ချစ်ဇနီး
Vol. 15 Ch. 144
လီနန်ခယ့်သည် မိမိကိုယ်ကိုယ် အိပ်မက်မက်နေသည်ဟု ခံစားနေရသည်။
သို့သော် အိပ်မက်သည် ကယောက်ကယက်ဆန်လှပြီး မိန်းမောတွေဝေဖွယ်ကောင်းမနေလှ။ အလွန်လက်တွေ့ဆန်ကာ စစ်မှန်သည့်ခံစားချက်ကို ပေးစွမ်းပေသည့် တစ်ချိန်တည်းမှာပင် ထူးထူးဆန်းဆန်း ခံစားနေခဲ့ရသည်။
ယခင်က တည်ရှိခဲ့ဖူးသော်လည်း ယခု စွန့်ပစ်ခြင်းခံထားရသော အိမ်ဟောင်းတစ်လုံးအလား။
မိမိကိုယ်ကိုယ် 'ဒီဇနီး'ဟု သုံးနှုန်းနေသော မင်းသမီးရှန်းယွမ်ကိုကြည့်ရင်း လီနန်ခယ့်၏ရင်ထဲတွင် ရင်းနှီးမှုတစ်ခုကို အမှန်တကယ်ခံစားမိနေသည်။
သို့သော် ဤမိန်းကလေးကို တစ်ခါမှ မဆုံဖူးမသိဖူးပါဟု သူ့မှတ်ဉာဏ်က ပြောနေပြန်သည်။
ခေါင်းခဲစရာပဲ။
"ယောက်ျားစိတ်ထဲ သံသယတွေရှိနေသေးရင် စိတ်ကြိုက်မေးနိုင်ပါတယ်ရှင်။ ဒီဇနီးအနေနဲ့ အများကြီး မသိသေးပေမဲ့ ယောက်ျားသိချင်သမျှ အတတ်နိုင်ဆုံးဖြေကြားပေးပါ့မယ်။"
မင်းသမီးရှန်းယွမ်သည် ခုံတန်းလျားလေးပေါ်တွင် ကျော့ရှင်းစွာထိုင်လိုက်ရင်း စွဲမက်ဖွယ်အပြုံးလေးဖြင့် ဆို၏။
လီနန်ခယ့်သည် အတော်ကြာစဉ်းစားပြီးနောက် တည်ငြိမ်စွာမေးလိုက်သည်။
"အကယ်၍ ငါမင်းနဲ့အခုပဲ မင်္ဂလာဦးလိုက်မယ်ဆိုရင် မင်းဘက်က ခံစားမှုတစ်ခုခုရှိမှာလား။ စိုရော စိုလာလောက်လား"
"..."
မင်းသမီးရှန်းယွမ်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းအေးခဲသွားရတော့သည်။
ခင်ပွန်းသည်ထံမှကြားရမည့် ပထမဆုံးမေးခွန်းမှာ ထိုအကြောင်းအရာဖြစ်လိမ့်မည်ဟုတော့ သူမ လုံးဝမျှော်လင့်မထားခဲ့ပါချေ။
အမျိုးသမီးသည် အသံသာသာဖြင့်ရယ်မောကာ လက်ချောင်းလေးများဖြင့် စားပွဲခုံကို ပွတ်သပ်နေရင်း ခပ်ဖွဖွလေးပြောလိုက်၏။
"ယောက်ျားကိုယ်တိုင်ပဲ စမ်းသပ်ကြည့်နိုင်ပါတယ်ရှင်။ ဒီဇနီးက ယောက်ျားရဲ့တရားဝင်ဇနီးသည်ပဲဟာ၊ ငြင်းဆန်နေမှာမဟုတ်ပါဘူး"
လီနန်ခယ့်သည် စိတ်ကိုငြိမ်အောင်ပြန်ထိန်းပြီး အေးစက်သောအသံဖြင့် ဆိုသည်။
