မသေမျိုးဘုရင်၏ ပစ္စည်းစု အစုံအလင် (အပိုင်းနှစ်)
Vol. 72 Ch. 1062
မာကျောပြီး လျှို့ဝှက်ဆန်းကြယ်သည့် သံချပ်ကာက လူ့ခန္ဓာကိုယ်၏ အရေးကြီးတဲ့ အစိတ်အပိုင်းများနှင့် အားနည်းချက်အားလုံးကို ကာကွယ်ပေးထားပြီး အစိတ်အပိုင်းခြောက်ခုက တစ်ခုနှင့်တစ်ခု အာရုံခံကာ မှော်ဆန်သည့် တုံ့ပြန်မှုများ လုပ်ကြသည်။ သံချပ်ကာပတ်ပတ်လည်တွင် ဝေဝေဝါးဝါးစာလုံးများပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်နေ၏။
မသေမျိုးဘုရင် ပစ္စည်းအစု၏ အစိတ်အပိုင်းတိုင်းက ပြီးပြည့်စုံစွာ ချိတ်ဆက်ထားပြီး ဖေး ကို သတ္တုသားရဲတစ်ကောင်ဟု ထင်ရစေကာ သတ္ထုရောင် တစ်လက်လက်ထနေ၏။ တစ်ကိုယ်လုံးတွင်ဖေး၏ အမြင်အာရုံနှင့် အသက်ရှူရန်အတွက်သာ အပေါက်လေးများပါနေသည်။
တစ်ချိန်တည်းမှာပင် ဖေးထံမှ လျှို့ဝှက်ဆန်းကြယ်သည့် ဖိအားများ ထွက်ပေါ်နေသည်။
၎င်းသည် အရိုင်းဆန်ခြင်း လွတ်လပ်လိုစိတ်ရှိခြင်းတို့ဖြင့် ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်ခြင်း ထိတ်လန့် စေခြင်းနှင့် ကြင်နာခြင်းတို့ပြီးပြည့်စုံစွာ ပေါင်းစပ်နေသည်။ ထို့ပြင် သူက နတ်ဘုရားများနှင့်အတူ တိုက်ပွဲဝင်ခဲ့သော ဘုရင်တစ်ပါး ပြန်ဝင်စားသည့် ခန်းနားထည်ဝါမှုမျိုးကိုလည်း ထုတ်လွှတ်နေ၏။
အမှန်တော့ ဖေးတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုရှိသည်။ သူက ရန်သူအားလုံးကိုရှင်းလင်းနိုင်ခဲ့သည့်ခံစားချက်ဖြစ်၏။ ဗက်ကီးရိုင်း အယ်လီနာကတော့ ဘေးတွင်ရပ်နေပြီး ဖေးအတွက် ပျော်ရွှင်နေသည်။ ထိပ်တန်းအမျိုးသမီးကြေးစားစစ်သည်တော်တစ်ယောက်အနေနှင့် သူမဟာ မသေမျိုးဘုရင် ဘူလ်ကာသိုသ်အကြောင်းများစွားကြားဖူးသည်။
ထိုလူရိုင်းတို့၏ ခန်းသောဘုရင်က ထိပ်တန်းစစ်သည်တော်တစ်ဦးဖြစ်ပြီး ဒိုင်ယာဘလိုကမ္ဘာတွင် ပြိုင်ဘက်ကင်း ဒဏ္ဍာရီ အများအပြား ချန်ထားခဲ့သည်။ ဒဏ္ဍာရီများအရ မသေမျိုးဘုရင် အသုံးပြုခဲ့သည့် ပစ္စည်းအားလုံးကို စုဆောင်းနိုင်သူဟာ သူ့ရှိကောင်းချီးကို ရရှိမှာဖြစ်ပြီး သူ့အမွေအနှစ်ကို ရရှိခြင်းကြောင့် တိုက်ကြီးပေါ်တွင်အစွမ်းအထက်ဆုံး စစ်သည်တော်ဖြစ်လာမည်ဖြစ်သည်။
ဖေးသည် လက်ထဲရှိ စစ်တူကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။ တူသည် ပေါ့ပေါ့ပါးပါး လှုပ်ရှားသွားသော်လည်း လေထုအက်ကွဲသွားပြီး နေရာလပ်ပင်ပြိုကွဲစပြုသွား၏။
