အခန်း ၉၇
Vol. 10 Ch. 97
Chapter 97
နဂါးဦးခေါင်း၊ နဂါးလည်ပင်း၊ နဂါးကြေးခွံ၊ နဂါးလက်သည်း၊ နဂါးအမြှီးစသဖြင့်အသေးစိတ်အချက်အလက်တိုင်းက တကယ့်အစစ်အမှန် နဂါးများအလား။
သူတို့၏မျက်လုံးများမှာ မှိတ်ခတ်သွားပြီး ဝိညာဉ်စွမ်းအင်တို့အပြည့်လျှံကျလာသည်။ နဂါးတစ်ကောင်၏အရှိန်အဝါမှာ လျှံထွက်နေပြီး သတ္တဝါအပေါင်းတို့ကို ဖိအားဖြစ်သွားစေ၏။
နဂါးခုနစ်ကောင်တွင် သံကြိုးများသွယ်တန်း၍ရထားလုံးတစ်လုံးဆီချိတ်ဆက်ထားသည်။ အနှီရထားလုံးအပေါ်၌လူငယ်လေးက ထိုင်၍ လေထုထဲတွင် ပျံဝဲနေတော့သည်။
လူအုပ်ထဲရှိ အမတအကြီးအကဲနန်ကုန်းမှာ မျက်လုံးများ ကျွတ်ကျမတတ်ပါပေ။ သူက စုယွမ်တစ်ယောက် ဤမျှကြီးကျယ်သောအဖွင့်ကို လုပ်လာမည်ဟု ထင်မထားပါချေ။
ဤအဖွင့်ကလည်း တကယ်ကိုထိပ်တန်းအဆင့်ဝင်သည်ပင်။
သူ အနှီဓါးရှည်ကြီးများက နဂါးအသွင်ကူးပြောင်းခြင်းက မန္တန်ကြောင့်ဖြစ်မှန်းပြော၍ရသော်ငြား၊ အားလုံးကလူအထင်ကြီးရန်ဖြစ်ကြောင်းနှင့် တကယ်မဟုတ်ကြောင်းသိသော်ငြား အတော်လေး အသေးစိတ်ကျကာ စစ်မှန်လွန်းလှသည်ပေ။
ယခုဆိုလျှင် တပည့်အားလုံးမှာ ကြောင်အနေကြလေပြီ။
ဤအဖွင့်သည်ကား ကြီးကျယ်လွန်းသည်မှာ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်တစ်ယောက်ဟုမှတ်ထင်သွားကြရင်တောင် အံ့ဖွယ်ရာမဟုတ်ပါပေ။
နဂါးတို့မှာ စင်မြင့်ပေါ်နီးကပ်လာသည်နှင့် အရွယ်အစားတို့ကလည်း တဖြည်းဖြည်းကျုံ့လာ၏။ သူတို့စင်မြင့်ပေါ်ရောက်သည့်အချိန်တွင်မူ သာမန်အရွယ်အစားပြန်ဖြစ်သွားချေပြီ။ နဂါးခုနစ်ကောင်မှာ စုယွမ်၏ဘေးပတ်လည်ကို ခဏမျှဝေ့ဝဲနေပြီးမှ ကောင်းကင်သို့ ပျံသန်းသွားရာ ဘာလက်ရာမှတောင်မကျန်ဘဲ ပျောက်ကွယ်သွား၏။
စုယွမ်ဟာ မိုးပြာရောင်တာအိုဝတ်စုံကိုဝတ်ဆင်ထားလျက် မည်သည့်မူမမှန်မှုမှထပ်မပြတော့၊ ယခုတွင်တော့ သေမျိုးကမ္ဘာမှား သာမန်စာသင်သားလေးတစ်ဦးနှယ် ရိုးရှင်းနေလေသည်။
ကွင်းပြင်တစ်ခုလုံးမှာ တိတ်ဆိတ်နေကြဆဲ။
လူငယ်လေးများမှာ အမတလောကသို့ သူတို့၏အမြင်ကို ဖွင့်ပေးခံလိုက်ရသည့်အတိုင်းပင်။ ဤသည်မှာ ပထမဆုံးအကြိမ်နဂါးတစ်ကောင်ကိုမြင်ဖူးသည်ဖြစ်ရာ သူတို့၏နှလုံးသားကို လှုပ်ကိုင်၍ ဘဝတစ်သက်စာ စွဲမြဲသွားစေရန်လုံလောက်ပါ၏။
ထို့အတူ အနှီနဂါးများကိုထိန်းချုပ်ခဲ့သောစုယွမ်ကတော့ ပို၍ပိုကာ မမေ့နိုင်စရာကောင်းနေလေတော့သည်။
စုယွမ်လည်း တိတ်တခိုး စနစ်မျက်နှာပြင်ကို ချောင်းကြည့်လိုက်တော့ ကျော်ကြားမှုအမှတ်က ၁၃၂၄မှတ်ထပ်မံမြင့်သွားကြောင်း သိလိုက်ရ၏။
