← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

Chapter 93

ကိစ္စအဝဝကိုကိုင်တွယ်ပြီးတော့ စုယွမ်လည်း ငါးအုပ်ကိုယူ၍ မသေမျိုးမျိုးစေ့တောင်ကြားကို သွားလိုက်သည်။

စုယွမ် ငွေရောင်ဝင်ပေါက်ကြီးရှေ့သို့ရောက်လာ၏။

လျှို့ဝှက်နယ်မြေ၏ဝင်ပေါက်ကိုကြည့်ရင်း သူ မထိန်းနိုင်ဘဲ ပြုံးလိုက်မိသွား၏။

ထို့နောက် သူလည်း ရှေ့သို့လှမ်းကာ ဝင်ပေါက်ထဲ လျှောက်ဝင်လိုက်ရာ ငွေမှင်ရောင်ဝင်ပေါက်ကြီးကား တွန့်ဆုတ်မှုမရှိဘဲ သူ့ကို လက်ခံလာပါ၏။

ဤသို့ဖြင့် သူ ငွေရောင်ကမ္ဘာကြီးထဲ ထပ်မံတစ်ခါရောက်ရှိသွားတော့သည်။

ငွေရောင်မြေခွေးလေးမှာ လေထဲမှထွက်ပေါ်လာပြီး ပါးစပ်ကိုအုပ်လျက် အံ့သြတကြီးဆိုသည်။

“စုယွမ်၊ ခင်ဗျားတကယ်ပဲပြန်လာပြီပေါ့။”

စုယွမ်လည်း ရယ်မော၍ ပြန်ပြောသည်။

“ရှောင်လီ၊ မင်းငါ့ကိုစောင့်နေတာမလား။ ဒီမှာကြည့်၊ ငါမင်းအတွက်ဘာယူလာလဲဆိုတာ။”

စုယွမ် လက်ဖြန့်ပြလိုက်တော့ အငွေ့ထောင်းထောင်းထနေသော ပူပူနွေးနွေးကြယ်ကင်တစ်ကောင်ပေါ်လာလေ၏။

“ဒါကဘာလဲ။ အရမ်းမွှေးတာပဲ။”

ရှောင်လီက စူးစမ်းလာသည်။

“ကြက်ကင်လေ၊ အရမ်းအရသာရှိတာနော်။ ငွေဖြူဝိညာဥ်ရေတံခွန်ဆီသွားစားကြစို့။”

စုယွမ်လည်း ခြေလှမ်းလိုက်တော့ ကြယ်စင်များမှာ သူ့နောက်တွင်ပေါ်လာပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာတင် လျှို့ဝှက်နယ်မြေတစ်ဝက်ကျော်ကာ ငွေဖြူဝိညာဥ်ရေတံခွန်သို့ရောက်ရှိသွား၏။

ရှောင်လီကမူ လျှို့ဝှက်နယ်မြေ၏အစောင့်အရှောက်ဝိညာဥ်ဖြစ်သည့်အတွက် စုယွမ်ကို တစ်ခဏချင်းတွင်း လိုက်မှီသွားသည်ပင်။

သူက အံ့သြတကြီး ပြောလာ၏။

“ခင်ဗျား၊ ခင်ဗျားကဘယ်လိုလုပ် အဲ့ဒီလောက်သန်မာလာတာလဲ။ တစ်နှစ်ပဲရှိသေးတာကို။’

စုယွမ်လည်း ရယ်၍ပြန်ပြောလိုက်သည်။

“နည်းနည်းလေးတိုးတက်လာရုံပါကွာ။လာစားတော့။”

ဤသို့ဖြင့် လူတစ်ဦးနှင့်မြေခွေးတစ်ကောင်းမှာ ရေကန်နံဘေးထိုင်လိုက်ကြ၍ ကြက်ကင်စားရင်း ငွေဖြူဝိညာဥ်ရေတံခွန်၏အလှကိုရူစားနေတော့သည်။

ရှောင်လီ တစ်ကိုက်ကိုက်ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးလေးများက တန်း၍တောက်ပသွား၏။ ရှောင်လီမှာ လူရှေ့သူရှေ့ပင်အိန္ဒြေမဆယ်နိုင်တော့ဘဲ အသားကုန် ကုန်းရုန်းစားမိတော့သည်။

စုယွမ်ကလည်း စားလို့ကောင်းမည့်အစားအစာများအပြည့်ပါသောသိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်သည်။ ၎င်းအထဲ၌ ရှောင်လီအဖို့ တစ်နှစ်စာလုံလောက်သောမုန့်အပြည့်ပါသည်ပေ။

