အလွန်နီးကပ်သည် (အပိုင်းတစ်)
Vol. 72 Ch. 1058
ဖေး၏ စကားကြောင့် ဆူညံနေသည့် လူအုပ်ကြီးဟာ ချက်ချင်း တိတ်ဆိတ်သွာသည်။
မြေကြီးပေါ်၌ ဒူးထောက်ကာ တရားမျှတရန် အော်ဟစ်နေသော မှူးမတ် ၂၃ ဦးနှင့် ဂရန့်အပါအဝင် အားလုံး အံ့အားသင့်သွားကြပြီး သိုင်းသူတော်စင် တောင်၏ အရှင်သခင် ရှစ်ဦးလည်း အံ့အားသင့်သွားကြသည်။ သူတို့အားလုံးသည် ဖေး ကို စိုက်ကြည့်နေကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
"တခြားသူတွေက မင်းတို့ရဲ့အစီအစဉ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကံမကောင်းစွာပဲ မင်းက မှားယွင်းတဲ့ပစ်မှတ်ကို ရွေးချယ်ခဲ့တာ မင်းလို အားနည်းတဲ့ ပုရွက်ဆိတ်တွေ ဖန်တီးထားတဲ့ ထောင်ချောက်တွေထဲကို ထိပ်တန်းပညာရှင်နှစ်ယောက် ဘယ်လိုလုပ် ကျမှာလဲ " ဖေးက မထီမဲ့မြင်ဖြင့် အေးစက်စွာ ပြောလိုက်သည်။
ချမ်းဘော့ဒ် ဘုရင်က မည်မျှထိလက်စွမ်းထက်ခဲ့သနည်း။
ရစ်ဘာရီလို အဆင့်နိမ့်စစ်အရာရှိများ၏ ဝမ်းနည်းဖွယ်အခြေအနေကို မြင်တွေ့ပြီးနောက် သူဟာ စိန့်ပီတာဘတ်မြို့ထဲကို ထိုးဖောက်ဝင်ရောက်ပြီး လူသန်းပေါင်းများစွာ၏ အကြည့်အောက်တွင် သံသွေးတပ်ဖွဲ့၏ မကောင်းဆိုးဝါးအရှင်သခင်များကို သတ်ပစ်ပြီး မင်းသားအာရှာဗန်ကိုပင် ဆူပူကြိမ်းမောင်းရဲသူဖြစ်သည်။
ထို့ကြောင့် လက်ရှိအစီအစဉ်ဖြင့် ဖေး ကို ယနေ့ အနှောင့်အယှက်ပေးရန် မဖြစ်နိုင်ချေ။ Fei ရှေ့ရှိလူများသည် အခြားသူများအသုံးပြုသော လက်နက်များသာဖြစ်သည်။ ဂရန့် သည် ဉာဏ်ရည်ထက်မြက်ပုံရသော်လည်း သူသည် ကောက်ကျစ်တတ်သူသာဖြစ်ပြီး အမျှော်အမြင်ရှိသူမဟုတ်ချေ။
" သူတို့အားလုံးကို သတ်ပစ်လိုက် တော်တော်ရွံရှာဖို့ကောင်းတဲ့ ဆင်ခြေတွေ အတုအယောင်မျက်နှာတွေနဲ့ ဒီလူတွေက အနာဂတ်မှာ အင်ပါယာကို ဒုက္ခပေးလိမ့်မယ် " ဟု ဖေးက သိုင်းသူတော်စင် တောင်၏ သခင်များကို ပြောပြီး ထွက်သွားခဲ့သည်။
သိုင်းသူတော်စင်တောင်၏ သခင်များက ဖေး၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားပြီး သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ သူတို့၏ ဓားများက ဓားအိမ်ကို ဖြုတ်လိုက်သည်နှင့် ချက်ချင်းပင် အေးစက်စက်အလင်းရောင်ကိုထုတ်လွှတ်၏။ ခရမ်းရောင်ဝတ်ရုံဝတ်ထားသော ဂရန့်၊ သူနှင့်အတူပါလာသော အခြားမှူးမတ်များ အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ အင်ပါယာ သိုင်းသူတော်စင်သည် သူ၏ပုံရိပ်ကို ဂရုမစိုက်ဘဲ ဇင်းနစ်၏ 'သစ္စာရှိ လက်အောက်ငယ်သား' များကို လူသိရှင်ကြား ကွပ်မျက်ဝံ့သည်ကို သူတို့ မယုံနိုင်ကြပေ။ ဤရလဒ်သည် အခြေအနေများစွာအတွက် စီစဉ်ထားသော်လည်း သူတို့မျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်နေသည်။
" ချန်ဘော့ဒ်ဘုရင် မင်း သစ္စာဖောက်ဖို့ ကြိုးစားနေတာလား မင်း အင်ပါယာရဲ့ သစ္စာရှိအရာရှိတွေကို ဘယ်လိုသတ်ရဲတာလဲဘ" ဂရန့် စိုးရိမ်စိတ်ဝင်သွားသည်။ သူသည် ထက်မြက်သော်လည်း စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့နေမိသည်။ ထို့ကြောင့် သူသည် ဘုရင်ကို အနည်းငယ် ဟန့်တားရန် ဖေး ကို ချက်ချင်းပင် သစ္စာဖောက် တံဆိပ်ကပ်လိုက်သည်။
သို့သော်လည်း ထိုအဖြူရောင်ဝတ်ရုံဝတ်ထားသောလူက သူ့ကိုလုံးဝလျစ်လျူရှုပြီး တုံ့ပြန်ခြင်းပင်မပြုဘဲ ထွက်သွားခဲ့သည်။
ဂရန့် ကို ပိုပြီး အံ့အားသင့်စေခဲ့ဟည်က သူတို့ကို ဝိုင်းရံထားသည့် ဇင်းနစ် မြို့သားများက သူမျှော်လင့်ထားသည်ြအတိုင်း တုံ့ပြန်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။
စိန့်ပီတာဘတ်မြို့ခံများက မင်းမျိုးမင်းနွယ်များကို ကာကွယ်ပေးမည့်အစား လက်ညှိုးထိုးပြီး ရှုတ်ချပြောဆိုခဲ့ကြသည်။
" ဒီလူတွေက ဘယ်သူတွေလဲ မစ္စတာသိုင်းသူတော်စင်ကို ဘယ်လိုများ ပူးပေါင်းကြံစည်ရဲတာလဲ "
"ဒီကောင်တွေ ဒီညစ်ပတ်တဲ့ မင်းမျိုးမင်းနွယ်တွေ တိုက်ပွဲဝင်ချိန်ရောက်ရင် ဘယ်သူမှ သူတို့ကို မမြင်ရဘူး မုန်တိုင်းပြီးသွားတဲ့အခါ သူတို့အားလုံး ခုန်ထွက်လာပြီး အင်ပါယာအတွက် စဉ်းစားနေတယ်လို့ ပြောပြီး ဖြောင့်မတ်တဲ့ပုံစံနဲ့ ပြုမူကြတယ် ယုတ်မာလိုက်တာ ဒီရွံရှာဖွယ်ကောင်းတဲ့ အရှုံးသမားတွေ သူတို့က အရှက်မရှိကြဘူး "
" ဟုတ်တယ် မစ္စတာ သိုင်းသူတော်စင်ဟာ ဇင်းနစ်နဲ့ ဧကရာဇ် ရက်ဆင်အတွက် ရန်သူတွေနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ် မစ္စတာသိုင်းသူတော်စင်ဟာ ရန်သူတွေနဲ့ တိုက်ခိုက်နေတုန်းက ဒီကောင်တွေ ဘယ်မှာလဲ ဘာလို့ မစ္စတာသိုင်း သူတော်စင်ကို အပြစ်တင်ဖို့ သူတို့လုပ်ရဲနေသေးတာလဲ သူတို့အားလုံးက ကြက်ဥပုတ်တွေပဲ "
" သူတို့အားလုံးကို ကွပ်မျက်လိုက် ဒီရွံရှာဖွယ်ကောင်းတဲ့ ရာဇဝတ်သားတွေအားလုံးကို သတ်ပစ်လိုက် သူတို့လုပ်နိုင်တာက ပဋိပက္ခတွေကို လှုံ့ဆော်ဖို့ပဲ "
