← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း(285)

“ကျွန်မ ဒီနေ့ အိမ်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တချို့ကို လာပေးတာက၊ ကျွန်မတို့ရဲ့ လောင်ကျန်းက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ရွာထဲက ယူလာခဲ့တာ၊လေ

အဲဒီနေရာရဲ့ မြေဆီလွှာနဲ့ ရေထုက အရမ်းကောင်းမွန်တော့ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကလည်း တကယ့်ကို အရသာရှိတယ်၊

ကြည်ရတာ ရွာထဲမှာ ဖန်လုံအိမ် စိုက်ပျိုးရေးစနစ် တစ်ခုခုကို စမ်းသပ်လုပ်ဆောင်နေကြပုံရတယ်၊

သူတို့တွေက ရာသီမဟုတ်တဲ့ ဟင်းသီးဟင်းရွက်များကိုတောင် အောင်အောင်မြင်မြင်နဲ့ စိုက်ပျိုးနိုင်ခဲ့ကြပြီတဲ့..

ကျွန်မတို့အိမ်မှာလည်း ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက်တည်းပဲရှိတာမို့လို ဒီလောက်အထိ များတဲ့ ပစ္စည်းတွေကို မစားနိုင်ဘူးလေ၊

အဲဒါကြောင့် ခမည်းခမက်တို့မိသားစုအတွက် လာပေးတာ၊ ပြီးတော့ ကလေးတွေရဲ့ လေ့ကျင့်ရေး အခြေအနေက ဘယ်လိုရှိလဲဆိုတာကိုလည်း လာကြည့်တာ”

ထို့နောက်တွင် ဖန်ချင်းက ကျန်းချောင်ထံသို့သွားခဲ့လေ၏။

လော်ယွီရှို့မှာတော့ ဖန်ချင်းမှ သူမ၏ လက်ထဲသို့ ခြင်းတောင်းကြီးတစ်ခုကို အတင်းထိုးထည့်ပေးလိုက်သောကြောင့် ငြင်းပယ်ရန် အခွင့်အရေးပင် မရရှိခဲ့ပေ။

သူမအနေဖြင့် ထိုခြင်းတောင်းကြီးကို သယ်ဆောင်ပြီး မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားရုံသာ တတ်နိုင်ခဲ့သည်။

ဖန်ချင်း သယ်ဆောင်လာခဲ့သော ပစ္စည်းပမာဏက အမှန်တကယ်ပင် များပြားလွန်း၏။

ဆောင်းတွင်း၏ အဓိက ဘုရင်သုံးပါးဖြစ်ကြသော မုန်လာဥနီများ၊ မုန်ညင်းထုပ်များနှင့် အာလူးများ ပါရှိနေရုံမျှမက လတ်ဆတ်လွန်းသော ဟင်းရွက်စိမ်းများနှင့် ပဲတောင့်ရှည်များတို့အပြင် ချဉ်ဖတ်အိုးအသေးလေးတစ်လုံးပါ ပါဝင်သေး၏။

ထိုဟင်းသီးဟင်းရွက်များ၏ ဘေးတွင်တော့ အညိုရောင် စက္ကူဖြင့် သေသေချာချာ ထုပ်ပိုးထားခဲ့သော ငန်းတစ်ကောင်လုံးပပါဝင်သေးလေ၏။

လော်ယွီရှို့ : “...”

ဒီငန်းသားရဲ့ ဈေးနှုန်းက အရမ်းကိုပ ကြီးလွန်းတယ်လေ။

သူတို့၏ မိသားစုပင်လျှင် ဤကဲ့သို့သော ပစ္စည်းမျိုးကို အလွယ်တကူ ဝယ်ယူစားသောက်ရန်အတွက် ဝန်လေးလွန်း၏။

သူမက လက်ထဲမှ ထိုငန်းသားထုပ်ကို သယ်ဆောင်လျက် ဖန်ချင်း၏ အနောက်သို့ အမြန်သွားခဲ့လေသည်။

“ ခမည်းခမက်၊ ဒီငန်းသားက အရမ်း တန်ဖိုးကြီးလွန်းတယ်၊ ဟင်းသီးဟင်းရွက်တွေကိုတော့ ကျွန်မ လက်ခံလိုက်ပါ့မယ်၊ ဒါပေမဲ့ ဒီငန်းသားကိုတော့ ရှင်ပဲ အိမ်ကို ပြန်သယ်ဆောင်သွားပြီး စားလိုက်ပါလား”

