အခန်း (၁၂၂၅-၁၂၂၆)
Vol. 106 Ch. 1225-1226
အခန်း ၁၂၂၅
“စောစောတုန်းက ခြောက်ကြိမ် ပေါက်ကွဲသွားတာ သေချာလို့လား။”
တစ်ယောက်က ဤအချက်အလက်အပေါ် သံသယဝင်ဟန်ဖြင့် မေးလိုက်သည်။
“သေချာတာပေါ့။ အဲ့ဒီသားရဲကြီးကို ထိမှန်သွားတဲ့ တော်ပီဒိုတွေက ခြောက်ကြိမ်တိတိ ပေါက်ကွဲခဲ့တာပဲ။”
ထိုလူက အသေအချာ ပြန်ဖြေလိုက်သည်။
“ပထမဆုံး တော်ပီဒိုနှစ်စင်း ပစ်လိုက်တုန်းက သားရဲကြီးနဲ့ လွဲသွားတယ်။ အဲ့ဒီနောက် တော်ပီဒို လေးစင်း ထပ်ပစ်တော့ ထိသွားတယ်။ လိုက်လံတိုက်ခိုက်နေတုန်းမှာ နောက်ထပ် နှစ်စင်း ထပ်ပစ်တာလည်း ထိတယ်။ အခုလေးတင် နောက်ထပ် နှစ်စင်း ထပ်ပစ်တာလည်း ထိပြန်တာပဲ။”
“ဒါဆို သူဌေးကြီးက ဒီရှေးဦးဧရာမ သားရဲကြီးကို အပြတ်ရှင်းဖို့ ရေငုပ်သင်္ဘောနဲ့ ပူးပေါင်းပြီး တော်ပီဒိုအသစ် ရှစ်စင်းအထိ အသုံးပြုခဲ့တာပေါ့ ဟုတ်လား။”
“အခြေအနေကတော့ အဲ့ဒီအတိုင်းပဲ။”
“သေစမ်း.. နောက်ဆိုရင် ရေနေသားရဲကြီးတွေ လာတိုက်တာနဲ့ သူဌေးကြီးဆီပဲ တန်းသွားလိုက်တော့မယ်။ အဲ့ကောင်တွေကို ငါတို့ကိုယ်တိုင် လုံးဝ မကိုင်တွယ်နိုင်ဘူး။”
“ဒါပေါ့။ ဒီရှေးဦးဧရာမ သားရဲကြီးတွေက ငါတို့လို သာမန်မဟာမိတ်အဖွဲ့အသေးလေးတွေ ကိုင်တွယ်နိုင်တဲ့ အရာမျိုး လုံးဝမဟုတ်ဘူး။”
“ဒါပေမဲ့ သူဌေးက သားရဲကြီးကို ခြောက်ကြိမ် ပစ်ပြီးကတည်းက အဲ့ဒီကောင်က မလှုပ်တော့ဘူးလေ။ ဘာလို့ နောက်ထပ် တော်ပီဒိုနှစ်စင်း ထပ်ပစ်ရတာလဲ။ ဒါက အလဟဿ ဖြစ်မသွားဘူးလား။”
“ဟုတ်တယ်။ တော်ပီဒိုတွေ ဖြုန်းတီးရုံတင်မကဘူး...ငါးအသားတွေပါ ပျက်စီးကုန်တာပေါ့။”
“မင်းတို့က ဘာသိလို့လဲ။ သူဌေးက နောက်ထပ် တော်ပီဒိုနှစ်စင်း ထပ်ပစ်တယ်ဆိုကတည်းက တစ်ခုခုကို သတိထားမိလို့ နေမှာပေါ့။”
“ပြဿနာတစ်ခုကို သတိထားမိလို့ ဟုတ်လား။ အဲ့ဒီသားရဲကြီးက တကယ်ပဲ သေချင်ယောင်ဆောင်နေတာများလား။”
“တကယ်လည်း ဖြစ်နိုင်တယ်။”
ရေငုပ်သင်္ဘောက နောက်ထပ် တော်ပီဒိုနှစ်စင်း ပစ်လွှတ်ပြီးနောက်တွင် ရှောင်းယီသည် ဒန်ကလို့စ်တီယပ်စ် အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။
“ကောင်ပြီ.....။ အခု အဲ့ဒီကောင်ကို ကမ်းပေါ်ဆွဲတင်သွားလိုက်တော့။”
“ဟုတ်ကဲ့ပါ။”
ထို့နောက် ရေငုပ်သင်္ဘော နှစ်စီးစလုံးမှ စက်ရုပ်လက်တံများ အမှန်တကယ် ပေါ်ထွက်လာပြီး ဒန်ကလို့စ်တီယပ်စ်၏ အလောင်းကို အပေါက်များ ဖောက်လိုက်ကြကာ သံကြိုးများဖြင့် အသေအချာ ချည်နှောင်နိုင်၍ ကမ်းခြေသို့ ဦးတည် မောင်းနှင်လာကြတော့သည်။
ကမ်းခြေသို့ ပြန်ရောက်သောအခါ ရှောင်းယီသည်လည်း ရေငုပ်သင်္ဘောပေါ်မှ ဆင်းလာခဲ့လိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
ဖန်းဝူက ချက်ချင်း ရှေ့တက်ကာ ပြောလိုက်သည်။
“ဒီရှေးဦးဧရာမ သားရဲကြီးက ကိုင်တွယ်ရတာ အတော်လေး ခက်ခဲလား ခင်ဗျာ။”
“အရင်ကထက်စာရင်တော့ ကိုင်တွယ်ရတာ အများကြီး ပိုခက်လာတယ်။ သူတို့က အသိဉာဏ်ပါ နိုးထလာတဲ့ပုံပဲ။”
ရှောင်းယီက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“အသိဉာဏ် ဟုတ်လား။”
ဖန်းဝူတစ်ယောက် အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်၏။