ကမ္ဘာ့ကျောက်တုံခန်းဆောင် အထက်တွင် မိုးတိမ်များနှင့် မိုးကြိုးများ စုဝေးနေ၏။ မိုးကြိုးများသည် ကောင်းကင်မှ တိုက်ရိုက်ကျဆင်းလာပြီး မြေပြင်ပေါ်ရှိ ရှေးဟောင်းကျောက်တုံးများကို ကွဲကြေစေကာ ဆယ်မီတာကျော်မြင့်သော လေဆင်နှာမောင်းငယ်လေးစင်းသည် ဖေး၏ ပတ်ပတ်လည်တွင် အော်ဟစ်ကာ လှည့်ပတ်သွားနေ၏။ ကြောက်မက်ဖွယ်ကောင်းသော လေဓားများသည် လေဆင်နှာမောင်းများနှင့် ရောနှောသွားပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
နေအဆင့်အရှင်သခင်တစ်ပါး ထိုအထဲတွင်ပိတ်မိနေပါက အစိတ်စိတ်အမွှာမွှာဖြစ်သွားမည်ဖြစ်သည်။
"ကြောက်စရာကောင်းလိုက်တာ ကြောက်စရာကောင်းလိုက်တာ ဟားဟားဟား ဒါကကြီးမားတဲ့ စွမ်းအားပဲ နတ်ဘုရားတစ်ပိုင်းနယ်မြေနဲ့တောင် ယှဉ်နိုင်လောက်တယ် " ဖေး ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
မူလက ငရဲပုံစံ၏ လူရိုင်းအဆင့်တစ်ရာက တောက်ပခြင်းနေအဆင့် အရှင်၏ အမြင့်ဆုံးအဆင့်နဲ့သာ ညီမျှသည်။ သို့သော် မသေမျိုးဘုရင်၏ပစ္စည်းစုကို သုံးပြီးနောက် ဖေး၏ခွန်အားတိုးတက်လာသည်။ သဘာဝဥပဒေသများကိုကျော်လွန်ကာ ကိုယ်ပိုင်နယ်မြေဖန်တီးနိုင်သည့် နတ်ဘုရားတစ်ပိုင်း အဆင့်ထဲသို့ မရောက်နိုင်ခဲ့သောလည်း နတ်ဘုရားတစ်ပိုင်းအဆင့်၏ တိုက်ခိုက်မှုမျိုး ထုတ်ဖော်နိုင်ပြီဖြစ်သည်။
ဖေးအားကုန်ထုတ်၍ ဧကရာဇ်ရက်ဆင်နှင့် ယခု တိုက်ခိုက်ပါက ရလဒ်က ပြောရခက်သည်။
အစပိုင်းစိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်းငြိမ်သက်သွားပြီးနောက် ဖေးသည် မသေမျိုးဘုရင်၏ ပစ္စည်းစုကို သိမ်းဆည်းပြီး ဘာလ်ကပေးဆောင်သည့် အခြားဆုလာဘ်များကို စတင်ကြည့်ရှုလိုက်သည်။
မသေမျိုးဘုရင်ပစ္စည်းစုကို ပြီးပြည့်စုံစေခဲ့သည့် ခေါင်းဆောင်းနှင့် ခါးပတ်ကလွဲ၍ ဖေးတခြားပစ္စည်းအနည်းငယ်ရရှိခဲ့သည်။ ကံဆိုးစွာပင် ထိုအရာများက အယ်လီနာလိုအပ်နေသည့် မီယာဗီနာတိုင်ပွဲဝင်ဟွမ်ပစ္စည်းစု၏ အစိတ်အပိုင်းများဟုတ်မနေပေ။
ဖေးနှင့် အယ်လီနာ တို့ တိုက်ပွဲကွင်းကို ရှင်းလင်းရေလုပ်ပြီးနောက် အဖိုးတန်ပစ္စည်းအားလုံးကို သူတို့အိတ်ထဲထည့်ပြီး ဟာရိုဂါ့သ် ရှိ NPC များထံ ရွှေဒင်္ဂါးများအတွက် ရောင်းရန် ကြံလိုက်ကြသည်။
ယခုတော့ တွင် ဂိမ်းကစားချိန် သိပ်မကျန်တော့ပေ။
အာကာသဟင်းလင်းပြင်အတွင်း၌ တည်ဆောက်ထားသည့် ကမ္ဘာ့ကျောက်တုံးခန်းဆောင်၏ အလယ်ဗဟိုရှိ စင်္ကြံလမ်းအတိုင်း လိုက်သွားရင်း ဖေးဟာ ခန်းမအလယ်ရှိ သွေးနီရောင်ယဇ်ပလ္လင်ထံ လျှောက်သွားခဲ့သည်။ ငရဲပုံစံ၏ ကမ္ဘာကြောက်တုံးကို ထိုနေရာတွင်သိမ်းစံထားပါသည်။