“အိုး .. ခမည်းခမက်ကတော့..ကျွန်မတို့က မိသားစုဝင်တွေ

ပဲလေ၊ အားနာနေစရာ မလိုပါဘူး၊ကျွန်မတို့အိမ်မှာလည်း ကျွန်မနဲ့ လောင်ကျန်း တို့နှစ်ယောက်တည်းပဲ ရှိတာ၊

ဒီငန်းသားကို ဘယ်လိုမှ ကုန်အောင် မစားနိုင်ဘူး၊ ကျန်းချောင်ကလည်း ဒီမှာ စာကျက်နေတာလေ၊

ရှင်နဲ့ ဒုညွှန်ကြားရေးမှုးစုတို့ နှစ်ယောက်လုံးက သူတို့ကို ကူညီပေးနေကြတာ မဟုတ်ဘူးလား၊ လူတိုင်းအတွက် အာဟာရဖြစ်အောင် ကျွန်မတို့တွေ ဒီငန်းသားစွပ်ပြုတ်ကို အတူ ချက်ပြုတ်ကြလိုက်ကြတာပေါ့၊

မကြာခင် စာမေးပွဲကြီးလည်း စတင်တော့မှာ၊ ဒါတွေက သူတို့အတွက် အာဟာရ ပြည့်စေလိမ့်မယ်၊ ဒီလိုဆိုရင် သူတို့လည်း စာမေးပွဲကို အားအပြည့်နဲ့ ဖြေဆိုနိုင်ကြလိမ့်မယ်”

လော်ယွီရှို့ဘည်း ရွေးချယ်စရာမရှိတော့ဘဲ ထိုငန်းသားကို လက်ခံလိုက်ရလေ၏။

“ ဒီလိုဆိုမှတော့ ဒီနေ့ညကျရင် ခမည်းခမက်ကျန်းကိုပါ ညစာအတူ စားဖို့အတွက် ဖိတ်ပေးပါဦး၊

ကျွန်မ ဒီငန်းသားကို ကောင်းကောင်းလေးနှပ်ထားလိုက်ပမယ်၊

ကျွန်မတို့မိသားစုနှစ်စုလည်း အေးအေးဆေးဆေး စကားမပြောရတာ အတော်လေး ကြာပြီ၊

လောင်စုတောင် ခမည်းခမက်နဲ့အတူ အရက်သောက်ချင်

တယ်လို့ ပြောနေတာ”

ဖန်ချင်းကလည်း ငြင်းဆန်ခြင်းမပြုတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပါပြီ၊ ဒါဆိုရင်တော့ အလုပ်ဆင်းချိန် ရောက်ရင် ကျန်းချောင်ကိုလွှတ်လိုက်မယ်လေ”

ထို့နောက် သူမက သူမ၏အင်္ကျီလက်စများကို အမြန်ပင့်တင်လိုက်သည်။

“ကျွန်မတို့တွေ သူတို့ စာကျက်နေတဲ့အချိန်မှာ အနှောင့်အယှက် မပေးကြရအောင်၊ ကျွန်မ ရှင်နဲ့အတူ မီးဖိုချောင်ထဲကို လိုက်ခဲ့ပြီး ဟင်းတွေချက်ပြုတ်တဲ့နေရာမှာ ကူညီပေးပါ့မယ်”

လော်ယွီရှို့လည်း မငြင်းခဲ့ပါချေ။ မည်သို့ပင်ဖြစ်စေ အမျိုးသမီးရေးရာ လုပ်ငန်းများကို လုပ်ဆောင်နေသူဖြစ်၍ သူမအနေဖြင့် အမျိုးသမီးများကြားတွင် မီးဖိုချောင်ထဲ၌ ပြိုင်ဆိုင်တတ်သော စရိုက်မျိုးကို ကောင်းစွာ သိရှိထားသည်။

သူမအနေဖြင့် ထမင်းဟင်းများကို ကောင်းမွန်အောင် ချက်ပြုတ်ရပေလမ့်မည်။

သို့မဟုတ်ပါက ခမည်း ခမက်၏ ရှေ့တွင် အရှက်ရသွားပေလိမ့်မည်။

ဤသို့ဖြင့် မိသားစုနှစ်စုမှ အမျိုးသမီးနှစ်ဦးလုံးက မီးဖိုချောင်ထဲ၌ အပြိုင်အဆိုင် ချက်ပြုတ်ပြင်ဆင်နေခဲ့ကြလေ၏။