“ဟုတ်တယ်။ စောစောတုန်းက သူက သေချင်ယောင်ဆောင်ဖို့အထိတောင် ကြိုးစားခဲ့တယ်။ အကယ်၍ ငါတို့သာ သတိမထားမိဘူးဆိုရင် ရေငုပ်သင်္ဘောတစ်စီး ဆုံးရှုံးသွားနိုင်တယ်။”
ရှောင်းယီက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“သေချင်ယောင်ဆောင်တာလား။”
ယခုတစ်ကြိမ်တွင်မူ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး ဆွံ့အ တုန်လှုပ်သွားကြတော့သည်။
“လူတွေက ခန္ဓာကိုယ်အင်အားကြီးတဲ့သူတွေက ဉာဏ်နည်းတတ်တယ်လို့ ပြောကြပေမဲ့ ဒီရှေးဦး သားရဲကြီးတွေကျတော့ အဲ့ဒီလို မဟုတ်ပါလား။”
“ဟုတ်ပါ့။ ဒီလောက် သန်မာတဲ့ခန္ဓာကိုယ်ကြီးရှိနေတာတောင် ဒီလောက်ထိ ဉာဏ်ကောင်းနေမှတော့ ဒီရှေးဦးဧရာမ သားရဲကြီးတွေကို ဘယ်လိုလုပ် သွားတိုက်လို့ ရတော့မှာလဲ။”
“ဟူး.. နောက်ဆိုရင် ရှေးဦးဧရာမ သားရဲကြီးတွေရဲ့ ကိစ္စကို ကူညီဖြေရှင်းပေးဖို့ သူဌေးကိုပဲ ခဏခဏ ဒုက္ခပေးရတော့မယ် ထင်တယ်။”
ရှောင်းယီက ပြုံးလိုက်သည်။
“အဆင်ပြေပါတယ်။ ကိစ္စမရှိပါဘူး။ ငါတို့ မဟာမိတ်အဖွဲ့ကလည်း လူတိုင်းရဲ့ ရှေးဦးဧရာမ သားရဲကြီးတွေ ပြဿနာကို ဝမ်းမြောက်ဝမ်းသာ ကူညီဖြေရှင်းပေးမှာပါ။”
အဆုံးတွင် သူသည် သားရဲကြီး၏အသားနှင့် အုတ်မြစ်ကျောက်များကို ရရှိနိုင်မည့်အပြင် မဟာမိတ်အဖွဲ့၏ ရေငုပ်သင်္ဘော မောင်းနှင်သူများကိုပါ လေ့ကျင့်ပေးပြီးသား ဖြစ်သွားမည်ဖြစ်သည်။ ဒါက မြှားတစ်စင်တည်းနဲ့ ငှက်သုံးကောင်ပစ်နိုင်ဖြစ်ဂာ သူ ဘာကြောင့် ငြင်းရပါမည်နည်း။
ရှောင်းယီ ပေးဆပ်လိုက်ရသည်မှာ ခဲယမ်းမီးကျောက် သုံးစွဲမှုသာ ဖြစ်သော်လည်း မဟာမိတ်အဖွဲ့အတွင်း လေ့ကျင့်မှုများ လုပ်ဆောင်လျှင်ပင် ထိုကဲ့သို့ သုံးစွဲမှုမျိုးက ရှိနေမည်သာ ဖြစ်သည်။
“ဒါဆိုရင်တော့ အများကြီး ကျေးဇူးတင်ပါတယ် သူဌေး။”
ဖန်းဝူက လက်ယှက်ကာ တလေးတစား ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်သည်။
သားရဲကြီးကို ကမ်းပေါ်သို့ ဆွဲတင်လာပြီးနောက် လူတိုင်းသည် ၎င်း၏ ဧရာမ အရွယ်အစားကြီးကို ကြည့်ကာ အံ့သြချီးကျူးကြတော့သည်။
“ငါ အရင်က ဧရာမဘီလူးတွေကိုပဲ မြင်ဖူးပြီး သူတို့က တော်တော်ကြီးတယ်လို့ ထင်ခဲ့တာ။ ဒီငါးကြီးက ပိုပြီးတော့တောင် ကြီးလိမ့်မယ်လို့ မထင်ထားမိဘူး။”
“အမှန်ပဲ...။ ဒီလောက်ကြီးတဲ့ ငါးကြီးဆိုရင် ငါတို့ တော်တော်ကြာကြာ စားလို့လောက်မှာပဲ။”
“မမေ့နဲ့ဦး။ ငါတို့က တစ်ဝက်ပဲ ရမှာနော်။ ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် နည်းတဲ့ပမာဏတော့ မဟုတ်ဘူး။”
ဤနေရာတွင် အခြားပြဿနာများ မရှိတော့သည်ကို မြင်သောအခါ ရှောင်းယီသည် ချက်ချင်း နှုတ်ဆက်ရန် ရွေးချယ်လိုက်တော့သည်။
“ငါ ပြန်တော့မယ်။ နောက်ဆက်တွဲ ကိစ္စတွေအတွက်တော့ ငါတို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တိုင်းမှူးအန်းက မင်းတို့နဲ့ ညှိနှိုင်းဖို့ လူလွှတ်ပြီး စီစဉ်ပေးပါလိမ့်မယ်။”
“ကောင်းပါပြီ။ လမ်းခရီးချောမွေ့ပါစေ သူဌေး။”
ဖန်းဝူက လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ ရှောင်းယီက လက်ဝှေ့ယမ်းပြလိုက်ပြီး မြို့ပြန်ကျောက်ကို တိုက်ရိုက်အသုံးပြုကာ ဖန်းဝူ၏ မဟာမိတ်အဖွဲ့မှ ထွက်ခွာခဲ့တော့သည်။