End
အခန်း ၁၀၆၃: ကျူးကျော်ရေးခရီးမတိုင်မီ (အပိုင်းတစ်)
ငရဲပုံစံ၏ ကမ္ဘာ့ကျောက်တုံးက ဖေး သာမန်ပုံစံနှင့် အိပ်မက်ဆိုးပုံစံတို့တွင် ရရှိခဲ့သော ကမ္ဘာ့ကျောက်တုံးနှင့် ပုံစံတူသော်လည်း အရွယ်အစားက များစွာ ပိုကြီးသည်။ သူ့အချင်းဝက်က မီတာဝက်ကျော်ရှိပြီး ကောင်းကင်ပြာရောင်စွမ်းအင်နှင့် သွေးနီရောင်စွမ်းအင်များ ရောယှက်လည်ပတ်နေ၏။ မျှော်လင့်ထားသည့်အတိုင်း ဤ ကမ္ဘာ့ကျောက်တုံးသည်လည်း မိစ္ဆာစွမ်းအင် အစွန်းအထင်းများနှင့် စွန်းထင်းနေသည်။
ဖေးဤ ကမ္ဘာ့ကျောက်တုံး ကို နတ်တမန်ခိုင်းသလို မချေမွခဲ့ချေ။ ထို့အစား သူ့ သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းထားလိုက်၏။
ငရဲပုံစံ ကမ္ဘာ့ကျောက်တုံးတွင် ပါဝင်သည့် စွမ်းအင်က သာမန်ပုံစံနှင့် အိပ်မက်ဆိုးပုံစံရှိ စွမ်းအင်အဆင့်ထက် များစွာသာလွန်ပြီး ကြောက်၁စရာကောင်းလှသည်။ ဒိုင်ယာဘလိုတိုက်ကြီး၏ မှတ်တမ်းများအရ ဤကမ္ဘာ့ကျောက်တုံး ထဲမှ စွမ်းအင်က အခြားကမ္ဘာတစ်ခုကို ပြန်လည်ဖန်တီးနိုင်သည်။ အကန့်အသတ်မရှိသလောက်များပြားလှသည်။
ဤ ကမ္ဘာ့ကျောက်တုံး က သံသယဖြစ်စရာမလိုသည့် အဖိုးတန်ရတနာတစ်ပါးဖြစ်သည်။
ထို့နောက် ကမ္ဘာ့ကျောက်တုံးခန်းဆောင်ထဲတွင် လှည့်လည်ပြီး ရှင်းလင်းရေးလုပ်သည်။ အဖိုးတန်ပစ္စည်းများအားလုံးကို ရပြီးတဲ့နောက် ဂိမ်းကထွက်တော့မည့်အချိန်တွင် ရင်းနှီးသော်လည်း အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အသံတစ်ခု သူ့နားထဲ တွင် ထွက်ပေါ်လာသည်။
" ဂုဏ်ယူပါတယ် စွန့်စားသူ လူရိုင်းပုံစံ အနေနဲ့ ဂိမ်းကို အောင်မြင်တဲ့အတွက် ဆုလာဘ်အနေနဲ့ ဖျက်ဆီးခြင်းပလ္လင် ကို ဆင့်ခေါ်နိုင်တဲ့အဖြစ်ကို ရရှိမှာပါ ဖျက်ဆီးခြင်းပလ္လင် ထဲက စွမ်းအားဥပဒေအားလုံးကို ရန်သူတွေကို နှိမ်နင်းဖို့ အသုံးပြုနိုင်ပါတယ် "
ဖေး နောက်ရက်တွေမှာလည်း အလုပ်တွေရှုပ်နေဆဲဖြစ်သည်။ ဖေးနှင့် ဧကရာဇ်ရက်ဆင် တို့၏ သဘောတူညီထားသည့်ရက်စွဲမတိုင်မီ နှစ်လခန့်အလိုတွင် ဘုရင်သည် အန်ဂျီး အင်ပါယာသို့ နယ်ကျော်ခြင်းကို ဦးဆောင်ရန် စီစဉ်ထားသည်။ ထိုခရီးမတိုင်မီတွင် သူသည် ချမ်းဘော့ဒ်၌ နေထိုင်ပြီး အလုပ်များနေခဲ့သည်။
