လူရိုင်းပုံစံ ကို လုံးဝဖြတ်ကျော်ခြင်း (အပိုင်းနှစ်)
Vol. 72 Ch. 1061
ဖေးမှာ လူရိုင်း၏ ရှေးပထမ သုံးယောက်ကို အာရိတ်တောင်ထွတ် စိန်ခေါ်မှုတွင် အနိုင်ယူပြီး တောင်ပခြင်းနေအဆင့် အထွတ်အထိပ်ရှိ သူတို့၏အစွမ်းထက် အမွေအနှစ်ကို ရရှိခဲ့ပြီး ငရဲပုံစံ လူရိုင်းအဆင့်၉၉ရောက်ရှိခဲ့ပြီး ပါလာဒင်သွေးဆက် ရှိသည့် ငရဲပုံစံ မှော်လေးသည်တော် အဆင့်၈၉ တစ်ယောက်ဖြစ်သည့် အယ်လင်နာနှင့် အတူရှိသည့်တိုင် ဖျက်ဆီးခြင်းပလ္လင်၌ အတော်သတိထားရမည်ဖြစ်သည်။
ဘာလ်၏ ရူးသွပ်နေသည့် ရယ်သံက ပဲ့တင်ထပ်သွားပြီး ငရဲပုံစံ၏ ထိပ်တန်းဆရာကြီးများအားလုံး ဖေးအရှေ့တွင်ပေါ်လာအောင် ဆင့်ခေါ်ခဲ့သည်။
သံသယဖြစ်စရာမလိုအောင်ပင် ခက်ခဲသည့်တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။
လေးနာရီလောက်ကြာပြီးနောက် ဖေး ဟာ ဖျက်ဆီးခြင်းပလ္လင်ရှိ မိစ္ဆာအားလုံးကို ဖျက်ဆီးပြီး ဘာလ် ပုန်းအောင်းနေသည့်နေရာနှင့် ချိတ်ဆက်ထားသည့် ကမ္ဘာကျောက်တုန်းခန်းဆောင် ဝင်ပေါက်ကို ကို ရှာတွေ့ခဲ့သည်။
ဒိုင်ယာဘလိုကမ္ဘာ၏ နောက်ဆုံးနေရာက ကမ္ဘာကျောက်တုံးခန်းဆောင် ဖြစ်ပြီး နောက်ဆုံး ဆရာကြီးဘာလ်က ဂြိုလ်သားရုပ်ရှင်ထဲက ဂြိုလ်သားနှင့်တူပေသည်။ နေရာကူးပြောင်းခြင်းနှင့် မှော်ဂါထာ အမျိုးမျိုးကို ကျွမ်းကျင်ကာ ကိုင်တွယ်ရခက်သူဖြစ်သည်။
ဒိုင်ယာဘလိုကမ္ဘာ၏ နောက်ဆုံးဆရာကြီးအနေနှင့် ဘာလ် ဟာ တခြားဆရာကြီးများထက် အများကြီးပိုဥာဏ်ကောင်းပြီး နတ်ဘုရားစွမ်းအားလည်းပိုရှိသည်။ တကယ်တော့ ဘာလ်၏ အစွမ်းက ဖေး မျှော်လင့်ထားသည်ထက် အများကြီးသာလွန်ပါသည်။
နောက်ဆုံးမှာတော့ ဖေး သူ့ဆေးရည်များကို အားကိုးလိုက်ရသည်။ သူ့ဆေးရည်အားလုံးကို အသုံးပြုပြီး ဘာလ်၏အသက်ပမာဏကို ကုန်ဆုံးအောင် အချိန်ယူတိုက်ခိုက်နိုင်ခဲ့သည်။
ဖေး မသေသော်လည်း ကြီးမားသည့် တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။ သူ့ခန္ဓာကိုယ် တစ်ပိုင်းလောက် ပျက်စီးလုနီးပါးဖြစ်ပြီး အူများလည်း ထွက်ကျနေခဲ့သည်။ ထို့အပြင် သူ့လက်မောင်း၊ ရင်ဘတ်နှင့် ခြေထောက်က အရိုးများလည်း ကျိုးသွားခဲ့သည်။ သူ့ ကျိုးသွားသည့် အရိုးများက ကြွက်သားနှင့်အရေပြားများကို ထိုးဖောက်နေပြီး ရေခဲလုနီးပါးအေးစက်မှုကို ခံစားနေရသည်။
ဖေးမှာသာ နေအဆင့်အရှင်၏ အစွမ်းမရှိပါက အေးစက်သည့်အလောင်းဘဝပြောင်းသွားရမည်ဖြစ်သည်။
သူ့ဘေးရှိ ဗက်ကီရိုင်းအယ်လီနာ လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ လေးကြိုးကို ဆွဲထားသည့် သူမ၏ လက်ချောင်းများက လေးကြိုးကြောင့် ပြတ်လုနီးပါး ဖြစ်သွားခဲ့၏။