မိမိ၏ မဟာမိတ်အဖွဲ့သို့ ပြန်ရောက်ရောက်ချင်း ရှောင်းယီသည် အန်းယွဲ့ထံ ချက်ချင်း မက်ဆေ့ခ်ျပို့လိုက်သည်။
“ဖန်းဝူတို့ဘက်က လွှဲပြောင်းရယူမယ့်ကိစ္စအတွက် ညှိနှိုင်းဖို့ လူတစ်ယောက် စီစဉ်ပေးပါဦး။ အဲ့ဒီမှာ ကျုပ်တို့အတွက် ရှေးဦးဧရာမ သားရဲကြီးရဲ့ အသားတစ်ဝက် ရှိနေတယ်။”
“နားလည်ပါပြီ။”
ထိုအချိန်တွင် ဖုန်းထဲရှိ ယီထျန်းဂရုချတ်အတွင်းမှ လူတိုင်းသည် ရှေးဦးဧရာမ သားရဲကြီးကို ကိုင်တွယ်ပြီးပြီလားဟု ဖန်းဝူအား ဝိုင်းမေးနေကြသည်။
ဖန်းဝူသည် သူ့ဘက်မှ ကိစ္စရပ်များကို စီစဉ်ပြီးသွားပုံရကာ ဂရုချတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။
“ကိုင်တွယ်ပြီးပြီ။ ကျုပ်တို့ကို ကူညီဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးခဲ့တဲ့ သူဌေးကို အများကြီး ကျေးဇူးတင်ပါတယ်။”
ဖန်းဝူက ဂရုထဲတွင် ပြောလိုက်သည်။
“သူဌေးက အဲ့ဒီကို တကယ်ကြီး ကိုယ်တိုင် သွားခဲ့တာလား။”
“မင်းကတော့ ကံကောင်းလွန်းနေပြီ။ အကယ်၍ သူဌေးကြီးကိုယ်တိုင် သွားတာဆိုရင်တော့ သေချာပေါက် ပြဿနာမရှိတော့ဘူး။”
“သူဌေးကြီးက အဲ့ဒီရှေးဦးးဧရာမ သားရဲကြီးကို ဘယ်လိုနှိမ်နင်းခဲ့လဲဆိုတာ ငါတို့ကို နည်းနည်းလောက် ပြောပြလို့ရမလား။”
ထိုအခါ ဖန်းဝူက ရှောင်းယီထံ သီးသန့်မက်ဆေ့ခ်ျပို့၍ မေးလိုက်သည်။
“သူဌေး ဒီက တိုက်ပွဲဖြစ်စဉ်ကို အခြားလူတွေကို ပြောပြလို့ ရမလား။”
“ရတာပေါ့။ ရှေးဦးဧရာမ သားရဲကြီးတွေကို သတ်တဲ့နေရာမှာ ငါတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေတာက ကောင်းတဲ့အချက်ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေး။”
ဖန်းဝူက ပြန်ပြောလိုက်ပြီးနောက် ရှောင်းယီ၏ ရေငုပ်သင်္ဘောများက သားရဲကြီးကို မည်သို့သတ်ဖြတ်ခဲ့သည့် လုပ်ငန်းစဉ်ကို ဂရုထဲတွင် စတင်ဖော်ပြတော့သည်။
ဖန်းဝူ၏ ဖော်ပြချက်ကို ကြားလိုက်ရပြီးနောက် ဂရုထဲရှိ လူများမှာ အံ့အားသင့်သွားကြတော့သည်။
“မင်းပြောပုံအရဆိုရင် ငါတို့လို သာမန်အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့တွေက အဲ့ဒီရှေးဦးဧရာမ သားရဲကြီးတွေကို နှိမ်နင်းဖို့ အခြေခံအားဖြင့် အခွင့်အရေးမရှိဘူးပေါ့ ဟုတ်လား။”
“အကယ်၍ မင်းတို့ဆီမှာ တော်ပီဒိုအမျိုးအစားသစ်တွေနဲ့ ရေငုပ်သင်္ဘောရှိရင်တော့ ရနိုင်ကောင်း ရနိုင်တယ်။”
ဖန်းဝူက ပြန်ဖြေလိုက်သည်။
“လခွမ်း.. ငါသာ အဲ့ဒီပစ္စည်းတွေ ရမယ်ဆိုရင် ငါလည်း သူဌေး ဖြစ်နေမှာပေါ့။”
“အမှန်ပဲ။ နောက်ဆို ငါတို့တော့ သူဌေးကိုပဲ ဆက်ပြီး အားကိုးရတော့မယ်ထင်တယ်။”
“အဓိပ္ပါယ်မရှိတာ။ လူတိုင်း ရေနွေးငွေ့သုံး တော်ပီဒိုတွေကို ပိုဝယ်ထားပြီး ရှေးဦးဧရာမ သားရဲကြီးတွေကို ကိုင်တွယ်ဖို့ စုပြုံပစ်ခတ်တဲ့နည်းကို သုံးလို့ရတာပဲ။”
“အပေါ်ကလူ...မင်း အဲ့ဒီလို စမ်းကြည့်ဖူးလို့လား။”
“စမ်းဖူးတာပေါ့။ ငါတို့ ဒီမနက်တင် ရှေးဦးဧရာမ သားရဲကြီးတစ်ကောင်ကို ကိုင်တွယ်ပြီးသွားတာ။ ဒါပေမယ့် လူတိုင်း တော်ပီဒို ပစ်လွှတ်တာကို သေသေချာချာ စီစဉ်ဖို့တော့ လိုတယ်။ အကယ်၍ မင်းတို့ဆီမှာ အတိုင်းအဆတစ်ခုအထိ ကျွမ်းကျင်မှုမရှိဘူးဆိုရင်တော့ သူဌေးရဲ့အဖွဲ့ကို အကူအညီတောင်းတာက ပိုပြီး စိတ်ချရတယ်။”
