← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀ - သွေးဆေးလုံး

ချီရွှမ်းစုက ဝေခွဲမရဖြစ်နေသေးပြီး နောက်ထပ် သဲလွန်စများ ရရှိရန် ဂမ္ဘီရဝိဇ္ဇာ၏ အလောင်းကို ရှာဖွေကြည့်လိုက်၏။ စေ့စေ့စပ်စပ် ရှာဖွေပြီးနောက် ဂမ္ဘီရဝိဇ္ဇာ၏ ရင်ဘတ်အိတ်ကပ်ထဲမှ စာတစ်စောင်ကို ရှာတွေ့သွား၏။

အဲဒါက ထုံးတမ်းစဉ်လာ သဝဏ်လွှာ မဟုတ်သည့်အတွက် စာအိတ်ထဲတွင် ထည့်ထားခြင်း မရှိပေ။ စာရွက်ကို ရိုးရှင်းစွာ ခေါက်ထားပြီး ခေါင်းစဉ် သို့မဟုတ် အမှတ်အသားပြုထားခြင်း မရှိဘဲ နှစ်ဦးနှစ်ဖက်က တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိထားသည်ဟု ပြနေ၏။ အကြောင်းအရာက လက်တန်းချရေးထားသကဲ့သို့ လိုရင်းကိုသာ တန်းပြောထား၏။

စာထဲတွင် ဖော်ပြထားသည်မှာ ဤအဂ္ဂိရတ် မီးပြင်းဖိုကို တာအိုဂိုဏ်းတော်၏ ဟွာရှန်ခန်းမက ချန်ထားခဲ့ခြင်းဖြစ်၏။ သွေးဆေးလုံးကို သန့်စင်ရန် ၎င်းကို အသုံးပြုခဲ့သည်။ တာအိုဂိုဏ်းတော်သည် ဖီးနစ်မျက်လုံးဗုံးသုံးပြီး ဤဧရိယာကို ရှင်းလင်းခဲ့ပြီးနောက် စိတ်ဝိညာဉ်တပ်သားများက အပျက်အစီးနယ်မြေထဲသို့ ပြန်လည်ဝင်ရောက်ကာ အရေးကြီးသော လျှို့ဝှက်အရာများကို ပြန်လည်ယူသွားခဲ့ကြ၏။ သို့သော်လည်း ထိုအချိန်တုန်းက အဂ္ဂိရတ်မီးပြင်းဖိုက လည်ပတ်နေဆဲဖြစ်ပြီး စိတ်ဝိညာဉ်တပ်သားများက သွေးဆေးလုံးကို မထုတ်ယူနိုင်ကြပေ။

မြေအောက်မှာ ပြင်းထန်စွာ ပေါက်ကွဲ၍ သူတို့ကို ထိခိုက်ဒဏ်ရာ ရရှိစေမည် စိုးရိမ်သောကြောင့် စိတ်ဝိညာဉ်တပ်သားများသည် အဂ္ဂိရတ်မီးပြင်းဖိုကို ဖျက်ဆီးပစ်ရဲခြင်းလည်း မရှိခဲ့ပေ။ တာအိုဂိုဏ်းတော်သည် သွေးဆေးလုံးတစ်လုံးမျှ ဆုံးရှုံးခြင်းကို ဂရုစိုက်နေမည် မဟုတ်ရာ သူတို့က မီးဖိုကို ချိပ်ပိတ်ပြီး ၎င်းကို မီးသတ်ထားသော အခြေအနေမှာ ထားခဲ့ကြ၏။ အဲဒါက အသက်ဝင်နေသော မီးတောင်ကို မီးငြိမ်းတောင်အဖြစ် ပြောင်းလဲလိုက်ခြင်းသကဲ့သို့ပင်။

တည်းခိုခန်းမှ လူများကလည်း ဤအဂ္ဂိရတ်မီးပြင်းဖိုကို ရှာတွေ့ခဲ့၏။ သို့သော် အဂ္ဂိရတ်မီးပြင်းဖိုက မီးသတ်ထားသော အခြေအနေမှာရှိပြီး အတန်ကြာအောင် စွန့်ပစ်ခံထားရသည့်ပုံပေါ်သည့်အတွက် သူတို့က လျစ်လျူရှုခဲ့ကြ၏။ ယခု သွေးဆေးလုံးက ပေါ်ထွက်လာတော့မည်ဖြစ်ပြီး အဂ္ဂိရတ်မီးပြင်းဖို၏ သတ်ထားသောမီးက ပြန်လည်ထွက်ပေါ်လာ၏။