ဂရန့်ကဲ့သို့သော မင်းမျိုးမင်းနွယ်များသည် အရပ်သားများ၏ စကားစမြည်ပြောဆိုမှုကို ကြားသောအခါ ရေခဲသေတ္တာထဲတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
မင်းမျိုးမင်းနွယ်တွေထဲမှာ သားသတ်သမား၊ ကွပ်မျက်သူ အဖြစ် လူသိများသည့် ချမ်းဘော့ဒ်ဘုရင်ဟာ လူထုထဲတွင် ဤမျှလောက် ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းရှိလိမ့်မည်ဟု သူတို့ အိပ်မက်ထဲမှာတောင် မမျှော်လင့်ထားခဲ့ကြချေ။
မင်းမျိုးမင်းနွယ်များ၏အစီအစဉ်က လုံးဝထိရောက်မှုမရှိချေ။ အစကတည်းက သူတို့ဟာ မှားယွင်းတဲ့လမ်းကြောင်းပေါ်မှာ ရှိနေသည်က ထင်ရှား၏။
ဓားစွမ်းအင်များက တောက်ပလာပြီး သွေးများ လေထဲ ပတ်ဖြန်းသွားသည်။
သိုင်းသူတော်စင် တောင်၏ သခင်များလှုပ်ရှားလိုက်ရာ ဂရန့်တို့၏ ခေါင်းများ မြေပြင်သို့ပြုတ်ကျသွားသည်။သူ့ မျက်နှာအမူအရာများတွင် ကြောက်ရွံ့မှုနှင့် နောင်တတွေများပြည့်နေ၏။
အခန်း ၁၀၅၈: အလွန်နီးကပ်သည် (အပိုင်းနှစ်)
ဤအကွက်ချမှု၌ ပါဝင်သော အခြားမှူးမတ်များသည်လည်း အခြေအနေဆိုးရွားလာသည်ကို မြင်ပြီး အချို့မှာ မြေပြင်ပေါ်သို့ လဲကျသွားကာ မထိန်းနိုင်လောက်အောင် ထိပ်လန့်သွယးကြပြီး အချို့မှာ ငိုကြွေးကာ လူအုပ်ထဲသို့ ပြေး၍ လွတ်မြောက်ရန်ဖ၊ ကြိုးစားကြသည်။
ကံဆိုးသည်က သိုင်းသူတော်စင် တောင်၏ သခင်ရှစ်ယောက်စလုံးက သိုင်းသူတော်စင်ကရာစစ်၏ တပည့်ကြီးများဖြစ်ကြသည်။ သူတို့က လအဆင့်လက်ရွေးစင်များ မဟုတ်သော်လည်း ထိပ်တန်းအဆင့် ကြယ်ခုနှစ်ပွင့် စစ်သည်တော်များဖြစ်ကြသည်။ ထို့ကြောင့် မူးမတ်များကို အလွယ်တကူ ဖမ်းနိုင်ခဲ့သည်။
ရောက်လာခဲ့သည့် တော်ဝင် ၂၃ဦးလုံး ကွပ်မျက်ခံလိုက်ရပြီး လမ်းပေါ်၌ သွေးများရွှဲစိုသွားသည်။
ချမ်းဘော့ဒ်ဘုရင်၏ တော်ဝင်သတ်သမားဘွဲ့က ယနေ့တွင် လုံးဝကျောက်ထက်အက္ခရာအတင်ခံလိုက်ရပြီဖြစ်သည်။ ယနေ့တွင် မင်းမျိုးမင်းနွယ် ၂၀ ကျော်သည် သူ၏ 'ဓား' အောက်သို့ ကျရောက်ခဲ့ကြသည်။
ပြည်သူအချို့ ကြောက်ရွံ့မှုကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြပြီး အချို့က လက်ခုပ်တီးကာ ဝမ်းသာအားရ အော်ဟစ်ကြသည်။
လူအုပ်ကြားထဲ၌ သာမာန်ပြည်သူပုံစံ လူငယ်အချို့ ဒါကိုမြင်ပြီး တိတ်တိတ်ဆိတ်ဆိတ် နောက်ဆုတ်ကာ လမ်းမပေါ်သို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသည်။
...
