အသွင်အပြင်အသစ်များ (အပိုင်းနှစ်)
Vol. 72 Ch. 1059
ရေခဲအကျဉ်းထောင်နှင့် ဟာရိုဂါ့သ်၏သစ္စာဖောက် တို့ကို ပြီးမြောက်ပြီးနောက် ဖေး၏ လူရိုင်း ဇာတ်ကောင်ဟာ ငရဲပုံစံအဆင့်၉၁သို့ရောက်နေပြီး ရွှေဒင်္ဂါးပြားများ ဆေးရည်များနှင့် ဒဏ္ဍာရီလာပစ္စည်းလေးခုကို ရရှိခဲ့သည်။ ကံဆိုးစွာပင် မျှော်လင့်နေသည့် မသေမျိုးဘုရင်ပစ္စည်းစု၏ အခြားအစိတ်အပိုင်းများ ပေါ်မလာခဲ့ပေ။
ဒုတိယနေ့တွင် ဖေးသည် စိန့်ပီတာစဘတ်မှ ထွက်ခွာပြီး မနက်ခင်းတွင် သူ၏ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ပြီးနောက် ချမ်ဘော့မြို့သို့ ပြန်ရန် ဆုံးဖြတ်ခဲ့သည်။
ဒီအလက်ဇန္ဒရိုနှင့် တိုက်ပွဲအပြီးတွင် ရွှေသူတော်စင်များနှင့် ဘုန်းတော်ကြီး ဂျက်ဆီးတို့မှာ ချမ်းဘော့ဒ်မြို့သို့ ပြန်သွားကြပြီဖြစ်သည်။
ယခုဝောာ့ ဖေးက သိုင်းသူတော်စင် တောင်၌ အရာအားလုံးကို စီစဉ်ပြီး ကမ္ဘာကြီးကို မြင်ချင်သည့် လူဖီလေးနှင့်အတူ တောင်မှ ထွက်ခွာပြီး ချမ်းဘော့ဒ်သို့ ပြန်သွားခဲ့သည်။
ဖေး၏ခွန်အားဖြင့်ဆိုပါက သူကောင်းကင်မှပျံတက်သွားပါက မိနစ်အနည်းငယ်အတွင်း ချမ်းဘော့ဒ် မြို့ကိုပြန်ရောက်နိုင်၏။
သို့သော်လည်း လူဖီလေးသည် သိုင်းသူတော်စင်တောင်ပေါ်တွင် ကြာမြင့်စွာနေခဲ့သောကြောင့် လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ကြည့်ရှုလိုခဲ့သည်။
ဖေးလည်း မင်းမျိုးမင်းနွယ်၌ မွေးဖွားလာခဲ့သည့် သူ့တပည့်ကို သာမန်ပြည်သူများ၏ ဘဝကို မြင်တွေ့ခံစားခွင့်ပေးဖို့ ဆန္ဒရှိခဲ့သည်။ လူများနှင့် နီးကပ်စွာနေထိုင်ခြင်းအားဖြင့် လူဖီလေးသည်လည်း ကမ္ဘာကြီးကို ပိုမိုနားလည်လာမှာဖြစ်ပြီး မင်းမျိုးမင်းနွယ်အများစုလို မာနထောင်လွှားပြီး မသိနားမလည်တဲ့သူတစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် နေရာအနည်းငယ်သို့ သွားရောက်ပြီး မကြာခဏ ရပ်နားကြသည်။ လေးရက်ကြာပြီးနောက်မှသာ ချမ်းဘော့ဒ် နယ်မြေသို့ ရောက်ရှိကြသည်။
ချမ်းဘော့ဒ် မှ ရာထူးတိုးမြှင့်ခံရသော အရာရှိကြီးငယ်များ၏ တစ်နှစ်နီးပါး ဂရုတစိုက် စီမံခန့်ခွဲမှုအပြီးတွင် ချမ်းဘော့ဒ်ပြည်၏ မြို့များသည် အားနည်းပြီး ဆင်းရဲနွမ်းပါးသည့်ပုံ မပေါ်တော့ချေ။
