← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

Chapter 98 မည်သူမှမသင်ယူပေ။

အမွှေးတိုင်က တောက်လောင်နေ၏။

စုယွမ်လည်း တည်ငြိမ်စွာရပ်၍ စောင့်စားနေပေသည်။

ဆယ့်ငါးမိနစ်မပြည့်မီအချိန်လေးအတွင်းမှာပင် ဝိညာဉ်စွမ်းအင်မငြိမ်မသက်မှုများက တပည့်တစ်ယောက်၏ကိုယ်မှထွက်ပေါ်လာပြီး ချက်ချင်း အားကောင်းလာ၏။

စုယွမ် အံ့သြသွားပြီး ကြည့်လိုက်သည်၊ ဤသို့သောအမြန်နှုန်းမှာ ကောင်းကင်ဘုံကိုပင်ဖိဆန်နေသည်ဟုပြော၍ရပေ၏။

ထိုသည်မှာ အမျိုးသားတပည့်တစ်ဦးဖြစ်သည်။ သူက ထရပ်၍ စုယွမ်ထံလျှောက်လာခဲ့သည်။

အမျိုးသားတပည့်က စုယွမ်ကို အရိုအသေပြုလာသည်။

“ကုယို၊ တောင်သခင်စုကို ဂါဝရပြုပါတယ်။”

“မဆိုးဘူး။ မဆိုးဘူး။ မင်းပါရမီက တော်တော်ကောင်းတယ်။ မင်း ချီစုဆောင်းခြင်းအဆင့်ကို မြန်မြန်ကျော်နိုင်လောက်တယ်၊ လူငယ်မျိုးဆက်တွေက တကယ်အထင်ကြီးစရာပဲ။”

စုယွမ် သူ့ကို ချီးကျူးလိုက်သည်။

ကုယိုက အလေးအနက်ဆိုလာသည်။

“ကျွန်တော့်မှာ ကောင်းကင်ဘုံအဆင့်ဝိညာဉ်ရင်းမြစ်ရှိလို့ပါ။ ဒါနဲ့ဆိုရင် ကျွန်တော် တောင်သခင်စုရဲ့တပည့်ဖြစ်ခွင့်ရှိမလား။”

ဤစကားကြောင့် စုယွမ်လည်း အံ့သြသွားရပြီး ပြောလိုက်သည်။

“မင်းကတော်တော်လေး တဲ့တိုးဆန်တာပဲ။ ဒါပေမဲ့ တပည့်လုပ်စရာမလိုပါဘူးကွာ။ ငါသိသမျှအကုန်လုံးကို စာကြည့်တိုက်နဲ့ ကျမ်းဂန်နန်းဆောင်မှာ ခွဲထားပေးသားပဲ။ မင်းဘာသာသွားပြီးလေ့လာဖို့ပဲလိုတာ။ နောက်ပြီး .... “

“ပြောပါ။တောင်သခင်။”

ကုယို မေးလိုက်သည်။

“နောက်ပြီး မင်းသင်ချင်လားမသင်ချင်ဘူးလားဆိုတာလည်း စဥ်းစားရဦးမယ်လေ။ တကယ်တော့ ငါကခုနကဟိတ်ဟန်ထုတ်ထားတာ။ ငါက အခုဆို ရွှေအမြူတေအဆင့်မရောက်တရောက်လောက်ပဲရှိသေးတာ။ အဲ့ဒီတော့ မင်းငါပြောသလိုလုပ်တာပဲကောင်းမယ်။ ပြောရရင် ငါက လူအထင်ကြီးအောင် မလုပ်ဖူးဘူးလို့လေ။”

စုယွမ်က ခပ်ဖျော့ဖျော့ပြုံးလျက် သူ၏အမူအရာမှာ အလွန်ဂုဏ်ယူနေသည့်ဟန်ပေ။

ကုယို၏မျက်ဝန်းမှာကျယ်ဝန်းသွားလျက် ထိတ်လန့်တကြီးဆို၏။

“ဘယ်လို။ တောင်သခင်က ရွှေအမြူတေအဆင့်မရောက်တရောက်လောက်ပဲရှိသေးတာလား။ ကျွန်တော်က တောင်သခင်ကို ဂိုဏ်းချုပ်ထက်တောင် ပိုသန်မာမယ်ထင်ထားတာ။”

“ဒါတွေက အထူးနည်းလမ်းလေးတွေသုံးထားလို့ပါကွာ။ အရမ်းကြီးမတွေးနဲ့။”

“တကယ်လား၊ အတုလား။”

ကုယိုတစ်ယောက်သူ့ဘဝသူသံသယဝင်နေစဥ် ရှစ်ယောက်ထက်ပို့သောတပည့်တို့က ချီစုဆောင်းတာအောင်မြင်သွားကြချေပြီ။

အနှီတပည့်အားလုံးက အကြမ်းဖျင်းအားဖြင့် ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်များဖြစ်ကြ၏။ ပုံမှန်ဆိုလျှင် ထိုသို့ပါရမီရှင်တစ်ဦးကိုတွေ့ရသည်တောင် ခဲယဥ်းသော်ငြား ယခုတွင်တော့ ကိုးယောက်တောင် တစ်စုတစ်စည်းထဲတွေ့နေရလေသည်။

