← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း(284)

“ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးစု”

ကျန်းချောင်တစ်ယောက် စုဝေ့မင်၏စကားကြောင့် စိတ်လှုပ်ရှားသွားခဲ့ရပြီး ချက်ချင်းပင် ထိုင်ရာမှ ထရပ်ကာ စုဝေ့မင်ကို လေးနက်စွာဖြင့် ဦးညွှတ်လိုက်လေသည်။

“ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဦးလေးနဲ့အတူ အရက်နည်းနည်းလောက် သောက်ပါ့မယ်”

စုဝေ့မင်လည်း ထိုင်ရာမှ ထရပ်လိုက်ပြန်ပြီး ကျန်းချောင်အတွက် အရက်ခွက်အသေးတစ်ခု ယူပေးလိုက်လေသည်။

သူ၏ သားသုံးယောက်ထဲတွင် စုဝေယန်တစ်ဦးတည်းသာ အရက်အနည်းငယ် သောက်သုံးနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူက စစ်တပ်ထဲသို့ မဝင်မီအချိန်က အရက်မသောက်တတ်သော်လည်း စစ်တပ်ထဲသို့ ရောက်ရှိသွားပြီးနောက်တွင်တော့ အရက်ကို ကောင်းစွာသောက်သုံးတတ်လာခဲ့သည်။

စုဝေ့ဟိုင်မှာတော့ အရက်က သူ၏ ဦးနှောက်ဆဲလ်များကို ပျက်စီးစေနိုင်သည်ဟူသော အကြောင်းပြချက်ကြောင့် အရက်သောက်ရသည်ကို လုံးဝ မနှစ်သက်ပေ။

သူက သုတေသနအဖွဲ့ထဲ၌ ရှိနေသရွေ့ အရက်ခွက်ကို ထိတွေ့ကိုင်ဆောင်လိမ့်မည်မဟုတ်ပါချေ။

စုဝေ့ချင်းကတော့..

ရိုးရှင်းစွာ ပြောရလျှင် အရက် လုံးဝ မသောက်တတ်သူဖြစ်သည်။

စုဝေ့မင်အနေဖြင့် ထိုကလေး ငယ်စဉ်အချိန်တုန်းက တူဖြင့် အရက်အနည်းငယ်ကို တို့ယူကာ အရသာမြည်းခိုင်းခဲ့ဖူးလေ၏။

ရလဒ်အနေဖြင့် ထိုကလေး၏မျက်ဝန်းနှစ်ဖက်လုံးက အလွန် ဖူးရောင်သွားခဲ့ရသည်။

ကျန်းချောင်က အရက်ခွက်ကို လှမ်းယူလိုက်ပြီးနောက် လက်မြှောက်ပြီး စုဝေ့မင်ကို ဂါရဝပြုလိုက်သည်။

သူက အရက်ကို အတော်လေး သောက်နိုင်လေ၏။

ကျန်းမိသားစုထဲ၌ ယောက်ျားလေး များစွာ ရှိကြသောကြောင့် သူတို့အားလုံးက ငယ်စဉ်ကတည်းကပင် အရက်သောက်သည့်အကျင့်ကို မွေးမြူလာခဲ့ကြရသည်။

ယခုအချိန်တွင် စုဝေ့မင်၏ အာမခံချက်ကတိစကားကို ရရှိခဲ့ပြီဖြစ်၍ သူက စုဝေ့မင်နှင့်အတူ အဖော်ပြုပြီး အရက်သောက်ခဲ့သည်။

ဤညစာစားပွဲက ဧည့်သည်များကို တခမ်းတနား ဧည့်ခံကျွေးမွေးသော စားသောက်ပွဲကြီးတစ်ခုနှင့် တူလေ၏။ လော်ယွီရှို့နှင့် သူမ၏ခင်ပွန်းတို့က သူတို့၏ချွေးမဖြစ်သူ လီရှန်း၏ မောင်လေးအတွက် အထူးတလည်ပြင်ဆင်ပေးခဲ့ကြသည်။

ထို့ကြောင့် လော်ယွီရှို့မှာ တစ်ညလုံး ပျော်ရွှင်စွာရယ်မောနေခဲ့၏။

တတိယသားမိသားစုမှ ဇနီးမောင်နှံနှစ်ဦးလုံးက သူတို့၏ ကလေးနှင့် ကျန်းချောင်တို့ကို ခေါ်ဆောင်ပြီး သူတို့၏ ကိုယ်ပိုင်အိမ်ဘက်သို့ ပြန်လည်၍ ထွက်ခွာသွားကြသည့် အချိန်အထိပင်။