“မေးခွန်းသေးသေးလေးတစ်ခုလောက် မေးပါရစေ။ အဲ့ဒီ ရှေးဦးဧရာမ သားရဲကြီးကို နှိမ်နင်းဖို့ မင်းတို့ ရေနွေးငွေ့သုံး တော်ပီဒို ဘယ်နှစ်စင်း သုံးလိုက်ရလဲ။”
“ငါးရာ...။”
“အားပါးပါး.. အဲ့လောက်တောင် များတာလား။ ငါတို့မဟာမိတ်အဖွဲ့ကတော့ အဲ့ဒီလောက်အများကြီးကို သေသေချာချာ ပစ်နိုင်မှာ မဟုတ်ဘူး။ နောက်ဆို သူဌေးရဲ့ အဖွဲ့ကိုပဲ အကူအညီတောင်းတာ ပိုကောင်းလိမ့်မယ်။”
“ဒါပေမဲ့ အခု ရှေးဦးဧရာမ သားရဲကြီးတွေက တော်တော်လေးကို လွန်လွန်ကဲကဲ ဉာဏ်ကောင်းလာကြပြီ။”
“စောစောက လူပြောပြချက်အရဆိုရင် နောက်ဆို ရှေးဦးဧရာမ သားရဲကြီးနဲ့ တွေ့လို့ အဲ့ဒီကောင် မလှုပ်တော့တဲ့အထိ ပစ်မိရင်တောင် သူ့ရဲ့ဦးခေါင်းကို တော်ပီဒိုတစ်စင်း ထပ်ပစ်ဖို့ လိုလိမ့်မယ်။”
“အတိအကျပဲ။ အဲ့ဒီလိုပဲ လုပ်သင့်တယ်။”
ဂရုထဲရှိ ဆွေးနွေးမှုများကို စောင့်ကြည့်ရင်း ရှောင်းယီသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ဗဟိုဂရုချတ်ထဲတွင်လည်း ထိုတိုက်ပွဲအကြောင်းကို အသေးစိတ် တင်ပြလိုက်သည်။
“လူတိုင်းပဲ အဲ့ဒီ ရှေးဦးဧရာမ သားရဲကြီးတွေကို ကိုင်တွယ်တဲ့အခါ သတိထားကြဖို့ မျှော်လင့်တယ်။ ပေါ့ဆလို့ လုံးဝမဖြစ်ဘူး။”
ရှောင်းယီက ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့ပါ။”
ဂရုထဲရှိ စစ်သားအားလုံးက ပြန်လည်ဖြေကြားလိုက်ကြသည်။ ထိုဂရုထဲသို့ ဝင်ရောက်နိုင်သူများမှာ သဘာဝအတိုင်း တပ်ခွဲမှူး အဆင့် သို့မဟုတ် ထိုထက်မြင့်သော ခေါင်းဆောင်များသာ ဖြစ်ပေသည်။
“ကျွန်းပိုင်ရှင် မင်းက ဘယ်တုန်းက တခြားလူရဲ့ မဟာမိတ်အဖွဲ့ဆီ သွားပြီး ရှေးဦးဧရာမ သားရဲကြီးကို သွားနှိမ်နင်းလိုက်တာလဲ။”
ကျန်းယွင်ထျန်းက ဂရုထဲတွင် မေးလိုက်သည်။
သူသည် ပင်လယ်ထဲရှိ မသေမျိုးမျိုးနွယ်စုများကို ရှင်းလင်းရေးလုပ်ငန်းစဉ်များ စီစဉ်ပြီးစီးသွားပြီး ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားပေသည်။
“ခုတင်ပ။ မင်းဘက်က အခြေအနေတွေကော ဘယ်လိုလဲ။”
ရှောင်းယီက ကျန်းယွင်ထျန်းထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့ပြီး မေးလိုက်သည်။
“ဘယ်လို ရှိရမှာလဲ။ ငါတို့လည်း တဖြည်းဖြည်းချင်းပဲ လိုက်ရှင်းနေရတယ်။ ဒီထက်ကောင်းတဲ့ နည်းလမ်းလည်း မရှိဘူးလေ။”
ကျန်းယွင်ထျန်းက မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဟင်းလင်းပြင်အက်ကွဲကြောင်း အနီးက ပင်လယ်ထဲမှာရှိတဲ့ မသေမျိုးမျိုးတွေကတော့ လောလောဆယ် ပြဿနာမရှိသေးဘူး။ ဒါပေမဲ့ မဟာမိတ်အဖွဲ့အချို့ရဲ့ တုံ့ပြန်ချက်အရတော့ လေဟာနယ်တံခါးတွေကတစ်ဆင့် ရောက်လာပြီး အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေအနားမှာ ရှိနေတဲ့ မသေမျိုးမျိုးတွေက လူစုကွဲပြီး ဟိုဟိုဒီဒီ လျှောက်ပြေးနေကြပြီတဲ့။”
“လူစုကွဲကုန်တယ် ဟုတ်လား။”
ရှောင်းယီက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ဘာကို ဆိုလိုတာလဲ။”
“ဆိုလိုတာက သူတို့က အသက်ရှင်ကျန်ရစ်သူတွေရဲ့ အုတ်မြစ်ကျောက်ကျွန်းတွေကိုပဲ ဦးတည်ပြီး တိုက်ခိုက်မနေတော့ဘဲ ပန်းတိုင်မရှိဘဲ ဟိုဟိုဒီဒီ လျှောက်ပြေးနေကြတာကို ပြောတာ။”
