အခန်း ၉၂
Vol. 10 Ch. 92
Chapter 92: လျှို့ဝှက်နယ်မြေထဲသို့ ပြန်ဝင်ခြင်း။
ချင်းခယ်ကုန်းမြေတစ်လျှောက်တွင် ကျင့်ကြံသူအများအပြားက ခုနစ်စဥ်ကြယ်မူမမှန်ဖြစ်သွားကြောင်း သတိထားမိကြ၏။
ကြယ်ဆွတ်ခူးနန်းဆောင်တွင် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးမှာ ကြယ်စဥ်များကို တွက်ချက်ရင်း တစ်ကိုယ်တည်းတီးတိုးရေရွတ်လာသည်။
“အခုလေးတင် ခုနစ်စဥ်ကြယ်က နေရာနှစ်ခုမှာ ကပြောင်းကပြန်ဖြစ်သွားတာပဲ။ တစ်ခုက ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့အပေါ်မှာ၊ နောက်တစ်နေရာက ဒီအတိုင်းသတ်သတ်မှတ်မှတ်မရှိတဲ့သစ်တောတစ်ခုမှာပဲ၊ ဒါပေမဲ့ အဲ့ဒါကလည်း ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းကတစ်ခုနဲ့ပဲပတ်သတ်နေလိမ့်မယ်။ ကြည့်ရတာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းမှာ ကြယ်စွမ်းရှင်ကိုအသုံးချနိုင်တဲ့ကျင့်ကြံသူဆရာသခင်တစ်ယောက်တော့ ပေါ်လာပြီထင်တယ်။”
ဝိညာဉ်အသွင်းကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူက လေးနက်စွာ စကားဆိုလာ၏။
“ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းမှာ ပုန်းကွယ်နေတဲ့စွမ်းအားရှင်တွေက ငါမှန်းထားတာထက်တောင် များနေတာပဲ။ တကယ်ပဲ ဘယ်သူဖြစ်နိုင်မလဲ။”
တစ်နေရာရာမှ ကျင့်ကြံသူတစ်ခုက ဝင်ပြောလာ၏။
“အနာဂတ်မှာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းက အမတလမ်းကြောင်းကိုပါ တက်လှမ်းနိုင်တဲ့အထိဖြစ်လာလောက်တယ်။ အဲ့ဒီတော့ ငါတို့လာမဲ့အမတအစည်းအဝေးမှာ အဲ့ဒီကျင့်ကြံသူကို ဖိတ်သင့်လား။”
နယ်မြေတစ်ခွင် ဆွေးနွေးနေကြသူတိုင်းမှာကား ကျော်ကြားမှုအရရော ကျင့်ကြံဆင့်အရကပါ သာမန်လူများမဟုတ်ပါချေ။
【ဒင်၊ ကျော်ကြားမှုအမှတ် +530】
【ဒင်၊ ကျော်ကြားမှုအမှတ်+470】
【ဒင်၊ ကျော်ကြားမှုအမှတ် +514】
စုယွမ်၏နားအတွင်း မြောက်များစွာသောစနစ်မြည်သံတို့မှာ ပေါ်ထွက်လာကြ၏။
တစ်ခါတည်းတွင်ပင် အသံ၂၇ခုမှာ ဆက်တိုက်မြည်လျက် တစ်ခုချင်းစီတိုင်းကလည်း အလွန်များပြားသည့်ပမာဏများဖြစ်နေရာ သူ၏ကျော်ကြားမှုအမှတ်မှာ တစ်ချီတည်းနှင့် ၁၃၅၀၀ကျော် ထပ်မံတိုးလာလေသည်။
ဤတန်ဖိုးများအလွန်များပြားလှရာ စုယွမ်၏ယခင်ရှိပြီးသားအမှတ်များနှင့်ပေါင်းလိုက်ပါသော် စုစုပေါင်း အမှတ်၂၅၀၀၀အထိရောက်ရှိသွား၏။
ဤကိစ္စကို စုယွမ် တွေးထင်မထားမိပါချေ။