နေ့ခင်းဘက်တွင် ဖေး သည် သူ၏မိဖုရားနှစ်ပါးနှင့်အတူ အချိန်ဖြုန်းခြင်း ချမ်းဘော့ဒ် ရှိ မြို့ပြတည်ဆောက်ခြင်းနှင့် စစ်တက္ကသိုလ် တွင် ကျောင်းသားများနှင့် စစ်သားများကို သင်ကြားပေးခြင်း တစ်ခါတစ်ရံတွင် အမတ်ချုပ်ဘတ်စ် နှင့် စစ်ခေါင်းဆောင်ဘရွတ် ကဲ့သို့သော အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ အရေးတကြီးကိစ္စရပ်များနှင့် အနာဂတ်တိုးတက်မှုအကြောင်း ဆွေးနွေးလေ့ရှိသည်။
ထိုအရာများမှလွဲ၍ ဖေး သည် ကောင်းကင်မြို့ ရှိ နတ်ဘုရားတောင်အတွင်း အချိန်အနည်းငယ်ကုန်ဆုံးပြီး ငရဲပုံစံကမ္ဘာ့ကျောက်တုံး ကို အဆက်မပြတ်သန့်စင်ရန် ယဇ်ပလ္လင်၏စွမ်းအားကို အသုံးပြုရမည်ဖြစ်သည်။
ထိုသိုပြုလုပ်ခြင်းက ကောင်းကင်ရဲတိုက် ထဲသို့ စွမ်းအင်ထိုးသွင်းသည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။
စွမ်းအင်ပိုမိုရရှိပြီးနောက် ကောင်းကင်ရဲတိုက်၏ စွမ်းအား ပိုမိုထွက်ပေါ်လာခဲ့သည်။ နတ်ဘုရားဘုရင့်နန်းတော် ရှိ နတ်ဘုရားပလ္လင်ရှေ့က ရေကန်ထဲတွင် ရွှေရောင်ကြာပန်းတစ်ပင် ထပ်မံပေါက်လာသည်။ ထိုရွှေရောင်ကြာပန်းက လည်ပတ်မှု ကို ကိုယ်စားပြုပြီး အပင်ပေါ်က ပွင့်လန်းနေသည့် ရွှေရောင်ကြာပန်းကိုးပွင့်မှာ စွမ်းအင်၊ လေ၊ အပင်နှင့် ရေ စသည့်လုပ်ဆောင်ချက်ကိုးခုကို ထိန်းချုပ်ထားသည်။
ဖေးသူ့အချိန်တချို့ကို ၎င်းအတွက် ရင်းနှီးမြှုပ်နှံခဲ့ပြီး လုပ်ဆောင်ချက်များကို မည်သို့အသုံးပြုရမည်ကို ရှင်းရှင်းလင်းလင်း နားလည်အောင်ကြိုးစားခဲ့သည်။
လိုအပ်သော ချိန်ညှိမှုများ ပြုလုပ်ပြီးနောက် ကောင်းကင်ရဲတိုက် ၏ စွမ်းအားသည် တဖြည်းဖြည်း များပြားလာပြီး လူ ၅၀,၀၀၀ ခန့် နေထိုင်နိုင်သော ခိုင်မာသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။ ဖေးအတွက် သတင်းကောင်းတစ်ခုဖြစ်သည်။
အော်မွန် အင်ပါယာက ချမ်းဘော့ဒ်ပြည်ကို နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်က ဖြစ်ပွားခဲ့သည့် ကပ်ဘေးကို သေချာစွာ စဉ်းစားပြီးနောက် ဘုရင်က နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချပြီး ချမ်းဘော့ဒ်သားများအတွက် ကောင်းကင်ရဲတိုက် ကို ဖွင့်လှစ်ပေးရန် အသင့်ဖြစ်နေပြီဖြစ်သည်။
အသေးစိတ်ဆွေးနွေးမှုများအပြီးတွင် ချမ်းဘော့ဒ်ရှိ အဆင့်မြင့်အရာရှိအချို့နှင့် မူလနေထိုင်သူများသည် တင်းကျပ်သောစစ်ဆေးမှုနှင့် ပြန်လည်သုံးသပ်မှုများပြုလုပ်ပြီးနောက် ကောင်းကင်ရဲတိုက် သို့ တဖြည်းဖြည်းပြောင်းရွှေ့ခဲ့ကြသည်။ ဤဆူပူအုံကြွနေသောခေတ်တွင် ကောင်းကင်ရဲတိုက် ကဲ့သို့သော ခံတပ်တစ်ခုသာ သာမန်ပြည်သူများကို ကာကွယ်ပေးနိုင်မည်မှာ သံသယဖြစ်စရာမလိုချေ။