← Chapters

စစ်ထူနန်

Vol. 009 Ch. 404

စစ်ထူနန်

Vol. 009 Ch. 404

“ရွှမ်ယွဲ့နိုင်ငံ…” ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ဖြင့် တောင်ကြားထဲမှ လှမ်းထွက်လာခဲ့သည်။ သူက တောင်ကြားအပြင်ဘက်၌ အပြာရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်သည်။ သူက ရုပ်ရည်ချောမောခြင်း မရှိသော်လည်း ဝတ်ဆင်ထားသည့် အပြာရောင်ဝတ်ရုံက သူ့ကို ပို၍အေးစက်စေသည့်ပုံ ဖြစ်စေ၏။

သည်လူငယ်၏မျက်လုံးများက အလွန်တောက်ပ၏။ သူအသားအရေက ရေခဲတစ်မျှအလား မှတ်ရသည်။ သူက မတ်တပ်ရပ်နေရုံဖြင့် သူ့ထံမှ အေးစက်စက်လေများ ထွက်ပေါ်နေသလား ထင်မှတ်ရသည်။

ဝမ်လင်းထွက်လာသည်ကို ကြည့်ပြီးနောက် အေးသူ့မျက်လုံးထဲ၌ အေးစက်မှုများ ဖြတ်ပြေးသွားသည်။ သူက လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်သည်။ “စန်နူး…ငါ့ကို ငှက်မွေးယပ်တောင် လက်လွှဲပေးပါ…”

ဝမ်လင်းက လူငယ်ကို တစ်ချက် စောင်းငဲ့ကြည့်သည်။ သည်လူငယ်၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အလတ်အဆင့် ဖြစ်ကြောင်း တွေ့လိုက်၏။ ဝမ်လင်းက ငှက်မွေးတောင် နှစ်ချောင်းကို ထုတ်၍ ဘေးဘက်သို့ ပစ်ထည့်၏။ ငှက်မွေးတောင်၏ အောက်ခြေပိုင်းက တောင်၏ဘေးဘက်တွင်သွား၍ စိုက်သည်။ ငှက်မွေးတောင်၏ ထိပ်ပိုင်းက လေနှင့်အတူ ဝှေ့ယမ်းလို့နေ၏။

လူငယ်က တောင်ရှိရာသို့ ချက်ချင်း တစ်ဟုန်ထိုး သွား၏။

ဝမ်လင်းက သိုလှောင်အိတ်ထဲက ခေါင်းလောင်းနှစ်ခုကို ထုတ်ယူသည်။ သည်ခေါင်းလောင်းက ခပ်စာစာ အသံတစ်ခု ထွက်ပေါ်လာပြီး အသံလှိုင်းက စတင်ပျံ့နှံ့လာ၏။

လျောင်ဖန်က နှာခေါင်းရှုံ့၏။ သူက ညာလက်ဖြင့် ချိပ်တံဆိပ်ပုံစံ တစ်ခုကို ပြုလုပ်သည်။ အဖြူရောင်အလင်းတန်း တစ်ခု ဖျပ်ခနဲတောက်ပသွားပြီး ရေခဲဓားသွားများ ဖြစ်ပေါ်လာ၏။ သူ့ထိန်းချုပ်မှုဖြင့် ရေခဲဓားသွားများက ဝမ်လင်းထံသို့ တိုးဝင်လာခဲ့၏။

ဝမ်လင်းက ရယ်မောသည်။ သူက နောက်သို့ဆုတ်ရမည့်အစား ရှေ့သို့ အကြမ်းပတမ်းတိုး၍ ခေါင်းလောင်းနှစ်ခုကို ပစ်ထည့်လိုက်သည်။ ခေါင်းလောင်းများက ချက်ချင်း ကြီးမားလာပြီး အသံမည်ဟီး၏။

ရေခဲဓားသွားများပေါ်၌ အက်ကွဲကြောင်းများ ချက်ချင်းပေါ်လာခဲ့သည်။ သူတို့က တစ်စစီ ပျက်စီးသွားတော့၏။ ခေါင်းလောင်းမည်သံကြောင့် တောင်များတွင်ပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

လျောင်ဖန်အသွင်က တည်ငြိမ်ဆဲပင်။ သူက စန်နူးမည်မျှသန်မာသည်ကို ကြားသိခဲ့ရပြီး ဖြစ်၏။ သူ့တာဝန်က သည်နေ့တွင် ရတနာအချို့ကို ပြန်ယူရန်မဟုတ်ဘဲ ဝမ်လင်းစွမ်းရည်ကို ကင်းထောက်ရန် ဖြစ်၏။