-ဇင်းနစ်တော်ဝင်နန်းတော်၏ အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာရှိ ဧကရာဇ်ရက်ဆင်နေထိုင်ရာ
နန်းတော် ကို ဖေး ပထမဆုံးအကြိမ်ရောက်လာခြင်းပင်ဖြစ်သည်။
အရေးပါသည့် အရာရှိများ တစ်သက်တွင်တစ်ခါလောက် ဝင်ကြည့်ချင်ကြသည့် နန်းတော်က ရိုးရှင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ နန်းတော်ရှေ့က ခြံဝင်းထဲတွင် ခမ်းနားထည်ဝါစွာ ထားရှိသည့် နဂါးရုပ်တုမှအပ နတ်ဘုရားတစ်ပိုင်း ဧကရာဇ်ရက်ဆင်မှာ မြို့ထဲမှကုန်သည်များလောက်ပင် ဇိမ်မခံချေ။
ဘော်စတွန်အိုင်ဗီပင်ဟာ နန်းတော်တစ်ခုလုံး ပေါက်ရောက်နေပြီး အရွက်များက နေရာအနှံ့ ဖုံးလွှမ်းနေသည်။
နန်းတော်၏ အတွင်းပိုင်းအလှဆင်မှုများကလည်း ရိုးရှင်းလှသည်။ ပရိဘောဂအားလုံးနီးပါး ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီးအရိုင်းဆန်ရိုးရှင်းလှသည်။
လိုအပ်ချက်အရထားရှိသော ကျောက်စားပွဲများနှင့် ထိုင်ခုံများမှလွဲ၍ အခြားဘာမျှ မရှိသလောက်ပင်။ သို့သော်လည်း ဤသည်မှာ နောက်ဆုံးတွင် နတ်ဘုရားတစ်ဝက်၏ နေအိမ်ဖြစ်သည်။ ဖေးသည် ဤနေရာတွင် သခင်များသာ သိရှိနိုင်သော ဖိအားတစ်ခုကို ခံစားနိုင်သည်။ ရေကာတာနောက်ကွယ်ရှိ လှိုင်းလုံးကြီးများကဲ့သို့ပင် ၎င်းသည် ဖုံးကွယ်တားဆီးထားမှုကို ကျော်ဖျက်ပြီး ပါက အရာအားလုံးကိုဖျက်ဆီးနိုင်စွမ်းရှိသည်။
ဧကရာဇ် ရက်ဆင်သည် ပြတင်းပေါက်ဘေးရှိ ကျောက်စားပွဲကြီးတစ်ခု၏ နောက်ကွယ်တွင် ထိုင်နေပြီး တောက်ပသော နေရောင်ခြည်သည် ထိုဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေကာ သူ့ ခန္ဓာကိုယ်သည် ရွှေရောင်သန်း နေ၏။
သူက စိတ်ရှည်ရှည်နှင့် ထိုင်နေပြီး ဖေးရောက်လာသည်ကို စောင့်နေသည်။ ဖေးသည် နန်းတော်ထဲသို့ တစ်ယောက်တည်း ဝင်သွားသည်။ ဦးညွှတ်အရိုအသေပြုပြီးနောက် ဧကရာဇ်ရက်ဆင် လက်ဟန်ပြသည့်အတိုင်း ကျောက်စားပွဲ၏ တစ်ဖက်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်သည်။