"မင်းအကြောင်းတွေကို ငါကြားဖူးပါတယ်။ မင်းကို တုန်းချီခရိုင်မှာမွေးဖွားခဲ့ပေမဲ့ မွေးကတည်းက ကိုယ်ခံအား အလွန်အားနည်းခဲ့တာကြောင့် အချိန်မရွေးသေဆုံးသွားနိုင်တဲ့အခြေအနေမျိုး ဖြစ်ခဲ့တယ်။
"ဒါကြောင့် မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ယောကျာ်းလေးရင်သွေးငယ်တစ်ယောက် ရှာဖွေခဲ့ကြတယ်။ ကံတရားကိုမျက်စိလှည့်စားဖို့အတွက် စေ့စပ်ကြောင်းလမ်းရုံတင်မကဘဲ မင်္ဂလာပွဲကိုပါ တစ်ခါတည်းဆင်နွှဲခဲ့ကြတာပဲ။ အဲဒီနောက်မှာတော့ သတိုးသားရင်သွေးငယ်လေး ပျောက်ကွယ်သွားခဲ့တယ်။ ကောလာဟလတွေအရတော့ အဲဒီကလေးက သင်္ချိုင်းလူသားတစ်ယောက်ဖြစ်သွားပြီတဲ့။"
"ဒါပေမဲ့ အဲ့ဒီသင်္ချိုင်းလူသားက အခြားသူတွေနဲ့မတူဘဲ အကြိမ်ရေအကန့်အသတ်မရှိ ပြန်လည်ရှင်သန်နိုင်စွမ်းရှိသလို မိုးနီအိပ်မက်ကမ္ဘာရဲ့ လျှို့ဝှက်ချက်ကိုလည်း ဖော်ထုတ်နိုင်လိမ့်မယ်လို့သိရတယ်။ ငါပြောတာတွေမှန်ရဲ့လား"
မင်းသမီးရှန်းယွမ်သည် လက်ခုပ်လက်ဝါးတီးကာ ဆွဲဆောင်မှုရှိစွာပြုံးလိုက်ရင်း ချီးကျူးလေသည်။
"ယောက်ျားက တကယ်ကို အများကြီးသိထားတာပဲ။ ဒါဆိုရင် အဲဒီ သတိုးသားရင်သွေးငယ်လေးက ဘယ်သူဖြစ်မလဲ ဆက်ခန့်မှန်းကြည့်ပါဦး"
"ဒါတော့ ငါမသိဘူး။"
လီနန်ခယ့် အချင်ယောင်ဆောင်နေခြင်း မဟုတ်ရပါပေ။
အကယ်၍ လွန်ခဲ့သောအနှစ်နှစ်ဆယ်က မင်းသမီးရှန်းယွမ်နှင့် မင်္ဂလာဆောင်ခဲ့သော ထိုကလေးငယ်မှာ သူဟုသာဖြေလာပါက ဝါးလုံးကွဲထရယ်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်မှာ နှစ်လမျှသာ ရှိသေးသောကြောင့်ပင်။
ဒါ့အပြင် သူကဘယ်လိုလုပ်ပြီး သင်္ချိုင်းလူသားတစ်ယောက်ဖြစ်နိုင်မှာလဲ။
"ဒါဆိုရင် အဲဒီကလေးက ယောက်ျားပဲလို့ ဒီဇနီးကပြောရင်ကော... ယောက်ျားယုံမလား။"
"မယုံဘူး။"
"ဘာဖြစ်လို့ မဟုတ်ဘူးလို့ ထင်ရတာလဲရှင်။"
အမျိုးသမီးက မေးလိုက်၏။
လီနန်ခယ့် ပြန်မဖြေခဲ့ပေ။
သူသည် မိမိကိုယ်တိုင် ကမ္ဘာကူးပြောင်းလာသူဖြစ်ကြောင်း လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှပြောပြရန် အစီအစဉ်မရှိသောကြောင့်ပင်။
သို့သော် ခဏအကြာတွင် အမျိုးသမီးက ညင်သာစွာစကားဆက်လာသည်။
"လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ဒီဇနီးနဲ့မင်္ဂလာဆောင်ခဲ့တယ်ဆိုတာကို မယုံကြည်တာက ယောက်ျား ကိုယ့်ကိုယ်ကိုယ် ဒီလောကကလူတစ်ယောက်မဟုတ်ဘူးလို့ ထင်နေလို့လားဟင်။"
လီနန်ခယ့် ဆတ်ခနဲခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲ ထိတ်လန့်မှုအပြည့်ဖြင့် ရင်ထဲတွင်လည်း မုန်တိုင်းတစ်ခု ဝင်ရောက်မွှေနှောက်သွားသည့်အလား။
ဒီအမျိုးသမီးက သူ ဒီကမ္ဘာကမဟုတ်ကြောင်းကိုပါ သိထားတာလား။
"ယောက်ျားက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကတည်းက ဒီနေရာကို ရောက်ရှိလာခဲ့တာပါ။"
အမျိုးသမီးက နောက်ထပ် ထိတ်လန့်ဖွယ်သတင်းစကားတစ်ခုကို ထပ်မံပြောထွက်လာပြန်သည်။
လီနန်ခယ့်မှာ ဆွံ့အအံ့သြစွာဖြင့် အမျိုးသမီးကို မယုံမကြည်သာ စိုက်ကြည့်နေမိသည်။
သူက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကတည်းက ကူးပြောင်းလာခဲ့တာ ဟုတ်လား။
ငါက ဘယ်လိုလုပ်ပြီး ကမ္ဘာကူးပြောင်းတာကို နှစ်ကြိမ်တောင်လုပ်နိုင်ရတာလဲ။
တကယ်ပဲ ရုပ်ရည်က မဟားဒရားချောမောနေတော့ မဖြစ်နိုင်ဘူးဆိုတာတောင် မရှိတော့ပါလား။ ဘုရားသခင်ကိုယ်တိုင်က ကမ္ဘာကူးပြောင်းခွင့်ကို နှစ်ကြိမ်တိုင်တိုင်ပေးသနားထားတာပဲ။
တစ်ကြိမ်ပဲကူးပြောင်းခွင့်ရတဲ့ အခြားဇာတ်လိုက်တွေကိုတော့ မင်းတို့တွေ လုံလောက်အောင်မချောမောကြလို့ လို့ပဲ ဆိုရတော့မှာပေါ့။
"ဒါ့အပြင် ယောက်ျားကြားခဲ့ရတဲ့ ကောလဟလတွေဟာလည်း အမှန်တွေချည်းမဟုတ်ပါဘူး"
မင်းသမီးရှန်းယွမ်က ပြုံးလျက်ဆို၏။
"ဒီဇနီးက မွေးဖွားစကတည်းက သေလုမြောပါးဖြစ်နေခဲ့တာမဟုတ်ပါဘူး၊ မွေးဖွားပြီး ဆယ်ရက်မြောက်တဲ့နေ့မှာ သေဆုံးရမှာပါ။ ဒီလိုဆို ယောက်ျားနားလည်ပြီလား။ ဒီဇနီးကိုယ်တိုင်က သင်္ချိုင်းလူသား ဖြစ်နေခဲ့တာပါ။"
ဟုတ်ပြီ ဆက်ပြော။
အရှေ့က ထိတ်လန့်စရာအမှန်တရားနှစ်ခုကို ကြားသိပြီးနောက်တွင် လီနန်ခယ့်အတွက် ဤအကြောင်းအရာက ထင်သလောက် စိတ်လှုပ်ရှားစရာမကောင်းတော့ပေ။
"ဒါဆိုရင် မင်းမွေးမိခင်ကလည်း သင်္ချိုင်းလူသားတစ်ယောက်ပဲပေါ့။