ဘာလ် ညည်းတွားပြီး မြေပြင်ပေါ်သို့ လဲကျနေသည်ကို မြင်သောအခါ ဘာလ်၏မျိုချခံထားရသော ဝိညာဉ်များစွာသည် ၎င်း၏ခန္ဓာကိုယ်မှ ရုန်းကန်ထွက်ကာ လေထဲတွင် ပျော်ရွှင်စွာ ကခုန်ကြ၏။
ဖေးဟာ ထရပ်ဖို့ ရုန်းကန်ပြီး ဘားလ်ချခဲ့သည့် ကုသဆေးရည်များကို ကောက်ယူလိုက်ပြီး အယ်လီနာထံ ပုလင်းတစ်လုံးပစ်ပေးကာ သူလည်းသောက်လိုက်သည်။ ထို့နောက် အယ်လင်နာမှာ ဒဏ်ရာများပျောက်ကင်းသွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ယခုက ဒိုင်ယာဘလို ကမ္ဘာတွင် သေဖို့ အနီးစပ်ဆုံးအချိနဆိုသည်က သံသယရှိစရာမလိုပေ။ သူ့မေးခွန်း၏ အဖြေကို သူရလုနီးပါးဖြစ်သည်။ ထိုမေးခွန်းက ဒိုင်ယာဘလိုကမ္ဘာတွင် သေပါက အပြင်မှာပါ သေမည်လားဆိုသည့်မေးခွန်းဖြစ်သည်။
ဒိုင်ယာဘလိုကမ္ဘာတွင် အန္တရာယ်နှင့် အကျိုးအမြတ်က အချိုးကျနေသည်က အမှန်တရားပင်ဖြစ်သည်။ ဖေး ယိုင်ထိုးပြီး ထရပ်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာပြီး သူ့ကို ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအားလုံးကို ချက်ချင်း ပျောက်ကင်းစေခဲ့သည်။
ကြာမြင့်စွာ မပေါ်လာခဲ့သော အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အသံကို ဖေး ၏နားထဲတွင် ကြားလိုက်ရသောအခါ သူ၏ လူရိုင်း ဇာတ်ကောင်သည် အဆင့်၉၉ ကို ဖြတ်ကျော်ပြီး အဆင့် ၁၀၀ သို့ ရောက်ရှိသွားခဲ့သည်။
ဖေး သူ့ရှေ့မှာ တံခါးအသစ်တစ်ခု ပွင့်တော့မည်ကို မြင်လိုက်သလို ခံစားရသည်။သို့သော်လည်း ထိုတံခါးသို့ ရောက်ရန် အနည်းငယ်လှမ်းနေပါသေးသည်။
" ဒီတံခါးကို ဖွင့်လိုက်ရင် နတ်ဘုရားတစ်ပိုင်းအဆင့် ကို လှမ်းနိုင်တော့မှာ ဒါပေမယ့် ဒီရွှေလက်ချောင်းက အဆုံးသတ်တော့မယ် ငါ့ရဲ့ လူရိုင်း ဇာတ်ကောင်ကို ဘီလူးတွေသတ်ပြီး အဆင့်မြှင့်လို့မရတော့ဘူး မဖြစ်နိုင်ဘူး "
ဖေးစ ကြောက်ရွံ့များ တကယ်ဖြစ်လာခဲ့သည်။
ငရဲပုံစံ ကို ကျော်ဖြတ်ပြီးနောက်မှာပင် ဖေး၏ခွန်အားက တောက်ပခြင်းနေ၏ အမြင့်ဆုံးအဆင့်မှာသာ ရှိနေခဲ့ပြီး ရှေ့ဆက်တိုးလို့ မရခဲ့ပေ။
သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားအသစ်ကို ကျင့်သားရပြီးနောက် ဖေး လှည့်ကြည့်လိုက်တော့ ဗက်ကီရိုင်း အယ်လီနာလည်း အဆင့်တက်နေသည်ကို တွေ့လိုက်ရသည်။ ရွှေရောင်အလင်းတန်း သုံးတန်း ကောင်းကင်ကမှ ဆက်တိုက်ကျလာပြီး သူမ သုံးကြိမ် အဆင့်တက်လာကာ ငရဲပုံစံ အဆင့်ရှစ်သို့ ရောက်ရှိသွားသည်။ ရွှေရောင်အလင်းတန်းများ၏ လွှမ်းခြုံမှုကို ခံရပြီးနောက် အယ်လီနာလည်း ပြန်လည်ကောင်းမွန်လာခဲ့၏။
ဒါကိုမြင်တော့ ဖေး စိတ်အေးလက်အေးနှင့် ဘာလ်၏အလောင်းကိုကြည့်လိုက်၏။ ရုတ်တရက် ဖေး၏ မျက်စိသူငယ်အိမ်ကျုံ့သွားပြီး သူ့မျက်နှာတွင် ပျော်ရွှင်သည့်အမူအရာပေါ်လာသည်။
End.