ထိုအချိန်မှသာ သူမ၏ မျက်နှာအမူအရာက ချက်ချင်းပျက်ယွင်းသွားရပြီး စုဝေ့မင်၏ လက်မောင်းကို ဆွဲကိုင်ကာမေးမြန်းလိုက်လေသည်။

“ဘာတွေဖြစ်နေကြတာလဲ၊ တတိယသားတို့မိသားစုက ဇနီးမောင်နှံနှစ်ယောက်လုံး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသွားဖြေကြမလို့လား”

“ဟုတ်တယ်”

စုဝေ့မင်က လော်ယွီရှို့၏အမူအရာကို မြင်လျှင် သူမ ပေါက်ကွဲတော့မည်ကို ကောင်းစွာ သိရှိထားလေ၏။

ထို့ကြောင့် လျှင်မြန်စွာ ချော့မော့ပြောဆိုလိုက်ရလေသည်။

“မင်း မသိဘူးလား၊ ဝေ့ချင်းက အရင်နှစ်တွေတုန်းက ရှန်းရှန်းရဲ့ လွှဲမိုးမှုအောက်မှာ စာတွေကို ဘယ်လောက်အထိ လေ့လာနေခဲ့လဲဆိုတာ တွေ့နိုင်တာပဲလေ

မြို့တော်က ငါ့ရဲ့ မိတ်ဆွေဟောင်းတွေကတောင် သူ ရေးခဲ့ဖူးတဲ့ ဆောင်းပါးတွေအကြောင်းကို လှမ်းမေးဖူးကြသေးတယ်၊

ပြီးတော့ သူတို့က ဝေ့ချင်းကို သတင်းစာတိုက်မှာ အလုပ်လုပ်

ဖို့အတွက်ပါ တောင်းဆိုနေကြတာ၊

ဝေ့ချင်းရဲ့ စိတ်က ဒီအတွင်းရေးမှူးအလုပ်ပေါ်မှာ မရှိဘူးလို့ထင်တယ်၊

သူ အခု တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သွားဖြေတာက အကောင်းဆုံးပါပဲ၊

တကယ်လို့ စာမေးပွဲအောင်သွားခဲ့ရင်တော့ သူ့အနေနဲ့ သတင်းစာတိုက်တွေမှာ ပိုပြီးမြင့်မားတဲ့ ရာထူးနေရာတစ်ခုကို ရနိုင်ဖို့ အခွင့်အရေးသစ်ကြီး ဖြစ်လာလိမ့်မယ်

တကယ်လို့ စာမေးပွဲကျသွားခဲ့ရင်လည်း မြို့တော်က သတင်းစာတိုက်ကြီးဆီကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်ခိုင်းဖို့အတွက် ဆင်ခြေတစ်ခု ရလာတာပေါ့”

လော်ယွီရှို့ : “...”

ဒီလောက်တောင် များပြားတဲ့ လှည့်ကွက်တွေနဲ့ အချိုးအကွေ့တွေ ရှိနေခဲ့တာလား။

“ဒါဆိုရင် လီရှန်းကရော.. သူမက စက်ရုံမှာ အဆင်ပြေနေတာ မဟုတ်ဘူးလား”

“ တတိယချွေးမအကြောင်းကို ပြောရမယ်ဆိုရင်တော့ ရှောင်လော်ရဲ့ အကြောင်းပါ ထည့်ပြောရလိမ့်မယ်၊

အဲဒီကလေးမလေးက တကယ့်ကို ဥာဏ်ကောင်းလွန်းတယ် မဟုတ်ဘူးလား”

လော်ယွီရှို့က ခေါင်းညိတ်ပြလိုက်လေသည်။

အလွန်အမင်းကို ဥာဏ်ကောင်းလွန်းသည်။

အပြင်လူများ မသိရှိနိုင်သော်လည်း မိသားစုဝင်များက အသိဆုံးပင်။

စုဝေ့မင်တို့ ဇနီးမောင်နှံမှာ ဘေးအိမ်တွင် နေထိုင်ကြသူများဖြစ်၍ ကလေးငယ်နှင့် ပို၍ရင်းနှီးကျွမ်းဝင်ကြလေ၏။

သူတို့၏ မြေးယောက်ျားလေးများ အားလုံးပေါင်းလျှင်ပင် ဤမြေးမလေးတစ်ဦးတည်း၏ ဥာဏ်ရည်ကို မမီနိုင်ကြပေ။