လီနန်ခယ့် ချက်ချင်းပင် ကောက်ချက်ချလိုက်သည်။
မင်းသမီးရှန်းယွမ်၏ မျက်ဝန်းထဲတွင် ချီးကျူးရိပ်များ တဖျတ်ဖျတ်ပေါ်လာ၏။
"ယောက်ျားက အရမ်းဉာဏ်ကောင်းတာပဲ"
"ဒီဇနီးရဲ့မိခင်က မွေးဖွားခါနီးအချိန်မှာ လုပ်ကြံခြင်းခံခဲ့ရတာပါ။ ဒါကြောင့် ခမည်းတော်က လျှို့ဝှက်စွာနဲ့ မိုးနီရေကိုသုံးပြီး မယ်တော့်ကိုပြန်လည်ရှင်သန်စေခဲ့တယ်။ ဒီဇနီးကို မွေးဖွားသန့်စင်ဖို့အတွက်ပေါ့"
"သင်္ချိုင်းလူသားကနေ မွေးဖွားလာတဲ့ ကလေးဟာလည်း သင်္ချိုင်းလူသားပဲ ဖြစ်ရတော့မှာပေါ့"
"ပြီးတော့ ဆယ်ရက်ပြည့်ရင်သေဆုံးရမဲ့ ကံကြမ္မာကိုလည်း ရှောင်လွှဲလို့ မရနိုင်ပါဘူး"
ကျွန်မတို့ မိသားစုဝင်တွေ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အချိန်မှာပဲ ဘယ်အရပ်ဒေသကမှန်းမသိရတဲ့ ရသေ့အိုကြီးတစ်ပါးက ယောကျာ်းလေးရင်သွေးငယ်တစ်ယောက်ကို ပွေ့ချီပြီး ရောက်လာခဲ့တယ်။ အဲ့ဒီကလေးလေးက ယောက်ျားပါပဲ"
သူက ဒီဇနီးရဲ့ကံကြမ္မာနဲ့ ယောက်ျားရဲ့ကံကြမ္မာက ထပ်တူကျနေတယ်လို့ ဟောပြောခဲ့ပြီး လျှို့ဝှက်မန္တန်နည်းလမ်းတစ်ခုကိုသုံးလို့ ယောက်ျားရဲ့ နှလုံးသားအစိတ်အပိုင်းတစ်ခုကို ဒီဇနီးရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးမယ်ဆိုရင် ဒီဇနီးအနေနဲ့ သာမန်လူတစ်ယောက်လို အသက်ကြီးတဲ့အထိ ဆက်လက်ရှင်သန်နိုင်မယ်လို့ ပြောခဲ့တယ်။"
ရသေ့အိုကြီး။
ထိုစကားလုံးကို ကြားလိုက်ရသောအခါ လီနန်ခယ့်သည် လော့ချန်းချိုးပြောခဲ့ဖူးသောစကားကို ချက်ချင်း သတိရသွားသည်။ သူမသည်လည်း ရသေ့အိုကြီးတစ်ပါးက သူ့ကိုခေါ်ဆောင်လာသည်ဟု ပြောခဲ့ဖူးသည်မဟုတ်လော။
ဒါဆိုရင် ငါ့ကို ဒီကမ္ဘာထဲ နှစ်ကြိမ်တိုင်တိုင်ခေါ်ဆောင်လာခဲ့တဲ့ နောက်ကွယ်ကလူက အဲ့ဒီရသေ့အိုကြီးပဲလား။
ဒီလူကဘယ်သူလဲ။ သူဘာကစားပွဲကို စီစဥ်ဖန်တီးနေတာလဲ။
ဘာဖြစ်လို့ ငါ့ကိုမှ ရွေးချယ်ခဲ့ရတာလဲ။
ဖြစ်နိုင်တာကတော့ ငါက အရမ်းချောမောလွန်းနေလို့ သူ့ဆီက မျက်စိကျခံလိုက်ရတာဖြစ်မှာပေါ့။ တကယ်ကို ရုပ်ရည်ချောမောလွန်းတာလည်း အန္တရာယ်တစ်ခုပါပဲ။ ဟူး....