ဤမြင့်မြတ်သော ဧကရာဇ်ကို ဖေးအနေဖြင့် ယခုကဲ့သို့ အနီးကပ်ကြည့်ရှုခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။
ဧကရာဇ်ရက်ဆင်၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပပြီး သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသည်ာ သူ၏နှာခေါင်းသည် မြင့်မားသည်။ သူ၏နှုတ်ခမ်းများသည် ရှည်လျားသော်လည်း ပါးလွှာခြင်းမရှိ။ သူ၏ဆံပင်သည် ရှည်လျားပြီး အပြာရောင်ရှိသည်။ သူ၏မေးစေ့သည် မိမိကိုယ်ကိုယုံကြည်မှုရှိမှုနှင့် ဇွဲလုံ့လရှိမှုကိုကို ပေါ်လွင်စေပြီး သူ၏မှိန်ဖျော့သောအပြုံးက ဆွဲဆောင်မှုရဣိခြင်းကို ပေါင်းထည့်ပေးသည်။ ထူးချွန်သောအသွင်အပြင်သည် ဤဧကရာဇ်အား ထူးခြားသော ဩဇာကို ပေးစွမ်းခဲ့ပြီး သူ့အား အလွန်ငယ်ရွယ်ပုံပေါ်စေသည်။ အမှန်စင်စစ်၊ သူသည် အသက် ၆၀ နီးပါးအရွယ်ရှိသူနှင့်မတူဘဲ အလွန်ငယ်ရွယ်ပုံရသည်။
သို့သော် နတ်ဘုရားတစ်ပိုင်းတစ်ဦးသည် နှစ်ပေါင်း ၁၀၀၀ ထက်ပို၍ ကြာရှည်စွာ အသက်ရှင်နိုင်သည်။ ဤရှုထောင့်မှကြည့်လျှင် ဧကရာဇ်ယာဆင်သည် အလွန်ငယ်ရွယ်သေးသည်။
ပတ်ဝန်းကျင်က နည်းနည်းထူးဆန်းနေ၏။
ဖေး နန်းတော်ထဲကို ဝင်လာပြီးကတည်းက ဧကရာဇ်ရက်ဆင်က သူ့ကို စိုက်ကြည့်နေခဲ့သည်။ ထိုစိုက်ကြည့်မှုတွင် မည်သည့်ဖိအားမှ မပါဝင်သလို ဖေးကိုလည်း ဒဏ္ဍာရီလာဧကရာဇ်တစ်ပါး သို့မဟုတ် တန်ခိုးကြီး နတ်ဘုရားတစ်ပိုင်းနှင့်အတူ ထိုင်နေရသလို မခံစားရစေခဲ့ချေ။ ထို့အစား သူက သူငယ်ချင်းကောင်းတစ်ယောက်နှင့်အတူ ထိုင်နေရသလို ခံစားရသည်။
ဧကရာဇ် ရက်ဆင်သည် အစမှ အဆုံးအထိ ဘာမှ မပြောခဲ့ပေ။
ဖေးဟာ ဧကရာဇ်ရက်ဆင်က သူ့ကို ဘာကြောင့်ဆင့်ခေါ်သလဲဆိုသည်ကို နားမလည်နိုင်သလို မေးလည်း မမေးနိုင်ခဲ့ပါချေ။ ထိုကြောင့် ဧကရာဇ်ရက်ဆင် အရင်ပြောဖို့ စိတ်ရှည်ရှည်နှင့် စောင့်နေခဲသည်။
End