စုယွမ်လည်း ခုနစ်စဥ်ကြယ်ကိုမော့ကြည့်ရင်း အံသြနေရသည်။ သူ ထိုအမှတ်များက ဘယ်ကရောက်လာသလဲစဥ်းစားမိသော်ငြား တကယ်တော့ အဖြေက ရှည်ရှည်ဝေးဝေးတွေးနေစရာမလိုပါပေ။
သူ ၅၀၀ကျော်အမှတ်တို့က ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ရှိသူများကြောင့်သာဖြစ်လေ့ရှိရာ ဤအဓိပ္ပါယ်က ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ရှိသူ၂၀ကျော်က သူ့အကြောင်းကိုရုတ်တရက်သိသွားသလို သူ့ကိုအာရုံစိုက်လာကြသည်ကိုဆိုလိုနေ၏။
ထို့အပြင် အကြောင်းအရင်းကလည်း ယခုလေးတင်သူလုပ်လိုက်သော ခုနစ်စဥ်ကြယ်နှင့်ပတ်သက်သည့်ကိစ္စကြောင့် ဖြစ်နေနိုင်သည်။
“ကျစ်၊ ကျင့်ကြံရေးလောကကတကယ်ကိုအန္တာရယ်များတာပဲ။ ခုနစ်စဥ်ကြယ်အစွမ်းလေးတစ်ခေါက်လောက်သုံးလိုက်ပါတယ်၊ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိသူတွေပါ တစ်ခါတည်းဆွဲဆောင်ပြီးသားဖြစ်သွားတော့တာပဲ။ တော်သေးလို့၊ ငါ မိုးကြိုးအသွင်ကျော်ကြားမှုကိုမရွေးမိလို့၊ မဟုတ်ရင်တော့လား... “
စုယွမ်မှာ သူ့ကျောရိုးတစ်လျှောက်တုန်ရင်လို့ပင်သွားပြီး ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ရှိသူတစ်အုပ်လိုက်ကြီး ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းသို့လာရောက်လည်ပတ်ကြသည်ကို ပုံဖော်ကြည့်မိသွား၏။
သို့သော် ကျော်ကြားမှုအမှတ်တိုးမြင့်လာခြင်းက သတိထားရန်လိုသော်ငြား မည်သည့်ပြဿနာမှတော့ ဖြစ်လာနိုင်ဦးမည်မဟုတ်ပါပေ။
ထို့ကြောင့် သူ အများကြီးတွေးနေရန်မလိုပါချေ။
သူလည်း ခေါင်းငုံ့၍ သိုလှောင်လက်စွပ်ထဲကိုစစ်လိုက်ရာ ဝိညာဉ်ကျောက်တုံးသုံးသန်းကျော် ကုန်ဆုံးသွားကြောင်း သိလိုက်ရသည်။
“တော်တော်လေးကုန်သွားတာပဲ။ ကျူးကောကျန့်ပြန်လာတော့မှ သန်းငါးရာလောက်ပြန်တောင်းတော့မယ်။”
စုယွမ် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်လှဲ၍ စာအုပ်ထိုင်ဖတ်တော့၏။
ဝိညာဉ်အသွင်းကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူများကို ဘာလို့အာရုံစိုက်နေတော့မည်နည်း၊ သူသာ အပြင်မထွက်ဘဲ အိမ်ထဲမှာသာနေသရွေ့ ပြဿနာဖြစ်မည်မဟုတ်ပါပေ။
ဤသို့ဖြင့် အရာရာတိုင်းက ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ယခင်ကွယ်ဝှက်တောင်ထိပ်ဖြစ်ခဲ့သောသုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကတော့ တစ်ခဏမျှ ဆူပူသွားသော်ငြား တောင်သခင်ဖြစ်သူကို ရှာမတွေ့သောကြောင့် ကိုယ်လုပ်စရာရှိသည်များထဲသာ ပြန်ခေါင်းစိုက်သွားကြသည်။ အခြေအနေများမှာ တောင်သခင်မရှိခဲ့စဥ်ကအတိုင်း လည်ပတ်နေလေ၏။
