← Chapters

အခန်း ၈၄၅

Vol. 80 Ch. 845

အခန်း ၈၄၅

Vol. 80 Ch. 845

အခန်း (၈၄၅) - အဋ္ဌမအဆင့် စိတ်ဝိညာဉ်ကြော၊ ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို ထိန်းချုပ်ခြင်း၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ စွမ်းပကား (၃) ။

"ထားလိုက်ပါတော့... မင်းတို့က သေချင်နေမှတော့လည်း ဆန္ဒဖြည့်ပေးရတာပေါ့...”

ကျိုးစွေ့၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို သူ ကြိုတင်သိရှိထားသော်လည်း တစ်ဖက်လူ၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ ဒေါသထွက်မိဆဲပင်။

အကယ်၍ သူ၏စွမ်းအားကသာ အနည်းငယ် အားနည်းနေမည်ဆိုလျှင် သင်္ဂြိုဟ်စရာ မြေနေရာပင် ရှိမည်မဟုတ်ကြောင်း သူ ကောင်းကောင်း သိထားလေသည်။

"တာအိုရောင်းရင်း... အထင်လွဲနေတာပါ။ ဒါက အထင်လွဲတာပါ...”

"ဒီတိုင်း နှုတ်ဆက်လိုက်ရုံလေးပါ...”

ဝမ်ကွမ်ကျန်းက မျက်နှာပြောင်တိုက်ကာ ရယ်မောပြလိုက်သည်။ သူက ဤကိစ္စကို ဖုံးဖိသွားလိုဟန် ရှိ၏။

မှန်ပေ၏၊ ကျိုးစွေ့အား ပေါ့ဆသွားစေရန် ပြုမူနေခြင်း ဖြစ်နိုင်ခြေ ပိုများပေသည်။ သို့သော် ကျိုးစွေ့က တစ်ဖက်လူ၏ စကားများကို မည်သို့ ဂရုစိုက်ပါမည်နည်း။

"အထင်လွဲတာလား။ ဒါဆိုရင်လည်း မင်းတို့ရဲ့ ဘိုးဘေးတွေဆီသွားပြီး တောင်းပန်လိုက်ကြတော့...”

ကျိုးစွေ့က အေးတိအေးစက် ပြောလိုက်သည်။

ထို့နောက် အတွေးတစ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်ရှိ ဆဋ္ဌမအဆင့် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ကို ချက်ချင်း အသက်သွင်းလိုက်၏။ ဤတစ်ကြိမ် ဟယ်ဖုန်းကျွန်းသို့ ရောက်ရှိလာချိန်တွင် အမှားအယွင်း မရှိစေရန်အတွက် အဓိက တိုက်ခိုက်ရေးကူပိုးကောင် အချို့ကို သယ်ဆောင်လာခဲ့သည်။ ထိုအထဲတွင် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ လည်း ပါဝင်လေသည်။

‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ကို ထုတ်သုံးရခြင်းမှာ ၎င်းက ခြင်နက်မျိုးနွယ်စုကို အလွန် နှိမ်နင်းနိုင်စွမ်း ရှိသောကြောင့်ပင်။

ထိုသွေးလမင်းမျိုးနွယ်စု ကျင့်ကြံသူများ၏ မှတ်ဉာဏ်များအရ ခြင်နက်မျိုးနွယ်စုသည် ခွန်ဖန်ပင်လယ်ဒေသတွင် အတော်လေး နာမည်ကြီးသည်ဟု ဆိုရပေမည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အမြန်နှုန်းက အလွန် မြန်ဆန်ပြီး တောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း မိုင်တစ်ထောင်အထိ ရောက်ရှိသွားနိုင်သောကြောင့် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ခန္ဓာကိုယ်ကို ပုံသဏ္ဌာန်မဲ့စွာ ဖုံးကွယ်ထားနိုင်သည်။ မိမိတို့၏ အငွေ့အသက်များကို ဖုံးကွယ်ကာ လေဟာနယ်ထဲသို့ ပျော်ဝင်သွားရန်လည်း အလွန် ကျွမ်းကျင်ကြလေသည်။

ပို၍ အရေးကြီးသည်မှာ ၎င်းတို့၏ သွေးမျိုးဆက်နတ်ဘုရားစွမ်းရည် ဖြစ်သော ဖျက်ဆီးခြင်းအလင်းနက်တွင် ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေပြီး ကာကွယ်ရေး နတ်ဘုရားစွမ်းရည်များနှင့် ကာကွယ်ရေးရတနာ အမျိုးမျိုးကို အထူး ဖျက်ဆီးနိုင်စွမ်း ရှိခြင်းပင်။