လီနန်ခယ့်သည် သူ့အတွေးနှင့်သူ ရယ်မောလိုက်ပြီး အမှတ်တမဲ့ သူ့ရင်ဘတ်သူ ပြန်လည်စမ်းသပ်ကြည့်လိုက်ရာ နှလုံးသားမှာ အပြည့်အဝခုန်လှုပ်နေဆဲဖြစ်ပြီး မည်သည့်ချို့ယွင်းချက်မှ မရှိပါချေ။
မင်းသမီးရှန်းယွမ်က ဆက်ပြောလာ၏။
"အဲဒီနောက် ရသေ့အိုကြီးက နောက်ထပ်စည်းကမ်းချက်တစ်ခု သတ်မှတ်ခဲ့တယ်။ ယောက်ျားနဲ့ ဒီဇနီးက စေ့စပ်ကြောင်းလမ်းပြီး တရားဝင်လင်မယားပါဖြစ်ရမယ်တဲ့။ အဲလိုမှမဟုတ်ရင် နှလုံးသားတွေကိုပေါင်းစပ်ဖို့ ခက်ခဲလိမ့်မယ်လို့ ဆိုတယ်။"
"ရသေ့အိုကြီးက ဒီဇနီးရဲ့မိဘတွေကို ဘယ်လိုစည်းရုံးခဲ့လဲတော့မသိဘူး၊ ဖြစ်နိုင်တာက အခြားရွေးချယ်စရာလမ်း မရှိခဲ့တော့လို့ပဲနေမှာပါ"
"ဒါကြောင့် သူတို့က လျှို့ဝှက်နည်းလမ်းကို ကြည်ကြည်ဖြူဖြူအသုံးခံပြီး ယောက်ျားရဲ့နှလုံးသားအစိတ်အပိုင်းတစ်ခုကို ဒီဇနီးဆီ လွှဲပြောင်းပေါင်းစပ်ပေးခဲ့တယ်"
"နောက်ပြီး ဒီဇနီးဆီက ဖြတ်တောက်လိုက်တဲ့ နှလုံးသားအစိတ်အပိုင်းကို ယောက်ျားနှလုံးသားဆီ ပြန်လည်ထည့်သွင်းဖို့ ကြိုးစားပေမဲ့ ပေါင်းစပ်လို့မရခဲ့ဘူး။ ရသေ့အိုကြီးလည်း ဒီလိုအပ်ချက်ကို မမျှော်လင့်ထားခဲ့တော့ ကြံရာမရတဲ့အဆုံး ယောက်ျားကိုပြန်ခေါ်ပြီး ထွက်သွားခဲ့ရတာပေါ့"
"ဒါပေမဲ့ ဘာအကြောင်းကြောင့်ရယ်မသိ ဆယ်ရက်ပြည့်တဲ့နေ့မှာ ဒီဇနီးဟာ နှလုံးသားအပြည့်အစုံနဲ့ပဲ သေဆုံးသွားခဲ့ရတယ်"
"ဒါပေမဲ့ တကယ်သေလွန်သွားခဲ့တာတော့ မဟုတ်လေဘူး"
"ဒီဇနီးရဲ့ဝိညာဉ်က မိုးနီအိပ်မက်ကမ္ဘာထဲမှာ ပိတ်မိသွားခဲ့တာပါ။ ကျန်ခဲ့တဲ့ခန္ဓာကိုယ်က ဝိညာဥ်သက်တမ်းမရှိတော့ပေမဲ့ သာမန်လူတစ်ယောက်လိုပဲ ဆက်လက်ကြီးထွားဖွံ့ဖြိုးနေခဲ့လို့ ခမည်းတော်က ဒီဇနီးရဲ့ရုပ်ကလာပ်ကို ရေခဲခေါင်းတလားထဲထည့်သွင်းပြီး သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။"
"မင်းပြောချင်တာက မင်းကအမြဲတမ်း ရုပ်ကလာပ်တစ်ခုအဖြစ်နဲ့ပဲ တည်ရှိနေခဲ့တာလား။"
လီနန်ခယ့် အံ့သြတကြီးမေးလိုက်မိသည်။
မင်းသမီးရှန်းယွမ်က ခေါင်းကိုအသာညိတ်ပြသည်။
"ဟုတ်ပါတယ်ရှင်"
"ဒါပေမဲ့ ပြဿနာက ငါသိသလောက်တော့ မင်းက အမြဲတမ်းအသက်ရှင်နေခဲ့ပြီး မင်းတို့မိသားစု မင်းမျက်သင့်တဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာမဟုတ်လား"
လီနန်ခယ့် အမျိုးသမီးကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။