အခန်း ၁၂၂၆
“နေရာအနှံ့ လျှောက်ပြေးနေကြတယ် ဟုတ်လား။”
ရှောင်းယီ မျက်မှောင်ကြုတ်လိုက်မိ၏။
“ဒါဆိုရင် သူတို့ကို လိုက်ရှင်းဖို့ ပိုပြီး မခက်ခဲသွားဘူးလား။”
“အတိအကျပဲ။ ရှင်းရတာ အလွန်အမင်း ခက်ခဲသွားလိမ့်မယ်။”
ကျန်းယွင်ထျန်း ခေါင်းညိတ်လိုက်သည်။
“ဒါက ရေရှည်မှာ တော်တော်လေး ပင်ပန်းရမယ့် အလုပ်တစ်ခု ဖြစ်သွားနိုင်တယ်။”
“ဒီလိုဆိုရင်လည်း ငါတို့ သိပ်ပြီး အလျင်စလိုလုပ်ဖို့ မလိုတော့ဘူး။ ဘယ်သူသိမျာလဲ...ငါတို့အားလုံး SSS အဆင့်ကို ရောက်လို့ ဒီနေရာကနေ ထွက်သွားရင်တောင် ဒါတွေကို အကုန်ရှင်းလို့ ပြီးချင်မှ ပြီးဦးမှာ။”
ရှောင်းယီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အင်း.. အဲ့ဒါကြောင့် ကျန်တဲ့အပိုင်းကိုတော့ ဒီက ဒေသခံတွေဆီပဲ လွှဲထားခဲ့ပြီး သူတို့ဘာသာသူတို့ အေးအေးဆေးဆေး ရှင်းလင်းခိုင်းလိုက်တော့မယ်။ နောက်ဆုံးတော့ ဒါက သူတို့အိမ်ပဲလေ။ သူတို့အိမ်ကို သူတို့အဆင်ပြေတဲ့ အရှိန်အဟုန်နဲ့ပဲ တံမြက်စည်းလှည်းလိုင်းကြတာပေါ့။”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။
“ကောင်းပြီ.. စိတ်အနှောင့်အယှက်ဖြစ်စရာ ဒီကိစ္စတွေကို ထားလိုက်တော့။ ပြန်ရောက်ပြီဆိုမှတော့ ဘားမှာ စိတ်ပြေလက်ပျောက် အနားယူကြရအောင်။ ငါ ခြောက်ထပ်က သီးသန့်အခန်းထဲမှာ ရှိတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။ ငါ အခုချက်ချင်း လာခဲ့မယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ မကြာမီမှာပင် ကျန်းယွင်ထျန်းတစ်ယောက် ဘား၏ သီးသန့်အခန်းသို့ ရောက်ရှိလာပြီး ဘေးရှိ ဆိုဖာပေါ်တွင် ကိုယ်တစ်ဝက်လှဲ၍ မှီလိုက်တော့လေသည်။
ဒူခန်းရ ဘီယာအမြောက်အမြား ယူဆောင်လာပြီးဖြစ်သည်။ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့ကို ကြည့်ကာ သူက စနောက်၍ မေးလိုက်သည်။
“ကျွန်းပိုင်ရှင်၊ အစ်ကိုကျန်း.. ခင်ဗျားတို့နှစ်ယောက်အတွက် အဖော်ပြုပေးဖို့ မိန်းမလှလေး နှစ်ယောက်လောက် ခေါ်ပေးရမလား။”
ရှောင်းယီက မျက်လုံးပင့်ကြည့်လိုက်သည်။
“တော်စမ်းပါ။ ငါတို့ဘာသာ ငါတို့ပဲ ပိုပြီး လွတ်လွတ်လပ်လပ် ရှိတယ်။”
“အင်း.. ခင်ဗျားတို့ရဲ့ သစ္စာရှိမှုကို တော်တော် ထိန်းသိမ်းနိုင်တာပဲ။ ခဏနေရင် ကျွန်းပိုင်ရှင်ရဲ့ ဇနီးနဲ့ အစ်မကျန်းရွှဲ့တို့ လာမေးတဲ့အခါ ခင်ဗျားတို့ကို သေသေချာချာ ချီးမွမ်းပေးပါ့မယ်။”
ဒူခန်းက ကောက်ကျစ်သော အပြုံးဖြင့် ပြောလိုက်သည်။
“သေစမ်း.. မင်းက သူတို့ကိုယ်စား ငါတို့ကို တမင်သက်သက် လာစမ်းနေတာပဲကွ။”
ကျန်းယွင်ထျန်းက ဆဲရေးလိုက်၏။
“လစ်လိုက်စမ်း.. မင်းက သစ္စာဖောက်ကောင်ပဲကွ။”
“ဘယ်သူက သစ္စာဖောက်လဲ။”
တံခါးဝမှ ကျန်းရွှဲ့၏ အသံ ထွက်ပေါ်လာခဲ့သည်။
“အစ်မကျန်းရွှဲ့.. အစ်ကိုကျန်းက ကျွန်တော့်ကို သစ္စာဖောက်လို့ ပြောနေတယ်။ ကျွန်တော်က အစ်မတို့ ညွှန်ကြားထားတဲ့အတိုင်း အဲ့ဒီမေးခွန်းကို ကူပြီး မေးပေးရုံလေးကို။”
ဒူခန်းက သနားစဖွယ်ဟန်ဖြင့် ပြောလိုက်၏။