လျောင်ဖန်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြန်၏။ သူ့မျက်လုံးများက အေးစက်နေသည်။ သူက ချိပ်တံဆိပ်ကို ရှေ့သို့ပို့သည်။ သူ့ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်း ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာ၏။ သည်ပုံရိပ်ယောင်က ရွှမ်ယွဲ့၏ သာမန်ကျင့်ကြံခြင်း ပုံရိပ်မဟုတ်ချေ။ သည်ပုံရိပ်ယောင်ထဲ၌ အဘိုးအို တစ်ယောက်သည် ကြာပွင့်သဏ္ဌာန်ထိုင်၍ နေ၏။

အဘိုးအို၏ပုံရိပ် ဖြစ်တည်သွားပြီးနောက် သူက မျက်လုံးပွင့်လာခဲ့သည်။

သူ မျက်လုံးဖွင့်လာသည့် အခါ ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက ခေါင်းလောင်းထံသို့ စိတ်ဝိညာဉ် စွမ်းအင်တန်းတစ်ခုကို ပို့လွှတ်သည်။ သည်ခေါင်းလောင်းများက စတင်လှည့်ပတ်လာပြီး တစ်ခုနှင့်တစ်ခု ထိတိုက်မိကြသည်။

သည်အရာသည် ဝမ်လင်းအချိန်တန်ကြာ လေ့လာပြီးနောက် ရှာတွေ့ခဲ့သော ရတနာခေါင်းလောင်းများ၏ အသုံးဝင်မှုထဲက တစ်ခုဖြစ်သည်။

ခေါင်းလောင်းနှစ်ခုက ပို၍လှည်ပတ်ပြီး ထိတိုက်မိစဉ်တွင် ခေါင်လောင်းမည်ဟည်းသံက ပို၍ ကျယ်လောင်လာခဲ့၏။ လျောင်ဖန်က နောက်သို့ ပေအနည်းငယ် ဆုတ်သွားရ၏။ သူက ခေါင်းလောင်းကို ကြည့်၍ အော်ဟစ်၏။ “ သတ် …”

အဘိုးအို၏ ပုံရပ်က လက်မြှောက်၍ ဝမ်လင်းထံသို့ လက်ညွှန်၏။ သူ့ ပုံရိပ်တစ်ခုလုံးသည် ရုတ်တရက် အခိုးအငွေ့အဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံသို့ တိုးဝင်လာသည်။ သည်အခိုးအငွေ့က လျှပ်စီးတန်းအလား မြန်ဆန်လွန်း၏။

ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်း၍ ကောင်းကင်ထက်၌ ပြန်ပေါ်လာခဲ့သည်။ ပုံရိပ်က ဖန်တီးထားသော အခိုးအငွေ့များသည် အသက်ရှိသကဲ့သို့ သူ့နောက်သို့ ထပ်မံလိုက်ပါလာနေ၏။

“စန်နူး… မင်းက ဒီလောက်ပဲ သန်မာတယ်ဆိုရင်တော့ မင်းသေဖို့ပဲရှိမယ်…” လျောင်ဖန်က ဝမ်လင်းကို စူးစိုက်ကြည့်ပြီး နှာခေါင်းရှုံ့၍ ကြေးနီရောင်နာရီတစ်ခုကို ထုတ်ယူ၏။

သည်နာရီပေါ်၌ သင်္ကေတာ ဆယ့်နှစ်ခု ရှိသည်။ သည်ဆယ့်နှစ်ခုက ဟင်္သာပြဒါးဂြိုဟ်၏ လပေါင်း ဆယ့်နှစ်လကို ကိုယ်စားပြုထားခြင်း ဖြစ်သည်။ သည်သင်္ကေတ ဆယ့်နှစ်ခုအောက်တွင် နေ့များကိုပြသသော မရေမတွက်နိုင်သည့် မျဉ်းလိုင်းများ ရှိနေ၏။