မင်းသမီးရှန်းယွမ်က ရုတ်တရက် မတ်တပ်ထရပ်လာသည်။ သူမ၏ ဝတ်ရုံစရှည်ကြီးက လွင့်ပျံသွားပြီး ကျောက်စိမ်းသားကဲ့သို့ ဖြူစင်ချောမွတ်သော ခြေသလုံးလေးနှစ်ဖက်မှာ တလှပ်လှပ်ပေါ်လွင်လာကာ အမျိုးသားထံသို့ ဖြည်းညင်းစွာလျှောက်လှမ်းလာရင်း လေသံဖွဖွဖြင့် ပြောလာ၏။
"ဘာဖြစ်လို့လဲဆိုတော့ ဒီဇနီးရဲ့နေရာမှာ အမြဲတမ်း အစားထိုးနေထိုင်ပေးခဲ့တဲ့သူ ရှိနေလို့ပေါ့။"
"တစ္ဆေနတ်ဘုရားလှံသွားရှင်"
လီနန်ခယ့် လွှတ်ခနဲပြောလိုက်မိတော့သည်။
"မှန်လိုက်လေရှင်"
မင်းသမီးရှန်းယွမ်၏ မျက်ဝန်းလေးများက အရောင်တောက်သွားပြီး သူမ၏ နူးညံ့လှသော ခန္ဓာကိုယ်လေးက အမျိုးသားထံသို့ ပွတ်သပ်လုနီးပါး တိုးတိုက်သွားသဖြင့် သင်းပျံ့လှသော ကိုယ်သင်းနံ့လေးက သူ့ရင်ကို တလှပ်လှပ်တုန်ရီသွားစေခဲ့သည်။
"ဒီတစ်လျှောက်လုံးမှာ တစ္ဆေနတ်ဘုရားလှံသွားရှင် မင်းသမီးရှန်းယွမ်က တစ်ဦးတည်းသာ ဖြစ်နေခဲ့တာပါ။ သူက မင်းသမီးအတုဆိုပေမဲ့ သက်တော်စောင့်နေရာကိုတော့ အမှန်အကန်တာဝန်ယူခဲ့ပါတယ်။ ဒါကြောင့်လည်း ကျင့်စဥ်ပါရမီ အလွန်မြင့်မားပြီး မင်းမျက်သင့်ဒဏ်ကနေ လွတ်အောင်ထွက်ပြေးနိုင်ခဲ့တာပေါ့"
လီနန်ခယ့် မျက်မှောင်ကြုတ်လိုက်မိ၏။
"မင်းရဲ့ခမည်းတော်က ဘာလို့ဒီလိုတွေလုပ်ခဲ့ရတာလဲ။"
"ဒီမေးခွန်းကိုတော့ ဒီဇနီးလည်း မသိပါဘူး။"
မင်းသမီးရှန်းယွမ်က နူးညံ့လွန်းသဖြင့် အရိုးမှရှိပါရဲ့လားဟု ထင်ရစေသော လက်မောင်းလေးများဖြင့် အမျိုးသား၏လည်ပင်းကို ညင်သာစွာသိုင်းဖက်လိုက်သည်။
"ဒီဇနီးကြားဖူးသလောက်တော့ ကျွန်မသာသေဆုံးသွားခဲ့ရင် ဧကရာဇ်ပိုင်ယောင်ချွမ်က ကျွန်မတို့မိသားစုတစ်ခုလုံးကို သတ်ပစ်လိမ့်မယ်လို့ ခမည်းတော်ကပြောခဲ့ဖူးတယ်။ ဒါကြောင့် ဒီဇနီးက အမြဲတမ်းအသက်ရှင်နေပေးဖို့ လိုအပ်ခဲ့တာပါ"
တစ်ဖက်လူ ဘာကြောင့် ဒီလောက်ရင်းရင်းနှီးနှီးနီးကပ်လာမှန်း လီနန်ခယ့်နားမလည်နိုင်။ သက်တောင့်သက်သာမရှိစွာပင် သူနောက်သို့အသာဆုတ်လိုက်သည်။
ထိုအမျိုးသမီးကို တွန်းထုတ်ပစ်ချင်ပါသော်လည်း ထူးဆန်းစွာပင် ဘာအားမှထွက်မလာခဲ့ပေ။
"ယောက်ျားက ဒီဇနီးကို မုန်းနေတာလားဟင်။"
မင်းသမီး၏ ပါးပြင်လေးနှစ်ဖက် နီမြန်းနေသည့်ဟန်မှာ နှင်းစက်နှင်းပွင့်များ စွန်းထင်နေသော မက်မွန်ပွင့်လေးတစ်ပွင့်အလား လှပလွန်းနေသဖြင့် အမျိုးသားမှာ ခဏတာ မိန်းမောသွားရသည်။
တွေ့စက နတ်သမီးတစ်ပါးလို မြင့်မြတ်တောက်ပခဲ့သော အရှိန်အဝါများလည်း ပျောက်ကွယ်သွားပြီဖြစ်၏။