ချမ်းဘော့ဒ် နယ်မြေက ဒေသတွင်းမှ တခြားနိုင်ငံများ အင်ပါယာများနှင့် လုံးဝကွာခြားသည်ဟု ခံစားရသည်။ သာမန်လူများပင် မျက်နှာတွင် ပျော်ရွှင်သည့်အပြုံးများရှိပြီး ဖေး က လူဖီလေးကို သူတို့ဖြတ်သွားသည့် မြို့တိုင်း၊ ရွာတိုင်းကို စူးစမ်းလေ့လာဖို့ ခေါ်ဆောင်လေရှိသည်။
ဖေး၏ တပည့်နှစ်ယောက်၌ အင်ဇာဂီ က ပူပြင်းနွေဦးမုခ်ဝ ဆင်းရဲသားရပ်ကွက်မှဖြစ်ပြီး ဘဝ၏ ရုန်းကန်မှုများကို ကြုံတွေ့ခဲ့ရကာ သာမန်လူများအပေါ် စာနာစိတ်ရှိခဲ့သည်။ သို့သော်လူဖီက မတူပေ။ သူက ရွှယ်လန်ပြည်မှဖြစ်ပြီး သူ့ဖခင်က နာမည်ကြီးဓားတစ်လက်ဖြစ်သည်။ သူက အလွန် အလိုလိုက်ခံရတာမျိုး မရှိသော်လည်း မြင့်မြတ်သည့်အသိုင်းအဝိုင်းမှ ဖြစ်ရာ သူ့ကို အထက်တန်းစားဟု ခံစားရစေပြီး သာမန်လူများအပေါ် အထင်သေးစေခဲ့သည်။
ဖေး အာကာသနှင့်အချိန်ကိုဖြတ်သန်းမသွားမီက သူသည် သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးသာဖြစ်သည်။ သူ့မိဘများသည် ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ပြီး အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် သူသည် လူမှုရေးလှေကားထစ်၏ အောက်ဆုံးတွင်ရှိသည်ဟု ယူဆနိုင်သည်။
ဤလောကထဲသို့ ရောက်လာသည် သူ့အမြင်က မာနကြီးသည့် မင်းမျိုးမင်းနွယ်တွေနဲ့ မတူချေ။ ဤတပည့်အပေါ် မျှော်လင့်ချက်ကြီးထားထားသဖြင့် လူဖီ ကို ဂရန့်သို့မဟုတ် အာရှဗန် လိုလူမျိုး မဖြစ်စေချင်ခဲ့ချေ။
ယခုတော့ ဖေး ဆရာကောင်းတစ်ယောက်ဖြစ်ရသည်က အလွန်ခက်ခဲသည်ဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားပြီဖြစ်သည်။
လူဖီလေးက လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ပြီး ဖေးရဲ့ရည်ရွယ်ချက်ကို တဖြည်းဖြည်းနားလည်လာခဲ့သည်။
နောက်ထပ်သုံးရက်ကြာပြီးနောက် နှစ်ယောက်သား ဇူလီမြစ်သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့ကြသည်။
ရှေ့ကိုကြည့်လိုက်တော့ စိမ်းလန်းတဲ့တောင်တန်းများက မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်သွားပြီး ရှုခင်းများက ခမ်းနားထည်ဝါနေပုံရကာ ချမ်းဘောဒ် မြို့ကိုလည်း ပုလဲတစ်လုံးသဖွယ်ခြုံငုံထားသည်။
ယခုအခါ ချန်ဘော့မြို့သည် အလွန်ကွာခြားသွားပြီဖြစ်သည်သည်။ ဖေးသည် ပိုမိုကျော်ကြားလာသည်နှင့်အမျှ ချန်ဘော့ဒ်မြို့၏လူဦးရေသည် အဆပေါင်းများစွာ တိုးလာပြီး ချန်ဘော့မြို့ကိုလည်း တိုးချဲ့ခဲ့သည်။