သူက နာရီကို ဘယ်လက်ဖြင့် ရိုက်ထည့်၏။ ထိုအခါ ၎င်းနာရီက စတင် လှည့်ပတ်လာသည်။ ရှစ်လပိုင်းကို ကိုယ်စားပြုသော သင်္ကေတက စတင်ထွန်းလာင်းလာ၏။ ထို့နောက် သေးငယ်သော မျဉ်းလိုင်းများသည်လည်း သည်သင်္ကေတနှင့်အတူ ထွန်းလင်းလာ၏။

“ဒီနေ့က ရှစ်လပိုင်း (၉)ရက် ။ စန်နူး… ဒီနေ့က မင်းသေနေ့ပဲ…” လျောင်ဖန်က ထိုသို့ပြောပြီးသည်နှင့် သူက ကြေးနီနာရီကို လေထဲသို့ ပစ်တင်၏။ ထူးဆန်းသော လက်သည်းနှစ်ခုက နာရီထဲမှ ထွက်ပေါ်လာ၏။ လက်သည်းတစ်ခုစီက ရွှေရောင်အရင်းအမြစ်များ ရှိနေခဲ့၏။

ဝမ်လင်းအသွင်က တည်ငြိမ်ဆဲပင်။ သူက ချိပ်တံဆိပ်တစ်ခုကို ဖန်တီးပြီး ခေါင်းလောင်းထံသို့ လက်ညွှန်၏။ လှည့်ပတ်နေသော ခေါင်းလောင်းနှစ်ခုက တိုက်မိ၍ အစိတ်အပိုင်းများအဖြစ်သို့ ပြိုပျက်သည်။

ခေါင်းလောင်း အကျိုးအပဲ့များစွာက ဝမ်လင်းပတ်လည်၌ ဝန်းရံလာ၏။ သူကညင်သာစွာ ပြောလိုက်သည်။ “ ချပ်ဝတ်…”

ဝမ်လင်းကို ဝန်းရံနေသော သည်အကျိုးအပဲ့များက ချက်ချင်းပင် အစိမ်းရောင် တောက်ပသော ချပ်ဝတ်တစ်ခုဖြစ်သွား၏။ သည်ချပ်ဝတ်ပေါ်၌ ခေါင်းလောင်းနှစ်ခုပေါ်ရှိ သင်္ကေတများ ရှိနေသည်။

ဝမ်လင်းက အဘိုးအိုပုံရိပ်မှ ဖြစ်တည်လာသော အခိုးအငွေ့များကို မရှောင်တိမ်းတော့ချေ။ သူက ၎င်းကို သူ့ချပ်ဝတ်နှင့် ထိမှန်ခွင့်ပြုလိုက်၏။

သူ့ချပ်ဝတ်ပေါ်၌ လှိုင်းတွန့်များဖြစ်ပေါ်သွားပြီး အခိုးအငွေ့သည်လည်း အားပျော့သွား၏။

လှိုင်းများပိုဖြစ်လေလေ အခိုးငွေ့သည်လည်း ပျောက်ကွယ်သွား၏။

“ဒီအသံလှိုင်း စိတ်ဝိညာဉ်ချပ်ဝတ်က တကယ့်ကို အသုံးဝင်တာပဲ…” ဝမ်လင်းက ပြုံး၍ လျောင်ဖန်သို့ ကြည့်သည်။ နာရီထံမှ လက်သည်းများက ဝမ်လင်းထံသို့ ရောက်ရှိလာ၏။

ဝမ်လင်းက နှာခေါင်းရှုံ့သည်။ သူက သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံဓားကို ထုတ်ယူ၍ ခုတ်ပိုင်းချသည်။ သည်ဓား ခုတ်ချက်နှင့်အတူ လက်သည်းများက ပျက်စီးသွား၏။ ကြေးနီနာရီပေါ်တွင်ပင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွား၏။

လျောင်ဖန်သည်လည်း သည်ဓားချက်အရှိန်က သူ့ရင်ဘတ်ကို ထိမှန်၍ သွေးအန်ထုတ်လိုက်ရသည်။ သူက နောက်သို့ တရကြမ်း ဆုတ်သွားရပြီး သူ့မျက်နှာကလည်း မှိန်ဖျော့နေ၏။ သို့ရာတွင် သူ့မျက်လုံးများက ပျော်ရွှင်ဟန်ဖြစ်နေပြီး သူက ရယ်မောကာ ပြောသည်။ “ စန်နူး…သေဖို့ ပြင်ဆင်ထား…”

ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ ထိုအချိန်တွင် အော်ဟစ်သံတစ်ခုက ကြေးနာရီထံမှ ထွက်ပေါ်လာ၏။ နာရီပေါ်၌ များစွာသောအက်ကြောင်းများ ဖြစ်ပေါ်လာပြီး ရုတ်တရက် ခြောက်ကပ်ကပ် လက်တစ်ဖက် ထွက်ပေါ်လာ၏။ သည်လက်က တစ်ကြိမ် တုန်ခါသွားပြီးနောက် ကြေးနာရီသည်လည်း ဖုန်မှုန်အဖြစ်သို့ ပြောင်းသွား၏။

လက်မောင်းထဲမှ ထွက်ပေါ်လာသော အနက်ရောင် အခိုးအငွေ့တိမ်စုက လေထဲ၌ မျောလွင့်နေသည်။

ဝမ်လင်းက ချိပ်တံဆိပ်တစ်ခု ပြုလုပ်၍ ထူးဆန်းသော လေဖြစ်ပေါ်စေပြီး သည်အခိုးအငွေ့များကို တိုက်ခတ်ပစ်သည်။

ခြောက်ကပ်ကပ် လက်သည် လေထဲ၌ မျောလွင့်နေတုန်းပင်။ အနက်ရောင် အခိုးအငွေ့များက ထိုလက်မှ ထွက်ပေါ်နေခြင်း ဖြစ်၏။ ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက ကောင်းကင်ဘုံဓားဖြင့် ခုတ်ချသည်။ အနက်ရောင် အခိုးငွေ့များက ချက်ချင်းပင် သည်လက်အတွက် ဓားချက်ကို ကာကွယ်ပိတ်ဆို့ပေး၏။

သို့သော် ဓားစွမ်းအင်က အနက်ရောင် အခိုးငွေ့များကိုဖြတ်၍ လက်ကို ထိမှန်သွား၏။ လက်ပေါ်၌ ဒဏ်ရာတစ်ခု ဖြစ်တည်လာသည်။ ထိုလက်ထဲကနေ နောက်ထပ် ဟိန်းသံတစ်ခု ကြားရပြန်၏။ လက်ပေါ်ရှိ ဒဏ်ရာထဲကနေ အနက်ရောင် အခိုးအငွေ့များစွာ ထွက်ပေါ်လာကြပြီး လူတစ်ယောက်၏ အသွင်ဖြစ်ပေါ်၏။

သည်လူပုံစံသည် အနက်ရောင် အခိုးငွေ့များက ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းလူပုံစံတွင် မျက်နှာအသွင်သဏ္ဌာန် မရှိချေ။ သို့သော် မျက်လုံးနေရာ၌မူ တစ္ဆေမျက်လုံးနှစ်ခု ရှိလို့နေသည်။

ဝမ်လင်းအသွင်က လေးလေးနက်နက်ဖြစ်သွား၏။ သည်လျောင်ဖန်က အားကောင်းသော ရတနာများပိုင်ဆိုင်သည့် အနည်းငယ်‌သော စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်တွေထဲက တစ်ယောက်ပင်။ ဤကဲ့သို့ လူမျိုးများနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ရန် ခက်ခဲလှ၏။

လူပုံရိပ်က ပါးစဟ၍ ဟိန်းသံပြု၏။ သည်ပုံရိပ်က အလွန်မြန်ဆန်စွာ ရွေ့လျားသွားသည်။ ချက်ချင်းပင် သူက ဝမ်လင်းအနားသို့ ရောက်လာ၏။ ဝမ်လင်းက အေးစက်စက်အော်ရာ ၎င်းထံမှ ထုတ်လွှတ်နေသည်ကို ခံစားမိလိုက်၏။

အန္တရာယ် အငွေ့အသက်က ဝမ်လင်း စိတ်ထဲ၌ ပေါ်လာခဲ့သည်။

တောင်ကြားထဲရှိ မြက်ပင်များပင် အေးခဲသွားပြီးနောက် လေအေးတစ်ချက်ကြောင့် အပိုင်းအစများ ဖြစ်ကုန်ကြသည်။

အေးစက်စက်စွမ်းအောင် လွင့်ပြယ် တိုက်ခိုက်လာမှုကြောင့် ပတ်ဝန်းကျင်ရှိ တောင်ကုန်းများသည်လည်း အပြာရောင်ရေခဲလွှာ ဖုံးလွှမ်းခြင်း ခံလိုက်ရ၏။