အမတအကြီးအကဲနန်ကုန်းကလည်း သူတို့အထဲပါ၏။ သူက အစွန်းဆုံးတွင်ရပ်နေလျက် သိုသိုဝှက်ဝှက်သာနေနေလေသည်။

ကုယိုကလည်း ယခုထိတိုင်မယုံနိုင်သေးသည့်အတွက် မေးလာသည်။

“တောင်သခင် ကျွန်တော့်ကို လိမ်နေတာတော့မဟုတ်ဘူးမလား။ တောင်သခင်ကသာအင်အားနည်းရင် ဘယ်လိုလုပ် ကျမ်းဂန်၆၃၀ကိုတောင်ရေးနိုင်မှာလဲ။”

စုယွမ်က လက်ဖြန့်ပြလိုက်သည်။

“လျှောက်ရေးထားတာလေ။”

သူ ထိပ်တန်းကိုးယောက်ကို ကြည့်လိုက်ပြီးပြော၏။

“မင်းတို့က ငါရေးထားတာတွေမသင်ရင်ပိုကောင်းလိမ့်မယ်။ ငါက တကယ်တော့ သာမန်တပည့်တွေကိုလှည့်ဖျားဖို့သက်သက်ရေးထားတာ။ မင်းတို့က ကိုယ့်ဘာသာစီစဥ်ထားတဲ့လမ်းကိုသာလျှောက်၊ မင်းတို့အတွက် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ဆိုတာ သေချာတဲ့နေရာမှာရှိနေတာပဲလေ။”

ရှဲ့ယင်းယင်းက မျက်တောင်ခတ်လိုက်ပြီး မေးလာသည်။

“တောင်သခင်၊ ရှင်ကတကယ်ငယ်ပေးတာပဲ။ အသက်ဘယ်လောက်ရှိပြီလဲ။”

စုယွမ်မှု အနှီအမျိုးသမီးတပည့်ကို စွံ့အစွာကြည့်မိသွားပြီး ပြောလိုက်သည်။

“ငါက မင်းတို့ထက် နှစ်နှစ်ပဲကြီးတာပါ။ ငါ ဂိုဏ်းထဲကို လွန်ခဲ့တဲ့နှစ်နှစ်ကမှဝင်လာတာ။ ပြောရရင် ငါက မင်းတို့ရဲ့ဂိုဏ်းတူအစ်ကိုပဲဖြစ်သင့်တာ။ အဲ့ဒါကြောင့် ငါက ငါ့ရဲ့ရာထူးကိုလျှို့ဝှက်ထားတာပေါ့။ မှတ်ထားနော်၊ ငါ့ရဲ့ကျင့်စဥ်တွေကို သွားမသင်နဲ့။ ဒါတွေက ဘဝင်မြင့်နေတဲ့ထိပ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်တွေအတွက်ထားထားတာ။ အဲ့ဒါတွေသင်ပြီးရင် ဘဝကြီးကိုတောင်သံသယဝင်သွားပြီး ကျင့်ကြံရေးကပိုခက်သွားလိမ့်မယ်။ မင်းတို့ရဲ့ပါရမီနဲ့သာဆိုရင် ဒီလိုမျိုးတွေက တွေးနေစရာမလိုဘူး။”

ထိပ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်လေးများမှာ အကြည့်များဖလှယ်လျက် သံသယတစ်ဝက်၊အံ့သြမှုတစ်ဝက်ဖြစ်နေကြ၏။

တောင်သခင် ဟိတ်ဟန်ထုတ်ပြနေစဥ်တုန်းကတော့ သူတို့ဟာ တကယ့်ဆရာကောင်းနှင့်တွေ့ပြီဟာထင်ထားခဲ့တာပင်။ သို့သော် အနှီလူဟာ ရွှေအမြူတေအဆင့်မရောက်မီသာရှိနေသေးလေသည်၊ ရှင်းရှင်းပြောရသော် ထိုသူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာ ရှိနေသေးလေ၏။

ဤသို့သောတောင်သခင်အတွက် ခုနကပြောသွားသော အမတဖြစ်ဖို့တို့၊ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်ရောက်ရန်တို့က တော်တော်လေး အာချောင်နေခြင်းပါပေ။

ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်တစ်ဦးက ခေါင်းခါလာသည်။

“ဒါဆို အဲ့ဒီလိုပေါ့။ ကျွန်တော့်မှာ တော်တော်လေးမျှော်လင့်ထားရတာကို။”

“ထားလိုက်ပါတော့၊ ငါ့မှာ မိသားစုအမွေလည်းရှိသေးတာကို။ ငါ့ဟာငါတောင်သင်စရာတွေများနေတာ။ အဲ့ဟာတွေသွားသင်ရင်တုံးနေလို့ပဲဖြစ်မှာ။”

“မသင်နိုင်ပါဘူး။ ငါက စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲတွေဆီကတောင် သင်ဖို့စိတ်မဝင်စားတာ၊ ရွှေအမြူတေအဆင့်လောက်ဆိုပြောမနေနဲ့တော့။”