တပည့်သစ်များစတင်ခန့်အပ်ခြင်းမှာ စတင်တော့မည်ဖြစ်ရာ ဂိုဏ်းရှိတပည့်များစွာက ကျင့်ကြံရေးမြို့အသီးသီးထံ ပျံသန်း၍ လူရွေးနေကြလေသည်။
မသေမျိုးမျိုးစေ့တောင်ကြားကလည်း ထပ်မံဖွင့်လှစ်တော့မည်ဖြစ်၏။
ရက်အနည်းငယ်အကြာအထိ စုယွမ်မှာ ဘာမှလုပ်စရာမရှိရာ စုန့်ချိုက်ကို ခေါ်လိုက်သည်။
စုန့်ချိုက်ကလည်း အမြန်ရောက်လာပြီး စာရင်းစာအုပ်ကို ဆက်သလာ၏။
“ဂိုဏ်းတူအစ်ကို၊ ဒါက လွန်ခဲ့ခြောက်လစာ စာရင်းတွေပါ။ ဒီခြောက်လထဲ စုစုပေါင်း သန်းသုံးထောင်းကျော် ရပါတယ်။ တစ်ချက်ကြည့်ပါဦး အစ်ကို။”
စုန့်ချိုက်က တရိုတသေပြော၏။
စုယွမ်လည်း အံ့သြသွားသည်။
“သုံးသန်းတောင်လား။ ဟုတ်ရဲ့လား။ တော်တော်လေးများမနေဘူးလား။”
စုန့်ချိုက် ပြောလိုက်သည်။
“ကျွန်တော်တို့က အရည်အသွေးမြင့်ပစ္စည်းတွေကို စျေးနိမ့်နိမ့်နဲ့ရောင်းတဲ့အတွက် လေလွှင့်ကျင့်ကြံသူတွေအကြားမှာ အရမ်းကျော်ကြားပါတယ်။”
“ကျိုးမိသားစု၊ ကျန်းမိသားစုနဲ့စုန့်မိသားစုတို့က ပစ္စည်းတွေကိုတင်သွင်းတဲ့အတွက် ရောင်းချဖို့ကုန်ပစ္စည်းကလည်း အလုံအလောက်ရှိပါတယ်။ နောက်ပြီး ဂိုဏ်းတူအစ်ကိုကလည်း အရမ်းကျော်ကြားတော့ ဒီလောက်ရတာ ပုံမှန်ပါပဲ။ ဒါက အဝါရောင်အဆင့်ပစ္စည်းပဲရှိသေးတာပါ။ ကျွန်တော်တို့က အနက်ရောင်အဆင့်တွေပါ ရောင်းနိုင်ခဲ့ရင် ရောင်းရငွေက မိုးတိထိုးမြင့်သွားမှာပါ။”
“ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ရောင်းရတာတွေက တဖြည်းဖြည့်လျော့လာတဲ့အတွက် တစ်လကို အနည်းငယ်ဆုံး ဝိညာဉ်ကျောက်တုံးသုံးသိန်းလောက်တော့ ရောင်းရပါတယ်။”
ဤသည်ကိုကြားတော့ စုယွမ်လည်း လက်ယမ်းပြီး ပြောလိုက်သည်။
“ချီစုဆောင်းခြင်းအဆင့်ပစ္စည်းတွေကိုရောင်း၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မဝင်နဲ့။ ဆိုင်တွေကအရမ်းမကြီးကျယ်သွားသင့်ဘူး၊ အရင်တုန်းက အတိုင်းပဲနေ။ မင်း အခြားစျေးတွေမှာလည်း ဒီနာမည်နဲ့ပဲဆိုင်ဖွင့်လို့ရတယ်။စျေးလယ်ကောင်တို့ဘာတို့တော့နေရာမယူနဲ့ပေါ့။”
စုန့်ချိုက်မှာ ဤစကားကိုကြားတော့ တုန်ယင်သွားပြီး မြန်မြန်ပြန်ပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကိုပြောတာမှန်ပါတယ်။”
“အခုကစပြီး၊ ရှာရသမျှရဲ့ဝိညာဉ်ကျောက်တုံးတစ်ဝက်ကိုပဲငါ့ကိုပေးတော့၊ ကျန်တာတွေ မင်းတို့ဝေစုအနေနဲ့ယူ။ မင်းတို့မိသားစုတွေ၊ နောက်လိုက်တွေ၊ ငှားခတွေဘာတွေညာတွေကို အကုန်လုံးကို သင့်တော်သလိုခွဲဝေလိုက်။ အဆင်ပြေလား။”
စုယွမ် ပြောလိုက်၏။
