← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

Chapter 96 ; စုယွမ်: နောက်ဆုံးတော့ ငါ့အလှည့်ရောက်ပြီ။

မသေမျိုးမျိုးစေ့တောင်ကြားမှာ ထပ်မံ၍တစ်ခါ သက်ဝင်လှုပ်ရှားလာခဲ့သည်။

ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်း၏စုစည်းခြင်းခံထားရသော ထောင်ချီသောလူငယ်လေးများမှာ ဤနေရာတွင်စုစည်းလျက် ဘဝခရီးအသစ်စကြတော့ပေမည်။

သူတို့ဟာ မသေမျိုးမျိုးစေ့တောင်ကြားကို သိချင်စိတ်များ၊ ချစ်ကြောက်ရိုသေစိတ်များနှင့်အတူ စိတ်လှုပ်ရှားစွာ လှည့်ပတ်ကြည့်နေကြသည်။ သို့သော် အချို့သော တပည့်များကတော့ အတော်လေးတည်ငြိမ်နေပေ၏။

ငယ်ရွယ်သောအမျိုးသားတစ်ဦးမှာ ဓါးတစ်ချောင်းနှင့်အတူ မျက်လုံးများကိုပိတ်ဆို့ထားရင်း အမှောင်ထဲတွင် ရပ်နေရာ အရိပ်သတ်ဖြတ်ရေးသမားနှင့်ပင်တူနေသေးလေ၏။

နောက်ထပ်ငယ်ရွယ်သောအမျိုးသမီးတစ်ဦးကလည်း အရပ်ရှည်၍ မျက်ဝန်းများထဲ မီးတောက်အရိပ်အယောင်တို့ ရံဖန်ရံခါပေါ်လာလျက် မွေးရာပါ ဝိညာဉ်စွမ်းအင်တို့ပိုင်ဆိုင်ထားပုံပင်။

အခြားသူများကတော့ အတူတကွ အကျွမ်းတဝင်စုစည်းလျက် လာတော့မည့်အနာဂတ်ကျင့်ကြံရေးလမ်းစဥ်ကို ပျော်ရွှင်စွာ ဆွေးနွေးနေကြ၏။

“ဟေး၊ အစ်ကိုဝမ်၊ ခင်ဗျား ဘာတွေဖြစ်နေလဲသိလားဗျာ။ ကျွန်တော်ဆို တကယ်တော့ မိသားစုရဲ့လျှို့ဝှက်နေရာက ဆင့်ခေါ်ခံထားရတာ။ ကြည့်ရတာ တစ်ခုခုဖြစ်နေသလားပဲ။”

“ငါလည်း မသိဘူး။ ဒါပေမဲ့ ကြားတာတော့ ဒီမသေမျိုးမျိုးစေ့တောင်ကြားကို ကောင်းကင်ဘုံအဆင့်ဝိညာဉ်ရင်းမြစ်တွေပါ လာတာတဲ့။”

“ကောင်းကင်ဘုံအဆင့်ဝိညာဥ်ရင်းမြစ်လား။”

အပြည့်အစုံလုံးဝပြီးပြည့်စုံသောအဆင့်သည်ကား ကောင်းကင်ဘုံအဆင့်ပါပေ။ ပြီးပြည့်စုံသောအဆင့်များကြားတွင်တောင် ကွာခြားမှုရှိသေးရာ ထိုအထဲမှလုံးဝပြီးပြည့်စုံသောအဆင့်များကိုသာ ကောင်းကင်ဘုံအဆင့်ဟု သတ်မှတ်ခြင်းဖြစ်၏။ ဤသို့သောဝိညာဉ်ရင်းမြစ်များက စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကိုတိုက်ရိုက်တက်လှမ်းသွားနိုင်သလို တပည့်ရင်းအဆင့်ချက်ချင်းရသည်များက ပိုများ၏။ သူတို့သာ ဂိုဏ်းတွင်းသို့ ဝင်လိုပါက မသေမျိုးမျိုးစေ့တောင်ကြားကိုတောင် တဆင့်ခံဝင်ရန်မလိုသော်ငြား ယခုတွင်တော့ တကယ်ကြီး ဤနေရာသို့ရောက်လာခဲ့လေသည်။

လူများမှာ မသေမျိုးမျိုးစေ့တောင်ကြား၏ဤတစ်ကြိမ်အတွက် များစွာမျှော်လင့်နေကြချေပြီ။

အမတအကြီးအကဲနန်ကုန်းကတော့ ထောင့်တစ်နေရာရှိကျောက်တုံးကိုမှီ၍ သန်းဝေနေလေ၏။

အမျိုးသမီးတစ်ဦးက သူ့ဘေးချဥ်းကပ်လာပြီး သိချင်စွာမေး၏။

“ဂိုဏ်းတူအစ်ကို၊ ရှင်က ဘယ်ကလဲ။”

