်ရပါမယ် " ဟု ခရမ်းရောင်ဝတ်ရုံဝတ်ထားသောလူက မျက်နှာပေါ်တွင် နူးညံ့သောအပြုံးဖြင့် ပြောလိုက်သည်။ "ဆရာ ကျွန်တော့်နာမည်က ဂရန့်ပါ ဒီနေ့ ကျွန်တော်နဲ့အတူရှိနေတဲ့ လူတွေအားလုံးဟာ ဇင်းနစ်ရဲ့ သစ္စာရှိပြီး စိတ်အားထက်သန်တဲ့ နိုင်ငံသားတွေပါ ဇင်းနစ်ရဲ့အနာဂတ်အတွက် ဒီနေ့ ကျွန်တော်တို့ ဒီမှာစုဝေးခဲ့ကြပြီး မစ္စတာ သိုင်းသူတော်စင်ကို တစ်ခုခုမေးဖို့ ရောက်လာကြတာပါ"
သူပြောပြီးသည်နှင့် သူ့နောက်ကလူအားလုံး အပြေးအလွှားရောက်လာကြသည်။
နေ့လည်ခင်းရောက်နေပြီဖြစ်ပြီး မြို့၏ လူစည်ကားရာနေရာဖြစ်သဖြင့် လူအများအပြားစည်ကားနေသည်။ အထူးသဖြင့် မစ္စတာ သိုင်းသူတော်စင် ရှိနေသည်ကနု လူတွေကြားပြီးနောက်မှာ လူတိုင်းနီးပါး ဤနေရာတွင် စုဝေးလာကြသည်။
ဖေး မျက်မှောင်ကြုတ်လိုက်သည်။
ခရမ်းရောင်ဝတ်ရုံဝတ်ထားသော မင်းမျိုးမင်းနွယ်သည် ၎င်းကိုမြင်သောအခါ သူ့မျက်လုံးများတွင် မြင်ရခက်သော ဝမ်းမြောက်မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။
အခြေအနေက သူ့ဘက်တွင်ရှိနေသည်။ သူ့ပတ်ဝန်းကျင်၌ လူများလေလေ သူ့အတွက် ပိုကောင်းလေဖြစ်သည်။ သူ့ရှေ့က လူငယ်လေးကို သူ လေ့လာကြည့်ပြီး ချမ်းဘော့ဒ် ဘုရင်က အရပ်သားတွေကို တန်ဖိုးထားကြောင်း သိထားသည်။
ထို့ကြောင့် အရပ်သားများကို ဆွဲဆောင်နိုင်လေလေ သူ၏အစီအစဉ် အောင်မြင်နိုင်ခြေ ပိုများလေဟု သူယုံကြည်သည်။
"ဇင်းနစ်ရဲ့ အနာဂတ်အတွက်လား" ဖေး က ဂရန်းကို ကြည့်ပြီး ပြုံးလိုက်သည်။ "ကောင်းပြီ ဒါဆို ငါ့ကို ပြောပြပါ ဘာက အင်ပါယာရဲ့ ကံကြမ္မာကို သက်ရောက်မှုရှိနေတာလဲ တော်ဝင်မိသားစုနဲ့ ငါ သတိမထားမိဘူး မင်းတို့က ဒီကိစ္စကို ပြောမှာလား" ဖေး က လှောင်ပြောင်တဲ့ လေသံနဲ့ မေးလိုက်သည်။
ဖေးက သူတို့၏ ရည်ရွယ်ချက်ကို ခန့်မှန်းပြီးသားဖြစ်ပြီး သူတို့အပေါ် မထီမဲ့မြင်ပြုမှုကိုလည်း မဖုံးကွယ်ထားပါချေ။
ခရမ်းရောင်ဝတ်ရုံဝတ်ထားသော ဂရန့်၏ အမူအရာက ရုပ်ဆိုးသွားသော်လည်း သူ့စိတ်ကို မြန်မြန်ပဲ ချိန်ညှိလိုက်သည်။
