← Chapters

အခန်း ၈၄၃

Vol. 80 Ch. 843

အခန်း ၈၄၃

Vol. 80 Ch. 843

အခန်း (၈၄၃) - အဋ္ဌမအဆင့် စိတ်ဝိညာဉ်ကြော၊ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို ထိန်းချုပ်ခြင်း၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ စွမ်းပကား (၁) ။

"ဒီလိုကိုး...”

ဖန်ရှန်းက ရုတ်တရက် သဘောပေါက်သွားလေသည်။

မျိုးနွယ်စုအတွင်း၌ အကြံအစည်များ ဤမျှများပြားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဝင်ကြေးကောက်ခံရန် အခွင့်ကောင်းယူသည့်အပြင် ထျန်းဖန်မျိုးနွယ်စုက ငါးမျှားချင်နေသေးသည်။

ထိုဖေးဟော်မျိုးနွယ်စု၏ မျိုးဆက်များကို ငါးမျှားချင်နေခြင်း ဖြစ်၏။

ဖေးဟော်မျိုးနွယ်စုသည် အပေါ်ယံတွင် မျိုးတုံးသွားပြီဟု ထင်ရသော်လည်း ပြဿနာမှာ ၎င်းတို့၏ လူဦးရေမှာ အလွန်များပြားပြီး နေရာအနှံ့ ကွဲပြားနေသောကြောင့် အချို့သောမျိုးဆက်များ အသက်ရှင်ကျန်ရစ်ခြင်း မရှိဟု မည်သူက အာမခံနိုင်ပါမည်နည်း။

ထိုသူများသည် ဖေးဟော်မျိုးနွယ်စု၏ မျိုးဆက်များ ဖြစ်သောကြောင့် ဖေးဟော်လျှို့ဝှက်နယ်မြေ၏ အသိအမှတ်ပြုမှုကို အလွယ်တကူ ရရှိနိုင်မည်မှာ သဘာဝပင် ဖြစ်လေသည်။

ထိုအချိန်ရောက်လျှင် သူတို့အနေဖြင့် ထိုဖေးဟော်မျိုးနွယ်စုဝင်များကို အသုံးချကာ ဤလျှို့ဝှက်နယ်မြေကို ထိန်းချုပ်ပြီး အတွင်းရှိ ရတနာများကို ရယူနိုင်မည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ယခင်က အင်အားကြီးမားသော ဖေးဟော်မျိုးနွယ်စု၏ ဘိုးဘေးပိုင်နယ်မြေ ဖြစ်သောကြောင့် အတွင်း၌ ရတနာမည်မျှ ချန်ရစ်ထားခဲ့မည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

ဤသည်က မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းများကိုပင် တံတွေးမျိုချချင်စိတ် ပေါက်သွားစေရန် လုံလောက်သည်။

ကံမကောင်းသည်မှာ အတွင်းရှိ အဋ္ဌမအဆင့်အစီအရင်ကြီးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခြင်း ဖြစ်၏။

အနည်းငယ်ထိခိုက်မိရုံဖြင့် ကိုယ်တိုင်ဖျက်ဆီးမှုစနစ်ကို ဖြစ်ပေါ်စေနိုင်ပြီး ကြောက်မက်ဖွယ် လေဟာနယ်လှိုင်းတံပိုးများကို ပေါက်ကွဲထွက်ပေါ်လာစေနိုင်သည်။

ထိုအချိန်ရောက်လျှင် မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းများပင် သေဆုံးသွားရပေမည်။

ထို့ကြောင့် သူတို့အနေဖြင့် မဆင်မခြင် လှုပ်ရှားဝံ့ခြင်း မရှိသလို အလွန်ပြင်းထန်သော နည်းလမ်းများကိုလည်း အသုံးမပြုဝံ့ပေ။

သူတို့က ရတနာများကိုသာ အလိုရှိခြင်းဖြစ်ပြီး အသက်ကိုမူ အသေခံမည် မဟုတ်ပေ။

"ဒါကြောင့် မင်းတို့တွေ အထူးသတိထားရမယ်။ သံသယဖြစ်စရာလူတွေကို တွေ့ရင် ချက်ချင်း သတင်းပို့ပါ...”

