← Chapters

အနီရောင်လိပ်ပြာနှင့်တိုက်ပွဲ

Vol. 009 Ch. 408

အနီရောင်လိပ်ပြာနှင့်တိုက်ပွဲ

Vol. 009 Ch. 408

ဝမ်လင်းက ပြောလိုက်၏။

“ဝင်လာခဲ့ပါ … ”

မည်သည့်အသံမျှ မကြားရဘဲ တံခါးပွင့်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဖြင့် ကောင်လေး တစ်ယောက်သည် အခန်းထဲသို့ ဝင်လာခဲ့၏။

သူ့လက်ထဲ၌ သစ်သီးဗန်းတစ်ခုကို ကိုင်ဆောင်ထားလေသည်။ သူက အထဲသို့ ဝင်သွားပြီးနောက် ဝမ်လင်းကို မကြည့်ဘဲ ထိုဗန်းကို ချကာ ပြန်လှည့်ထွက်လို့သွား၏။

ဝမ်လင်းကပြောလိုက်သည်။

“ခဏနေဦး … ”

ထိုကောင်လေးက ရပ်၍ ဝမ်လင်းကို ပြန်လှည့်ကြည့်သည်။

အခန်းက မှိန်ဖျော့နေသော်လည်း သူက သည်ကောင်လေးကို ရှင်းလင်းစွာ ခွဲခြားသိ၏။ သည်ကောင်လေးက ငယ်ရွယ်ပြီး (၁၃)နှစ် ၊ (၁၄) နှစ်ခန့်သာ ရှိသေး၏။

ဝမ်လင်း အမေးကို မစောင့်ဘဲ ကောင်လေးက သူ့ပါးစပ်ကို ဟ၍ အာခေါင်ထဲသို့ လက်ညွှန်ပြသည်။ သူက လျှာတစ်ဝက် ပြတ်နေခဲ့လေသည်။

ဝမ်လင်းက မှင်တက်သွားပြီး စကားမဆိုတော့ချေ။

ကောင်လေးက ညင်သာစွာပြုံး၍ ဝမ်လင်း ရှေ့ကနေ လှည့်၍ ထွက်ခွာပြီး တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်သည်။

တချို့အကြောင်းများကြောင့် ဝမ်လင်းက သည်အင်မောတယ်လှိုင်ဂူနှင့်ပတ်သက်၍ စိုးရိမ်မှုခံစားနေရသည်။

သစ်သီးဗန်းများကို ကြည့်၍ သူက အနည်းငယ်စဉ်းစားကာ တစ်ဖန်ပြန်၍ ကျင့်ကြံနေလိုက်သည်။ သူ့ညာလက်က သိုလှောင်အိတ်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူက အန္တရာယ် အရိပ်အယောင် တွေ့သည်နှင့် ချက်ချင်း ခုခံနိုင်ပေလိမ့်မည်။

အချိန်က ကုန်ဆုံးလို့သွားသည်။ မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သည်သုံးရက်အတွင်း ဝမ်လင်းက သူ့အခန်းထဲ၌သာ ရှိနေခဲ့၏။ ဒုတိယမြောက်နေ့ မနက်ခင်းတွင် သူက အပြင်သို့ ထွက်၍ ကြည့်လိုက်သေးသည်။ ထိုအခါ အစေခံအားလုံးသာ လျှာတစ်ဝှက်ပြတ်၍ စကားပြောနိုင်စွမ်း မရှိကြသည်ကို တွေ့လိုက်ရ၏။

ထပ်ပြောရလျှင် သည်ဧရိယာ တစ်ခုလုံးသည် သူတို့ကို ခပ်ဝေးဝေး သွားလို့မရအောင် ချိပ်ပိတ်ထားသည့် အတားအဆီးများ ရှိနေ၏။ ဝမ်လင်းပင် သည်အတားအဆီးကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်စွမ်း မရှိချေ။

