← Chapters

ဘုရင်ပြန်လာခြင်း (အပိုင်းနှစ်)

Vol. 72 Ch. 1060

ဘုရင်ပြန်လာခြင်း (အပိုင်းနှစ်)

Vol. 72 Ch. 1060

"ဆုတ်ခွာ!" စပဲရိုးက သူ့ဓားကို ဆွဲထုတ်ပြီး အချိန်ဆွဲဖို့ ရန်သူကို စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားစေရန် လုပ်ဆောင်လိုခဲ့သည်။ ယခုကဲ့သို့ အခြေအနေမျိုးအတွက် ကြိုတင်စီစဉ်ထားပြီးသားဖြစ်သည်။ အချိန်ဆွဲနိုင်သရွေ့ အရေးပေါ်အစီအစဉ်အားလုံးကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

"ဟမ် ကြယ်ငါးပွင့်လား ကောင်မလေးရေ မင်းက အရမ်းမြန်မြန် ကြီးထွားလာတာပဲ "

ဖေး က စပဲရိုး၏ ဆေဘာကို လက်ချောင်းနှစ်ချောင်းနှင့် ဖမ်းလိုက်ပြီး ပြုံးပြီး စနောက်လိုက်သည်။ စပဲရိုး၏ လုပ်ရပ်များကို သူ ကျေနပ်နေသည်။အားလုံးက ယခင်သင်္ဘောကျွန်ဟောင်းက ချမ်းဘော့ဒ်ကို သစ္စာရှိကြောင်း ညွှန်ပြနေသည်။

" မင်းငါ့ကို မိန်းမလျာလို့ ခေါ်ရဲလား ..."

စပဲရိုးက က တခြားသူတွေက သူ့ကို ကောင်မလေးဟု ခေါ်သည်ကို မုန်းတီးသဖြင့် အမြီးနင်းခံရသည့် ခွေးတစ်ကောင်လို ချက်ချင်း ခုန်ပေါက်လိုက်၏။သို့‌သော် ရန်သူကိုမြင်ပြီးနောက် သူက ကြောင်မြင်သည့်ကြွက်လို ဖြစ်သွားခဲ့သည်။ သူက နူးညံ့သိမ်မွေ့လာပြီး ဒူးတစ်ဖက်ထောက်ကာ ဘုရင်ကို ဂါရဝပြုလိုက်၏။

" ဂျက်က သခင့်ကို နှုတ်ဆက်ပါတယ် "

နောက်ဆုတ်သွားသော စစ်သားအားလုံးသည်လည်း ကို မှတ်မိသွားပြီး ပျော်ရွှင်ခဲ့သွားကြသည်။ ဝမ်းမြောက်သော မျက်နှာထားများဖြင့် သူတို့သည် ဒူးထောက်ကာ မျက်ရည်များဖြင့် အရိုအသေပြုကြသည်။

သူတိုက ချမ်းဘော့ဒ်၏ သစ္စာအရှိဆုံး ပြည်သူများဖြစ်ပြီး ဘုရင်ကိုလည်း ကိုးကွယ်လုနီးပါးပါပင် ဖြစ်သည်။ သူတို့ဟာ ဖေး အတွက် အကြိမ်ပေါင်းများစွာ တွန့်ဆုတ်ခြင်းမရှိဘဲ အသက်ပေးနိုင်ကြသည်။

"ထကြပါ အားလုံး ကောင်းကောင်းလုပ်နေကြတာပဲ " ဖေးက ပြုံးပြီး လက်ကို ဝှေ့ယမ်းလိုက်တော့ ညှင်သာတဲ့ အားတစ်ခုက သူတို့ကို ထရပ်ဖို့ ကူညီပေးလိုက်သည်။

လေသင်္ဘောပေါ်၌ ရပ်တန့်မရသည့် အားပေးသံများနှင့် ကြွေးကြော်သံများ ထွက်ပေါ်လာသည်။

မကြာခင်မှာပင် သတင်းက တခြားလေသင်္ဘောထံ ပျံ့နှံ့သွားပြီး ၎င်းအပေါ်မှ စစ်သားများလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

