← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း(283)

“မင်းတို့နှစ်ယောက်လုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလား”

ကျန်းကျူးရိမှာ မတိုင်မီအချိန်ကမှ မျက်နှာတစ်ခုလုံးက စိတ်ရှုပ်ထွေးနေခဲ့သော်လည်း စုရှောင်လော်အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်သည်နှင့် သူ၏လေသံက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရလေသည်။

“စာမေးပွဲဖြေတာက မင်းတို့တွေရဲ့ အလုပ်ခွင် လုပ်ငန်းတွေကိုတော့ ထိခိုက်စေလို့ မရဘူးနော်”

“ ဦးလေး စိတ်မပူပါနဲ့ဦး၊ ကျွန်တော်ကိုယ်တိုင်က အားကိုးမရဘူးဆိုရင်တောင် ကျွန်တော်တို့ဆီမှာ ရှန်းရှန်းရှိနေသေးတာပဲ မဟုတ်ဘူးလား၊

သူမက တကယ့်ကို လုပ်ကိုင်နိုင်စွမ်း ရှိသူတစ်ဦးပဲလေ၊ ပြီးတော့ ကျွန်တော့်ရဲ့အဖေကိုယ်တိုင်လည်း ကျွန်တော်တို့တွေ တက္ကသိုလ်တက်မယ့်ကိစ္စကို အပြည့်အဝ ထောက်ခံအားပေးထားပါတယ်”

သူက လီရှန်း၏ ဘေးနားသို့ သွားခဲ့ပြီး သူမ၏ ပုခုံးကို ဖက်လိုက်လေသည်။

လီရှန်းလည်း ကူကယ်ရာမဲ့သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်လေသည်။

“တကယ်တော့ ကျွန်မက ဝေ့ချင်းကို သူပဲ အရင်ဆုံး ဒီနှစ်အတွင်း စာမေးပွဲ သွားဖြေပါလို့ ပြောခဲ့သေးတယ်၊

ရှောင်လော်က ငယ်လွန်းသေးတော့ ကျွန်မ သူမကို နောက်ထပ် နှစ်နှစ်လောက် ဆက်ပြီး ပြုစုစောင့်ရှောက်ထားလိုက်မယ်လေ၊

နောက်ထပ် နှစ်နှစ်ကြာလို့ ရှောင်လော် မူလတန်းကို တက်နိုင်တဲ့ အရွယ်ရောက်မှ ကျွန်မ စာမေးပွဲ သွားဖြေပါ့မယ်လို့ ပြောခဲ့တာ.. ဒါပေမဲ့ သူက သဘောမတူခဲ့ဘူးလေ”

ထိုအကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် ကျန်းကျူးရိလည်း အမြန်ပင် ပြန်လည်ပြောဆိုလိုက်လေသည်။

“ဝေ့ချင်းက ငြင်းပယ်ခဲ့တယ်ဆိုတာကို ထည့်မပြောနဲ့ဦး၊ ငါကိုယ်တိုင်ဆိုရင်လည်း လုံးဝ သဘောတူမှာ မဟုတ်ဘူး”

သူက လီရှန်းကို စိုက်ကြည့်လိုက်ရင်း သူမကို ငတုံးမလေးတစ်ယောက်ကဲ့သို့ကြည့်ကာ တွေးတောမိလိုက်လေသည်။

စုဝေ့ချင်းက တက္ကသိုလ်ဝင်ခွင့်ရရှိသွားခဲ့ပြီဆိုမှတော့ သူက ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တော့မဲ့ ငှက်လေးတစ်ကောင်လိုမျိုး အထိန်းအကွပ်မရှိဘဲ ဖြစ်သွားတော့မှာ မဟုတ်ဘူးလား။

သူသည်လည်း အမျိုးသားတစ်ဦး ဖြစ်သောကြောင့် အမျိုးသားတို့၏ အားနည်းချက်များကို ကောင်းစွာ နားလည်သဘောပေါက်သည်။

