← Chapters

သူတို့ကို သတ်လိုက်ပါ (အပိုင်းတစ်)

Vol. 72 Ch. 1057

သူတို့ကို သတ်လိုက်ပါ (အပိုင်းတစ်)

Vol. 72 Ch. 1057

" မင်း ဘယ်လိုတောင်သတ္တိရှိနေတာလဲ"

" တိတ်စမ်း "

ခရမ်းရောင်ဝတ်စုံဝတ် ဂရန့်၏ စကားကို နားထောင်ပြီးနောက် သိုင်းသူတော်စင် တောင်၏ သခင်များက ချက်ချင်း အော်ဟစ်လိုက်ကြသည်။

ထိုလူပြောခဲ့သည်များက ညစ်ပတ်ပြီး အရှက်မရှိလှပေ။ မကြာသေးမီ ရက်အနည်းငယ်အတွင်း အလောင်းစားနိုင်ငံရေး လုပ်ရသည်ကို နှစ်သက်သည့် နိုင်ငံရေးသမားအများအပြားဟာ ဧကရာဇ်ရက်ဆင်ရဲ့စိတ်ကို နားလည်ပြီလို့ ထင်မြင်ခဲ့ကြပြီး အင်အားကြီးသည့် လက်အောက်ခံနှင့် အားနည်းသည့် အရှင်သခင်က ပရမ်းပတာဖြစ်စေမည်ဆိုသည့် အမြင်ကို ဖြန့်ဝေခဲ့ကြသည်။ ချမ်ဘော့ဘုရင်၏ အင်အားက ဇင်းနစ်ဥပဒေက ခွင့်ပြုထားတာထက် ကျော်လွန်ပြီး အင်ပါယာပြိုကွဲ‌စေမည့်မျိုးစေ့ကို စိုက်ပျိုးခဲ့ကြသည်ဟု ယုံကြည်ခဲ့ကြသည်။

ချမ်းဘော့ဒ် ဘုရင်က ပုန်ကန်ချင်ပါ ဇင်းနစ် ပြိုကွဲသွားမည်ဖြစ်ပြီး မည်သူမျှ သူ့ကို မတားဆီးနိုင်ပါချေ။

ထိုလူများက ထိုအကြောင်း အခြားသူများကို ပြောနေကြပြီး သူတို့၏ စကားလုဲးများနှင့် ချမ်းဘော့ဒ်ပြည်ကို တိုက်ခိုက်ခဲ့ကြသည်။ ချမ်းဘော့ဒ် ဘုရင်က ဒီအလက်ဇန္ဒရို လို ရန်သူတစ်ယောက်ကို ဆွဲဆောင်ပြီး အင်ပါယာတစ်ခုလုံးနီးပါးကို ဖျက်ဆီးခဲ့သည်ဟု ပြောဆိုကြသည်။ ထို့ကြောင့် ချမ်းဘော့ဒ်ကို ဖြိုခွဲပြီး လအဆင့်အရှင်သခင်များကို အင်ပါယာမိသားစုသို့လွှဲပြောင်းပေးကာ သိုင်းသူတော်စင်သာလုပ်ရမည်ဟု ဆိုကြသည်။ ထိုလူများအတွက် ဒါက ချမ်းဘော့ဒ် ဘုရင်၏ ဇင်းနစ် အင်ပါယာအပေါ် သစ္စာစောင့်သိမှုကို သက်သေပြရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

အကယ်၍ ယခင်သာဆိုပါက ချမ်းဘော့ဒ် ဘုရင်မှာ တန်ခိုးကြီးမားပြီး အင်ပါယာတွင် မည်သူမျှ သူ့ကိုမကိုင်တွယ်နိုင်ပေ။ ထို့ကြောင့် မည်သူမျှ သူ့ကို မဆွရဲကြပေ။ သို့သော် ယခုအခါတွင်မူ ကွဲပြားသွားပြီဖြစ်သည်။ ဧကရာဇ် ရက်ဆင်က နတ်ဘုရားတစ်ပိုင်းဖြစ်လာပြီး ချမ်ဘော့ဘုရင်ကို အလွန်အမင်း နှိမ်နင်းနိုင်ပြီဖြစ်သည်။