သည်နေရာပတ်သက်၍ ထူးဆန်းတာ တစ်ခုခု ရှိနေလောက်မည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက်သူက ထိုအကြောင်းကို ထပ်မံ မတွေးတော့ချေ။ သူက ကျင့်ကြံခြင်း၌သာ အာရုံစိုက်၍ အနီရောင်လိပ်ပြာနှင့် ရင်ဆိုင်ရန် အကောင်းဆုံး ဖြစ်အောင် ပြုလုပ်နေလိုက်၏။

ဆယ်ရက်တာ ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်။ သည်နေ့တွင် သူက ကျင့်ကြံလို့နေ၏။ သူက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ သက်လတ်ပိုင်း လူကြီးတစ်ယောက်သည် သူ့ရှေ့၌ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သက်လတ်ပိုင်းလူကြီးက ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့၍ ဝမ်လင်းကို ကြည့်လို့နေသည်။

သည်လူက ကြည့်ကောင်းရုံသာရှိ၏။ သူက မုတ်ဆိတ်မွေး ကျိုးတိုးကျဲတဲ ရှိလို့နေသည်။ သူ့မျက်လုံးများက တောက်ပနေသော်လည်း ရစ်မှိုင်းနေသည်ဟု ထင်ရ၏။ သူက စကားဆိုခြင်း မရှိသော်လည်း ခန့်ညားမှု အရှိန်အဝါကို ထုတ်လွှတ်လို့နေသည်။

ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက်ပင်။ သူက သည်လူသည် သူမသိဘဲ အခန်းထဲသို့ ဝင်လာနိုင်စွမ်း ရှိသည်ကို အံ့အားသင့်ခြင်း မရှိပေ။ သည်နေရာ၌ ဝမ်လင်းထက် ကျင့်ကြံမှု အဆင့်မြင့်သော လူများစွာ ရှိနေသည်မဟုတ်လား။ သူက ခုမှစတင်ကျင့်ကြံသည့် ကောင်လေး တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် သူက အလွယ်တကူ တုန်လှုပ်ခြင်း မရှိပေ။

သက်လတ်ပိုင်းလူကြီးက ရေနွေးကြမ်းတစ်ငုံသောက်၍ စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ညင်သာစွာ တတောက်တောက် ခေါ်လို့နေသည်။ သူက ခုချိန်ထိ မည်သည့်စကားမျှ ဆိုခြင်း မပြုသေးချေ။

ဝမ်လင်းကလည်း အနည်းငယ်စဉ်းစား ၍မည်သည့်စကားမျှ ဆိုခြင်း မပြုချေ။

သည်အခန်းက လုံးဝတိတ်ဆိတ်လို့နေ၏။ ထိတ်လန့်ဖို့ ကောင်းအောင်ပင် တိတ်ဆိတ်လို့နေခြင်း ဖြစ်သည်။ သက်လတ်ပိုင်းလူကြီးက စားပွဲကို တစ်ချက်ညင်သွာစွာ ခေါက်နေတိုင်း ဖိအားတစ်ခု စတင်ဖြစ်တည်လာ၏။

ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းသို့ မရောက်ရှိသေးလျှင် သူက သည်ဖိအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူက ကောင်းကင်ဘုံ နယ်မြေသို့ ဝင်ခါစတုန်းကလို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်ဆိုရင်ပင် သည်ဖိအားကြောင့် ပြဿနာရှိနေမည် ဖြစ်၏။

သို့ရာတွင် ခုချိန်တွင်တော့ ဝမ်လင်းက အလွန်တည်ငြိမ်စွာ ရှိနေ၏။

အချိန်အတန်ကြာသောအခါ သက်လတ်ပိုင်းလူကြီးက ဝမ်လင်းကို မကြည်တော့ဘဲ မတ်တတ်ထရပ်၍ အခန်းထဲမှ ထွက်ခွာ၏။ သူက ခုထိတစ်ချိန်လုံး စကားပြောခြင်းမပြုချေ။