စုဝေ့ချင်းတို့ ဇနီးမောင်နှံ၏ ဆက်ဆံရေးက လက်ရှိတွင် မည်မျှပင် ကောင်းမွန်နေခဲ့ပါစေ၊ အချိန်ကြာမြင့်စွာ ခွဲခွာနေရခြင်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခြင်းဟူသော စမ်းသပ်မှုကြီးကိုတော့ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

အကယ်၍ စုဝေ့ချင်းတစ်ဦးတည်းသာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့ပြီး တက္ကသိုလ်သို့ သွားရောက်တက်ခဲ့မည်ဆိုပါက လီရှန်းက ပိုင်မားခရိုင်ထဲ၌သာ ကျန်ရှိနေခဲ့ရလိမ့်မည်။

သို့ဆိုလျှင် ထိုဇနီးမောင်နှံအနေဖြင့် နောက်ထပ် နှစ်နှစ်ပင်မပြည့်မီ အချိန်အတွင်းမှာပင် ပြဿနာများစွာ ဖြစ်ပေါ်လာလိမ့်မည်။

ထို့ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြေလျှင် နှစ်ယောက်လုဲး မဖြေဘဲ နေရလိမ််မည်။ ဖြေဆိုမည်ဆိုပါကလည်း အတူတကွဝင်ရောက်ဖြေဆိုကြရလိမ့်မည်။

စာမေးပွဲ အောင်မြင်နိုင်မည်လားဆိုသည့်အချက်ကိုတော့ နောက်မှသာစဥ်းစားရလိမ့်မည်။

“ဟုတ်တယ်၊ ကျွန်တော်လည်း သူတို့နှစ်ယောက်လုံးကို မထားခဲ့နိုင်ပါဘူး၊

ကျွန်တော် သေသေချာချာ စဉ်းစားထားခဲ့ပြီးပြီ၊

အချိန်ကျလာရင် ကျွန်တော်တို့တြေ နေရာတစ်ခုတည်းမှာပဲ စာမေးပွဲကို ဝင်ဖြေကြမယ်၊

ပြီးတော့ ရှောင်လော်ကိုလည်း ကျွန်တော်တို့နဲ့အတူ တစ်ပါတည်း ခေါ်သွားကြတာပေါ့၊ အဲဒီအချိန်ကျရင် ရှောင်လော်ကလည်း မူလတန်းကျောင်းကို တက်ရတော့မှာလေ၊

ပြီးတော့ ကျွန်တော်နဲ့ ရှန်းရှန်းတို့ အတန်းဆင်းချိန် ရောက်ရင် သူမကို သွားကြိုလို့ရတာပေါ့”

စုဝေ့ချင်းကလည်း သူ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုလာခဲ့သည်။

“အခု နိုင်ငံတော်ရဲ့ မူဝါဒတွေက နေ့တိုင်း ပြောင်းလဲနေခဲ့တာ၊ဒီနှစ် ပြီးသွားရင် နောင်လာမဲ့ နှစ်တွေမှာလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျင်းပပေးမယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ”

အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခြင်းကသာ အရေးအကြီးဆုံးသောအရာ ဖြစ်သည်။

“ဒါဆို စာမေးပွဲဖြေတာက မင်းတို့ရဲ့ အလုပ်ခွင်ကို လုံးဝ မထိခိုက်စေဘူးလား”

ဖန်ချင်းလည်း သူတို့၏ စကားများကို ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ လှုပ်ခတ်သွားရလေသည်။

အမှန်အတိုင်း ပြောရလျှင် သူမအနေဖြင့် သားဖြစ်သူကို သူမ၏ဘေးနား၌သာ ဆက်လက်၍ နေထိုင်စေချင်သော်လည်း သူသာ အောင်မြင်သွားပြီး တက္ကသိုလ်သို့ သွားရောက်တက်ခွင့် ရရှိခဲ့ပါက အလွန်ကောင်းပေလိမ့်မည်။