စုဝေ့မင်မှာတော့ ရုံးခန်းထဲ၌ စုရှောင်လော်နှင့်အတူ ရှိနေခဲ့လေသည်။

အလုပ်ရုံ ဒါရိုက်တာတစ်ဦးက လုပ်ငန်းများကို လာရောက်အစီရင်ခံတင်ပြပြီးနောက်တွင် သူ၏အကြည့်များက စုရှောင်လော်ဘက်သို့ ရောက်ရှိသွားခဲ့ပြန်၏။

စုရှောင်လော်က ကစားစရာ အရုပ်မလေးနှင့်အတူ တိတ်တဆိတ် ဆော့ကစားနေခဲ့သည်။

ထို့နောက်တွင်တော့ သူမ၏ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ပြီး အိမ်စာများကို စတင်တွက်ချက်နေခဲ့ပြန်၏။

အလုပ်ရုံ ဒါရိုက်တာမှာ အံ့သြသင့်စွာဖြင့် မျက်လုံးများပင် ပြူးကျယ်သွားရသည်။

သို့သော် စုရှောင်လော် အနည်းငယ်မျှပင် သတိပြုမိခြင်း မရှိပေ။

သူမက စာလုံးများကို တစ်ဝက်ခန့် ရေးသားပြီးစီးသွားချိန်တွင် သူမ၏လွယ်အိတ်လေးထဲမှ စာသင်ကြားရေး စာအုပ်ကို ထုတ်ယူလိုက်ပြီး လှန်လှောကြည့်ရှုလိုက်ပြန်သည်။

ထိုအလုပ်ရုံ ဒါရိုက်တာမှာတော့ သူ၏ ကောင်းမွန်လွန်းသည့် အမြင်အာရုံဖြင့် ထိုစာအုပ်မှာ လေးတန်း၊ သို့မဟုတ် ငါးတန်းပညာသင်ကြားရေးစာအုပ်ဖြစ်ကြောင်းကို တွေ့လုက်ရသည်။

ဆွေးနွေးပြောဆိုခြင်း ပြီးစီးသွားခဲ့လေပြူ။

ထိုအလုပ်ရုံ ဒါရိုက်တာက ဧည့်ခန်းထဲရှိ စားပွဲခုံပုလေးအနားသို့ သွားခဲ့ပြီး ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ကာ စာအုပ်ကို အကဲခတ်ကြည့်ရှုလိုက်လေသည်။

“ဘုရားရေ၊ ဒီစာအုပ်က တကယ်ကြီး ငါးတန်း သင်္ချာစာအုပ်ကြီး ဖြစ်နေခဲ့တာပဲ ”

ထို့နောက်တွင် သူက စုရှောင်လော် တွက်ချက် ပြီးစီးသွားခဲ့ပြီဖြစ်သော အိမ်စာများကို ဆက်ကြည့်လိုက်လေ၏။

ဤအလုပ်ရုံ ဒါရိုက်တာမှာ ဖခင်ကောင်းတစ်ဦးဖြစ်ကာ သားဖြစ်သူ၏ အတန်းစာများကိုလည်း ကူညီသင်ကြားပေးလေ့ရှိသည်။

သူ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် စုရှောင်လော် တွက်ချက်ထားသော အဖြေများအားလုံးက ပြီးပြည့်စုံစွာ မှန်ကန်နေခဲ့ကြောင်းကို မြင်လုက်ရ၏။

ထို့ကြောင့် သူ၏စိတ်ထဲတွင် ပို၍ အံ့ဩတုန်လှုပ်သွားရသည်။

“ဒုညွှန်ကြားရေးမှုးစု၊ ခင်ဗျားရဲ့ မြေးမလေးကတော့ တကယ့်ကို ထူးချွန်လွန်းတာပဲ”

“သေချာတာပေါ့၊ သူမရဲ့ မိခင်က တကယ့်ကို ဥာဏ်ရည်ထက်မြက်လွန်းတယ်လေ၊ အဲဒါကြောင့် ဒီကလေးကလည်း သူ့အမေရဲ့ဥာဏ်ရည်ကို အပြည့်အဝ ဆက်ခံရရှိထားတာ”

စုဝေ့မင်တစ်ယောက် အလွန်ပင် စိတ်ရှုပထွေးရသော လေသံဖြင့် ပြောဆိုလေသည်။

“တကယ်တော့ ဝေ့ချင်းကိုယ်တိုင်လည်း ဥာဏ်ကောင်းလွန်းတယ်၊ သူ ရေးသားခဲ့ဖူးတဲ့ ဆောင်းပါးတွေလည်း အတော်လေး ကောင်းမွန်တာပဲ မဟုတ်ဘူးလား