မကောင်းတဲ့ရည်ရွယ်ချက်ရှိသည့် လူအတော်များများက ဒီအခွင့်အရေးကို မြင်တွေ့ခဲ့ကြပြီး နောက်မဆုတ်နိုင်ဘဲ ခုန်ထွက်လာကြသည်။ ထိပ်တိုက်ရင်ဆိုင်ရဲသည် မဟုတ်သော်လည်း ပူးပေါင်းကြံစည်မှုများ ဖန်တီးရာတွင်တော့ တော်ကြသည်။

သူတို့က အားနည်းသော်လည်း အကျိုးကျေးဇူးများ ရရှိရန်အတွက် ကြီးကျယ်သည့် ဆရာသခင်နှစ်ဦးကို နှိုးဆွပြီး ပဋိပက္ခတစ်ခု ဖန်တီးချင်ခဲ့ကြသည်။ နိုင်ငံရေးသမားများက အတော်လေးရူးကြသည်။

သူတို့ထဲကတချို့က ပုရွက်ဆိတ်တွေလောက် အားနည်းနေသော်လည်း သူတို့ လောဘကြီးနေချိန်တွင် နဂါးနှစ်ကောင်ကို ရန်စရဲကြသည်။

အာဇာရိုသ့်တိုက်ကြီး၏ သမိုင်းတွင် ဒီလို အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့သည်။ ဇာတ်လမ်းအများစုတွင် ထိုတွက်ချက်တတ်ပြီး ဗျူဟာချသည့်ပုရွက်ဆိတ်များဟာ နောက်ဆုံးတွင် လူအများ၏ရယ်မောခြင်းကို ခံခဲ့ရသည်။

" ဆရာသခင် ခင်ဗျားက ပါရမီရှင်တစ်ယောက်ပါ အင်ပါယာအတွက် စဉ်းစားပေးပြီး ကျွန်တော်တို့ရဲ့ အသနားခံစာကို လက်ခံပေးပါ" ခရမ်းရောင်ဝတ်ရုံဝတ်ထားသော ဂရန့်သည် ဒူးထောက်ကာ သူရဲကောင်းဆန်ဆန် ပြုမူလိုက်သည်။

သူ့နောက်က မှူးမတ်အားလုံးလည်း ဒူးထောက်ပြီး အော်ဟစ်ကာ ကြည့်ရှုနေပြီး ဖေးကို ဖိအားပေးရန် လူအများ ပါဝင်လာအောင်ကြိုးစားနေကြသည်။

သိုင်းသူတော်စင်တောင်မှ သခင်ရှစ်ယောက်၏ မျက်နှာများ အရောင်ပြောင်းသွားသည်။ဤဖြစ်ရပ်က စီစဉ်ထားဆိုသည်မှာ ရှင်းလင်းနေသည်။ ဇင်းနစ် မြို့သား အများအပြားရှေ့တွင် ဤလူများက မစ္စတာသိုင်းသူ‌တော်စင်ကို ပိတ်ဆို့ပြီး ဇင်းနစ် အနာဂတ်အတွက် ဆင်ခြေပေးကာ ဖေး၏အင်အားကိုဖြုတ်ချရန်စီစဉ်နေခြင်းဖြစ်သည်။ ထိုအခါမှ တော်ဝင်မိသားစု အင်အားပိုကြီးလာပြီး သူတို့အတွက် နိုင်ငံရေးနေရာများပိုမိုရလာမည်ဖြစ်သည်။

အဆုံးတွင် လူအတော်များများက ဧကရာဇ် ရက်ဆင်သည်လည်း ဤအကြောင်းကို စဉ်းစားနေသည်ဟု ယုံကြည်ခဲ့ကြသည်။

“ ဒါပေမယ့် ချမ်ဘော့ဘုရင်က ဂုဏ်သိက္ခာများစွာရှိသောကြောင့် ဧကရာဇ်ရက်ဆင်က ထုတ်မပြောသာပါဘူး ငါတို့က ဘုရင်မင်းမြတ်အား သူ့စိုးရိမ်မှုကို ဖော်ပြရန် ကူညီပေးနေခြင်းသာဖြစ်ပါတယ် ” ဟု ထိုလူများက အတွေးရှိသည်။

ရှေးဦးကတည်းက အုပ်စိုးရှင်များမှာ သူတို့၏ လက်အောက်ငယ်သားများ အင်အားကြီးလာသည်ကို အမြဲသတိထားခဲ့ကြသည်။