ရှောင်လီကတော့ အလွန်ပျော်ရွှင်နေလျက် ရေကန်ဘေးတွင်ပင် ခုန်ပေါက်နေတော့၏။ နှစ်ပေါင်းထောင်ချီအသက်ရှင်ခဲ့သောရှောင်လီမှာ အမှန်တကယ်တွင်မူ ကလေးတစ်ယောက်၏စိတ်နေစိတ်ထားသာရှိသေးလေသည်သာ။

စုယွမ်ကမူ ငွေဖြူဝိညာဥ်ရေတံခွန်ကို ကြည့်ရှုနေရင်း ရေတံခွန်၏အရှိန်အဝါကို အာရုံခံနေသည်။ သူ ငွေဖြူဝိညာဥ်ရေတံခွန်၏အထဲတွင် ကောင်းကင်နှင့်မြေကြိး၏နိယာမဆယ့်ရှစ်မျိုးကျန်ရှိသေးကြောင်း အာရုံခံမိသွား၏။ နောက်ပြီး ဤသည်များမှာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏အထွဋ်အမြတ်ရတနာများဖြစ်သည်ပေ။

“ဒါနဲ့၊ စကားမစပ် ရှောင်လီ၊ မင်း အဖော်လိုလား။”

စုယွမ် မေးလိုက်သည်။

ရှောင်လီက တက်ကြွစွာပြန်ဖြေ၏။

“လိုတာပေါ့။ ဒီမှာက စကားပြောဖို့တောင် အဖော်တစ်ယောက်ရှိတာမဟုတ်ဘူး။ အရမ်းပျင်းဖို့ကောင်းတာပဲ။”

စုယွမ်လည်း နားလည်သည့်အတွက် လက်တစ်ချက်ဝှေ့လိုက်၏။ ထို့နောက်တွင် ငါးကန်တစ်ခုမှာ လေထဲမှ ထွက်ပေါ်လာတော့လေသည်။

ဝိညာဉ်ငါးပေါင်း၅၀မှာ အထဲတွင် ပျော်ရွှင်စွာကူးခတ်နေကြ၏။ရှောင်ချိုက်မှာ ငါးကန်ထဲမှထွက်လာရာ သူ၏ဘေးပတ်လည်တွင် ရေငွေ့များကလည်း အလိုအလျောက် ဖွဲ့စည်းလာ၏။ ငါးလေးမှာ ရှောင်လီကို လှည့်ပတ်ကြည့်ရင်း စူးစမ်းနေတော့သည်။

“ဒါက ရှောင်ချိုက်တဲ့။ သူက ကိုးရောင်ခြယ်အမတငါးမျိုးဖြစ်မယ်ထင်တယ်။ မင်းနဲ့အရမ်းသင့်တော်တယ်။”

စုယွမ် ပြောသည်။

ရှောင်လီကလည်း စူးစမ်းနေရင်းပြန်ဖြေလာသည်။

“ဒီကောင်လေးက ဒုတိယအဆင့်ရှိတယ်ဆိုတာ ငါ အာရုံခံလို့ရတယ်။ ဒါပေမဲ့ ဘာလို့ စိတ်ဝိညာဥ်အာရုံနဲ့ဘာလို့စကားမပြောတာလဲ။ ကြည့်ရတာ မျိုးရိုးတော်တော်မြင့်မယ်ထင်တယ်။ ဒီအဆင့်ရောက်တာတောင် သူ့မျိုးရိုးအတွက် ကလေးအဆင့်ပဲရှိသေးလို့ဖြစ်မယ်။”

“ဟုတ်တယ်။”

စုယွမ်လည်း ခေါင်းညိတ်၍ ငွေမှင်တောက်ရေတို့စီးဆင်းနေသောရေကန်ကို လှည့်ကြည့်ကာ ပြောလိုက်၏။

“ဒီကဝိညာဉ်ရေက ငါးတွေနေလို့ရလား။’

“ရနိုင်လောက်ပါတယ်”

ရှောင်လီက မသေမချာမရေမရာပြန်ဖြေသည်။

“စမ်းကြည့်ကြတာပေါ့။”

စုယွမ် နာမည်ခေါ်လိုက်သည်။

“ရှောင်ချိုက်၊ အထဲသွားဆော့ကြည့်။”

ရှောင်ချိုက်ကလည်း ခေါင်းညိတ်ပြီး ရေကန်ထဲ ခုန်ဆင်းသွားတော့သည်။ ထို့နောက်တွင် ရှောင်ချိုက်လေးမှာ ပျော်ရွှင်စွာခုန်ကူးလို့ အသံပေါင်းစုံပင်ထွက်နေတော့၏။ ငွေမှင်ရောင်ရေတို့မှာ ရှောင်ချိုက်ကိုယ်ပေါ်သို့ အနည်းငယ်စီးကူးရင်း အရောင်နည်းနည်းတောင် တင်ကျန်ရစ်လေသည်။