သူက ထွက်ခွာသွားပြီးနောက် ဝမ်လင်းကလည်း သက်လတ်ပိုင်းလူကြီး ရှိခဲ့သောနေရာသို လှမ်းလျှောက်၍ သွား၏။ ထိုနေရာ၌ စားပွဲပေါ်တွင် ရေနွေးကြမ်းစက်များဖြင့် ရေးထားသော စကားနှစ်ခွန်း ရှိနေခဲ့၏။

“ရှုံးရင် … သေရမယ် … ”

ဝမ်လင်းက အနည်းငယ် စဉ်းစား၏။ သူက စားပွဲကို လက်ဖြင့် သုတ်လိုက်ရာ ထိုစကား နှစ်ခွန်းက ပျောက်ကွယ်သွား၏။

သူက ပြတင်းပေါက်ကနေ အပြင်ဘက်ရှိ အမှောင်ထုကို ကြည့်၏။ သူ့မျက်လုံးများက တလက်လက် ဖြစ်နေခဲ့သည်။

သက်လတ်ပိုင်းလူကြီးက အနည်းဆုံး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် ဖြစ်ရပေမည်။ သူက အဖြူရောင်နှင်း၏ ဆရာပင် ဖြစ်နိုင်၏။

သည်လူထားခဲ့သော စကားနှစ်ခွန်းက ရှင်းလင်းသည်။ သူသာ အနီရောင်လိပ်ပြာနှင့် တိုက်ပွဲ၌ ရှုံးနိမ့်လျှင် သေရန် တစ်လမ်းသာ ရှိသည်ကို ဆိုလိုခြင်းပင်။

ဝမ်လင်းက အသက်ဝဝရှူသွင်း၏။ ထို့နောက် သူက မျက်လုံးမှိတ်၍ စတင်လေ့ကျင့် လေသည်။

ရက်အနည်းငယ် ကြာပြီးနောက် တိုက်ပွဲနေ့သို့ ရောက်လာခဲ့တော့၏။

ဟင်္သာပြဒါးနိုင်ငံ၏ ဧရာမပလ္လင်ကြီး အနီးအနားက အသက်ဝင်လျက် ရှိနေ၏။ အခြား နိုင်ငံများ၏ ကျင့်ကြံသူအားလုံးက သည်တိုက်ပွဲကြီးကို စောင့်ကြည့်၍ စိတ်အား ထက်သန်နေကြသည်။

ဟင်္သာပြဒါးနိုင်ငံက ဝမ်လင်းနှင့် အနီရောင်လိပ်ပြာတို့ ကြားရှိ တိုက်ပွဲကို လွန်ခဲ့သော ဆယ်နှစ်ကတည်းက ကြေညာခဲ့၏။ သည်တိုက်ပွဲက ကျင့်ကြံသူ အများအပြား၏ မျက်စိကို ဖမ်းစား နိုင်ခဲ့လေသည်။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နှစ်ယောက်ကြားရှိ တိုက်ပွဲမျှသာ ဖြစ်သော်လည်း သည်တိုက်ပွဲက သူတို့နှစ်ယောက်ကြားတွင် အဆင့်အတန်းက ကြီးစွာ ကွာခြားလှ၏။

အနီရောင်လိပ်ပြာက ရွှမ်ယွဲ့က ပါရမီရှင်ဖြစ်သလို ဟင်္သာပြဒါးနိုင်ငံတွင် နံပါတ်တစ် ပါရမီရှင်တစ်ယောက်လည်း ဖြစ်၏။ သူမက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို နှစ်တစ်ရာအတွင်း ရောက်ရှိနိုင်ခဲ့သူ ဖြစ်သဖြင့် ဟင်္သာပြဒါးနိုင်ငံတွင် နောက်ထပ်အာဏာ တက်ခြင်းအဆင့်ကို တက်လှမ်းနိုင်စွမ်း အရှိဆုံးသူလည်း ဖြစ်နေသည်။

စန်နူးက မည်သည့်နေရာကနေ လာမှန်းမသိရချေ။ သို့သော် သူက မိုးခေါင်းလောင်းကို ရရှိနိုင်ခဲ့၏။ သည့်အပြင် ကောင်းကင်ဘုံနယ်မြေ၌ အနီရောင်လိပ်ပြာ၏ လက်တစ်ဖက်ကို ဖြတ်တောက်နိုင်ခဲ့သူ အဖြစ် ကျော်ကြားလာခဲ့သည်။