အကယ်၍ အင်ပါယာသိုင်းသူတော်စင်က လူများစွာရှေ့တွင် ဤအကြံပြုချက်ကို ငြင်းပယ်ခဲ့ပါက အရပ်သားများ၏စိတ်ထဲတွင် တည်ဆောက်ထားသော ဂုဏ်သတင်းကို ထိခိုက်လိမ့်မည်။ အခြားသူများက သူသည် အမှန်တကယ် ပုန်ကန်ရန် ကြိုးစားနေသည်ဟု ပြောကောင်းပြောလိမ့်မည်။

" ဆရာသခင် ခင်ဗျားဟာ ဇင်းနစ်ရဲ့ အစွမ်းထက်ဆုံး စစ်သည်တော်ဖြစ်ပြီး ဘုရင်မင်းမြတ်ရဲ့ သစ္စာအရှိဆုံး လက်အောက်ခံလည်း ဖြစ်ပါတယ် ဇင်းနစ်အတွက် အကျိုးရှိစေမယ့် ဒီအသနားခံစာကို ခင်ဗျား သဘောတူမှာပေါ့ မဟုတ်လား ခင်ဗျားက စစ်တပ်အားလုံးကို ထိန်းသိမ်းထားမှာ မဟုတ်ဘူး မဟုတ်လား" ခရမ်းရောင်ဝတ်ရုံဝတ်ထားတဲ့ ဂရန့်က အော်ဟစ်ပြီး မီးကို လောင်စာထည့်ရန် ကြိုးစားလိုက်သည်။

"ဟုတ်ကဲ့ ခင်ဗျား သဘောမတူရင် အရှင်ရှေ့မှာတင် ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်"

" ဇင်းနစ်ရဲ့ အနာဂတ်အတွက် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ အသင့်ရှိပါတယ် "

ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့် ဂရန့်၏ ဘက်တော်သားများသည်လည်း အော်ဟစ်ပြီး ဖေးကို သူတို့၏စကားများနှင့် ဖိအားပေးရန် ကြိုးစားကြသည်။ သူတို့ထဲက တစ်ချို့ ညဏ်များပြီး စကားများနှင့် ဖေးကိုကန့်သတ်ရန်ကြိုးစားကြ၏။ သူတို့က ကိုယ့်တရားကောင်းမွန်သော သစ္စာရှိ အရာရှိများဖြစ်ရာ ဖေးသူတို့ကိုသတ်ပါက အကျင့်ပျက်သူဟု အထင်မှားခံရနိုင်ကြောင်း အတွေးဝင်စေရန်ဖြစ်သည်။

အခန်း ၁၀၅၇: သူတို့ကို သတ်လိုက်ပါ (အပိုင်းနှစ်)

သိုင်းသူတော်စင် တောင်မှသခင်များ၏ မျက်နှာအမူအရာများ အတော်လေး ပြောင်းလဲသွားခဲ့သည်။

သို့သော်လည်း သူတို့သည် ၎င်းတို့၏အမြင်များကို ထုတ်ဖော်ပြောဆိုဝံ့ခြင်း သို့မဟုတ် ဤလူများကို ဖယ်ရှားခြင်းမပြုဝံ့ကြပေ။ သူတို့သည် လက်နက်ကိုင်ဆောင်ထားသော စစ်မြေပြင်တွင် မရှိသော်လည်း ယခုက ပို၍အန္တရာယ်များသည်။

လူထုရဲ့အမြင်က အားကောင်းလွန်းလှသည်။ထိုအခြေအနေကို ကောင်းကောင်းမကိုင်တွယ်ဘူးဆိုပါက ဖေး၏ အရပ်သားများကြားတွင်ရှိသည့် ဂုဏ်သတင်းက ပျက်စီးသွားမည်ဖြစ်သည်။

သို့သော်လည်း ဖေးတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။

ဘုရင်က တစ်ခုခုကို စဉ်းစားနေသလို မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူများစကားကို နားထောင်ပြီး လုံးဝမနှောင့်ယှက်‌ချေ။ သူတို့ပြောပြီးသည့်အခါ သူတို့၏ မျက်နှာများကို လှမ်းကြည့်လိုက်ပြီး ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့် မင်းမျိုးမင်းနွယ်ကို ကြည့်လိုက်၏။

ထိုအချိန်တွင် ဂရန့်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ တောင်တစ်လုံး ပစ်ချခံလိုက်ရသကဲ့သို့ ကြီးမားသောဖိအားကို ခံစားလိုက်ရသည်။