စာထဲတွင် ဂမ္ဘီရဝိဇ္ဇာကို သတိပေးထားသည်မှာ အဂ္ဂိရတ်မီးပြင်းဖိုက မကြာခင် ပွင့်လာတော့မည်ဖြစ်ရာ သူက အနီးကပ်စောင့်ကြည့်၍ သွေးဆေးလုံးကို ပြန်ယူသွားရမည်ဖြစ်သည်။ တကယ်ဆို ဤစာမျိုးက ဖတ်ပြီးလျှင် ဖျက်ဆီးပစ်ရမည် ဖြစ်သော်လည်း ဘာကြောင့်ရယ်မသိ ဂမ္ဘီရဝိဇ္ဇာက အဲဒါကို သူ့အိတ်ကပ်ထဲမှာ သိမ်းဆည်းထားခဲ့၏။

ချီရွှမ်းစုသည် အဂ္ဂိရတ်မီးပြင်းဖို၏ အခြားတစ်ဖက်မှာ ဆေးဝါးဗီရိုတစ်တန်းကို ရှာတွေ့သွား၏။ ဆေးဗီရို၏ အံဆွဲတစ်ခုချင်းစီအောက်မှာ အညွှန်းစာသားများရှိပြီး သိမ်းဆည်းထားသော ဆေးဘက်ဝင်ပစ္စည်းများ၏ နာမည်များနှင့် အသုံးပြုပုံကို ဖော်ပြထား၏။ သို့သော် ယခုအချိန်မှာ ဤအံဆွဲများက ဗလာကျင်းနေသည်။ ဤနေရာမှာ အစက သိမ်းဆည်းထားသည့် အမျိုးမျိုးသော တန်ဖိုးကြီး ဆေးဘက်ဝင်ပစ္စည်းများကို အသုံးပြုပြီးသွား သို့မဟုတ် ပြန်ထုတ်ယူသွားကြပြီဖြစ်၏။

ချီရွှမ်းစုက အညွှန်းစာသားများကို လိုက်လံဖတ်ရှုပြီးနောက် အံဆွဲတစ်ခု၏ ရှေ့မှာ ‘သစ်သီးနီ’ ဟူသော စာလုံးကို တွေ့မြင်လိုက်ရ၏။ ထိုနေရာမှာ သစ်သီးနီ၏ ဆေးအာနိသင်နှင့် မူလဇာစ်မြစ်ကိုပင် အသေးစိတ်ဖော်ပြထား၏။ ကံဆိုးစွာဖြင့် ထိုအံဆွဲကလည်း ဗလာကျင်းနေ၏။

ရှန်ကျင်းနန်းတော်က လေလံပွဲမှာ သစ်သီးနီတစ်လုံးအား ထိုက်ဖျင်ဒင်္ဂါး ရှစ်ထောင်ဖြင့် လေလံတင်ရောင်းချခဲ့သည်ကို သူ မှတ်မိသေးသည်။ ထိုအချက်ကနေ ကြည့်မည်ဆိုလျှင် အရင်တုန်းက ဤမြေအောက်ထုတ်လုပ်ရေးရုံသည် ဘယ်လောက်တောင် အသုံးအဖြုန်းကြီးခဲ့သလဲ စဉ်းစားကြည့်နိုင်၏။

ချီရွှမ်းစုက လင်းလိုက်မှိတ်လိုက်ဖြစ်နေသည့် အဂ္ဂိရတ်မီးပြင်းဖိုကို နောက်တစ်ဖန် ကြည့်လိုက်၏။ စောစောက မီးတောက်နှစ်မျိုးကို စုပ်ယူပြီးနောက် အပူချိန်က တိုးလာခဲ့သည်။