ထိပ်တန်းဝိညာဥ်ရင်းမြစ်ပိုင်ရှင်တို့မှာ ခေါင်းခါလျက် မသင်ကြောင်းပြောပြီး တောင်သခင်က သူတို့ကိုလှည့်ဖျားပါသည်ဟုတောင် ညီးညူနေကြသေးသည်။

ဤသည်ကိုကြားတော့ ကုယိုလည်း သက်ပြင်းချလိုက်ပြီးဆိုသည်။

“တောင်သခင်၊ ကျွန်တော်နားလည်မှုလွဲသွားတာပါ။ ကျွန်တော်ခဏကပြောခဲ့တဲ့တပည့်ဖြစ်ဖို့ဆိုတာ ကျွန်တော့်အမှားပါ။”

ဤသည်ကိုကြားမှ စုယွမ်က လူတိုင်းကို ကျေနပ်ခြင်းအပြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

“ငါ မင်းတို့ခံစားရတာကိုနားလည်ပါတယ်။ လှည့်စားခံရတယ်ထင်နေတာမလား။ငါဝန်ခံပါတယ်ကွာ။ ဒီလိုဆိုရင်ရော မင်းတို့သာ ချီစုဆောင်းခြင့်အဆင့်လေးကို တောင်ကြားကမထွက်ခင်ရောက်ရင် ငါမင်းတို့ကို သီးသန့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ပေးမယ်လေ။ အရမ်းမများပေမဲ့လည်း အထောက်အကူဖြစ်တာပဲမလား။”

“ကျေးဇူးတင်ပါတယ်၊ တောင်သခင်။”

ရှဲ့ယင်းယင်းက ချက်ချင်း အရင်ဆုံးပြောလာ၏။

“ကျေးဇူးပါ၊ တောင်သခင်။”

ဤသို့ဖြင့် အခြားတပည့်များကလည်း ကျေးဇူးတင်လာကြသည်။ စုယွမ်ဟာ သူတို့ထက်နှစ်နှစ်သာကြီးတာတောင် ဒီလောက်သန်မာနေသည်ပင်၊ အခြေခံလေးစားသမှုလေးပြုလိုက်တာတော့ မခဲယဥ်းသလို ဒါက ကျင့်ကြံရေးလောက၏အခြေခံကျင့်ဝတ်ဖြစ်သည်လေ။ သို့မဟုတ်ဘဲ ထင်ရာလျှောက်စိုင်းနေပါက မြန်မြန်သေသွားနိုင်သည်ပေ။

စုယွမ်လည်း လက်ကိုခါပြပြီး ယဥ်ကျေးရန်မလိုကြောင်းပြောလိုက်၏။ ထို့နောက်တွင် သူ တည်ငြိမ်စွာသာ အခြားတပည့်များ ချီစုဆောင်းမည်ကို စောင့်နေလိုက်သည်။

ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်များကတော့ အချင်းချင်းအုပ်စုဖွဲ့ဆွေးနွေးနေကြလျက်၊ အကြောင်းအရာများကတော့ တောင်သခင်စုကဘယ်လောက်တောင်ယုံကြည်ချင်စရာမကောင်းကြောင်းနှင့် သူ၏ကျင့်စဥ်များကိုလည်း ဘယ်လောက်တောင်မသင်ချင်ကြောင်းဖြစ်၏။

လူတိုင်းက အလေးအနက်ကိုပြောနေကြသည်ဖြစ်ရာ လူတိုင်း၏ရင်ထဲစိတ်အေးသွားကြတော့သည်။

စုယွမ်လည်း ယခင်တောင်သခင်၏ပုံစံအတိုင်း ဆက်လက်လှုပ်ရှားလိုက်၏။

ဤသို့ဖြင့် သူဟာ တပည့်သစ်များအတွက် ဖွင့်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့လေသည်။

ကျမ်းဂန်ခန်းမတွင် အတွင်းတပည့်များသင်ခန်းစာပို့ချရန်အတွက်မူ ဂိုဏ်းကစီစဥ်ပေးလိမ့်မည်သာ။

စုယွမ်က သူလုပ်ရမည့်အစပိုင်းလုပ်ငန်းများပြီးသွားတော့ ချက်ချင်း ပစ်ချကာ ပြန်လည်အနားယူလိုက်တော့သည်။

သူဟာ လျှို့ဝှက်နယ်မြေထဲသို့သွား၍ ရှောင်ချိုက်၊ရှောင်လီတို့နှင့်ဆော့နေလိုက်၏။ သို့သော် သေချာပေါက်ကိုပင်၊ သူ ပြင်ပကမ္ဘာကိုလုံးဝလျစ်လျူရှုထားခြင်းမဟုတ်၊ စိတ်အာရုံစွမ်းရည်ကိုဖွင့်ထားသောကြောင့် စုယွမ်က တပည့်များ၏အခြေအနေကို နောက်ကွယ်မှနေ၍လေ့လာလိုရသဖြင့် လူကိုယ်တိုင်ထွက်မပြခြင်းဖြစ်ပေ၏။

All Chapters