ဘာမူမမှန်မဖြစ်တာမှမတွေ့တော့ စုယွမ်လည်း ကျန်ငါး၄၉ကောင်ကို ရေကန်ထဲထည့်လိုက်သည်။

ငါး၄၉ကောင်လုံးမှာ သိုင်းကြိုးမှလွှတ်ပေးလိုက်သောမြင်းရိုင်းများပမာ ရေကန်ထဲသို့ ပျော်ရွှင်စွာ ခုန်ဝင်သွားကြ၏။

သူတို့ကိုယ်တွင်လည်း ရှောင်ချိုက်ထံမှရသော လေးရောင်ခြယ်ကိုသယ်ဆောင်ပြီးဖြစ်ရာ ရေကန်၏ငွေရောင်နှင့်ပေါင်းလိုက်ပါက အလွန်ကို မျက်စိပဒေသာဖြစ်နေတော့လေသည်။

သူတို့မှာ တစ်ကောင်ပြီးတစ်ကောင်ကူးခတ်နေလျက် ၎င်းတို့မှာ ရေများစီမှ ငွေရောင်ခြယ်ကို ဖြေးညင်းစွာ စုပ်ယူနေကြ၏။ ဤတတိယအဆင့်ရှိဝိညာဥ်ရေကန်မှာ ၎င်းတို့အတွက် အတော်လေးသင့်တော်လှရာ ၎င်းတို့၏အရှိန်အဝါကလည်း ပို၍တောက်ပလာတော့သည်။

သို့သော်လည်း စုယွမ် ရုတ်တရက် သုံးဆယ်ခြောက်လေးမှာ ရေတံခွန်အနီးကူးခတ်သွားပြီး အပေါ်သို့ ငေးငေးလေးစိုက်ကြည့်နေတာကို မြင်လိုက်ရ၏။

စုယွမ်လည်း သုံးဆယ့်ခြောက်ကို ရှုပ်ထွေးစွာကြည့်ရင်း အနှီကောင်လေး ဘာလုပ်မလဲဟု စောင့်ကြည့်လိုက်သည်။

စုယွမ်၏အကြည့်အောက်မှာပင် သုံးဆယ်ခြောက်လေးမှာ ချက်ချင်း ခုန်တက်လာ၏။ တစ်ကြိမ်လျှင် သုံးခါလောက်ခုန်ရင်း ငါးလေးမှာ ပေအမြင့်သုံးမီတာလောက်အထိ မြင့်တက်သွားရပြီးမှ အရှိန်ပြင်းပြင်းဖြင့်ရေကန်၏အောက်ခြေသို့ပြန်ကျသွားသည်။

သို့သော်ငြား ဤရှုံးနိမ့်မှုမှာ သုံးဆယ်ခြောက်လေးကို လက်လျော့မသွားစေခဲ့။ ထိုအစား ငါးလေးမှာ ထပ်ခံခုန်တက်ပြီး ကြိုးစားလာခဲ့၏။

ငါးလေးမှာ ရေတံခွန်၏ရေစီးကြောင်းကို တန်ပြန်ပြီး ကူးခတ်နေခြင်းဖြစ်လေသည်။

ယခုတစ်ခေါက်တွင်တော့ အရင်ကထက် ပို၍မြင့်မြင့်ကူးနိုင်ခဲ့သော်ငြား ရေအားကြောင့် ပြန်လည်မျောပါသွားရသည်။

ထို့အပြင် စုယွမ်မှာ အနှီငါးလေး၏အရှိန်အဝါမှာ ထိုသိုးရှုံးနိမ့်မှုများအကြားပို၍တောက်ပလာကြောင်း သတိထားမိလိုက်၏။

စုယွမ် အံ့သြတကြီးမော့ကြည့်လိုက်တော့ ရေတံခွန်၏ထိပ်တွင် ငွေရောင်အပေါက်လေးရေးရေးပေါ်နေကြောင်းမြင်လိုက်ရသည်။

ဤသည်မှာ ယခုလေးမှပေါက်ထွက်လာခြင်းပါပေ။ သူအစကတော့ ၎င်းကိုလျှို့ဝှက်နယ်မြေ၏ထွက်ပေါက်ဖြစ်ရမည်ဟုထင်ခဲ့သော်ငြား ယခုတွင်တော့ ဤမြင်ကွင်းကြည့်ရင်း အတိတ်သို့ပြန်လည်တမ်းတစေမိသောအငွေ့အသက်ခပ်ပြင်းပြင်းကို ခံစားလိုက်ရ၏။

ငါးများကို နဂါးအသွင်ကူးပြောင်းစေနိုင်သော နဂါးဝင်ပေါက်ပါပေ။

All Chapters