ဤလူများအားလုံးက ဂိုဏ်းထဲတောင်မဝင်ရသေးသောသာမန်လူများဖြစ်ပေရာ ရရှိသည့်အမှတ်အရမ်းနည်းနေမည်ကတော့ ပုံမှန်ပါပေ။
သို့သော် ယခုတစ်ခေါက်ရသည့်အမှတ်မှာ ထင်ထားသည်ထက်နည်းမနေရာ ရရှိသည့်အမှတ်များက လူတစ်ယောက်က သူ့ကိုဘယ်လောက်ထိ စွဲစွဲမြဲမြဲမှတ်မိသလဲအပေါ်ပါ အခြေခံကြောင်းသိရှိသွားရ၏။
စုယွမ်လည်း အကြည့်ပြန်သိမ်းလိုက်ပြီး တပည့်အားလုံးကို တည်ငြိမ်စွာကြည့်လိုက်သည်။ သူ၏အသံမှာ ညင်သာသော်ငြား လူတိုင်း၏နားထဲ ရှင်းလင်းစွာဝင်ရောက်လာ၏။
“ငါ့နာမည်က စုယွမ်ပဲ။ ငါရဲ့ရာထူးကတော့ လျှို့ဝှက်ကိစ္စမို့မပြောတော့ဘူး။ လက်ရှိလောလောဆယ်တော့ တောင်ကြားသခင်ရာထူးကို ခဏတာတာဝန်ယူပြီး မင်းတို့ကို ကျင့်ကြံရေးလမ်းကြောင်းကို မိတ်ဆက်ပေးဖို့ရောက်လာတာပဲ။”
စုယွမ်၏လေသံမှာ အလွန်ညင်သာနေလေ၏။
“မင်းတို့တွေက တာအိုကိုမလေ့လာရသေးတဲ့အတွက် ဒီလမ်းကြောင်းကရှည်လျားပြီးအန္တရာယ်များတာကိုလည်းမသိကြသေးဘူး။ အမတတစ်ယောက်ဖြစ်ဖို့ဆိုတာ အရိုးပေါင်းများစွာကို ခင်းပြီးဖောက်ရတဲ့လမ်းပဲ။ အဲ့ဒီတော့ ငါမင်းတို့ကို အမတဖြစ်ဖို့အထိ မမျှော်လင့်ပါဘူး။ အေးအေးဆေးဆေးဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကိုရောက်ပြီး နှစ်တစ်သောင်းလောက်နေသွားတာကလည်း လက်ရှိမှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်ပဲ။”
အမတအကြီးအကဲနန်ကုန်းအပါအဝင် တပည့်အားလုံးမှာ ကြောင်အနေကြ၏။ အထူးသဖြင့် အမတအကြီးအကဲနန်ကုန်းမှာ နှုတ်ခမ်းတောင်တွန့်သွားရသည်။ အနှီလူ၏အေးအေးဆေးဆေးလေးဝိညာဥ်အသွင်းကူးပြောင်းခြင်းအဆင့်ရောက်ရန်ဆိုသည်မှာ ဘယ်လိုအေးဆေးခြင်းမျိုးနည်း။ ထို့အပြင် အနှီသူဟာ သူကိုယ်တိုင်တောင် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်တောင် မရောက်သေးသည်လေ။
“ဝိညာဥ်အသွင်ကူးပြောင်းဖို့အခြေခံက တာအိုအုတ်မြစ်နဲ့ တာအိုဆန္ဒအပေါ်နားလည်မှုမှာ မူတည်နေတာ။ ကောင်းကင်ဘုံအဆင့်ဝိညာဉ်ရင်းမြစ်တွေကတော့ သဘာဝအတိုင်းကို တာအိုဆန္ဒတစ်စွန်းတစ်စကို နားလည်ပိုင်ဆိုင်နိုင်ကြတယ်။ ဒီလိုပိုင်တာကပဲ ဝိညာဉ်အသွင်ကူပြောင်းအဆင့်ကို ရောက်ဖို့အခက်အခဲတွေကိုလျော့ချပေးနိုင်တယ်။ အနိမ့်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တွေကကျတော့ လုံလောက်တဲ့နားလည်နိုင်စွမ်းနဲ့ မြင့်မားတဲ့အမွေအနှစ်ကို ရရှိနိုင်ရင် ကံကြမ္မာကိုဖီဆန်ပြီး ဒီအဆင့်ကိုရရှိနိုင်တယ်။”