ချီရွှမ်းစုသည် ယခင်က သွေးနဂါးဆေးလုံးကို သောက်ဖူးသော်လည်း သွေးဆေးလုံးကိုတော့ လုံးဝမကြားဖူးခဲ့ပေ။ အဲဒါသည် ဆေးလုံး၏ တရားဝင်နာမည် မဟုတ်ဘဲ အကြမ်းဖျင်းနာမည်တစ်ခု ဖြစ်နိုင်သည်။ သို့သော် ဂမ္ဘီရဝိဇ္ဇာ၏ အိပ်ကပ်ထဲကစာနှင့် ဤနေရာက ဆေးဝါးဗီရိုများကို ကြည့်ပြီး သွေးဆေးလုံးက အလွန်တရာ အဖိုးတန်ရမည်ဟု ချီရွှမ်းစု ကောက်ချက်ချမိ၏။

ကျောက်စိမ်းဖြူခန်းမသည် ဤသွေးဆေးလုံးကို ရယူဖို့အတွက် ဂမ္ဘီရဝိဇ္ဇာတစ်ဦးကိုပင် အနီးကပ် စောင့်ကြည့်ခိုင်းထား၏။ တည်းခိုခန်းမှ အခြားသော စေလွှတ်ခံရသူများသာဆိုလျှင် သူတို့က ဂမ္ဘီရဝိဇ္ဇာနှင့် တိုက်ခိုက်သည့်အခါ သေဆုံးရပေလိမ့်မည်။ တကယ်ဆို လူအများစုသည် မြေပြင်ထက်က ဧရာမသက်ရှိအလောင်းကောင်ကို တွေ့မြင်သည့်အချိန်မှာ နောက်ဆုတ်သွားကြပေလိမ့်မည်။ ရှင်းလင်းခြင်း စစ်ဆင်ရေးတစ်ခုမျှနှင့် သူတို့၏ အသက်များကို အဆုံးရှုံးခံကြလိမ့်မည် မဟုတ်ပေ။

တည်းခိုခန်း၏ ဌာနချုပ်မှ လက်ရွေးစင်များက ဧရာမ သက်ရှိအလောင်းကောင်နှင့် ဂမ္ဘီရဝိဇ္ဇာကို ကိုင်တွယ်နိုင်မည် ဖြစ်သော်လည်း ဤဧရိယာသည် သူတို့ယူထားသည့် လမ်းကြောင်းထဲမှာ မပါဝင်ပေ။ ကျောက်စိမ်းဖြူခန်းမသည် တည်းခိုခန်း၏ လှုပ်ရှားမှုကို သိရှိထားပြီး လုံလောက်သည့် စီစဉ်မှုများ ပြုလုပ်ထားပုံရ၏။

ချီရွှမ်းစုသည် ပူပြင်းသော အဂ္ဂိရတ်မီးဖိုနားကို တတ်နိုင်သမျှ ကပ်သွားကြည့်လိုက်၏။ အဂ္ဂိရတ်မီးပြင်းဖို၏ အပေါက်များကနေ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် ငြိမ်းသေခြင်း မရှိသေးသည့် အထဲက မီးတောက်များကို ခပ်ရေးရေး တွေ့မြင်ရသည်။

ဟွာရှန်ခန်းမသည် ဘူမိအပူစွမ်းအင်ကို အသုံးချ၍ မြေအောက်မှာ ဤအဂ္ဂိရတ်မီးဖိုကို တည်ဆောက်ထားခြင်း ဖြစ်မည်ဟု ချီရွှမ်းစု ထင်မြင်ယူဆမိ၏။

ဤအဂ္ဂိရတ်မီးပြင်းဖို၏ ပုံပန်းသဏ္ဌာန်ကပင် ထွက်ပေါ်လာမည့် ဆေးလုံးက အရည်အသွေးမြင့်မားမည်ဖြစ်ကြောင်း သက်သေပြနေ၏။ ချီရွှမ်းစုသည် ဆေးလုံးထွက်ပေါ်လာသည်အထိ စောင့်နေပြီးမှ ရှင်းလင်းရေး သူ့တာဝန်ကို ဆက်လုပ်ရမလား သို့မဟုတ် အခွင့်အလမ်းကို အသုံးချကာ ကျောက်စိမ်းဖြူခန်းမကို ထွက်ရှာရင် ကောင်းမလား စဉ်းစားရင်း တွေးဝေတုံ့ဆိုင်းနေမိ၏။

အတန်ကြာအောင် စဉ်းစားတွေးတောပြီးနောက် ဤနေရာမှာနေ၍ ဆေးလုံးထွက်လာသည့်အချိန်ထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်၏။ ပြင်ပဆေးလုံးများက သူ့ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ကြောင်း သူ ကောင်းကောင်း ယုံကြည်ထားသောကြောင့်ဖြစ်သည်။ အထူးသဖြင့် တာအိုဆရာကျိ လက်ဆောင်ပေးခဲ့သော ဆေးဝါးသေရည်ကို သောက်သုံးအပြီးမှာ ဖြစ်၏။