ကြားရသလောက်တော့ မြို့တော်ရဲ့ သတင်းစာတိုက်ကြီးကတောင် သီးသန့် ကလောင်ရှင်အဖြစ် စာချုပ်ချုပ်ဖို့အတွက် တောင်းဆိုနေကြတာတဲ့၊

တကယ်လို့ သူသာ သူ့ရဲ့ ပုံမှန်အလုပ်တွေနဲ့ အလုပ်ရှုပ်မနေခဲ့ရင် သေချာပေါက် စာရေးဆရာကြီးတစ်ဦး ဖြစ်လာနိုင်မှာပဲ”

သူပြောချင်သည့်စကားကတော့ ရှင်းလင်းပေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဤလူများမှ စုဝေ့ချင်းကို “ကောင်းမွန်လွန်းတဲ့ ဝါးပင်အိုကြီးကနေ ထွက်ပေါ်လာတဲ့ အသုံးမကျတဲ့ ဝါးမျှစ်စုတ်လေးတစ်ပင်” ဟူ၍လည်းကောင်း၊ စုဝေ့မင်၏ တတိယသားက ထမင်းစားခြင်းနှင့် ပျင်းရိခြင်းကိစ္စရပ်များတွင်သာ ထူးချွန်သူတစ်ဦးဖြစ်သည်ဟူ၍လည်းကောင်း အမြဲတစေ ကဲ့ရဲ့ပြောဆိုခဲ့ကြဖူး၏။

စုဝေ့မင်က လက်ကို ဝှေ့ယမ်းပြလိုက်သော်လည်း သူ၏စိတ်ထဲတွင် အလွန်ပင် ဂုဏ်ယူနေခဲ့လေသည်။

သို့သော် အပြင်ပန်းတွင် နှိမ့်ချသော အမူအရာမျိုးကိုသာ ဆက်လက် ပြသနေခဲ့၏။

သူ၏နှိမ့်ချလွန်းသော အမူအရာ၏ နောက်တွင် ဂုဏ်မောက်လိုသော အရိပ်အယောင်တချို့က ထင်ရှားစွာ ရှိနေခဲ့သည်။

ထိုအလုပ်ရုံဒါရိုက်တာက စုရှောင်လော်၏ ဘေးနားတွင် ရပ်နေခဲ့ပြီး အချိန်အနည်းငယ်မျှ ထပ်မံ၍စောင့်ကြည့်နေခဲ့လေ၏။

သူ ကြည့်ရှုလေလေ သူ၏စိတ်ထဲ၌ ပိုမို၍ အံ့ဩတုန်လှုပ်မိလေလပင်။

ကလေးမလေးက အလွန်ပင် ငယ်ရွယ်လွန်းသေးသော်လည်း မေးခွန်းအားလုံးကို မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့သည်။

သူမ၏ လက်ရေးလေးက အနည်းငယ်မျှ ကလေးဆန်သော်လည်း အတော်လေး သန့်ရှင်းသေသပ်သည်။

သူ၏ အငယ်ဆုံးသားဖြစ်သူ၏ ဆိုးရွားလွန်းသော လက်ရေးကို ပြန်တွေးတောမိလိုက်ချိန်တွင် သူ၏စိတ်ထဲ၌ အလွန်ပင် စိတ်မသက်မသာဖြစ်မိရတော့သည်။

သူက သူ၏ နာကျင်နေသော နှလုံးသားဖြင့် ရုံးခန်းထဲမှ လှည့်ထွက်ခွာသွားခဲ့ရသည်။

သူ စိတ်ထဲတွင် တွေးတောလိုက်မိသည်။

စုဝေ့ချင်းကတော့ တကယ့်ကို ကံကောင်းလွန်းတာပဲ။ သူ့မှာ ကောင်းမွန်လွန်းတဲ့ အဖေရှိသလို၊ကောင်းမွန်လွန်းတဲ့ ဇနီးလည်း ရှိပြီး၊ ကောင်းမွန်လွန်းတဲ့ သမီးလေးလည်း ရှိနေခဲ့ပြီ။

နှမြောစရာ ကောင်းတဲ့အချက်ကတော့ သူ့မှာ သားယောက်ျားလေး မရှိတာပဲ။

ထိုအလုပ်ရုံ ဒါရိုက်တာက သူမ၏ ဘေးမှ ဝင်ရောက်နှောင့်ယှက်နေခဲ့သော်လည်း စုရှောင်လော်ကတော့ သူမ၏အိမ်စာ တွက်ချက်ခြင်းကိစ္စရပ်များအပေါ်တွင်သာ စိတ်အာရုံကို အပြည့်အဝ ထိန်းထားနိုင်ခဲ့လေသည်။