အိမ်ထောင်ပြုမည့် အချိန်သို့ ရောက်ရှိလာလျှင်လည်း သေချာပေါက်ကောင်းမွန်သော အိမ်ထောင်ဖက်မျိုးကို ရွေးချယ်နိုင်လိမ့်မည်။

“ မထိခိုက်နိုင်ပါဘူး အမေ၊ ကျွန်တော် စာမေးပွဲဖြေမဲ့ နှစ်ရက်အတွကာ ခွင့်နှစ်ရက် တိုင်ကြားလိုက်ရုံပါပဲ”

ဝင်ခွင့်အကြောင်းကြားစာ ရရှိပြီးမှ အဲဒီအကြောင်းကို ဆက်လက်ဆွေးနွေးကြတာပေါ့။

ထို့အပြင် ဆေးဝါးစက်ရုံ၏ အခြေအနေက တခြားသော စက်ရုံများနှင့် မတူညီပေ။

ယာယီအလုပ်သမား အစားထိုး အသုံးပြုရန် မလိုအပ်ပါသောကြောင့် ပြဿနာများစွာကို သက်သာစေနိုင်သည်။

အချိန်တန်လျှင် အလုပ်ထွက်စာကို တင်သွင်းလိုက်ရုံသာဖြစ်ပေ၏။

“ဒါဆို ငါတို့ရဲ့ ကျန်းချောင်ကရော စာမေးပွဲ အောင်မြင်နိုင်ပါ့မလား”

သူမက စိတ်ထဲ၌ ဆုံးဖြတ်ချက် မချနိုင်သေးဘဲ ရှိနေခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ကျန်းချောင်၏ အခြေအနေက စုဝေ့ချင်းနှင့် မတူညီပေ။

စုဝေ့ချင်းက စုဝေ့မင်၏ သားဖြစ်သော်လည်း ကျန်းချောင်က ဝမ်းကွဲမောင်နှံသာဖြစ်လေ၏။

အကယ်၍ စုဝေ့ချင်းအတွက် ဖြစ်မည်ဆိုပါက စုဝေ့မင်က နောက်ဘက်မှ အပြည့်အဝ ကူညီပံ့ပိုးပေးလိမ့်မည်။

သို့သော် ကျန်းချောင်အတွက်ဆိုလျှင်တော့..

တစ်ဖက်က ကူညီချင်လျှင်ပင် သူမအနေဖြင့် ထိုကဲ့သို့သောမျက်နှာသာပေးမှုကိုတော့ ခံယူရဲလိမ့်မည် မဟုတ်ပေ။

“အဲဒါက ကျန်းချောင်ကိုယ်တိုင်အပေါ်မှာပဲ မူတည်ပါတယ်၊ သူသာ ကြိုးစားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေတွေ ရှိနေတာပဲ မဟုတ်ဘူးလား”

လီရှန်းက ကျန်းချောင်၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။

ကျန်းချောင် လှည့်ကြည့်လိုက်ချိန်တွင် သူမက သူ့ကို မျက်စိမှိတ်ပြလိုက်လေ၏။

ကျန်းချောင်က အလွန်ပင် ပျော်ရွှင်သွားရသောကြောင့် အော်ဟစ်ရယ်မောမိခြင်းကို ဖုံးကွယ်ရန် ခေါင်းကို အမြန်ပင် ငုံ့ထားလိုက်လေသည်။

လီရှန်း၏စကားကိာကြားလျှင် ဖန်ချင်းက ကျန်းချောင်၏ နောက်ကျောကို ဖြန်းခနဲ ရိုက်လိုက်လေ၏။

“ဒါဆိုလည်း မင်းရဲ့ အစ်မနဲ့အတူ စာတွေကို သေသေချာချာ လေ့လာရမယ်၊

နောက်ပြီး အလုပ်ကိုဂရုမစိုက်လို့ စက်ရုံကနေ အလုပ်ထုတ်ခံရရင်တော့ ငါ မင်းကို ကျေးလက်ဒေသသို့ ဆင်းဖို့အတွက် ချက်ချင်း စာရင်းပေးသွင်းပစ်မယ်”