လေသင်္ဘောနှစ်စင်တွင် နာမည်သစ်များရှိသည်။ တစ်စင်းကို ပုလဲနက်ဟု အမည်ပေးထားပြီး နောက်တစ်စင်းကို ဆိုက်ကလော့ဟု အမည်ပေးထားသည်။ သင်္ဘောကျွန်ဟောင်းများဖြစ်သည့် ဂျက်စပဲရိုးနှင့် ဘာဘိုဇာတို့မှာ ယခု လှေနှစ်စင်း၏ ကပ္ပတိန်များ ဖြစ်လာကြသည်။ ချမ်းဘော့ဒ် မြို့တွင် ခဏနေပြီးနောက် သူတို့ဟာ ဒီငြိမ်းချမ်းတဲ့ တိုင်းပြည်လေးကို လက်ခံပြီး သူတို့အိမ်လို့ ခံစားလာရကာ ချမ်းဘော့ဒ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် နောက်ဆုံးမှာ သူတို့ကိုယ်သူတို့ မြင်လာနိုင်ကြသည်။

ဒီလူနှစ်ယောက်က ဖေး ကြောင့် ကပ္ပတိန်များဖြစ်လာကြခြင်းဖြစ်သည်။ ဖေးက ဂျက်စပဲရိုးပင်လယ်ဓားပြရုပ်ရှင်ကိုနှစ်သက်သဖြင့် ဤလူနှစ်ယောက်ကို အများဆန္ဒနှင့် ဆန့်ကျင်ကာ သင်္ဘောကပ္ပတိန်အဖြစ် ခန့်အပ်ခဲ့သည်။

ထိုအချိန်က လူအများစုက ပညာရှိပြီးအစွမ်းထက်သည့်ဘုရင်က အဘယ့်ကြောင့် ရိုင်းစိုင်းပြီး ပေါ့ဆသည့် သင်္ဘောကျွန်နှစ်ယောက်ကို မျက်နှာသာပေးခဲ့လဲဆိုသည်ကို နားမလည်ကြ‌ ပေ။ သို့သော် အချိန်အတော်ကြာပြီးနောက် ဒီသင်္ဘောကျွန်ဟောင်းနှစ်ယောက်ဟာ သူတို့ရဲ့စွမ်းရည်များကို ပြသခဲ့ပြီး လေသင်္ဘောများ ကို ဦးဆောင်နိုင်ခဲ့ကာ အခြားသူများ၏ လေစားမှုကိုရရှိခဲ့သည်။

ပုလဲနက် ကုန်းပတ်ပေါ်တွင် စွမ်းအင်မီးတောက်များ တလက်လက်တောက်ပလာပြီးနောက် ဘာဘိုဇာ သည် နေရာကူးပြောင်းခြင်းအစီအရင် တစ်ခုမှ ထွက်လာခဲ့သည်။

လေးစားမှုနှင့် သူက ဖေး ထံသို့ လျှောက်လာပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

ဒီ 'ဆိုက်ကလော့ပ်' က သူ့ အရိုင်းဆန်သည့် အရှိန်အဝါကို ထိန်းသိမ်းထားဆဲဖြစ်ပြီး သူက အနက်ရောင် အဝိုင်းပုံ ဦးထုပ်ကြီးတစ်လုံးကို ဆောင်းထားကာ ပါးလွှာတဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူ့တွင် အရက်ချွေးနံထွကိနေပြီး သူ့မုတ်ဆိတ်တွင် အရက်အစွန်းအထင်းများရှိနေသည်ကို မြင်နိုင်သည်။ သူရောက်မလာခင်က အရက်သောက်နေပုံရသည်။