အခန်း ၁၀၆၂ : မသေမျိုးဘုရင်၏ ပစ္စည်းစုအစုံအလင် (အပိုင်းတစ်)
ဘာလ်၏ တောင်ကြီးလို ဧရာမအလောင်းဘေးတွင် အစိမ်းရောင်မီးတောက်အနည်းငယ်က လောင်ကျွမ်းကခုန်နေပြီး ဖေး၏ စိတ်နှလုံးကို ဆွဲဆောင်သွားသည်။
ဒိုင်ယာဘလိုကမ္ဘာရှိ ပစ္စည်းစု အားလုံး၏ ထူးခြားခြင်း အရောင်က ထိုမီးရောင်ဖြစ်သည်။ အနားရောက်တော့ ဖေးပျော်ရွှင်သွားသည်။ အမျိုးအမည်ခွဲခြားခြင်း ကျွမ်းကျင်မှုစာလိပ်ကိုမသုံးဘဲ ထိုအရာများကိုသိလိုက်သည်။ ၎င်းတို့က မသေမျိုးဘုရင်ပစ္စည်းစုမှ ပျောက်ဆုံးနေသော အရာများဖြစ်သည်။
ဖေးသည် ပစ္စည်းနှစ်ခု၏ အသုံးပြုမှုနှင့် စွမ်းရည်များကို ဖော်ထုတ်ရန် အမျိုးအမည်ခွဲခြားခြင်းစယလိပ်နှစ်ခုကို နှစ်ခုကို ချက်ချင်းအသုံးပြုခဲ့သည်။
အလင်းရောင်တစ်ခု လက်သွားသည်နှင့်အမျှ ပစ္စည်းများ၏ အမည်များနှင့် စွမ်းရည်များသည် ဖေးရှေ့တွင် ပေါ်လာပြီး သူ၏ ခန့်မှန်းချက်များ မှန်ကန်ခဲ့သည်။
ပစ္စည်းနှစ်ခုလုံး မသေမျိုးဘုရင်၏ပစ္စည်းစုမှ ပျောက်ဆုံးနေသောအရာများဖြစ်ပြီး ခေါင်းဆောင်းနှင့် ခါးပတ်ဖြစ်ပေသည်။
ခါးပတ်က ၃၀ စင်တီမီတာလောက် အကျယ်ရှိပြီး ငွေရောင်ဖျော့ဖျော့လေးနှင့် အိပ်မက်ဆန်ဆန် အရောင်ဖြစ်ပြီး အခြားအစိတ်အပိုင်းများနှင့် အရောင်အားဖြင့် နည်းနည်းကွာခြားသည်။ ထို့အပြင် မသေမျိုးဘုရင်၏အတိအကျ အမည်ရှိ ဤစစ်ခါးပတ်မှာ ပေါ့ပါးပြီး လျှို့ဝှက်ဆန်းကြယ်သည့် ကျောက်မျက်ရတနာများ ထည့်ထားသလို တစ်ဝက်လောက်က အအခေါင်းပေါက်ပုံစံဖြစ်သည်။
ခေါင်းဆောင်းကမူ ထူးခြားသည့်ပုံသဏ္ဍာန်ရှိပြီး ပျံတက်သယောင် နတ်ဘုရားတမန်ငှက်တစ်ကောင်နှင့်တူလှသည်။ ခေါင်းဆောင်းပေါ်မှ အတောင်များက ၄၀ စင်တီမီတာလောက်ရှည်ပြီး ၄၅ ဒီဂရီထောင့်ချိုးအတိုင်းနဲ့ မိုးပေါ်ထိုးတက်နေ၏။ ခါးပတ်မှလွဲ၍ အခြားပစ္စည်းတိုင်းက သံမဏိအနက်ရောင်ရှိသည်။
ဖေးသည် တွန့်ဆုတ်ခြင်းမရှိဘဲ မသေမျိုးဘုရင်၏တိကျ ခါးပတ်နှင့် နှင့် မသေမျိုးဘုရင်၏အဗန်ဂျာကာကွယ်ခြင်း ခေါင်းဆောင်းကို ဝတ်ဆင်လိုက်သည်။ ချက်ချင်းပင် မသေမျိူးဘုရင်ပစ္စည်းစုစုံလင်မှုကို ကောင်းကင်ဘုံက သိရှိသွားသည်ဟု ထင်ရ၏။
မိုးကြိုးများနှင့် ဧရာမလေဆင်နှာမောင်းများ ထွက်ပေါ်လာပြီး ကျယ်လောင်သောလေတိုက်ခတ်မှုနှင့် တုန်ခါနေသော မိုးကြိုးသံများသည် ကောင်းကင်တွင် ပဲ့တင်ထပ်ကာ မသေမျိုးဘုရင် ပစ္စည်းစု စုံလင်မှုကို အားပေးနေဟန်ရှိသညမ။ ဤသည်မှာ ဒိုင်ယာဘလိုကမ္ဘာ ရှိ ထူးခြားသောဖြစ်စဉ်တစ်ခုဖြစ်ပြီး ပစ္စည်းစု တစ်ခုကို အပြည့်အဝစုဆောင်းပြီးမှသာ ပေါ်လာမည်ဖြစ်သည်။ ပစ္စည်းစု အဆင့်မြင့်လေ၊ ဖြစ်စဉ်က ပို၍ကြီးကျယ်လေဖြစ်သည်။