"သုံးထောင်ကို မှားသတ်မိရင်တောင် တစ်ရာကိုတော့ အလွတ်မခံနိုင်ဘူး...”

ထျန်းဖန်မျိုးနွယ်စုအကြီးအကဲ ဖန်ကျန့်ဖုန်းက သတ်ဖြတ်လိုငွေ့များဖြင့် ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ အကြီးအကဲ...”

ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများစွာက တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။

သူတို့သည် ဖေးဟော်လျှို့ဝှက်နယ်မြေကို ထျန်းဖန်မျိုးနွယ်စု၏ အိတ်ကပ်ထဲမှ ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်ရာ ပြင်ပလူများအား လုယူခွင့်ပြုမည် မဟုတ်ပေ။

ပြင်ပလူများအနေဖြင့် အနည်းအကျဉ်းသာ ရရှိရန် အခွင့်အရေး ရှိနိုင်ပေသည်။

သို့သော် အတွင်းရှိ ရတနာအများအပြားကို ရယူချင်ပါက လုံးဝ အိပ်မက်မက်နေခြင်းသာ ဖြစ်၏။

သူတို့က ထိုသို့သောကိစ္စမျိုး ဖြစ်လာရန် ခွင့်ပြုမည် မဟုတ်ပေ။

…………

ဖေးဟော်လျှို့ဝှက်နယ်မြေ။

ဝှစ်…။

ကျိုးစွေ့သည် အလင်းတံခါးကို ဖြတ်သန်းသွားပြီးနောက် ကနဦးအနေဖြင့် သစ်တောကြီးတစ်ခုအတွင်း ချက်ချင်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။

အခြားကျင့်ကြံသူများမှာ မတူညီသော နေရာအသီးသီးသို့ ရောက်ရှိသွားပုံရပြီး တစ်နေရာတည်းတွင် မရှိကြပေ။

ပတ်ဝန်းကျင်၌ သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေပြီး မြေပြင်ပေါ်တွင် ခြုံနွယ်ပေါင်းပင်များစွာ ပေါက်ရောက်နေကာ စိမ်းလန်းစိုပြည်၍ သက်ဝင်လှုပ်ရှားနေ၏။

တစ်ချိန်တည်းမှာပင် ဤနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ အလွန်တရာ သိပ်သည်းနေချေသည်။

ယခုလက်ရှိ ဖုန်းရှီးကျွန်းပင်လျှင် လုံးဝ နှိုင်းယှဉ်၍မရနိုင်ဘဲ ကျင့်ကြံခြင်း ကောင်းချီးနယ်မြေတစ်ခုနှင့်ပင် တူနေလေသည်။

'ဟုတ်သားပဲ။ အဋ္ဌမအဆင့်အစီအရင်ကို တည်ဆောက်ချင်ရင် အဋ္ဌမအဆင့်စိတ်ဝိညာဉ်ကြော ရှိဖို့ လိုအပ်တယ်...’

'အခြေခံအားဖြင့် လျှို့ဝှက်နယ်မြေကမ္ဘာတိုင်းက ဒီလိုချည်းပါပဲ...’

'ဒီနေရာမှာ အဋ္ဌမအဆင့်စိတ်ဝိညာဉ်ကြော ရှိနေတော့ စိတ်ဝိညာဉ်စွမ်းအင်တွေက ဒီလောက်တောင် သိပ်သည်းနေတာ အံ့ဩစရာတော့ မဟုတ်ဘူး...’