သည်အေးစက်မှုက ရေခဲနှင့်နှင်းစက်များ၏ အေးစက်မှုထက် အဆများစွာ အားကောင်းသည်။

သည်အေးစက်မှု အော်ရာက ရူးသွပ်ဖွယ် ကောင်းလောက်အောင် ပျံ့နှံ့လာပြီး ဝမ်လင်းကို ဝန်းရံလာသည်။ အအေးစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ့သွေးများကိုပင် အေးခဲလုနီးပါး ဖြစ်စေ၏။

သည်အော်ရာကို သတိပြုမိပြီးနောက် သူ့နှလုံးသားကလည်း တုန်ခါသွားသလို မျက်လုံးများကလည်း တလက်လက်ဖြစ်နေ၏။ သူက သည်အော်ရာနှင့် ရင်းနှီးသလို ခံစားမိ၏။ သည်အော်ရာသည် တစ္ဆေလောက ပျံတက်ခြင်းနည်းစနစ်ကို ကျင့်ကြံတုန်းက ထွက်ပေါ်လာသည့် အော်ရာနှင့်တူတူပင် ဖြစ်သည်။

သို့ရာတွင် သည်ပုံရိပ်မှ ထုတ်လွှတ်နေသော အအေးစွမ်းအင်သည် သူလေ့ကျင့်တုန်းကထက် အစများစွာ စွမ်းအားပိုကောင်း၏။ စစ်ထူနန်ကိုယ်တိုင် သည်နည်းစနစ်ကို အသုံးပြုမှ သည်ပုံရပ်၏ အအေးစွမ်းအင်နှင့် ယှဉ်နိုင်ပေလိမ့်မည် ဖြစ်သည်။

ဝမ်လင်းက နောက်သို့ ချက်ချင်းဆုတ်၍ ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးပြီး ရှေ့သို့ ညွှန်သည်။ ထို့နောက် သူအသုံးမပြုသည်မှာ အလွန်ကြာမြင့်နေခဲ့ပြီ ဖြစ်သော မြေအောက်လောက တစ္ဆေပြန်တက်ခြင်းနည်းစနစ်မှ ဖြစ်ပေါ်လာသည့် အပြာရောင် မီးတောက်တစ်ခုက သူ့လက်ချောင်းထိပ်၌ ရုပ်တရက် ပေါ်လာခဲ့သည်။

သည်မီးတောက်က အပြာရင့်ရောင် မီးတောက်ပင်။ သူက အပူစွမ်းအင်ကို ထုတ်လွှတ်ရမည့်အစား အအေးစွမ်းအင်ကိုသာ ထုတ်လွှတ်နေ၏။

သည်အပြာရောင်မီးတောက် ထွက်ပေါ်လာချိန်တွင် ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ကျူးကျော်လာနေသော အအေးစွမ်းအင်များသည် ကွယ်ပျောက်သွားလေ၏။ ပတ်ဝန်းကျင်ရှိ အအေးစွမ်းအင်များပင် အပြာရောင်မီးတောက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ပုံရိပ်က ရပ်တန့်သွား၏။ သူ့တစ္ဆေမျက်လုံးများက တလက်လက် တောက်ပနေသည်။ သက ရေခဲမီးတောက်ကို ကြည့်၍ အသံအက်အက်ဖြင့် ပြော၏။ “မြေအောက်လောက ရေခဲမီးတောက်…။ ဒီမြေအောက်လောက တာအိုကို ငါ့တပည့်တွေတောင်မှ ဒီလောက်သန့်စင်အောင် မလေ့ကျင့်နိုင်ဘူး။ မင်းက တစ္ဆေလောကပျံတက်ခြင်း နည်းစနစ်ကို ဘယ်ကနေ ရလာခဲ့တာလဲ…”

ဝမ်လင်း ခန္ဓာကိုယ်က နောက်သို့ လျင်မြန်စွာ ဆက်၍ ဆုတ်၏။ သူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်လျှင် စေတီအကွာအဝေးတွင်းသို့ ရောက်သွားနိုင်သည့် နေရာတွင် ရပ်တန့်လိုက်၏။

“မင်းက ဘယ်သူလဲ…” ဝမ်လင်းက သည်အသံကို ကြားလိုက်ရသည့်အခါ နှစ်ငါးရာကျော် လေ့ကျင့်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်သူပင် တုန်လှုပ်မိသွား၏။ ဝမ်လင်းက အသံကြားရုံဖြင့် ထိုသို့တစ်ခါမျှ မတုန်လှုပ်ခဲ့ဖူးပေ။