အမတအကြီးအကဲနန်ကုန်းမှာ သန်းဝေတာမပြီးနိုင်သေး။

“ကလေးမလေး၊ ဝေးဝေးနေစမ်းပါ။”

အမျိုးသမီးတပည့်က ရင်ကော့ခါးကော့၍ ပြန်ပက်လာ၏။

“ကျွန်မက ဘာလို့ကလေးမလေးဖြစ်ရမှာလဲ။”

အမတအကြီးအကဲနန်ကုန်းမှာ ပြောစရာပျောက်ရှသွားရသည်။ပြီးမှ ရုတ်တရက် သူက ငယ်ရွယ်စဥ်ကရုပ်ဖြစ်နေမှန်းသတိရသွားရ၏။ ထိုအချိန်တုန်းကလည်း သူက အလွန်ချောမောလွန်းသောကြောင့် ချစ်ရေးဆိုသူများခဲ့သည်ပင်။ ယခုတွင်လည်း သူ၏အနှီအချိန်တုန်းက ပျိုမျစ်စဥ်ကရုပ်ရည်အတိုင်းပြောင်းလဲထားမိသည်ကို ခဏမျှမေ့သွားခဲ့၏။

“စိတ်မဝင်စားဘူး။ ကျုပ်ကို လာမနှောင့်ယှက်နဲ့။”

အမတအကြီးအကဲနန်ကုန်းက ထပ်သန်းဝေပြန်သည်။

အမျိုးသမီးမှု လက်မလျော့သေး၊ သူမက အမတအကြီးအကဲနန်ကုန်း၏ဘေးနားသို့ မှီကပ်လာရင်း တီးတိုးဆို၏။

“ကျွန်မနာမည်က ရှဲ့ယင်းယင်း၊ သွေးကျောက်စိမ်းမိသားစုကပဲ။ ဒါက ကျွန်မရဲ့ပထမဆုံးအပြင်ထွက်လာတာလေ။ ဒီလောက်လူတွေအများကြီးကို ပထမဆုံးမြင်ဖူးတာပဲ။”

အမတအကြီးအကဲနန်ကုန်းက သူမကို လျစ်လျူရှုထားဆဲ။

သူမက တစ်ကိုယ်တည်းဆက်ပြောလာ၏။

“ဘာလို့လဲမသိဘူး။ ကျွန်မ ရှင့်ဘေးထိုင်ရတာ အရမ်းသက်တောင့်သက်သာရှိတာပဲ။ ရှင့်ဆီမှာ တစ်ခုခုရှိနေတာလား။”

ဤသည်ကိုကြားတော့ အမတအကြီးအကဲနန်ကုန်းလည်း မျက်လုံးပြန်ဖွင့်၍ လှည့်ကြည့်လိုက်ရာ အံ့သြသွားရသည်။ သူ ရှဲ့ယင်းယင်း၏ခန္ဓာကိုယ်ထဲ သွေးနီရောင်မီးတောက်လေး တည်ရှိနေသည်ကို မြင်လိုက်ရ၏။

ဤတစ်ယောက်က သွေးကျောက်စိမ်းမိသားစု၏သမီးရင်း၊ တိုက်ရိုက်ဆက်ခံသူ၊ သွေးသန့်တစ်ဦးဖြစ်နေသည်ပဲ။ ဤသို့သောမျိုးရိုးမြင့်သူကလည်း မသေမျိုးမျိုးစေ့တောင်ကြားသို့ ရောက်လာသည်လား။

အမတအကြီးအကဲနန်ကုန်းက ပြောလိုက်သည်။

“ငါ့မှာ တစ်ခုခုရှိနေလို့မဟုတ်ဘူး။ မင်းရဲ့ခန္ဓာကိုယ်ကထူးခြားပြီး ဝိညာဉ်စွမ်းအင်မြင့်တာတွေကို အာရုံခံလွယ်လို့ပဲ။”

ပြောပြီးသည်နှင့် သူ မျက်လုံးပြန်မှိတ်ပြီး အိပ်နေလိုက်၏။

“ခန္ဓာကိုယ်လား။ အဲ့ဒါဆိုရင် ရှင့်ဆီမှာ ဝိညာဉ်စွမ်းအင်အားကောင်းတာရှိနေတယ်ဆိုတဲ့သဘောမလား။ ကျွန်မကြည့်လို့ရမလား။”

ရှဲ့ယင်းယင်းက စူးစမ်းလာပြန်သည်။

အမတအကြီးအကဲနန်ကုန်းက တစ်ဖက်လှည့်သွား၏။

ရှဲ့ယင်းယင်းက ပြောဆိုလာလေသည်။

“ကပ်စီးနည်းလိုက်တာ။”