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

ဖေးဟော်လျှို့ဝှက်နယ်မြေကိုသာ ထိန်းချုပ်နိုင်မည်ဆိုပါက လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးများ မည်မျှရရှိမည်ကို တွေးကြည့်၍ပင် မရနိုင်ကြောင်း သူ ခံစားလိုက်ရ၏။

ဖေးဟော်လျှို့ဝှက်နယ်မြေတွင် မည်သည့်ရတနာမှ မရှိလျှင်ပင် ဤလျှို့ဝှက်နယ်မြေကမ္ဘာကိုယ်တိုင်က ပြိုင်ဘက်ကင်း ရတနာမြေတစ်ခု ဖြစ်နေပေသည်။

ဤနေရာတွင် နေထိုင်ကာ ကျင့်ကြံပါက တိုးတက်မှုမှာ အလွန်မြန်ဆန်မည်ဖြစ်ပြီး ထိရောက်မှုမှာလည်း ကြီးမားစွာ တိုးတက်လာမည်မှာ သေချာလှသည်။

'ဒါက အဋ္ဌမအဆင့် အစီအရင်လား...’

'အစီအရင်ကမ္ဗည်းလိုင်းတွေနဲ့ အစီအရင်ဗဟိုချက်တွေက လေဟာနယ်ထဲကို ပေါင်းစပ်ဝင်ရောက်နေတာပဲ...’

ထိုအချိန်တွင် ကျိုးစွေ့၏ နတ်ဘုရားအာရုံက ပြန့်နှံ့သွားပြီး လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာအထိ ဝင်ရောက်သွားကာ လျှို့ဝှက်နယ်မြေကမ္ဘာ၏ အဋ္ဌမအဆင့်အစီအရင်ကို ရှာဖွေရန် ကြိုးစားလိုက်သော်လည်း လုံးဝရှာမတွေ့နိုင်ကြောင်း မကြာမီပင် သူ သဘောပေါက်သွားလေသည်။

ဤလျှို့ဝှက်နယ်မြေကမ္ဘာတွင် မည်သည့်အစီအရင်မှ မရှိသကဲ့သို့ပင်။

ရိုးရိုးသားသားပြောရလျှင် ဤအချက်က အလွန်ပုံမှန်မဟုတ်ပေ။

သတ္တမအဆင့်အစီအရင်ကြီး ဖြစ်လျှင်ပင် အစီအရင်အကာအကွယ် ပေါ်လာမည်ဖြစ်ပြီး ရှင်းလင်းစွာ မြင်နိုင်သော အစီအရင်သွေးကြောများကို အသွင်အပြင်များသဖွယ် ဖန်တီးကာ အရပ်လေးမျက်နှာရှိ နယ်မြေများကို ဖုံးလွှမ်းထားမည် ဖြစ်၏။

သို့သော် အဋ္ဌမအဆင့် အစီအရင်မှာမူ လုံးဝကွာခြားလှပြီး သတ္တမအဆင့် အစီအရင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းကာ အဆင့်အတန်းချင်း လုံးဝ မတူညီပေ။

၎င်းသည် အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှုနှင့် အပြောင်းအလဲများ ရှိနေပြီး အံ့သြဖွယ်ကောင်းလှသည်။

ဤအကြောင်းကို တွေးမိသောအခါ သူက လုံးဝတွန့်ဆုတ်မနေဘဲ ခန္ဓာကိုယ်ပေါ်မှ 'အစီအရင်နှလုံးသားကူ' ကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

ဝှစ်…။

ရုတ်တရက် 'အစီအရင်နှလုံးသားကူ' က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အလွန်တရာ စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာသို့ မျက်စိတစ်မှိတ်အတွင်း ပေါင်းစပ်ဝင်ရောက်သွားလေသည်။ အစီအရင်၏ ဗဟိုချက်နေရာကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ပင်။

၎င်းအတွက်မူ အစီအရင်၏ တည်ရှိမှုကို အာရုံခံသိရှိခြင်းသည် ပင်ကိုယ်ဗီဇကဲ့သို့ လွယ်ကူလှပြီး လက်ဖဝါးလှန်သည်ထက်ပင် ကျွမ်းကျင်ပိုင်နိုင်လှပေသည်။

ဝုန်း…။

နောက်တစ်စက္ကန့်တွင် အချက်အလက်လှိုင်းတစ်ခုက ကျိုးစွေ့၏ သိစိတ်ပင်လယ်အတွင်းသို့ ချက်ချင်း ဝင်ရောက်လာလေသည်။