“အမေ.. ခုခေတ်မှာ ကျေးလက်ဒေသ ဆင်းရမဲ့ အခြေအနေမျိုး မရှိတော့ဘူးလေ”

မိခင်ဖြစ်သူက စိတ်လျှော့လိုက်ပြီဖြစ်ကြောင်းကို သိလိုက်ရသောကြောင့် ကျန်းချောင်က ချက်ချင်းပင် ခေါင်းထောင်လာခဲ့သည်။

မမျှော်လင့်ဘဲ ဖန်ချင်းက နှာခေါင်းရှုံ့လိုက်ရင်း အေးစက်စွာဖြင့် ခြိမ်းခြောက်လိုက်လေသည်။

“မသွားနိုင်စရာ ဘာရှိလဲ၊ ငါတို့ရဲ့ ဇာတိအိမ်မှာ ဆွေမျိုးတွေ ရှိနေသေးတာပဲလေ၊

ငါ မင်းရဲ့ အိမ်ထောင်စုစာရင်းကို ဇာတိအိမ်ကို ပြန်ပြောင်းရွှေ့ပစ်လိုက်ပြီး မြေကွက်တစ်ကွက် လျှောက်ထားခိုင်းလိုက်ရုံပဲ”

ကျန်းချောင် : “...”

သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို ကျုံ့လိုက်ရတော့ပြီး ထပ်မံ စကားမပြောရဲတော့ပါချေ။

ယခုခေတ်ကာလတွင် အိမ်ထောင်စုစာရင်းကို ကျေးလက်ဒေသသို့ ပြောင်းရွှေ့ရန် လွယ်ကူသော်လည်း မြို့ပြသို့ ပြန်လည်ပြောင်းရွှေ့ရန်အတွက် အလွန်ပင် ခက်ခဲလွန်းသည် မဟုတ်ပါလား။

ထိုနေ့ညနေပိုင်းတွင် ကျန်းချောင်က သူ၏လူပျိုဆောင်အခန်းထဲမှ လီရှန်းနှင့် စုဝေ့ချင်းတို့၏ အိမ်ရှိ အခန်းလွတ်တစ်ခန်းထဲသို့ ပြောင်းရွှေ့ နေထိုင်ခဲ့လေ၏။

ထို့နောက် စုရှောင်လော်၏ အနီးကပ်ဆုံးသော အိမ်နီးနားချင်းဖြစ်လာခဲ့တော့သည်။

စုရှောင်လော်ကလည်း ကျန်းချောင်တစ်ယောက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတော့မည်ဖြစ်ကြောင်းကို ကြားသိရချိန်တွင်အလွန်ပင် ပျော်ရွှင်သွားခဲ့လေ၏။

ညစာစားနေချိန်တွင် သူမ၏ သေးငယ်လွန်းသော ပါးစပ်လေးက ရပ်နားခြင်းမရှိဘဲ စကားများကို အဆက်မပြတ် ပြောဆိုနေခဲ့လေ၏။

“ဦးလေး၊ ဦးလေးလည်း နောက်ပိုင်းကျရင် အမေနဲ့အတူ အတန်းအတူတူ တက်ရတော့မှာလား၊ ဒါဆိုရင်တော့ ဦးလေးက အမေကို အများကြီး ကူညီပေးရမယ်နော်၊အမေက အားသိပ်မရှိဘူး၊

ဦးလေး.. ဦးလေးက နောက်ပိုင်းကျရင် အမေ့အတွက် လုပ်ငန်းတွေကိုလည်း ကူညီပြီး လုပ်ပေးရမယ်နော်၊အမေကလည်း ဦးလေးကို စာတွေ ကူသင်ပေးလိမ့်မယ်”

“ဦးလေး.. ဦးလေးက နောက်ပိုင်းကျရင် သမီးတို့တွေအိမ်မှာပဲ အမြဲတမ်း နေထိုင်တော့မှာလား၊ သမီးနဲ့အတူ ဆော့ကစားပေးလို့ရမလား”

“ဦးလေး.. ဦးလေး..”