သူမက သူမ၏ အရွယ်နှင့်မမျှအောင်ပင် ရင့်ကျက်ရုံမျှမက စိတ်ထဲတွင်လည်း ဆန်းပြားလွန်းသော အတွေးအမြင်များစွာ ရှိနေတတ်လေသည်။

အထူးသဖြင့် စာပေလေ့လာခြင်း ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် သူမက အမှန်တကယ့်ကို ပါရမီထူးခြားလွန်း၏။

စုဝေ့မင်ကိုယ်တိုင်ပင် သူမကို ကဗျာအမြောက်အမြားနှင့် သင်္ချာပုစ္ဆာတချို့ကို တိတ်တဆိတ် သင်ကြားပေးခဲ့ဖူးသည်။

သူ ကြွားလုံးထုတ်၍ ပြောဆိုခြင်း မဟုတ်ပေ။ ဤအသက်ငါးနှစ်အရွယ် ကလေးငယ်လေးက စတုတ္ထတန်း၏ သင်္ချာစ္ဆာများကိုပင် အမြင့်ဆုံးအမှတ်များအထိ ရရှိအောင် တွက်ချက်နိုင်စွမ်း ရှိလေ၏။

ထိုကလေးငယ်လေးက လီရှန်း၏ ဥါက်ရည်ထက်မြက်လွန်းသော ဦးနှောက်ကို ဆက်ခံရရှိထားခြင်းကြောင့် ဖြစ်နိုင်သည်။

ထိုအကြောင်းကို ပြောရလျှင်..

လွန်ခဲ့သောအချိန်က လီရှန်းမှ ဆေးဝါးစက်ရုံ၏ ဝင်ခွင့်စာမေးပွဲတွင် ပထမအဆင့်ကို ရရှိခဲ့ဖူးသည်မဟုတ်ပါလား။

လီရှန်းအနေဖြင့် ထိုအချိန်က စက်ရုံထဲရှိ မည်သည့်လေ့ကျင့်ရေးစာအုပ်များကိုမှ ကြိုတင်ရရှိခဲ့ခြင်း မရှိကြောင်း သိထားရပေမည်။

သူမက သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုနှင့် အချက်အလက်များကို ရှာဖွေလေ့လာခြင်းဖြင့်သာ ပထမဆုံးအမှတ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

သူမက စစ်မှမ်သော အောင်မြင်သူဖြစ်လေ၏။

“ဒီလောက်ထိ ဥာဏ်ကောင်းလွန်းတဲ့ ကလေးက ပိုင်မားခရိုင်ထဲမှာပဲ နေထိုင်သွားရမယ်ဆိုရင် နှမြောစရာ ကောင်းလွန်းလိမ့်မယ်”

လော်ယွီရှို့ဘက်မှ မေးခွန်းထုတ်မည်အချိန်မှာပင် စုဝေ့မင်က ဆက်ပြောလိုက်လေသည်။

“တကယ်တော့ သူမကို ပြည်နယာမြို့တော်ကို ပို့ဆောင်လိုက်မယ်ဆိုရင်တောင် ငါကတော့ နှမြောစရာ ကောင်းလွန်းတယ်လို့ ခံစားရတုန်းပဲ၊

ငါတို့ရဲ့ နင်ပြည်နယ်တစ်ခုတည်းကိုပဲ ကြည့်ဦး၊ သမိုင်းတစ်လျှောက်မှာ ဘယ်လိုတက္ကသိုလ်ကောင်းတွေ ရှိခဲ့ဖူးလို့လဲ”

မရှိပါချေ။

တက္ကသိုလ်တစ်ခုလေးပင် မရှိခဲ့ပေ။

ကျောင်းများကို ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည့်အချိန်မှစ၍ ထိုတက္ကသိုလ်များအားလုံးလည်း ပြိုကွဲပျက်စီးသွားခဲ့ရသည်။

ဆရာအများစုကလည်း ထွက်ခွာသွားခဲ့ကြလေပြီ။

“ငါ့ကတော့ သူတို့နှစ်ယောက်လုံးကို အရင်ဆုံး ဖြေကြည့်စေချင်တယ်၊ ကံကောင်းပြီး ပေကျင်းက တက္ကသိုလ်ကြီးတစ်ခုခုကို ဝင်ခွင့်ရရှိသွားခဲ့တာလည်းဖြစ်နိုင်တာပဲ”

လော်ယွီရှို့ ကြောင်အသွားရလေတော့သည်။

မြို့တော်ကြီး ဟုတ်လား။

*

ပေကျင်းတက္ကသိုလ်သို့ ဝင်ရောက်နိုင်မည့် အလားအလာ ရှိနေခဲ့ပြီဖြစ်၍ ရဲဘော်လော်ယွီရှို့အနေဖြင့် သားဖြစ်သူတို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြသည့်ကိစ္စအပေါ် ကန့်ကွက်စကားမဆိုတော့ပေ။