ထိုအချိန်တွင် ဧရာမ အစီအရင်ပုံစံကြီးတစ်ခုက သူ၏ဦးနှောက်ထဲ၌ ချက်ချင်းပေါ်လာပြီး လေဟာနယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသော တာအိုအမှတ်အသားများကဲ့သို့သော အစီအရင်ကမ္ဗည်းလိုင်းများကို ခပ်ရေးရေး မြင်တွေ့လိုက်ရသလို ခံစားလိုက်ရ၏။

ဖေးဟော်လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို သိပ်သည်းလှသော အစီအရင်ကမ္ဗည်းလိုင်းများက ဖုံးလွှမ်းထားပေသည်။

၎င်းသည် ပင့်ကူအိမ်ကဲ့သို့ လျှို့ဝှက်နယ်မြေကမ္ဘာ၏ ထောင့်တိုင်းကို ဖုံးလွှမ်းထားလေသည်။

တစ်ချိန်တည်းမှာပင် ထိုအစီအရင်ကမ္ဗည်းလိုင်းများ အချင်းချင်း ယှက်နွှယ်နေသော နေရာများသည် အစီအရင်ဗဟိုချက်များ ဖြစ်ကြပြီး ၎င်းတို့အတွင်း၌ အစီအရင်အလံများ ပေါင်းစပ်ပါဝင်နေ၏။

သို့သော် ဤအစီအရင်အလံများသည် လေဟာနယ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး တစ်ခုနှင့်တစ်ခု ယှက်နွှယ်ကာ ဧရာမစက်လုံးပုံသဏ္ဌာန်အဖြစ် ဖန်တီးထားပြီး လေဟာနယ်၏ စွမ်းအားကို လှုံ့ဆော်ကာ ကမ္ဘာ့အကာအကွယ်အတားအဆီးကို ဖန်တီးထားလေသည်။

သိသာထင်ရှားစွာပင် ဤဖေးဟော်လျှို့ဝှက်နယ်မြေသည် ကမ္ဘာငယ်တစ်ခု ဖြစ်နေချေပြီ။

လူသားများ ဖန်တီးထားသော လျှို့ဝှက်နယ်မြေသည် အလွန်တရာ ကြီးမြတ်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲလှသည်။

'မယုံနိုင်စရာပဲ။ ဒါက အစီအရင်ရဲ့ စွမ်းအားလား...’

'ကောလာဟလတွေအရ အဋ္ဌမအဆင့်အစီအရင်က ကောင်းကင်နဲ့မြေကြီး ဥပဒေသစွမ်းအားကိုတောင် လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုကြတယ်။ ဒါက တကယ်ကို အမှန်ပဲဖြစ်ရမယ်...’

ကျိုးစွေ့ခမျာ ရင်သပ်ရှုမောဖြစ်သွားပြီး နှလုံးသားထဲတွင် ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရလေသည်။

ကျင့်ကြံခြင်းပညာရပ်တစ်ရာတွင် အစီအရင်ပညာရပ်သည် အမြင့်မြတ်ဆုံး ဖြစ်၏။

ကျင့်ကြံသူများအတွက် ဆေးလုံးများသည် အရေးအကြီးဆုံး ဖြစ်သောကြောင့် ဆေးဖော်စပ်ပညာရှင်များကို ကျင့်ကြံခြင်းပညာရပ်တစ်ရာ၏ ထိပ်သီးအဖြစ် သတ်မှတ်ထားသော်လည်း၊ အမှန်တကယ် နားလည်သူများကမူ အစီအရင်ပညာရှင်များသာလျှင် အရေးအကြီးဆုံး တည်ရှိမှုဖြစ်ပြီး အစီအရင်ပညာရပ်သည်သာ ထိပ်သီးဖြစ်ကြောင်း မှတ်ယူကြသည်။