ယခု ထိုလူ မည်မျှအစွမ်းထက်သည်ဆိုသည်ကို သူသဘောပေါက်သွားသည်။ သူ့လက်ချောင်းတစ်ချက်လှုပ်ရှားရုံနှင့် ဤနေရာရှိလူတိုင်းကို အကြိမ် ၁၀၀ မက သတ်နိုင်သည်။

" ပြောပါဦး ဘယ်သူက မင်းကို လာခိုင်းတာလဲ ဒီအချိန်မှာ ငါ ဒီနေရာကို ဖြတ်လျှောက်သွားမယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ " ဖေး မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

ဤအရာအားလုံး၏ နောက်ကွယ်၌ မည်သူရှိသနည်း ဤလူများကို အသုံးချပြီး ဤသို့ပြောလာစေရန် မည်သူက ကြိုးကိုင်သည်ကို သူကြိုးစားစဉ်းစားရန် ဤမျှထိနားထောင်နေခြင်းဖြစ်သည်။

သူ့ကို ဧကရာဇ် ရက်ဆင်က ဆင့်ခေါ်လိုက်သည်နှင့် ဤလူများက လာရာလမ်းကိုလာရောက်ပိတ်ဆို့ကြ၏။

"ဖြစ်နိုင်တယ်..." ဖေး ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည်။ သူက ခေါင်းကို မြန်မြန်ခါယမ်းပြီး သူ့၏ ခန့်မှန်းချက်တွေအားလုံးကို စိတ်ထဲမှ လွှင့်ပစ်လိုက်၏။

“ ဘယ်သူမှ ကျွန်တော်တို့ကို ညွှန်ကြားနေတာ မဟုတ်ပါဘူး ကျွန်တော်တို့ ဒီမှာ ရှိနေတာက ဇင်းနစ်ရဲ့ အနာဂတ်အတွက်ပါ ကျွန်တော်တို့... အရှင့်ကို ဒီမှာ နေ့တိုင်း စောင့်မျှော်နေခဲ့တာပါ...” ခရမ်းရောင်ဝတ်ရုံဝတ်ထားသော ဂရန့်သည် ခဏတာ တွန့်ဆုတ်သွားပြီး ဆက်လက်ပြောဆိုလိုက်သည်။

" ဇင်းနစ်ရဲ့ အနာဂတ်လား အင်ပါယာရဲ့ ကံကြမ္မာလား မင်းဒါပြောနေပေမယ့် မင်းလို ယုတ်မာတဲ့လူတွေက ဇင်းနစ်ရဲ့ ကံကြမ္မာကို ဘယ်လိုထိန်းချုပ်နိုင်မှာလဲ ဟွန်း မင်းတို့က အားနည်းတဲ့ ယင်ကောင်အနည်းငယ်ပဲ ဒါပေမယ့် မင်းတို့က သစ္စာရှိပြီး ဂုဏ်သိက္ခာရှိသလို ပြုမူနေတယ် အရှက်မရှိဘူးမင်း ငါ့ကို ဘယ်လို တွက်ချက်ရဲတာလဲ မင်းတို့က ပုရွက်ဆိတ်တွေပဲ" ဖေးက အေးစက်စက် မျက်နှာထားဖြင့် ပြောပြီး သူ့လက်ကို ဖွဖွလေး ဖိနှိပ်လိုက်သည်။

ဘမ်း

ခရမ်းရောင်ဝတ်ရုံဝတ်ထားသော ဂရန့်သည် အခြေအနေကို တုံ့ပြန်နိုင်ခြင်းမပြုမီတွင်ပင် ခေါင်းသာပေါ်နေသောသံမှိုကဲ့သို့ မြေပေါ်ဖိချခံလိုက်ရ၏။

ဖေးက သူ့အင်အားကို ဂရုတစိုက် ထိန်းချုပ်နိုင်စွမ်းက တိကျသည်။ ဂရန့် ဒဏ်ရာမရသော်လာ်း သူ့အခြေအနေကို သဘောပေါက်ပြီး စိုးရိမ်စိတ်ဝင်သွားပါသည်။ သူ့ခေါင်းထဲမှာ ဘာမှမသိတော့ဘဲ ချမ်းဘော့ဒ် ဘုရင်က သူတို့ကို တိုက်ခိုက်ရဲသည်ဆိုသည်ကို မယုံနိုင်ဖြစ်သွားသည်။ ဤဖြစ်စဉ်က သူတို့ စီစဉ်ထားတဲ့အရာ မဟုတ်ချေ။