ထို့အစား သူမက မီးဖိုချောင်ရှိ ကိစ္စအားလုံးကို သူမကိုယ်တိုင် တာဝန်ယူလိုက်တော့သည်။

သူမက ထိုစာမေးပွဲဖြေဆိုမည့် ကျောင်းသား သုံးယောက်လုံး၏ အသိဉာဏ်ပညာများကို ပိုမို၍ မြင့်မားလာစေရန်အတွက် ကူညီပေးနိုင်မည့် အရသာရှိသော အစားအသောက်များကို ချက်ပြုတ်ပေးခဲ့လေ၏။

အကြောင်းကြားစာကို ရရှိသည့်အချိန်မှစ၍ စာမေးပွဲကြီးကို စတင်ကျင်းပမည့် အချိန်အထိ တစ်လတိတိ ကြာမြင့်ခဲ့သည်။

ထို့ကြောင့် လီရှန်းတို့အနေဖြင့် အချိန်တစ်မိနစ်၊ တစ်စက္ကန့်တိုင်းကို အမိအရ ဆုပ်ကိုင်ကာ စာပေများကို အပြင်းအထန် ပြန်လည်ကျက်မှတ်နေခဲ့ကြသည်။

ဆိုရလျှင် လီရှန်းနှင့် စုဝေ့ချင်းတို့နှစ်ဦးက စာမေးပွဲအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့ကြလေ၏။

သူတို့အနေဖြင့် အများစုကို ကောင်းစွာ သိရှိနားလည်ထားကြလေပြီ။

ယခုအချိန်တွင် အခက်ခဲဆုံးအရာက ကျန်းချောင်အတွက် ကူညီသင်ကြားပေးရန်သာ ဖြစ်လေ၏။

ဖန်ချင်း ပြောခဲ့ဖူးသည့်အတိုင်းပင်။ ကျန်းချောင်က သိပ်ပြီး ဥာဏ်ရည်ထက်မြက်လွန်းသော ကလေးတစ်ဦး မဟုတ်ပါချေ။ သို့သော်လည်း သူက အတော်လေး ကြိုးစားအားထုတ်တတ်ပြီး ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်လေသည်။

ထို့ကြောင့် သူက အထက်တန်းကျောင်းတွင် ထိပ်တန်းကျောင်းသားများကြား၌ ပါဝင်နိုင်ခဲ့သည်။ ဆေးဝါးစက်ရုံ၏ ဝင်ခွင့်စာမေးပွဲတွင်လည်း သူ၏အဆင့်အတန်းက မဆိုးရွားခဲ့ပေ။

သို့သော် တက္ကသိုလ်သို့ ဝင်ခွင့်ရရှိရန် ကိစ္စနှင့် ပတ်သက်လာလျှင် သူ့အတွက် အနည်းငယ်တော့ ခက်ခဲပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူ၏ပြိုင်ဘက်များက နိုင်ငံတစ်ဝှမ်းလုံးတွင်ရှိနေခဲ့သည်။

လူတိုင်းင ဆယ်နှစ်ပတ်လုံးကြာမြင့်အောင် စောင့်မျှော်ခဲ့ကြရပြီးနောက် အခွင့်အရေးသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည့်အတွက် စာမေးပွဲဖြေဆိုကြလိမ့်မည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စုဝေ့ချင်းတို့ဇနီးမောင်နှံက ညစဉ် ညဉ့်နက်သည်အထိ ကျန်းချောင်ကို ကူညီသင်ကြားပေးခဲ့ကြရသည်။

အထူးသဖြင့် သင်္ချာဘာသာရပ်ပင်။

သင်္ချာဘာသာရပ်ဆိုသည်မှာ အတွေးအခေါ်များကို လိုအပ်သည့် ဘာသာရပ်တစ်ခုဖြစ်သည်။

ကျန်းချောင်အနေဖြင့် ဖြည့်စွက်သင်ယူရန်အတွက် လိုအပ်နေသည့် နယ်ပယ်တစ်ခုလည်း ဖြစ်လေ၏။

စုဝေ့ချင်းက သင်္ချာဘာသာရပ်တွင် မထူးချွန်သော်လည်း စာပေရေးသားခြင်းအပိုင်းတွင် အားသာချက် ရှိသည်။