လီနန်ခယ့် နှစ်ချက်မျှချောင်းဟန့်လိုက်ပြီး ဆက်လက် မေးမြန်းလိုက်သည်။
"ဧကရာဇ်က အဲ့လောက်မတုံးအနိုင်ပါဘူး။ သူက ဘယ်လိုလုပ်ပြီး သာမန်မိန်းကလေးတစ်ယောက်ကို မင်းသမီးအဖြစ် အသိအမှတ်ပြုမှာလဲ။ ငါမှတ်မိသလောက်တော့ ဒီလောကမှာ သွေးသားတော်စပ်မှုကို စစ်ဆေးတဲ့နည်းလမ်းတွေ ရှိနေတာပဲကို"
"ယောက်ျားပြောတာ မှန်ပါတယ်။"
မင်းသမီးရှန်းယွမ်သည် သူမ၏ နှုတ်ခမ်းနီနီလေးကို အမျိုးသား၏ နားရွက်အနားသို့ တိုးကပ်လိုက်ပြီး လူကိုပါ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာကာ တိုးတိုးဆိုလိုက်သည်။
"ဒါပေမဲ့ တစ္ဆေနတ်ဘုရားလှံသွားရှင်က သာမန်မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူက ခမည်းတော် အပြင်ကအမျိုးသမီးတစ်ယောက်နဲ့ လျှို့ဝှက်ရရှိခဲ့တဲ့ သမီးအရင်းတစ်ယောက်ပါပဲ။ ပြောရရင် ဒီဇနီးရဲ့ ဖအေတူမအေကွဲညီမလေးလို့ ဆိုနိုင်တာပေါ့။ ဒါကြောင့် ဧကရာဇ်အနေနဲ့ သွေးသားတော်စပ်မှုကို လုံးဝသံသယမဝင်နိုင်ခဲ့တာပါပဲ"
"ဒါဆိုရင် သူ့ကိုလည်း မင်းသမီးတစ်ပါးလို့ သတ်မှတ်လို့ရတာပေါ့"
လီနန်ခယ့် အံ့ဩစွာ ပြောလိုက်မိသည်။
အမျိုးသမီး၏ နွေးထွေးလှိုက်ဖိုသော အသက်ရှူသံများက သူ့နားရွက်ဆီသို့ တိုးဝင်လာပြီး ယားကျိကျိခံစားချက်နှင့်အတူ စိတ်ရိုင်းအချို့ကိုပါ မထိန်းနိုင်စွာ ပေါက်ဖွားလာစေ၏။
တစ်ဖက်လူက ရုတ်တရတ် နတ်သမီးတစ်ပါးအဖြစ်မှ သွေးဆောင်တတ်သော မိစ္ဆာမတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းပေလော။
သူကိုယ်တိုင်လည်း မထင်မှတ်ထားသောကြောင့် စိတ်ကို မပြင်ဆင်ထားလိုက်ရ။
တွေဝေနေစဉ်မှာပင် သူ့လက်များက မသိစိတ်မှ အမိန့်ပေးစေခိုင်းခံလိုက်ရသည့်အလား အမျိုးသမီး၏ နူးညံ့နွဲ့ပျောင်းသောခါးလေးကို ညင်သာစွာ ပြန်လည်ပွေ့ဖက်မိသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် မင်းသမီးရှန်းယွမ်၏ စိုစွတ်ပြီးနီမြန်းနေသော နှုတ်ခမ်းလေးက လှလှလေးကွေးညွှတ်သွားပြီး မျက်ဝန်းလေးများက လခြမ်းကွေးလေးအလား ကျုံ့ဝင်သွားခဲ့ကာ ကျီစယ်ရန်စလိုသော အကြည့်များဖြင့် အမျိုးသား၏နောက်ဘက်သို့ လှမ်းကြည့်လုကိသ်ည်။
လီနန်ခယ့်၏ အနောက်တွင် ဝတ်ရုံဖြူဝတ်အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေခဲ့၏။
ထိုပုံရိပ်မှာ နတ်သမီးတစ်ပါးအလား တည်ငြိမ်ပြီး ငြိမ်းချမ်းလှပေသည်။
သူမသည် အခြားသူမဟုတ်။ တစ္ဆေနတ်ဘုရားလှံသွားရှင် လော့ချန်းချိုးသာပင်။