ကျန်းရွှဲ့က ကျန်းယွင်ထျန်းကို တစ်ချက် စောင်းကြည့်လိုက်ရာ ကျန်းယွင်ထျန်းတစ်ယောက် ချက်ချင်း မတ်မတ်ထိုင်ကာ ကပျာကယာ လွှဲပြောလိုက်တော့သည်။
“ငါ သူ့ကို ပြောတာမဟုတ်ပါဘူး။ မသေမျိုးမျိုးတွေနဲ့ ပူးပေါင်းနေတဲ့ အဲ့ဒီဒေသခံ သစ္စာဖောက်တွေကို ပြောတာပါ။”
ဘေးတွင် ရှိနေသော ဒူခန်းမှာမူ ခိုးပြုံးနေ၏။ ရှောင်းယီတစ်ယောက် ခေါင်းခါရမ်းလိုက်မိသည်။
“ဒူခန်း.. မင်း သရုပ်ဆောင်ပြီး အော်စကာမင်းသားဆု ဝင်မပြိုင်တာ တကယ့်ကို ပါရမီအလဟဿ ဖြစ်တာပဲ။”
“ဘယ်သူက ပါရမီအလဟဿ ဖြစ်နေတာလဲ။”
အန်းရန်၏ အသံမှာလည်း အပြင်ဘက်မှ ထပ်မံ ထွက်ပေါ်လာ၏။ ၎င်းနှင့်အတူ အသားကင်၏ မွှေးပျံ့လှသော ရနံ့များပါ ပါလာခဲ့သည်။
အန်းရန်နှင့် ဆုဝမ်တို့သည် အသားကင်မီးဖိုကို သယ်ဆောင်လျက် ဝင်လာကြခြင်းဖြစ်သည်။
“ငါလည်း ဘားရဲ့ သီးသန့်အခန်းထဲမှာ အသားကင်စားဖို့ စိတ်ကူးနေတာ။ မင်းတို့နှစ်ယောက် တကယ့်ကို အချိန်ကိုက် ရောက်လာတာပဲ။”
ရှောင်းယီသည် အသားကင်မီးဖိုကို မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။
“ကမ္ဘာ့စစ်မြေပြင်ကို ရောက်လာကတည်းက ငါတို့အားလုံး အတူတူ ကောင်းကောင်းမွန်မွန် စားသောက်၊ ဆော့ကစားပြီး စကားစမြည် မပြောဖြစ်ကြတာ တော်တော် ကြာနေပြီလေ။”
အန်းရန်က ပြောလိုက်၏။
“ဒီနေ့က အခါကောင်းပဲ။ ခဏနေရင် တခြားလူတွေလည်း ရောက်လာလိမ့်မယ်။ ငါတို့လူတွေချည်းပဲ ဒီမှာ အကင်ပါတီ လုပ်ကြတာပေါ့။”
“ကောင်းတယ်။”
ရှောင်းယီ ခေါင်းညိတ်လိုက်သည်။
“သူတို့အားလုံးကို အမြန်လှမ်းခေါ်လိုက်တော့။ ဒီနေ့တော့ အလုပ်အကြောင်း ဘယ်သူမှ မပြောရဘူး။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
လူတိုင်းက ပြုံးရွှင်စွာ ပြန်ဖြေလိုက်ကြသည်။
မကြာမီမှာပင် အန်းယွဲ့၊ ယွမ်နွန်နှင့် အခြားသူများအားလုံး ရောက်ရှိလာကြ၏။ ဤသီးသန့်အခန်းအတွင်း၌ မူလအဖွဲ့ဝင်များသာ ရှိကြပြီး ကျွန်းခွဲအသီးသီး၏ တာဝန်ခံများပင် ရောက်မလာကြပေ။
သဘာဝအတိုင်းပင် သူတို့သည်လည်း ယနေ့တွင် အနားယူနေကြခြင်း ဖြစ်သည်။ နောက်ဆုံးတော့ လောလောဆယ်တွင် မသေမျိုးမျိုးများ၏ ဘေးအန္တရာယ် မရှိတော့သလို ကျွန်းပေါ်ရှိ အဖျော်ယမကာနှင့် လုပ်ငန်းဆောင်တာ အားလုံးမှာလည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သည် မိမိတို့၏ ကျွန်းခွဲအဖွဲ့များကို ခေါ်ဆောင်ကာ အပန်းဖြေစခန်း၏ ကမ်းခြေ၌ မီးပုံပွဲများ ဆင်နွှဲနေကြသည်။
စောစောက အန်းရန်နှင့် ဆုဝမ်တို့ အသားကင်မီးဖိုကို သယ်ဆောင်ပြီး အပေါ်ထပ် တက်သွားစဉ်က လူအများအပြားမှာ အလွန် အားကျနေခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လည်း ဘားထဲတွင် အသားကင်စားရင်း သောက်စားချင်ကြသောကြောင့်ပင်။ ဒါက သောက်ရတာ ပိုအဆင်ပြေသည် မဟုတ်ပါလော။
သို့သော် ဒူခန်းကို သွားရောက်မေးမြန်းသည့်အခါ ဒူခန်းက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့လေသည်။
“စောစောက အဲ့ဒီမိန်းကလေးနှစ်ယောက်ကျတော့ ဘာလို့ ဘားထဲမှာ အသားကင်စားလို့ ရရတာလဲ။”
သူတို့က အနည်းငယ် မကျေမနပ် ဖြစ်မိသွားကြ၏။
ဒူခန်းက ရုတ်တရက် ရယ်မောလိုက်လေသည်။
“သူတို့က ဘယ်သူတွေလဲဆိုတာ ခင်ဗျားတို့ သိလို့လား။”