မကြာမီတွင် ဘုရင်ပြန်လာခြင်းသတင်းသည် ချမ်းဘော့ဒ် မြို့သို့ ပျံ့နှံ့သွားခဲ့သည်။

ကုန်းပတ်ပေါ်တွင် စွမ်းအင်မီးလျှံများ တလက်လက်တောက်ပနေချိန်တွင် ချမ်းဘော့ဒ် မှ အဆင့်မြင့်အရာရှိများစွာ ပေါ်လာကြသည်။

လူအုပ်ကြီးတစ်အုပ်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကြွေးကြော်ခဲ့ကြပြီး ၎င်းတို့၏ အားပေးသံများသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ထို့နောက် လေသင်္ဘော အောက်ရှိ ချမ်းဘော့ဒ် မြို့မှလည်း အားပေးသံများ ထွက်ပေါ်လာပြီး မြို့တစ်မြို့လုံး ရပ်တန့်၍မရသော ပျော်ရွှင်မှုထဲသို့ ကျရောက်သွားခဲ့သည်။

လူများသည် လမ်းပေါ်သို့ အပြေးအလွှား ပြေးထွက်လာကြပြီး ရူးသွပ်စွာ ကခုန် အားပေးခဲ့ကြသည်။ ပွက်လောရိုက်လှုပ်ရှားမှုများ နှစ်ပေါင်းများစွာ စွမ်းအင်စုဆောင်းနေသော မီးတောင်တစ်လုံးပေါက်ကွဲသည့်အလား ထင်ရစေပြီး ပျော်ရွှင်မှု ချော်ရည်များသည် ကမ္ဘာတစ်ဝှမ်းသို့ လျှံကျနေသည်။

End

အခန်း ၁၀၆၁: လူရိုင်းပုံစံ ကို လုံးဝဖြတ်ကျော်ခြင်း (အပိုင်းတစ်)

ချန်ဘော့ဒ်မြို့တွင် ကြီးကျယ်ခမ်းနားသော ပါတီပွဲတစ်ခု ကျင်းပခဲ့ပြီး တစ်မြို့လုံး ဘုရင်ပြန်ရောက်ခြင်းအတွက် ကြိုဆိုဂုဏ်ပြုကြသည်။

ယခုအချိန်တွင် ချမ်းဘော့ဒ်ပြည်သည် ဆင်းရဲပြီး အားနည်းသော တိုင်းပြည်မဟုတ်တော့ချေ။ ဖေး၏ ရာထူးတိုးမြှင့်ခံရသော အရာရှိအသစ်များ၏ ဂရုတစိုက် စီမံခန့်ခွဲမှုအောက်တွင် တိုင်းပြည်၏ ချမ်းသာကြွယ်ဝမှုသည် သိသိသာသာ တိုးပွားလာခဲ့သည်။ ယခုအချိန်တွင် ၎င်းသည် ဇင်းနစ် ၏ ထိပ်ဆုံးတွင် ရှိနေပြီး ဇင်းနစ်၏ တော်ဝင်မိသားစုသည်ပင် ၎င်းကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

အစပိုင်းတွင် ချမ်းဘောဒ်ပြည်တွင် လူဦးရေနှင့် လယ်ယာမြေ အနည်းငယ်သာရှိသောကြောင့် စိုက်ပျိုးရေးသည် အဓိကလုပ်ငန်းမဟုတ်ခဲ့‌ပေ။ ချမ်းဘော့ဒ် သည် မြို့နောက်ဘက်ရှိ သစ်တောများနှင့် တောင်များထဲသို့ ငါးကီလိုမီတာမှ ခြောက်ကီလိုမီတာအကွာတိုင် ထိုးဖောက်ဝင်ရောက်ပြီး အစွမ်းထက်သော နတ်ဆိုးသားရဲများအားလုံးကို ယဉ်ပါးအောင်ပြုလုပ်ပြီးနောက် ၎င်းတို့အား နတ်ဆိုးတပ်ရင်းတစ်ခုအဖြစ် ဖွဲ့စည်းခဲ့သည်။