ဇူလီမြောက်ဘက်ရှိ အထီးကျန်မြို့၊ ဇူလီတောင်ဘက်ရှိ မြက်ခင်းပြင်တို့နှင့်မတူဘဲ ချမ်ဘော့ဒ်မြို့ကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ဇူလီမြစ်၏ တောင်ဘက်ကမ်းတွင် ဘုရားကျောင်းများ၊ ဈေးများ၊ အဆောက်အအုံများနှင့် နတ်ကွန်းများစွာကို တည်ဆောက်လျက်ရှိကာ လမ်းသစ်များကို အရပ်လေးမျက်နှာသို့ တိုးချဲ့ထားသည်။
လူအများကြီး လျှောက်သွားနေကြပြီး စကားပြောသံများ၊ ဆူညံသံများကို ကြားနေရသည်။ ချမ်းဘော့ဒ် မြို့ဘေး၌ မြို့ကြီးတစ်မြို့ ဆောက်ထားသဖြင့် ဤဒေသက ကြွယ်ဝချမ်းသာပုံပေါက်နေသည်။
ဖေးသည် ဇူလီမြစ်ဘေးတွင် ရပ်နေပြီး အနည်းငယ် စိတ်လှုပ်ရှားမှု ဖြစ်သွားသည်။
" ဝိုး ဆရာ အဲဒါက အရမ်းကြီးတာပဲ ဘာလဲ... အဲဒါလဲ "
လူဖီလေး ရုတ်တရက် တစ်ခုခုကို မြင်လိုက်ရပြီး အံ့အားသင့်သွားသည်။ သူက လက်ကို မြန်မြန်မြှောက်ပြီး လက်ညှိုးထိုးပြကာ ဖေးကို မေးလိုက်၏။
End
အခန်း ၁၀၆၀: ဘုရင်ပြန်လာခြင်း (အပိုင်းတစ်)
ဖေး ပြုံးလိုက်ပြီး လူဖီလေးကို ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ အမှန်တော့သမုဒ္ဒရာထဲ ကူးသန်းနေသည့် ငါးမန်းနှစ်သဖွယ် ကောင်းကင်၌ ပျံသန်းနေသည့် ကြီးမားတဲ့ အရာနှစ်ခုကို သူမြင်ပြီးပြီဖြစ်သည်။ ထိုအရာများက ဖေး ယခင်စစ်ပွဲ၌ သိမ်းပိုက်ခဲ့သည့် အော်မွန်အင်ပါယာက သင်္ဘောများဖြစ်သည်။
သိပ္ပံရူးဓာတ်ခွဲခန်းနှင့် ချမ်းဘော့လက်နက်ထုတ်လုပ်ရ တို့က ပြုပြင်မွမ်းမံပြီးနောက် လေသင်္ဘောများ၏ အသွင်အပြင်က လုံးဝပြောင်းလဲသွားခဲ့သည်။ နေရောင်ခြည်အောက်တွင် ၎င်းက သတ္တရောင်တောက်ပနေ၏။
လေသင်္ဘောနှစ်စင်းလုံး ၎င်းတို့၏ အသွင်အပြင်နှင့် အတွင်းပိုင်း အပြင်အဆင် နှစ်ခုလုံးတွင် အဓိက ပြောင်းလဲမှုများပြုလုပ်ခဲ့သည်။ သိပ္ပံရူးဓာတ်ခွဲခန်းမှာ အော်မွန်အင်ပါယာတွင်သာ ရှာတွေ့နိုင်သည့် သံသစ်သားမှ အလွန်ရှားပါးပေါ့ပါးသည့် သတ္တုစပ်တစ်မျိုးကို ထုလုပ်ဖန်တီးနိုင်ခဲ့သည်။
ချမ်းဘော့ဒ်မှ ရရှိခဲ့သည့် သင်္ဘောခုနှစ်စင်းလုံးကို ဖြုတ်အရည်ဖျော်ပြီးနောက် လေသင်္ဘောနှစ်စင်စားသတ္ထုများရရှိခဲ့သည်။