သာမန် ကာကွယ်ရေးရတနာများဆိုလျှင် ချက်ချင်း ထိုးဖောက်ခြင်းကို ခံရမည် ဖြစ်သည်။ များသောအားဖြင့် ရန်သူများမှာ မည်သို့ ဖြစ်ပျက်သွားမှန်း မသိလိုက်ခင်မှာပင် အလင်းနက်တစ်တန်း၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ဝိညာဉ်ပါ ပျက်စီးကာ အသက်ဆုံးရှုံးသွားလေ့ ရှိကြသည်။

၎င်းတို့သည် ခွန်ဖန်ပင်လယ်ဒေသ၏ အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူများဟု ဆိုနိုင်ပေသည်။ ၎င်းတို့၏ ပစ်မှတ်ထားခြင်းကို ခံရသော ရန်သူများမှာ သေချာပေါက် သေဆုံးရမည့် အခြေအနေသို့ ရောက်သွားလေ့ ရှိကြ၏။

ထို့ကြောင့်ပင် ခြင်နက်မျိုးနွယ်စုနှင့်အတူ ‘ဖေးဟော်လျှို့ဝှက်နယ်မြေ’ ထဲသို့ ဝင်ရောက်လာသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်မှာ မည်သည့် ခုခံနိုင်စွမ်းမျှ မရှိဘဲ အသံတိတ် ချက်ချင်း သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြရသည်။

သို့သော် ၎င်းတို့တွင်လည်း အားနည်းချက် ရှိလေသည်။ ယင်းမှာ ၎င်းတို့၏ ခန္ဓာကိုယ်က အလွန် ပျော့ညံ့လွန်းခြင်းပင် ဖြစ်၏။ ရန်သူ၏ တိုက်ခိုက်ခြင်းကို ခံရသည်နှင့် ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားမည် ဖြစ်သည်။

ထို့ကြောင့် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ သည် ၎င်းတို့၏ အကြီးမားဆုံးသော ရန်သူတော်ကြီးပင် ဖြစ်လေသည်။ အမြန်နှုန်းကို ယှဉ်ကြည့်မည်ဆိုပါက ၎င်း၏ အမြန်နှုန်းသည် ခြင်နက်မျိုးနွယ်စုထက် မနိမ့်ကျပေ။

တစ်ဖက်လူ၏ အနီးသို့ ရောက်သွားပါက အဆိပ်များကို ချက်ချင်း ထုတ်လွှတ်ပေးနိုင်သည်။ ရန်သူ သတိမထားမိခင်မှာပင် အဆိပ်မိကာ အဆိပ်ပျံ့၍ သေဆုံးသွားရပေမည်။ ဤခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများက မည်မျှပင် ကောက်ကျစ်စဉ်းလဲ၍ ဉာဏ်များသည်ဖြစ်စေ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ကိုမူ မည်သို့မျှ တတ်နိုင်ကြမည် မဟုတ်ချေ။

ရွှီး...။

စကားအရသာ ကြာသော်လည်း လက်တွေ့တွင်မူ ချက်ချင်းပင် ဖြစ်ပျက်သွား၏။ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ ခန္ဓာကိုယ်ပေါ်ရှိ တောင်ပံခြောက်စုံက ညင်သာစွာ တုန်ခါသွားပြီးနောက် ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများဆီသို့ ပျံသန်းသွားလေသည်။

"ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ...”

ချက်ချင်းပင် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများမှာ အလွန် အံ့အားသင့်သွားကြသည်။ ထူးဆန်းသော ရွှေရောင်ပိုးကောင်တစ်ကောင်က ၎င်းတို့ဆီသို့ ပျံသန်းလာကြောင်း သူတို့ ရှင်းလင်းစွာ ခံစားလိုက်ရပြီး ထိုပိုးကောင်၏ အမြန်နှုန်းမှာ ၎င်းတို့ထက် မနိမ့်ကျဘဲ ပို၍ပင် မြန်ဆန်နေသေးကြောင်း သိလိုက်ရ၏။

သို့သော် ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ မကြောက်ရွံ့ကြပေ။ အမြန်နှုန်းနှင့် ပတ်သက်လာလျှင် ၎င်းတို့ ခြင်နက်မျိုးနွယ်စုသည် မည်သည့်မျိုးနွယ်စုကိုမှ ကြောက်ရွံ့မည် မဟုတ်သောကြောင့် ဖြစ်လေသည်။

"ပြဿနာပဲ... ဒီကောင်က အဆိပ်ရှိတယ်...”