ချက်ချင်းပင် သူ့ခန္ဓာကိုယ်၏ အလယ်ဗဟိုတွင် စွမ်းအင်စီးကြောင်းများ ဖြစ်ပေါ်လာပြီး ခန္တာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားမှုကို ခံစားလိုက်ရ၏။
ထိုခံစားချက်က သူ့ဆဲလ်တစ်ခုချင်းစီ၌ ခံစားရနိုင်သည့် ထူးခြားတဲ့ခံစားချက်တစ်ခုဖြစ်သည်။ သူ့အသက်ဓာတ်က မိုးထိအောင်မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်မှ မှော်ဓာတ်တစ်ခုတိုင်းက ခံနိုင်ရည်တိုးလာသည်ကို သူရှင်းရှင်းလင်းလင်း သတိထားမိသွားသည်။
ဖေး မျက်လုံးဖွင့်ပြီး ခေါင်းဆောင်းအတွင်းမှ ကြည့်လိုက်၏။ အရာအားလုံး ပိုရှင်းလင်းသွားသလို ခံစားလိုက်ရသည်။ သဘာဝဓာတ်များကိုပင် မြင်နိုင်ပြီး လေထဲ၌ လွင့်နေသည့် ဖုန်မှုန့်များသဖွယ် ထင်ရပေသည်။
" ဒါက မသေမျိုးဘုရင်ပစ္စည်းစု အပြည့်အစုံရဲ့ စွမ်းအားလား " ဖေး စိတ်လှုပ်ရှားသွားသည်။
မသေမျိုးဘုရင် ပစ္စည်းစု၏ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းတွင် ကောင်းမွန်သည့်စွမ်းရည်များရှိသည်။သို့သော် အစိတ်အပိုင်းခြောက်ခုလုံးကို စုဆောင်းပြီးနောက်တွင်တော့ အပိုစွမ်းရည်များ ထွက်ပေါ်လာသည်။
ဖေး ထိုအရာများကို သေချာအာရုံစိုက်ပြီး လေ့လာကြည့်ရှုလိုက်သည်။
[လူရိုင်း ကျွမ်းကျင်မှုအဆင့်အားလုံးအတွက် +၂၀]
[တိုက်ခိုက်မှု အဆင့်သတ်မှတ်ချက် +၃၀၀၀]
[အသက် +၁၅၀၀]
[ခုခံမှု +၅၀၀]
[မှော်အစွမ်း ထိခိုက်မှုကို ၁၀၀ လျှော့ချခြင်း]
ဖေး စိတ်ကိုပြင်ဆင်ထားသော်လည်း သူမြင်လိုက်ရသည့်အရာကြောင့် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ ထိုပစ္စည်းခြောက်မျိုးက ပေးစွမ်းနိုင်သည့် အပိုအစွမ်းက ဖေး၏ အကောင်းမြင်ဆုံး ခန့်မှန်းချက်ထက်ပင် ကျော်လွန်နေပြီး ထိုစွမ်းရည်က သူ့ အရင်ဘဝက ဂိမ်းထဲမှာ ပေးစွမ်းနိုင်သည့် စွမ်းရည်များထက် ဆယ်ဆကျော် ပိုများနေသည်။
အားလုံးမြင်ပြီးနောက် ဖေးဟာ သူ့စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
အတွေးတစ်ခုနဲ့အတူ မသေမျိုးဘုရင် ပစ္စည်းအစုထဲမှ ပစ္စည်းခြောက်ခုစလုံး သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။ ခေါင်းဆောင်၊ သံချပ်ကာ၊ လက်အိတ်၊ ဘွတ်ဖိနပ်၊ ခါးပတ်နဲ့ တူတို့ဟာ လူရိုင်းတို့၏ ခေါင်းဆောင်ကြီး ဘူလ်ကာသိုသ်၏ အသုံးပြုခဲ့သည့် ပစ္စည်းများဖြစ်ပြီး ဖေးကို ဖုံးအုပ်သွားသည်။