ဤသည်ကိုကြားတော့ စုန့်ချိုက်၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် နီရဲသွားရသည်။
“ပြေပါတယ်၊ ဂိုဏ်းတူအစ်ကို။ စိတ်မပူပါနဲ့၊ ကျွန်တော် အကုန်လုံးကို အဆင်ပြေအောင်လုပ်လိုက်ပါမယ်။”
စုန့်ချိုက်က အလေးအနက်ဆိုလာ၏။
“ဒါနဲ့ စုန့်ချမ်ကရော ဘယ်မှာလဲ။ ငါ သူ့ကိုမတွေ့ရပါလား။”
စုယွမ် မေးလိုက်သည်။
“ကျွန်တော်တို့မိသားစုထဲကိစ္စတစ်ခုဖြစ်သွားတာမို့ သူက ပြန်အခေါ်ခံလိုက်ရတာပါ။ အစ်ကို ထပ်ပြီးနောက်တစ်ယောက် ထပ်ခန့်မလား။”
“မလိုပါဘူး။ ပြီးတော့ မင်းက အခုထိအစေခံတပည့်ပဲရှိသေးတာလား။”
စုယွမ် ထပ်မေးလိုက်၏။
“အစ်ကိုရဲ့ကျေးဇူးကြောင့် အခု ကျွန်တော်အပြင်တပည့်ဖြစ်နေပါပြီ။”
စုန့်ချိုက် ပြန်ဖြေသည်။
“အမ်း၊ မင်းရဲ့ကျင့်ကြံဆင့်က ချီစုဆောင်းခြင်းအဆင့်လေးတောင်ရောက်နေပြီပဲ၊ ကောင်းတယ်။ ဒါပေမဲ့ ထပ်ကြိုးစားရဦးမယ်နော်။ ဒီလိုဆိုရင်ရော ငါမင်းကို အတွင်းတပည့်အဖြစ်ထောက်ခံပေးလိုက်မယ်လေ။ ဆိုင်ကိစ္စတွေလုပ်တာလည်းအရေးကြီးပေမဲ့ ကျင့်ကြံရေးကိုလည်း လျစ်လျူရှုလို့မှမဖြစ်တာ။”
စုယွမ် ပြောလိုက်သည်။
စုန့်ချိုက်မှာ အချိန်တစ်ခုအထိကြောင်အစွာ ရပ်နေမိလျက် ပြီးမှ စိတ်လှုပ်ရှားစွာ ဆိုသည်။
“ဒါ၊ အဆင်ပြေပါ့မလား။ တပည့်ရင်းတစ်ယောက်က အတွင်းတပည့်နှစ်ယောက်စာပဲ ထောက်ခံပေးလို့ရတာမို့လေ။”
“ဟားဟား၊ ဒါကကိစ္စသေးသေးလေးပါကွာ။”
စုယွမ် လက်ယမ်းပြလိုက်သည်။
စုန့်ချိုက်မှာ စိတ်သက်သာရာရသွားပြီး ရင်ထဲတွင်လည်း အပျော်များပြည့်သွားရတော့၏။ ကြည့်ရသည်မှာ ဂိုဏ်းတူအစ်ကိုစုဟာ သူ့ကိုတကယ်ကိုယုံကြည်သည့်ပုံပေ၊ ထို့အတွက် ဤသို့သောလူများဟာလည်း ခစားရန်အလွန်ထိုက်တန်ပေသည်။ ကျေးဇူးဆပ်သည့်အနေနှင့် သူ ပို၍ကြိုးစားပေးတော့မည်ပင်။
“မင်းမှာ ကျင့်ကြံရေးနဲ့ပတ်သတ်ပြီး ပြဿနာရှိရင် ပြောဦး။”
“ဟုတ်ကဲ့ပါ၊ ဂိုဏ်းတူအစ်ကို။”
ဤသို့ဖြင့် သူတို့နှစ်ဦးမှာ အမေးအဖြေလုပ်ကြတော့သည်။ စုယွမ်မှာ အေးအေးဆေးဆေးဖြင့်သာ စုန့်ချိုက်၏မြောက်များစွာသောမေးခွန်းတို့ကိုပြန်ဖြေနေပြီး စုန့်ချိုက်၏ကျင့်ကြံရေးအပေါ်နားလည်မှုကို ကူညီပေးနေ၏။
စုန့်ချိုက်မှာ ဤသို့သောအခါတိုင်း သူဟာ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတစ်ပါးနှင့်တွေ့နေရသလိုခံစားရ၏။ အနှီသူ၏လေသံအေးအေးဖြင့်ဖြေသော၊သာမန်ကာလျှံကာရှိဟန်ရသောအဖြေများမှာ သူ့ကို တကယ်ကို အလင်းပွင့်သွားစေသည်လေ။
ဤသည်များမှာ တပည့်ရင်းဖြစ်ရခြင်းအကြောင်းအရင်းများဖြစ်ရချေပေမည်။