ဤပစ္စည်းအသစ်က ငွေရောင်ဖျော့ဖျော့ရှိပြီး သတ္တုရောင်နှင့် သိပ် မကွာခြားချေ။သို့သော် သံသစ်သား ထက်ပင် ပိုပေါ့ပါးကာ ပိုမာကျောပြီး ပိုခိုင်ခံ့သည်။ ထို့အပြင် သံသစ်သားတွင် မရှိသည့် ထူးခြားပြီး အရေးပါသည့် အားသာချက်တစ်ခုလည်း ရှိသည်။ ၎င်းက သတ္ထုက မီးမလောင်နိုင်ပေ။
ဂိမ်းထဲက ဘဂ်ျ( Bug-ဂိတ်ကိုရေးဆွဲတဲ့နေရာမှာ နည်းနည်းလွဲပြီး ကစားတဲ့သူအတွက် လွယ်သွားစေတာမျိုးပါ Mobile Legendရဲ့ Lordမှာ Bugဖြစ်နေရင် နှစ်ချက်လောက်ခုတ်ရုံနဲ့သေတာမျိုး ) တစ်ခုလိုပင် သိပ္ပံရူးဓာတ်ခွဲခန်းက ဘာမဆိုဖော်ထုတ်နိုင် ဝှက်စာဖော်နိုင်ပြီး အော်မွန်သင်္ဘောတည်ဆောက်ပုံကို ဖော်ထ်နိုင်ခဲ့သည်။
ဒဏ္ဍာရီခေတ်က ပျံသန်းနေသည့် သင်္ဘော ပုံစံငယ် အများအပြား မှတ်တမ်းတင်ထားသည့် နတ်ဆိုးဘုရင်၏ ဉာဏ်ပညာ အကူအညီနှင့် ချမ်းဘော့ဒ် ဟာ အော်မွန်သင်္ဘော ကို အဆင့်မြှင့်တင်မှုများစွာနှင့် ပြန်လည်တည်ဆောက်ခဲ့သည်။
ထို့ကြောင့် ချမ်းဘော့ဒ် ၏ကောင်းကင်ယံအထက်တွင် ပျံသန်းနေသော လေသင်္ဘော နှစ်စင်းသည် ချမ်းဘော့ဒ် ၏ 'ဉာဏပစ္စည်း' များကိုအသုံးပြုထားသော 'အဆင့်မြင့်' ထုတ်ကုန်များဖြစ်သည်။ ချမ်းဘော့ဒ် ၏ လေသင်္ဘောတစ်စင်းသည် အော်မွန် ၏ သင်္ဘော ဆယ်စင်းကျော်ကို ယှဉ်ပြိုင်နိုင်သည်။
" သွားကြစို အဲ့အရာနှစ်ခုကို ကြည့်ဖို့ ငါမင်းကို ခေါ်သွားမယ် "
ဖေး ရုတ်တရက် စိတ်ခံစားချက်များ ပြင်းထန်လာသည်။ သူက လူဖီလေး၏ လက်ကို ဆွဲပြီး အလင်းတန်းတစ်ခုလို ပျံသန်းနေ
သည့် လေသင်္ဘောထံ အပြေးအလွှားသွားလိုက်၏။ ချက်ချင်းပင် သူတို့ဟာ မြေပြင်မှ မီတာ ၁၀၀၀ လောက်မြင့်မားသည့် လေသင်္ဘောနှင့် နီးကပ်သားသည်။
ဖေးကုန်းပတ်ပေါ် သို့ ဆင်းသက်ခါနီးအချိန်တွင်ပဲ လေသင်္ဘောပေါ်မှ တစ်စုံတစ်ခု အသက်ဝင်လာသကဲ့သို့ သိပ်သည်းပြီး ရှေးကျသည့် ရွှေရောင် ရောင်စဉ်တန်းတွေ ပျံဝဲလာ၏။ ထိုရောင်စဉ်တန်းများက ရွှေရောင်မြူခိုးများသဖွယ် လေသင်္ဘော တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ဘဲဥပုံစွမ်းအင်စက်ဝိုင်းကြီးတစ်ခု ဖွဲ့စည်းကာ ဖေး ကို အပြင်တွင်ပိတ်ဆို့ထား၏။
တောက်ပခြင်းနေအဆင့် အထွတ်အထိပ်နှင့် နီးစပ်သည့် ဖေး၏ ခွန်အားဖြင့် ရွှေရောင်ဘဲဥပုံ စွမ်းအင်စက်ဝိုင်းကို ပေါ့ပေါ့တန်တန် ဖိလိုက်ေသာ်လည်း မီတာဝက်လောက်သာ ချိုင့်သွားအောင် လုပ်လိုက်နိုင်ခဲ့သည်။။ ချက်ချင်း မချိုးနိုင်ဖောက်နိုင်ခဲ့ချေ။