ပြင်ပပစ္စည်းများကနေတစ်ဆင့် လူတစ်ယောက်၏ ကျင့်ကြံမှုကို မြှင့်တင်ခြင်းသည် အခြေခံအုတ်မြစ်ကို အားနည်းစေပြီး အပတ်တကုတ် ကြိုးစားအားထုတ်ခြင်းကနေ ရလာသော ကိုယ်ပိုင်ကျင့်ကြံမှုထက် များစွာနိမ့်ကျသည်ဟု တာအိုဂိုဏ်းတော်က ယုံကြည်ထားသော်လည်း ကိုယ်တိုင်ကြိုးစားအားထုတ်မှုကိုသာ မှီခိုနေမည်ဆိုလျှင် သူ၏ တိုးတက်မှုဖြစ်စဉ်က အတော်လေး နှေးကွေးမည်ကို ချီရွှမ်းစု သိရှိထား၏။ ပြင်ပပစ္စည်းများအပေါ် မှီခိုခြင်းမရှိလျှင် သူက ကောင်းကင်သက်ရှိတစ်ဦး ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အခြေခံအုတ်မြစ် လုံးဝမရှိတာထက် အားနည်းသော အခြေခံအုတ်မြစ် ရှိထားခြင်းကပင် ပိုကောင်းမည်ဟု သူ ခံစားမိ၏။

ဒါ့အပြင် သွေးဆေးလုံးကို ရယူဖို့ အနီးကပ်စောင့်ကြည့်နေသည့် ဂမ္ဘီရဝိဇ္ဇာကို သူ အနိုင်ယူထားခဲ့ပြီဖြစ်ရာ အဲဒါအတွက် နောက်ထပ်နည်းနည်းကြာ ထပ်စောင့်သင့်လေသည်။ မည်သို့ပင်ဆိုစေ သွေးဆေးလုံးကို ရောင်းချပါက သူ့အား အစ်မချီပေးမည့် ဝန်ဆောင်ခထက်ပင် ပို၍ ရနိုင်၏။ ဤအနည်းငယ်မျှ ကြန့်ကြာခြင်းက ကျောက်စိမ်းဖြူခန်းမကို ရှာဖွေဖို့အတွက် သူ့တာဝန်ကိုလည်း သက်ရောက်စေလိမ့်မည် မဟုတ်ပေ။

ချီရွှမ်းစု တာဝန်ယူထားသည့် နေရာသည် ပြန်ဖော်ကုန်းမြေ၏ အစွန်အဖျားနားမှာ ဖြစ်၏။ ဤပြန်ဖော်ကုန်းမြေ၏ အတွင်းပိုင်းနေရာများကို တည်းခိုခန်း၏ လက်ရွေးစင်များက တာဝန်ယူထားလေသည်။

တစ်ခါက တည်းခိုခန်းသည် ဟွာရှန်ခန်းမ ချန်ထားခဲ့သည့် အသူရာကို ရှာတွေ့ခဲ့၏။ အသူရာက ပြင်းပြင်းထန်ထန် ပျက်စီးထိခိုက်ထားသော်လည်း တည်းခိုခန်းသည် အဲဒါကို မျိုးနွယ်ရှစ်စုထံ ရောင်းချပြီးနောက် ထိုက်ဖျင်ဒင်္ဂါး တစ်သိန်း အမြတ်ရရှိခဲ့လေသည်။ ဤနေရာတွင် ပြန့်ကျဲနေသည့် တခြားသော ပစ္စည်းငယ်များ ရှိနေဦးသည်မှာ ပြောစရာမလိုအောင်ပင်။