အမှန်ဆိုလျှင် သည်ကိစ္စက များစွာ အာရုံစိုက်မှုကို မဖြစ်ပေါ်စေနိုင်ပေ။ သို့သော် သည်စန်နူးက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်ဖြင့်ပင် ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်နိုင်၍ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ပါရမီရှင် အနီရောင်လိပ်ပြာ၏ လက်မောင်းကို ဖြတ်တောက်နိုင်ခဲ့ပေ၏။ ထို့အတွက်ကြောင့် သူက သမိုင်းဝင် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။

အခုတစ်ကြိမ်သည် သူတို့နှစ်ယောက်ကြားရှိ ဒုတိယကြိမ်မြောက် တိုက်ခိုက်မည့် တိုက်ပွဲဖြစ်သဖြင့် လူအားလုံး၏ စိတ်ဝင်စားမှုကို စွဲဆောင်နေခဲ့တော့သည်။

အနီရောင်လိပ်ပြာက ပလ္လင်၏ ညာဘက်ခြမ်းတွင် မတ်တတ်ရပ်နေ၏။ သူမက အနားစွန်း၌ ခရမ်းရင့်ရောင် ပန်းတစ်ပွင့်ထိုးထားသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သည်ဝတ်စုံက ရိုးရှင်းသည်။ သူမဆံပင်များကိုတော့ ဖဲကြိုးတစ်ခုဖြင့် စုချည်ထား၍ နောက်ကျောဘက်၌ ချဆင်းထားသည်။

သို့ရာတွင် လေတိုက်ခတ်မှုကြောင့် လွင့်မျောနေသည့် သူမ၏ ပြတ်နေသော လက်တစ်ဖက် နေရာက အင်္ကျီစက သူ့ကို နာကျင်စေ၏။

အနီရောင်လိပ်ပြာ၏ အလှက သူ့အရည်အချင်းကဲ့သို့ ရှိ၏။ သူမမျက်နှာက မောက်မာမှု များဖြင့် ပြည့်နေခဲ့၏။

သည်ပလ္လင်၏ ပထမအတန်းတစ်ခုတွင် အဖြူရောင်ထိုင်ခုံများကု နေရာချထား၏။ သည်နေရာတွင် ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူအို မျိုးစုံ ထိုင်နေကြသည်။ သူတို့အားလုံးက အမျိုးမျိုးသော နိုင်ငံများ၏ တမန်တော်များ ဖြစ်ကြသည်။

သူတို့အားလုံးက နီးနီးကပ်ကပ် ရှိနေကြသည်။

သူတို့အရေအတွက်က လူတစ်ရာနီးပါးရှိသော်လည်း မည်သည့် ဆူညံသံကိုမျှ မကြားရချေ။

သည်လူများက ပထမတန်းက အပြင်ဘက် အဝန်းအဝိုင်းတွင် ထိုင်နေကြခြင်း ဖြစ်သည်။ အတွင်းဘက် အဝန်းအဝိုင်းတွင်တော့ ထိုင်ခုံလေးခုသာ ရှိနေပြီး လူလေးယောက် ထိုင်နေခဲ့၏။

သည်လေးယောက်လုံးက ဆံပင်များ ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုများ ဖြစ်ကြ၏။

ထိုအခိုက်တွင် အကွာအဝေးတစ်ခုမှ ကြိုးကြာဖြူတစ်ကောင်သည် ပျံသန်းလာနေ၏။ ၎င်းကျောပေါ်၌ အဖြူရောင်ဝတ်စံနှင့် လူငယ်တစ်ယောက် မတ်တတ်ရပ်လျက် လိုက်ပါလာသည်။ သူက ဖြောင့်တန်းစွာရပ်နေပြီး သူ့ဆံပင်များကို ခရမ်းရောင်ဖဲကြိုးဖြင့် ချည်နှောင်ထားသည်။ သူက သာမန်အတိုင်း ရှိသော်လည်း ယောက်ျားဆန်သော အော်ရာကို ပေးစွမ်းနေ၏။