ဤသို့ဖြင့် ရက်စက်ကြမ်းကြုတ်သော သားရဲများသည် ကန့်သတ်ခံရပြီး လူများကို နောက်ထပ် မထိခိုက်စေတော့ချေ။ နောက်ဆုံးတွင် သစ်တောများနှင့် တောင်များရှိ ပေါကြွယ်ဝသော အရင်းအမြစ်များသည် လူသားများအတွက် ဖြစ်လာခဲ့၏။

ပြီးခဲ့သည့် တစ်နှစ်ခန့်က ကုန်သည်ယာဉ်တန်းများနှင့် ကြေးစားအဖွဲ့များစွာသည် ချမ်းဘော့ဒ် မြို့တွင် တပ်စွဲထားပြီး စွန့်စားသူများသည် သစ်တောများနှင့် တောင်များထဲသို့ စွန့်စားဝင်ရောက်ခဲ့ကြသည်။ ၎င်းတို့သည် ရှားပါးပြီး အဖိုးတန်သော ဆေးဖက်ဝင်အပင်များနှင့် အပင်များစွာကို ရရှိခဲ့ကြပြီး အဆင့်နိမ့်နတ်ဆိုးသားရဲများစွာကို အမဲလိုက်ခဲ့ကြကာ နတ်ဆိုးအူတိုင်များစွာကို ရရှိခဲ့သည်။ ရလဒ်အနေဖြင့် ၎င်းသည် ချမ်းဘော့ဒ် သို့ ကြွယ်ဝချမ်းသာမှုကို ယူဆောင်လာခဲ့ပြီး အခွန်များစွာ ရရှိစေခဲ့သည်။ တဖြည်းဖြည်းနှင့် ချမ်းဘော့ဒ် မြို့သည် ဇင်းနစ် မြောက်ပိုင်းဒေသ၏ ကုန်သွယ်ရေးဗဟိုချက်ဖြစ်လာခဲ့သည်။

ဤရှေးဟောင်းမြို့တွင် နေထိုင်သူအများစုမှာ တိုင်းပြည်၏ မူလပြည်သူပြည်သားများဖြစ်ပြီး ကျန်သူများမှာ ချမ်းသာပြီး ဂုဏ်သိက္ခာရှိသော ကုန်သည်များ အထက်တန်းစားကြေးစားများနှင့် အခြား အင်ပါယာများမှ သံတမန်များဖြစ်သည်။

သို့သော်လည်း ဤအဆင့်မြင့်လူများပင်လျှင် ချမ်ဘော့ဒ်မြို့သားများ၏ရှေ့တွင် အထင်သေးပြီး မာနမကြီးရဲကြတော့ပေ။ ယခုအချိန်တွင် ချမ်ဘော့ဒ်မြို့သားများသည် အမှန်တကယ် အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ၎င်းတို့၏အခြေအနေကို ပြောင်းလဲပစ်ခဲ့ကြသည်။ သူတို့ကဘယ်သွားသွား ယုံကြည်မှုရှိရှိ နေထိုင်နိုင်ကြသည်။

ချမ်းဘောဒ်တွင် ဥပဒေကို ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းနေပြီး ပြည်သူပြည်သားများကို အနိုင်ကျင့်သည့် တိုင်းတပါးသား မင်းမျိုးမင်းနွယ်များနှင့် စစ်သည်များကို ဆိုင်ယန်သူတော်စင်များက ချက်ချင်းပင် ချေမှုန်းခဲ့ကြသည်။ ထို့နောက်တွင် ချမ်းဘော့ဒ်ဥပဒေကို မည်သူမျှစိန်မခေါ်နိုင်တော့ပေ။

ဆူပူအုံကြွနေသော လောကကြီးချမ်းဘော့ဒ်မှာ သာယာသောနတ်ပြည်အလားပင်။

ကြီးကျယ်ခမ်းနားသော အခမ်းအနားအပြီးတွင် ဖေးသည် မြို့သို့ပြန်လာပြီး အေးဆေးငြိမ်သက်စွာနေထိုင်ခဲ့၏။