ဤအဆောက်အအုံများကို မြေအောက်အနက်ပိုင်းထဲမှာ ဖုံးကွယ်ထားသောကြောင့် ဖီးနစ်မျက်လုံးဗုံးက သူတို့ကို လုံးလုံးလျားလျား မဖျက်ဆီးနိုင်ခဲ့ပေ။ ထိုအစား သူတို့က အပျက်အစီးပုံများအောက်မှာ ပိတ်မိနေ၏။ တာအိုဂိုဏ်းတော်သည် အဓိကကျသော လျှို့ဝှက်အရာများကို ဖျက်ဆီးခြင်း သို့မဟုတ် ပြန်လည်ယူဆောင်သွားခြင်းသာ ပြုလုပ်ခဲ့၏။ ထိုအရာများသည် တာအိုဂိုဏ်းတော်အတွက် များစွာတန်ဖိုးမကြီးမားသောကြောင့် သူတို့က ထိုပစ္စည်းများကို ပြန်လည်တူးဖော်ထုတ်ဖို့အတွက် အရေးမလုပ်ခဲ့ကြပေ။

သို့သော်လည်း အခြားသော လျှို့ဝှက်အသင်းအဖွဲ့များကတော့ တာအိုဂိုဏ်းတော် ချန်ထားခဲ့သည့် ဤအရာများကို အသည်းအသန် လိုချင်နေကြ၏။ တာအိုဂိုဏ်းတော် သိပ်ပြီးအလေးမထားသည့် အရာသည် ဤအဖွဲ့အစည်းများအတွက် အတော်လေး တန်ဖိုးကြီးမားနေ၏။ ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် လျှို့ဝှက်အသင်းအဖွဲ့များ အားလုံးပေါင်း၏ ခွန်အား၊ အရွယ်အစားနှင့် ငွေကြေးအင်အားသည် တာအိုဂိုဏ်းတော်၏ အစိတ်အပိုင်းတစ်ခုကိုပင် မယှဉ်နိုင်ပေ။

တာအိုဂိုဏ်းတော်အတွင်း အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းကြောင့်သာ ဤလျှို့ဝှက်အသင်းအဖွဲ့များကို ချေမှုန်းသုတ်သင်ဖို့ ခက်ခဲနေရခြင်းဖြစ်၏။ တာအိုဂိုဏ်းတော်မှာ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များသည် ဤလျှို့ဝှက်အသင်းအဖွဲ့များကို တိတ်တဆိတ် ထောက်ပံ့ပေးထားပြီး သူတို့ကို ဆက်လက်၍ ရှင်သန်ကြီးထွားနေစေ၏။ တာအိုဂိုဏ်းတော်နှင့် လျှို့ဝှက်အသင်းအဖွဲ့များအကြား ရောထွေးနေသော ဆက်ဆံရေးသည် အခြေအနေများကို ပို၍ ရှုပ်ထွေးလာစေခဲ့သည်။

တာအိုဂိုဏ်းတော်သည် ပြင်ပတိုက်ခိုက်မှုများကို မမှုသည့် ဧရာမ ဘီလူးတစ်ကောင်နှင့် တူသည်။ သို့သော် ခန္ဓာကိုယ်အတွင်းပိုင်းမှာ သမားတော်ကောင်းနှင့် ကုသရမည့် နာမကျန်းမှုတစ်ခု ရှိနေ၏။ ထိုနာမကျန်းမှုက ပို၍ဆိုးဝါးလာပါက ပြင်ပရန်သူများ တိုက်ခိုက်ခြင်း မရှိလျှင်တောင် အဲဒါက တစ်နေ့မှာ သူ့ဘာသာသူ လဲပြိုကျသွားပေလိမ့်မည်။

ထျန်ကန်းခန်းမ ပိုင်ဆိုင်သည့် ဝေဟင်ပျံသင်္ဘောတစ်စင်းက ကောင်းကင်ထက်မှာ ပျံသန်းနေ၏။ အဲဒါက ခရီးသည်တင်ယာဉ်မဟုတ်ဘဲ စစ်သင်္ဘောတစ်စင်းဖြစ်သည်။ ဝေဟင်ပျံစစ်သင်္ဘောမှာ စနစ်လေးမျိုး ပါဝင်သည်။ တာအို၊ အစီအရင်များနှင့် ဝင်္ကပါများအပြင် ၎င်းမှာ မော့ဂိုဏ်း၏ ခံတပ်ဖျက် စက်ယန္တရားများလည်း ပါဝင်လေသည်။