ထိုလူများ အနည်းငယ် ကြောင်အသွားပြီးနောက် ခေါင်းယမ်းပြလိုက်ကြသည်။
“သူတို့က ကျွန်းပိုင်ရှင်ရဲ့ ဇနီးတွေပဲ။ အပေါ်ကို သယ်သွားတဲ့ အသားကင်ကလည်း ကျွန်းပိုင်ရှင်အတွက်ပဲ။ အခုကော ဘာမေးစရာ ရှိသေးလဲ။”
ဒူခန်းက ဆက်မေးလိုက်သည်။
“မရှိပါဘူး...။ လုံးဝမရှိပါဘူး။”
ထိုလူများသည် ချက်ချင်းပင် ထွက်ခွာသွားရန် ရွေးချယ်လိုက်ကြတော့သည်။
လာနောက်နေတာပဲ။ ဒီအပန်းဖြေစခန်းတစ်ခုလုံးက ရှောင်းယီပိုင်တာလေ။ ဘားထဲမှာ အသားကင်စားဖို့ နေနေသာသာ...သူသာ အလိုရှိရင် အပန်းဖြေစခန်းတစ်ခုလုံးကိုတောင် မီးကင်ပစ်လို့ရတယ်။
အန်းယွဲ့သည် ဆိုဖာပေါ်တွင် ထိုင်ရင်း ဖျော်ရည်တစ်ခွက်ကို ကိုင်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ငါတို့ ဒီလိုမျိုး အတူတူထိုင်ပြီး စကားစမြည် မပြောဖြစ်ကြတာ တော်တော်ကြာသွားသလိုတောင် ခံစားရတယ် “
“အဲ့ဒါတော့ အမှန်ပဲ။”
ယွမ်နွန်က သူ့လက်ထဲတွင် အရက်ဖြူခွက်ကို ကိုင်ထားရင်း ပြောလိုက်သည်။
“ငါတို့ ဒီကမ္ဘာကို ရောက်လာတာ ရက်ပေါင်း ၁၂၀ ပဲ ရှိသေးတယ်ဆိုပေမဲ့ နှစ်ပေါင်းများစွာ ကြာသွားသလို ခံစားရတယ်။”
ရှောင်းယီသည် ဝရန်တာရှိ အသားကင်မီးဖိုမှ သိုးသားကင်အနည်းငယ်ကို ယူကာ ပြန်လျှောက်လာပြီး လူတိုင်း၏ ရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် တင်လိုက်ရင်း ပြောလိုက်သည်။
“ပူတုန်းလေး စားလိုက်ကြဦး။ ဦးလေးအန်း.. ဒီနေ့ ဘာလို့ အရက်မသောက်တာလဲ။ ဒါက ဦးလေးရဲ့ ပုံမှန်စတိုင်နဲ့ မတူဘူးနော်။”
အန်းယွဲ့က ပြုံးလိုက်သည်။
“အခု ငါ့ကျန်းမာရေးက ပိုကောင်းလာပြီဆိုတော့ အန်းရန်အတွက် မောင်လေး ဒါမှမဟုတ် ညီမလေးတစ်ယောက်လောက် ထပ်မံမွေးပေးဖို့ ပြင်ဆင်နေတာလေ။”
ရှောင်းယီက အန်းယွဲ့ကို လက်မထောင်ပြလိုက်သည်။
“မင်းနဲ့ အန်းရန်က ငါတို့ကို မြေးချီခွင့် မပေးကြတော့ ငါတို့ဘာသာ ငါတို့ပဲ ကိုယ်တိုင်လုပ်ရတော့မှာပေါ့။”
အန်းယွဲ့က ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
“အဖေကလည်း.. ဘာတွေ လျှောက်ပြောနေတာလဲ။”
အန်းရန်က ကြက်သားကင်အချို့ကို ကိုင်ထားရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“ဟားဟားဟား....။”
အန်းယွဲ့က ရယ်မောလိုက်သည်။
“ငါတို့ ဒီကမ္ဘာကနေ ထွက်ခွာရဖို့ ဘယ်လောက်တောင် လိုသေးလဲမသိဘူး။”
ယွမ်နွန်က ပြောလိုက်သည်။
“မကြာတော့ပါဘူး။ အခု လူတိုင်းက သူတို့ရဲ့ အဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံးမြှင့်တင်ဖို့ ကြိုးစားနေကြပါပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ထားလိုက်ပါ...။ ဒါတွေက စဉ်းစားနေရမယ့်အရာ မဟုတ်ဘူး။ စဉ်းစားလေ ခေါင်းကိုက်လေပဲ။”
“အတိအကျပဲ။ ဒါက အနားယူရမယ့် အချိန်ပဲ။ အများကြီး မစဉ်းစားပါနဲ့။”
အန်းရန်ကလည်း ဝင်ပြောလိုက်သည်။
“ကျုပ်အမြင်ပြောရရင်တော့ လူတိုင်း အများကြီး စဉ်းစားမနေသင့်ဘူး။ အဆင့်မြှင့်ဖို့ လိုတဲ့လူက မြှင့်၊ အမြင့်ဆုံးအဆင့် ရောက်ပြီးသားလူကတော့ ခြေပစ်လက်ပစ် အေးဆေးနေလိုက်ရုံပဲ။”
ဒူခန်းက ဆက်ပြောလိုက်သည်။
