ကျူးကျော်ရေးခရီးမတိုင်မီ (အပိုင်းနှစ်)
Vol. 72 Ch. 1063
ချမ်းဘော့ဒ်၏ စစ်သည်များအတွက် ကောင်းကင်ရဲတိုက်တွင် သဘာဝဓာတ်စွမ်းအင်များ ပိုမို များပြားပြီး သဘာဥပဒေသများက ပိုထင်ရှားသည်။ ကောင်းကင်ရဲတိုက်တွင် တစ်ရက်တာ လေ့ကျင့်သည်က ပြင်ပကမ္ဘာတွင် ဆယ်ရက်ကြာ လေ့ကျင့်သည်နှင့် ညီမျှသည်။ ထို့ကြောင့် ချမ်းဘော့ဒ်၏ စစ်သည်များကို ကောင်းကင်ရဲတိုက်သို့ ရွှေ့ပြောင်းခြင်းက နိုင်ငံ၏ အင်အားကို သိသိသာသာ တိုးမြှင့်ပေးမည်ဖြစ်သည်။
ညဘက်တွင် မိဖုရားနှစ်ပါး အိပ်ပျော်သွားပြီးနောက် ဖေး သည် ဘီလူးများကိုသတ်ပြီး အဆင့်တက်ရန် ဒိုင်ယာဘလိုကမ္ဘာ သို့ဝင်ရောက်ကာ သူ၏အစွမ်းများကို မြှင့်တင်ရန် အကောင်းဆုံးကြိုးစားခဲ့သည်။
အဇာရို့သ်တိုက်ကြီးပေါ်က အဖြစ်အပျက်များက မြန်ဆန်လွန်းသဖြင့် ဖေးကို အန္တရာယ်များသည့် ခံစားချက်များ ပေးစွမ်းနေပြီး သူ လုံးဝ အနားမယူရဲချေ။
အချိန်များ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီး ချမ်းဘော့ဒ်မှာ အလျင်အမြန်ပေါက်ကွဲလာသည့် ကြီးထွားမှုအဆင့်ကို ရောက်ရှိသွားခဲ့သည်။
ဤအလုပ်များလုပ်ဆောင်နေစဉ် အချိန်နှစ်လသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဖေးဒိုင်ယာဘလိုကမ္ဘာသို့ ဝင်ရောက်တိုင်း သူ့ ပါလာဒင်( သန့်စင်သောမှော်ဆရာ ) ဇာတ်ကောင် အဆင့်ကို အရူးအမူး မြှင့်တင်ရန် ကြိုးစားခဲ့သည်။ သူ့လူရိုင်း ဇာတ်ကောင်၏ အဆင့်တက်မှုအတွေ့အကြုံနှင့် ပါလာဒင်( သန့်စင်သောမှော်ဆရာ ) ဇာတ်ကောင်၏ မြင့်မားသည့် ခွန်အားများကြောင့် ဖေး သူ့ပါလာဒင် ဇာတ်ကောင်ကို ရက် ၆၀ အကြာတွင် ငရဲပုံစဲ အဆင့် ၁၀၀ အထိ တွန်းပို့နိုင်ခဲ့ပြီး ဒိုင်ယာဘလိုကမ္ဘာကို ပါလာဒင်ပုံစံဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။
မယုံနိုင်စရာပင်ဖြစ်သည်။ သူရည်ရွယ်ချက်က အဆင့်တက်ရန်နှင့် ဂိမ်းအောင်ရန်ဖြစ်သဖြင့် လူရိုင်းပုံစံကဲ့သို့ အချက်အလက်များကို သိပ်အာရုံမစိုက်ခဲချေ။ သူဟာ ပါလာဒင်စွမ်းအားကို သေချာနားမလည်ခဲ့သလို အဆင့်၏စွမ်းဆောင်မှုကိုလည်းနားမလည်ခဲ့ချေ။ ထို့ပြင် နတ်ဆိုးဘုရင့်ဓား စာအုပ်တွင် ထိုပုံစံ၏ အစွမ်းနှင့်ပတ်သတ်သည်များကို ရှာမတွေ့ခဲ့ချေ။
ထို့ကြောင့် ဖေး၏ ပါလာဒင် ဇာတ်ကောင်ဟာ ကျွမ်းကျင်သည့် တောက်ပခြင်းနေအဆင့်နှင့်သာယှဉ်နိုင်သည်။ နေအဆင့် အရှငမသခင်ကို ရက် ၆၀ အတွင်း ဖန်တီးခြင်း။ အခြားသူများသာ ဖေး၏ အဆင့်တက်မှု အမြန်နှုန်းကိုသိပါက ရူးသွားမည်ဖြစ်သည်။