ပြီးနောက် သူမက အခြားတပည့်များထံ စပ်စု၍ကြည့်နေတော့၏။

တပည့်ပေါင်းထောင်ချီက ဖြည်းဖြည်းချင်း ကွင်းပြင်ကျယ်ထဲသို့ စုဝေးလာကြသည်။ သူတို့က တောင်ကြားသခင်ရောက်လာမှာကို စောင့်ဆိုင်းနေကြတော့သည်။

နေမင်းကြီးက နှုတ်ဆက်လို့ ညချမ်းအခါတောင် ရောက်လာချေပြီ။

ယနေ့ည၏လရောင်အလင်းမှာကား နူးညံ့သိမ်မွေ့သောတောက်ပမှုကို ပေးနေလေ၏။

လူငယ်လေးများမှာ အချိန်အကြာကြီးစောင့်ဆိုင်းရ၍ ညီးညူလာကြတော့သည်။

“ဘာလို့တောင်သခင်က မရောက်သေးတာလဲ။”

“ငါ ပြန်အိပ်ချင်ပြီ။”

“တောင်သခင်က ဘယ်လိုလူလဲမသိဘူး။ ငါကြားတာတော့ လူအိုကြီးဆိုလားပဲ။”

“ငါ အမတတစ်ယောက်ဖြစ်ချင်လိုက်တာ၊ အမတတွေက ဘယ်လောက်တောင်သန်မာနေမလဲနော်။”

ဆွေးနွေးနေသံများက လွန်စွာဆူညံနေတော့၏။

“ချလန်၊ ချလန်၊ ချလန်။”

ရှင်းလင်းကာ အေးစက်လှသောဓါးသံမှာ ကွင်းပြင်တစ်ခွင် ကျယ်လောင်ပြတ်သားစွာ ပျံ့လွှင့်သွား၏။

တပည့်များကလည်း ချက်ချင်းတိတ်ကျသွားပြီး ကောင်းကင်ကိုမော့ကြည့်လိုက်ကြသည်။

ဝေဟင်ပြင်မှ ဓါးအလင်းခုနစ်စင်းက ကျရောက်လာ၏။ ဓါးများ၏အရိပ်သည်ကား ပေတစ်ရာမီတာခန့်ပင် ရှည်လျားလို့နေရာ တပည့်များအားလုံးပြူးကျယ်ကုန်ကြတော့သည်။

မိုးပြာရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ စိမ်းမြရောင်၊ ခရမ်းရောင်နှင့်အတူအပြာရောင်အလင်းတို့က တိမ်များကိုဖောက်ထွင်းကာ ကွင်ပြင်ကျယ်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ အလင်းမှာ လွန်စွာတောက်ပနေသလို ပြိုင်စံရှားဟုတင်စားရမည့်ဓါးတို့၏အရှိန်အဝါကလည်း ကောင်းကင်ပြင်ကိုပင် ထက်ခြမ်းခွဲချင်သည့်ဟန်ပါပေ။

မီတာရာချီရှည်လျားသောဓါးအလင်းတို့မှာ မိုးကောင်းကင်၏အမြင့်တစ်နေရာထိတိုင်ခင်းကျင်းပေးထားသော ခုနစ်စဥ်လမ်းကြောင်းအလား ဖြစ်နေလေ၏။

လူတိုင်းမှာ အဝေးတစ်နေရာရှိ လူငယ်လေးတစ်ဦး၏ပုံရိပ်ထံအကြည့်စိုက်သွားသည်။ အနှီလူမှာ ခုနစ်စဥ်အလင်းတန်းတို့ကြား ဖြည်းညင်းစွာလျှောက်လာလေ၏။

သူ လှမ်းလိုက်သောခြေလှမ်းတိုင်းတွင် ကောင်းကင်နှင့်မြေကြီးမှ သတ္ထုကြွေကျသံကိုကြားနေရသည်။ ရွှေရောင်အလင်းမှာ သူ့ခြေလှမ်းတိုင်းအောက်တွင်ပါရှိနေပြီး သန့်စင်လှသောထိပ်တန်းဝိညာဥ်စွမ်းအင်များစွာကို သွန်းလောင်းနေ၏။

ဓါးကြီးခုနစ်စင်းမှာ လူငယ်လေး၏အရှေ့သို့ထွက်လာကြပြီး အံ့သြနေသောတပည့်များ၏အကြည့်အောက်တွင်ပင် ၎င်းတို့က ခုနစ်စဥ်ရောင်ခြယ်နဂါးများအဖြစ် အသွင်ပြောင်းသွားကြလေသည်။

All Chapters