" သေစမ်း ဘယ်သူလဲ ဘယ်သူက ငါ့ရဲ့ ပုလဲနက် ကို တိုက်ခိုက်ရဲတာလဲ မင်းရဲ့ ညီလေးကို ဖြတ်တောက်ပစ်ရလိမ့်မယ် "
မိန်းမတစ်ယောက်၏ အော်သံတစ်ခုက မိုးကြိုးပစ်သလို ကောင်းကင်ထက်တိုင် ဟိန်းဟောက်သွားပြီး ကျယ်လောင်သည့် ဥဩသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့နောက် မှိတ်တုတ် မှိတ်တုတ်နှင့် အချက်ပြမီးပြမီးများဆက်တိုက်ထွက်ပေါ်လာ၏။
ကုန်းပတ်ပေါ်တွင် အနီရောင်ပဝါစည်းထားပြီး ကျစ်ထားသောဆံပင်များပြည့်နေသည့် ခေါင်းစွပ်၊ မီးခိုးရောင်မျက်လုံးများ၊ အညိုရောင်သားရေဖိနပ်နှင့် ခါးတွင်နဓားရှည်ချိတ်ထားသော လူတစ်ဦးသည် စစ်သားများကို ရူးသွပ်စွာ အမိန့်ပေးနေပြီး စစ်သားများက အမြှောက်များကို ဖေးရှိရာသို့ အလျှင်အမြန်ချိန်ရွယ်နေကြသည်။
" သူတို့က အတော်လေး မြန်မြန်ဆန်ဆန် တုံ့ပြန်နေကြတာပဲ သူတို့ရဲ့ လေ့ကျင့်မှုက အောင်မြင်နေပုံရတယ် "
ဖေးဟာ လေသင်္ဘော ပေါ်က စပဲရိုးနှင့် စစ်သားများ၏ စွမ်းဆောင်ရည်ကို ကျေနပ်အားရနေသည်။ ခေးအော့ပလ္လင်၏ အာကာသခရီးသွားစွမ်းရည်ကို အသုံးပြုပြီး ရွှေရောင်စွမ်းအင်စက်ဝိုင်းကို ဖြတ်ကျော်ကာ ကုန်းပတ်ပေါ် သူတက်လိုက်၏ာ
" ဘာ သူတို့ အထဲရောက်လာပြီ..." ကပ္ပတိန် စပဲရိုးသည် ကုန်းပတ်ပေါ်တွင် အတော်လေး အံ့အားသင့်သွားသည်။
ဤအရာအားလုံးသည် လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်ခဲ့ပြီး သင်္ဘောကျွန်ဟောင်း ခေါင်းဆောင်သည် နတ်ဘုရားတစ်ပိုင်းအဆင့် ရုန်းများဖြင့် ဖန်တီးထားသော စွမ်းအင်စက်ဝိုင်းကို တစ်စုံတစ်ယောက်က ဖြတ်ကျော်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သူသည် ချက်ချင်းပင် ဤလူသည် အစွမ်းထက်သောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိရှိပြီး စစ်သားများကို အမြန်ဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။ လေသင်္ဘောပေါ် ရှိ စစ်သားများအားလုံးသည် ချမ်းဘော့ဒ် ၏ လက်ရွေးစင်များထဲမှ ထိပ်တန်းများဖြစ်ပြီး ၎င်းတို့သည် နိုင်ငံတော်၏ ရတနာများဖြစ်သည်။ စပဲရိုးသည် ထိုစစ်သည်များကို အသေခံစစ်သားများသဖွယ်မသုံးရဲချေ။