နူးညံ့သိမ်မွေ့ပြီး ရင်းနှီးသည့် အပြုံးတစ်ခုနှင့် သူက စိတ်ရင်းမှန်သည့်အလား "မစ္စတာ သိုင်းသူတော်စင် ခင်ဗျားက အရမ်းထူးချွန်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မှတ်တမ်းရှိတယ် ခင်ဗျားက ဇင်းနစ်ရဲ့ ဒုတိယအကောင်းဆုံး ပါရမီရှင်ဖြစ်ပြီး ချမ်ဘော့ဒ် ပြည်ကက ဇင်းနစ်မှာ အင်အားကြီးပြီး လွတ်လပ်တဲ့ အင်အားစုတစ်ခု ဖြစ်လာခဲ့တယ် ဒီ အလက်ဇန္ဒရိုလို မာစတာတွေ အများကြီး ရောက်လာတဲ့ ဒီအကျပ်အတည်းမှာ ခင်ဗျား အောင်မြင်ခဲ့တယ်..." ဟုပြောလိုက်၏။
" ဒီမှာရပ်လိုက် ဒါတွေပြောစရာမလိုဘူး အဓိက အကြောင်းအရာကို ဆက်ပြော" ဖေး လက်ကိုဝှေ့ယမ်းပြီး စိတ်မရှည်စွာ သမ်းဝေလိုက်သည်။
ဂရန့် ခဏတာ ကြောင်အသွားသည်။ မစ္စတာ သိုင်းသူတော်စင်သည် သူ၏ကိုယ်ပိုင်ပုံရိပ်ကို လုံးဝလျစ်လျူရှုပြီး ဤသို့ ပေါ့ပေါ့တန်တန်ပြုမူလိမ့်မည်ဟု သူမထင်ခဲ့ပါ။
အံကြိတ်ပြီးနောက် ဂရန့်က“ဒီ လိုဖြစ်နေလို့ မစ္စတာ သိုင်းသူတော်စင် ကျွန်တော့်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ အခု ချမ်းဘော့ဒ်မှာ လက်ရွေးစင် စစ်သား ထောင်ပေါင်းများစွာနဲ့ လအဆင့် လက်ရွေးစင် ဆယ်ယောက်ထက်မက ရှိပြီး ခင်ဗျားက အစွမ်းထက်တဲ့ သခင်တစ်ယောက်ဖြစ်တာကြောင့် ချမ်းဘောဒ့် ရဲ့ အင်အားဟာ ဥပဒေအရ ပဏ္ဏာဆက်တိုင်းပြည်တစ်ခုရဲ့ ခွင့်ပြုနိုင်မှုထက် အများကြီး ကျော်လွန်နေပါတယ် ပိုအစွမ်းထက်တဲ့ လက်အောက်ခံနဲ့ အားနည်းတဲ့ သခင်တစ်ယောက်နဲ့ဆိုရင် အင်ပါယာရဲ့ အနာဂတ်ဟာ အလွန်မတည်မငြိမ်ဖြစ်လိမ့်မယ် မစ္စတာ သိုင်းသူတော်စင် ခင်ဗျားက ဇင်းနစ် ကို သစ္စာရှိပေမယ့် ခင်ဗျားရဲ့ အမိန့်အောက်က သခင်တွေက ဇင်းနစ် ရဲ့ တော်ဝင်မိသားစုရဲ့ စကားကို နားထောင်မယ်လို့ ဘယ်သူသေချာနိုင်မှာလဲ ဒါကြောင့် ကျွန်တော်တို့ ၂၃ ယောက်က ချမ်းဘော့ဒ်ပြည်အင်အားကို ဖျက်သိမ်းပြီး လအဆင့်လက်ရွေးစင်တွေကို ဇင်းနစ် ရဲ့ တော်ဝင်မိသားစုကို တိုက်ရိုက်အမှုထမ်းဖို့ တောင်းဆိုဖို့ ဒီနေ့ ဒီကိုရောက်လာတာပါ ဒါက ခင်ဗျားကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ် ဒါပေမယ့် ဇင်းနစ်အတွက် ကျွန်တော်တို့ စဉ်းစားနေပါတယ် ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို နားထောင်ခြင်းအားဖြင့် ပြဿနာက ပျောက်ကွယ်သွားမှာဖြစ်ပြီး ခင်ဗျားကလည်း ဂုဏ်သိက္ခာရှိတဲ့ အင်ပါယာသိုင်းသူတော်စင် အဖြစ် ဆက်ရှိနေဦးမှာပါ ဒါက ဇင်းနစ် နဲ့ ခင်ဗျား နှစ်ဘက်လုံးအတွက် ကောင်းပါတယ် ”
End