“ဒီအမွေအနှစ်တွေနဲ့ထိပ်သီးကျင့်စဥ်တွေက ငါတို့ဂိုဏ်းရဲ့အခြေခံအုတ်မြစ်တွေပဲ။ ဒါပေမဲ့ မင်းတို့အများစုမှာ ဒါတွေကို သင်ဖို့အခွင့်အရေးသိပ်မများလောက်ဘူး။ ကောင်းကင်ဘုံအဆင့်ဝိညာဉ်ရင်းမြစ်ပိုင်ရှင်တွေတောင် အဲ့ဒါတွေရဖို့ ထောက်ပံ့အမှတ်တွေနဲ့လဲရတယ်။ ဒါပေမဲ့ အမွေအနှစ်တွေကမရရှိနိုင်ဘူးဆိုရင်တောင် ရွှေအမြူတေအဆင့်ကိုရောက်ပြီး နှစ်ရာချီလောက်တော့နေလို့ရပါတယ်။”
ဤစကားလုံးများထွက်လာသည်နှင့် တပည့်များစွာ၏မျက်နှာမှာ မှောင်မည်းသွား၏။ မည်သူကမှ အရူးမဟုတ်ပါပေ။ သူတို့အကုန်လုံးက ထိပ်သီးကျင့်စဥ်များဆိုသည်မှာ အလွန့်အလွန်ခက်ခဲကြောင်းသိကြ၏။ သို့သော် တတ်မြောက်မည်၊မတတ်မြောက်ဘူးတောင်မဆိုပါနှင့်၊ သူတို့ဟာ သင်ဖို့အခွင့်အရေးတောင် မရနိုင်သည်လေ။
စုယွမ် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဆိုသည်။
“ငါကလည်း တစ်ခါက အနိမ့်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်ပဲ။ ဒါပေမဲ့ငါ ပြီးပြည့်စုံတဲ့တာအိုအုတ်မြစ်ကို တည်နိုင်ခဲ့တယ်။ အဲ့ဒီတော့ ပြီးပြည့်စုံတဲ့တာအိုအုတ်မြစ်ဆိုတာဘာလဲသိလား။ အဲ့ဒါက ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ရောက်ဖို့အတွက် အာမခံပေးနိုင်တဲ့အရာတစ်ခုပဲ။ ဒါပေါ့၊ ဒီဆရာက အမွေအနှစ်တစ်ခုကို ဆက်ခံနိုင်ခဲ့တာလေ။ ဒါပေမဲ့ လက်ရှိရှိနေတဲ့တောင်ခုနစ်လုံးကတော့မဟုတ်ဘူး။ ပြောရရင် အနိမ့်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်တွေလည်း ကြိုးစားပြီးကျင်ကြံလို့ရတယ်။ မင်းတို့က ကံတော်တော်လေးကောင်းပြီး ဒီဆရာနဲ့လည်း မသေမျိုးမျိုးစေ့တောင်ကြားမှာ ပထမဆုံးတွေ့တာဆိုတော့၊ ငါမင်းတို့ကို ဒီအမွေအနှစ်ကို သင်ယူနိုင်ဖို့အခွင့်အရေးပေးမယ်။”
ဤသည်ကိုကြားတော့ လူတိုင်း၏မျက်ဝန်းမှာ ဘလင်းဘလင်းတောက်သွားလျက် စုယွမ်ကို မျှော်လင့်တကြီးစိုက်ကြည့်လာကြသည်။
စုယွမ်လည်း လက်ယမ်းလိုက်တော့ စာအုပ်၆၃၀အုပ်ပေါ်လာ၏။
“ဒီဆရာက ထိပ်သီးကျင့်စဥ်တွေကို အပိုင်းကိုးခုအဖြစ်ခွဲထားတယ်။ တစ်ခုချင်းစီမှာ ကျင့်ကြံရေးနည်းလမ်း၊ လှုပ်ရှားမှုကျင့်စဥ်၊ အစီအရင်ပညာ၊ ဓါးပညာ၊ နတ်က္ခဗေဒ၊ ရှေ့ဖြစ်ဟောစသဖြင့်အမျိုးမျိုးပါဝင်တဲ့ စာအုပ်၇၀ပါရှိတယ်။ မင်းတို့ ပထမပိုင်းကိုနားလည်နိုင်ခဲ့ရင် အဆင့်မြင့်တာအိုအုတ်မြစ်ကို ရနိုင်လိမ့်မယ်။”