လီရှန်းကတော့ သိပ္ပံဘာသာရပ်နှင့် စာပေရေးသားခြင်း နှစ်ခုလုံးတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ သို့သော်လည်း သူမက စာပေတွင် စုဝေ့ချင်းလောက်တော့ ပါရမီ ထူးကဲခြင်းမရှိပေ။

ထို့ကြောင့် လီရှန်းက သင်္ချာဘာသာရပ်ကို သင်ကြားပေးပြီး စုဝေ့ချင်းက တရုတ်စာပေဘာသာရပ်ကို သင်ကြားပေးခဲ့သည်။

သူတို့နှစ်ယောက်အနေဖြင့်လည်း တစ်ဦး၏သင်ကြားချက်ကို တစ်ဦးက နားထောင်ခဲ့ကြလေ၏။

ဤကဲ့သို့ စနစ်တကျပြန်လည် သုံးသပ်မှုများကို ပြုလုပ်ခဲ့ကြသောကြောင့် မူလက ကျန်းချောင်အတွက် အနည်းငယ် ခက်ခဲလွန်းသည်ဟု ထင်ရသော သင်ခန်းစာများက ရက်အနည်းငယ်မျှ ကြာလွန်ပြီးနောက်တွင် ချောမွေ့လွယ်ကူသွားခဲ့ရလေသည်။

သူက မနက်တိုင်း စောစောထပြီး စာပေများကို အလွတ်ကျက်မှတ်လေ့ရှိပြီး အလုပ်ဆင်းချိန်သို့ ရောက်လျှင်လည်း လေ့ကျင့်ခန်း ပုစ္ဆာများကို အမြဲ တွက်ချက်လေ့ရှိလေ၏။

ကျန်းကျူးရိနှင့် သူ၏ဇနီးဖြစ်သူတို့က သူ့အတွက် ရိက္ခာဆန်များကို လာရောက်ပေးအပ်သည့် အချိန်ကျမှသာ အချိန်များ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီဖြစ်ကြောင်းကို သတိပြုမိခဲ့တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ့်တစ်လပိုင်းသို့ ရောက်ရှိလာခဲ့လေ၏။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးကို စတင်ကျင်းပရန်အတွက် ရက်ပေါင်း နှစ်ဆယ်ပင်မလိုတော့ပေ။

“မင်းကတော့လေ.. ဒီနေရာမှာ ဒီလောက်အထိ သက်တောင့်သက်သာစားသောက်နေတာတောင် ဘာလို့ အိမ်ကိုပြန်လာပြီး ရိက္ခာတွေလာမယူရတာလဲ”

ဖန်ချင်းက အလွန်အမင်း အားနာလွန်းသော မျက်နှာအမူအရာဖြင့် လော်ယွီရှို့၏ လက်ကိုဆွဲကိုင်ပြီး ပြောလိုက်လေ၏။

“ခမည်းခမက် အားနာလိုက်တာ၊ အရင် ရက်ပိုင်းတွေမှာ ရှင်တို့မိသားစုအပေါ် အများကြီး ဒုက္ခပေးခဲ့မိပြီ၊

ကျွန်မရဲ့ သားကတော့.. ကျွန်မကို မလှောင်ပြောင်ပါနဲ့ဦး၊ သူက အပြင်ပန်းမှာတော့ ရိုးသားဖြောင့်မတ်ပုံရပေမဲ့ တကယ်တော့ အရမ်းကို ခေါင်းမာလွန်းတယ်၊

ကျွန်မက သူ့ကို အလုပ်ထဲမှာပဲ သေသေချာချာအာရုံစိုက်ခိုင်းပေမဲ့ သူကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုပဲ သွားဖြေဆိုမယ်လို့ အတင်းအကျပ် ပြောဆိုနေတာလေ”

လော်ယွီရှို့ကလည်း ဖန်ချင်း၏ လက်ကို ပြန်လည် ဆွဲကိုင်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးလုံးက အမျိုးသမီးရေးရာလုပ်ငန်းများကို လုပ်ဆောင်နေကြသူများဖြစ်ကြသောကြောင့် ချက်ချင်းပင် အဆင်ပြေသွားခဲ့ကြသည်။

“ဘာတွေများ ဒုက္ခရောက်ရမှာလခမည်းခမက်ရဲ့၊ ကျွန်မတို့အိမ်မှာလည်း စာမေးပွဲဖြေမဲ့ ကျောင်းသား နှစ်ယောက် ရှိနေတာပဲလေ၊

သူတို့တွေက စာအတူတူကျက်နေကြတာပဲမလား”

*

All Chapters