သူ့ဘေး၌ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်လည်း ရှိနေ၏။ သူမရုပ်ရည်က အနီရောင် လိပ်ပြာအောက် လျော့ကျခြင်း မရှိချေ။

ကြိုးကြာက ဧရာမပလ္လင်ကြီး ထက်သို့ ရောက်လာခဲ့၏။ အဖြူရောင်ဆံပင်နှင့် လူငယ်က ပလ္လင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ သူကတော့ ဝမ်လင်းပင် ဖြစ်၏။

အနီရောင်လိပ်ပြာက ခေါင်းငုံ့၍ သူမ၏ လက်တစ်ဖက်မရှိသော အင်္ကျီစကို ကြည့်သည်။ ထို့နောက် ခေါင်းပြန်မော့၏။ သူမမျက်လုံးများက အေးစက်နေ၏။ သည်မျက်လုံးထဲ၌ နက်ရှိုင်းသော အမုန်းတရာများ ဖုံးကွယ်နေသည်။ ကောင်းကင်ဘုံ၏ သမီးတော်အဖြစ် ရွေးချယ်ခံပြီး ကတည်းက သူမသည် ဝမ်လင်းနှင့် မတွေ့ခင်ထိ တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိချေ။

ဝမ်လင်းက သူ့ကို ရှုံးနိမ့်စေခဲ့သည့် ပထမဆုံးလူသာမက သူမလက်တစ်ဖက်ကိုပင် ဖြတ်တောက်၍ ယူသွားခဲ့သူ ဖြစ်သည်။ ဝမ်လင်းကသာ သူမအားနည်းချိန်တွင် မဟုတ်ဘဲ မှန်မှန်ကန်ကန်သာ တိုက်ခိုက်ခဲ့ပါက ခုလောက်ထိ မုန်းတီးမိလိမ့်မည် မဟုတ်ချေ။

အတိတ်တုန်းက ဝမ်လင်းက သူမအားအနည်းဆုံး အချိန်၌ တိုက်ခိုက်ခဲ့ပြီး သူမ၏ တာအိုနှလုံးသားကိုလည်း ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ သည်နှစ်များတွင် သူမ၏ ကျင့်ကြံခြင်း အဆင့်က ရှေ့ဆက်မတိုးနိုင်ခဲ့ချေ။ သည်အရာများက ဝမ်လင်းကြောင့် ဖြစ်၏။

ဝမ်လင်းကို သတ်ပစ်နိုင်မှသာ သူမ၏ တာအိုနှလုံးသားက ပြန်လည် ကောင်းမွန်နိုင်မည် ဖြစ်၏။

ဝမ်လင်းအသွင်က နဂိုအတိုင်းသာ ရှိနေပြီး သူက အနီရောင်လိပ်ပြာကို တည်ငြိမ်စွာ ကြည့်သည်။

အတွင်းဘက် ထိုင်ခုံတွင် ထိုင်နေသာ အဘိုးအို လေးယောက်ထဲမှ တစ်ယောက်က ဝမ်လင်းနှင့် အနီရောင်လိပ်ပြာတို့ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။

“ငါက ဟင်္သာပြဒါးတောင်က အကြီးအကဲတစ်ယောက် ဖြစ်တယ်။ ငါ့နာမည်က ကုန်းစွန်းပို။ ငါက ဒီတိုက်ပွဲမှာ အကဲဖြတ်တဲ့လူအဖြစ် ဆောင်ရွက်မယ် … ”

သူက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီး၍ ရှေ့သို့ညွှန်၏။ ပလ္လင်ထက်၌ အလင်းတံခါး တစ်ခုသည် ဝမ်လင်းတို့ နှစ်ယောက်ရှေ့၌ ဖြစ်ပေါ်လာ၏။