ဆေးဖော်စပ်ပညာရှင်တစ်ယောက်၏ တည်ရှိမှုသည် တစ်ဦးတစ်ယောက်အတွက်သာ အကျိုးရှိပေသည်။

သို့သော် အစီအရင်ပညာရှင်သည် ဒေသတစ်ခု၊ မျိုးနွယ်စုတစ်ခု သို့မဟုတ် ကမ္ဘာတစ်ခုလုံးကိုပင် ကာကွယ်ပေးနိုင်လေသည်။

သူတို့၏ စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကိုပင် ထိုးဖောက်နိုင်စွမ်း ရှိ၏။ ထာဝရ မကုန်ဆုံးနိုင်ပေ။

အကယ်၍ တစ်စုံတစ်ယောက်က အဋ္ဌမအဆင့်အစီအရင်ကို တည်ဆောက်နိုင်လျှင် မျိုးနွယ်စုတစ်ခု၏ ထာဝရအခြေခံအုတ်မြစ်ကို ချမှတ်နိုင်ပေမည်။

မှန်ပေသည်၊ အမှန်တကယ် အင်အားကြီးမားသော အစီအရင်ပညာရှင်တစ်ယောက် ဖြစ်လာရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ ၎င်းအတွက် အံ့မခန်းပါရမီ လိုအပ်လေသည်။

ထို့ကြောင့် အဆင့်မြင့် အစီအရင်ပညာရှင်တစ်ယောက် အမှန်တကယ် ဖြစ်လာနိုင်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှ၏။

ဝုန်း…။

ယခုအချိန်တွင် 'အစီအရင်နှလုံးသားကူ' ထံမှ နောက်ထပ် သတင်းအချက်အလက်တစ်ခု ရောက်ရှိလာလေသည်။

သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော 'အစီအရင်နှလုံးသားကူ' သည် ဤအဋ္ဌမအဆင့်အစီအရင်ကို မထိန်းချုပ်နိုင်သေးသော်လည်း ဤအစီအရင်ထဲမှ အဓိက အချက်အလက်အချို့ကိုမေူ ရရှိနိုင်ပေသည်။

၎င်းက ကျိုးစွေ့အား ဤအစီအရင်အကြောင်းကို ပိုမိုနားလည်စေရန် အထောက်အကူ ဖြစ်စေသည်။

'ဒီလိုကိုး။ ဒါက အဋ္ဌမအဆင့် အလယ်အလတ် အစီအရင်ကြီးဖြစ်တဲ့ နှစ်ပါးယင်ယန်ဆွဲငင်အား လျှို့ဝှက်အလင်းအစီအရင်ပဲ...’

ကျိုးစွေ့ ရုတ်တရက် သဘောပေါက်သွား‌သည်။

မှန်ပေ၏၊ ဤဖေးဟော်လျှို့ဝှက်နယ်မြေ၏ အခြေခံအုတ်မြစ်မှာ 'နှစ်ပါးယင်ယန်ဆွဲငင်အား လျှို့ဝှက်အလင်းအစီအရင်' ဖြစ်၏။

ဤသည်မှာ လေဟာနယ်၏ စွမ်းအားကို အထွတ်အထိပ်သို့တိုင် အသုံးချထားသော အဋ္ဌမအဆင့် အလယ်အလတ် အစီအရင်တစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် ရန်သူများကို လုံးဝ တုံ့ဆိုင်းခြင်းမရှိနှင်ထုတ်ရန် လေဟာနယ်စွမ်းအားကို အသုံးပြုနိုင်သည်။

ဖေးဟော်မျိုးနွယ်စု၏ အသိအမှတ်ပြုမှုကို မရရှိထားသော မည်သည့်ကျင့်ကြံသူမဆို လျှို့ဝှက်နယ်မြေကမ္ဘာ၏ လေဟာနယ်စွမ်းအားဖြင့် ဖယ်ရှားခံရမည်သာ။

ဤနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် ထျန်းဖန်မျိုးနွယ်စုမှာလည်း မည်သို့မျှ မတတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

All Chapters