ဝမ်လင်းက သူ့ဦးရေပြား ကျိန်းစပ်သွားသည်ဟုပင် ခံစားမိနေ၏။ သူက သည်အသံနှင့် ရင်းနှီးလွန်းနေ၏။

“မင်းက ဒီနည်းစနစ်ကို ဘယ်ကနေရခဲ့တာဖြစ်ဖြစ် မင်းသေရမယ်…။ ငါ့နာမည်က စစ်ထူနန်…” ပုံရိပ်က စေတီအဝန်းထဲသို့ တိုးဝင်လာ၏။ ဝမ်လင်းက သူ့တုန်လှုပ်မှုကို ဖိနှပ်၍ အော်ပြောလိုက်သည်။ “ နောက်ဆုတ်…”

ကျောက်ရီ၏ နယ်ပယ်က ရုတ်တရက် စေတီထဲကနေ ထွက်ပေါ်လာ၏။ သည်ပုံရိပ်က အားကောင်းသော စွမ်းအားတစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ သူက ဝမ်လင်း ရှေ့သုံးပေအကွာတွင် ရပ်တန့်သွား၏။ သည်ပုံရိပ်က အင်တင်တင်အသံဖြင့် အော်ဟစ်၍ သူ့ခန္ဓာကိုယ်သည်လည်း လှည့်ပတ်သွားသည်။

သူက နောက်သို့ဆုတ်သွားသည့် အချိန်တွင် အနက်ရောင် အခိုးအငွေ့များသည်လည်း ပျောက်ကွယ်သွား၏။ သည့်နောက် လက်မောင်းတစ်ဖက်သာ ကျန်ခဲ့လေ၏။ သည်လက်မောင်းက တုန်လှုပ်နေသော လျောင်ဖန်ကို ဆွဲခေါ်၍ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းက ပျံဆုတ်ခွာသွားသော ပုံရိပ်ကို ကြည့်၍ ခပ်တိုးတိုး ရေရွှတ်မိသည်။ စစ်ထူနန် … မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ သူက ငှက်မွေးတောင်များကို သိမ်း၍ စိတ်ရှုပ်ထွေးစွာဖြင့် တောင်ကြားထဲသို့ ပြန်ဝင်သွားသည်။

သူက စေတီအောက်၌ ထိုင်နေရင်း ကောင်းကင်ထက်သို့ မော့ကြည့်၏။ အတိတ်တုန်းက သူနှင့်စစ်ထူနန် အတူရှိခဲ့သော မှတ်ဉာဏ်များက သူ့စိတ်ထဲ၌ တရိပ်ရိပ် ပြန်ပေါ်လာခဲ့၏။

“စစ်ထူနန် … သူက သူ့ကိုယ်သူ စစ်ထူနန်လို့ ခေါ်နေတယ်…”

ကျိုးယုက စေတီထဲမှ အမောတကော ပြေးထွက်လာသည်။ သူက ဝမ်လင်းကို တွေ့လိုက်သည့်အခါ လမ်းလျှောက်လာပြီး သူ့ဘေး၌ ထိုင်လိုက်၏။ သူမက သူ့ဦးလေးသည် အခုလိုပုံစံမျိုး ဖြစ်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးဖြင်း ဖြစ်သည်။ သူက စိတ်ရှုပ်ထွေးနေဟန် ပေါက်နေ၏။ သူက အတိတ်က မှတ်ဉာဏ်များကို ပြန်စဉ်းစားနေသည်။

ခဏအကြာ ထိုင်ပြီးနောက် ကျိုးယုက မီးဖိုချောင်ထဲသို့ တိတ်တဆိတ်ဝင်သွားပြီး ယာဂုခွက်ကြီး တစ်ခွက်နှင့် ပြန်ထွက်လာခဲ့သည်။

“ဟမ်… ဦးလေးက ငါ့ကို အမကြီးချေချောကို အစားအသောက် မကျွေးခိုင်ချင်ဘူး။ ငါက သူ့ကို တိတ်တိတ်လေး သွားကျွေးပစ်မယ်…” သူမက ဝမ်လင်းနောက်ကျောဘက်မှ ပတ်၍ စေတီထံသို့ သွား၍ ပျော်ရွှင်လို့နေသည်။

***

All Chapters