မဟာအကြီးအကဲ၏ နဂါးဖြူဝေဟင်ပျံသင်္ဘောကို အခြေခံ၍ တာအိုဂိုဏ်းတော် ဝေဟင်ပျံသင်္ဘောများ၏ ရှေ့ပြေးပုံစံကို ဖော်ဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ၎င်းမှာ တည်ငြိမ်စနစ်၊ ရွေ့လျားစနစ်၊ ကာကွယ်ရေးစနစ်နှင့် တိုက်ခိုက်ရေးစနစ်ဟူ၍ စုစုပေါင်း စနစ်လေးမျိုး ပါဝင်၏။

တည်ငြိမ်စနစ် အသက်ဝင်နေသည့်အချိန်မှာ ဝေဟင်ပျံသင်္ဘောက အသင့်အနေအထားမှာ ရှိပြီး စွမ်းအင်သုံးစွဲမှု ရှိလိမ့်မည် မဟုတ်ပေ။ ထိုစနစ်သည် သာမန်ဝေဟင်ပျံသင်္ဘောများနှင့် များစွာကွာခြားခြင်း မရှိပေ။

ဝေဟင်ပျံသင်္ဘောက ကောင်းကင်ထက်မှာ ပျံသန်းနေသည့်အချိန် ရွေ့လျားစနစ်က အသက်ဝင်နေမည်ဖြစ်သည်။ ဝေဟင်ပျံသင်္ဘောသည် ၎င်း၏ ဘေးပတ်ဝန်းကျင်ကို အာရုံခံ၍ တည်ငြိမ်စနစ်နှင့် ရွေ့လျားစနစ်ကြား အလိုအလျောက် ကူးပြောင်းနိုင်သည်။ ထိုသို့ဖြင့် တစ်ခုခုနှင့် မတော်တဆ ပစ်တိုက်မိခြင်း မဖြစ်တော့ပေ။

ကာကွယ်ရေးစနစ် အသက်ဝင်လာသည့်အခါ သင်္ဘောပေါ်က ဝင်္ကပါများက အစီအရင်များနှင့် ဂမ္ဘီရစွမ်းအားကို ခုခံပေးနိုင်သည်။ ဤစနစ်သည် နဂါးပုလဲမှ စွမ်းအင်များစွာကို သုံးစွဲပြီး ထွက်ပြေးတိမ်းရှောင်သည့်အခါမှာသာ အသုံးပြုဖို့ သင့်လျော်သည်။

တိုက်ခိုက်ရေးစနစ် အသက်ဝင်သည့်အခါ ရန်သူကို တရစပ် ပစ်ခတ်တိုက်ခိုက်ရန် ဘေးပတ်ဝန်းကျင်လေထုမှ စွမ်းအင်ကို စုစည်းပေးနိုင်၏။ စွမ်းအားကြီးမားသော ပစ်ခတ်တိုက်ခိုက်မှုတစ်ခုသည် ကျွန်းငယ်တစ်ကျွန်းကို ဖျက်ဆီးပစ်နိုင်သည်။ ဤပစ်ခတ်တိုက်ခိုက်မှု၏ စွမ်းအားသည် ဝေဟင်ပျံသင်္ဘော၏ မြေပြင်အနေအထားပေါ် မူတည်နေ၏။ ဝေဟင်ပျံသင်္ဘောသည် ပင်လယ်ပြင်အထက် သို့မဟုတ် ထူထပ်သော မိုးသားတိမ်တိုက်များကြားကဲ့သို့ စိုထိုင်းဆ မြင့်မားသည့် နေရာတစ်ခုမှာ ရောက်ရှိနေမည်ဆိုလျှင် ပို၍ စွမ်းအားကြီးမားပေလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင်နှင့် အဲဒါက မုန်တိုင်းတစ်ခုအလယ်မှာ ရောက်ရှိနေမည်ဆိုလျှင် ဤပစ်ခတ်တိုက်ခိုက်မှု၏ စွမ်းအားက ၎င်း၏ အထွတ်အထိပ်ကို ရောက်ရှိသွားပေလိမ့်မည်။ ဤစွမ်းအားသည် အင်မော်တယ်တစ်ပိုင်းတစ်ဦးကိုပင် ယှဉ်နိုင်လေသည်။