မကြာခင်မှာပင် သူ လုံးဝ ထိခိုက်ဒဏ်ရာရတာ မရှိဘူးဆိုသည်ကို သိလိုက်ရပြီး ထိုတွေ့ရှိချက်ကြောင့် အထင်လွဲမှားသွားကာ သူ ရဲရင့်လာသည်။

ခဏတာ ငြိမ်သက်သွားပြီးနောက် သူက အပေါ်ခံနေရသည့် ဝက်တစ်ကောင်လို အော်ဟစ်လိုက်သည်။ "အား ကျွန်တော့်ကို ကယ်ပါဦး မစ္စတာ သိုင်းသူတော်စင် ခင်ဗျား ဒီလိုလုပ်လို့မရဘူး... ခင်ဗျား ကျွန်တော့်ကို သတ်နိုင်ပေမယ့် ဇင်းနစ်မြို့သားတွေကတော့ ဒါကို မှတ်မိနေကြလိမ့်မယ် ဇင်းနစ်ရဲ့ ကံကြမ္မာအတွက် ကျွန်တော်ကတော့ ကျွန်တော့်အမြင်ကို ဆက်လက်ထောက်ခံနေဆဲပါ ပြီးတော့ ဒီအတွက် ကျွန်တော် အသက်စွန့်ဖို့ အသင့်ပါပဲ ကျွန်တော်က သစ္စာရှိတဲ့ နိုင်ငံသားတစ်ယောက်ပါ... ဧကရာဇ် ရက်ဆင်၊

ဂရန့်က ခင်ဗျားရဲ့ အသစ္စာအရှိဆုံး အစေခံပါ ခင်ဗျားအတွက် ကျွန်တော် အသက်စွန့်ဖို့ အသင့်ပါပဲ..."

ဂရန့်နောက်က မှူးမတ်တွေအားလုံး ခဏတာ ထိတ်လန့်တုန်လှုပ်ပြီးနောက် အော်ဟစ်လိုက်ကြသည်။

"မစ္စတာ သိုင်းသူတော်စင် ခင်ဗျားက ကျွန်တော်တို့ကို စိတ်ပျက်စေခဲ့တယ်..."

"မစ္စတာ သိုင်း သူတော်စင်၊ တော်ဝင်မိသားစုကို သစ္စာဖောက်ဖို့ ကြိုးစားနေတာလား"

"ဟွန်း! မင်းက ချမ်းဘော့ဒ် ရဲ့ အင်အားကို စွန့်လွှတ်ဖို့ ဆန္ဒမရှိဘူးဘဲ "

ဖေး သူတို့အသံကို ကြားသော်လည်း သူတို့ကို တစ်ချက်မှ မကြည့်ချေ။ သူတို့ဘေးမှ ဖြတ်လျှောက်ပြီး တော်ဝင်နန်းတော်ဘက်ကို လျှောက်သွားလိုက်၏။

မင်းမျိုးမင်းနွယ်အချို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဖေး၏ခြေထောက်များကို ဆုပ်ကိုင်ထားဖို့ ကြိုးစားကြသော်လည်း ဘုရင်နှင့်တစ်မီတာအတွင်း မရောက်နိုင်ဘဲ မမြင်ရသည့် စွမ်းအင်စက်ဝိုင်းတစ်ခုက သူတို့ကို တွန်းထုတ်လိုက်၏။

ဖေးက နေအဆင့်အရှင်သခင်တစ်ယောက်ဖြစ်ပြီး သူဆန္ဒမရှိပါက နေအဆင့်အောက် မည်သူမျှ သူ့အနားကပ်နိုင်မည်မဟုတ်ချေ။

မင်းမျိုးမင်းနွယ်များ၏ အော်ဟစ်သံများနှင့် ရန်စမှုများသည် ပို၍ပင် ကျယ်လောင်ပြီး ရူးသွပ်လာကြသည်။

ဖေးလည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရပ်လိုက်ပြီး စိတ်မရှည်စွာ လက်ကိုဝှေ့ယမ်းရင်း ပြောလိုက်သည်။ “ဒီလိုဖြစ်နေတော့ သူတို့က သေချင်နေကြတာဆိုတော့ သူတို့ကို သတ်ပစ်လိုက်”

End

All Chapters