“ခြေပစ်လက်ပစ် နေတာက ဘာမှမမှားပါဘူး။ ဘာပဲဖြစ်ဖြစ် အရာအားလုံးကို ဒီက ဒေသခံတွေကို လုပ်ခိုင်းိုင်းထားလို့ ရတာပဲ။ အခုအချိန်က လက်လွှတ်ပြီး သူတို့ကို ကိုင်တွယ်ခိုင်းရမယ့် အချိန်ပဲ။”
“မင်း အမြင်ကျယ်လှချည်လားကွ။”
ကျန်းယွင်ထျန်းက သူ့ရဲ့ဝိုင်ခွက်ကို မြှောက်ပြလိုက်သည်။ ဒူခန်းကလည်း သူ့ခွက်ကို မြှောက်ကာ တစ်ငုံသောက်ပြီးနောက် ဆက်ပြောလိုက်၏။
“တကယ်တော့ ကျုပ် အမြင်ကျယ်တာ မဟုတ်ပါဘူး...ပျင်းလို့ပါ။ ဒါပေမဲ့ တစ်ခါတရံ စဉ်းစားကြည့်ရင် ဒါက တကယ် ကောင်းပါတယ်။ နောင်တစ်နေ့မှာ ကျုပ်တို့ ဒီကမ္ဘာကနေ ထွက်ခွာသွားကြရမှာက ရှောင်လွှဲလို့မရဘူး။ အဲ့ဒီအချိန်ကျရင် အရာအားလုံးက ဒီကဒေသခံတွေရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုအပေါ်မှာပဲ မူတည်သွားမှာ မဟုတ်လား။”
“နောက်ဆုံးမိနစ်ကျမှ လွှဲပြောင်းပေးပြီး သူတို့ကို ပျာယာခတ်သွားစေမယ့်အစား သူတို့ဘာသာသူတို့ လွတ်လပ်စွာ ကိုင်တွယ်နိုင်စွမ်းရှိအောင် အခုကတည်းက စပြီး လေ့ကျင့်ပေးထားတာက ပိုကောင်းပါတယ်။”
“ရှောင်ခန်းရဲ့ စိတ်ကူးက တော်တော်လေး ကျိုးကြောင်းဆီလျော်တယ်လို့ ငါထင်တယ်။”
ယွမ်နွန်က ဒူခန်း၏ စကားကို ကြားပြီးနောက် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ အခြားလူများကလည်း ထို့အတူ ခေါင်းညိတ်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် သီးသန့်အခန်းတံခါးကို လာခေါက်သံကို ကြားလိုက်ရ၏။
“ဒေါက်၊ ဒေါက်၊ ဒေါက်...”
“ဘယ်သူလဲ...။”
ရှောင်းယီက မျက်မှောင်ကြုတ်သွား၏။
“ကျွန်တော် ရော်ဂျာပါ။ ကျွန်းပိုင်ရှင် ဒီမှာ ရှိနေတယ်လို့ ကြားလို့ လာနှုတ်ဆက်တာပါ။”
တံခါးအပြင်ဘက်မှ ရော်ဂျာ၏ အသံ ထွက်ပေါ်လာခဲ့သည်။ ရှောင်းယီ တံခါးဖွင့်ပေးလိုက်ရာ အံ့သြစရာကောင်းလောက်အောင်ပင် ရော်ဂျာတို့ မိသားစုတစ်ခုလုံး ရောက်ရှိနေသည်ကို တွေ့လိုက်ရတော့သည်။
“ဝင်ခဲ့ကြလေ။ အတူတူထိုင်ရအောင်။”
ရှောင်းယီက သူတို့ကို ကြိုဆိုလိုက်၏။
“ဒါပေမဲ့ ဒီနေ့တော့ ရုံးလုပ်ငန်းကိစ္စတွေ လုံးဝမပြောကြေးနော်။”
“ဒါက ပြောစရာမလိုပါဘူး။ ကျုပ်တို့က ဂုန်းလာဆင်းတာပဲ။”
ရော်ဂျာက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ရှောင်ကျဲ မရိုင်းစိုင်းနဲ့။”
လော့လင်တန်က သူ့ကို ချက်ချင်း ဟန့်တားအပြစ်တင်လိုက်၏။ ရှောင်းယီက လက်ကာပြလိုက်သည်။
“ရပါတယ်။ ဒီမှာရှိတဲ့လူ အားလုံးက သူငယ်ချင်းတွေပဲ။”
ထို့နောက် လော့လင်တန်၏ မိသားစုဝင် သုံးဦးစလုံး အခန်းထဲသို့ ဝင်လာခဲ့ကြသည်။
“ကိုယ့်ဘာသာ ဘီယာဖွင့်သောက်၊ အသားကင်လည်း စိတ်ကြိုက်ယူစားကြပါ။ ဒီမှာတော့ ဘယ်သူမှ လာပြီး ဧည့်ခံကျွေးမွေးနေမှာ မဟုတ်ဘူး။”
ရှောင်းယီက ဘေးနားရှိ အအေး၊ အရက်များနှင့် အသားကင်များကို လက်ညှိုးထိုးပြရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။
ရော်ဂျာက သူ့အတွက်သူ ဘီယာတစ်ပုလင်းကို ဖွင့်လိုက်ပြီးနောက် ရှောင်းယီ၏ ဘေးနားသို့ လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် ကပ်သွားကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်.. ကျွန်တော့်မှာ ကောင်းတဲ့အရာတစ်ခု ရှိတယ်။ ကြည့်ချင်လား။”