ကုန်ကျစရိတ်ကို ထပ်ထည့်စဉ်းစားပြီး သာမန်ဝေဟင်ပျံသင်္ဘောများမှာ တည်ငြိမ်စနစ်နှင့် ရွေ့လျားစနစ် ဟူ၍ စနစ်နှစ်မျိုးသာ တပ်ဆင်ထား၏။ ထို့ကြောင့် နှစ်သစ်ကူးနေ့မှာ ချီရွှမ်းစု လိုက်ပါစီးနင်းခဲ့သည့် ဝေဟင်ပျံသင်္ဘောသည် ဝူလော၏ ရုပ်ပုံလွှာကို ပြန်လည်မတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထျန်ကန်းခန်းမ၏ သတ္တမ လက်ထောက်ခန်းမသခင် ရှန့်ကွမ်ကျင်းသည် ဝေဟင်ပျံသင်္ဘော၏ ဦးစွန်းမှာ မတ်တတ်ရပ်ပြီး အောက်ဘက်ရှိ ကျယ်ပြောသော ရေကန်ကို ကြည့်နေ၏။ သူ့အတွက်တော့ ဤအမြင့်မှ အေးစက်သော လေပြင်းသည် သူ့မျက်နှာကို လာရောက်ရိုက်ခတ်သည့် လေပြည်ကဲ့သို့ဖြစ်၏။

ထျန်ကန်းခန်းမမှာ လက်ထောက်ခေါင်းဆောင်၊ ဒုတိယလက်ထောက်နှင့် နဝမလက်ထောက်က လွဲလျှင် ကျန်ရှိနေသော လက်ထောက်ခန်းမသခင်ခြောက်ဦး၏ ကျင့်ကြံမှုအဆင့်များနှင့် အဆင့်အတန်းများက မတိမ်းယိမ်းမှာ ရှိကြသည်။ စစ်သည်များကို ဦးဆောင်ပြီး အယူဝါဒမိစ္ဆာများနှင့် တိုက်ခိုက်နေရသည့်အတွက် ထျန်ကန်းခန်းမမှ လက်ထောက်ခန်းမသခင်များ အားလုံးသည် အခြားသော ခန်းမများ၊ တာအိုစံအိမ်များနှင့် တာအိုနန်းတော်များမှ သူတို့နှင့် ရာထူးအဆင့်တူ ပုဂ္ဂိုလ်များထက် ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့် ရှိထားရန် လိုအပ်သည်။

ရှန့်ကွမ်ကျင်းသည် သတ္တမ လက်ထောက်ခန်းမသခင်တစ်ဦးသာ ဖြစ်သော်လည်း သူက ကောင်းကင်သက်ရှိတစ်ဦး၊ ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးဖြစ်သည်။ အခြားသော တာအိုစံအိမ်များ သို့မဟုတ် ခန်းမများမှာဆိုလျှင် သူက ဒုတိယလက်ထောက်အဖြစ် ထမ်းဆောင်နိုင်မည် ဖြစ်သော်လည်း ထျန်ကန်းခန်းမမှာတော့ သူက သတ္တမ လက်ထောက်ခန်းမသခင်တစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့်ပင် ထျန်ကန်းခန်းမနှင့် ပေချန်ခန်းမကို တာအိုဂိုဏ်းတော်၏ မဟာခန်းမ သုံးဆောင်ထဲမှာ ထည့်ထားခြင်းဖြစ်၏။

အစစ်အမှန် လက်တွေ့ခွန်အားမှာလည်း ထျန်ကန်းခန်းမ၏ လက်ထောက်ခန်းမသခင်များသည် အခြားသော ခန်းမများမှ သူတို့နှင့် ရာထူးအဆင့်တူ ပုဂ္ဂိုလ်များထက် များစွာသာလွန်ကြသည်။ အသစ်စက်စက် တည်ထောင်လိုက်သော ကျန်းယွဲ့လု၏ ယောင်ကွမ်းဌာနကလွဲလျှင် ထျန်ကန်းခန်းမ၏ အခြားသော ဌာနရှစ်ခုမှာ စိတ်ဝိညာဉ်တပ်သားများနှင့် အချိန်ပိုင်း အမှုထမ်းများ ရှိကြသည်။ ထိုလက်ထောက်ခန်းမသခင်များသည် စစ်သင်္ဘောများနှင့် အဖျက်စွမ်းအား မြင့်မားသော ခဲယမ်းများကိုလည်း ရရှိနိုင်ကြသည်။ ဤသည်မှာ အခြားသော ခန်းမများမှာ အမှုထမ်းများ မရရှိနိုင်သည့် အထူးအခွင့်အရေး ဖြစ်လေသည်။

All Chapters