“အထဲဝင်လိုက် … ။ ဒီနေရာက မင်းတို့နှစ်ယောက်ရဲ့ တိုက်ပွဲနယ်မြေပဲ … ”

သည့်နောက် အဘိုးအိုက မျက်လုံးမှိတ်၍ မည်သည့်စကားမျှ ထပ်မဆိုတော့ချေ။

စကားတစ်ခွန်းမျှ မဆိုဘဲ အနီရောင်လိပ်ပြာက အလင်းတံခါးထဲသို့ ဝင်၍ ပျောက်ကွယ်သွား၏။

ဝမ်လင်းက အလင်းတံခါးကို သေချာကြည့်၍ အထဲသို့ တည်ငြိမ်စွာ လိုက်ဝင်၏။

သူတို့နှစ်ယောက်လုံးက အလင်းတံခါးထဲသို့ ဝင်ရောက်သွားပြီးနောက် ၎င်းအလင်းတံခါးက ပလ္လင်တစ်ခုလုံးအား လွှမ်းခြုံသွား၏။ သည်တံခါးထဲ၌ အပျက်အစီး တောင်တန်းတစ်ခု ရှိနေသည်။ အလင်းတံခါးအပြင်ဘက်ရှိ လူများသည်လည်း ထိုမြင်ကွင်းကို မြင်နေရ၏။

ဝမ်လင်းက အလင်းတံခါးထဲသို့ ဝင်ရောက်ပြီးနောက် သူက သည်အလင်းတံခါးသည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ဖြစ်ကြောင်း သိလိုက်၏။ သူက အပျက်အစီး တောင်တန်း တစ်ခုပေါ်၌ ပြန်ပေါ်လာခဲ့သည်။

သည်ပတ်ဝန်းကျင် ဧရိယာတစ်ခုလုံးသည် တိတ်ဆိတ်လို့နေ၏။ ကောင်းကင်ထက်မှ ကျဆင်းလာသည့် မည့်သည့် အလင်းရောင်မှလည်း ရှိမနေခဲ့ချေ။ သည်နေရာရှိ အော်ရာက မသက်မသာ ဖြစ်မှုကို ပေးစွမ်းနေသည်။

ဧရာမ ရှေးဟောင်း ဝက်သစ်ချပင်ကြီးများက နေရာအနှံ့ ရှိနေ၏။ ဆယ်ပေအကွာတွင် ဧရာမ စပါးအုံးမြွေကြီးတစ်ကောင်က လျှာထုတ်၍ ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။

အော်ဟစ်သံတစ်ခုက ကောင်းကင်ထက်မှ ဆင်းသက်လာ၏။ “စန်နူး … ”

ဝမ်လင်းကလည်း ကောင်းကင်ထက်သို့ ပျံတက်သွားရာ အနီရောင် အလင်းတန်းတစ်ခုက သူ့ထံသို့ လာနေသည်ကို တွေ့လိုက်ရ၏။ သူမက မရောက်ခင်ထဲက အေးစက်စက် အော်ရာတစ်ခု အရင်ပျံ့နှံ့လာခဲ့သည်။

သည်အေးစက်စက် အော်ရာက ဝမ်လင်းနှင့် ပေတစ်ရာအကွာတွင် ရေခဲစလေးများအဖြစ် သိပ်သည်းသွားပြီး ဧရာမ ရေခဲရုပ်ကြီး အဖြစ်သို့ ပြောင်းသွား၏။

သည်ဧရာမ ရေခဲရုပ်ကြီးက ပေတစ်ရာကျော်ရှိ၍ လူအသွင်သဏ္ဌာန်ရှိသည်။ ၎င်း၏ မျက်နှာက ခံစားချက်မဲ့သည်။ ၎င်းက ဝမ်လင်းထံသို့ ဧရာမလက်သီးကြီး တစ်လုံး ပစ်သွင်းလာ၏။

ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက နောက်သို့ ဆုတ်သည်။

သည်ရေခဲရုပ်ကြီး ဦးခေါင်းပေါ်၌ အနီရောင်လိပ်ပြာက ထွက်ပေါ်လာခဲ့သည်။ သူမက ဝမ်လင်းကို အေးစက်စွာ ကြည့်၍ တစ်စုံတစ်ခုကို ခပ်တိုးတိုး ရေရွတ်၏။ တောက်ပသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး ရေခဲနှင်းဆီပန်းက သူမရှေ့၌ ပေါ်လာ၏။

သူမက စန်နူးကို အချိန်မကြာပဲ ပွဲသိမ်းပစ်ရန် ကြိုဆုံးဖြတ်ထားသည်။ သူမက အလျင်အမြန်ဆုံး နည်းဖြင့် သည်လူ့ကို သတ်ပစ်မည် ဖြစ်သည်။

ရေခဲရုပ်ကြီးက လက်သီးတစ်ချက် ပစ်သွင်းပြီးနောက် အနီရောင်လိပ်ပြာက နှင်းဆီပွင့်ချပ် တစ်ခုကို ခူး၍ ရှေ့သို့ ပို့လွှတ်သည်။ သည်နှင်းဆီပွင့်က ဟိုဟိုသည်သည် ယိမ်းထိုးနေ၏။

ဝမ်လင်းက နှာခေါင်းရှုံ့သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ အတားအဆီး အလံ ထွက်ပေါ်လာသည်။ အတားအဆီး အခိုးအငွေ့များက နဂါးများအသွင်သို့ ပြောင်း၏။ သည်နဂါးများက တစ်ကောင်နှင့်တစ်ကောင် လိမ်ယှက်၍ လက်သီးအဖြစ်သို့ ပေါင်းစပ်သွား၏။ သည့်နောက် အတားအဆီး လက်သီးနှင့် ရေခဲရုပ်ကြီး၏ လက်သီးကြီးတို့က ထိပ်တိုက်တွေ့သည်။

ဘန်း … ။

တုန်ခါမှု လှိုင်းများကြောင့် သူတို့အောက်ရှိ သစ်ပင်များ ပြိုလဲကျကုန်၏။ စောနက စပါးအုံးမြွေကြီးပင် မြေပြင်ပေါ်သို့ ရိုက်ချခံရသလို ဖြစ်သွား၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်၌လည်း ဒဏ်ရာများစွာ ဖြစ်ပေါ်သွားသည်။ သည်ဒဏ်ရာများက တုန်ခါမှု လှိုင်းများကြောင့် ဖြစ်လာခြင်းပင်။

ကြီးမားသော ဖိသိပ်အားကြောင့် ရေခဲရုပ်ကြီးက နောက်သို့ ခြေတစ်လှမ်းဆုတ်ရသည်။ သူ့လက်သီးပေါ်၌လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားပြီး ရေခဲအမှုန်အစများက နေရာတိုင်းသို့ ပြန့်ကျဲသည်။

ဝမ်လင်းက သူ့လက်ကို ခါထုတ်သည်။ အတားအဆီးကြောင့် ဖြစ်လာသော လက်သီးကြီး သည်လည်း ပျက်စီးသွားပြီး တုန်ခါလှိုင်းများက အလံပေါ်သို့ ရောက်လာခဲ့၏။ ၎င်းတုန်ခါလှိုင်းကြောင့် အလံပေါ်၌ပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွား၏။

“ဒါက ငါ့ရွှမ်ယွဲ့နိုင်ငံရဲ့ နှစ်ပေါင်းငါးရာကျော် သန့်စင်ထားတဲ့ ရေခဲနတ်ဘုရား ရတနာပဲ။ စန်နူး … နင် သေဖို့ သေချာနေပြီ … ”

အနီရောင်လိပ်ပြာ မျက်လုံးများက အေးစက်သထက် အေးစက်လာခဲ့၏။ သူမက လက်လှုပ်ရှားလိုက်ရာ မျောလွင့်နေသော နှင်းဆီပွင့်ချပ်က ရုတ်တရက် စတင်ပြောင်းလဲလာ၏။

***

All Chapters