မြို့ထဲမှ သံတမန်များသည်လည်း ဘုရင်ပြန်လာသည့်သတင်း ကြားသိပြီးသည်နှင့် သူတို့အားလုံးက သူ့ကို တွေချင်ကြသည်။ ထို့အပြင် ထင်ရှားသည့် ကုန်သည်များနှင့် ကြေးစားအဖွဲ့ခေါင်းဆောင်များသည်လည်း ဤဒဏ္ဍာရီလာဘုရင်ကို မြင်တွေ့က မိတ်ဆွေဖွဲ့လိုကြသည်။

ဖေး နောက်လေးငါးရက်လောက် အလုပ်ရှုပ်ရ‌သေးသည်။ နေ့ခင်းဘက်တွင် ဖေးမှာ မကြာသေးခင်ကထဲက ရှုပ်ထွေးနေသည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းကြရသည်။ အင်ဇာဂီ၊ လူဖီ နှင့် ပူပြင်းနွေဦးမုခ်ဝမှ ကလေးသုံးဦးကို စာသင်ကြားပေးရသည်။ ထို့နောက် အာကာရာနှင့် ကိန်းတို့၏ ညှင်းပန်းမှုကိုခံရန် သိပ္ပံရူးဓာတ်ခွဲခန်းသို့ သွားရသေးသည်။ ညဘက်တွင် သူ့လှပသည် မိဖုရားနှစ်ပါးနှင့် အချိန်ဖြုန်းပြီး သူတို့လုပ်ချင်သည်များကို အတူလုပ်ရသည်ကလွဲပါက သူ့အချိန်အများစုကို ဒိုင်ယာဘလိုကမ္ဘာတွင် နေပြီး အဆင့်တက်ရန် ပိုပြီးအစွမ်းထက်လာရန် အသုံးပြုခဲ့ရသည်။

ဖေး ချမ်းဘော့ဒ်သို့ ကိုပြန်ရောက်ပြီး လေးရက်မြောက်နေ့တွင် ဖေးနှင့် ဗက်ကီရိုင်းအယ်လီနာတို့မှာ ဒိုင်ယာဘလိုကမ္ဘာ၏ ငရဲပုံစံ နောက်ဆုံးနေရာထိ အရောက်သွားကြသည်။ အစွမ်းထက် မိစ္ဆာများကို သတ်ပြီးနောက် ဖျက်ဆီးခြင်းပလ္လင်သို့ ရောက်ရှိသွားကြသည်။

[ဖျက်ဆီးခြင်းပလ္လင်] သည် မြေအောက်လမ်းကြောင်းကြီးတစ်ခုဖြစ်ပြီး ထိုနေရာအတွင်းတွင် မှောင်မိုက်သောအနီရောင်လေထုက သွေးကဲ့သို့ နေရာတိုင်းတွင် ပြည့်နှက်နေသည်။

ဤနေရာတွင် ဥပဒေသများကို အလွန်အမင်း ဖိနှိပ်ထားပြီး သဘာဝတရား၏ ဥပဒေသများနှင့် စွမ်းအားဆိုင်ရာ ဥပဒေသများသည် ပြင်ပကမ္ဘာနှင့် လုံးဝကွာခြားသည်။

နတ်ဆိုးဘာလ်သည် မြေအောက်နန်းတော်ကို ထိန်းချုပ်ထားပြီး ဤနေရာသို့ ဝင်ရောက်လာသော ရန်သူများကို အင်အား အလွန်အမင်း အားနည်းစေခဲ့သည်။ ဤသည်မှာ ဘာလ်၏ နေအိမ်ဖြစ်ပြီး ထိန်းချုပ်သူဘာလ်သည် ၎င်း၏စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်နိုင်သည်။

All Chapters