“ငါ ဒီပထမပိုင်းက ကျင့်စဥ်တွေကျမ်းစာတွေကို ကျမ်းဂန်နန်းဆောင်မှာထားလိုက်မယ်။ မင်းတို့သာ ချီစုဆောင်းခြင်းအဆင့်နှစ်ရောက်ရင် သွားပြီးယူနိုင်တယ်။ ပိုမြင့်တဲ့အပိုင်းတွေကတော့ ပထမပိုင်းပြီးမှဖြစ်ဖြစ် ထောက်ပံ့အမှတ်နဲ့ဖြစ်ဖြစ် လဲရမယ်။”
စုယွမ်က လက်ယမ်း၍ စာအုပ်ပေါင်း၆၃၀အနက် ၇၀ကို ကျမ်းဂန်နန်းဆောင်၊ ကျန်သည်များကို လျှို့ဝှက်နန်းဆောင်သို့ ပို့လိုက်သည်။
အမတအကြီးအကဲနန်ကုန်းမှာ ၎င်းတို့ကို မျက်လုံးတောက်တောက်များနှင့် ကြည့်နေမိသည်။ သူက အနှီထိပ်သီးကျင့်စဥ်များရရန် လာရခြင်းဖြစ်ရာ ၎င်းတို့က ခက်ခဲမည်ကိုလည်းသိပေ၏။
အချို့တပည့်များကတော့ စိတ်ပျက်ဟန်ပြလာကြသည်။ သူတို့၏စမှတ်မှာအလွန်မြင့်သည့်အတွက် သာမန်ထိပ်သီးကျင့်စဥ်များက အာရုံကိုမဖမ်းစားနိုင်ပါပေ။
စုယွမ်ကလည်း သူတို့၏အမူအရာများကိုဂရုမစိုက်၊ သူ ပြောလိုက်သည်။
“အခု၊ ခန္ဓာကိုယ်ထဲကို ချီစုဆောင်းကြရအောင်။”
စုယွမ်လည်း ယခင်တောင်သခင်လိုပင် ချီစုဆောင်းနည်းလမ်းများကို ထည့်သွင်းပေးလိုက်ပြီး ဝိညာဉ်ညှို့ယူအမွေးတိုင်ထွန်းထားလိုက်၏။
တပည့်ထောင်ချီကလည်း ကြောင်အနေရာမှနိုးထလာပြီး တစ်ယောက်ပြီးတစ်ယောက်ထိုင်ကာ ချီစုစည်းရန် တရားထိုင်တော့သည်။
စုယွမ် ပထမဆုံးအကြိမ်ပေါ်လာကတည်းက သူက ဝိညာဉ်ကျောက်တုံးများကို ကွင်းပြင်တစ်ခွင်ချေထားခြင်းဖြစ်၏။ ထို့အတွက် ကွင်းပြင်ထဲရှိဝိညာဉ်စွမ်းအင်က အလွန်မြင့်နေပြီး ချီစုဆောင်းခြင်းအခက်အခဲကိုလည်း ခုနစ်ဆလောက်လျော့ချပေးလေမည်ပင်။
အရိပ်ထဲတွင်မူ ကုချင်းကျုးမှာ ဤမြင်ကွင်းကိုကြည့်ရင်း ပြောစရာစကားပျောက်ရှနေရသည်။ ပုံမှန်ဆိုလျှင် စုယွမ်က သိုသိုသိပ်သိပ်သာနေတတ်သည်မဟုတ်ပေလား။ သို့ဆိုလျှင် ဘာကြောင့်များ သူက ဤမသေမျိုးမျိုးစေ့တောင်ကြားတွင်တော့ အရမ်းဝံ့ကြွားနေရပါသနည်း။
သူက စုယွမ်တစ်ယောက် ကျော်ကြားမှုစနစ်ပိုင်ဆိုင်ထားကြောင်းမသိလေသည့်အတွက် ထိုသို့ဝံ့ကြွားခြင်းက အမှတ်တက်နိုင်ကြောင်းကိုလည်းမသိပါပေ။
စုယွမ်ကလည်း ပုံမှန်အပြင်ဘက်တွင်ဆိုပါက ထိုမျှမြောက်ကြွစွာမနေရဲပါပေ၊ သို့သော် ဤမသေမျိုးမျိုးစေ့တောင်ကြားက ကလေးတစ်အုပ်ရှေ့တွင်တော့ အန္တရာယ်မရှိသည်ဖြစ်ရာ တတ်နိုင်သမျှဝံ့ကြွားရပေမည်။ ပြောရလျှင်လည်း အနှီကလေးတစ်သိုက်ကြီးပြင်းလာနိုင်သော်ငြား ထိုအချိန် မူကြိုဆရာတစ်ဦး၏ကြွားဝါမှုကို မည်သူက မှတ်မိကြဦးမည်နည်း။