ဖေး၏ ယခု အမြန်ပြေးကစားခြင်း၌ ကံကောင်းစွာပင် ပါလာဒင်၏ လက်နက်ပစ္စည်းစုကိုရရှိခဲ့သည်။
ထိုပစ္စည်းက မြင့်မြတ်သော ပါလာဒင်ကြီး ဂရစ်ဝိုးလ် တိုက်ပွဲ၌ အသုံးပြုခဲ့သည့် ပစ္စည်းစုဖြစ်သည်။ သမိုင်းတွင် ဂရစ်ဝိုးလ်မှာ အလွန်အစွမ်းထက်ပြီး သီလသမာဓိရှိသော ဒဏ္ဍာရီလာ ပါလာဒင် တစ်ယောက်ဖြစ်သည်။ သူ့ဒဏ္ဍာရီကို ဒိုင်ယာဘလိုသမိုင်းတစ်လျှောက် လက်ဆင့်ကမ်းခဲ့ကြသည်။
ကံဆိုးစွာပင် ဤတန်ခိုးကြီးပါလာဒင်မှာ ငရဲမင်း၏မကောင်းဆိုးဝါးစွမ်းအားကြောင့် သေဆုံးသွားခဲ့ပြီး သူ့အလောင်းဟာ မကောင်းဆိုးဝါးစွမ်းအင်၏ ထိန်းချုပ်မှုကို ခံခဲ့ရကာ မကောင်းဆိုးဝါး အသွင်ကို ပြောင်းလဲသွားခဲ့သည်။
ဂရစ်ဝိုလ်အမွေ တွင် အစိတ်အပိုင်းလေးခုပါဝင်ပြီး ကိုရိုနာသရဖူ၊ ဒိုင်း၊ ချပ်ဝတ် နှင့် ကဒူဆီးယက်လှံတို့ဖြစ်သည်။ နတ်ဘုရားများက ပစ္စည်းစု ထဲမှ ပစ္စည်းတစ်ခုချင်းစီကို ကောင်းချီးပေးခဲ့သည်ဟုဆိုကြပြီး ဂရစ်ဝိုလ်း၏ သန့်ရှင်းတဲ့ဆန္ဒနှင့် စွမ်းအင်က ဤပစ္စည်းစုအသုံးပြုသူထံပေါင်းထည့်ပေးမည်ဖြစ်သည်။ မသေမျိုးဘုရင်ပစ္စည်းစု လောက် နာမည်ကြီးမဟုတ်သော်လည်း ပါလာဒင်တစ်ဦးအတွက် ကောင်းမွန်သောပစ္စည်းစုဖြစ်သည်။
ထိုပစ္စည်းစုနှင့် ဖေး မှာ ပါလာဒင်ပုံစံ ကိုပြောင်းပြီး နတ်ဘုရားတစ်ပိုင်း ကို စိန်ခေါ်နိုင်သည်။
၎င်းအပြင်သာမန်ပုံစံ အိပ်မက်ဆိုးပုံစံနှင့် ငရဲပုံစံမှ ကမ္ဘာ့ကျောက်တုံး သုံးခုကိုလည်း ရရှိခဲ့သည်။ ၎င်းတို့က အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။
သူတို့အားလုံးတွင် အစွန်းအထင်းများ ရှိနေသော်လည်း သူတို့ထဲ၌ ပါဝင်နေသည့် စွမ်းအင်က နတ်ဘုရားများကို ရူးသွပ်သွားစေရန် လုံလောက်ပါသည်။ ထို့ကြောင့် ဘုရင်က ကမ္ဘာ့ကျောက်တုံး သုံးခုကို ဂရုတစိုက် သိမ်းဆည်းထားခဲ့သည်။
ဖေး ကို စိတ်ပျက်စေခဲ့သည့် တစ်ခုတည်းသောအရာက ပါလာဒင် အနေနှင့် ဒိုင်ယာဘလိုကမ္ဘာ ကို ကျော်ဖြတ်ပြီးနောက် သူမျှော်လင့်ထားသည့် ဆုလာဘ် ပေါ်မလာခြင်းဖြစ်သည်။ ဒိုင်ယာဘလို ကို ကျော်ဖြတ်ပြီးနောက် သူ့ ခွန်အားကို မြှင့်တင်ရန် သဲလွန်စရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဘာမျှ မရရှိခဲ့ပေ။
ဖေးနှင့် ဧကရာဇ်ရက်ဆင် တို့ သဘောတူညီထားသည့်ရက်စွဲသို့ ရောက်ရှိရန် တစ်လပင်မပြည့်တော့ချေ။ အန်ဂျီး အင်ပါယာသို့ နယ်ကျော်ခရီးမစမှီ ဖေး သည် လုပ်ကြံသတ်ဖြတ်သူပုံစံ ကို အာရုံစိုက်ခဲ့ပြီး သူ၏ လုပ်ကြံသတ်ဖြတ်သူ ဇာတ်ကောင်ကို အဆင့်မြှင့်တင်ခဲ့သည်။
End