မည်သည့်အရာကမှ သူမ၏ စိတ်အာရုံကို ပျံ့လွင့်စေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

စုဝေ့မင်က ဤကလေးငယ်နှင့် ပတ်သက်၍ အလေးစားဆုံးအချက်က သူမ၏ စိတ်အာရုံ စူးစိုက်နိုင်စွမ်းပင် ဖြစ်သည်။

သူမ၏ စိတ်အာရုံက အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိဘဲ ခိုင်မာလွန်းလေ၏။

မူလတန်းကျောင်းသို့ တက်နေကြပြီဖြစ်သော အကြီးဆုံးမြေးလေး နှစ်ယောက်ပင်လျှင် သူမကို မယှဉ်ပြိုင်နိုင်ကြပေ။

လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ ဒုတိယမြေးဖြစ်သူ စုကျွင့်က စုရှောင်လော်ထံသို့လာကာ သင်္ချာပုဒ်စ္ဆာတစ်ခုကို တိတ်တဆိတ်မေးမြန်းခဲ့ဖူးသည်ကို ပြန်တွေးမိလျှင် စုဝေ့မင်တစ်ယောက် စိတ်ထဲတွင် ရယ်လည်းရယ်ချင်ကာ၊ စိတ်မကောင်းလည်းဖြစ်မိရရှာတော့၏။

လေးတန်း ကျောင်းသားတစ်ဦးက အသက်ငါးနှစ်အရွယ် ကလေးငယ်လေးထံ၌ သင်္ချာပုဒ်စ္ဆာကို လာရောက်မေးမြန်းခဲ့သည်။ ဤသည်မှာ စုကျွင့်ကို အရှက်မရှိသကဲ့သို့ ဖြစ်စေသည်မဟုတ်ပါလား။

စုဝေ့မင် အလုပ်ဆင်းချိန်သို့ ရောက်ရှိလာသည့်အချိန်ထိ စုရှောင်လော်က ဤလုပ်ငန်းစဉ်များကိုသာ အကြိမ်ကြိမ် ပြန်လည်လုပ်ဆောင်နေခဲ့လေ၏။

ခဏမျှ ဆော့ကစားသည်၊ ရုံးခန်းတံခါးဝသို့ သွားကာ ခဏမျှ ခုန်ပေါက်သည်၊ ထို့နောက်တွင် ပြန်လာခဲ့ပြီး သူမ၏အိမ်စာများကို နောက်တစ်ကြိမ်တွက်ချက်သည်။

စုဝေ့မင် အလုပ်ဆင်းချိန်သို့ ရောက်ရှိလာချိန်တွင်တော့ သူမလည်း ပျော်ရွှင်စွာ ဆော့ကစားပြီးခဲ့လေပြီ။

ထို့ပြင် သူမ၏အိမ်စာများကိုပါ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့၏။

စုဝေ့မင်က ထိုနေရာ၌ ခဏမျှ ဆက်နေခဲ့ပြီးနောက်တွင် မှင်နီကို အသုံးပြုပြီး စုရှောင်လော်၏ အိမ်စာများကို ကူညီစစ်ဆေးပေးလိုက်လေသည်။

စုရှောင်လော်၏ အနည်းငယ် စိုးရိမ်ပူပန်နေသော အကြည့်အောက်တွင် သူက စုရှောင်လော်၏ အိမ်စာ စာမျက်နှာပေါ်၌ ကြီးမားလွန်းသော အမှန်ခြစ်ကြီးတစ်ခုကို ခြစ်ပေးလိုက်လေသည်။

ထို့နောက် ချောမွေ့စွာဖြင့် အမှတ် (၁၀၀) ဟူ၍ ရေးသားပေးလိုက်လေတော့၏။

စုရှောင်လော်တစ်ယောက် နောက်ဆုံးတွင် စိတ်အေးသွားရပြီး သူမ၏ လက်လေးဖြင့် ရင်ဘတ်ကို ခပ်ဖွဖွ ပုတ်လိုက်သည်။

“အဘိုး၊ ရှောင်လော်နောက်ထပ် အမှတ်ပြည့် ထပ်ရပြန်ပြီ”

“အဘိုးတို့အိမ်က သမီးလေးက အရမ်း တော်တယ်၊ သွားရအောင် အဘိုးတု့တွေ အိမ်ပြန်ကြမယ်”

“ အဘွားက ဒီနေ့ညကျရင် သမီးတို့အတွက် ဘာတွေချက်ပြုတ်ပေးမလဲ မသိဘူး”

*

All Chapters