ဝမ်ကွမ်ကျန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုရွှေရောင်အလင်းတန်းက သူ့အနီးသို့ ရောက်လာချိန်တွင် တစ်ဖက်လူက သူ့ကို မတိုက်ခိုက်သော်လည်း ထူးဆန်းသော အနံ့တစ်မျိုးကို ထုတ်လွှတ်လိုက်ကြောင်း သူ ခံစားလိုက်ရ၏။

ထိုထူးဆန်းသော အနံ့ကို ရှူရှိုက်မိပြီးနောက် သူ့တစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်များက လျင်မြန်စွာ ကျဆင်းသွားပုံရလေသည်။ ထို့အပြင် တစ်ကိုယ်လုံးမှာလည်း မူးဝေလာပြီး သတိလစ်မတတ် ဖြစ်သွားရသည်။

ဤသည်မှာ အရင်က ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ဝါးမျိုခဲ့သော ဆဋ္ဌမအဆင့် အဆိပ်တစ်မျိုး ဖြစ်သည့် တီဟူအမွှေးနံ့ပင် ဖြစ်၏။

အတိတ်က ရုပ်သေးမျိုးနွယ်စုသည် ဤဆဋ္ဌမအဆင့်အဆိပ်ကို အသုံးပြုကာ ပိုင်စုကျဲ့ကို လုပ်ကြံရန် ကြိုးစားခဲ့ဖူးသည်။

သို့သော် ကျိုးစွေ့၏ ဟန့်တားခြင်းကို ခံခဲ့ရပြီးနောက် ဤဆဋ္ဌမအဆင့် အဆိပ်သည် ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ၏ စစ်ပွဲမှရသော တိုက်ပွဲဝင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ကာ ၎င်းကျွမ်းကျင်သော ဆဋ္ဌမအဆင့်အဆိပ်များထဲမှ တစ်ခု ဖြစ်လာခဲ့လေသည်။

ဤဆဋ္ဌမအဆင့်အဆိပ်သည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို မှော်စွမ်းအင်များ ကျဆင်းစေပြီး လျင်မြန်စွာ သတိလစ်စေနိုင်သည်။ တစ်ကိုယ်လုံး ပျော့ခွေကာ ခုခံနိုင်စွမ်း အားလုံးကို ဆုံးရှုံးသွားစေနိုင်ပြီး လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင် ဤထူးဆန်းသော အဆိပ်ကို မခုခံနိုင်ကြပေ။

တိုက်ခိုက်မှုစွမ်းရည် မြင့်မားသော်လည်း ကာကွယ်ရေးစွမ်းရည် အားနည်းသော ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ဤအနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် ၎င်းတို့မှာ ခုခံနိုင်စွမ်းများ ဆုံးရှုံးသွားကြောင်း တွေ့ရှိလိုက်ရသည်။ ခန္ဓာကိုယ်တွင်းရှိ လေဟာနယ်သန့်စင်ခြင်း မှော်စွမ်းအင်များကို အနည်းငယ်မျှပင် လည်ပတ်၍ မရနိုင်တော့ပေ။

"ယုတ်မာကောက်ကျစ်တဲ့ကောင်... အဆိပ်သုံးရဲတယ်ပေါ့လေ...”

ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများမှာ အံ့ဩခြင်းနှင့်အတူ ဒေါသလည်း ထွက်နေကြရသည်။

၎င်းတို့အုပ်စုသည် သာမန်အချိန်များတွင် လူသတ်လုယက်ခြင်းများကို အကြိမ်မည်မျှ လုပ်ဆောင်ခဲ့ဖူးမှန်းပင် မသိနိုင်တော့ချေ။ လမ်းတစ်လျှောက်တွင်လည်း မျိုးနွယ်ခြားကျင့်ကြံသူ မည်မျှ ၎င်းတို့၏ လက်ထဲတွင် သေဆုံးခဲ့ရမှန်း မသိရပေ။

သို့သော်ယခု ဤနေရာတွင် ၎င်းတို့ကိုယ်တိုင် ထောင်ချောက်ထဲသို့ ကျဆင်းသွားမည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

သူတို့ရှေ့ရှိ ဤလူသားမျိုးနွယ် ကျင့်ကြံသူ၏ စွမ်းအားမှာ သိပ်မမြင့်မားလှဘဲ လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်သာ ရှိသည့်တိုင် ဤခွေးကောင်က အဆိပ်ခတ်ရဲလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

"တာအိုရောင်းရင်း... ကျုပ်တို့ မှားသွားပါတယ်။ ကျုပ်တို့ကို ဒီတစ်ကြိမ်လောက်တော့ ခွင့်လွှတ်ပေးပါ...”