“…”

ထိုတစ်ညတာလုံး ကျန်းချောင်၏ ဘေးနားတွင် ထိုချစ်စရာကောင်းလွန်းသော ကလေးငယ်လေးက ကပ်တွယ်နေခဲ့လေ၏။

လီရှန်းသည်လည်း လွတ်လပ်ပေါ့ပါးမှုကို ခံစားလိုက်ရပြီး ပုံမှန်ထက် ပိုမိုစားသောက်နိုင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ပုံမှန်အားဖြင့် ဤအချိန်မျိုး၌ စုရှောင်လော်က သူမ၏ဘေးနားတွင်သာ အမြဲကပ်တွယ်နေလေ့ရှိသည်မဟုတ်ပါလား။

စုဝေ့မင်သည်လည်း စိတ်အခြေအနေ ကောင်းမွန်နေခဲ့သောကြောင့် သူ၏အရက်ခွက်စားလေးကို လှမ်းယူလိုက်ရင်း အရက်ငှဲ့သောက်နေခဲ့လေ၏။ သူက ကျန်းချောင်ကို မေးမြန်းလိုက်သည်။

“မင်းရဲ့ မိဘတွေရော မင်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမှာကို သိကြရဲ့လား”

“သိကြပါတယ်”

ကျန်းချောင်က သူ၏တူကို လျှင်မြန်စွာချထားလိုက်ရင်း ပြန်ဖြေလိုက်လေသည်။

“သူတို့က အစပိုင်းတုန်းကတော့ သဘောမတူခဲ့ကြဘူး၊ ဒါက ကျွန်တော့်ရဲ့ အလုပ်တွေကို မထိခိုက်နိုင်ဘူးဆိုတာကို သိသွားကြမှ ဖြေကြည့်ဖို့ သဘောတူပေးခဲ့ကြတာ”

ထို့အဖြေက အတော်လေး ရိုးသားဖြောင့်မတ်လွန်းသော အဖြေတစ်ခုပင်။

စုဝေ့မင်မှာ ကျန်းချောင်၏ ဤကဲ့သို့သော ပင်ကိုယ်စရိုက်မျိုးကို အလွန်ပင် သဘောကျလွန်းလေ၏။

ထို့ကြောင့် သူ၏စကားကို ကြားလိုက်ရလျှင် ခေါင်းကို ညိတ်ပြ၍ ပြောဆိုလေသည်။

“မင်း အိမ်ကို ပြန်ရောက်တဲ့အချိန်ကျရင် မင်းရဲ့ အမေကို သွားပြောလိုက်ဦး၊

မင်းအနေနဲ့ အလုပ်ချိန်အတွင်းမှာ အလုပ်ကို ကြိုးစားမယ်ဆိုရင် ဆေးဝါးစက်ရုံထဲမှာ တည်ငြိမ်တဲ့ အလုပ်အကိုင်တစ်ခုကို ရရှိနေစေရမယ်လို့ ငါကိုယ်တိုင် အာမခံချက် ပေးတယ်လို့ ပြောထားလိုက်”

ထိုစကားက သေချာပေါက်ပင် စိတ်သက်သာရာရနိုင်မည့် အာမခံ စကားတစ်ခွန်းဖြစ်လေ၏။

မည်သို့ပင်ဖြစ်စေ ဖန်ချင်း၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုက ရည်မှန်းချက်အသေးစားလေးကြောင့် ကြီးမားလွန်းသော အကျိုးကျေးဇူးကို ဆုံးရှုံးရမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်ပေသည်။

*

All Chapters