"ကျုပ်တို့ မျက်စိမပါလို့ တောင်ထွတ်ကြီးကို မမြင်ခဲ့တာပါ...”

"ကျုပ်တို့ကို လွှတ်ပေးမယ်ဆိုရင် နောင်ကျရင် ကျေးဇူးဆပ်ပါ့မယ်။ ကျုပ်တို့ဆီမှာ ရှိတဲ့ရတနာတွေ အားလုံးကိုလည်း ခင်ဗျားကို ပေးပါ့မယ်...”

ဝမ်ကွမ်ကျန်းခမျာ လျှာကိုက်၍ အသိစိတ်ကို အတင်းအဓမ္မ နိုးကြားနေစေရန် မနည်းကြိုးစားနေရဟန် ရှိချေသည်။ သူသည် လုံးဝအရှုံးပေးသွားပြီး ကျိုးစွေ့ထံတွင် အသနားခံကာ အသက်ချမ်းသာပေးရန် တောင်းဆိုနေ‌တော့သည်။

"မလိုပါဘူး... မင်းတို့ သေသွားပြီးရင် မင်းတို့ဆီက ရတနာတွေက ကျုပ်ဟာ ဖြစ်လာမှာပဲလေ...”

ကျိုးစွေ့က အေးစက်စွာ ပြောလိုက်သည်။ အမူအရာ အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိပေ။

သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခြင်း မရှိဘဲ အချိန်ကုန်ဆုံးသွားမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်၏။ အဘယ်ကြောင့်ဆိုသော် အချိန်ကြာလေလေ ဆဋ္ဌမအဆင့် အပြင်းစားအဆိပ် ဖြစ်သော တီဟူအမွှေးနံ့၏ အာနိသင်က ပို၍ လျင်မြန်စွာ ပြသလာမည် ဖြစ်သောကြောင့်ပင်။

အချိန်ဆွဲထားခြင်းက သူ့အတွက်သာ အကျိုးရှိစေမည် ဖြစ်သည်။ ရန်သူများကို အားစိုက်ထုတ်စရာမလိုဘဲ သတ်ဖြတ်နိုင်မည်ဆိုလျှင် ရန်သူနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်ရန် မည်သည့်အကြောင်းပြချက်မှ မရှိတော့ချေ။

"ခွေးမသား... ငါတို့က ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေဆိုတာ မသိဘူးလား...”

"ငါတို့ကို သတ်လိုက်မယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ခြင်နက်မျိုးနွယ်စုရဲ့ ကျိန်စာတွေ သက်ရောက်သွားလိမ့်မယ်...”

"ကမ္ဘာမြေအဆုံးထိ ထွက်ပြေးရင်တောင်၊ မင်းအတွက် သေလမ်းပဲ ရှိတယ်...”

"ငါတို့ ခြင်နက်မျိုးနွယ်စုရဲ့ ဘုံရန်သူဖြစ်လာမှာ အသေအချာပဲ...”

"ဉာဏ်ရှိမယ်ဆိုရင် ငါတို့ကို ခုချက်ချင်း လွှတ်ပေးလိုက်တာ ကောင်းမယ်...”

ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူအများအပြားမှာ အံ့ဩခြင်း၊ ဒေါသထွက်ခြင်းများ ရောယှက်နေကြသည်။

သူတို့သည် ပျံထွက်ကာ ဤလူသား လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန် ကြိုးစားလိုက်ကြ၏။ သို့ရာတွင် တစ်ဝက်ခန့် ပျံသန်းပြီးသည်နှင့် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားကာ ခန္ဓာကိုယ်များမှာ ပျော့ခွေပြီး အားအင်ကုန်ခမ်းသွားလေသည်။

ယခုအခါ ၎င်းတို့ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင်များမှာ အနည်းငယ်မျှပင် လည်ပတ်၍ မရနိုင်တော့ချေ။ ဤသည်က ဆဋ္ဌမအဆင့် တိဟူအမွှေးနံ့အဆိပ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သက်သေပြရန် လုံလောက်ပေသည်။

"အိုး... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမြစ်ပြတ်ရှင်းလင်းပြီး မင်းတို့ကို သတ်ပစ်နိုင်မယ့် နည်းလမ်းကို ကျုပ် စဉ်းစားလိုက်ပါ့မယ်...”

ကျိုးစွေ့သည် ကိုယ်တစ်ချက်လှုပ်ရှားလိုက်ပြီး ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများ၏ တိုက်ခိုက်မှုအကွာအဝေးမှ နောက်တစ်ကြိမ် ခွာထွက်သွားပြန်တော့၏။

All Chapters